A sky fulls of scars [ Sungja...

By vivithedin0_

29.3K 3K 168

stucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Availab... More

Prologue
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
Epilogue
A Sky Fulls Of Scars

အခန်း ၁

2.3K 175 2
By vivithedin0_

Unicode

အခန်း -.

" အကိုက ကြည့်ကောင်းလိုက်တာ "

ဘေးတိုက်မြင်နေရတဲ့ မျက်နှာချောချောမှာ အချိုးကျမြင့်မားတဲ့ နှာတံက ထင်း၍နေသည်။ ကြားနေရတဲ့ ပြင်သစ်စကားသံတွေကို တစ်လုံးစ နှစ်လုံးစသာ နားလည်ပေမဲ့ ထိုနီစွေးစွေး နှုတ်ခမ်းတွေရဲ့ လှုပ်ရှားပုံတွေကိုတော့ နီခီ အစအဆုံးအလွတ်ရချင်သည် ။

သူနှင့် အသက် အတော်အတန်ကွာတဲ့ စီနီယာက ဆောင်းဦးပေါက်ရာသီရဲ့ နေရောင်ခြည်ခပ် နွေးနွေးလေးနဲ့ ဆင်တူသည် ။ စိတ်လိုလက်ရ ပြုံးလိုက်လို့ ထိုနှုတ်ခမ်းစွန်းလေးတွေ အပေါ်ကို ကော့တက်သွားချိန်က တကယ်ကို လှသည်။

သို့ပေမဲ့ စီနီယာ့ရဲ့ ပြဇာတ်တွေက ညဘက်သန်းခေါင်မှာ သည်းသည်းမည်းမည်း ရွာချလိုက်တဲ့ မိုးနဲ့ တူသည် ။ အိပ်မက်ဆိုးတွေနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ အေးစက်၍... တစ်ခါတစ်ရံတော့ ခြောက်ခြားဖွယ်ကောင်းပြန်သည်။ စီနီယာနဲ့ လုံးလုံး မလိုက်ဖက်သော်ညား ထိုပြဇာတ်တွေနဲ့သာ စီနီယာ့ကို တွဲဖက်မြင်ရလေ့ရှိသည် ။

ရှင်းမ်ဂျယ်ယွန်းက စာပေအနုပညာလောကမှာ နာမည်ကြီးတဲ့ ပြဇာတ်ရေးဆရာတစ်ယောက်ဖြစ်သည် ။ လွန်ခဲ့တဲ့ တစ်နှစ်ကစ၍ ရုပ်ရှင် ဇာတ်ညွှန်းတွေအထိပါ ကမ်းလှမ်းခံခဲ့ရတဲ့ စီနီယာဟာ နီခီ့တို့ရဲ့ အနုပညာဌာန မှာတော့ နာမည်ကြီးသည့် စီနီယာတစ်ဦးပင် ။

မေဂျာက သူငယ်ချင်းတစ်စု၏ ကောင်းမှုနှင့် ပြဇာတ်တစ်ခုကို ပေတေတေ လိုက်ကြည့်ခဲ့တဲ့ နီခီက ပြဇာတ်,ဇာတ်ဆောင်တွေနောက်မှ ထွက်လာပြီး အဆုံးသတ် ကျေးဇူးတင်စကားပြောနေခဲ့တဲ့ စီနီယာကို စတင် သတိထားမိခဲ့တာဖြစ်လောက်မည်။

ထိုနောက်ပိုင်းမှာ စီနီယာ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း မှတ်စုစာအုပ်တစ်အုပ်နဲ့ စီနီယာ ဂျယ်ယွန်းလုပ်သမျှကို လိုက်မှတ်နေတဲ့ နီခီက သူ့ရဲ့ စာတမ်းတွေအတွက် မဟုတ်ပဲ စီနီယာနဲ့ နီးစပ်ချင်လို့ဆိုတာတော့ သူကိုယ်တိုင်ပဲ သိသည် ။

အကိုဂျယ်ယွန်းက သဘောကောင်းပေမဲ့ မာနတော့ကြီးလေသည် ။ အချိန်တိုင်းမဟုတ်ပဲ ပြုံးသင့်သလောက်ပဲ ပြုံးတာကြောင့် နီခီက အကိုရဲ့ အပြုံးလှလှတွေကိုတော့ ဖောဖောသီသီမြင်ရလေ့မရှိ ။

ဒါပေမဲ့ အကိုက သူကိုယ်တိုင် ရေးတဲ့ ပြဇာတ်တွေရဲ့ အဆုံးသတ်ချိန်မှာတော့ ပရိသတ်တွေနဲ့ အတူတူ စင်အောက်ကနေ စိတ်လိုလက်ရ ပြုံးတတ်သည် , မျက်လုံးအိမ်မှာ အရည်ကြည်လေးတွေ စုလာတဲ့အထိလေ ။

ဝမ်းနည်းစရာ ဇာတ်သိမ်းတွေကိုပဲ ရေးတတ်တဲ့ အကိုက ထိုဇာတ်သိမ်းတွေကို ကြည့်ပြီး ပြုံးတဲ့အခါနီခီက အကို့ကို နားလည်ဖို့ ခက်သေးကြောင်း လက်ခံရသည် ။

" နီခီ , နီခီ "

နီခီအသံကြားလို့ ကြည့်လိုက်တဲ့အချိန်မှာ အကိုက ပြဇာတ်ရုံရဲ့ လှေကားတွေကနေ သူ့ဆီ တက်လာနေပြီဖြစ်သည် ။

" ဘာတွေ တွေးနေတာလဲ "

" ဒီတိုင်း "

"ကျောင်းကိုပြန်မှာမလား အကိုလိုက်ပို့ပေးရမလား"

" ဟုတ် တူတူပြန်ကြမယ်လေ ။ "

"အိုခေ အိုခေ "

"ညနေ- "

" ခနနော် " ဘောင်းဘီအိတ်ကပ်ထဲကနေ ရုတ်တရက် မြည်လာတဲ့ စီနီယာ့ရဲ့ ဖုန်းသံကြောင့် ညနေစာ အတူတူစားဖို့ခေါ်ရန် စကားစကို နီခီ ခန ရပ်ထားရသည်။

စီနီယာနဲ့ သိကျွမ်းခဲ့တာ ရက်သတ္တပတ် ငါးပတ်လောက်ကို ကျော်လာပေမဲ့ ရင်းနှီးသင့်သလောက် မရင်းနှီးတဲ့ အခြေအနေကို နီခီ့ စိတ်ထဲ ဘဝင်မကျ ။ အကို ဂျယ်ယွန်းကို အခုထပ် ပိုသိချင်သည်။ သေချာပေါက်တော့ စီနီယာ ဂျူနီယာ ဆက်ဆံရေးအနေနဲ့ပဲပေါ့ ။

" ဟရောင့် မင်း "

ဂျယ်ယွန်းရဲ့ စကားသံက ကျယ်သွားတာကြောင့် နီခီရဲ့ အာရုံအလုံးစုံက ထိုဖုန်းခေါ်မှုအပေါ် အပြည့်အဝရောက်သွားရသည်။

" မင်း- တော်ပြီ တော်ပြီ ဘေးက ဆရာမကို ဖုန်းပေးလိုက်စမ်းပါ "

" ဆရာမ ကျွန်တော်အခု ဆေးရုံကို လာနေပြီမလို့ သူ့ကို ဒီတိုင်း မလှုပ်ဖို့ပဲ ပြောပေးပါ ။ အိပ်ဆေးထိုးသင့်ရင်လည်း ထိုးထားလိုက်ပါ ဆရာမ..အဲ့ကောင်က ခေါင်းမာတာမလို့ "

" ဟုတ် ကျေးဇူးပါခဗျ "

" ဘယ်သူ ဘာဖြစ်လို့လဲ အကို "

" နီခီ့ကို အားနာလိုက်တာ အကိုကျောင်းကို ပြန်လိုက်မပို့နိုင်တော့ဘူးထင်တယ်။ ဂျုံဆောင်းက ဆိုင်ကယ်မှောက်ပြန်ပြီ ဒီတခါလည်း "

အင်း စီနီယာက အကိုဂျုံဆောင်းနဲ့ဆိုလည်း စိတ်လိုလက်ရ ပြုံးတတ်သေးသည် ။ ပတ်ဝန်းကျင်က ညီအကိုလို့ သတ်မှတ်ထားတဲ့ မိသားစုလိုမျိုး သူငယ်ချင်း ဆက်ဆံရေးဖြစ်သည် ။ ဂျုံဆောင်းက စီနီယာ ဂျယ်ယွန်းမှာ ရှိတဲ့ တစ်ဦးတည်းသော မိသားစုဝင်လိုမျိုး သံယောဇဉ် ဖြစ်သည် ။

" မဟုတ်တာ အကိုရဲ့ ကျွန်တော့်ကို အားမနာပါနဲ့"

" အင်း နောက်အပတ်မှ တွေ့ကြမယ်နော် ဒါဆို "

" ဟုတ်ကဲ့ "

" အဲ့ဒါဆို အကိုသွားပြီ "

" ကျွန်တော်ရော ဆေးရုံကို အဖော်လိုက်ပေးရမလား "ဆိုတဲ့ အသုံးမဝင်သည့် လောကွတ်စကားသံကတော့ အတွေးထဲမှာတင် ရပ်တန့်သွားသည် ။ အကိုကတော့ ပြဇာတ်ရုံအပြင်ဘက်ကို အလောတကြီး ထွက်သွားနှင့်ပြီဖြစ်သည် ။





အခန်း - .

" ဂျုံဆောင်း "

ဂျယ်ယွန်းကတော့ စိတ်ပူပြီး အလောသုံးဆယ် လာခဲ့ပေမဲ့ ရောက်သွားတော့ လိုက်ကာနောက်က သကောင့်သားက ဘယ်ဖက်ခြေထောက်မှာ ပက်တီးဖွေးဖွေးနှင့် ကုတင်ပေါ်မှာ အခန့်သား ။ ဘေးက ဆေးထုတ်ပေးနေတဲ့ နာစ့်မလေးကို ပြီတီတီရုပ်နှင့် ကပ်ချွဲနေသေးသည် ။

" ဟေ့ကောင် "

" အွန်း ဂျယ်ယွန်းနား "

ချက်ချင်း ငါးနှစ်သားက အဖေကိုတွေ့သလိုအချိုးမျိုးပြောင်းသွားတဲ့ ဂျုံဆောင်းကို ဂျယ်ယွန်း စိတ်ရှိလက်ရှိ နရင်းအုပ်ပစ်လိုက်ချင်သည် ။ စိတ်ထက် လက်မြန်တဲ့ ဂျယ်ယွန်းက နရင်းလည်း နှစ်ချက် အုပ်ပြီးပြီ ဖြစ်သည် ။

" နာတယ် အချစ်ကလေးရ "

" အပိုတွေမပြောနဲ့ .. မင်းကို ဆိုင်ကယ်မစီးဖို့ မှာထားရဲ့ သားနဲ့ "

" ဟ ငါ့ဆိုင်က ကောင်လေးက ခွင့်ယူသွားတာကွ ကြက်ကြော်မပို့ပဲ ပိုက်ဆံဘယ်လိုရှာမလဲ "

သူများကြားရင် ဂျုံဆောင်းဘဝက အီထယ်ဝန်မှာ ဆိုင်ခွဲ နှစ်ဆိုင်ရှိတဲ့ သူဌေးနဲ့ မတူပဲ ကြက်ကြော်လိုက်ပို့တဲ့ ဘဝသမားလေးနဲ့ တူနေသည် ။

" ဘာလို့ ခွင့်ယူတာတဲ့လဲ..သူဒီလထဲ ပျက်တာ သုံးခါတောင် ရှိနေပြီ လစာဖြတ်လိုက် "

" ဂျယ်ယွန်းရယ် သူ့အိမ်က ကြောင်မလေးက ကလေးမွေးလို့တဲ့လေ..သူလည်း အလုပ်ရှုပ်ရှာမှာပေါ့ "

နာ့စ်မလေးက မျက်နှာပိုးသတ်၍ အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားသည် ။ လိုက်ကာကို ပြန်ဆွဲမပိတ်ခင်လည်း ခွီခနဲ ရယ်ချသံကိုလည်း ဂျယ်ယွန်းက ကြားဖြစ်အောင် ကြားလိုက်သေးသည် ။

" အဲ့တော့ ခြေထောက်က ဘယ်လိုဖြစ်တာလဲ.. ဆရာဝန်ရော ဘာပြောသေးလဲ "

ဂျယ်ယွန်း ဘယ်လိုပဲ ဂျုံဆောင်းကို စိတ်ဆိုးဆိုး ပြေးကြည့်မှ ဒီသူငယ်ချင်းလေး တစ်ယောက်ရှိတာမို့ အမှန်တကယ်ကို စိတ်ပူပါသည် ။

ဂျုံဆောင်းက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မတော်တဆ တစ်ခုကြောင့် မျက်လုံး ခွဲစိတ်ထားတာမို့
ဆိုင်ကယ်ကိုယ်တိုင် မောင်းဖို့ဆိုတာ အလွန်အန္တရယ်များတဲ့ ကိစ္စတစ်ခုဖြစ်သည် ။

" အရွတ် ပြဲသွားတာတဲ့.. နှစ်ပတ်လောက် နားရင် သက်သာသွားမယ်ထင်တယ် "

" အဲ့ဒါဆို ဒီအပတ် အီထယ်ဝန်က ဆိုင်တွေကို မင်းမသွားနဲ့တော့.. ငါ ဂျွန်းလေး ကို ဖုန်းဆက်ထားလိုက်မယ် "

" အင်းပါ မသွားတော့ဘူး.. နှစ်ပတ်လုံး အချစ်ကလေး စာရေးတဲ့ နားမှာပဲ ကပ်ပြီးနေတော့မယ်..နော် "

" ကြောင်လိုကောင် "

ထိုသို့ပြောလည်း ဂျုံဆောင်းကတော့ စပ်ဖြီးဖြီးနှင့် ။ မေးစေ့နားက ပွန်းပဲ့ရာနှင့် ခြေထောက်မှာသာ ပတ်တီးမစီးထားရင် ဆိုင်ကယ်မှောက်ထားသည့်သူနှင့် စိုးစဉ်မျှ မတူပေ ။

" အဲ့တော့ ဆရာဝန်ရော ငါတွေ့ဖို့လိုသေးလား ဘာတွေမှာသွားသေးလဲ "

" မလိုဘူးထင်ပါတယ် ခုနက နာစ့်မလေးကို အကုန်မှာသွားတာပဲ ကောင်တာမှာ ပြန်မေးလိုက် "

" ပြီးရော ပြီးရော.. အခုတော့ ငြိမ်ငြိမ်နေခဲ့ ငါ ဝှီးချဲသွားယူလိုက်အုံးမယ် ဒီညနေ ဆေးရုံဆင်းလို့ အဆင်ပြေတယ်မလား "

" အင်း " ဒီတခါတော့ ဂျုံဆောင်းက သူ့ကို မော့ပင်မကြည့်တော့ ။ ဖုန်းစခရင်ပေါ်မှာ လက်တွေပြေးလွှားရင်း ဂိမ်းဆော့နေပြီ ဖြစ်သည် ။

" တတ်လည်းတတ်နိုင်တဲ့ ကောင် "

ပါးစပ်က ခပ်တိုးတိုးသာရေရွတ်၍ ဂျယ်ယွန်း လိုက်ကာစကို ပြန်ဆွဲပိတ်ရင်း ကောင်တာဖက်ကို ထွက်လာခဲ့သည်။

ဂျယ်ယွန်း အေးဆေးနေခြင်းက သူရောက်နေတာ အရိုးအထူးကု ဌာနမှန်း လုံးလုံး သတိမထားမိတာကြောင့် ဖြစ်ပါလိမ့်မည် ။


အခန်း - .

Dr. Park Sunghoon ( M.D )
Osteopathic medicine degree (D.O.)

ကောင်တာသို့ လှမ်းလာရင်းနဲ့ နံရံပေါ်မှာတွေ့တဲ့ နာမည်ဘုတ်များစွာထဲမှာ ရင်းနှီးနေတဲ့ နာမည်တစ်ခုကြောင့် ဂျယ်ယွန်းရဲ့ ကမ္ဘာငယ် လည်ပတ်နေခြင်းက ခေတ္တမျှရပ်တန့်သွားသည်။

မျက်ဝန်းအိမ်ထဲမှ မျက်ဆံနက်နက်က ကျယ်သွားခြင်းနဲ့ အတူ ရင်ထဲတွင်လည်း နေသားကျနေပြီးသား စိတ်ခံစားချက်တစ်ချို့က ပြန်လည် သက်ဝင်လာသလို ခံစားရသည်။

ပတ်ဆောင်ဟွန်းက တကယ်ကို အရိုးအထူးကု ဆရာ
ဝန်တစ်ယောက် ဖြစ်လာခဲ့တာပဲ.. သူ့အိပ်မက်တွေအတိုင်း တစ်ထပ်ထဲလေ ။

ဂျယ်ယွန်းကိုယ်တိုင်လည်း ဒီအပိုင်းအခြား တစ်လျှောက်လုံး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နေခဲ့တာပါပဲ ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ ပြဇာတ်ရုံက သူ့ရဲ့ အလုပ်လျှောက်လွှာကို လက်မခံသေးတာက လွဲရင်ပေါ့ ။

သူတို့ နှလုံးသားတွေ အရင်းအနှီးပြုပြီး အလဲအထပ်လုပ်ထားတာက တကယ်ကို အလကားမဖြစ်သွားဘူးပဲ။

အကယ်၍ အလကားဖြစ်သွားခဲ့ရင် ဂျယ်ယွန်း သူ့ကိုယ်သူ ခွင့်လွှတ်လိမ့်မှာမဟုတ်ဘူး ။ အခု အဆင်ပြေပြေရှိနေတဲ့ ဘဝလေးက ဂျယ်ယွန်းအတွက်တော့ အလွန် ကျေနပ်စရာကောင်းပါသည် ။ ရင်ဘတ်ထဲက ဟာတာတာ ဖြစ်နေတဲ့ ခံစားချက်ကိုတော့ အရေးမပါဘူးဟုပဲ သူယူဆချင်သည်။

သို့ပေမဲ့ အရှေ့ကို ပြန်လှည့်ပြီး ဆက်သွားမဲ့ ခြေလှမ်းတွေက သူ့ကို ကော်ရစ်တာမှာ ငေးကြည့်နေတဲ့ မျက်လုံးဝိုင်းတွေနဲ့ ဆုံပြီး နောက်တစ်ကြိမ်ရပ်တန့်သွားရသည် ။

အိုး ဘုရားသခင်ရယ် သူအဆင်သင့်မဖြစ်သေးပါဘူး..

ပြင်ဆင်မထားတဲ့ အခြေအနေမှာ နောက်တစ်ကြိမ်အနေနဲ့ ပြန်လည်ဆုံတွေ့ခြင်းက ဂျယ်ယွန်းရင်ထဲတွင် ထုထည်ကြီးမားသည့် အစိုင်အခဲတစ်ခုအနေနဲ့ ဝင်ရောက်ဖြစ်တည်သည် ။

" ဂျယ်..? "

ပတ်ဆောင်ဟွန်းက လွန်ခဲ့တဲ့နှစ်တွေကလိုမျိုး သူ့ဆီကို ခြေလှမ်းကျဲတွေနှင့် လှမ်းလာသည် ။ တွေဝေတုံ့ဆိုင်းခြင်းအလျင်း မရှိ..

နဲနဲလေးမှတောင် မပြောင်းလဲသွားဘူး ။ သူတို့ရဲ့ နှလုံးသားတွေကသာ ပြောင်းလဲသွားတာ ။

ဂျယ်ယွန်းကသာ ပြောင်းလဲသွားတာ ။

ဂျယ်ယွန်းက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ဆဲလ်သေးသေးလေးကအစ လုပ်ဆောင်ချက်တွေရပ်တန့်သွားသလို ခံစားချက်ကြောင့် နေရာမှာတင် ခဲဆွဲထားသလို ရပ်နေမိသည် ။

" ဂျယ်ယွန်း "

သူ့ရှေ့ကို လေလို အလျင်နဲ့ ချက်ချင်းရောက်လာတဲ့ ဆောင်ဟွန်းရဲ့ အသံက တကယ်ကိုမှ တိုးလျလျလေး ထွက်လာသည် ။ သူ့မျက်စိရှေ့မှာ ဂျယ်ယွန်းကို တွေ့နေရတာကို မယုံနိုင်သလိုမျိုး ။ ခြေလှမ်းလေးလှမ်းစာလောက်ပဲ လှမ်းခဲ့ပေမဲ့ မိုင်တွေ အများကြီး ပြေးလာခဲ့ရတဲ့ လူလိုမျိုး ။

" အင်း ဆောင်ဟွန်း , မတွေ့တာကြာပြီပဲ "

ဂျယ်ယွန်းကတော့ ဆောင်ဟွန်းနှင့် ခြားနားစွာ အခြေအနေကို တည်တည်ငြိမ်ငြိမ်နှင့် တုံ့ပြန်သည်။ မကြာခင် အသက်သုံးဆယ်ပြည့်တော့မဲ့ ယောကျာ်းတစ်ယောက်ဟာ ထိုမျှမှ မတည်ငြိမ်နိုင်ရိုးလား ။

" အင်း....  သုံးနှစ်ကျော်ကျော်လောက် ရှိတော့မယ်ထင်တယ် "

ဆောင်ဟွန်းဆီမှ လေးပင်စွာထွက်လာတဲ့ စကားကို ဂျယ်ယွန်းက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ပြောစရာစကားမရှိတော့တဲ့လူလိုမျိုး ခပ်ပြုံးပြုံးသာတုံ့ပြန်သည် ။

သူရင်းနှီးခဲ့ဖူးတဲ့ ဆေးကျောင်းသား ဆရာဝန် ပေါက်စလေးက အရင်ကထပ် အများကြီး ခန့်ညားလာတာပဲဆိုတဲ့ အတွေးက ဂျယ်ယွန်း ဦးနှောက်ထဲမယ် လောလောဆယ် တွေးနေမိတဲ့ အရာဖြစ်သည် ။

တစ်ဖက်မှာ ဆောင်ဟွန်းကတော့ ခပ်မတ်မတ်ရပ်နေပေမဲ့ အချိန်မရွေး ပြိုလဲကျသွားတော့မဲ့ လူတစ်ယောက်လိုမျိုး အားအင်ချည့်နဲ့ လာသည် ။

သူ့ရှေ့မှာ ရပ်ပြီး သူစိမ်းဆန်စွာ ရှောင်ထွက်သွားချင်နေတဲ့ ကောင်လေးကိုကြည့်ပြီး ရင်ထဲတွင် လှိုက်၍ ဝမ်းနည်းလာသည် ။ သူ ဘယ်လောက်တောင်မှ လွမ်းခဲ့ရတဲ့ ကောင်လေးမို့လို့လဲ ။ သူ ဘယ်လောင်တောင်မှ ချစ်ခဲ့ရတဲ့ ကောင်လေးမို့လို့လဲ ။ သူ ဘယ်လောက်တောင်မှ... ။

ရှုထုတ်လိုက်တဲ့ လေနဲ့အတူ သူ့ကမ္ဘာတစ်ခြမ်းလေးက အနားက ပြန်ပျောက်ကွယ်သွားမှာဆိုး၍ အသက်ကိုအောင့်ကာ လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည် ။

ဖြစ်နိုင်ရင် မျက်စိရှေ့က အသည်းညှာလေးကို ရင်ခွင်ထဲ ထည့်၍ တင်းကျပ်စွာ ဖက်ထားလိုက်ချင်ပါသည်။ ဂျယ်ယွန်းရဲ့ ခေါင်းကို ဖွဖွကိုင်၍ သူမြတ်နိုးတဲ့ မျက်နှာ နုနုပေါ်မှာ အနမ်းစိပ်စိပ်တွေ ကြဲပစ်ချင်သည် ။ ဆံပင်အုပ်အုပ်ကလေးကို နစ်ဝင်သွားအောင်နမ်းရင် လွမ်းရတဲ့အကြောင်းတွေကိုလည်း မမောမပန်းပြောပြချင်သည်။

"မောင် တောင်းပန်ပါတယ် " ဆိုတဲ့ စကားကို အထပ်ထပ်ပြောပြီး သူ့ဘေးကို ပြန်လာပေးဖို့ အရှက်မဲ့စွာနဲ့ အတ္တဆန်ဆန် တောင်းဆိုချင်သေးသည်။

ဒါပေမဲ့ လွမ်းရလွန်းလို့ ရူးသွားတော့မှာပဲဆိုတဲ့ အပ်ကြောင်းထပ်နေတဲ့ စကားသံဟာ ဆောင်ဟွန်းနှုတ်မှ မထွက်လာ ။ အံကိုတင်းတင်းကြိတ်ထားရင်း မေးရိုးတွေက နာကျင်လာရသည် ။ ရင်ဘတ်ထဲမှာ ပြည့်ကျပ်၍ ပေါက်ကွဲထွက်လာတော့မလို အခြေအနေမှာ ဆောင်ဟွန်းရဲ့ မျက်နှာက ရဲ၍တက်လာသည် ။

" ဆောင်ဟွန်း ငါ သွားစရာလေးရှိလို့ - "

" မောင်နဲ့ စကားပြောရအောင် "

" ဆောင်ဟွန်း !! "

ရုတ်တရက် သူ့ကိုယ်သူ မောင်လို့သုံး၍ပြောလာတဲ့ ဆောင်ဟွန်းကြောင့် ဂျယ်ယွန်း ရင်ထဲထိတ်ခနဲ ။ ဆောင်ဟွန်းက အခြေအနေတွေကို ဘယ်လို လက်ခံထားလဲ မသိပေမဲ့ ဂျယ်ယွန်း အတွက်ကတော့ ဒေါသကို မီးလာမြှိုက်တာနဲ့တူသည် ။

ဘေးနားက ဖြတ်သွားတဲ့ နာစ့်မလေးတွေနှင့် လူနာအချို့ကတော့ အသိမိတ်ဆွေနှစ်ယောက်ရဲ့ စကားဝိုင်းလို့ပဲ သတ်မှတ်လေသလား ။ ဂျယ်ယွန်းကတော့ ထိုကဲ့သို့သော သတ်မှတ်မှုကိုပင် မလိုချင်။ ဆောင်ဟွန်းကို သူပြောစရာစကားလည်း မရှိတာကြောင့် ဘာမှမဖြစ်ခဲ့သလိုမျိုး ကျော်သွားရန်သာ ဆုံးဖြတ်ခဲ့သည် ။

" ဂျယ်ယွန်း မောင့်ကို ကြည့်ပါအုံး "

ကျော်ကာ သွားတော့မဲ့ သူ့ကို လက်ကောက်ဝတ်အထိလာဆွဲ၍ တားတဲ့ ဆောင်ဟွန်းက တအားရဲတင်းနေသည် ။ ထူးဆန်းနေတဲ့ အနေအထားတွေကြောင့် ကောင်တာက နာစ့်မလေးတွေရဲ့ အကြည့်ကလည်း သူတို့ဆီရောက်လာတော့သည် ။

ပတ်ဆောင်ဟွန်းက ရူးများသွားတာလား ။ ဘယ်တုန်းက ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို လျစ်လျူရှုတတ်သွားတာလဲ ။

" ဆောင်ဟွန်း ဖယ် "

ဂျယ်ယွန်း ခပ်ကြိတ်ကြိတ်အသံနဲ့ ပြော၍ စူးစူးရဲရဲ ပြန်စိုက်ကြည့်တာတောင် ဆောင်ဟွန်းက သူ့လက်ကို မလွှတ်ပေး ။ ဆောင်ဟွန်းရဲ့လက်ဖဝါးနဲ့ ထိတွေ့နေတဲ့ လက်နားက အေးစက်စက် အရာလေးကို ခံစားမိတဲ့အချိန်မှာတော့ ဂျယ်ယွန်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေက ပြောင်းပြန်စီးသွားသလို ခံစားရသည် ။

ပတ်ဆောင်ဟွန်းက ဦးနှောက်မရှိတဲ့ အရူးကောင်ပဲ ။ ဘယ်သူက ရည်းစားဟောင်းရဲ့ စေ့စပ်လက်စွပ်ကို သုံးနှစ်ကြာတဲ့ အထိစွပ်ထားလို့လဲ။

ဂျယ်ယွန်းက ဆောင်ဟွန်းရဲ့ လက်သူကြွယ်ကို စိုက်ကြည့်နေတော့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ ဆောင်ဟွန်းရဲ့ လက်တွေက တဖြည်းဖြည်း အားလျော့သွားသည် ။

ဂျယ်ယွန်းရင်ထဲမှာဖြစ်တည်နေတဲ့ အစိုင်အခဲရဲ့ ထုထည်ကတော့ ပိုမို ကြီးထွားလာသည်။ မျက်ခမ်းစပ်တွေလည်း နီလာသောကြောင့် တုန်ရီနေတဲ့ ဆောင်ဟွန်းရဲ့ လက်ဖျားတွေမှာသာ မျက်တောင်ကို တဖြတ်ဖြတ် ခပ်ရင်း အကြည့်ကို ပို့ထားမိသည်။

မောင့်ကို သူမုန်းလိုက်တာ ။ ဂျယ်ယွန်း မောင့်ကို တကယ် မုန်းလိုက်တာ ။ မောင်လည်း သူ့ကို မုန်းနေမှာပဲဆိုတဲ့ စိတ်နဲ့ နေလာတဲ့ သူက ပထမဆုံးအကြိမ် အရူးလို ခံစားလာရသည် ။

မောင့် အတ္တတွေကို သူကြောက်သည် ။ မောင်က သူ့ကို သိပ်အထင်သေးသည် ။ မလွန်ဆန်နိုင်မှန်းသိ၍ အနိုင်လိုချင်နေတဲ့ ကလေးတစ်ယောက်လို မောင်က သူ့အပေါ် ပြုမူချင်သည် ။

" ငါသွားတော့မယ် ဂျုံဆောင်း စောင့်နေလိမ့်မယ် "

မသိမသာ တုန်ရီနေတဲ့ ဆောင်ဟွန်းရဲ့ လက်တွေက သက်ပြင်းချသံ အရှည်ကြီးရဲ့နောက်တော့ ဂျယ်ယွန်းရဲ့လက်ကို အပြီး လွှတ်ပေးလိုက်မိသည်။ လွန်ခဲ့တဲ့ သုံးနှစ်ကလိုမျိုး.. တူညီနေတဲ့ အခြေအနေမှာ နောက်တစ်ခေါက် ကျောခိုင်းသွားတော့မဲ့သူကို မသွားပါနဲ့လို့ ဆောင်ဟွန်း မတားမိ ။

ဂျယ်ယွန်းက သူ့ကို မထားသွားပါဘူးလို့ ယုံကြည်ပြီးတော့။ ဂျယ်ယွန်းက သူ့ကို အမြဲ ချစ်နေမှာလို့ ယုံကြည်ပြီးတော့ ။

ဂျယ်ယွန်းက သူ့ဆီကို အချိန်တန်ရင် ပြန်လာမှာပါလို့ ယုံကြည်ပြီးတော့ နေနေသေးတဲ့ ဆောင်ဟွန်းရဲ့ ခပ်နုတ်နုတ် အတွေးတွေကို မြင်နေရတဲ့ ကျောပြင်သေးသေးလေးက မှားကြောင်း သက်သေပြသည် ။

ဂျယ်ယွန်းက မောင့်ကို မချစ်တော့ဘူး ။

- a sky fulls of scars -



Zawgyi

အခန္း -.

" အကိုက ၾကည့္ေကာင္းလိုက္တာ "

ေဘးတိုက္ျမင္ေနရတဲ့ မ်က္ႏွာေခ်ာေခ်ာမွာ အခ်ိဳးက်ျမင့္မားတဲ့ ႏွာတံက ထင္း၍ေနသည္။ ၾကားေနရတဲ့ ျပင္သစ္စကားသံေတြကို တစ္လုံးစ ႏွစ္လုံးစသာ နားလည္ေပမဲ့ ထိုနီေစြးေစြး ႏႈတ္ခမ္းေတြရဲ႕ လႈပ္ရွားပုံေတြကိုေတာ့ နီခီ အစအဆုံးအလြတ္ရခ်င္သည္ ။

သူႏွင့္ အသက္ အေတာ္အတန္ကြာတဲ့ စီနီယာက ေဆာင္းဦးေပါက္ရာသီရဲ႕ ေနေရာင္ျခည္ခပ္ ေႏြးေႏြးေလးနဲ႔ ဆင္တူသည္ ။ စိတ္လိုလက္ရ ၿပဳံးလိုက္လို႔ ထိုႏႈတ္ခမ္းစြန္းေလးေတြ အေပၚကို ေကာ့တက္သြားခ်ိန္က တကယ္ကို လွသည္။

သို႔ေပမဲ့ စီနီယာ့ရဲ႕ ျပဇာတ္ေတြက ညဘက္သန္းေခါင္မွာ သည္းသည္းမည္းမည္း ႐ြာခ်လိုက္တဲ့ မိုးနဲ႔ တူသည္ ။ အိပ္မက္ဆိုးေတြနဲ႔ ဆင္တူၿပီး တစ္ခါတစ္ရံ ေအးစက္၍... တစ္ခါတစ္ရံေတာ့ ေျခာက္ျခားဖြယ္ေကာင္းျပန္သည္။ စီနီယာနဲ႔ လုံးလုံး မလိုက္ဖက္ေသာ္ညား ထိုျပဇာတ္ေတြနဲ႔သာ စီနီယာ့ကို တြဲဖက္ျမင္ရေလ့ရွိသည္ ။

ရွင္းမ္ဂ်ယ္ယြန္းက စာေပအႏုပညာေလာကမွာ နာမည္ႀကီးတဲ့ ျပဇာတ္ေရးဆရာတစ္ေယာက္ျဖစ္သည္ ။ လြန္ခဲ့တဲ့ တစ္ႏွစ္ကစ၍ ႐ုပ္ရွင္ ဇာတ္ၫႊန္းေတြအထိပါ ကမ္းလွမ္းခံခဲ့ရတဲ့ စီနီယာဟာ နီခီ့တို႔ရဲ႕ အႏုပညာဌာန မွာေတာ့ နာမည္ႀကီးသည့္ စီနီယာတစ္ဦးပင္ ။

ေမဂ်ာက သူငယ္ခ်င္းတစ္စု၏ ေကာင္းမႈႏွင့္ ျပဇာတ္တစ္ခုကို ေပေတေတ လိုက္ၾကည့္ခဲ့တဲ့ နီခီက ျပဇာတ္,ဇာတ္ေဆာင္ေတြေနာက္မွ ထြက္လာၿပီး အဆုံးသတ္ ေက်းဇူးတင္စကားေျပာေနခဲ့တဲ့ စီနီယာကို စတင္ သတိထားမိခဲ့တာျဖစ္ေလာက္မည္။

ထိုေနာက္ပိုင္းမွာ စီနီယာ့ေနာက္ကို တစ္ေကာက္ေကာက္လိုက္ရင္း မွတ္စုစာအုပ္တစ္အုပ္နဲ႔ စီနီယာ ဂ်ယ္ယြန္းလုပ္သမွ်ကို လိုက္မွတ္ေနတဲ့ နီခီက သူ႔ရဲ႕ စာတမ္းေတြအတြက္ မဟုတ္ပဲ စီနီယာနဲ႔ နီးစပ္ခ်င္လို႔ဆိုတာေတာ့ သူကိုယ္တိုင္ပဲ သိသည္ ။

အကိုဂ်ယ္ယြန္းက သေဘာေကာင္းေပမဲ့ မာနေတာ့ႀကီးေလသည္ ။ အခ်ိန္တိုင္းမဟုတ္ပဲ ၿပဳံးသင့္သေလာက္ပဲ ၿပဳံးတာေၾကာင့္ နီခီက အကိုရဲ႕ အၿပဳံးလွလွေတြကိုေတာ့ ေဖာေဖာသီသီျမင္ရေလ့မရွိ ။

ဒါေပမဲ့ အကိုက သူကိုယ္တိုင္ ေရးတဲ့ ျပဇာတ္ေတြရဲ႕ အဆုံးသတ္ခ်ိန္မွာေတာ့ ပရိသတ္ေတြနဲ႔ အတူတူ စင္ေအာက္ကေန စိတ္လိုလက္ရ ၿပဳံးတတ္သည္ , မ်က္လုံးအိမ္မွာ အရည္ၾကည္ေလးေတြ စုလာတဲ့အထိေလ ။

ဝမ္းနည္းစရာ ဇာတ္သိမ္းေတြကိုပဲ ေရးတတ္တဲ့ အကိုက ထိုဇာတ္သိမ္းေတြကို ၾကည့္ၿပီး ၿပဳံးတဲ့အခါနီခီက အကို႔ကို နားလည္ဖို႔ ခက္ေသးေၾကာင္း လက္ခံရသည္ ။

" နီခီ , နီခီ "

နီခီအသံၾကားလို႔ ၾကည့္လိုက္တဲ့အခ်ိန္မွာ အကိုက ျပဇာတ္႐ုံရဲ႕ ေလွကားေတြကေန သူ႔ဆီ တက္လာေနၿပီျဖစ္သည္ ။

" ဘာေတြ ေတြးေနတာလဲ "

" ဒီတိုင္း "

"ေက်ာင္းကိုျပန္မွာမလား အကိုလိုက္ပို႔ေပးရမလား"

" ဟုတ္ တူတူျပန္ၾကမယ္ေလ ။ "

"အိုေခ အိုေခ "

"ညေန- "

" ခနေနာ္ " ေဘာင္းဘီအိတ္ကပ္ထဲကေန ႐ုတ္တရက္ ျမည္လာတဲ့ စီနီယာ့ရဲ႕ ဖုန္းသံေၾကာင့္ ညေနစာ အတူတူစားဖို႔ေခၚရန္ စကားစကို နီခီ ခန ရပ္ထားရသည္။

စီနီယာနဲ႔ သိကြၽမ္းခဲ့တာ ရက္သတၱပတ္ ငါးပတ္ေလာက္ကို ေက်ာ္လာေပမဲ့ ရင္းႏွီးသင့္သေလာက္ မရင္းႏွီးတဲ့ အေျခအေနကို နီခီ့ စိတ္ထဲ ဘဝင္မက် ။ အကို ဂ်ယ္ယြန္းကို အခုထပ္ ပိုသိခ်င္သည္။ ေသခ်ာေပါက္ေတာ့ စီနီယာ ဂ်ဴနီယာ ဆက္ဆံေရးအေနနဲ႔ပဲေပါ့ ။

" ဟေရာင့္ မင္း "

ဂ်ယ္ယြန္းရဲ႕ စကားသံက က်ယ္သြားတာေၾကာင့္ နီခီရဲ႕ အာ႐ုံအလုံးစုံက ထိုဖုန္းေခၚမႈအေပၚ အျပည့္အဝေရာက္သြားရသည္။

" မင္း- ေတာ္ၿပီ ေတာ္ၿပီ ေဘးက ဆရာမကို ဖုန္းေပးလိုက္စမ္းပါ "

" ဆရာမ ကြၽန္ေတာ္အခု ေဆး႐ုံကို လာေနၿပီမလို႔ သူ႔ကို ဒီတိုင္း မလႈပ္ဖို႔ပဲ ေျပာေပးပါ ။ အိပ္ေဆးထိုးသင့္ရင္လည္း ထိုးထားလိုက္ပါ ဆရာမ..အဲ့ေကာင္က ေခါင္းမာတာမလို႔ "

" ဟုတ္ ေက်းဇူးပါခဗ် "

" ဘယ္သူ ဘာျဖစ္လို႔လဲ အကို "

" နီခီ့ကို အားနာလိုက္တာ အကိုေက်ာင္းကို ျပန္လိုက္မပို႔ႏိုင္ေတာ့ဘူးထင္တယ္။ ဂ်ဳံေဆာင္းက ဆိုင္ကယ္ေမွာက္ျပန္ၿပီ ဒီတခါလည္း "

အင္း စီနီယာက အကိုဂ်ဳံေဆာင္းနဲ႔ဆိုလည္း စိတ္လိုလက္ရ ၿပဳံးတတ္ေသးသည္ ။ ပတ္ဝန္းက်င္က ညီအကိုလို႔ သတ္မွတ္ထားတဲ့ မိသားစုလိုမ်ိဳး သူငယ္ခ်င္း ဆက္ဆံေရးျဖစ္သည္ ။ ဂ်ဳံေဆာင္းက စီနီယာ ဂ်ယ္ယြန္းမွာ ရွိတဲ့ တစ္ဦးတည္းေသာ မိသားစုဝင္လိုမ်ိဳး သံေယာဇဥ္ ျဖစ္သည္ ။

" မဟုတ္တာ အကိုရဲ႕ ကြၽန္ေတာ့္ကို အားမနာပါနဲ႔"

" အင္း ေနာက္အပတ္မွ ေတြ႕ၾကမယ္ေနာ္ ဒါဆို "

" ဟုတ္ကဲ့ "

" အဲ့ဒါဆို အကိုသြားၿပီ "

" ကြၽန္ေတာ္ေရာ ေဆး႐ုံကို အေဖာ္လိုက္ေပးရမလား "ဆိုတဲ့ အသုံးမဝင္သည့္ ေလာကြတ္စကားသံကေတာ့ အေတြးထဲမွာတင္ ရပ္တန႔္သြားသည္ ။ အကိုကေတာ့ ျပဇာတ္႐ုံအျပင္ဘက္ကို အေလာတႀကီး ထြက္သြားႏွင့္ၿပီျဖစ္သည္ ။





အခန္း - .

" ဂ်ဳံေဆာင္း "

ဂ်ယ္ယြန္းကေတာ့ စိတ္ပူၿပီး အေလာသုံးဆယ္ လာခဲ့ေပမဲ့ ေရာက္သြားေတာ့ လိုက္ကာေနာက္က သေကာင့္သားက ဘယ္ဖက္ေျခေထာက္မွာ ပက္တီးေဖြးေဖြးႏွင့္ ကုတင္ေပၚမွာ အခန႔္သား ။ ေဘးက ေဆးထုတ္ေပးေနတဲ့ နာစ့္မေလးကို ၿပီတီတီ႐ုပ္ႏွင့္ ကပ္ခြၽဲေနေသးသည္ ။

" ေဟ့ေကာင္ "

" အြန္း ဂ်ယ္ယြန္းနား "

ခ်က္ခ်င္း ငါးႏွစ္သားက အေဖကိုေတြ႕သလိုအခ်ိဳးမ်ိဳးေျပာင္းသြားတဲ့ ဂ်ဳံေဆာင္းကို ဂ်ယ္ယြန္း စိတ္ရွိလက္ရွိ နရင္းအုပ္ပစ္လိုက္ခ်င္သည္ ။ စိတ္ထက္ လက္ျမန္တဲ့ ဂ်ယ္ယြန္းက နရင္းလည္း ႏွစ္ခ်က္ အုပ္ၿပီးၿပီ ျဖစ္သည္ ။

" နာတယ္ အခ်စ္ကေလးရ "

" အပိုေတြမေျပာနဲ႔ .. မင္းကို ဆိုင္ကယ္မစီးဖို႔ မွာထားရဲ႕ သားနဲ႔ "

" ဟ ငါ့ဆိုင္က ေကာင္ေလးက ခြင့္ယူသြားတာကြ ၾကက္ေၾကာ္မပို႔ပဲ ပိုက္ဆံဘယ္လိုရွာမလဲ "

သူမ်ားၾကားရင္ ဂ်ဳံေဆာင္းဘဝက အီထယ္ဝန္မွာ ဆိုင္ခြဲ ႏွစ္ဆိုင္ရွိတဲ့ သူေဌးနဲ႔ မတူပဲ ၾကက္ေၾကာ္လိုက္ပို႔တဲ့ ဘဝသမားေလးနဲ႔ တူေနသည္ ။

" ဘာလို႔ ခြင့္ယူတာတဲ့လဲ..သူဒီလထဲ ပ်က္တာ သုံးခါေတာင္ ရွိေနၿပီ လစာျဖတ္လိုက္ "

" ဂ်ယ္ယြန္းရယ္ သူ႔အိမ္က ေၾကာင္မေလးက ကေလးေမြးလို႔တဲ့ေလ..သူလည္း အလုပ္ရႈပ္ရွာမွာေပါ့ "

နာ့စ္မေလးက မ်က္ႏွာပိုးသတ္၍ အျပင္သို႔ ခပ္သုတ္သုတ္ ထြက္သြားသည္ ။ လိုက္ကာကို ျပန္ဆြဲမပိတ္ခင္လည္း ခြီခနဲ ရယ္ခ်သံကိုလည္း ဂ်ယ္ယြန္းက ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးသည္ ။

" အဲ့ေတာ့ ေျခေထာက္က ဘယ္လိုျဖစ္တာလဲ.. ဆရာဝန္ေရာ ဘာေျပာေသးလဲ "

ဂ်ယ္ယြန္း ဘယ္လိုပဲ ဂ်ဳံေဆာင္းကို စိတ္ဆိုးဆိုး ေျပးၾကည့္မွ ဒီသူငယ္ခ်င္းေလး တစ္ေယာက္ရွိတာမို႔ အမွန္တကယ္ကို စိတ္ပူပါသည္ ။

ဂ်ဳံေဆာင္းက လြန္ခဲ့တဲ့ သုံးႏွစ္တုန္းက မေတာ္တဆ တစ္ခုေၾကာင့္ မ်က္လုံး ခြဲစိတ္ထားတာမို႔
ဆိုင္ကယ္ကိုယ္တိုင္ ေမာင္းဖို႔ဆိုတာ အလြန္အႏၲရယ္မ်ားတဲ့ ကိစၥတစ္ခုျဖစ္သည္ ။

" အ႐ြတ္ ၿပဲသြားတာတဲ့.. ႏွစ္ပတ္ေလာက္ နားရင္ သက္သာသြားမယ္ထင္တယ္ "

" အဲ့ဒါဆို ဒီအပတ္ အီထယ္ဝန္က ဆိုင္ေတြကို မင္းမသြားနဲ႔ေတာ့.. ငါ ဂြၽန္းေလး ကို ဖုန္းဆက္ထားလိုက္မယ္ "

" အင္းပါ မသြားေတာ့ဘူး.. ႏွစ္ပတ္လုံး အခ်စ္ကေလး စာေရးတဲ့ နားမွာပဲ ကပ္ၿပီးေနေတာ့မယ္..ေနာ္ "

" ေၾကာင္လိုေကာင္ "

ထိုသို႔ေျပာလည္း ဂ်ဳံေဆာင္းကေတာ့ စပ္ၿဖီးၿဖီးႏွင့္ ။ ေမးေစ့နားက ပြန္းပဲ့ရာႏွင့္ ေျခေထာက္မွာသာ ပတ္တီးမစီးထားရင္ ဆိုင္ကယ္ေမွာက္ထားသည့္သူႏွင့္ စိုးစဥ္မွ် မတူေပ ။

" အဲ့ေတာ့ ဆရာဝန္ေရာ ငါေတြ႕ဖို႔လိုေသးလား ဘာေတြမွာသြားေသးလဲ "

" မလိုဘူးထင္ပါတယ္ ခုနက နာစ့္မေလးကို အကုန္မွာသြားတာပဲ ေကာင္တာမွာ ျပန္ေမးလိုက္ "

" ၿပီးေရာ ၿပီးေရာ.. အခုေတာ့ ၿငိမ္ၿငိမ္ေနခဲ့ ငါ ဝွီးခ်ဲသြားယူလိုက္အုံးမယ္ ဒီညေန ေဆး႐ုံဆင္းလို႔ အဆင္ေျပတယ္မလား "

" အင္း " ဒီတခါေတာ့ ဂ်ဳံေဆာင္းက သူ႔ကို ေမာ့ပင္မၾကည့္ေတာ့ ။ ဖုန္းစခရင္ေပၚမွာ လက္ေတြေျပးလႊားရင္း ဂိမ္းေဆာ့ေနၿပီ ျဖစ္သည္ ။

" တတ္လည္းတတ္ႏိုင္တဲ့ ေကာင္ "

ပါးစပ္က ခပ္တိုးတိုးသာေရ႐ြတ္၍ ဂ်ယ္ယြန္း လိုက္ကာစကို ျပန္ဆြဲပိတ္ရင္း ေကာင္တာဖက္ကို ထြက္လာခဲ့သည္။

ဂ်ယ္ယြန္း ေအးေဆးေနျခင္းက သူေရာက္ေနတာ အ႐ိုးအထူးကု ဌာနမွန္း လုံးလုံး သတိမထားမိတာေၾကာင့္ ျဖစ္ပါလိမ့္မည္ ။


အခန္း - .

Dr. Park Sunghoon ( M.D )
Osteopathic medicine degree (D.O.)

ေကာင္တာသို႔ လွမ္းလာရင္းနဲ႔ နံရံေပၚမွာေတြ႕တဲ့ နာမည္ဘုတ္မ်ားစြာထဲမွာ ရင္းႏွီးေနတဲ့ နာမည္တစ္ခုေၾကာင့္ ဂ်ယ္ယြန္းရဲ႕ ကမာၻငယ္ လည္ပတ္ေနျခင္းက ေခတၱမွ်ရပ္တန႔္သြားသည္။

မ်က္ဝန္းအိမ္ထဲမွ မ်က္ဆံနက္နက္က က်ယ္သြားျခင္းနဲ႔ အတူ ရင္ထဲတြင္လည္း ေနသားက်ေနၿပီးသား စိတ္ခံစားခ်က္တစ္ခ်ိဳ႕က ျပန္လည္ သက္ဝင္လာသလို ခံစားရသည္။

ပတ္ေဆာင္ဟြန္းက တကယ္ကို အ႐ိုးအထူးကု ဆရာ
ဝန္တစ္ေယာက္ ျဖစ္လာခဲ့တာပဲ.. သူ႔အိပ္မက္ေတြအတိုင္း တစ္ထပ္ထဲေလ ။

ဂ်ယ္ယြန္းကိုယ္တိုင္လည္း ဒီအပိုင္းအျခား တစ္ေလွ်ာက္လုံး သူ႔အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေနခဲ့တာပါပဲ ။ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာရွိတဲ့ ျပဇာတ္႐ုံက သူ႔ရဲ႕ အလုပ္ေလွ်ာက္လႊာကို လက္မခံေသးတာက လြဲရင္ေပါ့ ။

သူတို႔ ႏွလုံးသားေတြ အရင္းအႏွီးျပဳၿပီး အလဲအထပ္လုပ္ထားတာက တကယ္ကို အလကားမျဖစ္သြားဘူးပဲ။

အကယ္၍ အလကားျဖစ္သြားခဲ့ရင္ ဂ်ယ္ယြန္း သူ႔ကိုယ္သူ ခြင့္လႊတ္လိမ့္မွာမဟုတ္ဘူး ။ အခု အဆင္ေျပေျပရွိေနတဲ့ ဘဝေလးက ဂ်ယ္ယြန္းအတြက္ေတာ့ အလြန္ ေက်နပ္စရာေကာင္းပါသည္ ။ ရင္ဘတ္ထဲက ဟာတာတာ ျဖစ္ေနတဲ့ ခံစားခ်က္ကိုေတာ့ အေရးမပါဘူးဟုပဲ သူယူဆခ်င္သည္။

အေရွ႕ကို ျပန္လွည့္ၿပီး ဆက္သြားမဲ့ ေျခလွမ္းေတြက သူ႔ကို ေကာ္ရစ္တာမွာ ေငးၾကည့္ေနတဲ့ မ်က္လုံးဝိုင္းေတြနဲ႔ ဆုံၿပီး ေနာက္တစ္ႀကိမ္ရပ္တန႔္သြားရသည္ ။

အိုး ဘုရားသခင္ရယ္ သူအဆင္သင့္မျဖစ္ေသးပါဘူး..

ျပင္ဆင္မထားတဲ့ အေျခအေနမွာ ေနာက္တစ္ႀကိမ္အေနနဲ႔ ျပန္လည္ဆုံေတြ႕ျခင္းက ဂ်ယ္ယြန္းရင္ထဲတြင္ ထုထည္ႀကီးမားသည့္ အစိုင္အခဲတစ္ခုအေနနဲ႔ ဝင္ေရာက္ျဖစ္တည္သည္ ။

" ဂ်ယ္.. "

ပတ္ေဆာင္ဟြန္းက လြန္ခဲ့တဲ့ႏွစ္ေတြကလိုမ်ိဳး သူ႔ဆီကို ေျခလွမ္းက်ဲေတြႏွင့္ လွမ္းလာသည္ ။ ေတြေဝတုံ႔ဆိုင္းျခင္းအလ်င္း မရွိ..

နဲနဲေလးမွေတာင္ မေျပာင္းလဲသြားဘူး ။ သူတို႔ရဲ႕ ႏွလုံးသားေတြကသာ ေျပာင္းလဲသြားတာ ။

ဂ်ယ္ယြန္းကသာ ေျပာင္းလဲသြားတာ ။

ဂ်ယ္ယြန္းက ခႏၶာကိုယ္တစ္ခုလုံးမွာ ရွိတဲ့ ဆဲလ္ေသးေသးေလးကအစ လုပ္ေဆာင္ခ်က္ေတြရပ္တန႔္သြားသလို ခံစားခ်က္ေၾကာင့္ ေနရာမွာတင္ ခဲဆြဲထားသလို ရပ္ေနမိသည္ ။

" ဂ်ယ္ယြန္း "

သူ႔ေရွ႕ကို ေလလို အလ်င္နဲ႔ ခ်က္ခ်င္းေရာက္လာတဲ့ ေဆာင္ဟြန္းရဲ႕ အသံက တကယ္ကိုမွ တိုးလ်လ်ေလး ထြက္လာသည္ ။ သူ႔မ်က္စိေရွ႕မွာ ဂ်ယ္ယြန္းကို ေတြ႕ေနရတာကို မယုံႏိုင္သလိုမ်ိဳး ။ ေျခလွမ္းေလးလွမ္းစာေလာက္ပဲ လွမ္းခဲ့ေပမဲ့ မိုင္ေတြ အမ်ားႀကီး ေျပးလာခဲ့ရတဲ့ လူလိုမ်ိဳး ။

" အင္း ေဆာင္ဟြန္း , မေတြ႕တာၾကာၿပီပဲ "

ဂ်ယ္ယြန္းကေတာ့ ေဆာင္ဟြန္းႏွင့္ ျခားနားစြာ အေျခအေနကို တည္တည္ၿငိမ္ၿငိမ္ႏွင့္ တုံ႔ျပန္သည္။ မၾကာခင္ အသက္သုံးဆယ္ျပည့္ေတာ့မဲ့ ေယာက်ာ္းတစ္ေယာက္ဟာ ထိုမွ်မွ မတည္ၿငိမ္ႏိုင္႐ိုးလား ။

" အင္း....  သုံးႏွစ္ေက်ာ္ေက်ာ္ေလာက္ ရွိေတာ့မယ္ထင္တယ္ "

ေဆာင္ဟြန္းဆီမွ ေလးပင္စြာထြက္လာတဲ့ စကားကို ဂ်ယ္ယြန္းက ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း ေျပာစရာစကားမရွိေတာ့တဲ့လူလိုမ်ိဳး ခပ္ၿပဳံးၿပဳံးသာတုံ႔ျပန္သည္ ။

သူရင္းႏွီးခဲ့ဖူးတဲ့ ေဆးေက်ာင္းသား ဆရာဝန္ ေပါက္စေလးက အရင္ကထပ္ အမ်ားႀကီး ခန႔္ညားလာတာပဲဆိုတဲ့ အေတြးက ဂ်ယ္ယြန္း ဦးေႏွာက္ထဲမယ္ ေလာေလာဆယ္ ေတြးေနမိတဲ့ အရာျဖစ္သည္ ။

ေဆာင္ဟြန္းကေတာ့ ခပ္မတ္မတ္ရပ္ေနေပမဲ့ အခ်ိန္မေ႐ြး ၿပိဳလဲက်သြားေတာ့မဲ့ လူတစ္ေယာက္လိုမ်ိဳး အားအင္ခ်ည့္နဲ႔ လာသည္ ။

သူ႔ေရွ႕မွာ ရပ္ၿပီး သူစိမ္းဆန္စြာ ေရွာင္ထြက္သြားခ်င္ေနတဲ့ ေကာင္ေလးကိုၾကည့္ၿပီး ရင္ထဲတြင္ လႈိက္၍ ဝမ္းနည္းလာသည္ ။ သူ ဘယ္ေလာက္ေတာင္မွ လြမ္းခဲ့ရတဲ့ ေကာင္ေလးမို႔လို႔လဲ ။ သူ ဘယ္ေလာင္ေတာင္မွ ခ်စ္ခဲ့ရတဲ့ ေကာင္ေလးမို႔လို႔လဲ ။

ရႈထုတ္လိုက္တဲ့ ေလနဲ႔အတူ သူ႔ကမာၻတစ္ျခမ္းေလးက အနားက ျပန္ေပ်ာက္ကြယ္သြားမွာဆိုးလို႔ အသက္ကိုေအာင့္ကာ လက္သီးကို က်စ္က်စ္ဆုပ္ထားမိသည္ ။

ျဖစ္ႏိုင္ရင္ မ်က္စိေရွ႕က အသည္းညႇာေလးကို ရင္ခြင္ထဲ ထည့္၍ တင္းက်ပ္စြာ ဖက္ထားလိုက္ခ်င္ပါသည္။ ဂ်ယ္ယြန္းရဲ႕ ေခါင္းကို ဖြဖြကိုင္၍ သူျမတ္ႏိုးတဲ့ မ်က္ႏွာ ႏုႏုေပၚမွာ အနမ္းစိပ္စိပ္ေတြ ႀကဲပစ္ခ်င္သည္ ။ ဆံပင္အုပ္အုပ္ကေလးကို နစ္ဝင္သြားေအာင္နမ္းရင္ လြမ္းရတဲ့အေၾကာင္းေတြကိုလည္း မေမာမပန္းေျပာျပခ်င္သည္။

"ေမာင္ ေတာင္းပန္ပါတယ္ " ဆိုတဲ့ စကားကို အထပ္ထပ္ေျပာၿပီး သူ႔ေဘးကို ျပန္လာေပးဖို႔ အရွက္မဲ့စြာနဲ႔ အတၱဆန္ဆန္ ေတာင္းဆိုခ်င္ေသးသည္။

လြမ္းရလြန္းလို႔ ႐ူးသြားေတာ့မွာပဲဆိုတဲ့ အပ္ေၾကာင္းထပ္ေနတဲ့ စကားသံဟာ ေဆာင္ဟြန္းႏႈတ္မွ မထြက္လာ ။ အံကိုတင္းတင္းႀကိတ္ထားရင္း ေမး႐ိုးေတြက နာက်င္လာရသည္ ။ ရင္ဘတ္ထဲမွာ ျပည့္က်ပ္၍ ေပါက္ကြဲထြက္လာေတာ့မလို အေျခအေနမွာ ေဆာင္ဟြန္းရဲ႕ မ်က္ႏွာက ရဲ၍တက္လာသည္ ။

" ေဆာင္ဟြန္း ငါ သြားစရာေလးရွိလို႔ - "

" ေမာင္နဲ႔ စကားေျပာရေအာင္ "

" ေဆာင္ဟြန္း "

႐ုတ္တရက္ သူ႔ကိုယ္သူ ေမာင္လို႔သုံး၍ေျပာလာတဲ့ ေဆာင္ဟြန္းေၾကာင့္ ဂ်ယ္ယြန္း ရင္ထဲထိတ္ခနဲ ။ ေဆာင္ဟြန္းက အေျခအေနေတြကို ဘယ္လို လက္ခံထားလဲ မသိေပမဲ့ ဂ်ယ္ယြန္း အတြက္ကေတာ့ ေဒါသကို မီးလာျမႇိဳက္တာနဲ႔တူသည္ ။

ေဘးနားက ျဖတ္သြားတဲ့ နာစ့္မေလးေတြႏွင့္ လူနာအခ်ိဳ႕ကေတာ့ အသိမိတ္ေဆြႏွစ္ေယာက္ရဲ႕ စကားဝိုင္းလို႔ပဲ သတ္မွတ္ေလသလား ။ ဂ်ယ္ယြန္းကေတာ့ ထိုကဲ့သို႔ေသာ သတ္မွတ္မႈကိုပင္ မလိုခ်င္။ ေဆာင္ဟြန္းကို သူေျပာစရာစကားလည္း မရွိတာေၾကာင့္ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ေက်ာ္သြားရန္သာ ဆုံးျဖတ္ခဲ့သည္ ။

" ဂ်ယ္ယြန္း ေမာင့္ကို ၾကည့္ပါအုံး "

ေက်ာ္ကာ သြားေတာ့မဲ့ သူ႔ကို လက္ေကာက္ဝတ္အထိလာဆြဲ၍ တားတဲ့ ေဆာင္ဟြန္းက တအားရဲတင္းေနသည္ ။ ထူးဆန္းေနတဲ့ အေနအထားေတြေၾကာင့္ ေကာင္တာက နာစ့္မေလးေတြရဲ႕ အၾကည့္ကလည္း သူတို႔ဆီေရာက္လာေတာ့သည္ ။

ပတ္ေဆာင္ဟြန္းက ႐ူးမ်ားသြားတာလား ။ ဘယ္တုန္းက ပတ္ဝန္းက်င္ရဲ႕ အျမင္ေတြကို လ်စ္လ်ဴရႈတတ္သြားတာလဲ ။

" ေဆာင္ဟြန္း ဖယ္ "

ဂ်ယ္ယြန္း ခပ္ႀကိတ္ႀကိတ္အသံနဲ႔ ေျပာ၍ စူးစူးရဲရဲ ျပန္စိုက္ၾကည့္တာေတာင္ ေဆာင္ဟြန္းက သူ႔လက္ကို မလႊတ္ေပး ။ ေဆာင္ဟြန္းရဲ႕လက္ဖဝါးနဲ႔ ထိေတြ႕ေနတဲ့ လက္နားက ေအးစက္စက္ အရာေလးကို ခံစားမိတဲ့အခ်ိန္မွာေတာ့ ဂ်ယ္ယြန္းရဲ႕ ခႏၶာကိုယ္မွာရွိတဲ့ ေသြးေတြက ေျပာင္းျပန္စီးသြားသလို ခံစားရသည္ ။

ပတ္ေဆာင္ဟြန္းက ဦးေႏွာက္မရွိတဲ့ အ႐ူးေကာင္ပဲ ။ ဘယ္သူက ရည္းစားေဟာင္းရဲ႕ ေစ့စပ္လက္စြပ္ကို သုံးႏွစ္ၾကာတဲ့ အထိစြပ္ထားလို႔လဲ။

ဂ်ယ္ယြန္းက ေဆာင္ဟြန္းရဲ႕ လက္သူႂကြယ္ကို စိုက္ၾကည့္ေနေတာ့ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားတဲ့ ေဆာင္ဟြန္းရဲ႕ လက္ေတြက တျဖည္းျဖည္း အားေလ်ာ့သြားသည္ ။

ဂ်ယ္ယြန္းရင္ထဲမွာျဖစ္တည္ေနတဲ့ အစိုင္အခဲရဲ႕ ထုထည္ကေတာ့ ပိုမို ႀကီးထြားလာသည္။ မ်က္ခမ္းစပ္ေတြလည္း နီလာေသာေၾကာင့္ တုန္ရီေနတဲ့ ေဆာင္ဟြန္းရဲ႕ လက္ဖ်ားေတြမွာသာ မ်က္ေတာင္ကို တျဖတ္ျဖတ္ ခပ္ရင္း အၾကည့္ကို ပို႔ထားမိသည္။

ေမာင့္ကို သူမုန္းလိုက္တာ ။ ဂ်ယ္ယြန္း ေမာင့္ကို တကယ္ မုန္းလိုက္တာ ။ ေမာင္လည္း သူ႔ကို မုန္းေနမွာပဲဆိုတဲ့ စိတ္နဲ႔ ေနလာတဲ့ သူက ပထမဆုံးအႀကိမ္ အ႐ူးလို ခံစားလာရသည္ ။

ေမာင့္ အတၱေတြကို သူေၾကာက္သည္ ။ ေမာင္က သူ႔ကို သိပ္အထင္ေသးသည္ ။ မလြန္ဆန္ႏိုင္မွန္းသိ၍ အႏိုင္လိုခ်င္ေနတဲ့ ကေလးတစ္ေယာက္လို ေမာင္က သူ႔အေပၚ ျပဳမူခ်င္သည္ ။

" ငါသြားေတာ့မယ္ ဂ်ဳံေဆာင္း ေစာင့္ေနလိမ့္မယ္ "

မသိမသာ တုန္ရီေနတဲ့ ေဆာင္ဟြန္းရဲ႕ လက္ေတြက သက္ျပင္းခ်သံ အရွည္ႀကီးရဲ႕ေနာက္ေတာ့ ဂ်ယ္ယြန္းရဲ႕လက္ကို အၿပီး လႊတ္ေပးလိုက္မိသည္။ လြန္ခဲ့တဲ့ သုံးႏွစ္ကလိုမ်ိဳး.. တူညီေနတဲ့ အေျခအေနမွာ ေနာက္တစ္ေခါက္ ေက်ာခိုင္းသြားေတာ့မဲ့သူကို မသြားပါနဲ႔လို႔ ေဆာင္ဟြန္း မတားမိ ။

ဂ်ယ္ယြန္းက သူ႔ကို မထားသြားပါဘူးလို႔ ယုံၾကည္ၿပီးေတာ့။ ဂ်ယ္ယြန္းက သူ႔ကို အၿမဲ ခ်စ္ေနမွာလို႔ ယုံၾကည္ၿပီးေတာ့ ။

ဂ်ယ္ယြန္းက သူ႔ဆီကို အခ်ိန္တန္ရင္ ျပန္လာမွာပါလို႔ ယုံၾကည္ၿပီးေတာ့ ေနေနေသးတဲ့ ေဆာင္ဟြန္းရဲ႕ ခပ္ႏုတ္ႏုတ္ အေတြးေတြကို ျမင္ေနရတဲ့ ေက်ာျပင္ေသးေသးေလးက မွားေၾကာင္း သက္ေသျပသည္ ။

ဂ်ယ္ယြန္းက ေမာင့္ကို မခ်စ္ေတာ့ဘူး ။

- a sky fulls of scars -

Continue Reading

You'll Also Like

597K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
2K 306 6
Could you give me 100% ? ≧∀≦ _Completed_ Park Gunwook & Zhang Hao | Fanfiction |
1.1K 123 7
ရက်စက်ကြမ်းတမ်းလှပါသော ဘ၀တံတားရယ် အကျွန်ုပ်၏ စိတ်ဝိဉာဉ်အစုံကိုလွတ်မြောက်ခွင့် ပေးလိုက်ပါလော့။ OTP-HOONKI The Devil's bridge ဆိုတာလေးကိုဖတ်မိပြီး စိ...
407K 26.5K 34
#zawgyi ညီမရဲ့ဒုတိယေျမာက္fic‌ေလးကိုအား‌ေပးျကပါဦး‌ေနာ္၊😘 Top 1 ဆိုတဲ့အဖြဲ႔နဲ႔ king ဆိုတဲ့အဖြဲ ့ႏွစ္ဖြဲ႔ ရိွတယ္။ အဲ့အဖြဲ႔ရဲ့ေခါင္းေဆာင္ေတြကေတာ့ yibo...