A sky fulls of scars [ Sungja...

By vivithedin0_

26.3K 2.8K 167

stucking with you in this same, old, love again | ๐๐š๐ซ๐ค ๐’๐ฎ๐ง๐ ๐ก๐จ๐จ๐ง โ€ข ๐’๐ข๐ฆ ๐‰๐š๐ž๐ฒ๐ฎ๐ง | Availab... More

Prologue
แ€กแ€แ€”แ€บแ€ธ แ
แ€กแ€แ€”แ€บแ€ธ แ‚
แ€กแ€แ€”แ€บแ€ธ แƒ
แ€กแ€แ€”แ€บแ€ธ แ„
แ€กแ€แ€”แ€บแ€ธ แ…
แ€กแ€แ€”แ€บแ€ธ แ†
แ€กแ€แ€”แ€บแ€ธ แ‡
แ€กแ€แ€”แ€บแ€ธ แˆ
แ€กแ€แ€”แ€บแ€ธ แแ€
แ€กแ€แ€”แ€บแ€ธ แแ
แ€กแ€แ€”แ€บแ€ธ แแ‚
แ€กแ€แ€”แ€บแ€ธ แแƒ
แ€กแ€แ€”แ€บแ€ธ แแ„
แ€กแ€แ€”แ€บแ€ธ แแ…
แ€กแ€แ€”แ€บแ€ธ แแ†
แ€กแ€แ€”แ€บแ€ธ แแ‡
แ€กแ€แ€”แ€บแ€ธ แแˆ
แ€กแ€แ€”แ€บแ€ธ แแ‰
แ€กแ€แ€”แ€บแ€ธ แ‚แ€
Epilogue
A Sky Fulls Of Scars

แ€กแ€แ€”แ€บแ€ธ แ‰

991 127 9
By vivithedin0_

Unicode

အခန်း .

" မင်း ကိုယ့်ကို သစ္စာဖောက်တယ် နာတာလီယာ "

" ငရဲကို အတူတူ သွားကြတာပေါ့ မင်းရော ငါရော နေသန်ရော "

" မလုပ်နဲ့ !!!! "

" ငါ အရှုံးသမားတော့ အဖြစ်မခံနိုင်ဘူး !! "

ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်တဲ့အချိန် စင်အောက်က ပရိသတ်တွေ အကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည် ။ ဇာတ်ဆောင်မင်းသားရဲ့ ကြေကွဲဆို့နင့်နေတဲ့ အပီအပြင် သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူတွေမှာလည်း မျက်ရည်လည်ရွဲနှင့် ။

အနီရင့်ရောင် လိုက်ကာရဲ့ အနောက်မှာတော့ ဂျယ်ယွန်းက နောက်လာမဲ့ တစ်ခန်းအတွက် သရုပ်ဆောင်တွေကို တီးတိုးမှာကြားနေသည် ။ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားတဲ့ ကာလတွေမှာ ဂျယ်ယွန်းက ပြဇာတ်ရုံတွင် နေရာ တစ်နေရာ ရနေပြီ ဖြစ်သည် ။

" ဂျယ်ယွန်း "

" ဟင် "

" ဟိုမှာ... ရောက်နေပြီ "

ဘေးနားက stylist မိန်းကလေးက တံတောင်နဲ့ တွတ်ပြီး ပြုံးစစ ပြောလာတာကြောင့် သူမေးညွှန်ရာ ပရိသတ်ခုံနေရာဆီသို့ အကြည့်ပို့မိသည် ။

လူတွေကြားထဲမှာ သိသာစွာ ထင်းထွက်နေသည့် အသားဖြူဖြူနဲ့ ရုပ်ချောချော သူ့ချစ်သူလေးက လက်ထဲတွင်လည်း အပွင့်ကြီးကြီး လီလီ ပန်းစည်း တစ်စီးကို ကိုင်ထားသေးသည် ။

သူ အကြည့်ရောက်သွားတာနဲ့ တစ်ပြိုင်နက် ပါးချိုင့်တွေ ခွက်သည်အထိ ပြုံးပြကာ လက်ပြလာသည့် ဆောင်ဟွန်းက ပြဇာတ်ထပ် လိုက်ကာနောက်က သူ့ကို အဆက်မပြတ်ငေးကြည့်နေခဲ့မယ်ဆိုတာ ရိုက်စစ်စရာပင် မလိုပါ ။

ဒီလို အလိုက်သိပြီး ချစ်စရာကောင်းနေတဲ့ ရည်းစားလေးကို ဂျယ်ယွန်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့
ဆောင်ဟွန်း၏ ခန္ဓာကိုယ်က တောင့်ခနဲ ။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်နှာပိုးမသတ်နိုင်တဲ့အဆုံးတော့ သူ့ကို အကြည့်လွှဲသွားသည်။

ဂျယ်ယွန်း နှစ်ခြိုက်စွာပြုံးလိုက်သည် ။ ဒါသူ့ ကောင်လေး သူ့ကို အသည်းယားနေတာ ။ ဘေးက stylist မိန်းကလေးကတော့ ရည်းစားငယ်ငယ်ချောချောလေး ရထားတဲ့ ဂျယ်ယွန်းကို ကြိတ်အားကျနေတော့သည် ။



ဒီပြဇာတ်, ဇာတ်ညွှန်းတွေရဲ့ လေးပုံးသုံးပုံလောက်က ဂျယ်ယွန်းရေးခဲ့တာဆိုပေမဲ့ စင်ပေါ်တွင် ကျေးဇူးတင်စကားပြောသည့်အခါ စီနီယာ ထယ်ဟျွန်းကသာ အဓိကဇာတ်ဆောင်လိုဖြစ်နေသည် ။

ပြဇာတ်ပိုစတာတွင်တော့ ရှင်းမ်ဂျယ်ယွန်းဆိုသည့် အမည်ကို ညာဘက်အောက်ထောင့်လေးတွင် ထည့်ပေးရှာပါသည် ။

" ဂျယ်ယွန်း "

ပြဇာတ်ရုံနောက်က အဝတ်လဲခန်းတွင် ပစ္စည်းတွေသိမ်းနေသည့် ဂျယ်ယွန်းက ပြေးလာပုံရတဲ့ စီနီယာ ထယ်ဟျွန်းကို အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်သည် ။

" ဒီမှာ.. ဒီတစ်ခေါက်တော့ ပိုထည့်ထားတယ် "

စာအိတ်တစ်အိတ် လက်ထဲထည့်ပေးလာတာကို ဂျယ်ယွန်း ကျေးဇူးတင်စကားဆိုကာ လက်ခံလိုက်သည် ။ သေချာပေါက်လည်း မျက်နှာပေါ်တွင် အပြုံးလှလှတစ်ခု ဆင်မြန်းရင်းပေါ့ ။

" ကျေးဇူးနော် ဂျယ်ယွန်း ဒီတစ်ခေါက် ခုံလက်မှတ်တွေက အရင်တစ်ခါထပ် နှစ်ဆလောက်ရှိတယ် "

" နောက်ဆို သုံးဆဖြစ်တော့မှာပဲ အဲ့ဒီအခါကျ ကျွန်တော့်ကို သုံးဆနော် "

စာအိတ်ကို ထောင်ပြကာ ရီရီမောမောပြောတော့ စီနီယာကလည်း ခေါင်းကို သွက်သွက်ညိမ့်ကာ ထောက်ခံသည် ။

" နောက်ဆိုရင် ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ နာမည်က ပိုစတာတွေပေါ်မှာ အကြီးကြီးပါလာတော့မှာပဲ "

လက်ဟန်ခြေဟန်နဲ့ အာပေါင်အာရင်းသန်သန်ပြောနေတဲ့ စီနီယာက စိတ်ရင်းနဲ့ အမှန်တကယ်ပြောနေခြင်းဖြစ်သည်ကို ဂျယ်ယွန်းနားလည်ပါသည် ။ လောလောဆယ်တော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက ထင်သလောက် အသိအမှတ်ပြုခြင်းမခံရဘူးဆိုပေမဲ့လို့ပေါ့ ။

သူ့လို တက်သစ်စ ဇာတ်ညွှန်းရေးဆရာလေးရဲ့ ပြဇာတ်တွေက စီနီယာတို့လို နာမည်ရှိပြီးသား ပြဇာတ်ဖန်တီးသူတွေရဲ့ အရိပ်အောက်မှာ ရှိနေမှသာ လူတွေသတိထားမိလောက်မယ်မလား ။

" ညနေစာ သွားစားကြရအောင်လေ ဒါဆို..တစ်ဖွဲ့လုံး "

" အဲ.. ကျွန်တော်က "

ဂျယ်ယွန်းက ပြောရင်း အခန်းအပြင်ဘက် လှမ်းကြည့်တော့ ဆောင်ဟွန်းက ပန်းစည်းကြီး ကိုင်ကာ နာရီတကြည့်ကြည့် လုပ်နေသည် ။ စီနီယာ့ကို မျက်နှာငယ်လေးနဲ့ ပြန်ကြည့်တော့ သူသဘောပေါက်ပါတယ် ဆိုတဲ့ ရုပ်နဲ့ ပြုံးပြုံးကြီး လုပ်နေသေးသည် ။

" အဲ့ဒါဆို.. ကျွန်တော့်ကို ခွင့်ပြုပါအုံး "

စီနီယာက ခေါင်းငြိမ့်ပြတာနဲ့ လက်ထဲက စာအိတ်လေးကို လွယ်အိတ်ထဲထိုးထည့်၍ အပြင်သို့ ပြေးထွက်ခဲ့တော့သည် ။



" မောင် !! "

ပန်းစည်းကိုကျော်ကာ ပြုံးပြုံးကြီးရပ်နေတဲ့ လူရဲ့ ရင်ခွင်ထဲ ပစ်ဝင်တော့ ဆောင်ဟွန်းက အသံထွက်အောင်ပင် ရယ်လာသည် ။ လက်တစ်ဖက်က ပန်းစည်းကိုကိုင်ကာ ကျန်တစ်ဖက်ဖြင့် ပြန်ဖက်တွယ်လာသည့် မောင့်နားက ဒီတခါ ပိုးသတ်ဆေးအနံ့အစား ခပ်သင်းသင်း ရေမွှေးနံ့နှင့် မောင့်ကိုယ်သင်းနံ့ကိုသာ ရသည် ။

ဂျယ်ယွန်းက သဘောတကျ ရင်ခွင်မှာ မျက်နှာအပ်ကာ နှာခေါင်းနှင့် တစ်ရှုံ့ရှုံ့လုပ်တော့ မောင်ကနေရခက်စွာနဲ့ နောက်သို့ဆုတ်ဖို့လုပ်နေသည် ။

" ဂျယ်ယွန်းလေး လူတွေကြည့်နေပြီလေ မောင်တို့ ကားထဲသွားရအောင် "

အဲ့လိုပဲ.. မောင်က ပတ်ဝန်းကျင်အမြင်တွေကို ခေါင်းထဲ အရမ်းထည့်တတ်တဲ့ လူစားမျိူး ။ မာနအိုးလေး ဂျယ်ယွန်းကတော့ နှစ်ယောက်သားတွဲသည့်အချိန်ကစ၍ ဆောင်ဟွန်းကိုဆို တအားကပ်ချွဲတတ်လာသည် ။

" မောင်က အမြဲအဲ့လိုပဲ "

ရင်ခွင်ထဲက မထွက်ပဲ ခေါင်းကိုအသာမော့ကာ ဆူပုတ်ပုတ်နှင့်ပြောတော့ ဆောင်ဟွန်းက အောက်နှုတ်ခမ်းကို သာသာကိုက်၍ ဂျယ်ယွန်းကို မျက်တောင်မခတ်ကြည့်နေသည် ။

ခွေးပေါက်လေးလိုမျိုး ရင်ခွင်ထဲအတင်းတိုးဝင်ထားတာကြောင့် ဂျယ်ယွန်းရဲ့ ရှေ့ ဆံပင်လေးတွေက ပွယောင်းချင်နေသည် ။ အသည်းယားစရာကောင်းအောင် တစ်ထော်ထော်နဲ့ ပြောနေတဲ့ နှုတ်ခမ်းတွေကို အတိုးချ
နမ်းပစ်ဖို့ ဆောင်ဟွန်း တကယ်ကို မစောင့်နိုင်တော့ဘူး ။

" ဘာလို့ အဲ့လိုကြည့်နေတာလဲလို့ "

" ချစ်လို့လေ "

ရင်ဘတ်ပေါ်တွင် မေးစေ့ကိုတင်ကာ ကပ်ချွဲလေးလုပ်နေသည့် ဂျယ်ယွန်းက ဆောင်ဟွန်းအဖြေကြောင့် ပါးလေးတွေ နီလာတော့သည် ။

" အများကြီး ချစ်တာပဲလား "

ရွှတ်နောက်နောက် မျက်နှာပေးလုပ်ကာ ပြုံးစိစိနဲ့မေးသည့် ဂျယ်ယွန်းက အရင်က အရှက်သည်းရင် ထွက်ပြေးတတ်သည့် ဂျယ်ယွန်းလေးနှင့် လားလားမျှပင် မဆိုင် ။

" အင်း အများကြီး "

ပြောလည်းပြော ဂျယ်ယွန်းရဲ့ ပါးဖောင်းဖောင်းလေးကို
လည်း ဆောင်ဟွန်းက သူ့ရဲ့ နှာခေါင်းချွန်ချွန် နစ်ဝင်သွားအောင် တစ်ချက် နမ်းလိုက်သေးသည် ။

" လာ.. အိမ်ပြန်ကြမယ် မောင့်ကလေးလေး ဒီနေ့လည်း ပင်ပန်းသွားပြီ "

ပန်းစည်းကို ဂျယ်ယွန်းလက်ထဲ ပြောင်းထည့်ကာ အခြားစာရွက်စာတမ်းတွေနှင့် လပ်တော့ပ်အိတ်တွေကိုတော့ ဆောင်ဟွန်းက ပြောင်းသယ်သည် ။

" ဘာစားချင်လဲ မောင် ဘာဝယ်ကျွေးရမလဲ "

" ဟင့်အင်း ဒီနေ့ အိမ်မှာ ချက်စားရအောင် မောင့်ကို ကောင်းကောင်းလေး ချက်ပေးမယ် "

ဂျယ်ယွန်းအတွက် ထိုအချိန်အထိ ပျော်ရွှင်မှုက မောင်တစ်ယောက်တည်းနဲ့တင် လုံလောက်ခဲ့သည် ။ အလုပ်ခွင်ရဲ့ စိတ်ပင်ပန်းမှုတွေက မောင့်ရင်ငွေ့အောက်မှာဆို မေ့ပျောက်ထားလို့ဖြစ်သည် ။

ဘယ်သူမှ ပေါ်ပေါ်ထင်ထင် အသိမှတ်မပြုပေးတဲ့ သူ့နာမည်နဲ့ပြဇာတ်တွေကို မောင်က အချိန်ပေးကာ လာကြည့်တတ်သည် ။ ထိုအချိန် မောင့်ခါးကို တင်းတင်းဖက်ကာ စီနီယာ ထယ်ဟျွန်းရဲ့ ဒိတ်အောက်နေတဲ့ အကြံတွေကို သူ့ဇာတ်ညွှန်းတွေနဲ့ ဖုံးပြီး ကူညီရကြောင်း ပြောပြချင် ပြောပြမည် ။

ဒါမှမဟုတ် ဂျယ်ယွန်းရဲ့ ရည်းစားချောချောလေးကို အားကျပြီး အယောင်ယောင် အမှားမှားနဲ့ ဇာတ်ဆောင်ရဲ့ အင်္ကျီတွေကို မှားထုတ်လာတဲ့ stylist ကောင်မလေးအကြောင်းလည်း ဖြစ်ချင်ဖြစ်မည် ။

ထိုမျှလောက်အထိပဲ အချိန်တွေကို ရပ်ထားခဲ့လို့ ရရင်လည်း ကောင်းသား ။ ဝေးသွားကြတဲ့အခါ တစ်နင့်တစ်ပိုးနဲ့ အလွမ်းတွေကို မသယ်ပိုးရအောင် ထိုမျှလောက် မချစ်ခဲ့ကြရင်လည်း ကောင်းသား ။







အခန်း .

" ဂျယ်ယွန်း ဒီနေ့ည ဒီမှာပဲ အိပ်သွားလေ "

" ငါ ဂျုံဆောင်းကို ဖုန်းမဆက်ရသေးဘူး မောင်ရဲ့ "

ဖတ်လက်စ အရိုးအကြောကုထုံး စာအုပ်ကို ပိတ်ပစ်လိုက်ကာ အပေါ်ဝတ် ဝတ်နေတဲ့ ဂျယ်ယွန်းနားကို လျှောက်သွားလိုက်သည် ။ မှန်ရှေ့မှာ အင်္ကျီကို ပြင်နေတဲ့ သူရဲ့ ခါးကို အနောက်ကနေ တင်းနေအောင် ဖက်ထားလိုက်တော့ ဆောင်ဟွန်းရဲ့ဆံပင်တွေကို လက်နဲ့ ပြန်ဆွဲဖွလာသည် ။

" စာတွေ အများကြီး ကျက်ရလို့ ခေါင်းရှုပ်နေပြီလား "

" မဟုတ်ပါဘူး "

ခါးမှ လက်ကို ဖြုတ်ကာ ကုတင်အစွန်းတွင် ထိုင်ချတော့ ဂျယ်ယွန်းက သူ့ဘက်လှည့်ကာ ပြုံးပြုံးကြီးကြည့်နေပြန် သည် ။ တကယ်ကို အကိုကြီးက သူ့ညီ ကလေးလေးပိစိကလေးကို အူယားနေတဲ့ ရုပ်နဲ့ ။

" ဂျယ်ယွန်း ဘယ်အထိ အချိန်ဆွဲဖို့ လုပ်နေတာလဲ "

" ဘာကိုလဲ မောင်ရဲ့ "

ရုတ်တရက် အေးစက်စက်လေသံနဲ့ ပြောလာတဲ့ ဆောင်ဟွန်းကြောင့် ဂျယ်ယွန်း မျက်နှာပေါ်က အပြုံးလှလှလေးတွေက လွင့်စဉ်သွားရသည် ။

" မောင် ဒီတိုက်ခန်းကို ဝယ်ထားတာ မောင်တို့ နှစ်ယောက်တူတူနေဖို့လေ.. ဂျယ်ယွန်းက ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ ဧည့်သည်ကြီးလို လုပ်နေတာပဲ ၊ ကျွန်တော် ဘယ်နှစ်ခါ ပြောရမလဲ အတူတူရှိလာတာပဲ
၁ နှစ်ကျော်နေပြီ "

" အော် မောင်ရယ် အိမ်ပြောင်းတာ လွယ်တာမှ မဟုတ်တာ..ငါလည်း ပြင်ဆင်စရာတွေ အများကြီး ကျန်သေးတာကို "

" ဘာကို ပြင်ဆင်မှာလဲ မောင်က မင်းကို မပြည့်မစုံထားမဲ့လူလား.. ဒီကို လူလေးပဲ ရွှေ့လာဖို့က ဘာတွေ ခက်ခဲနေတာလဲ "

အဲ့ဒါတွေကို ဂျယ်ယွန်းမကြိုက်တာ ။ မောင်က သူ့ကို အားကိုးစေချင်တဲ့ စိတ်ကို နားလည်ပေမဲ့ ယောကျာ်းလေးနှစ်ယောက် ချစ်ကြတဲ့ ဆက်ဆံရေးတစ်ခုမှာ ဂျယ်ယွန်းက နောက်ကနေ မှီခိုနေရတဲ့ ပုံစံမျိူး မဖြစ်ချင်ပါ ။

" မင်း အခုနေနေတဲ့ နေရာထပ် အများကြီး အဆင်ပြေတဲ့နေရာကို မောင်ရွေးဝယ်ထားတာ.. ဂျယ်ယွန်းအတွက် အိမ်လခတွေလည်း မကုန်အောင် မောင်က စဉ်းစားပြီးပြောနေတာကို ဘာလို့ လက်မခံတာလဲ "

" ဆောင်ဟွန်း.. ဂျုံဆောင်းလည်း ရှိသေးတယ် ငါတို့က ဟိုးအရင်ကတည်းက အတူတူနေလာတာမှာ ငါက အခုခွဲထွက်သွားဖို့ဆို ပြင်ဆင်စရာတွေအများကြီး ၊ လတိုင်း ကုန်ကျစရိတ်တွေကို ခွဲပြီး - "

" ခင်ဗျားအတွက် အဲ့ကောင်က ပိုအရေးကြီးနေတာလား "

" မောင် ! "

မောင်နဲ့ မတူစွာ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးပြီး ကုတင်ပေါ်က ထထွက်သွားတဲ့ သူကို ဂျယ်ယွန်း ကြောင်အစွာဖြင့် မျက်စိတစ်ဆုံးလိုက်ကြည့်မိသည် ။

ဆောင်ဟွန်းပုံစံက ဒေါသကို အတင်းထိန်းချုပ်ထားရတဲ့ လူလိုမျိုး ။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သက်ပြင်းသံ ကျယ်ကျယ်ကို ထုတ်လွှတ်လာတဲ့ ဆောင်ဟွန်းပုံစံက ဂျယ်ယွန်းကို မလန့်စေဘူးဆိုလျှင် လိမ်ရာကျမည် ။

" ဟမ်.. မင်းဖြေ ..မောင်တို့ နှစ်ယောက် အတူတူရှိဖို့ထပ် အဲ့လူရဲ့ ကိစ္စတွေက ပိုအရေးကြီးနေတာလားလို့ "

" မဟုတ်ဘူးလေ မောင်ရယ် "

" ဟင်း .. သွေးမတော် သားမစပ် လူနှစ်ယောက်က ညီအကိုအရင်းတွေလိုလိုနဲ့ နှစ်ယောက်တည်းနေတဲ့ နေရာမှာ ဘာတွေဖြစ်နေလဲမှ မသိတာ "

ဂျယ်ယွန်း ဒေါသက ထောင်းခနဲ ထွက်သွားတာကြောင့် နားထင်ကြောတွေတင်းကာ ခေါင်းက မိုက်ခနဲပင်ဖြစ်သွားသည် ။ မောင် ဘယ်လိုတောင် တွေးပြီး ပြောလိုက်တာလဲ ။

" မောင် မင်းမမိုက်ရိုင်းနဲ့ "

" မောင် ဘယ်မှာ မိုက်ရိုင်းနေလို့လဲ.. အဲ့လူက မင်းအပေါ် ရိုးသားလား မရိုးသားလား သိနိုင်လို့လား "

" ဂျုံဆောင်း.. ဂျုံဆောင်း.. ဂျုံဆောင်း !! မောင်နဲ့ အတူတူရှိနေချိန်တောင် အဲ့ကောင်နာမည်ကို ပါးစပ်ဖျားက မချတဲ့ ခင်ဗျားကရော ရိုးရိုးသားသားပါပေါ့ ဟုတ်လား "

" မောင် မင်း ပါးစပ်ကို ပိတ်ထားနော် စကားတွေ လွန်မလာနဲ့ "

ဂျယ်ယွန်း အတွက် အထိခိုက်မခံနိုင်ဆုံးက မာနနှင့် သိက္ခာတရား ဖြစ်သည် ။ အရွယ်ရောက်လာတာနဲ့အမျှ လုပ်ငန်းခွင်တွေမှာသူ့မာနတွေကို ခေါက်ချိုးထားခဲ့ရတာမို့ သူ့မှာ ရှိတာဆိုလို့ ဂုဏ်သိက္ခာရယ် ။ အဲ့ဒါကို မောင်က စကားလုံးတွေနဲ့ သေသေချာချာကို နင်းချေပစ်သည် ။

" ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မင်း ဘာအကြောင်းနဲ့မှ သံသယဝင်စရာမရှိဘူး ဆောင်ဟွန်း.. ငါတို့ ရိုးသားတာ ငါတို့ သိတယ်.. အေး အဲ့ဒါကို ငါချစ်တဲ့ မင်းလည်း သိရမယ် "

" အဲ့ဒီ ခင်ဗျားချစ်ပါတယ်ဆိုတဲ့ ခင်ဗျား ချစ်သူက အဲ့ဒီ
အိမ်ကို မင်းပြန်သွားတိုင်း ဘယ်လောက် ရင်တွေပူလဲ ခင်ဗျား သိလား "

" ကိုယ့်ချစ်သူက တခြားယောကျာ်းတစ်ယောက်နဲ့ တစ်အိမ်တည်း အတူတူနေတယ်ဆိုတဲ့ အသိက ဘယ်လောက် စိတ်ဒုက္ခပေးလဲ ခင်ဗျား သိလားလို့ "

အရာရာကို ရိုးရိုးရှင်းရှင်းပါလို့ တွေးတတ်တဲ့ ဂျယ်ယွန်းအတွက်ကတော့ သူ့ကို အပိုတွေလို့ မြင်ကောင်းမြင်နိုင်ပေမဲ့ ဂျုံဆောင်းရဲ့ အကြည့်တွေကို ဖတ်မိတဲ့ ဆောင်ဟွန်းက ဂျယ်ယွန်းကို ဤမျှလောက် သဝန်တိုတာကို အလွန်ဟု မထင်ပါ ။

ဆယ်ကျော်သက်အရွယ်ကတည်းက တစ်ယောက်အနား တစ်ယောက်ရှိလာတဲ့ ဆက်ဆံရေးကို မယှဉ်နိုင်မှာကို ကြံဖန်ကာ ပူလောင်နေရတဲ့ သူက အခု အတ္တသမားလုံးလုံးဖြစ်နေရသည် ။

" မင်းကို အဲ့လောက် သဘောထားသေးသိမ်ပြီး အတ္တကြီးလိမ့်မယ်လို့ ငါမထင်ထားဘူး ဆောင်ဟွန်း "

သူက ဂျယ်ယွန်းကို သူ့အနားလေးမှာ အချိန်တိုင်း ရှိနေစေချင်ရုံပါ ။ ဘယ်ကနေ ဘယ်လို သဘောထားကွဲလွဲမှုတွေဆီ ဆွဲခေါ်သွားခံရလဲ သူမသိတော့ ။

လွယ်အိတ်ကို ကောက်ယူကာ ထွက်သွားဖို့ လုပ်နေတဲ့ ထို ကျောပြင်ငယ်ကို ဆောင်ဟွန်း တားဖို့ပင် အချိန်မမှီလိုက် ။

တံခါးပိတ်သံ ကျယ်ကျယ်ရဲ့ နောက်မှာ ဆောင်ဟွန်း ကြမ်းပြင်ပေါ်ကို ဒူးထောက်ထိုင်ချမိသည် ။ လက်နှစ်ဖက်နဲ့ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်တော့ သူ့လက်ပေါ်မှာ ပါလာတာ မျက်ရည်စတွေရယ် ။

" မောင်က မင်းနဲ့ ဒီတိုင်းလေး အတူတူရှိချင်ရုံပါ "

-
















ဆောင်ဟွန်း ထိုအနေအထားအတိုင်း ငူငူငိုင်ငိုင် ထိုင်နေမိသည်မှာ သုံးနာရီလောက်ပင် ရှိရော့မည် ။ ဂျယ်ယွန်းကို အခုချက်ချင်း သွားခေါ်လာချင်ပေမဲ့ ထိုအိမ်ရောက်လို့ ထိုလူရဲ့ မျက်နှာကို မြင်လျှင် သူဘာတွေလုပ်မိမလဲ အာမ မခံနိုင် ။

တံခါးဖွင့်သံကြားတော့မှ ဒီနေ့ စာအတူတူလုပ်ဖို့ သူငယ်ချင်းတွေကို ခေါ်ထားတာကို သတိရမိသည် ။ မျက်နှာပေါ်က ခြောက်နေပြီ ဖြစ်တဲ့ မျက်ရည်စီးကြောင်းတွေကို လက်နဲ့ ခပ်ကြမ်းကြမ်းဖိသုတ်ကာ နောက်လှည့်ကြည့်တော့ နီရဲကာစပ်နေပြီဖြစ်တဲ့ မျက်လုံးမှာ မျက်ရည်တွေက တဖန် ပြန်ရစ်သိုင်းလာလေသည် ။




" ...... "

နှုတ်ခမ်းစွန်းလေးတွေ ကော့တက်ကာ လက်နှစ်ဖက်ကို ဖွင့်၍ဆန့်တန်းပြီး ရင်ခွင်ထဲလာဖို့ ဖိတ်ခေါ်နေတဲ့ ဂျယ်ယွန်းက ကိုယ်တိုင်လည်း မျက်ဝန်းထဲ အရည်ကြည်လေးတွေ စုဝေးနေသည် ။

" လာပါအုံး .. မောင်က ကလေးလေးပဲ.. ဘာလို့ အများကြီး ငိုနေတာလဲ "

ရင်ခွင်ထဲလာဖို့ လက်ဆန့်တန်းထားတဲ့ ဂျယ်ယွန်းက အဆုံးတော့ ဆောင်ဟွန်းရဲ့ ပွေ့ဖက်ခြင်းကြားထဲ ခန္ဓာကိုယ်လေးက မြုပ်သွားရသည် ။

အနောက်မှာ မြင်ရသည့် ခရီးဆောင်အိတ် နှစ်လုံးကြောင့် ဂျယ်ယွန်းအပေါ် အားနာစိတ်တို့က ပို၍ တိုးလာရသည် ။ ဒီလူသားလေးကို ထိခိုက်အောင် ပြောဆိုမိသည့် သူ့ကိုယ်သူလည်း ဒေါသထွက်ကာ မချိတင်ကဲဖြစ်ရသည် ။

မျက်နှာ နုနုကလေးကို နမ်းရှိုက်လိုက်ဖို့ပင် မရဲရအောင် အပြစ်ရှိစိတ်တွေ ဖုံးလွှမ်းနေတာကြောင့် ဂျယ်ယွန်းရဲ့ ဆံနွယ်တွေကြား မျက်နှာကို အပ်ထားမိသည် ။

" မောင် တောင်းပန်ပါတယ် "





အရာအားလုံး ဝေးကွာမသွားခင် ထိုစိတ္တဇနာမ်လေးဆီမှာ အတားအဆီး အထိန်းအကွပ်မရှိ အကြိမ်ကြိမ် ပြိုလဲတတ်တဲ့ ဂျယ်ယွန်းက မောင့် အတ္တတွေကို စိန်မခေါ်မိခဲ့ရင် ကောင်းသားဟုသာ ခပ်တိုးတိုး ဆုတောင်းမိတော့သည် ။

- a sky fulls of scars -



Zawgyi

အခန္း .

" မင္း ကိုယ့္ကို သစၥာေဖာက္တယ္ နာတာလီယာ "

" ငရဲကို အတူတူ သြားၾကတာေပါ့ မင္းေရာ ငါေရာ ေနသန္ေရာ "

" မလုပ္နဲ႔ !!!! "

" ငါ အရႈံးသမားေတာ့ အျဖစ္မခံႏိုင္ဘူး !! "

ခါးမွာ ခ်ိတ္ထားတဲ့ ဓားရွည္ကို ဆြဲထုတ္လိုက္တဲ့အခ်ိန္ စင္ေအာက္က ပရိသတ္ေတြ အကုန္ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကသည္ ။ ဇာတ္ေဆာင္မင္းသားရဲ႕ ေၾကကြဲဆို႔နင့္ေနတဲ့ အပီအျပင္ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ၾကည့္ရႈသူေတြမွာလည္း မ်က္ရည္လည္႐ြဲႏွင့္ ။

အနီရင့္ေရာင္ လိုက္ကာရဲ႕ အေနာက္မွာေတာ့ ဂ်ယ္ယြန္းက ေနာက္လာမဲ့ တစ္ခန္းအတြက္ သ႐ုပ္ေဆာင္ေတြကို တီးတိုးမွာၾကားေနသည္ ။ လ်င္လ်င္ျမန္ျမန္ပဲ ကုန္ဆုံးသြားတဲ့ ကာလေတြမွာ ဂ်ယ္ယြန္းက ျပဇာတ္႐ုံတြင္ ေနရာ တစ္ေနရာ ရေနၿပီ ျဖစ္သည္ ။

" ဂ်ယ္ယြန္း "

" ဟင္ "

" ဟိုမွာ... ေရာက္ေနၿပီ "

ေဘးနားက stylist မိန္းကေလးက တံေတာင္နဲ႔ တြတ္ၿပီး ၿပဳံးစစ ေျပာလာတာေၾကာင့္ သူေမးၫႊန္ရာ ပရိသတ္ခုံေနရာဆီသို႔ အၾကည့္ပို႔မိသည္ ။

လူေတြၾကားထဲမွာ သိသာစြာ ထင္းထြက္ေနသည့္ အသားျဖဴျဖဴနဲ႔ ႐ုပ္ေခ်ာေခ်ာ သူ႔ခ်စ္သူေလးက လက္ထဲတြင္လည္း အပြင့္ႀကီးႀကီး လီလီ ပန္းစည္း တစ္စီးကို ကိုင္ထားေသးသည္ ။

သူ အၾကည့္ေရာက္သြားတာနဲ႔ တစ္ၿပိဳင္နက္ ပါးခ်ိဳင့္ေတြ ခြက္သည္အထိ ၿပဳံးျပကာ လက္ျပလာသည့္ ေဆာင္ဟြန္းက ျပဇာတ္ထပ္ လိုက္ကာေနာက္က သူ႔ကို အဆက္မျပတ္ေငးၾကည့္ေနခဲ့မယ္ဆိုတာ ႐ိုက္စစ္စရာပင္ မလိုပါ ။

ဒီလို အလိုက္သိၿပီး ခ်စ္စရာေကာင္းေနတဲ့ ရည္းစားေလးကို ဂ်ယ္ယြန္းက မ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ေတာ့
ေဆာင္ဟြန္း၏ ခႏၶာကိုယ္က ေတာင့္ခနဲ ။ ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး မ်က္ႏွာပိုးမသတ္ႏိုင္တဲ့အဆုံးေတာ့ သူ႔ကို အၾကည့္လႊဲသြားသည္။

ဂ်ယ္ယြန္း ႏွစ္ၿခိဳက္စြာၿပဳံးလိုက္သည္ ။ ဒါသူ႔ ေကာင္ေလး သူ႔ကို အသည္းယားေနတာ ။ ေဘးက stylist မိန္းကေလးကေတာ့ ရည္းစားငယ္ငယ္ေခ်ာေခ်ာေလး ရထားတဲ့ ဂ်ယ္ယြန္းကို ႀကိတ္အားက်ေနေတာ့သည္ ။



ဒီျပဇာတ္, ဇာတ္ၫႊန္းေတြရဲ႕ ေလးပုံးသုံးပုံေလာက္က ဂ်ယ္ယြန္းေရးခဲ့တာဆိုေပမဲ့ စင္ေပၚတြင္ ေက်းဇူးတင္စကားေျပာသည့္အခါ စီနီယာ မင္ဟြၽန္းကသာ အဓိကဇာတ္ေဆာင္လိုျဖစ္ေနသည္ ။

ျပဇာတ္ပိုစတာတြင္ေတာ့ ရွင္းမ္ဂ်ယ္ယြန္းဆိုသည့္ အမည္ကို ညာဘက္ေအာက္ေထာင့္ေလးတြင္ ထည့္ေပးရွာပါသည္ ။

" ဂ်ယ္ယြန္း "

ျပဇာတ္႐ုံေနာက္က အဝတ္လဲခန္းတြင္ ပစၥည္းေတြသိမ္းေနသည့္ ဂ်ယ္ယြန္းက ေျပးလာပုံရတဲ့ စီနီယာ မင္ဟြၽန္းကို အၿပဳံးတစ္ခုျဖင့္သာ တုံ႔ျပန္သည္ ။

" ဒီမွာ.. ဒီတစ္ေခါက္ေတာ့ ပိုထည့္ထားတယ္ "

စာအိတ္တစ္အိတ္ လက္ထဲထည့္ေပးလာတာကို ဂ်ယ္ယြန္း ေက်းဇူးတင္စကားဆိုကာ လက္ခံလိုက္သည္ ။ ေသခ်ာေပါက္လည္း မ်က္ႏွာေပၚတြင္ အၿပဳံးလွလွတစ္ခု ဆင္ျမန္းရင္းေပါ့ ။

" ေက်းဇူးေနာ္ ဂ်ယ္ယြန္း ဒီတစ္ေခါက္ ခုံလက္မွတ္ေတြက အရင္တစ္ခါထပ္ ႏွစ္ဆေလာက္ရွိတယ္ "

" ေနာက္ဆို သုံးဆျဖစ္ေတာ့မွာပဲ အဲ့ဒီအခါက် ကြၽန္ေတာ့္ကို သုံးဆေနာ္ "

စာအိတ္ကို ေထာင္ျပကာ ရီရီေမာေမာေျပာေတာ့ စီနီယာကလည္း ေခါင္းကို သြက္သြက္ညိမ့္ကာ ေထာက္ခံသည္ ။

" ေနာက္ဆိုရင္ ရွင္းမ္ဂ်ယ္ယြန္းဆိုတဲ့ နာမည္က ပိုစတာေတြေပၚမွာ အႀကီးႀကီးပါလာေတာ့မွာပဲ "

လက္ဟန္ေျခဟန္နဲ႔ အာေပါင္အာရင္းသန္သန္ေျပာေနတဲ့ စီနီယာက စိတ္ရင္းနဲ႔ အမွန္တကယ္ေျပာေနျခင္းျဖစ္သည္ကို ဂ်ယ္ယြန္းနားလည္ပါသည္ ။ ေလာေလာဆယ္ေတာ့ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြက ထင္သေလာက္ အသိအမွတ္ျပဳျခင္းမခံရဘူးဆိုေပမဲ့လို႔ေပါ့ ။

သူ႔လို တက္သစ္စ ဇာတ္ၫႊန္းေရးဆရာေလးရဲ႕ ျပဇာတ္ေတြက စီနီယာတို႔လို နာမည္ရွိၿပီးသား ျပဇာတ္ဖန္တီးသူေတြရဲ႕ အရိပ္ေအာက္မွာ ရွိေနမွသာ လူေတြသတိထားမိေလာက္မယ္မလား ။

" ညေနစာ သြားစားၾကရေအာင္ေလ ဒါဆို..တစ္ဖြဲ႕လုံး "

" အဲ.. ကြၽန္ေတာ္က "

ဂ်ယ္ယြန္းက ေျပာရင္း အခန္းအျပင္ဘက္ လွမ္းၾကည့္ေတာ့ ေဆာင္ဟြန္းက ပန္းစည္းႀကီး ကိုင္ကာ နာရီတၾကည့္ၾကည့္ လုပ္ေနသည္ ။ စီနီယာ့ကို မ်က္ႏွာငယ္ေလးနဲ႔ ျပန္ၾကည့္ေတာ့ သူသေဘာေပါက္ပါတယ္ ဆိုတဲ့ ႐ုပ္နဲ႔ ၿပဳံးၿပဳံးႀကီး လုပ္ေနေသးသည္ ။

" အဲ့ဒါဆို.. ကြၽန္ေတာ့္ကို ခြင့္ျပဳပါအုံး "

စီနီယာက ေခါင္းၿငိမ့္ျပတာနဲ႔ လက္ထဲက စာအိတ္ေလးကို လြယ္အိတ္ထဲထိုးထည့္၍ အျပင္သို႔ ေျပးထြက္ခဲ့ေတာ့သည္ ။



" ေမာင္ !! "

ပန္းစည္းကိုေက်ာ္ကာ ၿပဳံးၿပဳံးႀကီးရပ္ေနတဲ့ လူရဲ႕ ရင္ခြင္ထဲ ပစ္ဝင္ေတာ့ ေဆာင္ဟြန္းက အသံထြက္ေအာင္ပင္ ရယ္လာသည္ ။ လက္တစ္ဖက္က ပန္းစည္းကိုကိုင္ကာ က်န္တစ္ဖက္ျဖင့္ ျပန္ဖက္တြယ္လာသည့္ ေမာင့္နားက ဒီတခါ ပိုးသတ္ေဆးအနံ႔အစား ခပ္သင္းသင္း ေရေမႊးနံ႔ႏွင့္ ေမာင့္ကိုယ္သင္းနံ႔ကိုသာ ရသည္ ။

ဂ်ယ္ယြန္းက သေဘာတက် ရင္ခြင္မွာ မ်က္ႏွာအပ္ကာ ႏွာေခါင္းႏွင့္ တစ္ရႈံ႕ရႈံ႕လုပ္ေတာ့ ေမာင္ကေနရခက္စြာနဲ႔ ေနာက္သို႔ဆုတ္ဖို႔လုပ္ေနသည္ ။

" ဂ်ယ္ယြန္းေလး လူေတြၾကည့္ေနၿပီေလ ေမာင္တို႔ ကားထဲသြားရေအာင္ "

အဲ့လိုပဲ.. ေမာင္က ပတ္ဝန္းက်င္အျမင္ေတြကို ေခါင္းထဲ အရမ္းထည့္တတ္တဲ့ လူစားမ်ိဴး ။ မာနအိုးေလး ဂ်ယ္ယြန္းကေတာ့ ႏွစ္ေယာက္သားတြဲသည့္အခ်ိန္ကစ၍ ေဆာင္ဟြန္းကိုဆို တအားကပ္ခြၽဲတတ္လာသည္ ။

" ေမာင္က အၿမဲအဲ့လိုပဲ "

ရင္ခြင္ထဲက မထြက္ပဲ ေခါင္းကိုအသာေမာ့ကာ ဆူပုတ္ပုတ္ႏွင့္ေျပာေတာ့ ေဆာင္ဟြန္းက ေအာက္ႏႈတ္ခမ္းကို သာသာကိုက္၍ ဂ်ယ္ယြန္းကို မ်က္ေတာင္မခတ္ၾကည့္ေနသည္ ။

ေခြးေပါက္ေလးလိုမ်ိဳး ရင္ခြင္ထဲအတင္းတိုးဝင္ထားတာေၾကာင့္ ဂ်ယ္ယြန္းရဲ႕ ေရွ႕ ဆံပင္ေလးေတြက ပြေယာင္းခ်င္ေနသည္ ။ အသည္းယားစရာေကာင္းေအာင္ တစ္ေထာ္ေထာ္နဲ႔ ေျပာေနတဲ့ ႏႈတ္ခမ္းေတြကို အတိုးခ်
နမ္းပစ္ဖို႔ ေဆာင္ဟြန္း တကယ္ကို မေစာင့္ႏိုင္ေတာ့ဘူး ။

" ဘာလို႔ အဲ့လိုၾကည့္ေနတာလဲလို႔ "

" ခ်စ္လို႔ေလ "

ရင္ဘတ္ေပၚတြင္ ေမးေစ့ကိုတင္ကာ ကပ္ခြၽဲေလးလုပ္ေနသည့္ ဂ်ယ္ယြန္းက ေဆာင္ဟြန္းအေျဖေၾကာင့္ ပါးေလးေတြ နီလာေတာ့သည္ ။

" အမ်ားႀကီး ခ်စ္တာပဲလား "

႐ႊတ္ေနာက္ေနာက္ မ်က္ႏွာေပးလုပ္ကာ ၿပဳံးစိစိနဲ႔ေမးသည့္ ဂ်ယ္ယြန္းက အရင္က အရွက္သည္းရင္ ထြက္ေျပးတတ္သည့္ ဂ်ယ္ယြန္းေလးႏွင့္ လားလားမွ်ပင္ မဆိုင္ ။

" အင္း အမ်ားႀကီး "

ေျပာလည္းေျပာ ဂ်ယ္ယြန္းရဲ႕ ပါးေဖာင္းေဖာင္းေလးကို
လည္း ေဆာင္ဟြန္းက သူ႔ရဲ႕ ႏွာေခါင္းခြၽန္ခြၽန္ နစ္ဝင္သြားေအာင္ တစ္ခ်က္ နမ္းလိုက္ေသးသည္ ။

" လာ.. အိမ္ျပန္ၾကမယ္ ေမာင့္ကေလးေလး ဒီေန႔လည္း ပင္ပန္းသြားၿပီ "

ပန္းစည္းကို ဂ်ယ္ယြန္းလက္ထဲ ေျပာင္းထည့္ကာ အျခားစာ႐ြက္စာတမ္းေတြႏွင့္ လပ္ေတာ့ပ္အိတ္ေတြကိုေတာ့ ေဆာင္ဟြန္းက ေျပာင္းသယ္သည္ ။

" ဘာစားခ်င္လဲ ေမာင္ ဘာဝယ္ေကြၽးရမလဲ "

" ဟင့္အင္း ဒီေန႔ အိမ္မွာ ခ်က္စားရေအာင္ ေမာင့္ကို ေကာင္းေကာင္းေလး ခ်က္ေပးမယ္ "

ဂ်ယ္ယြန္းအတြက္ ထိုအခ်ိန္အထိ ေပ်ာ္႐ႊင္မႈက ေမာင္တစ္ေယာက္တည္းနဲ႔တင္ လုံေလာက္ခဲ့သည္ ။ အလုပ္ခြင္ရဲ႕ စိတ္ပင္ပန္းမႈေတြက ေမာင့္ရင္ေငြ႕ေအာက္မွာဆို ေမ့ေပ်ာက္ထားလို႔ျဖစ္သည္ ။

ဘယ္သူမွ ေပၚေပၚထင္ထင္ အသိမွတ္မျပဳေပးတဲ့ သူ႔နာမည္နဲ႔ျပဇာတ္ေတြကို ေမာင္က အခ်ိန္ေပးကာ လာၾကည့္တတ္သည္ ။ ထိုအခ်ိန္ ေမာင့္ခါးကို တင္းတင္းဖက္ကာ စီနီယာ မင္ဟြၽန္းရဲ႕ ဒိတ္ေအာက္ေနတဲ့ အႀကံေတြကို သူ႔ဇာတ္ၫႊန္းေတြနဲ႔ ဖုံးၿပီး ကူညီရေၾကာင္း ေျပာျပခ်င္ ေျပာျပမည္ ။

ဒါမွမဟုတ္ ဂ်ယ္ယြန္းရဲ႕ ရည္းစားေခ်ာေခ်ာေလးကို အားက်ၿပီး အေယာင္ေယာင္ အမွားမွားနဲ႔ ဇာတ္ေဆာင္ရဲ႕ အက်ႌေတြကို မွားထုတ္လာတဲ့ stylist ေကာင္မေလးအေၾကာင္းလည္း ျဖစ္ခ်င္ျဖစ္မည္ ။

ထိုမွ်ေလာက္အထိပဲ အခ်ိန္ေတြကို ရပ္ထားခဲ့လို႔ ရရင္လည္း ေကာင္းသား ။ ေဝးသြားၾကတဲ့အခါ တစ္နင့္တစ္ပိုးနဲ႔ အလြမ္းေတြကို မသယ္ပိုးရေအာင္ ထိုမွ်ေလာက္ မခ်စ္ခဲ့ၾကရင္လည္း ေကာင္းသား ။







အခန္း .

" ဂ်ယ္ယြန္း ဒီေန႔ည ဒီမွာပဲ အိပ္သြားေလ "

" ငါ ဂ်ဳံေဆာင္းကို ဖုန္းမဆက္ရေသးဘူး ေမာင္ရဲ႕ "

ဖတ္လက္စ အ႐ိုးအေၾကာကုထုံး စာအုပ္ကို ပိတ္ပစ္လိုက္ကာ အေပၚဝတ္ ဝတ္ေနတဲ့ ဂ်ယ္ယြန္းနားကို ေလွ်ာက္သြားလိုက္သည္ ။ မွန္ေရွ႕မွာ အက်ႌကို ျပင္ေနတဲ့ သူရဲ႕ ခါးကို အေနာက္ကေန တင္းေနေအာင္ ဖက္ထားလိုက္ေတာ့ ေဆာင္ဟြန္းရဲ႕ဆံပင္ေတြကို လက္နဲ႔ ျပန္ဆြဲဖြလာသည္ ။

" စာေတြ အမ်ားႀကီး က်က္ရလို႔ ေခါင္းရႈပ္ေနၿပီလား "

" မဟုတ္ပါဘူး "

ခါးမွ လက္ကို ျဖဳတ္ကာ ကုတင္အစြန္းတြင္ ထိုင္ခ်ေတာ့ ဂ်ယ္ယြန္းက သူ႔ဘက္လွည့္ကာ ၿပဳံးၿပဳံးႀကီးၾကည့္ေနျပန္ သည္ ။ တကယ္ကို အကိုႀကီးက သူ႔ညီ ကေလးေလးပိစိကေလးကို အူယားေနတဲ့ ႐ုပ္နဲ႔ ။

" ဂ်ယ္ယြန္း ဘယ္အထိ အခ်ိန္ဆြဲဖို႔ လုပ္ေနတာလဲ "

" ဘာကိုလဲ ေမာင္ရဲ႕ "

႐ုတ္တရက္ ေအးစက္စက္ေလသံနဲ႔ ေျပာလာတဲ့ ေဆာင္ဟြန္းေၾကာင့္ ဂ်ယ္ယြန္း မ်က္ႏွာေပၚက အၿပဳံးလွလွေလးေတြက လြင့္စဥ္သြားရသည္ ။

" ေမာင္ ဒီတိုက္ခန္းကို ဝယ္ထားတာ ေမာင္တို႔ ႏွစ္ေယာက္တူတူေနဖို႔ေလ.. ဂ်ယ္ယြန္းက ဝင္လာလိုက္ ျပန္ထြက္သြားလိုက္နဲ႔ ဧည့္သည္ႀကီးလို လုပ္ေနတာပဲ ၊ ကြၽန္ေတာ္ ဘယ္ႏွစ္ခါ ေျပာရမလဲ အတူတူရွိလာတာပဲ
၁ ႏွစ္ေက်ာ္ေနၿပီ "

" ေအာ္ ေမာင္ရယ္ အိမ္ေျပာင္းတာ လြယ္တာမွ မဟုတ္တာ..ငါလည္း ျပင္ဆင္စရာေတြ အမ်ားႀကီး က်န္ေသးတာကို "

" ဘာကို ျပင္ဆင္မွာလဲ ေမာင္က မင္းကို မျပည့္မစုံထားမဲ့လူလား.. ဒီကို လူေလးပဲ ေ႐ႊ႕လာဖို႔က ဘာေတြ ခက္ခဲေနတာလဲ "

အဲ့ဒါေတြကို ဂ်ယ္ယြန္းမႀကိဳက္တာ ။ ေမာင္က သူ႔ကို အားကိုးေစခ်င္တဲ့ စိတ္ကို နားလည္ေပမဲ့ ေယာက်ာ္းေလးႏွစ္ေယာက္ ခ်စ္ၾကတဲ့ ဆက္ဆံေရးတစ္ခုမွာ ဂ်ယ္ယြန္းက ေနာက္ကေန မွီခိုေနရတဲ့ ပုံစံမ်ိဴး မျဖစ္ခ်င္ပါ ။

" မင္း အခုေနေနတဲ့ ေနရာထပ္ အမ်ားႀကီး အဆင္ေျပတဲ့ေနရာကို ေမာင္ေ႐ြးဝယ္ထားတာ.. ဂ်ယ္ယြန္းအတြက္ အိမ္လခေတြလည္း မကုန္ေအာင္ ေမာင္က စဥ္းစားၿပီးေျပာေနတာကို ဘာလို႔ လက္မခံတာလဲ "

" ေဆာင္ဟြန္း.. ဂ်ဳံေဆာင္းလည္း ရွိေသးတယ္ ငါတို႔က ဟိုးအရင္ကတည္းက အတူတူေနလာတာမွာ ငါက အခုခြဲထြက္သြားဖို႔ဆို ျပင္ဆင္စရာေတြအမ်ားႀကီး ၊ လတိုင္း ကုန္က်စရိတ္ေတြကို ခြဲၿပီး - "

" ခင္ဗ်ားအတြက္ အဲ့ေကာင္က ပိုအေရးႀကီးေနတာလား "

" ေမာင္ ! "

ေမာင္နဲ႔ မတူစြာ ၾကမ္းတမ္းတဲ့ စကားလုံးေတြသုံးၿပီး ကုတင္ေပၚက ထထြက္သြားတဲ့ သူကို ဂ်ယ္ယြန္း ေၾကာင္အစြာျဖင့္ မ်က္စိတစ္ဆုံးလိုက္ၾကည့္မိသည္ ။

ေဆာင္ဟြန္းပုံစံက ေဒါသကို အတင္းထိန္းခ်ဳပ္ထားရတဲ့ လူလိုမ်ိဳး ။ အခန္းထဲတြင္ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ကာ သက္ျပင္းသံ က်ယ္က်ယ္ကို ထုတ္လႊတ္လာတဲ့ ေဆာင္ဟြန္းပုံစံက ဂ်ယ္ယြန္းကို မလန႔္ေစဘူးဆိုလွ်င္ လိမ္ရာက်မည္ ။

" ဟမ္.. မင္းေျဖ ..ေမာင္တို႔ ႏွစ္ေယာက္ အတူတူရွိဖို႔ထပ္ အဲ့လူရဲ႕ ကိစၥေတြက ပိုအေရးႀကီးေနတာလားလို႔ "

" မဟုတ္ဘူးေလ ေမာင္ရယ္ "

" ဟင္း..ေသြးမေတာ္ သားမစပ္ လူႏွစ္ေယာက္က ညီအကိုအရင္းေတြလိုလိုနဲ႔ ႏွစ္ေယာက္တည္းေနတဲ့ ေနရာမွာ ဘာေတြျဖစ္ေနလဲမွ မသိတာ "

ဂ်ယ္ယြန္း ေဒါသက ေထာင္းခနဲ ထြက္သြားတာေၾကာင့္ နားထင္ေၾကာေတြတင္းကာ ေခါင္းက မိုက္ခနဲပင္ျဖစ္သြားသည္ ။ ေမာင္ ဘယ္လိုေတာင္ ေတြးၿပီး ေျပာလိုက္တာလဲ ။

" ေမာင္ မင္းမမိုက္႐ိုင္းနဲ႔ "

" ေမာင္ ဘယ္မွာ မိုက္႐ိုင္းေနလို႔လဲ.. အဲ့လူက မင္းအေပၚ ႐ိုးသားလား မ႐ိုးသားလား သိႏိုင္လို႔လား "

" ဂ်ဳံေဆာင္း.. ဂ်ဳံေဆာင္း.. ဂ်ဳံေဆာင္း !! ေမာင္နဲ႔ အတူတူရွိေနခ်ိန္ေတာင္ အဲ့ေကာင္နာမည္ကို ပါးစပ္ဖ်ားက မခ်တဲ့ ခင္ဗ်ားကေရာ ႐ိုး႐ိုးသားသားပါေပါ့ ဟုတ္လား "

" ေမာင္ မင္း ပါးစပ္ကို ပိတ္ထားေနာ္ စကားေတြ လြန္မလာနဲ႔ "

ဂ်ယ္ယြန္း အတြက္ အထိခိုက္မခံႏိုင္ဆုံးက မာနႏွင့္ သိကၡာတရား ျဖစ္သည္ ။ အ႐ြယ္ေရာက္လာတာနဲ႔အမွ် လုပ္ငန္းခြင္ေတြမွာသူ႔မာနေတြကို ေခါက္ခ်ိဳးထားခဲ့ရတာမို႔ သူ႔မွာ ရွိတာဆိုလို႔ ဂုဏ္သိကၡာရယ္ ။ အဲ့ဒါကို ေမာင္က စကားလုံးေတြနဲ႔ ေသေသခ်ာခ်ာကို နင္းေခ်ပစ္သည္ ။

" ငါတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို မင္း ဘာအေၾကာင္းနဲ႔မွ သံသယဝင္စရာမရွိဘူး ေဆာင္ဟြန္း.. ငါတို႔ ႐ိုးသားတာ ငါတို႔ သိတယ္.. ေအး အဲ့ဒါကို ငါခ်စ္တဲ့ မင္းလည္း သိရမယ္ "

" အဲ့ဒီ ခင္ဗ်ားခ်စ္ပါတယ္ဆိုတဲ့ ခင္ဗ်ား ခ်စ္သူက အဲ့ဒီ
အိမ္ကို မင္းျပန္သြားတိုင္း ဘယ္ေလာက္ ရင္ေတြပူလဲ မင္းသိလား "

" ကိုယ့္ခ်စ္သူက တျခားေယာက်ာ္းတစ္ေယာက္နဲ႔ တစ္အိမ္တည္း အတူတူေနတယ္ဆိုတဲ့ အသိက ဘယ္ေလာက္ စိတ္ဒုကၡေပးလဲ ခင္ဗ်ား သိလားလို႔ "

အရာရာကို ႐ိုး႐ိုးရွင္းရွင္းပါလို႔ ေတြးတတ္တဲ့ ဂ်ယ္ယြန္းအတြက္ကေတာ့ သူ႔ကို အပိုေတြလို႔ ျမင္ေကာင္းျမင္ႏိုင္ေပမဲ့ ဂ်ဳံေဆာင္းရဲ႕ အၾကည့္ေတြကို ဖတ္မိတဲ့ ေဆာင္ဟြန္းက ဂ်ယ္ယြန္းကို ဤမွ်ေလာက္ သဝန္တိုတာကို အလြန္ဟု မထင္ပါ ။

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက တစ္ေယာက္အနား တစ္ေယာက္ရွိလာတဲ့ ဆက္ဆံေရးကို မယွဥ္ႏိုင္မွာကို ႀကံဖန္ကာ ပူေလာင္ေနရတဲ့ သူက အခု အတၱသမားလုံးလုံးျဖစ္ေနရသည္ ။

" မင္းကို အဲ့ေလာက္ သေဘာထားေသးသိမ္ၿပီး အတၱႀကီးလိမ့္မယ္လို႔ ငါမထင္ခဲ့ဘူး "

သူက ဂ်ယ္ယြန္းကို သူ႔အနားေလးမွာ အခ်ိန္တိုင္း ရွိေနေစခ်င္႐ုံပါ ။ ဘယ္ကေန ဘယ္လို သေဘာထားကြဲလြဲမႈေတြဆီ ဆြဲေခၚသြားခံရလဲ သူမသိေတာ့ ။

လြယ္အိတ္ကို ေကာက္ယူကာ ထြက္သြားဖို႔ လုပ္ေနတဲ့ ထို ေက်ာျပင္ငယ္ကို ေဆာင္ဟြန္း တားဖို႔ပင္ အခ်ိန္မမွီလိုက္ ။

တံခါးပိတ္သံ က်ယ္က်ယ္ရဲ႕ ေနာက္မွာ ေဆာင္ဟြန္း ၾကမ္းျပင္ေပၚကို ဒူးေထာက္ထိုင္ခ်မိသည္ ။ လက္ႏွစ္ဖက္နဲ႔ မ်က္ႏွာကို ခပ္ၾကမ္းၾကမ္းပြတ္ဆြဲလိုက္ေတာ့ သူ႔လက္ေပၚမွာ ပါလာတာ မ်က္ရည္စေတြရယ္ ။

" ေမာင္က မင္းနဲ႔ အခ်ိန္တိုင္း အတူတူရွိခ်င္႐ုံပါ "

-
















ေဆာင္ဟြန္း ထိုအေနအထားအတိုင္း ငူငူငိုင္ငိုင္ ထိုင္ေနမိသည္မွာ သုံးနာရီေလာက္ပင္ ရွိေရာ့မည္ ။ ဂ်ယ္ယြန္းကို အခုခ်က္ခ်င္း သြားေခၚလာခ်င္ေပမဲ့ ထိုအိမ္ေရာက္လို႔ ထိုလူရဲ႕ မ်က္ႏွာကို ျမင္လွ်င္ သူဘာေတြလုပ္မိမလဲ အာမ မခံႏိုင္ ။

တံခါးဖြင့္သံၾကားေတာ့မွ ဒီေန႔ စာအတူတူလုပ္ဖို႔ သူငယ္ခ်င္းေတြကို ေခၚထားတာကို သတိရမိသည္ ။ မ်က္ႏွာေပၚက ေျခာက္ေနၿပီ ျဖစ္တဲ့ မ်က္ရည္စီးေၾကာင္းေတြကို လက္နဲ႔ ခပ္ၾကမ္းၾကမ္းဖိသုတ္ကာ ေနာက္လွည့္ၾကည့္ေတာ့ နီရဲကာစပ္ေနၿပီျဖစ္တဲ့ မ်က္လုံးမွာ မ်က္ရည္ေတြက တဖန္ ျပန္ရစ္သိုင္းလာေလသည္ ။




" ဂ်ယ္ယြန္း.. "

ႏႈတ္ခမ္းစြန္းေလးေတြ ေကာ့တက္ကာ လက္ႏွစ္ဖက္ကို ဖြင့္၍ဆန႔္တန္းၿပီး ရင္ခြင္ထဲလာဖို႔ ဖိတ္ေခၚေနတဲ့ ဂ်ယ္ယြန္းက ကိုယ္တိုင္လည္း မ်က္ဝန္းထဲ အရည္ၾကည္ေလးေတြ စုေဝးေနသည္ ။

" လာပါအုံး .. ေမာင္က ကေလးေလးပဲ.. ဘာလို႔ အမ်ားႀကီး ငိုေနတာလဲ "

ရင္ခြင္ထဲလာဖို႔ လက္ဆန႔္တန္းထားတဲ့ ဂ်ယ္ယြန္းက အဆုံးေတာ့ ေဆာင္ဟြန္းရဲ႕ ေပြ႕ဖက္ျခင္းၾကားထဲ ခႏၶာကိုယ္ေလးက ျမဳပ္သြားရသည္ ။

အေနာက္မွာ ျမင္ရသည့္ ခရီးေဆာင္အိတ္ ႏွစ္လုံးေၾကာင့္ ဂ်ယ္ယြန္းအေပၚ အားနာစိတ္တို႔က ပို၍ တိုးလာရသည္ ။ ဒီလူသားေလးကို ထိခိုက္ေအာင္ ေျပာဆိုမိသည့္ သူ႔ကိုယ္သူ ေဒါသထြက္ကာ မခ်ိတင္ကဲျဖစ္ရသည္ ။

မ်က္ႏွာ ႏုႏုကေလးကို နမ္းရႈိက္လိုက္ဖို႔ပင္ မရဲရေအာင္ အျပစ္ရွိစိတ္ေတြ ဖုံးလႊမ္းေနတာေၾကာင့္ ဂ်ယ္ယြန္းရဲ႕ ဆံႏြယ္ေတြၾကား မ်က္ႏွာကို အပ္ထားမိသည္ ။

" ေမာင္ ေတာင္းပန္ပါတယ္ "





အရာအားလုံး ေဝးကြာမသြားခင္ ထိုစိတၱဇနာမ္ေလးမွာ အတားအဆီး အထိန္းအကြပ္မရွိ အႀကိမ္ႀကိမ္ ၿပိဳလဲတတ္တဲ့ ဂ်ယ္ယြန္းက ေမာင့္ အတၱေတြကို စိန္မေခၚမိခဲ့ရင္ ေကာင္းသားဟု ခပ္တိုးတိုး ဆုေတာင္းမိသည္ ။

- a sky fulls of scars -

Continue Reading

You'll Also Like

48.9K 2.6K 21
แ€€แ€œแ€ฑแ€ธ แ€™แ€„แ€บแ€ธ แ€…แ€ญแ€แ€บแ€แ€ปแ€™แ€บแ€ธแ€žแ€ฌแ€™แ€šแ€บแ€†แ€ญแ€ฏ แ€€แ€ญแ€ฏแ€šแ€บแ€˜แ€ฌแ€–แ€ผแ€…แ€บแ€–แ€ผแ€…แ€บ แ€กแ€›แ€ฑแ€ธแ€™แ€€แ€ผแ€ฎแ€ธแ€˜แ€ฐแ€ธแ‹ xiao zhan แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€—แ€ปแ€€แ€บแ€”แ€พแ€ฌแ€–แ€ฏแ€ถแ€ธ แ€–แ€ฏแ€ถแ€ธแ€‘แ€ฌแ€ธแ€แ€ฒแ€ท แ€กแ€šแ€ฑแ€ฌแ€„แ€บแ€กแ€†แ€ฑแ€ฌแ€„แ€บแ€œแ€ฐแ€•แ€ฒแ‹ Wang yibo แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ท แ€กแ€›...
179K 26.7K 21
"แ€”แ€ฝแ€ฑแ€กแ€›แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€Ÿแ€ฌ แ€แ€ญแ€ฏแ€„แ€บแ€œแ€ญแ€ฏแ€•แ€ฒ..."
231K 13.3K 37
Taekook โš ๏ธ แžšแžฟแž„แž—แžถแž‚แžแŸ’แž›แžธแ•ฆโ เผผโ โœฉโ ู„อœโ โœฉโ เผฝโ แ•ค