-ဆု-|Prize|/JAY AND JUNGWON...

بواسطة thaw_thaw_bhone

7.7K 766 71

It's like being filled with longing I don't want to destroy it again after longing Sometimes I'm too afraid o... المزيد

-ဆု-|prize|(intro)
-ဆု-|Prize| Part-1
-ဆု-|Prize| Part-2
-ဆု-|Prize| Part-3
-ဆု-|Prize| Part-4
-ဆု-|Prize| Part-5
-ဆု-|Prize| Part-6
For Galaxy
-ဆု-|Prize| Part-7
Jaywon special (Love & Sweet)
-ဆု-|Prize| Part-8
-ဆု-|Prize| Part-9
Attention please ❗
-ဆု-|Prize| Part-10
-ဆု-|Prize| Part-11
-ဆု-|Prize| Part-12
-ဆု-|Prize| Part-13
Part-14 [Sunki special]
Final
Hello
နှုတ်ဆက်ခြင်း ႏႈတ္ဆက္ျခင္း
10 October

JAYWON special part-2

250 24 14
بواسطة thaw_thaw_bhone

Unicode

"ဂျောင်၀န်း~~~~"

သကာရည်လောင်းထားသလိုမျိုး ချွဲပစ်နေတဲ့ထိုခေါ်သံနဲ့အတူ မီးဖိုချောင်အတွင်းသို့၀င်လာသည်။

"ကိုကို ဘယ်လိုဖြစ်နေတာလဲ ကျွန်တော်ဒီမှာ အသုပ်လုပ်နေတယ်လေ"

ခါးကိုခပ်တင်းတင်းဖက်ထားပြီး ပွတ်သီးပွတ်သပ်လုပ်နေသူကြောင့် ဂျောင်၀န်းအနေရခက်လာသည်။
သားကို အကိုဆောင်းဟွန်းတို့ကခေါ်သွားတာမို့ အိမ်မှာသူတို့နှစ်ယောက်ထဲဆိုတာကိုလည်းသိသည်။ ဒါပေမယ့်လည်း....ဘယ်လိုထိတွေ့မှုတွေရှိခဲ့ပါစေ ၊ ကိုကို့ကလေးလေးပဲလုပ်မှာမို့ အမြဲတမ်း အင်နိုးစန့်လေးဖြစ်နေဦးမှာပဲ။

"ကိုကို တော်လို့!!"

အားထည့်ကာ အော်လိုက်တော့ မျက်လွှာချကာ ခပ်ကုတ်ကုတ်ကြည့်ရင်း ထွက်သွားသူကြောင့် စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်မိ၏။ လုပ်လက်စအလုပ်ကို အပြီးသတ်လိုက်ပြီး ကိုကို့အနားကို လျှင်မြန်ဖြတ်လတ်နေတဲ့ကြောင်လေးလိုမျိုး ပြေးကာသွားလိုက်သည်။

"ကိုကို"

"...."

"ကိုကို"

"...."

"ကိုကိုလို့"

"...."

"ပတ်ခ်ဂျုံဆောင်း!! ဘယ်ကိုလာပြီးစိတ်ဆိုးနေတာလဲ ခင်ဗျားကိုဘာလုပ်မိလဲပြော"

"ကိုယ့်ကလေးလေးက အခုတော့ဒီလိုစကားတွေပြောပြီ‌ပေါ့ အရမ်း၀မ်းနည်းတာပဲကွာ"

"ဟာမဟုတ်ဘူးလေ...."

စိတ်ရှုပ်သွားဟန်ဖြင့် ဂျောင်၀န်းက ကြောင်လေးလိုချော့နေတော့ ဂျုံဆောင်းကြိတ်ပြုံးနေမိသည်။ ဒီလိုချော့တာကိုခံချင်လို့ကို တမင်စိတ်ကောက်တာပဲ။

ဒါကိုမသိတဲ့ ဂျောင်၀န်းခမျာ မျက်နှာကမဲ့သထက်မဲ့လာပြီး မကြာခင်ထိုင်ငိုတော့မည့် ကလေးသူငယ်လိုမျိုး တရှုံ့ရှုံ့လုပ်နေ၏။

"ကျွန်တော်က....ကိုကို့ကို ၀မ်းနည်းရအောင် ထပ်လုပ်မိပြန်ပြီပဲ"

"...."

ဂျောင်၀န်းငိုတော့မှာကို သိသွားတော့မှ ဂျုံဆောင်းလည်း တစ်ခါပြန်ချော့ရတော့သည်။

"ကိုယ့်ကလေးလေးက ၀မ်းမနည်းရဘူးလေနော် ကိုယ်က စလိုက်တာပါ တကယ်စိတ်ဆိုးစရာလား"

"တကယ်လား"

"တကယ်ပေါ့"

"ကျွန်တော် အခုနက ကိုကိုကျွန်တော့်ကို စိတ်ဆိုးနေတာထင်ပြီး အများကြီး၀မ်းနည်းသွားတာ ဖက်ချင်လဲဖက်ပါ နမ်းချင်လဲနမ်းပါ လုပ်ချင်တာအကုန်လုပ်လို့ရတာမို့ နောက်တစ်ခါ စကားမပြောပဲမနေနဲ့နော်"

"လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာ တကယ်လား"

"ဟို...မဟုတ်ပါဘူး စိတ်ဆိုးပြေအောင်လျှောက်ပြောတာ"

"စကားကကျွံပြီးရင် ပြန်နှုတ်ဖို့ခက်တယ်တဲ့လေ"

ထိုသို့ပြောရင်း ဂျုံဆောင်းက မျက်နှာအနားကို တိုးကပ်လာတာမို့ ဂျောင်၀န်းသူ့ရဲ့လက်တွေနဲ့ တွန်းထုတ်နေမိသည်။

"ကိုကို ဖယ်နော်!! ကိုကိုလို့!"

"ပြောတုန်းက သူပဲပြောပြီး"

"အခုစိတ်ဆိုးပြေပြီမလား"

"ဒါပေါ့ ကိုယ်က..."

"ကျွန်တော် စိတ်ကောက်တယ်"

"ဟင် ဘယ်သူ့ကိုလဲ"

"ဘယ်သူ့ကိုဖြစ်ရမလဲ အရူးကြီးရဲ့ ချော့ချင်ချော့မချောချင်နေ ဖယ်!"

ဂျောင်၀န်းက အတင်းတိုးထွက်ပြီး အိပ်ခန်းထဲကို ဆောင့်ဆောင့်အောင့်အောင့်၀င်သွား၏။ ‌

ချော့ချင်ချော့ မချော့ချင်နေတဲ့။ တကယ်သာမချော့ရင် ကောက်လိုက်မယ့်ဖြစ်ခြင်း။

ဘယ်လိုဟာလေးမှန်းမသိ။ တနေ့တနေ့အမျိုးမျိုးချစ်ဖို့ကောင်းအောင်ကိုလုပ်နေတော့တာပဲကွာ။

.
.
.

တနေကုန် ချော့လိုက်ကောက်လိုက် သံသရာကြီးဟာ ညနေစောင်းလို့ ပီဇာ၀ယ်ကျွေးမှသာ ချုပ်ငြိမ်းသွား၏။ အခုတလော ဂျုံဆောင်းသူ့ကိုယ်သူပြန်စဉ်းစားမိသည်။ သူရထားတာ ရည်းစားလေးလား ကလေးလားလို့။ စိတ်ဆိုးစိတ်ကောက်ခနခနလုပ်ပြီး မုန့်နဲ့ချော့ရင်တော့ ချက်ချင်းပြေတတ်သည်မှာလည်း ထိုကောင်လေးအကျင့်။

ကလေးမုန့်ပေးကြိုက်တယ်ဆိုတာ ဒါမျိုးကိုပြောသည်ထင်ပါ့။

"လာ သွားအတူတိုက်မယ်"

"ကျွန်တော်အရင်တိုက်မှာ ရေချိုးခန်းထဲကထွက်"

"မထွက်ဘူးကွာ"

"အခုထွက်လို့"

နောက်ဆုံးတော့လည်း အလျှော့ပေးရသည်မှာ ပတ်ခ်ဂျုံဆောင်းပင်ဖြစ်သည်။ သခင်လေးစိတ်တိုင်းကျ ရေချိုးခန်းပြင်ထွက်ပေးလိုက်ပြီး တအောင့်လောက်နေတော့ သွားတိုက်ရင်း သီချင်းဆိုနေတဲ့ မပီတပီအသံကိုကြားလိုက်ရတာကြောင့် စချင်စိတ်တွေဖြစ်ပေါ်လာ၏။

"အကိုလေးခင်ဗျာ့တံခါးဖွင့်ပါဦး ကျွန်တော်မျိုးလည်း သွားတိုက်ချင်လို့ပါ"

ရေချိူးခန်းထဲမှလူသားကတော့သူ့ကိုရှိသည်ဟုပင်ထင်ပုံမရ။ အမျိုးမျိုးတံခါးခေါက်လိုက် အော်လိုက်ဟစ်လိုက်လုပ်နေသော်လည်း ကိုယ်ကဘောင်မ၀င်နေတုန်းပဲမို့ အကြံထုတ်လိုက်ရတော့၏။

"အား....."

ဂျုံဆောင်းက တစ်ခုခုနဲ့တိုက်မိသလိုအသံမျိုးထွက်ပြီး အကျယ်ကြီး‌ထအော်လိုက်တော့ ရေချိုးခန်းထဲကအကောင်ပေါက်က အပြေးအလွှားထွက်လာသည်။

"ကိုကို ဘာဖြစ်တာလဲ!"

တံခါးဖွင့်လိုက်တာနဲ့ ဂျုံဆောင်းက သူ့တစ်ကိုယ်လုံးကိုပွေ့ချီပြီး ဘေစင်ဘောင်ပေါ်တင်လိုက်၏။

"ဘာမှလဲမဖြစ်ဘဲနဲ့ အလကားညဏ်များတယ်"

"မင်းလေးကရော ကိုယ့်ကိုဂရုမစိုက်ဘဲမနေနိုင်ဘူးမလား"

"ဟွန့်!! ပတ်ခ်ဂျုံဆောင်းမကောင်းဘူး"

"အခုရော ကိုယ်သွားတိုက်လို့ရပြီလား"

"တိုက်ပေါ့ ဘယ်သူကဘာပြောနေလို့လဲ"

"ဒါဆိုတိုက်ပြီနော်"

ဂျုံဆောင်းက ဂျောင်၀န်းရဲ့ ပါးစပ်ထဲကသွားပွတ်တံကိုဆွဲထုတ်ပြီး သွားတိုက်ဆေးခပ်ရေးရေးပေနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ငုံခဲလိုက်၏။ အစက လန့်သွားပုံရတဲ့ကလေးလေးက အလိုက်သင့်လေးပြန်နမ်းပေးရှာသည်။

ကြာလာတာနှင့်အမျှ ဂျောင်၀န်းအသက်ရှုကြပ်လာသည်မို့ တဗုန်းဗုန်းထုရိုက်တော့မှ လွှတ်ပေးလာသည်။

"သွားတိုက်ဆေးကအရသာရှိလိုက်တာ ချိုနေတာပဲနော်"

"ပတ်ခ်ဂျုံဆောင်း လူဆိုး"

"ဟုတ်တယ် ကိုယ်က လူဆိုးလေ ဒါကြောင့် မကြောက်သွားဘဲအနားမှာ အမြဲရှိပေးမယ်မလား"

"ခ်ခ်"

"ကိုယ်ပြောတာရီရတာလားဟင်"

"မဟုတ်ဘူး ပါးမှာသွားတိုက်ဆေးတွေပေနေလို့"

ခန....တကယ်ဆိုရင်လေ ရုပ်ရှင်တွေထဲကလို နောက်ခံသီချင်းကောင်းကောင်းလေးတွေပေါ်လာပြီး အပြောခံရတဲ့သူက ရှက်သွေးဖြာပြီး တီတီတာတာ ပြန်ပြောရမှာမဟုတ်ဘူးလား။

အခုလိုစကားအကောင်းပြောနေတုန်း ထရီတာက ကိုယ့်ကလေးတစ်ယောက်သာရှိမည်ထင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာဒီတစ်ယောက်ကိုပဲ ချစ်နေရပါသည်လေ။

ကိုယ့်ရဲ့မှောင်မိုက်နေတဲ့ဘ၀ထဲကို အလင်းလက်ဆုံးအပြုံးတွေနဲ့ မင်းလေးက၀င်ရောက်လာခဲ့ပါရဲ့။

မင်းကကိုယ့်အတွက် ဘယ်တော့မှ ငြီးငွေ့သွားမှာမဟုတ်တဲ့ ဂီတသံစဉ်လေး။

ဘယ်တော့မှရိုးရှင်းသွားမှာမဟုတ်တဲ့ စတော်ဘယ်ရီပန်းခင်းလိုမျိုး ချစ်စရာကောင်းပြီး အမြဲနူးညံ့နေမှာ။

ထိုနေ့ညက သူတို့နှစ်ဦးသား အဖြူရောင်အချစ်တွေအစား ပန်းနုရောင်အချစ်များကိုအစားထိုးခဲ့ကြသည်။

ပါးဖောင်းဖောင်းလေးတွေကို မတော်တဆများ ကိုက်မိသွားရင်ဖြင့် နူးညံ့ပြီးချိုမြိန်လွန်းလို့ ဒီလူမှာရူးရချည်ရဲ့.........

______________________________________

14ရက်နေ့ကတင်မလို့ကို အပျင်းကြီးနေလို့ ဒီနေ့မှတင်ဖြစ်ပါတယ်။

ဒီတိုင်း ပေါ့ပေါ့ပါးပါးလေးပဲရေးလိုက်တာမို့ အရမ်းပေါ့သွားခဲ့လို့ ဖတ်ရအဆင်မပြေရင်လည်းတောင်းပန်ပါတယ်နော်။

ကြောင်ပေါက်တို့နှစ်ယောက်ရဲ့ အားလပ်ရက်ကို ဒီလိုမျိုးကုန်ဆုံးကြတယ်လို့ တွေးကြည့်ကြမလား ဟဲဟဲ နှစ်ယောက်က အရမ်းကိုပျော်နေကြမယ်ထင်ပါ့ဗျာ။

(⁠灬⁠º⁠‿⁠º⁠灬⁠)⁠♡နွေးနွေးထွေးထွေးနေကြပါနော်ဗျာ့။

ZawGyi

"ေဂ်ာင္၀န္း~~~~"

သကာရည္ေလာင္းထားသလိုမ်ိဳး ခြၽဲပစ္ေနတဲ့ထိုေခၚသံနဲ႕အတူ မီးဖိုေခ်ာင္အတြင္းသို႔၀င္လာသည္။

"ကိုကို ဘယ္လိုျဖစ္ေနတာလဲ ကြၽန္ေတာ္ဒီမွာ အသုပ္လုပ္ေနတယ္ေလ"

ခါးကိုခပ္တင္းတင္းဖက္ထားၿပီး ပြတ္သီးပြတ္သပ္လုပ္ေနသူေၾကာင့္ ေဂ်ာင္၀န္းအေနရခက္လာသည္။
သားကို အကိုေဆာင္းဟြန္းတို႔ကေခၚသြားတာမို႔ အိမ္မွာသူတို႔ႏွစ္ေယာက္ထဲဆိုတာကိုလည္းသိသည္။ ဒါေပမယ့္လည္း....ဘယ္လိုထိေတြ႕မႈေတြရွိခဲ့ပါေစ ၊ ကိုကို႔ကေလးေလးပဲလုပ္မွာမို႔ အၿမဲတမ္း အင္နိုးစန႔္ေလးျဖစ္ေနဦးမွာပဲ။

"ကိုကို ေတာ္လို႔!!"

အားထည့္ကာ ေအာ္လိုက္ေတာ့ မ်က္လႊာခ်ကာ ခပ္ကုတ္ကုတ္ၾကည့္ရင္း ထြက္သြားသူေၾကာင့္ စိတ္ထဲတစ္မ်ိဳးတစ္မည္ျဖစ္မိ၏။ လုပ္လက္စအလုပ္ကို အၿပီးသတ္လိုက္ၿပီး ကိုကို႔အနားကို လွ်င္ျမန္ျဖတ္လတ္ေနတဲ့ေၾကာင္ေလးလိုမ်ိဳး ေျပးကာသြားလိုက္သည္။

"ကိုကို"

"...."

"ကိုကို"

"...."

"ကိုကိုလို႔"

"...."

"ပတ္ခ္ဂ်ဳံေဆာင္း!! ဘယ္ကိုလာၿပီးစိတ္ဆိုးေနတာလဲ ခင္ဗ်ားကိုဘာလုပ္မိလဲေျပာ"

"ကိုယ့္ကေလးေလးက အခုေတာ့ဒီလိုစကားေတြေျပာၿပီ‌ေပါ့ အရမ္း၀မ္းနည္းတာပဲကြာ"

"ဟာမဟုတ္ဘူးေလ...."

စိတ္ရႈပ္သြားဟန္ျဖင့္ ေဂ်ာင္၀န္းက ေၾကာင္ေလးလိုေခ်ာ့ေနေတာ့ ဂ်ဳံေဆာင္းႀကိတ္ၿပဳံးေနမိသည္။ ဒီလိုေခ်ာ့တာကိုခံခ်င္လို႔ကို တမင္စိတ္ေကာက္တာပဲ။

ဒါကိုမသိတဲ့ ေဂ်ာင္၀န္းခမ်ာ မ်က္ႏွာကမဲ့သထက္မဲ့လာၿပီး မၾကာခင္ထိုင္ငိုေတာ့မည့္ ကေလးသူငယ္လိုမ်ိဳး တရႈံ႕ရႈံ႕လုပ္ေန၏။

"ကြၽန္ေတာ္က....ကိုကို႔ကို ၀မ္းနည္းရေအာင္ ထပ္လုပ္မိျပန္ၿပီပဲ"

"...."

ေဂ်ာင္၀န္းငိုေတာ့မွာကို သိသြားေတာ့မွ ဂ်ဳံေဆာင္းလည္း တစ္ခါျပန္ေခ်ာ့ရေတာ့သည္။

"ကိုယ့္ကေလးေလးက ၀မ္းမနည္းရဘူးေလေနာ္ ကိုယ္က စလိုက္တာပါ တကယ္စိတ္ဆိုးစရာလား"

"တကယ္လား"

"တကယ္ေပါ့"

"ကြၽန္ေတာ္ အခုနက ကိုကိုကြၽန္ေတာ့္ကို စိတ္ဆိုးေနတာထင္ၿပီး အမ်ားႀကီး၀မ္းနည္းသြားတာ ဖက္ခ်င္လဲဖက္ပါ နမ္းခ်င္လဲနမ္းပါ လုပ္ခ်င္တာအကုန္လုပ္လို႔ရတာမို႔ ေနာက္တစ္ခါ စကားမေျပာပဲမေနနဲ႕ေနာ္"

"လုပ္ခ်င္တာလုပ္လို႔ရတယ္ဆိုတာ တကယ္လား"

"ဟို...မဟုတ္ပါဘူး စိတ္ဆိုးေျပေအာင္ေလွ်ာက္ေျပာတာ"

"စကားကကြၽံၿပီးရင္ ျပန္ႏႈတ္ဖို႔ခက္တယ္တဲ့ေလ"

ထိုသို႔ေျပာရင္း ဂ်ဳံေဆာင္းက မ်က္ႏွာအနားကို တိုးကပ္လာတာမို႔ ေဂ်ာင္၀န္းသူ႕ရဲ႕လက္ေတြနဲ႕ တြန္းထုတ္ေနမိသည္။

"ကိုကို ဖယ္ေနာ္!! ကိုကိုလို႔!"

"ေျပာတုန္းက သူပဲေျပာၿပီး"

"အခုစိတ္ဆိုးေျပၿပီမလား"

"ဒါေပါ့ ကိုယ္က..."

"ကြၽန္ေတာ္ စိတ္ေကာက္တယ္"

"ဟင္ ဘယ္သူ႕ကိုလဲ"

"ဘယ္သူ႕ကိုျဖစ္ရမလဲ အ႐ူးႀကီးရဲ႕ ေခ်ာ့ခ်င္ေခ်ာ့မေခ်ာခ်င္ေန ဖယ္!"

ေဂ်ာင္၀န္းက အတင္းတိုးထြက္ၿပီး အိပ္ခန္းထဲကို ေဆာင့္ေဆာင့္ေအာင့္ေအာင့္၀င္သြား၏။ ‌

ေခ်ာ့ခ်င္ေခ်ာ့ မေခ်ာ့ခ်င္ေနတဲ့။ တကယ္သာမေခ်ာ့ရင္ ေကာက္လိုက္မယ့္ျဖစ္ျခင္း။

ဘယ္လိုဟာေလးမွန္းမသိ။ တေန႕တေန႕အမ်ိဳးမ်ိဳးခ်စ္ဖို႔ေကာင္းေအာင္ကိုလုပ္ေနေတာ့တာပဲကြာ။

.
.
.

တေနကုန္ ေခ်ာ့လိုက္ေကာက္လိုက္ သံသရာႀကီးဟာ ညေနေစာင္းလို႔ ပီဇာ၀ယ္ေကြၽးမွသာ ခ်ဳပ္ၿငိမ္းသြား၏။ အခုတေလာ ဂ်ဳံေဆာင္းသူ႕ကိုယ္သူျပန္စဥ္းစားမိသည္။ သူရထားတာ ရည္းစားေလးလား ကေလးလားလို႔။ စိတ္ဆိုးစိတ္ေကာက္ခနခနလုပ္ၿပီး မုန႔္နဲ႕ေခ်ာ့ရင္ေတာ့ ခ်က္ခ်င္းေျပတတ္သည္မွာလည္း ထိုေကာင္ေလးအက်င့္။

ကေလးမုန႔္ေပးႀကိဳက္တယ္ဆိုတာ ဒါမ်ိဳးကိုေျပာသည္ထင္ပါ့။

"လာ သြားအတူတိုက္မယ္"

"ကြၽန္ေတာ္အရင္တိုက္မွာ ေရခ်ိဳးခန္းထဲကထြက္"

"မထြက္ဘူးကြာ"

"အခုထြက္လို႔"

ေနာက္ဆုံးေတာ့လည္း အေလွ်ာ့ေပးရသည္မွာ ပတ္ခ္ဂ်ဳံေဆာင္းပင္ျဖစ္သည္။ သခင္ေလးစိတ္တိုင္းက် ေရခ်ိဳးခန္းျပင္ထြက္ေပးလိုက္ၿပီး တေအာင့္ေလာက္ေနေတာ့ သြားတိုက္ရင္း သီခ်င္းဆိုေနတဲ့ မပီတပီအသံကိုၾကားလိုက္ရတာေၾကာင့္ စခ်င္စိတ္ေတြျဖစ္ေပၚလာ၏။

"အကိုေလးခင္ဗ်ာ့တံခါးဖြင့္ပါဦး ကြၽန္ေတာ္မ်ိဳးလည္း သြားတိုက္ခ်င္လို႔ပါ"

ေရခ်ိဴးခန္းထဲမွလူသားကေတာ့သူ႕ကိုရွိသည္ဟုပင္ထင္ပုံမရ။ အမ်ိဳးမ်ိဳးတံခါးေခါက္လိုက္ ေအာ္လိုက္ဟစ္လိုက္လုပ္ေနေသာ္လည္း ကိုယ္ကေဘာင္မ၀င္ေနတုန္းပဲမို႔ အႀကံထုတ္လိုက္ရေတာ့၏။

"အား....."

ဂ်ဳံေဆာင္းက တစ္ခုခုနဲ႕တိုက္မိသလိုအသံမ်ိဳးထြက္ၿပီး အက်ယ္ႀကီး‌ထေအာ္လိုက္ေတာ့ ေရခ်ိဳးခန္းထဲကအေကာင္ေပါက္က အေျပးအလႊားထြက္လာသည္။

"ကိုကို ဘာျဖစ္တာလဲ!"

တံခါးဖြင့္လိုက္တာနဲ႕ ဂ်ဳံေဆာင္းက သူ႕တစ္ကိုယ္လုံးကိုေပြ႕ခ်ီၿပီး ေဘစင္ေဘာင္ေပၚတင္လိုက္၏။

"ဘာမွလဲမျဖစ္ဘဲနဲ႕ အလကားညဏ္မ်ားတယ္"

"မင္းေလးကေရာ ကိုယ့္ကိုဂ႐ုမစိုက္ဘဲမေနနိုင္ဘူးမလား"

"ဟြန႔္!! ပတ္ခ္ဂ်ဳံေဆာင္းမေကာင္းဘူး"

"အခုေရာ ကိုယ္သြားတိုက္လို႔ရၿပီလား"

"တိုက္ေပါ့ ဘယ္သူကဘာေျပာေနလို႔လဲ"

"ဒါဆိုတိုက္ၿပီေနာ္"

ဂ်ဳံေဆာင္းက ေဂ်ာင္၀န္းရဲ႕ ပါးစပ္ထဲကသြားပြတ္တံကိုဆြဲထုတ္ၿပီး သြားတိုက္ေဆးခပ္ေရးေရးေပေနတဲ့ ႏႈတ္ခမ္းဖူးဖူးေလးကို ငုံခဲလိုက္၏။ အစက လန႔္သြားပုံရတဲ့ကေလးေလးက အလိုက္သင့္ေလးျပန္နမ္းေပးရွာသည္။

ၾကာလာတာႏွင့္အမွ် ေဂ်ာင္၀န္းအသက္ရႈၾကပ္လာသည္မို႔ တဗုန္းဗုန္းထုရိုက္ေတာ့မွ လႊတ္ေပးလာသည္။

"သြားတိုက္ေဆးကအရသာရွိလိုက္တာ ခ်ိဳေနတာပဲေနာ္"

"ပတ္ခ္ဂ်ဳံေဆာင္း လူဆိုး"

"ဟုတ္တယ္ ကိုယ္က လူဆိုးေလ ဒါေၾကာင့္ မေၾကာက္သြားဘဲအနားမွာ အၿမဲရွိေပးမယ္မလား"

"ခ္ခ္"

"ကိုယ္ေျပာတာရီရတာလားဟင္"

"မဟုတ္ဘူး ပါးမွာသြားတိုက္ေဆးေတြေပးေနလို႔"

ခန....တကယ္ဆိုရင္ေလ ႐ုပ္ရွင္ေတြထဲကလို ေနာက္ခံသီခ်င္းေကာင္းေကာင္းေလးေတြေပၚလာၿပီး အေျပာခံရတဲ့သူက ရွက္ေသြးျဖာၿပီး တီတီတာတာ ျပန္ေျပာရမွာမဟုတ္ဘူးလား။

အခုလိုစကားအေကာင္းေျပာေနတုန္း ထရီတာက ကိုယ့္ကေလးတစ္ေယာက္သာရွိမည္ထင္သည္။ ဘလိုပဲျဖစ္ျဖစ္ ကိုယ့္မွာဒီတစ္ေယာက္ကိုပဲ ခ်စ္ေနရပါသည္ေလ။

ကိုယ့္ရဲ႕ေမွာင္မိုက္ေနတဲ့ဘ၀ထဲကို အလင္းလက္ဆုံးအၿပဳံးေတြနဲ႕ မင္းေလးက၀င္ေရာက္လာခဲ့ပါရဲ႕။

မင္းကကိုယ့္အတြက္ ဘယ္ေတာ့မွ ၿငီးေငြ႕သြားမွာမဟုတ္တဲ့ ဂီတသံစဥ္ေလး။

ဘယ္ေတာ့မွရိုးရွင္းသြားမွာမဟုတ္တဲ့ စေတာ္ဘယ္ရီပန္းခင္းလိုမ်ိဳး ခ်စ္စရာေကာင္းၿပီး အၿမဲႏူးညံ့ေနမွာ။

ထိုေန႕ညက သူတို႔ႏွစ္ဦးသား အျဖဴေရာင္အခ်စ္ေတြအစား ပန္းႏုေရာင္အခ်စ္မ်ားကိုအစားထိုးခဲ့ၾကသည္။

ပါးေဖာင္းေဖာင္းေလးေတြကို မေတာ္တဆမ်ား ကိုက္မိသြားရင္ျဖင့္ ႏူးညံ့ၿပီးခ်ိဳၿမိန္လြန္းလို႔ ဒီလူမွာ႐ူးရခ်ည္ရဲ႕.........

______________________________________

14ရက္ေန႕ကတင္မလို႔ကို အပ်င္းႀကီးေနလို႔ ဒီေန႕မွတင္ျဖစ္ပါတယ္။

ဒီတိုင္း ေပါ့ေပါ့ပါးပါးေလးပဲေရးလိုက္တာမို႔ အရမ္းေပါ့သြားခဲ့လို႔ ဖတ္ရအဆင္မေျပရင္လည္းေတာင္းပန္ပါတယ္ေနာ္။

ေၾကာင္ေပါက္တို႔ႏွစ္ေယာက္ရဲ႕ အားလပ္ရက္ကို ဒီလိုမ်ိဳးကုန္ဆုံးၾကတယ္လို႔ ေတြးၾကည့္ၾကမလား ဟဲဟဲ ႏွစ္ေယာက္က အရမ္းကိုေပ်ာ္ေနၾကမယ္ထင္ပါ့ဗ်ာ။

(⁠灬⁠º⁠‿⁠º⁠灬⁠)⁠♡ႏြေးႏြေးေထြးေထြးေနၾကပါေနာ္ဗ်ာ့။

واصل القراءة

ستعجبك أيضاً

643K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
3.4K 272 11
ကဲ..နောက်ထပ် vitashine fanficလေးပါ။ ကျောင်းဆရာ ဗီတာမင်နဲ့ တပည့်တွေရဲ့ ဦးလေး ရှိုင်းတို့နှစ်ယောက်ကြားထဲက အကြောင်းလေးတွေကို ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပုံစ...
26.5K 664 8
မဆုံစည်းသင့်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကိုမှဘယ်လိုကံကြမ္မာကများဆုံစည်း‌စေခဲ့တာလဲ။ ထက်ရှိုင်း:"ငါတို့နှစ်ယောက်ကအစကထဲမဆုံခဲ့သင့်တာပါမောင်ရယ်"~~~~~ လင်းခ...