အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သူတို့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ပေါက်ဖွားလာသော ၁၅၀၀ (သို့) ၅၂၈ သီအိုရမ်မေတ္တာတရားများဟူသည် လုပ်ယူ၍မရသော သဘာဝတရားတစ်ခုပါပေ။
တစ်ခါတစ်ရံ ကိုယ်ကချစ်ပါလျက်နှင့် ထိုသူမှာကိုယ့်အပေါ်မချစ်မနှစ်သက်နိုင်။
တစ်ခါတစ်ရံ ကိုယ်ကမချစ်မနှစ်သော်ငြား ထိုသူမှမေတ္တာတရားပုံအောပေးလာလျှင် လက်သင့်မခံန်ိုင်ပဲရှိချေသည်။
သို့ရာတွင် နှစ်ဦးနှစ်ဖက်မေတ္တာကိန်းညွှန်းများ ညီမျှခြင်းမည်ခဲ့လျှင် နေ့ရက်တိုင်းသည် မေတ္တာတရားများ ဝေဆာသီကုံးထားသောချစ်သူများနေ့ဖြစ်နေပေလိမ့်မည်။
လူတို့၏ချစ်ခြင်းမေတ္တာတရားကား ဆန်းကြယ်အံ့ဩဖွယ်ရာ။
----
ကြယ်စင်ကြယ်စများ ပြယ်လွင့်ကင်းစင်နေသော မဟူရာလွှမ်းသည့်ကောင်းကင်တွင် ငွေမိုးစက်များ ကျဆင်းနေပေသည်။
လသာဆောင်တွင် ဆေးလိပ်ငွေ့များမှာ လေဟာနယ်တွင် ကွေးကောက်ရွေ့လျားနေလျက်။ နေဟန်မှိုင်းက တစ်ယောက်တည်း ထိုမိုးရေစက်များကို ကုလားထိုင်တွင် လဲလျောင်းကာ အတွေးခရီးများလွန်နေသည်။
တစ်ခဏအကြာတွင် သူ့ပေါင်ပေါ်သို့ ဖိအားတစ်ခုရောက်ရှိနေသည်ကိုသတ်ိထားမ်ိသည်။ သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးက သူပေါ်သို့ တက်ထိုင်ထားခြင်းပင်။
" ကို ... "
" ဟွန် ... "
" မအေးဘူးလား ... စွပ်ကျယ်နဲ့ "
" သဲတုန်ရှိတာပဲ၊ မအေးပါဘူး၊ အနွေးဓာတ်တွေရနေတာပဲ"
နေဟန်မှိုင်းက သူမကိုယ်လုံးလေးကို ဆွဲဖက်ထားလိုက်ပြီး သူ့ရင်ဘတ်ပေါ်သို့ လဲလျောင်းစေသည်။ ဤညတွင် သိမ်မွေ့စံနွယ်က သူမ၏အိမ်သားများနှင့် ရန်ဖြစ်စကားများလာခဲ့ရာမှ နေဟန်မှိုင်း၏အိမ်ပေါ်သို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။ နေဟန်မှိုင်းနှင့်အတူတူနေရန်အတွက် အတိုက်အခံလုပ်ပြောခဲ့ခြင်းဖြစ်သည်။
ရှေးလူကြီးသူမတစ်ချို့သည် လက်မထပ်ရသေးဘဲ အတူတူနေခြင်းအပေါ် မသတီစရာလုပ်ရပ်အဖြစ် နှာခေါင်းရှုံ့တတ်ကြသည်မဟုတ်ပါလော။ ဤအကြောင်းကိစ္စကြောင့် တစ်မိသားစုလုံးရန်အကြီးအကျယ်ဖြစ်ခဲ့ကြသည်။ နေဟန်မှိုင်းကို သိမ်မွေ့စံနွယ်နှင့်စိတ်ချသည်ဆိုသော်လည်း တစ်အိမ်တည်းတွင် နှစ်ယောက်တည်း အတူနေ၊အတူစား၊အတူအိပ်မည်ကို ခွင့်မပြုနိုင်ခဲ့ကြပေ။ သူတို့၏မျက်စိအောက်တွင်သာ ရှိစေချင်ခဲ့ကြသည်။
လူဆိုးမလေးလုပ်ချင်သော သိမ်မွေ့စံနွယ်မှာ အိမ်ပေါ်ကနေ မရမကဆင်းချလာခဲ့လျက်။
" သဲတုန် ... အိမ်ကအရမ်းစိတ်ပူနေမှာပေါ့၊ ပြန်လိုက်ပို့မယ်လေ၊ လူကြီးတွေက အတူတူနေဖို့ သဘောမတူတာကို အတင်းနေရင် ကိုကို့ကိုလည်း အယုံအကြည်ပျက်ကြမှာ "
နေဟန်မှိုင်းမှာ သူမ၏ခေါင်းလေးကိုပုတ်လျက် ချော့ပြောသည်။ သိမ်မွေ့စံနွယ်က အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ...
" လူကြီးတွေက အတူတူနေပြီဆိုရင် သူတို့စိတ်ထဲတစ်ဆုံးတွေးကြတာ အဆင်မပြေဘူး ကိုက်ိုရယ် ... ဖြူဖြူစင်စင်နေတာပါပြောလည်းမရ "
နေဟန်မှိုင်းက သက်ပြင်းရှည်ရှည်ချလိုက်ပြီး သူမ၏မျက်ဝန်းများကို စိုက်ကြည့်နေခဲ့သည်။
" သဲတုန်အိမ်ကို ဖုန်းဆက်ပေးမယ် "
" ဖုန်းဆက်ပြီး ဘာပြောမလို့လဲ ... "
သူမက သူ၏တည်ငြိမ်အေးချမ်းသောမျက်လုံးများကို သိလိုစိတ်ဖြင့် ပြန်ကြည့်နေသည်။
" စိတ်မပူနဲ့ ... မနက်ကျအိမ်ကိုနှစ်ယောက်သားလာမယ်လို့၊ အိမ်ရောက်ရင် ကြိုစေ့စပ်ဖို့ကိစ္စအတွက် လူကြီးတွေကိုနားချပေးမယ်၊ ကိုကို စဥ်းစားနေခဲ့တာကြာပါပြီ၊ စေ့စပ်ဖို့အတွက်ကိုပေါ့၊ ခက်တာက ကိုယ့်ဘက်က အသိသက်သေလုပ်ဖို့ လူကြီးလူကောင်းမရှိနေတာ... စေ့စပ်ပွဲလုပ်ရင် သျှန့်ကိုပဲ အသိသက်သေလုပ်ခိုင်းလိုက်မယ် "
" အဲဒါအကောင်းဆုံးပဲ ... "
" ခု လူကြီးတွေနဲ့ဖုန်းပြောလိုက်မယ်နော် "
နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏ခေါင်းကလေးကို ပုတ်လိုက်ပြီးနောက် စားပွဲခုံငယ်ပေါ်က ဖုန်းကိုယူလိုက်သည်။ သိမ်မွေ့စံနွယ်၏လူကြီးများအနေဖြင့် နေဟန်မှိုင်းနှင့်ပတ်သက်၍ သူဟာ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သောအချက်ကလွဲလျှင် တခြားအကြောင်းအရာများသည် မုသားဖြူများသာ။
နေဟန်မှိုင်းလည်း ဦးစံကျော်နှင့်ဖုန်းပြောခဲ့ပြီး သေချာဖြေရှင်းလိုက်သည်။ ဖုန်းဖြေဆိုချိန်မှာ ၁ နာရီကြာမြင့်ခဲ့လျက်။ သိမ်မွေ့စံနွယ်က ဘေးကနေကပ်နားထောင်နေသည်။
" ဟုတ်ကဲ့၊ ဟုတ်ကဲ့ ... ကျွန်တော် မနက်ဖြန် မွေ့နဲ့အတူတူ အိမ်လာပါ့မယ် ... စိတ်ချပေးပါ၊ ဟုတ်ကဲ့၊ ဒါဆိုကောင်းသောညပါဗျာ "
ဖုန်းခေါ်ဆိုမှုအပြီးတွင် မိုးလည်းစဲသွားသည်။ နေဟန်မှိုင်းက သူ့ဖုန်းကိုနေရာတကျပြန်ထားပြီးနောက် သိမ်မွေ့စံနွယ်ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။ သူမလေးကို အပြုံးလေးတစ်ခုနှင့် ချိုသာစွာပြောဖို့ စတင်သည်။
" လူကြီးတွေက စိတ်မကောင်းဖြစ်ပြီး စိတ်ပူနေကြရှာတာ၊ မွေ့လေးကြားတယ်မလား၊ နောက်ဆိုရင် အိမ်နဲ့အဲဒီလိုတွေရန်မဖြစ်ရဘူးနော်၊ ကိုကို ... စိတ်ဆိုးမှာ၊ ကိုကိုက ပိုတောင်အတူတူနေချင်သေးတာ သဲတုန်နဲ့ပေါ့၊ ဒါပေမဲ့ လူကြီးတွေစိတ်မကောင်းဖြစ်အောင် တဇွတ်ထိုးလုပ်တာ ဘယ်ကောင်းမလဲ "
နေဟန်မှိုင်း၏ဆုံးမစကားများကြောင့် သိမ်မွေ့စံနွယ်က မချိုမချဉ်မျက်နှာထားဖြင့် တစ်ခွန်းမှပြန်မပြောဘဲ နားထောင်နေခဲ့သည်။ နေဟန်မှိုင်းမှာ ပြုံးယောင်သမ်းလျက်။
" ကဲ ... အခုတော့ ... "
စကားကိုအဆုံးသတ်မပြောဘဲ သူမလေး၏ကိုယ်လုံးလေးကို ပွေ့ချီကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဝရန်တာကနေ အိပ်ခန်းထဲသို့ သယ်သွားပေးသည်။ အိပ်ခန်းထဲရှိ လိုက်မီးအဝါကို ခလုတ်နှိပ်ကာ ဖွင့်လိုက်လျက်။
ကုတင်ပေါ်သို့ နှစ်ယောက်သားရောက်ရှိသွားချိန်၌ တစ်ယောက်ကိုတစ်ယောက်ပူးကပ်ထားလိုက်ကြသည်။ မျက်ဝန်းနှစ်စုံဟာ နွေးထွေးကြင်နာသောအငွေ့အသက်များဖြင့် စိုက်ကြည့်နေခဲ့ကြရင်း အနမ်းငွေ့များဖမ်းယူဖို့ အစပျိုးလာကြလျက်။ နှုတ်ခမ်းသားချင်းထိတွေ့မှုများက သာယာပျော်မွေ့ဖွယ်၊ နူးညံ့ညင်သာဖွယ်။ အနမ်းတစ်ချက်တိုင်းက ဖြည်းညင်းနေရာကနေ အဟုန်ပြင်းလာသည်။ ထို့နောက် နှစ်ဦးသား နှစ်ခြိုက်စွာ အိပ်ပျော်သွားကြရင်း အိမ်မက်များထဲမှာတောင် ဆက်လက်၍ ချစ်ကြည်နူးနေကြသေးသည်။
မနက်မိုးသောက်ယံအချိန်တွင်မူ နေဟန်မှိုင်းက စတင်န်ိုးလာ၏။ အချိန်မည်မျှရှိနေသည်က်ိုသိနိုင်ရန် ကုတင်ဘေးက ဖုန်းကိုလှမ်းယူလိုက်သည်။ ဖုန်းမျက်နှာပြင်တွင် သျှန်၏ဆက်တိုက်ပို့ထားသောစာများအားတွေ့ရသော် အမြန်ဖွင့်ဖတ်သည်။
" ငါ့ကောင်ရေ ငါ့ဒဏ်ရာကို ငါကိုယ်တိုင်အစိမ်းချုပ်ထားတယ် ဒီတစ်ခါ ငါဝိုင်းဆော်တာခံလိုက်ရတယ် (2:36 am) "
" ငါသေတော့မယ်ထင်တယ် သေသွားရင် သဂြိုဟ်ပေးမယ့်လူမရှိမှာစိုးလို့ မင်းကိုစာချန်ထားတာ (3:07 am) "
" ခုထိတော့မသေသေးဘူး အိပ်တော့အိပ်ချင်နေတယ် ဒါပေမဲ့မျက်လုံးပြူးထားတယ် အိပ်သွားရင် ငရဲပြည်ရောက်နေမှာစိုးလို့ LOL (4:44 am)
" ငါသေရင် ငါ့အခေါင်းကို သေချာရွိုင်းပေးပြီး သေချာမြုပ်ပေးတာခံချင်တယ် သိလား ငါ့လိုသောက်ရူးကောင်အတွက် အားကိုးစရာသူငယ်ချင်းကြီးဆိုလို့ မင်းပဲရှိတာ ငါမင်းကိုချစ်တယ် သူငယ်ချင်း ငါမင်းမင်္ဂလာဆောင်ကို လာချင်တယ် မင်းရဲ့ကလေးတွေ မင်းမိန်းမနဲ့ပျော်နေတာကိုမြင်ချင်တယ် ငါ့မှာအခွင့်အရေးမရှိတော့ဘူးထင်တယ် တေဇော (4:56 am)"
" ငါမှိန်းနေပြီ မျက်ခွံတွေတအားလေးလာပြီ ငါခံနိုင်ရည်မရှိတော့ဘူး မျက်လုံးတွေမှိတ်လိုက်တာနဲ့ တမလွန်ရောက်ပြီထင်တယ် ငါမျက်လုံးပြူးထားသေးတယ် မင်းငါ့ဆီရောက်လာရင် စားပွဲခုံပေါ်မှာ အစ်ကို့အတွက်နောက်ဆုံးစာလေးတင်ထားပေးတယ် သူ့ဆီပ်ို့ပေးဖြစ်အောင်ပ်ို့ပေး (5:18 am) "
နောက်ဆုံးစာကိုဖတ်ပြီးနောက် နေဟန်မှိုင်းမှာ သျှန့်ကိုချက်ချင်းဖုန်းဆက်ခဲ့သည်။ အခေါက်အခါခါခေါ်ခဲ့သော်လည်း သျှန်ဘက်က ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။ နေဟန်မှိုင်းလည်း ရင်အလွန်ပူသွားလျက် သူ့ဘေးတွင်အ်ိပ်နေသော သိမ်မွေ့စံနွယ်ကို မနိုးချင်ဘဲ နိုးလိုက်ရသည်။ သူမနိုးလာလျှင် သျှန့်အကြောင်းကို ပြောပြမိသည်။ သိမ်မွေ့စံနွယ်လည်း သူနှင့်အတူ သျှန့်အိမ်ကိုသွားရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် သျှန်၏ခြံဝင်းရှေ့သို့ ရောက်ရှိလာသည်။ ခြံဝင်းတံခါးဖွင့်ပေးမည့်လူမရှိသဖြင့် နေဟန်မှိုင်းက သူ၏ကားနောက်ဖုံးကိုဖွင့်ခဲ့ပြီး သံတုတ်ချောင်းတစ်ခုကိုယူလာသည်။ ထို့နောက် ခြံဝင်း၏သံတံခါးကိုခတ်ထားသော သော့ခလောက်ကို အပေါက်သေးသေးလေးကနေရအောင် ရိုက်ဖွင့်ခဲ့ပြီးနောက် ကားကိုခြံထဲသို့ မောင်းဝင်လာ၏။
အိမ်ကြီးထဲသို့ရောက်လျှင် နေဟန်မှိုင်းတို့လည်း သျှန့်ကိုလိုက်လံရှာဖွေခဲ့သည်။ ခဏကြာသော် စာကြည့်တိုက်ထဲတွင် လဲကျနေသောသျှန့်ကို မြင်လျှင်မြင်ချင်း နေဟန်မှိုင်းက ပြေးပွေ့သည်။
" ဟေ့ကောင် ... သတိထားစမ်း မေဘေး ငါ့ကိုရင်ထိတ်အောင်မလုပ်နဲ့လေ မေဘေးကောင် "
နေဟန်မှိုင်းမှာ သျှန်၏မျက်နှာကိုလှုပ်နိုးနေခဲ့စဉ်မှာ သျှန့်ခန္ဓာကိုယ်ပေါ်က သွေးစွန်းနေသောနေရာကို စိုက်ကြည့်မိသည်။ ဝမ်းဗိုက်နားက သွေးထွက်နေခဲ့သဖြင့် အင်္ကျီကိုလှန်ကြည့်ခဲ့ရာ အစိမ်းလိုက်ချုပ်ရာကြောင်းတစ်ခုကို မြင်ရသည်။ ကိုယ်တိုင်ချုပ်ထားသည့်ဒဏ်ရာဖြစ်သဖြင့် မသပ်ရပ်နေပေ။ ဒဏ်ရာကနက်သည့်ပုံစံရှိပြီး ချုပ်ရိုးကြီး၏။
သျှန်ကအသက်ရှူနေသေးသည်ကိုသိလျှင် သူအနည်းငယ်စိတ်သက်သာသွားသည်။ သိမ်မွေ့စံနွယ်မှာလည်း သူတို့သူငယ်ချင်းနှစ်ယောက်ကို ရပ်ကြည့်နေမိသည်။ သူမလည်း မည်ကဲ့သို့ ကူညီရမှန်းမသိပေ။
" ဆေးရုံပို့ကြမယ်လေ "
" ဟင့်အင်း ဆေးရုံပို့ရင် ပြဿနာကြီးမှာ သူကဆရာဝန်မဟုတ်ပေမဲ့ ဆေးပညာက်ိုလေ့လာထားတာနှစ်ချီနေပြီ၊ သူ့မှာကိုယ်ပိုင်ခွဲစိတ်ခန်းရှိတယ် မြေအောက်ခန်းထဲမှာပေါ့ သူ့ကိုအဲဒီကို ခေါ်သွားကြမယ် "
နေဟန်မှိုင်းက သျှန့်ကိုပွေ့ချီလိုက်ပြီး သိမ်မွေ့စံနွယ်နှင့်အတူ မြေအောက်ခန်းထဲသို့ သွားခဲ့သည်။ သိမ်မွေ့စံနွယ်က မြေအောက်ခန်းတံခါးကို ဆွဲဖွင့်ပေးသည်။ ဤသို့ဖြင့် မြေအောက်ခန်းထဲက သျှန်၏ကိုယ်ပိုင်ဆေးရုံငယ်တစ်ခုကို ရောက်ရှိလာခဲ့ကြ၏။ သိမ်မွေ့စံနွယ်မှာ အံ့အားသင့်ချိန်မရဘဲ နေဟန်မှိုင်းကိုကူညီပေးဖို့ စိတ်ထက်သန်နေသည်။
နေဟန်မှိုင်းက သျှန့်ကိုလူနာကုတင်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ ပြီးလျှင် နေဟန်မှိုင်းမှာ သျှန့်ဒဏ်ရာကို ပိုသေသေသပ်သပ်ချုပ်ပေးရန် စတင်ခဲ့သည်။ အောက်ဆီဂျင်စက်ဖွင့်ပေးပြီး သျှန့်ကိုအောက်ဆီဂျင်ငွေ့ပေးသည်။
" မွေ့လေး ... ဝေးဝေးမှာနေ၊ မကြည့်နဲ့ "
နေဟန်မှိုင်းက နှလုံးရောဂါအခံရှိသော သိမ်မွေ့စံနွယ်ကို စေတနာဖြင့် မောင်းထုတ်လိုက်သည်။ သို့ဖြစ်၍ သူမလည်း အခန်းတွင်းက ကုလားထိုင်တစ်ခုမှာထိုင်စောင့်ရင်း အဝေးကနေ ကြည့်နေမိ၏။
နေဟန်မှိုင်းလည်း ယခင်တစ်ချိန်က လူ့အစိတ်အပိုင်းများအား မှောင်ခ်ိုရောင်းသည့်ဂိုဏ်းတစ်ခုတွင် အလုပ်သင်အနေဖြင့် တစ်နှစ်ကျော်လုပ်ခဲ့ဖူးသည့်အတွက် ခွဲစိတ်ရေးပိုင်းတွင် ကျွမ်းကျင်မှုရှိခဲ့သလို ဆေးပညာတစ်ချို့ကိုလည်း သူလေ့လာထားခဲ့ဖူးသည်။
နဖူးတွင် ချွေးတဒီးဒီးကျနေခဲ့ပြီး သျှန်၏မသေမသပ်ဖြစ်နေသည့်ချုပ်ရိုးကို ကြိုးစားပမ်းစားပြန်ချုပ်ပေးခဲ့သည်။ နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားလျက်။
-----
နေ့ခင်း ၁၂ နာရီပတ်ဝန်းကျင်တွင် သျှန်ကသတိမေ့နေရာမှ နိုးထလာသည်။ အိပ်ရာကနေထထချင်း သူ့ကိုစောင့်ဆိုင်းနေကြသောနေဟန်မှိုင်းတ်ို့အတွဲကိုမြင်ရလျှင် ပြုံးယောင်သမ်းမိသည်။ ဘေးဘီပတ်ဝန်းကျင်ကိုကြည့်လျှင် သူ့အိပ်ခန်းအတွင်းသို့ရောက်ရှိနေသည်ကို သတိထားမိသွားရင်း ...
" အဟက် ငါမသေသေးဘူးပဲ "
သျှန်က အေးစက်စက်အပြုံးဖြင့် ရယ်နေသည်။ ထို့နောက် သူ့လက်တွင်အကြောဆေးသွင်းထားပြီး အနားတွင် Drip ချိတ်ထားသည့်တိုင်ကို သေချာကြည့်မိသည်။ နေဟန်မှိုင်းလည်း သျှန်နိုးလာသဖြင့် စိတ်အေးစွာ အသက်ပြင်းပြင်း ရှူထုတ်လိုက်တော့သည်။
" မေဘေးရယ် ... ဘယ်လိုတွေဖြစ်သွားရတာတုန်း၊ အဲ့လောက် အစစအရာရာသတိရှိလွန်းတဲ့ကောင်က ဘယ်လောက်တောင် အဆော်ခံလိုက်ရတာလဲ "
သျှန်က သူ၏စကားကိုကြားလျှင် သူ၏မျက်လုံးကို လက်ဖြင့်ပွတ်နေပြီး ရယ်ပြုံးနေသည်။ နေဟန်မှိုင်းက စားပွဲခုံပေါ်တွင်တင်ထားသည့် သျှန့်အတွက် နေ့လည်စာဗန်းကို ယူလာကာ ကုတင်ပေါ်တွင် ချပေးသည်။
" ဒီလိုပါပဲ ... ငါကံမကောင်းသွားလို့၊ ဆောရီးပါ၊ ငါမင်းတို့အတွဲကို ဒုက္ခပေးမိပြီ "
" ရတယ်၊ ငါမင်းအတွက် နေ့လည်စာပြင်ပေးထားတယ်၊ ဖြည်းဖြည်းမျို "
" ငါဗိုက်ကြောနာနေတယ်ကွ၊ မစားနိုင်သေးဘူး၊ အား ... အစ်ကိုသာရှိနေရင် သိပ်ကောင်းမှာပဲ၊ အစ်ကို့ကိုဖက်ထားပြီး ရင်ခွင်ထဲမှာမှီနေလို့ရတယ်၊ လောလောဆယ် မင်းကိုပဲ အစားထိုးမှီနေမယ် "
" မေဘေး ငါ့ကောင်မလေးရှိတယ် "
သျှန်က နေဟန်မှိုင်းကိုဖက်ထားဖို့ လက်ရွယ်နေတုန်း နေဟန်မှိုင်းက လက်ရိုက်ချလိုက်သည်။ သျှန်က အနာရှိန်ကြောင့်နာကျင်နေရသော်လည်း နေဟန်မှိုင်း၏ပုံစံကိုကြည့်ပြီး လှောင်ရယ်နေလျက်။
" တောက် ... ခွေးကောင်ကတော့၊ ချုပ်ရိုးပြန်ဖြည်လိုက်ရ "
" ဟားဟားဟား ... ကဲပါ၊ ပြန်ကြတော့ ... ငါရှင်နေသေးသရွေ့အဆင်ပြေတယ် "
သျှန်က ဖြည်းညှင်းစွာ စကားပြောသည်။ ထို့နောက် သိမ်မွေ့စံနွယ်ကို သေချာကြည့်နေရင်း ...
" ညီမလေးလည်း ပင်ပန်းသွားရပြီ၊ တောင်းပန်ပါတယ် "
" အာ ... မဟုတ်တာ ရတယ်၊ စိတ်ထဲမထားနဲ့နော် "
" အစ်ကိုတို့လို ငမိုက်ကောင်တွေနဲ့ရေစက်ဆုံရတာ ညီမအနေနဲ့နောင်တရမှာစိုးတယ်"
သျှန်က သိမ်မွေ့စံနွယ်ကို စကားတစ်လုံးချင်းပြောပြီးနောက် ပြုံးပြခဲ့သည်။
" ငါ့ကောင်မလေးက ငါတို့လိုလူတွေရဲ့ခံစားချက်တွေကို အပြည့်အဝနားလည်ပေးနိုင်တယ် ... နောင်တရနေမဲ့လူစားထဲမပါဘူး "
နေဟန်မှိုင်းက စကားဖြတ်ပြောလိုက်သော် သျှန်က ပါးချိုင့်ပေါ်သည်အထိပြုံးမိသည်။
" တစ်လက်စတည်း မင်းကိုကြိုအသိပေးစရာရှိတယ်... အဲဒါက ငါ့ကောင်မလေးနဲ့ စေ့စပ်ပွဲလုပ်ဖို့ရည်ရွယ်ထားတယ်၊ လုပ်ဖြစ်တဲ့နေ့ မင်းနေကောင်းသွားရင်လာခဲ့ပေးမယ်မလား "
သျှန်လည်း ဝမ်းသာပီတိဖြစ်သွားသည်။ နေဟန်မှိုင်းကို အားတက်သရောဖြေသည်။
" ဟား ... လာရမှာပေါ့၊ မကောင်းလည်းလာမှာ မပူနဲ့၊ မင်းတို့မင်္ဂလာဆောင်ရင်လည်း ပွဲတက်ကိုတက်မှာ "
ထို့နောက် စကားဝိုင်းက ငြိမ်သွားခဲ့ရင်း၊ သုံးယောက်စလုံး၏အပြုံးများကလည်း တောက်ပနေခဲ့ကြသည်။
• ────── ✾ ────── •