ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုငျး- ၁
အပိုင်း - ၁
အပိုငျး- ၂
အပိုင်း - ၂
အပိုငျး- ၃
အပိုင်း - ၃
အပိုငျး- ၎
အပိုင်း - ၎
အပိုင်း - ၅
အပိုငျး - ၆
အပိုင်း - ၆
အပိုငျး - ၇
အပိုင်း - ၇
အပိုငျး - ၈
အပိုင်း - ၈
အပိုငျး - ၉
အပိုင်း - ၉
အပိုငျး - ၁၀
အပိုင်း - ၁၀
အပိုငျး - ၁၁
အပိုင်း - ၁၁
အပိုငျး - ၁၂
အပိုင်း - ၁၂
အပိုငျး - ၁၃
အပိုင်း - ၁၃
အပိုငျး - ၁၄
အပိုင်း - ၁၄
အပိုငျး - ၁၅
အပိုင်း - ၁၅
အပိုငျး - ၁၆
အပိုင်း - ၁၆
အပိုငျး - ၁၇
အပိုင်း - ၁၇
အပိုငျး - ၁၈
အပိုင်း - ၁၈
အပိုငျး - ၁၉
အပိုင်း - ၁၉
အပိုငျး - ၂၀
အပိုင်း - ၂၀
အပိုငျး - ၂၁
အပိုင်း - ၂၁
အပိုငျး - ၂၂
အပိုင်း - ၂၂
အပိုငျး - ၂၃
အပိုင်း - ၂၃
အပိုငျး - ၂၄
အပိုင်း - ၂၄
အပိုငျး - ၂၅
အပိုင်း -၂၅
အပိုငျး - ၂၆
အပိုင်း - ၂၆
အပိုငျး ၂၇
အပိုင်း - ၂၇
အပိုငျး - ၂၈
အပိုင်း - ၂၈
အပိုငျး - ၂၉
အပိုင်း - ၂၉
အပိုငျး - ၃၀
အပိုင်း - ၃၀
အပိုငျး - ၃၁
အပိုင်း - ၃၁
အပိုငျး - ၃၂
အပိုင်း - ၃၂
အပိုငျး - ၃၃
အပိုင်း - ၃၃
အပိုငျး - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုငျး - ၃၅
အပိုင်း - ၃၅
အပိုငျး - ၃၆
အပိုင်း - ၃၆
အပိုငျး - ၃၇
အပိုင်း - ၃၇
အပိုငျး - ၃၈
အပိုင်း - ၃၈
အပိုငျး - ၃၉
အပိုင်း - ၃၉
အပိုငျး - ၄၀
အပိုင်း ၄၀
အပိုငျး - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင္း - ၄၃
အပိုင်း - ၄၄
အပိုင္း - ၄၄
အပိုင်း - ၄၅
အပိုင္း - ၄၅
အပိုင်း - ၄၆
အပိုင္း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၅
4.3K 277 5
By ShwunLaeKyaw
နေအလင်းရောင် ခပ်မှိန်မှိန်သာရှိတော့သည့် မှောင်ရီပျိုးစ ညအချိန်...
လမိုက်ညဖြစ်၍ လမထွက်သည့်ညကောင်းကင်ယံ၌ ကြယ်ပွင့်လေးများသာ ကြီးစိုးနေလေသည်။
သွပ်မိုးပျဉ်ထောင်အိမ်လေးရှေ့မှ ပင်လုံးညွတ်မျှပွင့်နေသော ဝါထိန်ထိန်စံကားဝါပွင့်တို့မှ မွှေးရနံ့တို့ကလည်း မှိန်ဖျော့ဖျော့အလင်းရောင်အောက်၌ ကြိုင်လှိုင်နေလျှက်...
ထိုအခိုက် သင်းပျံ့နေသည့်စံကားဝါတို့နှင့် လိုက်ဖက်လှစွာပင် အိမ်ကြီးထဲမှ 'ရွှေနှင့်ယိုးမှား ပန်းစံကား
ကဗျာရွတ်သံလေးက ညီညီညာညာ သံပြိုင်ထွက်ပေါ်လာ၏။
" သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည်၊ ခရီးသား "
ထွက်ပေါ်လာသည့် ကဗျာသံနှင့် ဝင်းဝင်းဝါဝါစံကားဝါရနံ့တို့က လွန်စွာပင်လိုက်ဖက်လှပါဘိ...
ည မှောင်ရီသန်းချိန် စာအံသံထွက်ပေါ်နေသည့်အိမ်ကား မည်သည့်အိမ်ဟု ဗေဒင်မေးနေရန်မလိုပါချေ။
ဆရာလေးနှင့် ဆရာမလေးဟု ချစ်စနိုးခေါ်ကြသည့် ရဲသွေးမောင်နှမတို့ အခမဲ့သင်ပေးနေသောကလေးများ၏ စာကျက်သံပါပင်...
ကိုးတန်းကလေးများက physicပုစ္ဆာ တွက်နေကြ၍ ဆယ်တန်းများ၏ ရွှေနှင့်ယိုးမှား ပန်းစံကားကဗျာကျက်သံကသာ ဆူညံစွာထွက်ပေါ်နေရခြင်းသာ။
လေတိုက်တိုင်း ယိမ်းနွဲ့ကာ ကြိုင်သင်းနေသောစံကားဝါရနံ့တို့နှင့်အပြိုင် ပနံသင့်နေသည့် ကဗျာသံလေးက ထပ်မံထွက်ပေါ်လာပြန်၏။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။
ကဗျာအဆုံး၌ ထက်နောင်၏ အော်ဟစ်သံလေးက ထပ်မံထွက်ပေါ်လာပြန်၏။
" ဆယ်တန်းတွေ ကဗျာတစ်ပုဒ်ကိုရပြီးသားဆိုပြီး ကြက်တူရွေးလို ကရားရေလွတ်အော်နေလို့မရဘူးနော် သတ်ပုံသတ်ညွှန်း သေချာကြည့်မယ် ပုဒ်ထီး၊ ပုဒ်မအဖြတ်ကြည့်မယ် နားလည်လား ဘယ်ခေတ် ဘယ်သူရေးတာလဲကိုပါ သေချာမှတ်နော် ပြီးရင် ကဗျာပုဒ်ရင်းကြီးကိုပဲ အလွှတ်ရေးရမယ် ကြားကြလား "
" ဟုတ် "
ခပ်တည်တည်ဆူလာသည့် သူတို့ဆရာလေးအသံကြောင့် ဆယ်တန်းကလေးများ သံပြိုင်အဖြေပေးလိုက်ကြ၏။
ထိုအခိုက်မှာပင် နီနီ၏အသံက ထပ်မံထွက်ပေါ်လာပြန်သည်ရာ ကလေးများခေါင်းငုံ့ကာ မျက်နှာလေးများ စူပုတ်သွားကြပြန်သည်။
သို့သော် စိတ်ဆိုးခြင်းမျိုးမဟုတ်...
အစ်ကိုအစ်မများသဖွယ် ကောင်းစေချင်၍ စေတနာသန့်သန့်ဖြင့် ဆူပူခြင်းဖြစ်ကြောင်း သူတို့ကိုယ်တိုင်လည်း ခံစားမိနေကြသည်မဟုတ်ပါလား....
" အလကားကိုကို နင့်ဟာတွေကလေ ကောက်ရိုးမီးတွေသိလား စာကျက်ကို ဝုန်းဝုန်းဝုန်းဝုန်းနဲ့ထအော်တယ် ပြီးရင် တာရှည်မခံဘူး စာလုံးပေါင်းသေချာကြည့်ဆိုရင်လဲ ဘယ်တော့မှမမှတ်ဘူး အမှားတွေရေးတာမှ သောက်သောက်လဲပဲတော့် "
" အေး အဲဒါကြောင့် သူတို့ကိုပြောနေရတာ တစ်မှတ်ကလဲ အရေးပါတယ် မြန်မာစာတော့ အေးဆေးပါဆိုပြီး ပေါ့သေးသေးမမှတ်နဲ့ စာကို စကျက်ကတည်းက အာပူတိုက်လို့မရဘူး စာလုံးပေါင်းကအစ ရင်ထဲနှလုံးထဲ သေသေချာချာစွဲအောင်မှတ်ရမှာ အေး ဒီတစ်ခါတော့ တစ်လုံးမှားရင် ထိုင်ထတစ်ကြိမ်ပဲနော် "
မောင်နှမနှစ်ဦးသား ဆူပူနေချိန်မှာပင် သူတို့အိမ်ရှေ့တာလမ်းဘက်၌ ဆိုင်ကယ်ရပ်သံကြားလိုက်ရ၏။
အသံအရ ဆိုင်ကယ်ကနှစ်စီးပင်...
" ဟဲ့ နီနီ ခြံရှေ့ဘက်က ဆိုင်ကယ်သံကြားသလားလို့ ဧည့်သည်တွေများ လာသလားအေ "
" နီနီလဲမသိဘူးလေ ဟိုဘက်အိမ်ကိုလာသလားပဲ "
အိမ်အတွင်းခန်းထဲ အရုပ်ချုပ်နေသည့်ဒေါ်ပန်းရုံအမေးအား နီနီက ယောင်ဝါးဝါးဖြေလိုက်၏။
ဟုတ်လည်းဟုတ်လေသည်။
နီနီတို့အိမ်ဝိုင်းက ခြံကျဉ်းကာအိမ်ကပ်သည့်အတွက် တာလမ်းမကြီး၌ ဆိုင်ကယ်ရပ်လေတိုင်း မိမိတို့အိမ်ဆီလာသည်ဟု တပ်အပ်ပြော၍မရပါလေ...
မျက်စောင်းထိုး ဓားလွယ်ခုတ်ရှိအိမ်၊ သို့တည်းမဟုတ် မျက်နှာချင်းဆိုင်အိမ်၊ သို့တည်းမဟုတ် ဘေးအိမ်သို့လာခြင်းလည်းဖြစ်နိုင်လေသည်။
" ဟဲ့ မပန်းရုံရေ နီနီ ဟဲ့ လုံမ "
ဒေါ်ပန်းရုံနှင့်နီနီတို့ချင်း စကားစ ပြတ်ရုံပင်ရှိသေး...
အိမ်ရှေ့ဘက်ဆီမှ ကျယ်လောင်လောင်ခေါ်သံကို ကြားလိုက်ရ၏။
" ဟော ငါထင်သားပဲ တို့အိမ်ကိုလာတာပါဆိုနေ သွား သွား အငယ်မ သွားခေါ်စမ်း ဘယ်သူတွေများပါလိမ့်ဟယ် ညကြီးမင်းကြီး "
" လာပြီ လာပြီ ခဏလေး "
နီနီက သွက်လက်စွာပင်ထကာ အိမ်ရှေ့ဆီထွက်သွားပြီးမကြာမီပင် အားရဝမ်းသာစကားသံများကြားလိုက်ရ၏။
" ဟော ဘယ်သူတွေများလဲမှတ်တယ် ထွေးလေး(ဒွေးလေး)တို့ပဲ လာကြ လာကြ မေမေရေ ထွေးလေးတို့လာတာ မမမေလဲပါလာတယ် လာ လာ "
" အေးပေါ့အေ ညည်းတို့ကနေနိုင်ပေမဲ့ ကျုပ်တို့က ဆွေရယ်မျိုးရယ်လို့ သတိရတော့လာရတာပေါ့ ညည်းအမေ မပန်းရုံနဲ့ ညည်းအစ်ကိုရော "
" ရှိပါ့ မေမေရော ကိုကိုပါ အထဲမှာရှိတယ် လာ လာ "
နီနီ့အပြောအပြင် နားယဉ်နေသည့်အသံကြောင့် ဖခင်ကြီး ဦးအောင်ခင်၏နှမ ဒေါ်အေးခင်ဖြစ်ကြောင်း တပ်အပ်သိသွားရလေသည်။
ဆုံးပါးသွားသည့် ဖခင်ဖြစ်သူ ဆေးဆရာကြီး၏ တစ်ဦးတည်းသောနှမဖြစ်၍ ထက်နောင်တို့အတွက် ဖခင်ဘက်မှတော်သည့် တစ်ဦးတည်းသောအဒေါ်ဖြစ်သော်လည်း ဆရာကြီးလုပ်တတ်သည့်အပြင် တစ်ဘက်သား နားမခံသာအောင်ပင် အစဉ်အမြဲ ပွစိပွစိပြောတတ်ကာ ငေါ့တတ်လန်တတ်သေးသူဖြစ်၍ ရဲသွေးမောင်နှမနှင့်မူ ထင်သလောက်မရင်းနှီးပါလေ...
ထိုတစ်ဦးတည်းသောအဒေါ်မှာ ရဲသွေးမောင်နှမကို မမွေးမီကပင် ပေါင်းတလည်ဘက်မှလူနှင့်အိမ်ထောင်ကျနေကာ တစ်ခါတစ်ရံမှသာ အလည်ရောက်လာတတ်၍လည်း စိမ်းသက်နေခြင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
စလာစဉ်ကတည်းက ငေါ့တော့တော့ဆိုသည့်စကားကိုပင်ကြည့်ပါလေ...
မည်သို့ပင်ဆိုစေ အနေအေးကာ ပေါင်းသင်းတတ်သည့် ယောက်မဖြစ်သူ ဒေါ်ပန်းရုံနှင့်လည်း အဆင်ပြေနေကြ၍သာ တော်သေးသည်ဟုဆိုရမည်ပင်...
ရဲသွေးမောင်နှမ၏ မိခင်ဒေါ်ပန်းရုံ ပြောနေကျစကားမှာကား...
' အို မင်းတို့ထွေးလေးက စိတ်ရင်းတော့ကောင်းပါတယ်ကွဲ့ အဲဒီလိုပဲပြောတတ်တာကတော့ သူ့ဝသီကြီးဖြစ်နေလို့ပါ ' ဟူ၍သာ...
" ဪကွယ် ညီမအေးခင်တို့ပဲ လာကြကွယ် လာ လာ လာမယ်ဆိုလဲ ကြိုပြောတာမဟုတ်ဘူး သားနောင်ကို လာကြိုခိုင်းမှာပေါ့ လာ လာ သမီးမေလေးလဲ လာကွယ် "
ယခုလည်း ဒေါ်ပန်းရုံက အဖော်ကောင်မလေးတစ်ယောက်နှင့် ဝင်လာသည့် ယောက်မဖြစ်သူအား ထုံးစံအတိုင်းပင် ပျူပျူငှာငှာဖိတ်ခေါ်နေပြန်၏။
" လာပြီ လာပြီ "
အသံနှင့်အတူ ခပ်ဝဝအဒေါ်ကြီးတစ်ဦးနှင့် ချစ်စဖွယ်အမျိုးသမီးလေးတစ်ဦးပါ ရောက်ရှိလာသည်။
ဒေါ်အေးခင်နှင့်အတူပါလာသည့် အေးချမ်းမေသူကလည်း ဒေါ်အေးခင်၏တူမပင်..
သို့သော်လည်း အေးချမ်းမေသူက ဒေါ်အေးခင်၏ခင်ပွန်းသည် ဦးသောင်းတန်၏ညီမမှ မွေးထားသူဖြစ်၍ ဒေါ်အေးခင်ကသာ ခင်ပွန်းနှင့်ပတ်သတ်ပြီး တူမတော်ထားရကာ ရဲသွေးတို့မောင်နှမနှင့်မူ သွေးသားမတော်စပ်ပါလေ...
မေသူ့မိဘများကလည်း ယခင်က ပေါင်းတလည်မြို့၌ လွန်စွာနာမည်ရနေသည့်အထည်ဆိုင်ကြီးတစ်ဆိုင်ဖွင့်ထားကာ ပြည့်စုံကုံလုံသူများပါပေ...
သို့သော် သူ(မ)ငယ်စဉ်ကပင် ကွယ်လွန်သွားကြ၍ တစ်ဦးတည်းသောဦးလေးဖြစ်သည့် ဦးသောင်းတန်က မွေးစားထားခဲ့ရလေသည်။
ဒေါ်လေးက ပွစိပွစိဖြင့် နားပူအောင်လုပ်တတ်သော်လည်း အေးချမ်းမေသူကမူ နာမည်အတိုင်း အတော်လေးအေးချမ်းသည့် မိန်းမပျိုလေးပင်။
သဘော‌ကောင်းသည့်အပြင် ခေတ်လူငယ်ဖြစ်၍ အလိုက်အထိုက်လည်း ဆက်ဆံတတ်သဖြင့် ထက်နောင်တို့ မောင်နှမနှင့်လည်း အတော်လေးခင်သည်ဟု ဆိုရပေမည်။
အဆင့်ပေါ်၌ ထိုင်ရင်းစာကျက်နေသူများ၊ စာရေးနေသူများက အိမ်ထဲဝင်လာသည့် ဒေါ်အေးခင်နှင့် အေးချမ်းမေသူအား သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အကဲခတ်နေကြသဖြင့် အနားမှထက်နောင်က မျက်ရိပ်ပြကာ သတိပေးနေရလေသည်။
ဟန့်နေသည့်ကြားမှပင် ကိုယ်တော်ချော၊ မချောများက ပမာမခန့်ဖြင့် စပ်ဖြဲဖြဲလုပ်ကာ ယီးတီးယောင်တောင်လုပ်ချင်နေသေး၏။
ခက်တော့လည်းခက်လေသား
စာကျက်ချိန်၌ အနားမှပျံသန်းနေသည့်ယင်များ၊ လျှောက်သွားနေသည့်ပုရွက်ဆိတ်များသည်ပင် စိတ်ဝင်စားစရာကောင်းနေတတ်သည်မဟုတ်ပါလား...
ထို့ကြောင့် သင်းတို့ အလွန်လည်းမဟုတ်ပါလေ...
" အမလေး ယောက်မရယ် ကြိုပြောချင်ပါပေါ့လား ထက်နောင်ဆီလဲဖုန်းဆက်၊ အငယ်မနီနီဆီလဲ ဖုန်းဆက်တာ ဘယ်လိုမှခေါ်လို့ကိုမရဘူး "
ဒေါ်အေးခင်တစ်ယောက် အိမ်ထဲခြေလှမ်းစသည်နှင့် ဇာတ်လမ်းက စလာပြီပင်...
ဒေါ်အေးခင့်စကားသံကြောင့် ထက်နောင့်မျက်နှာ ရှုံ့မဲ့သွားသကဲ့သို့ နီနီတစ်ယောက်လည်း ဇက်ကလေးပုသွားရင်း
" နီနီ့ဖုန်းက မနေ့ကမှ အတွင်းမှန်ပါထိသွားလို့ ဆိုင်ရောက်နေတာ "
" အမလေး ဖုန်းမှန် ထိမှာပေါ့အေ ညည်းတို့က နေ့နေ့ညည ဒီဖုန်းနဲ့ပဲ အလုပ်ရှပ်နေလားမှမသိ တစ်ခါလာ ဘာဖြစ်ပြန်ပြီ ဟော နောက်တစ်ခါကျ ညာဖြစ်ပြန်ပြီနဲ့ ဖုန်းအပြင်ဆိုင်ပဲလုပ်ကျွေးနေလိုက်ကြ ပြော မပြောချင်ပေါင် ကျုပ်တို့ဖုန်းဖြင့် ငါးနှစ်ငါးမိုးရှိပြီ တစ်ခါမှမပြင်ရဘူး ဘာမှလဲမဖြစ်ဘူး "
ဒေါ်ပန်းရုံက ယောက်မဖြစ်သူစကားအား ခေါင်းတဆတ်ဆတ်ညိတ်ရင်း ခပ်ပြုံးပြုံးထောက်ခံနေပြန်သည့်အခါ နီနီ့မျက်နှာကား ဇီးရွက်မျှသာကျန်တော့၏။
ဘေးမှ အေးချမ်းမေသူကတော့ အားနာဟန်ဖြင့် အသာလေးသာပြုံးနေလေသည်။
သူတို့မောင်နှမက တွေ့သည်နှင့်ဆူချင်နေသည့် အဒေါ်ဖြစ်သူအား သဘောမကျကြခြင်းမှာလည်း သိပ်တော့မဆန်း။
ဒါသည်ပင် ဝေးနေ၍တော်သေးသည်သာ
နီးနေပါက မတွေးရဲစရာပါပေ...
တူအရီးသုံးယောက် တကျက်ကျက်ဖြင့် ရန်ပွဲနွှဲရမည်မှာလည်း အသေအချာ...
ထို့ကြောင့်လည်း ထက်နောင်တို့မောင်နှမက ဒေါ်အေးခင်နာမည်အား ကွယ်ရာ၌ ဒေါ်ခွေးဖင်ဟု စကားဝှက်ဖြင့်ခေါ်ကြခြင်းပင်။
" ထွေးလေးကလဲ "
" ဘာမှ ထွေးလေးကလဲမနေနဲ့ ကျုပ်က မလဲသေးဘူး မတ်တတ်ကြီး ကဲ ပြောစမ်းပါအုံး ဟိုမောင်ထက်နောင်ကရော "
နီနီ့၏ မကျေမနပ်ရေရွတ်သံအဆုံး ဒေါ်အေးခင်၏မြားဦးက ထက်နောင်ဘက် လှည့်လာပြန်၏။
" ဟာ ကျွန်တော့်ဖုန်းက ဘာမှမဖြစ်ဘူးနော် "
" ဟဲ့ နင့်ဖုန်းက ဘာမှမဖြစ်ရင် မနက်က ငါဖုန်းဆက်တာ ဘာလို့စက်ပိတ်ထားတယ်ဖြစ်နေတုံး "
" အဲ အဲဒါက video downနေလို့ "
" ဟေ အဲဒါဘာဆိုင်လဲ နင့်ဘာသာဇာတ်ကားဒေါင်းတာ ဘာလို့ဖုန်းဆက်မရလဲ "
ဒေါ်အေးခင်ကလည်း ဒေါ်အေးခင်ပါပင်...
လူကဖြင့် အိမ်ထဲ၌ ထိုင်ပင်မထိုင်ရသေးပါဘဲလျှက် မေးခွန်းကိုမူစစ်စစ်ပေါက်ပေါက် လိုက်မေးနေပြန်၏။
" ဟာ ထွေးလေးက ဘာသိလဲ အင်တာနက်ဝယ်သုံးရင်မတန်လို့ ကဒ်အသစ်ဝယ်ပြီး ဒေါင်းတာဗျ အဲဒါ ကျွန်တော့်ဖုန်းကဒ် ခဏထုတ်ထားတဲ့အချိန် ဖုန်းဆက်မိတာနေမှာပေါ့ "
" ကြား မကြားဖူးပေါင်အေ နင်တို့မှပဲ ကဒ်အသစ် ခဏထည့်တာတွေနဲ့ ရှုပ်နေတာပဲ ကျုပ်တို့ဖုန်းဖြင့် ဆိုင်မှာဝယ်တဲ့အတိုင်းပဲ ဘာမှလဲလုပ်မနေပါဘူး "
ထက်နောင် ဘာမှပြောမနေတော့ဘဲ မျက်မှောင်ကိုသာ ကုတ်ထားလိုက်၏။
ထက်နောင်တို့အိမ်၌ wifiမရှိ၍ dataဝယ်သုံးရသည့်အခါ video downရန်အဆင်မပြေပါလေ...
ထို့ကြောင့် ထက်နောင်က video downချင်ပါက ဖုန်းဘေလ်ဖြည့်ပြီး အင်တာနက်ကာဝယ်မနေတော့ဘဲ sim cardအသစ်ဝယ်ကာ ဘေလ်သုံးထောင်ထည့်လိုက်၏။
ထိုအခါ sim cardမှပါသည့် dataများအပြင် ငွေသုံးထောင်ကိုလည်း dataဝယ်နိုင်ကာ ငွေပင်ချေး၍ရသေး၍ video စိတ်ကြိုက်ဒေါင်းကာ packageကုန်ပါက ကဒ်ကို ပစ်လိုက်ရုံပင်...
" လူငယ်တွေကတော့ ဒီလိုပဲယောက်မရေ ကဲ ကဲ ခရီးပန်းနေရောပေါ့ ခဏနားကြပြီးရင်ထမင်းစားကြပေါ့ ရှိတာလေးနဲ ခူးထားလိုက်မယ်လေ "
ဒေါ်ပန်းရုံက ရေနွေးအိုးနှင့် ဘီစကွတ်အချို့ချတည်ရင်း ထမင်းကျွေးရန်အတွက် လောကွတ်ပြုလာမှပင် ရဲသွေးမောင်နှမနှစ်ယောက် အသက်ရှူချောင်ရတော့၏။
ထက်နောင် ယခုမှ သတိထားမိ၏။
စောစောက ဆူပူထားသည့် ကလေးများက အဆူခံနေရသည့် ထက်နောင်တို့မောင်နှမကိုကြည့်ကာ ပြုံးစိစိပင်လုပ်နေကြသည်မို့ ထက်နောင် မသိမသာ တုတ်ကိုကိုင်ပြမှပင် ငြိမ်ကျသွားတော့၏။
' အေး ငါတို့လဲ ဝဋ်လည်နေပြီထင်ပါ့ကွာ '
ထက်နောင်စိတ်ထဲမှသာ ညည်းတွားလိုက်မိတော့သည်။
ထွေးလေးတို့က အိမ်တွင် ဘယ်နှစ်ရက်နေမည်မသိ...
သေချာသည်မှာတော့ ယခုရက်များအတွင်း ထက်နောင်တို့မောင်နှမ နားပူရပေတော့မည်။
" တော်ပြီ ယောက်မရေ ငါတော့ ခရီးပန်းပြီး စားချင်စိတ်မရှိတော့ဘူး ကားဂိတ်မှာကတည်းက မုန့်ဟင်းခါး တစ်ပွဲလဲစားလာခဲ့တယ် ဟဲ့ မေလေး ညည်းရော စားအုံးမလား "
ဒေါ်အေးခင်က ယခုမှ ကြမ်းခင်းအဆင့်လေးထက်၌ ထိုင်ချလိုက်ရင်း လေးလေးပင်ပင်ဖြေနေရာမှ ဘေးမှအေးချမ်းမေသူ့ကိုပါ သတိရသွားပုံဖြင့် ထပ်မေးလာ၏။
" တော်ပြီ ကြီးမေ မေလေးလဲ ရင်ခံနေတယ် "
" အေးပါအေ ဒါဖြင့်လဲ မစားနဲ့တော့ သူများအိမ်မှာ အစားမှားပြီးအော့အန်နေမယ် "
" ကိုင်း ဒါဆိုလဲ ဒီဘီစကွတ် မုန့်လေးတော့စားလိုက်လေ အပြင်းပြေ လက်ဖက်လဲထပ်သုတ်ပေးမယ် ခဏနားပြီးမှ ရေချိုးရင်ချိုး ဒါမှမဟုတ် ကိုယ်ရေလက်ရေသပ်ပေါ့ ဟုတ်လား "
" ဟုတ်ကဲ့ "
" အေး အဲဒါကောင်းတယ်ယောက်မရေ ခရီးပန်းပြီး လူက နုန်းနေတော့ ရေတော့ချိုးချင်တယ်ဟဲ့ "
" အေးလေ ဒါဆိုခဏနေ အမောပြေရင် ရေချိုးပေါ့ ဟုတ်လား ကဲ ကဲ စားကြအုံး ရေနွေးလဲသောက် "
ဒေါ်ပန်းရုံက ပြောပြောဆိုဆိုဖြင့် လက်ဖက်ထပ်သုတ်ရန် မီးဖိုချောင်ထဲဝင်သွားသည့်အခါ နီနီကပါ မိခင်အားကူညီရန် လိုက်ပါသွားလေသည်မို့ ပြန်လည်တိတ်ဆိတ်သွားရ၏။
ညအိပ်ချိန်၌ ဒေါ်အေးခင်နှင့် ဒေါ်ပန်းရုံက တစ်ခြင်ထောင်အိပ်ကာ မေသူက နီနီနှင့် ခြင်ထောင်တစ်လုံးအိပ်ရန် စီစဉ်လိုက်ရသည်။
ထိုညက ခဏအကြာရေချိုးကာ စကားတွတ်ထိုးနေသည့်ဒေါ်အေးခင်မှာ ကလေးများပြန်သွားသည်အထိ မအိပ်သေးပါလေ...
ဒေါ်အေးခင်တို့မှာ အိမ်တွင် နောက်သုံးရက်ကျော်နေဦးမည်ဖြစ်ကာ ၎င်းရက်များ၌ ထက်နောင်က ခွင့်ယူကာ ပုဂံကိုပါအဖော်လိုက်ပို့ပေးရဦးမည့်အကြောင်း သိလိုက်ရသည့်ထက်နောင်မှာမူ ပို၍ပင် အိပ်မပျော်ခဲ့ပါလေ...
~•~ ~•~ ~•~
နောက်တစ်နေ့မနက်၌ဖြစ်သည်။
ထက်နောင်တို့အတူ မနက်စာစားကာ ပုပ္ပားတောင်ကလပ်ဆီ အတူထွက်လာပြီးမှ ဒေါ်ပန်းရုံနှင့်နီနီအား တောင်ကလပ်တွင်ထားခဲ့ကာ မြင်းလှည်းတစ်စီးငှား၍ ပုဂံဘက်ဆီ ထွက်လာခဲ့လိုက်ရသည်။
မြန်မာ့ပုဂံဟိုတယ်၏ရှေ့အရောက် ထက်နောင်မျက်လုံးတို့က ဟိုတယ်ဝန်းဆီအကြည့်ရောက်မိ၏။
ယနေ့က တနင်္လာနေ့မို့ တက္ကသိုလ်လာရင်းမှ လူးကပ်စ်ဆီ စံကားဝါပန်းများပေးရန် ယခင်က တွေးထားခဲ့မိသည်။
လူးကပ်စ်အား ကတိပေးမိပြီးမှ ကျောင်းပိတ်ရက်နှင့်ကြုံကာ ပုဂံဆီမရောက်ဖြစ်ခဲ့...
ယနေ့တော့ ကျိန်းသေပေါက်ရအောင်ပေးမည်ဟု အားခဲထားခဲ့သော်လည်း ဖြစ်နိုင်ဟန်မတူပါလေတော့...
လိုရမယ်ရယူလာသည့် သူ့လက်ဆွဲအိတ်ထဲမှ စံကားဝါတို့ပင် နွမ်းလုပြီသားမသိ...
တစ်နေလုံးအနှံ့လည်ပတ်ပြီး ညနေဘက်၌ ဗူးဘုရားမှ ပုဇွန်ငါးပေါင်းကြော်စားချင်သည်ဟုသည့် မေသူ့စကားကြောင့် သုံးဦးသား ပုဂံမှမပြန်မီ ဗူးဘုရားဆီရောက်ခဲ့၏။
ဗူးဘုရား၏ ညနေခင်းကား အေးချမ်းလှသည်။
ဧရာဝတီမြစ်ကမ်းတွင်တည်ရှိသည့်အတွက် ရေ၏အရိပ်အပြင် လေနုအေးတို့က ညှင်းညှင်းသာသာတိုက်ခတ်ကာ ကြည်နူးဖွယ်အတိပါပေ...
ဒေါ်အေးခင်နှင့် အေးချမ်းမေသူတို့ ဘုရားဝတ်ပြုနေစဉ် ထက်နောင်တစ်ယောက် ဧရာဝတီမြစ်ကမ်းဆီလှမ်းကြည့်မိခိုက် မြင်လိုက်ရသည့်အရိပ်လေးတစ်ခု...
ရင်းနှီးနေသည့်နောက်ကျောဘက်ကလေးဆီ ထက်နောင်အပြေးလေးသွားကာ အတည်ပြုကြည့်လေ ထိုသူဖြစ်ကြောင်း သေချာလေပင်...
" လူးကပ်စ် "
" အာ အစ်ကို "
အသာအယာပြုံးပြရင်း ဖြေလာသည့်ကောင်လေးကြောင့် သူ့တစ်နေတာ ပြည့်စုံသွားခဲ့ရသည်ဆိုပါက သူ မလွန်ပါလေ။
ရုတ်တရက် ထက်နောင်မျက်နှာထက်ဆီပါ အပြုံးတို့က ထိန်းမရအောင်ကူးစက်လာပြီးနောက်...
" လူးကပ်စ်က ဒီရောက်နေတာကိုး ထင်မထားဘူးကွာ တိုက်တိုက်ဆိုင်ဆိုင်နော် "
" ဟုတ် တယ် မြစ် လာကြည့် တာလေ ကျွန်တော် ပျင်း လာရင် လာနေကျ နေရာပေါ့"
" ဪ ဟုတ်လား အစ်ကိုက နယ်ဘက်ကအဒေါ်တွေအလည်လာလို့ ဘုရားဖူးလိုက်ပို့တာလေ "
" ဪ ဟုတ်ကဲ့ "
" အဟား လူးကပ်စ်နဲ့တွေ့မယ်လို့ တကယ်ထင်မထားမိဘူးကွာ အာ မေ့လို့ အစ်ကို စံကားဝါတွေတောင် ပါလာတယ်သိလား ရော့ "
ထက်နောင်အိတ်ထဲမှ ပလတ်စတစ်အိတ်အဖြူလေးနှင့်ထုတ်လာသည့် စံကားဝါပန်းလေးများအား ရည်ရွယ်သူထံ အရောက်ပို့ပေးလိုက်သည့်အခါ...
" ကျေးဇူး တင် ပါတယ် "
" ဟုတ်ပါပြီ အစ်ကိုကတိတည်တယ်နော် လူးကပ်စ် "
" ဟုတ် "
သူ့စကားအား လူးကပ်စ်က သွားတန်းလေးများပေါ်သည်အထိရယ်ရင်း ခေါင်းညိတ်ပြ၏။
ထိုအချိန် ထက်နောင်ဖုန်းလေးက ရုတ်တရက်မြည်လာသည်မို့
" hello "
" ~~~~~"
" တောင်မကြီးကိုလား ဆရာ "
" ~~~~~~~"
" နောက်တစ်ပတ်ထဲမှာလား "
" ~~~~~ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
ခဏအကြာ ဖုန်းချလိုက်ရင်း ထက်နောင်က လူးကပ်စ်ဘက်ဆီ လှည့်ကြည့်လာကာ...
" ကိုယ်တို့ဌာနရဲ့ ဌာနမှူးလေ ကျောင်းသားဟောင်းတွေက ပုပ္ပားတောင်မကြီးဆီတက်ချင်လို့ ကိုယ့်ကိုအကူအညီလှမ်းတောင်းတာ "
" ဟင် တောင်တက် တာ အကူအညီတောင်း စရာလို လို့လား ကျွန်တော် တောင် ရောက်ပြီး ပြီကို "
လူးကပ်စ်စကားကြောင့် ထက်နောင် ပထမက ကြောင်အသွားပြီးမှ သဘောပေါက်ကာ ရယ်မောလိုက်မိရင်း
" လူးကပ်စ်တက်ခဲ့တဲ့တောင်မဟုတ်ဘူးကွ အဲဒါက ပုပ္ပားတောင်ကလပ်တဲ့ အခုဟာက သက်သက်လေ တောင်မကြီးလို့ခေါ်တယ် အဲဒီမှာက တောင်ကလပ်နဲ့မတူဘူး ဆေးမြစ်တွေ တောကောင်တွေရှိတယ် မျောက်ချင်းတောင်မတူဘူး လူးကပ်စ်ရဲ့ အဲဒီမှာက မျောက်မြီးရှည်တွေရှိတာလေ အမြီးက အရှည်ကြီး "
" ဒါဆို မတူ ဘူးပေါ့ "
" သေချာပေါက် မတူဘူးပေါ့ တောင်ကလပ်က တောင်မကြီးရဲ့ တောင်စွယ်တစ်ခုသာသာပဲ တောင်မကြီးက ပေပေါင်း 4981တောင်ရှိပြီး လူးကပ်စ်ရောက်တဲ့တောင်ကလပ်က ပေ 2417ပဲရှိတာလေ "
သူ့စကားကို လူးကပ်စ်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ထောက်ခံလာကာ
" ကျွန်တော်လိုက် လို့ ရလား "
" ဟေ "
" ကျွန်တော် တောင်မ ကြီးကိုလိုက် မယ်နော် "
"....."
" အစ်ကို... "
" အင်း သဘော သဘော "
မတတ်နိုင်သည့်အဆုံး အလွန်လိုက်ချင်နေသည့်ကောင်လေးအား မလွန်ဆန်နိုင်စွာ ခေါင်းညိတ်လိုက်ရပါတော့သည်။
ထိုနေ့က ဘုရားဝတ်တတ်ပြီးသွားသည့် ထွေးလေးတို့နှင့်ပင် မိတ်ဆက်ပေးဖြစ်ခဲ့သည့်အခါ အကောင်းမပြောတတ်သည့် ထွေးလေးကပင် လူးကပ်စ်အား မြင်မြင်ချင်း နိုင်ငံခြားသားချောချောလေးဟု မှတ်ချက်ပြုခဲ့သေး၏။
လူးကပ်စ်က ထိုသို့လည်း ချစ်မွေးပါသေးသည်ပင်။
တစ်စုံတစ်ယောက်က ပုပ္ပား တောင်ကလပ်အမြင့်ကိုမေးခဲ့ရင် ပေပေါင်း 2417မြင့်တာကို မျက်ကွယ်ပြုလို့ ပေ1500လို့ပဲ ကိုယ်ဖြေမယ်
မင်းနဲ့တွေခဲ့တဲ့နေရာ...
ချစ်မိခဲ့တဲ့နေရာလေးမဟုတ်လားလေ
23.2.23
Thursday
ရွှန်းလဲ့ကျော်
ဒီနေရာက ထွေးလေးက ဖတ်တော့ ဒွေးလေးပါနော်
Continue Reading
You'll Also Like
1.1M 61.2K 49
312K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
38.8K 1.6K 55
ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးအရာကိုပြောပါဆိုရင် မောင့်ညာလက်ဖမိုးပေါ်မှာ ရှိတဲ့ မှည့်နက်လေးလို မောင့်အနားမှာ အမြဲတမ်းနေချင်မိပါတယ်။ ကျွန်တော့်ဘဝမှာ အဖြ...