A sky fulls of scars [ Sungja...

By vivithedin0_

26.2K 2.8K 167

stucking with you in this same, old, love again | ๐๐š๐ซ๐ค ๐’๐ฎ๐ง๐ ๐ก๐จ๐จ๐ง โ€ข ๐’๐ข๐ฆ ๐‰๐š๐ž๐ฒ๐ฎ๐ง | Availab... More

Prologue
แ€กแ€แ€”แ€บแ€ธ แ
แ€กแ€แ€”แ€บแ€ธ แ‚
แ€กแ€แ€”แ€บแ€ธ แƒ
แ€กแ€แ€”แ€บแ€ธ แ„
แ€กแ€แ€”แ€บแ€ธ แ…
แ€กแ€แ€”แ€บแ€ธ แ†
แ€กแ€แ€”แ€บแ€ธ แˆ
แ€กแ€แ€”แ€บแ€ธ แ‰
แ€กแ€แ€”แ€บแ€ธ แแ€
แ€กแ€แ€”แ€บแ€ธ แแ
แ€กแ€แ€”แ€บแ€ธ แแ‚
แ€กแ€แ€”แ€บแ€ธ แแƒ
แ€กแ€แ€”แ€บแ€ธ แแ„
แ€กแ€แ€”แ€บแ€ธ แแ…
แ€กแ€แ€”แ€บแ€ธ แแ†
แ€กแ€แ€”แ€บแ€ธ แแ‡
แ€กแ€แ€”แ€บแ€ธ แแˆ
แ€กแ€แ€”แ€บแ€ธ แแ‰
แ€กแ€แ€”แ€บแ€ธ แ‚แ€
Epilogue
A Sky Fulls Of Scars

แ€กแ€แ€”แ€บแ€ธ แ‡

891 123 1
By vivithedin0_

Unicode

အခန်း .

လူတစ်ယောက်လုံးကို အရှေ့ထား၍ ပတ်ဂျုံဆောင်းဟုသည့် အမည်ကို ခနတိုင်း ရေရွတ်နေသည့် ကောင်လေးကို ပြန်မြင်ယောင်တော့ ဆောင်ဟွန်းက သူရဲ့ အနက်ရောင်ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်သည် ။

စိတ်ခံစားချက်ကို သိုဝှက်ရာမှာ ညံ့ဖျင်းတဲ့ သူ့အမူအရာကြောင့် ဂျယ်ယွန်းက အထင်လွဲသွားမှာကို စိုးသည် ။ အလျင်အမြန်ထွက်သွားတဲ့ ကောင်လေးက သူ့ရဲ့ စိုးထိတ်မှုတွေနဲ့  မနာလို ဝန်တိုစိတ်တွေကို ဒေါသဟုပဲ ထင်သွားလောက်သလား ။

ဒေါသထွက်မိသွားတာတော့ မှန်ပေမဲ့ ဂျယ်ယွန်းကို သူနည်းနည်းလေးမှပင် စိတ်မဆိုးရက်ပါ ။ သုံးရက်လောက် မမြင်ရသည့် မျက်နှာလှလှကလေးကို တွေ့လို့ အံ့ဩသွားတာထက် နမော်နမဲ့နဲ့ လူကို ဝင်တိုက်တဲ့ ဟန်ရယ်ဆောလ်ကြောင့် စိတ်ရှုပ်သွားတဲ့ မျက်နှာက ပို၍ သိသာသွားခဲ့လေသလား ။

" ဆောင်ဟွန်း "

" ဆောင်ဟွန်း " ပခုံးကို ခပ်ဆတ်ဆတ်လာတို့တဲ့ အထိအတွေ့ကြောင့် ရှုပ်ထွေး ပျံ့လွင့်နေတဲ့ စိတ်အာရုံအချို့ကို အလျင်အမြန် စုစည်းလိုက်ရသည် ။

" ဘာတွေတွေးနေတာလဲ.. "

" ဘာမှ.. "

" မှင်ကတောင် စာရွက်ကို ဟိုဖက်ပေါက်နေပြီ ဘယ်ကို လာလိမ်ဖို့ ကြိုးစားနေတာလဲ "

ခပ်အီအီအသံနဲ့ ပြောလာတဲ့ ရယ်ဆောလ်ရဲ့ စကားကို ဘေးက သူငယ်ချင်းအချို့က မျက်လုံး အသာလှန်ကြည့်၍ လုပ်လက်စ စာကိုသာ ဆက်လုပ်နေကြသည် ။ ဟန်ရယ်ဆောလ်နဲ့ ပတ်ဆောင်ဟွန်းရဲ့ ဒီလို ပုံစံက ရိုးအီနေတဲ့ မြင်ကွင်းတစ်ခုထပ်မပိုတာကြောင့်လေ ။

" ဒီတိုင်း စိတ်ရှုပ်နေလို့ "

ဂျယ်ယွန်းထွက်သွားပြီးကတည်းက ကော်ဖီဆိုင်ထဲတွင် စာထိုင်လုပ်နေခဲ့သည်မှာ ညနေစောင်း၍ နေရိပ်ပင်မရှိတော့ချေ ။ ဆောင်ဟွန်းကတော့ စာထိုင်လုပ်သည်ဆိုတာထပ် အတွေးပင်လယ်နက်နက်ထဲ လက်ပစ်ကူးနေခြင်းသာ။

" စိတ်ရှုပ်စရာတွေ ရှိရင် ဒို့ကိုပြောပြလေ.. နားထောင်ပေးမယ် "

လက်မောင်းကို သာသာ လာပွတ်သပ်ရင်းပြောလာတဲ့ ရယ်ဆောလ်က ဒီနေ့မှ ပိုပြီး အတင့်ရဲနေသည် ။ မနက်ကတည်းက စာကြည့်တိုက်ကို လိုက်ခဲ့ပါဟု တစ်တွတ်တွတ် ပူဆာနေသည့် သူဟာ ဆောင်ဟွန်း စိတ်ရှုပ်ထွေးခြင်းတွေရဲ့ အဓိက တရားခံပင်ဖြစ်သည် ။

" ဆောလ် "

မျက်ခုံး နှစ်ခုကို တွန့်ချိုးကာ သူ့လက်တွေကို ဖယ်ရှားလိုက်တဲ့ ဆောင်ဟွန်းရဲ့ မျက်နှာက သိသိသာသာကို ပျက်ယွင်းလို့နေသည် ။ အရှက်ပြေချောင်းဟန့်ရင်း မျက်လုံးများ ပုတ်ခပ် ပုတ်ခပ်နှင့် ဘေးကလူတွေကို အကဲခတ်နေတဲ့ ရယ်ဆောလ်က ဆောင်ဟွန်းရဲ့ အပြုအမူတွေကို အသားမကျသေးသလို ။

" အရင်သွားနှင့်မယ် presentation အတွက်က မနက်ဖြန်မှ အသေးစိတ်ပြောတော့မယ် "

ရယ်ဆောလ်ကို မကြည့်ပဲ အဖွဲ့ထဲက လူတစ်ယောက်ကို ဦးတည်ပြီး ပြောလိုက်တဲ့ ဆောင်ဟွန်းရဲ့ စကားနောက်မှာလက်ကို နောက်တစ်ကြိမ် ထပ်ဆွဲလာသည် ။

" တူတူပြန်မယ်လေ.. ဟွန်း "

" ဟန်ရယ်ဆောလ် !! "

အံ့ကြိတ်သံနဲ့ ပြော၍ စူးစူးရဲရဲ စိုက်ကြည့်လိုက်တော့ လက်မောင်းကို လာဆွဲထားတဲ့ လက်များက တုန်ရီစွာဖြင့်ပင် ဖယ်ခွာသွားသည် ။ ဝုန်းဝုန်း ဒိုင်းဒိုင်းထထွက်သွားတာ မဟုတ်သော်ညား ညင်သာမှု မရှိနေတဲ့ အပြုအမူတွေကြောင့် ဆောင်ဟွန်း ဒေါသထွက်နေကြောင်းဟာ အသိအသာ ။

ဆိုင်ပြင် ရောက်ရောက်ချင်း လွယ်အိတ်ထဲက ဖုန်းကို နှိုက်ရှာပေမဲ့ မတွေ့တာကြောင့် ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးရပြန်သည် ။

တက်စီ ။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တက်စီပေါ်မှာ ကျန်ခဲ့တဲ့ ဖုန်းကို ပျောက်ကြောင်း တိုင်ချက်သွားဖွင့်ထားပေမဲ့ ယခုထိ သူ့လက်ထဲ ပြန်မရောက်သေး ။

ဂျယ်ယွန်းကို ဘယ်လို ဆက်သွယ်ရပါ့မလဲ ။ သုံးရက်လောက် မတွေ့ရလို့ လွမ်းတဲ့ အလွမ်းတွေက အစောက ကတောက်ကဆလေးတွေကြောင့် ပိုတိုး၍ လွမ်းလာရသည် ။

ယခုချိန် ဂျယ်ယွန်းက ကွန်ဒိုမှာ ရှိနေမှာလား ။ ပတ်ဂျုံဆောင်းဆိုတဲ့လူနဲ့ ချိစ့်ကိတ်ကို တူတူစားနေလောက်လား ။ ညစာစားချိန်ရောက်နေပြီမို့ ထမင်းဝိုင်းမှာ စကားတွေ ဖောင်ဖွဲ့နေလောက်လား ။

မေးခွန်းပေါင်း များစွာနဲ့ အတူ ရင်အစုံက ပူမြိုက်လာခြင်းနှင့် ခြေလှမ်းတို့ကလည်း သွက်လာသည် ။

ပတ်ဆောင်ဟွန်းရဲ့ ဦးတည်ရာကတော့ ရှင်းပါသည် ။
သူ အခု ချက်ချင်း ဂျယ်ယွန်း မျက်နှာကို မြင်ရဖို့လိုသည် ။






အခန်း .

" ဂျယ်ယွန်း "

" ဟင် "

" ထမင်းမစားဘူးလား "

" ဟမ်..    စားမယ်လေ "

ဘာဖြစ်လာမှန်းတော့ မသိပေမဲ့ ပြန်ရောက်ကတည်းက ရော့ မင်းစားဖို့ ဆိုပြီး ပုံပျက်ပန်းပျက် ကိတ်တစ်လုံး လက်ထဲထိုးထည့်ကာ အခန်းထဲဝင်သွားသည့် ဂျယ်ယွန်းက ထမင်းစားပွဲမှာ လာထိုင်သည် အထိ အသိစိတ်မကပ်သေးပုံ ။

ထမင်း ပန်းကန်လုံးကို ဇွန်းနဲ့ ထိုးနေတဲ့ ဂျယ်ယွန်းပုံက တစ်မျိုးတော့ ချစ်စရာကောင်းတာကြောင့် ဂျုံဆောင်း ပြုံးမိသေးသည် ။ ချစ်စရာကောင်းလို့ ထိုင်ငေးတာက အရေးမဟုတ် ၊ ဇွန်းနဲ့ ဖိချေနေတဲ့ ထမင်းပန်းကန်ထဲမှာ ထမင်းတွေက စိစိညက်ညက်ပင် ကြေနေပြီဖြစ်သည် ။

" ကဲ ဘာဖြစ်နေတာလဲ ကိုယ်တော်လေးရယ် "

" ဂျုံဆောင်း "

အသံလေးက အားမရစွာ ထွက်လာတာကြောင့် ဂျုံဆောင်း ထိတ်ခနဲပင်ဖြစ်သွားသည် ။ ဒီကောင်လေး နေမကောင်းတာများလားဟူ၍ ဆေးဘူးသွားထုတ်ရန် အသင့်အနေအထားနှင့် စောင့်နေမိသည် ။

" မင်း ချစ်- ချစ်ဖူးလား "

" ဘာကြီး "

" ဒီလိုကွာ.. ငါ အခု ပြဇာတ်တစ်ပုဒ်ရေးနေတာလေ.. သိတယ်မလား ငါက သမိုင်းကြောင်း ပြဇာတ်တွေပဲ ရေးဖူးတော့ "

" အဲ့တော့ မင်းက အခု အချစ်ဇာတ်ညွှန်းတွေပြောင်းရေးမလို့ပေါ့ "

" အွန်း အဲ့ - အဲ့လိုပေါ့ "

" ချစ်တာများကွာ.. "

" ချစ်ဖူးတာပေါ့ "

မျက်နှာကို ဝင့်ချီပြီးပြောတော့ ရှေ့က ခွေးပေါက်လေးလို ကောင်လေးက ဇွန်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ စိတ်ဝင်တစားနားထောင်တာကြောင့် ဟက်ခနဲ တစ်ချက် ရီလိုက်သေးသည် ။

" ငါ မင်းကို ချစ်တယ်လေ "

စိတ်ဝင်စားလွန်း၍ တစ်လက်လက်ဖြစ်နေတဲ့ မျက်ဝန်းအိမ်ထဲက မျက်ဆံလေးက သူ့စကားကြောင့် ပို၍ ကျယ်သွားသည် ။ တကယ်ကို ယစ်မူးပစ်ချင်စရာမလား ။

" သူငယ်ချင်းလိုမျိုး "

အဆုံးသတ်မှာတော့ သူဟာ ကိုယ့်ခံစားချက်ကိုယ်တောင် ရေရေရာရာ မခွဲခြားတတ်တော့တဲ့ သူရဲဘောကြောင်တစ်ယောက် သာသာပဲ ။

" ပြီးတော့ ငါ့ညီလေးလို "

ပြောရင်း ဆံပင် အုပ်အုပ်လေးကို ဆွဲဖွလိုက်တော့ ရုန်းရင်း ပါးစပ်က ပွစိပွစိပြောနေသည် ။ သေချာပေါက်တော့ သူ့ကို ကျိန်ဆဲနေတာပင် ။

" အင်း ဟုတ်တယ် ညီလေးလို သူငယ်ချင်းလို "

တစ်စုံတစ်ယောက်ကို တွေးမိရင်း တိုးတိုးညင်းညင်း ရေရွတ်နေတဲ့ ဂျယ်ယွန်းရဲ့ စကားသံကိုတော့ ဂျုံဆောင်း မကြားလိုက်တော့ပါ ။ အရှေ့က ကြက်ဥလိတ်ကိုဖဲ့၍ ဂျယ်ယွန်းရဲ့ ပန်းကန်ထဲ ထည့်ပေးရင်းသာ အလုပ်ရှုပ်နေလေသည် ။

* ဒီ.. ဒီ

ရုတ်တရက် ထမြည်လာတဲ့ ဖုန်းသံကြောင့် ဂျယ်ယွန်း ကိုယ်လေးက တုန်တက်လို့ပင်သွားသည် ။ ဂျုံဆောင်းကတော့ နှုတ်ခမ်းနှစ်ခုကို စုချွန်ကာ အာရုံစိုက်၍ ငါးကြော်ကို အသားတွေ နွုင်နေသည် ။

" ဟယ်လို "

" ဂျယ်.. "

ဒိတ်ခနဲ ထခုန်တဲ့ ရင်ဘတ်အစုံဟာ အလိုက်မသိစွာပင် ။

" ဆောင်- ဆောင်ဟွန်း "

" အင်း..ဂျယ်ယွန်း အခု ဘယ်မှာလဲဟင် ၊ ခနလောက် တွေ့လို့ ရလား "

ဆောင်ဟွန်းအသံက တကယ်ကို နူးနူးညံ့ညံ့ရယ် ။ စကားလုံးတစ်ခုစီတိုင်းကို ဖြေးဖြေးမှန်မှန်ပြောနေတဲ့ ဆောင်ဟွန်းက သူဖုန်းဆက်တဲ့အချိန်ကိုရော သတိထားမိရဲ့လားမသိ ။

နာရီကို လှမ်းကြည့်ရင်း ဂျုံဆောင်းကို ကြည့်မိတော့ ငါးအသားတွေနွုင်ရင်း ပန်းကန်တစ်ခုထဲ သေချာထည့်နေသည် ။

" ၉ နာရီတောင် ခွဲတော့မယ် ဆောင်ဟွန်းရဲ့ အရေးကြီးလို့လား "

" အရေးကြီးတယ် ကျွန်တော် အခု ဂျယ်ယွန်းကို တွေ့မှကို ဖြစ်မှာ "

ညခင်းကြီးကျမှ နံပါတ်စိမ်းနှင့် ဖုန်းခေါ်လာပြီး အတင်းရောကာရော တွေ့ချင်နေတဲ့ ကိစ္စကို ဂျယ်ယွန်း စိတ်ဝင်စားတာတော့ အမှန်ပင် ။

" အင်း ခန.. ဘယ်ကိုလာခဲ့ရမလဲ "

ဂျုံဆောင်းက အသားနွုင်တာကို ရပ်ရင်း သူ့ကို စိုက်ကြည့်လာသည် ။ ပုံမှန်ဆို အခန်းပြင်တောင် သိပ်မထွက်တဲ့သူက ညကြီးမင်းကြီးအပြင်ထွက်မယ်ကြားတော့ အံ့ဩသွားတာ ဖြစ်လောက်မည် ။

" ကျွန်တော် အခု ဂျယ်ယွန်းတို့ ကွန်ဒို အောက်မှာ "

ရင်ခုန်ရခြင်းတွေ နှစ်ဆ မြန်သွားရခြင်းအမှုမှာ တရားခံ ဆေးကျောင်းသားလေးက ကျွမ်းကျင်စွာ ဂျယ်ယွန်းနှလုံးသားလေးကို စိုးမိုးချုပ်ကိုင်သည် ။

" လာတွေ့မယ်မလားဟင် "

တောင်းပန်တိုးလျှိုးနေတာမျိုးမဟုတ်ပဲ ထိုစကားသံတွေက ဂျယ်ယွန်းစိတ်တွေကို ပျော့ပျောင်းညင်သာစွာဖြင့် အမိန့်ပေးသည် ။

" အင်း ခ -ခနစောင့်နော် "

ဆောင်ဟွန်းက သူ့ကို အောက်မှာစောင့်နေတယ်ဆိုတဲ့ အသိကြောင့် ဂျယ်ယွန်း၏ ပါးလေးတွေက နွေးလာတော့သည် ။

ဖုန်းကို ချလိုက်ပြီး ဇွန်းပေါ်အဆင်သင့်တင်ထားတဲ့ ကြက်ဥလိပ်အစား ရေတစ်ခွက်ကို တစ်ဂွပ်ဂွပ် မော့သောက်ပြီးတော့ မတ်တပ်ထရပ်သည် ။

" ဂျုံဆောင်း ငါ အောက် ခန "

ဂျယ်ယွန်း စိတ်လှုပ်ရှားနေလျှင် အပြုအမူတွေက အရမ်းသိသာသည် ။ ထပြေးရင်း ခြေသန်းနဲ့ ထိုင်ခုံခြေထောက်စောင်းနဲ့ တိုက်မိတာကိုတောင် အရင်ကလို ကျွတ်ကျွတ်ညံညံ အသံတွေမထွက်အားပဲ အလျင်လိုနေပုံရတဲ့ ဂျယ်ယွန်းက ဂျုံဆောင်းကို မော့ပင်ကြည့်မလာတော့ ။

ပြန်ဖြေသံကိုပင် မစောင့်ပဲ အလျင်အမြန်ထွက်သွားတဲ့ ကောင်လေးက လက်တိုလေး တစ်ထည်နှင့် အနွေးထည်ပင်မပါ ။

ထမင်းဝိုင်းလေးက ရုတ်ချည်း တိတ်ဆိတ်သွားခြင်းနဲ့ အတူ အသားနွုင်လေးတွေ စုထည့်ပေးထားတဲ့ ပန်းကန်လေးကလည်း ဂျယ်ယွန်း၏ ထမင်းပန်းကန်လုံးဘေးနားတွင် စားသုံးသူမဲ့ကာ အထီးကျန်နေလေသည် ။

- a sky fulls of scars -



Zawgyi

အခန္း .

လူတစ္ေယာက္လုံးကို အေရွ႕ထား၍ ပတ္ဂ်ဳံေဆာင္းဟုသည့္ အမည္ကို ခနတိုင္း ေရ႐ြတ္ေနသည့္ ေကာင္ေလးကို ျပန္ျမင္ေယာင္ေတာ့ ေဆာင္ဟြန္းက သူရဲ႕ အနက္ေရာင္ဆံပင္ေတြကို ခပ္ၾကမ္းၾကမ္း ဆြဲဖြလိုက္သည္ ။

စိတ္ခံစားခ်က္ကို သိုဝွက္ရာမွာ ညံ့ဖ်င္းတဲ့ သူ႔အမူအရာေၾကာင့္ ဂ်ယ္ယြန္းက အထင္လြဲသြားမွာကို စိုးသည္ ။ အလ်င္အျမန္ထြက္သြားတဲ့ ေကာင္ေလးက သူ႔ရဲ႕ စိုးထိတ္မႈေတြနဲ႔  မနာလို ဝန္တိုစိတ္ေတြကို ေဒါသဟုပဲ ထင္သြားေလာက္သလား ။

ေဒါသထြက္မိသြားတာေတာ့ မွန္ေပမဲ့ ဂ်ယ္ယြန္းကို သူနည္းနည္းေလးမွပင္ စိတ္မဆိုးရက္ပါ ။ သုံးရက္ေလာက္ မျမင္ရသည့္ မ်က္ႏွာလွလွကေလးကို ေတြ႕လို႔ အံ့ဩသြားတာထက္ နေမာ္နမဲ့နဲ႔ လူကို ဝင္တိုက္တဲ့ ဟန္ရယ္ေဆာလ္ေၾကာင့္ စိတ္ရႈပ္သြားတဲ့ မ်က္ႏွာက ပို၍ သိသာသြားခဲ့ေလသလား ။

" ေဆာင္ဟြန္း "

" ေဆာင္ဟြန္း " ပခုံးကို ခပ္ဆတ္ဆတ္လာတို႔တဲ့ အထိအေတြ႕ေၾကာင့္ ရႈပ္ေထြး ပ်ံ႕လြင့္ေနတဲ့ စိတ္အာ႐ုံအခ်ိဳ႕ကို အလ်င္အျမန္ စုစည္းလိုက္သည္ ။

" ဘာေတြေတြးေနတာလဲ.. "

" ဘာမွ.. "

" မွင္ကေတာင္ စာ႐ြက္ကို ဟိုဖက္ေပါက္ေနၿပီ ဘယ္ကို လာလိမ္ဖို႔ ႀကိဳးစားေနတာလဲ "

ခပ္အီအီအသံနဲ႔ ေျပာလာတဲ့ ရယ္ေဆာလ္ရဲ႕ စကားကို ေဘးက သူငယ္ခ်င္းအခ်ိဳ႕က မ်က္လုံး အသာလွန္ၾကည့္၍ လုပ္လက္စ စာကိုသာ ဆက္လုပ္ေနၾကသည္ ။ ဟန္ရယ္ေဆာလ္နဲ႔ ပတ္ေဆာင္ဟြန္းရဲ႕ ဒီလို ပုံစံက ႐ိုးအီေနတဲ့ ျမင္ကြင္းတစ္ခုထပ္မပိုတာေၾကာင့္ေလ ။

" ဒီတိုင္း စိတ္ရႈပ္ေနလို႔ "

ဂ်ယ္ယြန္းထြက္သြားၿပီးကတည္းက ေကာ္ဖီဆိုင္ထဲတြင္ စာထိုင္လုပ္ေနခဲ့သည္မွာ ညေနေစာင္း၍ ေနရိပ္ပင္မရွိေတာ့ေခ် ။ ေဆာင္ဟြန္းကေတာ့ စာထိုင္လုပ္သည္ဆိုတာထပ္ အေတြးပင္လယ္နက္နက္ထဲ လက္ပစ္ကူးေနျခင္းသာ။

" စိတ္ရႈပ္စရာေတြ ရွိရင္ ဒို႔ကိုေျပာျပေလ.. နားေထာင္ေပးမယ္ "

လက္ေမာင္းကို သာသာ လာပြတ္သပ္ရင္းေျပာလာတဲ့ ရယ္ေဆာလ္က ဒီေန႔မွ ပိုၿပီး အတင့္ရဲေနသည္ ။ မနက္ကတည္းက စာၾကည့္တိုက္ကို လိုက္ခဲ့ပါဟု တစ္တြတ္တြတ္ ပူဆာေနသည့္ သူဟာ ေဆာင္ဟြန္း စိတ္ရႈပ္ေထြးျခင္းေတြရဲ႕ အဓိက တရားခံပင္ျဖစ္သည္ ။

" ေဆာလ္ "

မ်က္ခုံး ႏွစ္ခုကို တြန႔္ခ်ိဳးကာ သူ႔လက္ေတြကို ဖယ္ရွားလိုက္တဲ့ ေဆာင္ဟြန္းရဲ႕ မ်က္ႏွာက သိသိသာသာကို ပ်က္ယြင္းလို႔ေနသည္ ။ အရွက္ေျပေခ်ာင္းဟန႔္ရင္း မ်က္လုံးမ်ား ပုတ္ခပ္ ပုတ္ခပ္ႏွင့္ ေဘးကလူေတြကို အကဲခတ္ေနတဲ့ ရယ္ေဆာလ္က ေဆာင္ဟြန္းရဲ႕ အျပဳအမူေတြကို အသားမက်ေသးသလို ။

" အရင္သြားႏွင့္မယ္ presentation အတြက္က မနက္ျဖန္မွ အေသးစိတ္ေျပာေတာ့မယ္ "

ရယ္ေဆာလ္ကို မၾကည့္ပဲ အဖြဲ႕ထဲက လူတစ္ေယာက္ကို ဦးတည္ၿပီး ေျပာလိုက္တဲ့ ေဆာင္ဟြန္းရဲ႕ စကားေနာက္မွာလက္ကို ေနာက္တစ္ႀကိမ္ ထပ္ဆြဲလာသည္ ။

" တူတူျပန္မယ္ေလ.. ဟြန္း "

" ဟန္ရယ္ေဆာလ္ !! "

အံ့ႀကိတ္သံနဲ႔ ေျပာ၍ စူးစူးရဲရဲ စိုက္ၾကည့္လိုက္ေတာ့ လက္ေမာင္းကို လာဆြဲထားတဲ့ လက္မ်ားက တုန္ရီစြာျဖင့္ပင္ ဖယ္ခြာသြားသည္ ။ ဝုန္းဝုန္း ဒိုင္းဒိုင္းထထြက္သြားတာ မဟုတ္ေသာ္ညား ညင္သာမႈ မရွိေနတဲ့ အျပဳအမူေတြေၾကာင့္ ေဆာင္ဟြန္း ေဒါသထြက္ေနေၾကာင္းဟာ အသိအသာ ။

ဆိုင္ျပင္ ေရာက္ေရာက္ခ်င္း လြယ္အိတ္ထဲက ဖုန္းကို ႏႈိက္ရွာေပမဲ့ မေတြ႕တာေၾကာင့္ ဦးေႏွာက္ကို အလ်င္အျမန္အလုပ္ေပးရျပန္သည္ ။

တက္စီ ။ လြန္ခဲ့တဲ့ ႏွစ္ရက္ကတည္းက တက္စီေပၚမွာ က်န္ခဲ့တဲ့ ဖုန္းကို ေပ်ာက္ေၾကာင္း တိုင္ခ်က္သြားဖြင့္ထားေပမဲ့ ယခုထိ သူ႔လက္ထဲ ျပန္မေရာက္ေသး ။

ဂ်ယ္ယြန္းကို ဘယ္လို ဆက္သြယ္ရပါ့မလဲ ။ သုံးရက္ေလာက္ မေတြ႕ရလို႔ လြမ္းတဲ့ အလြမ္းေတြက အေစာက ကေတာက္ကဆေလးေတြေၾကာင့္ ပိုတိုး၍ လြမ္းလာရသည္ ။

ယခုခ်ိန္ ဂ်ယ္ယြန္းက ကြန္ဒိုမွာ ရွိေနမွာလား ။ ပတ္ဂ်ဳံေဆာင္းဆိုတဲ့လူနဲ႔ ခ်ိစ့္ကိတ္ကို တူတူစားေနေလာက္လား ။ ညစာစားခ်ိန္ေရာက္ေနၿပီမို႔ ထမင္းဝိုင္းမွာ စကားေတြ ေဖာင္ဖြဲ႕ေနေလာက္လား ။

ေမးခြန္းေပါင္း မ်ားစြာနဲ႔ အတူ ရင္အစုံက ပူၿမိဳက္လာျခင္းႏွင့္ ေျခလွမ္းတို႔ကလည္း သြက္လာသည္ ။

ပတ္ေဆာင္ဟြန္းရဲ႕ ဦးတည္ရာကေတာ့ ရွင္းပါသည္ ။
သူ အခု ခ်က္ခ်င္း ဂ်ယ္ယြန္း မ်က္ႏွာကို ျမင္ရဖို႔လိုသည္ ။






အခန္း .

" ဂ်ယ္ယြန္း "

" ဟင္ "

" ထမင္းမစားဘူးလား "

" ဟမ္..    စားမယ္ေလ "

ဘာျဖစ္လာမွန္းေတာ့ မသိေပမဲ့ ျပန္ေရာက္ကတည္းက ေရာ့ မင္းစားဖို႔ ဆိုၿပီး ပုံပ်က္ပန္းပ်က္ ကိတ္တစ္လုံး လက္ထဲထိုးထည့္ကာ အခန္းထဲဝင္သြားသည့္ ဂ်ယ္ယြန္းက ထမင္းစားပြဲမွာ လာထိုင္သည္ အထိ အသိစိတ္မကပ္ေသးပုံ ။

ထမင္း ပန္းကန္လုံးကို ဇြန္းနဲ႔ ထိုးေနတဲ့ ဂ်ယ္ယြန္းပုံက တစ္မ်ိဳးေတာ့ ခ်စ္စရာေကာင္းတာေၾကာင့္ ဂ်ဳံေဆာင္း ၿပဳံးမိေသးသည္ ။ ခ်စ္စရာေကာင္းလို႔ ထိုင္ေငးတာက အေရးမဟုတ္ ၊ ဇြန္းနဲ႔ ဖိေခ်ေနတဲ့ ထမင္းပန္းကန္ထဲမွာ ထမင္းေတြက စိစိညက္ညက္ပင္ ေၾကေနၿပီျဖစ္သည္ ။

" ကဲ ဘာျဖစ္ေနတာလဲ ကိုယ္ေတာ္ေလးရယ္ "

" ဂ်ဳံေဆာင္း "

အသံေလးက အားမရစြာ ထြက္လာတာေၾကာင့္ ဂ်ဳံေဆာင္း ထိတ္ခနဲပင္ျဖစ္သြားသည္ ။ ဒီေကာင္ေလး ေနမေကာင္းတာမ်ားလားဟူ၍ ေဆးဘူးသြားထုတ္ရန္ အသင့္အေနအထားႏွင့္ ေစာင့္ေနမိသည္ ။

" မင္း ခ်စ္- ခ်စ္ဖူးလား "

" ဘာႀကီး "

" ဒီလိုကြာ.. ငါ အခု ျပဇာတ္တစ္ပုဒ္ေရးေနတာေလ.. သိတယ္မလား ငါက သမိုင္းေၾကာင္း ျပဇာတ္ေတြပဲ ေရးဖူးေတာ့ "

" အဲ့ေတာ့ မင္းက အခု အခ်စ္ဇာတ္ၫႊန္းေတြေျပာင္းေရးမလို႔ေပါ့ "

" အြန္း အဲ့ - အဲ့လိုေပါ့ "

" ခ်စ္တာမ်ားကြာ.. "

" ခ်စ္ဖူးတာေပါ့ "

မ်က္ႏွာကို ဝင့္ခ်ီၿပီးေျပာေတာ့ ေရွ႕က ေခြးေပါက္ေလးလို ေကာင္ေလးက ဇြန္းကို လက္ႏွစ္ဖက္ျဖင့္ ကိုင္၍ စိတ္ဝင္တစားနားေထာင္တာေၾကာင့္ ဟက္ခနဲ တစ္ခ်က္ ရီလိုက္ေသးသည္ ။

" ငါ မင္းကို ခ်စ္တယ္ေလ "

စိတ္ဝင္စားလြန္း၍ တစ္လက္လက္ျဖစ္ေနတဲ့ မ်က္ဝန္းအိမ္ထဲက မ်က္ဆံေလးက သူ႔စကားေၾကာင့္ ပို၍ က်ယ္သြားသည္ ။ တကယ္ကို ယစ္မူးပစ္ခ်င္စရာမလား ။

" သူငယ္ခ်င္းလိုမ်ိဳး "

အဆုံးသတ္မွာေတာ့ သူဟာ ကိုယ့္ခံစားခ်က္ကိုယ္ေတာင္ ေရေရရာရာ မခြဲျခားတတ္ေတာ့တဲ့ သူရဲေဘာေၾကာင္တစ္ေယာက္ သာသာပဲ ။

" ၿပီးေတာ့ ငါ့ညီေလးလို "

ေျပာရင္း ဆံပင္ အုပ္အုပ္ေလးကို ဆြဲဖြလိုက္ေတာ့ ႐ုန္းရင္း ပါးစပ္က ပြစိပြစိေျပာေနသည္ ။ ေသခ်ာေပါက္ေတာ့ သူ႔ကို က်ိန္ဆဲေနတာပင္ ။

" အင္း ဟုတ္တယ္ ညီေလးလို သူငယ္ခ်င္းလို "

တစ္စုံတစ္ေယာက္ကို ေတြးမိရင္း တိုးတိုးညင္းညင္း ေရ႐ြတ္ေနတဲ့ ဂ်ယ္ယြန္းရဲ႕ စကားသံကိုေတာ့ ဂ်ဳံေဆာင္း မၾကားလိုက္ေတာ့ပါ ။ အေရွ႕က ၾကက္ဥလိတ္ကိုဖဲ့၍ ဂ်ယ္ယြန္းရဲ႕ ပန္းကန္ထဲ ထည့္ေပးရင္းသာ အလုပ္ရႈပ္ေနေလသည္ ။

* ဒီ.. ဒီ

႐ုတ္တရက္ ထျမည္လာတဲ့ ဖုန္းသံေၾကာင့္ ဂ်ယ္ယြန္း ကိုယ္ေလးက တုန္တက္လို႔ပင္သြားသည္ ။ ဂ်ဳံေဆာင္းကေတာ့ ႏႈတ္ခမ္းႏွစ္ခုကို စုခြၽန္ကာ အာ႐ုံစိုက္၍ ငါးေၾကာ္ကို အသားေတြ ႏြဳင္ေနသည္ ။

" ဟယ္လို "

" ဂ်ယ္.. "

ဒိတ္ခနဲ ထခုန္တဲ့ ရင္ဘတ္အစုံဟာ အလိုက္မသိစြာပင္ ။

" ေဆာင္- ေဆာင္ဟြန္း "

" အင္း..ဂ်ယ္ယြန္း အခု ဘယ္မွာလဲဟင္ ၊ ခနေလာက္ ေတြ႕လို႔ ရလား "

ေဆာင္ဟြန္းအသံက တကယ္ကို ႏူးႏူးညံ့ညံ့ရယ္ ။ စကားလုံးတစ္ခုစီတိုင္းကို ေျဖးေျဖးမွန္မွန္ေျပာေနတဲ့ ေဆာင္ဟြန္းက သူဖုန္းဆက္တဲ့အခ်ိန္ကိုေရာ သတိထားမိရဲ႕လားမသိ ။

နာရီကို လွမ္းၾကည့္ရင္း ဂ်ဳံေဆာင္းကို ၾကည့္မိေတာ့ ငါးအသားေတြႏြဳင္ရင္း ပန္းကန္တစ္ခုထဲ ေသခ်ာထည့္ေနသည္ ။

" ၉ နာရီေတာင္ ခြဲေတာ့မယ္ ေဆာင္ဟြန္းရဲ႕ အေရးႀကီးလို႔လား "

" အေရးႀကီးတယ္ ကြၽန္ေတာ္ အခု ဂ်ယ္ယြန္းကို ေတြ႕မွကို ျဖစ္မွာ "

ညခင္းႀကီးက်မွ နံပါတ္စိမ္းႏွင့္ ဖုန္းေခၚလာၿပီး အတင္းေရာကာေရာ ေတြ႕ခ်င္ေနတဲ့ ကိစၥကို ဂ်ယ္ယြန္း စိတ္ဝင္စားတာေတာ့ အမွန္ပင္ ။

" အင္း ခန.. ဘယ္ကိုလာခဲ့ရမလဲ "

ဂ်ဳံေဆာင္းက အသားႏြဳင္တာကို ရပ္ရင္း သူ႔ကို စိုက္ၾကည့္လာသည္ ။ ပုံမွန္ဆို အခန္းျပင္ေတာင္ သိပ္မထြက္တဲ့သူက ညႀကီးမင္းႀကီးအျပင္ထြက္မယ္ၾကားေတာ့ အံ့ဩသြားတာ ျဖစ္ေလာက္မည္ ။

" ကြၽန္ေတာ္ အခု ဂ်ယ္ယြန္းတို႔ ကြန္ဒို ေအာက္မွာ "

ရင္ခုန္ရျခင္းေတြ ႏွစ္ဆ ျမန္သြားရျခင္းအမႈမွာ တရားခံ ေဆးေက်ာင္းသားေလးက ကြၽမ္းက်င္စြာ ဂ်ယ္ယြန္းႏွလုံးသားေလးကို စိုးမိုးခ်ဳပ္ကိုင္သည္ ။

" လာေတြ႕မယ္မလားဟင္ "

ေတာင္းပန္တိုးလွ်ိဳးေနတာမ်ိဳးမဟုတ္ပဲ ထိုစကားသံေတြက ဂ်ယ္ယြန္းစိတ္ေတြကို ေပ်ာ့ေပ်ာင္းညင္သာစြာျဖင့္ အမိန႔္ေပးသည္ ။

" အင္း ခ -ခနေစာင့္ေနာ္ "

ေဆာင္ဟြန္းက သူ႔ကို ေအာက္မွာေစာင့္ေနတယ္ဆိုတဲ့ အသိေၾကာင့္ ဂ်ယ္ယြန္း၏ ပါးေလးေတြက ေႏြးလာေတာ့သည္ ။

ဖုန္းကို ခ်လိုက္ၿပီး ဇြန္းေပၚအဆင္သင့္တင္ထားတဲ့ ၾကက္ဥလိပ္အစား ေရတစ္ခြက္ကို တစ္ဂြပ္ဂြပ္ ေမာ့ေသာက္ၿပီးေတာ့ မတ္တပ္ထရပ္သည္ ။

" ဂ်ဳံေဆာင္း ငါ ေအာက္ ခန "

ဂ်ယ္ယြန္း စိတ္လႈပ္ရွားေနလွ်င္ အျပဳအမူေတြက အရမ္းသိသာသည္ ။ ထေျပးရင္း ေျခသန္းနဲ႔ ထိုင္ခုံေျခေထာက္ေစာင္းနဲ႔ တိုက္မိတာကိုေတာင္ အရင္ကလို ကြၽတ္ကြၽတ္ညံညံ အသံေတြမထြက္အားပဲ အလ်င္လိုေနပုံရတဲ့ ဂ်ယ္ယြန္းက ဂ်ဳံေဆာင္းကို ေမာ့ပင္ၾကည့္မလာေတာ့ ။

ျပန္ေျဖသံကိုပင္ မေစာင့္ပဲ အလ်င္အျမန္ထြက္သြားတဲ့ ေကာင္ေလးက လက္တိုေလး တစ္ထည္ႏွင့္ အေႏြးထည္ပင္မပါ ။

ထမင္းဝိုင္းေလးက ႐ုတ္ခ်ည္း တိတ္ဆိတ္သြားျခင္းနဲ႔ အတူ အသားႏြဳင္ေလးေတြ စုထည့္ေပးထားတဲ့ ပန္းကန္ေလးကလည္း ဂ်ယ္ယြန္း၏ ထမင္းပန္းကန္လုံးေဘးနားတြင္ စားသုံးသူမဲ့ကာ အထီးက်န္ေနေလသည္ ။

- a sky fulls of scars -

Continue Reading

You'll Also Like

2.8K 268 9
Everyone didn't even discuss about what happened to him after his fall. But I think he's living happily in a place which he fits in best. Somewhere w...
293K 50.2K 62
เถฉเทš เถ…เถธเทŠเถธเท”.... เถฑเท เถ‹เถฑเทŠเถฑเท™เถบเท’ เถšเทเถฏเท’เถฝเท’เถšเทŠเถšเท’เถปเทšเถฑเทŠ โค (เถดเถปเท’เถฑเถญ เถ…เถฑเทŠเถญเถปเทŠเถœเถญเถบเถšเท’...)
91.7K 12.2K 44
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]
45.3K 3.1K 72
แ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€”แ€ฑแ€ฌแ€บ๐Ÿ˜‰๐Ÿ˜‰