Unicode
"မမလေးအခုလိုရောက်လာမယ်လို့ မထင်ထားဘူး။ ဘယ်ကဘယ်လိုဖြစ်ပြီးတော့…"
"ခအီ ေ-သသွားပြီကြားကြားချင်း လာခဲ့တာ။ အဲ့ဒီမေးခွန်းက ငါကပြန်မေးရမှာပါ ခအို။
မင်းကိစ္စတွေအများကြီး
ငါ့ကိုဖုံးကွယ်ထားခဲ့တာ"
"ဟို… ကျွန်တော်က"
"မင်းလိမ်မနေနဲ့ ! "
စူးခနဲဖြစ်သွားတဲ့အော်သံနဲ့အတူ ခအို ဘက်လှည့်လာတဲ့အမျိုးသမီးရဲ့လှပတဲ့မျက်နှာက ဒေါသကြောင့်ခက်ထန်နေသည်။
လက်တစ်ဖက်ကခါးကိုထောက်ကာ အနက်ရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်၍ အရိုင်းဆန်စွာလှပနေတဲ့အမျိုးသမီးပင်တည်း။
"ခအို ။ ကျွန်မသာမသိခဲ့ရင် ရှင်ဘယ်အချိန်ထိ အဲ့ဒီကလေးအသက်ရှိနေတာကို ဖုံးကွယ်ထားအုံးမှာလဲ"
"ကျွန်တော်တောင်းပန်ပါတယ်။ မမလေးကိုလည်း ဘယ်မှာရှာရမလည်းမသိလို့ပါ"
Lightစံအိမ်ရဲ့ သခင်ကြီးကိုယ်တိုင် အမွေဖြတ်ခဲ့သည့်မမလေး ယူအာကို က နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေခဲ့ကာ… သခင်ကြီး၊သခင်မလေး၊မမလေးယူကီကိုတို့ သေဆုံးသွားချိန်မှာတောင်ရောက်မလာခဲ့တဲ့သူပင်။ မွေးစားသမီးမို့ အမွေတွေနှင့်မသက်ဆိုင်တဲ့အတွက် ယူအာကို ကိုသူတို့မေ့လျော့နေခဲ့သလို အမွေဆက်ခံသူသွေးသားရင်းဖြစ်တဲ့ မြေးဖြစ်သူ သခင်မလေးရုဒါအို(ယခု ရေချယ်လင်းသိုက်) ကိုသာ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
"ခအို ။ ငါ့ကို Lightစံအိမ်နဲ့မသက်ဆိုင်တော့ဘူးလို့ မင်းသတ်မှတ်လို့ရတယ်။ဒါပေမဲ့ အခု မမရဲ့ သွေးသားအသက်ရှင်နေသေးတာကို အသိမပေးတာလွန်တယ်မထင်ဘူးလား"
"မမလေးကို ဘယ်မှာလိုက်ရှာရမှန်းမသိဘူးလို့ ကျုပ်ပြောခဲ့တယ်လေ"
"မင်း အခု ! "
"တောင်းပန်ပါတယ်။အပြစ်တင်တဲ့စကား မဟုတ်ပါဘူး"
"မင်းအခု ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ။ တူမလေးကိုတွေ့ပြီလား"
"မတွေ့သေးပါဘူး"
"ငါရော… ငါလည်းကူညီချင်တယ် ခအို။ Lightစံအိမ်ရဲ့ မျိုးဆက်ကို ငါလည်းရှာပေးချင်တယ်"
"မမလေးအကူအညီကို မလိုပါဘူး"
"မင်းတို့လိုအပ်နေတဲ့အကူအညီကို ငါလည်းပေးနိုင်မှာပါခအို။မျိုးဆက်ပြတ်မှာကို မင်းလည်းအလိုမရှိဘူးမဟုတ်လား"
မျိုးနွယ်စုစည်းကမ်းတွေအရ ပထမဆက်ခံသူ
သေဆုံးပြီး နောက်ထပ်ဆက်ခံသူကို 18နှစ်အတွင်း အမွေအနှစ်အားလုံးပေးအပ်ရမည်။ အကယ်၍ မပေးနိုင်ခဲ့လျှင် ထိုဆက်ခံသူက ဘယ်တော့မှ အမွေဆက်ခံခွင့်ရှိတော့မည်မဟုတ် ဆိုတဲ့ စည်းကမ်းရှိလေသည်။အခုဆိုရင် သခင်မလေးရုဒါအို ပျောက်ဆုံးနေခဲ့တာ 17နှစ်တင်းတင်းပြည့်ပြီမို့ နောက်ထပ်တစ်နှစ်အတွင်းရှာမတွေ့ခဲ့လျှင် အမွေတွေကို ဘယ်သူကမျှပိုင်ဆိုင်ခွင့်ရှိမည်မဟုတ်ပါ။
မမလေးယူအာကိုဟာလည်း မွေးစားသမီးမှန်ပေမဲ့ မနာလိုစိတ်များတဲ့သူမကို အသက်5နှစ်ကတည်းက သခင်ကြီးကိုယ်တိုင် အစေခံတစ်ယောက်နှင့်အတူ ငွေကြေးအပြည့်ပေးကာနှင်ထုတ်ခဲ့မှန်း သခင်ကြီးရဲ့လူယုံဖြစ်တဲ့သူသာသိသည်။ ဒါ့အပြင်ယူအာကိုဆိုတဲ့မမလေးကို သိတဲ့လူက Lightစံအိမ်မှာ သိပ်မရှိခဲ့သည်က နောင်တစ်ချိန် အမွေကိစ္စရှုပ်မည်ဆိုးသည့်အတွက် စီစဉ်ထားတဲ့ သခင်ကြီး၏
အစီအစဉ်တွေဖြစ်လိမ့်မည်။
"ခအို မင်းဘာတွေစဉ်းစားနေတာလဲ ငါ့ကိုမယုံဘူးလား"
"မဟုတ်ပါဘူး"
"ကူညီပါရစေ ခအို။မင်းပင်ပန်းနေတာ ငါမကြည့်ရပ်တော့ဘူး"
နှာခေါင်းထဲစူးရှစွာတိုးဝင်လာတဲ့ ရေမွှေးနံ့နှင့်အတူ ခအိုရဲ့နှုတ်ခမ်းတစ်စုံက နွေးခနဲဖြစ်သွားရ၏။
"မမလေး ! "
"မင်းလိုချင်တယ်မလား ခအို"
အင်္ကျီအောက်ကတဆင့် လျှိုဝင်လာတဲ့လက်ဟာ ရင်ဘတ်ကိုပွတ်သတ်လာလေ၏။ထို့နောက် သူ့နှုတ်ခမ်းတွေကို အိစက်နေတဲ့နှုတ်ခမ်းတစ်စုံနှင့် ထိတွေ့လာသည်။ရူးသွားလောက်အောင်၊
ပြုစားနိုင်တဲ့ အနမ်းတွေကြား ခအိုယစ်မူးသွားကာ ထိုနှုတ်ခမ်းတစ်စုံကို ကိုက်ယူစားသုံးမိ၏။ အပူတပြင်းတောင်းတလာသည့်စိတ်ကို ခန္ဓာကိုယ်ကပါ အလိုလိုတုံ့ပြန်မှုကာ သာယာသည့်ညည်းညူးသံတွေကြား အချိန်အတော်ကြာသည့်အထိ သာယာမိကျသည်ပင်။
::::::::::
တောက်… တောက်… တောက်…
တစက်စက်ကျနေတဲ့ရေသံဟာ ဘယ်ကထွက်နေမှန်းမသိ။
ဒေါက်…ဒေါက်
ထပ်ပြီးကြားလိုက်ရပြန်တဲ့အသံကို နံရံကိုခေါက်လိုက်တဲ့အသံမျိုးပင်ဖြစ်သည်။ အခန်းထဲမှာ
ရေချယ်တစ်ယောက်ထဲရှိတဲ့အပြင် ရေချယ်ကလည်းကုတင်ပေါ်လှဲအိပ်ကာ hello kittyရုပ်လေးဖက်၍ စာအုပ်ဖတ်နေတာပင်။
ရှပ်…ရှပ်
ကုတင်ဘေးကဖြတ်သွားသည့် ခြေသံကိုပါ ကြားလိုက်ရတာမို့ ဆတ်ခနဲထထိုင်လိုက်မိ၏။ အဲ့ဒီအသံတွေဟာ ဘယ်ကလာနေတာလဲ။
ကျီ… ကျီ
"ဟင် ! "
အိပ်ယာခေါင်းရင်းကနံရံကို ကုတ်ခြစ်နေတဲ့ အသံကြောင့် လန့်ဖြတ်ကာ ကုတင်ခြေရင်းဆီ ရောက်သွားရသည်။တစ်ဆက်ထဲမှာပဲ ပုပ်နံ့စူးစူးက နှာခေါင်းထဲတိုးဝင်လျက်… အနွေးဓာတ်
အပြည့်ရနေတဲ့အခန်းက ချက်ချင်းချမ်းစိမ့်စိမ့်ဖြစ်သွား၏။
"ဘယ် … ဘယ်သူလဲဟင်။ဘယ်သူရှိနေတာလဲ"
ည9နာရီအချိန်ကြီး ဘယ်သူမှအခန်းထဲ ဝင်မလာပေမဲ့ အကြောက်ပြေအော်လိုက်မိသည်။ ထိုစဉ် ပိုပြီးဆိုးလာတဲ့ပုပ်နံ့ကြီးကြောင့် ရေချယ့်မျက်ရည်တွေဝဲလာ၏။ခြေသံ တရှပ်ရှပ်ကိုပါကြားနေရတာမို့ အရုပ်ကို ပိုပြီးတင်းကြပ်နေအောင်ဖက်ထားကာ စောင်ကိုဆွဲခြုံထားလိုက်၏။
သို့သော် အသံတွေကပိုပြီးဆူညံလာသည့်အပြင် ကုတင်ခေါင်းရင်းက ကုတ်ခြစ်သံက အဆက်မပြတ်ထွက်လာသည်။
"အန် အန်ကယ်…ဟင့် အဟင့် သ ရဲ ခြောက်နေပြီထင်တယ်"
စောင်ကိုတင်းတင်းခြုံကာ အန်ကယ့်ကို တမ်းတလိုက်၏။ထိုစဉ်…
"အားးးးးး အန်ကယ်ရေ"
ကုတင်ခြေရင်းမှနေ စောင်ကိုဆွဲခံလိုက်ရတာမို့ လန့်ဖြတ်ကာ အခန်းတံခါးဆီဆင်းပြေးရသည်။ ကြောက်လန့်စွာငိုရှိုက်၍ အန်ကယ့်အခန်းဆီကို…
"အန် ကယ်… အန်ကယ် တံခါးဖွင့် တံခါးဖွင့်ပါ"
"မီးငယ်လား…ဖွင့်ထားတယ်ကလေး ဝင်လာလေ"
ထိုအသံကိုကြားသည်နှင့် တံခါးကို ခပ်မြန်မြန်ဖွင့်လိုက်တော့ အန်ကယ်က ရေချယ့်မွေးနေ့အတွက်ပြင်ဆင်နေသည်။ မွေးနေ့ကိတ်ပေါ်ဖယောင်းတိုင်လေးတွေစိုက်နေတဲ့ အန်ကယ့်ကိုမြင်သည်နှင့်…
" ဟင့် ဟင့် အန်ကယ်"
အရမ်းကြောက်နေသည်မို့ အန်ကယ်ရင်ခွင်ထဲ တိုးဝင်၍ အန်ကယ့်ကိုဖက်ကာငိုချလိုက်၏။
"မီးငယ်…ဟင် ! ငိုနေတယ် ဘာဖြစ်တာလဲ
ကလေး။ ဘာဖြစ်လို့ငိုနေရတာလဲ ကိုယ့်ကိုကြည့်စမ်း"
"သ သရဲခြောက်တယ် အီးးဟီးး"
" ဟင် ! သရဲဟုတ်လား။ဘယ်မှာလဲမီးငယ် ဘယ်မှာသရဲခြောက်တာလဲ"
"အခန်းထဲမှာလို့"
တုန်ရီကာငိုရှိုက်နေတဲ့မီးငယ်ကိုဖက်ထားရင်းက ဇဝေဇဝါဖြစ်ရသူမှာ ထင်လင်းသိုက်ဖြစ်သည်။ ဘယ်လိုဖြစ်လို့သရဲကရှိမှာလည်း။ဒါပေမဲ့
မီးငယ်ကြည့်ရတာ သိပ်ကြောက်နေဟန်ပေါ်သည် သူ့ရဲ့မီးငယ်က မလိမ်တတ်ပါဘူး။
"မီးငယ် ဘာမှမဖြစ်တော့ဘူးလေ တိတ်…တိတ်"
"ဟင့် သရဲကတကယ်ခြောက်တာလို့"
"အင်း ကိုယ်ယုံပါတယ်ကလေးရဲ့။ အခုက ငိုချင်တုန်းလား…ကြောက်နေတုန်းလား"
"ဟိုက်"
"ဒါဆို ကိုယ်ဖက်ထားပေးမယ်"
မော့ကြည့်လာတဲ့မျက်နှာလေးက သွေးမရှိတော့သလို ဖြူလျော့နေတာမို့ စိတ်ပူရ၏။ ကျောပြင်ကိုပုတ်ကာချော့လိုက်သည်နှင့် ဒီကလေးကပိုပြီး ငိုသည်။ဘယ်လိုဖြစ်ရတာလည်း။
တော်တော်ကြာသည်အထိ ရှိုက်ငိုနေပြီးကာမှ ထပ်ပြီးမော့ကြည့်လာတဲ့မျက်လုံးကြည်ကြည်လေးတွေမှာ မျက်ရည်စတို့ကပ်တွယ်နေသေးသည်။ နှုတ်ခမ်းလှလှလေးတွေကမဲ့နေပြီး မျက်နှာလှလှလေးမှာ ကြောက်ရွံမှုတို့ကလည်း အထင်းသား၊နောက်ကို လှည့်ကြည့်ကာ သူ့ရင်ခွင်ထဲ ပိုတိုးဝင်လာတဲ့ကလေးကြောင့် သက်ပျဉ်းမောတစ်ချက်ချ၍ မီးငယ်ကိုယ်လေးကို လှည့်ကာ တံခါးဝဘက်ကို သူကျောပေးလိုက်သည်။
"မီးငယ်"
"hello kittyလေးကျန်ခဲ့ပြီ"
"အင်း ထပ်ဝယ်ပေးမှာပေါ့"
"သရဲခြောက်တာ သိလားအန်ကယ်"
လက်ဖမိုးနဲ့မျက်ရည်တွေကိုသုတ်ကာ ရှိုက်နေသေးသည်မို့ ထိုမျက်ရည်တွေကို သူပဲသုတ်ပေးလိုက်သည်။
"တိတ်တော့နော်။ကိုယ်ရှိတယ်လေ"
ဆိုဖာပေါ်ထိုင်ရင်း မီးငယ်ကိုပါ သူ့ပေါ်ထိုင်စေတော့ အကြောက်မပြေသေးတဲ့ မီးငယ်က
သူ့အခန်းကိုပါဝေ့ကြည့်နေသေးသည်။
"ပြောပြချင်ပြီလားကလေး"
"အန်ကယ့်အခန်းမှာရော သရဲရှိလားဟင်"
"ရှိရင်တောင်မှ မီးငယ်ဘေးမှာကိုယ်ရှိတယ်လေ မကြောက်နဲ့… မီးငယ်ကိုဘာမှမဖြစ်စေရဘူး"
"သရဲခြောက်တာလေ။ရေကျသံတွေလည်း ကြားရတယ်၊ခုံကိုခေါက်တဲ့အသံတွေရော၊
ပြီးတော့ ကုတင်ဘေးကတရှပ်ရှပ်နဲ့ခြေသံကြားရရော "
"ဖြေးဖြေးပြောကလေး။ဖြေးဖြေးလေးပဲ မကြောက်ရဘူး"
"ဟင့်… ကြောက်တယ်"
မျက်နှာလေးကိုရင်ခွင်ထဲဖွက်ကာ ဖက်၍ ငိုပြန်တဲ့မီးငယ်ကို သူသနားရပါသည်။ လက်တစ်ဖက်က မီးငယ်ခေါင်းကိုဖွဖွပွတ်ပေးကာ ကျန်လက်တစ်ဖက်က မီးငယ်လက်ကိုကိုင်ထားရင်း ဆက်ပြောမဲ့စကားကိုသာစောင့်၏။
"ကြောက်ရင် ဒီနေရာမှာပဲနေလိုက်လို့ရတယ်။ မီးငယ်စိတ်ကိုလျော့ထား…"
"အဲ့တာပြီးတော့ ကုတင်ခေါင်းရင်းက နံရံကို ဟင့်… ကုတ်ခြစ်နေတဲ့အသံကြားရရော။ အဲ့တာနဲ့လေ ရေချယ်ကကြောက်လို့ စောင်ကိုဆွဲခြုံတော့ စောင်ကိုဆွဲခံလိုက်ရတယ်"
"ဟုတ်တာပေါ့ ကလေးကကြောက်နေမှာပဲ"
"သူငယ်ချင်းကကျန်ခဲ့ပြီ"
"ပြန်ဝယ်ပေးရမှာပေါ့။မငိုရဘူး။ မွေးနေ့ကြီးမှာ မငိုရဘူးကလေးရဲ့…တိတ်နော် ကြောက်ရင်
အဲ့ဒီဘက်ကိုပြန်မသွားလို့ရတယ်"
"အဲ့တာဆိုရေချယ်က ဘယ်မှာနေရမှာလဲ"
"ဒီအခန်းမှာ"
" ဟင့်အင်း တစ်ယောက်ထဲမနေရဲဘူး"
"ဒါဖြင့် မီးငယ်အခန်းမှာပဲ နှစ်ယောက်အတူတူနေချင်လို့လား"
"မနေရဲဘူးလို့…သရဲတကယ်ခြောက်တာလို့"
သူ့ရင်ဘတ်ကိုနဖူးနဲ့တိုက်ကာ စိတ်ဆိုးသွားတဲ့ အသံလေးက ဆူအောင့်အောင့်နဲ့ထွက်လာသည်။
"ဒါဆို အခန်းအသစ်ထပ်ငှားပေးရမလား"
"ဟိုတယ်ပြောင်းချင်တယ်။မဟုတ်ဘူး ဟိုတယ်မဟုတ်ဘူး ဒီအတိုင်း အိမ်ဖြစ်ဖြစ်"
"ကောင်းပြီ။ဖြစ်စေရမယ်"
ကိုယ့်နေရာမဟုတ်တာမို့ အခက်အခဲရှိတဲ့ ကိစ္စဖြစ်ပေမဲ့ ထင်လင်းသိုက်အဖို့ ချက်ချင်းခေါင်းငြိမ့်မိသည်။ရက်အနည်းငယ်သာ နေတဲ့သူတို့အတွက် အိမ်ငှားရင်တောင် အဆင်ပြေပြေရနိုင်ပါ့မလား… အဆင်ပြေဖို့ပဲ ဆုတောင်းပါတယ်…သူ့ကလေးက ဘယ်လောက်ထိလန့်သွားလို့ ဟိုတယ်မှာတောင် မနေချင်တော့တဲ့အထိ ဖြစ်သွားရတာလဲ။
အခုတော့ မီးငယ်ကရှိုက်ကာ တအီအီနဲ့ ငိုနေတုန်းပင်။လက်ကလေးတွေကို
ကိုင်ထားပေးပေမဲ့၊ ဆံပင်တွေကို ထိုးဖွပေမဲ့၊ နဖူးကိုမကြာခဏနမ်းနေပေမဲ့ မီးငယ်အာရုံတွေက သူ့ဆီမရှိပါ။ရင်အုပ်ကျယ်ကြီးမှာပါ ပါးပြင်လေးကပ်ထားရင်း မျက်ဝန်းတွေက ပြတင်းပေါက်ကိုငေးကြည့်နေသည်။
ဒီဟိုတယ်ကိုသူငှားခဲ့တုန်းက viewကောင်းသည်။ အဆင်မြင့်သည် ဆိုတဲ့စံနှုန်းတွေက အခုဘယ်မလဲ။သရဲခြောက်တယ်တဲ့။ ကလေးကိုအခုလောက်ထိသွေးပျက်နေတဲ့ ပုံဖြစ်အောင်အထိ ဘယ်လိုဖြစ်ရတာတဲ့လဲ။
"အန်ကယ် … ရေချယ်လေ အိမ်ပြန်ချင်ပြီ"
"ကလေးရယ် ဒီမှာမပျော်ဘူးလား"
"ကြောက်တယ်။မနေရဲတော့ဘူး"
"အဆင်ပြေအောင်ကိုယ်စီစဉ်ပေးမှာပါ"
"ဒါပေမဲ့…"
"မီးငယ် ခဏလေးမျက်လုံးမှိတ်ပြီး အနားယူ။ ပြီးမှ စိတ်ငြိမ်မှ… မီးငယ်ဆုံးဖြတ်ချက်ကိုပြော"
"မနေချင်တော့ဘူးလို့"
"ဟုတ်ပါပြီကလေးရယ် "
မုန်းလိုက်တာ။ဒီကလေးကို ပင်ပန်းစေတဲ့အရာတွေ ကို မုန်းလိုက်တာ…
အတွေးတွေနဲ့ပူလောင်သည်။ဒီကလေး မပျော်ရှာဘူးတွေးမိတိုင်း ထွက်လာတဲ့ဒေါသတွေက လူတစ်ယောက်ကိုသတ်နိုင်ဖို့လုံလောက်၏။ သို့သော် အခုက လူမဟုတ်ဘူး။ဘာတွေဖြစ်တာလဲ သူအတိအကျသိချင်လာပြီ။
ထိုစဉ် သူ့အခန်းတံခါးကပွင့်လာကာ မင်းသန့်ရဲ့ခပ်သြသြအသံကထွက်လာသည်။
"မီးငယ်ကိုခုထိသွားမခေါ်ပဲ မင်းကဘာလုပ်…ဟမ် ကလေးက !!"
"ဟင် ! မီးငယ်ကဘယ်လိုဖြစ်ပြီး"
အပြင်ကနေဝယ်လာတဲ့အထုပ်တွေကိုဆွဲရင်း မင်းသန့်နဲ့နဂါးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကုန်၏။
"မီးငယ်ကဒီမှာတဲ့နဂါး"
"ဒါဆို ခုနကအခန်းထဲထိုင်နေတာကဘယ်သူလဲ"
"သူခိုးလား။ဒီ ငါ-ိုးမဟိုတယ်က သူခိုးရှိတာလားကွ"
"အရည်အသွေးညံ့လိုက်တဲ့ဟိုတယ်ကွာ"
"ဒါမျိုးသွားဆွဲထုတ်ရမှာ"
"အေး သူခိုးကများလူပါးဝလို့"
"သူခိုးမဟုတ်ဘူး သရဲ"
ပြောပြောဆိုဆိုဖြင့် တံခါးပြန်ဖွင့်ဖို့လုပ်နေတဲ့ ဂုဏ်နဂါးလက်တွေက မီးငယ်စကားကြောင့် ရပ်တန့်သွားရသည်။မယုံသလိုကြည့်ကာ
တံတွေးမြိုချ၍…
"သရဲ ဟုတ်လားး"
"ဟိုက်"
"တကယ်သရဲလား"
"အင်း ကလေးကအဲ့တာကြောင့်ငိုနေတာ"
ထိုတော့မှ မီးငယ်ရောက်နေရတဲ့အကြောင်းကို သိကာ နှစ်ယောက်စလုံးပါးစပ်ပိတ်သွားသည်။ သရဲကြောက်ကျသည်မဟုတ်ပေမဲ့ အခန်းတံခါးဟနေတဲ့ မီးငယ်အခန်းရဲ့ ကုတင်ပေါ်မှာ ကျောပေးထိုင်နေတာကို အခုပဲမျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာမလား။
"မင်းသန့်"
"ဟင် ! "
"မင်းပဲခုနက သွားဆွဲထုတ်မှာဆို"
"ဟာ ! "
"သွားလေကွာ"
"တော်ပါတော့လူမသားရယ် သရဲမှန်းမသိလို့ ပြောမိတာပါ"
"မင်း ယောကျာ်းမဟုတ်ဘူးလား။ ရည်းစားတော့ ထည်လဲတွဲနေပြီး သရဲတော့ကြောက်တာလား"
" ကျားတော့ကျားဆိုပေမဲ့ သရဲနဲ့တွေ့ရင် ဖွတ်ကျားဖြစ်သွားတာတော့ မတတ်နိုင်ဘူး"
"ဟို အန်ကယ်သန့်သွားရင် ရေချယ့်အရုပ်နဲ့ ဖုန်းရယ်ipadရယ်ယူပေးနော်"
"ဆေးမထိုးပါနဲ့မီးငယ်ရာ"
"မီးငယ်မေ့ထားခဲ့တာလား"
"သရဲခြောက်လို့ ပြေးလာတာ အကုန်မေ့နေခဲ့ရော"
ဂုဏ်နဂါးက ငိုနေဆဲမီးငယ်ကိုမျက်ရည်ဝိုင်းစွာ ကြည့်လာပြန်၏။
"မငိုပါနဲ့မီးငယ်ရာ မျက်လုံးတွေမို့အစ်နေတဲ့အထိ ကြောက်နေတာလား"
"ဟိုက် ရေချယ်ကြောက်လို့"
"မငိုနဲ့တော့ သမီးအန်ကယ်သိုက်နားနေ"
ထိုစကားဆုံးသည်နှင့် ဂုဏ်နဂါးက မီးငယ်အခန်းဘက်ဦးတည်သွားသည်။ ခဏအကြာပြန်လာတော့ သူ့လက်ထဲ မီးငယ်အဝတ်သေတ္တာကိုဆွဲလာသလို အရုပ်ကအစအကုန်ပါလာသည်။
"သမီးဒီအခန်းမှာပဲနေလိုက်တော့။ သမီးအန်ကယ်သိုက်နဲ့အတူတူ။လင်းသိုက် မင်း အဲ့လိုပဲနေခိုင်းမှာမလား…"
"အင်း"
"မငိုပါနဲ့ မွေးနေ့မှာ အခုလိုငိုနေတော့ အန်ကယ်တို့ဘယ်စိတ်ကောင်းပါ့မလဲ"
"ဟိုက် မငိုတော့ဘူး"
"ကိတ်ခွဲရအောင်မွေးနေ့ရှင်ပေါက်စလေး"
"ဟိုက်"
ထိုတော့မှ ပြန်ပြုံးနိုင်တဲ့မီးငယ်ကြောင့် အသက်ရှှုချောင်သွား၏။ကိတ်ခွဲသည်တောင် မျက်ရည်စတွေနှင့်ကလေးက ချစ်ဖို့အကောင်းဆုံးပင်။
: : To Be Continue Part - 26
Zawgyi
"ဟို… ကျွန်တော်က"
"မင်းလိမ်မနေနဲ့ ! "
လက်တစ်ဖက်ကခါးကိုထောက်ကာ အနက်ရောင်ကိုယ်ကျပ်အကျီင်္ကိုဝတ်၍ အရိုင်းဆန်စွာလှပနေတဲ့အမျိုးသမီးပင်တည်း။
"ခအို ။ ကျွန်မသာမသိခဲ့ရင် ရှင်ဘယ်အချိန်ထိ အဲ့ဒီကလေးအသက်ရှိနေတာကို ဖုံးကွယ်ထားအုံးမှာလည်း"
"မင်း အခု ! "
"မင်းအခု ဘယ်လိုလုပ်ဖို့စဉ်းစားထားလည်း။ တူမလေးကိုတွေ့ပြီလား"
"မတွေ့သေးပါဘူး"
"ခအို မင်းဘာတွေစဉ်းစားနေတာလည်း ငါ့ကိုမယုံဘူးလား"
"မဟုတ်ပါဘူး"
"မမလေး ! "
::::::::::
တောက်… တောက်… တောက်…
ဒေါက်…ဒေါက်
ရှပ်…ရှပ်
ကျီ… ကျီ
"ဟင် ! "
"ဘယ် … ဘယ်သူလည်းဟင်။ဘယ်သူရှိနေတာလည်း"
"အားးးးးး အန်ကယ်ရေ"
" ဟင့် ဟင့် အန်ကယ်"
"မီးငယ်…ဟင် ! ငိုနေတယ် ဘာဖြစ်တာလည်း
ကလေး။ ဘာဖြစ်လို့ငိုနေရတာလည်း ကိုယ့်ကိုကြည့်စမ်း"
" ဟင် ! သရဲဟုတ်လား။ဘယ်မှာလည်းမီးငယ် ဘယ်မှာသရဲခြောက်တာလည်း"
"အခန်းထဲမှာလို့"
"ဟိုက်"
"မီးငယ်"
"တိတ်တော့နော်။ကိုယ်ရှိတယ်လေ"
"ဟင့်… ကြောက်တယ်"
"အဲ့တာဆိုရေချယ်က ဘယ်မှာနေရမှာလည်း"
"ဒီအခန်းမှာ"
"ကောင်းပြီ။ဖြစ်စေရမယ်"
"ကြောက်တယ်။မနေရဲတော့ဘူး"
"ဒါပေမဲ့…"
"မနေချင်တော့ဘူးလို့"
"ဟုတ်ပါပြီကလေးရယ် "
"မီးငယ်ကဒီမှာတဲ့နဂါး"
"ဒါဆို ခုနကအခန်းထဲထိုင်နေတာကဘယ်သူလည်း"
"သူခိုးမဟုတ်ဘူး သရဲ"
"သရဲ ဟုတ်လားး"
"ဟိုက်"
"တကယ်သရဲလား"
"မင်းသန့်"
"ဟင် ! "
"ဟာ ! "
"သွားလေကွာ"
"အင်း"
"မငိုပါနဲ့ မွေးနေ့မှာ အခုလိုငိုနေတော့ အန်ကယ်တို့ဘယ်စိတ်ကောင်းပါ့မလည်း"
"ဟိုက် မငိုတော့ဘူး"
"ဟိုက်"
: : To Be Continue Part - 26