Unicode
"မီးငယ် ! အဲ့တာဘာတွေလုပ်နေတာလဲ"
"အန်ကယ်"
"ဘာတွေလျှောက်ကြည့်နေတာလဲ။ ငြိမ်ငြိမ်လေးထိုင်နေလို့ ကိုယ်ပြောထားတယ်လေ"
လက်တော့ပ်ကိုပြန်ယူရင်း ထိတ်လန့်မှုကို ဖုံးကွယ်လိုက်ပေမဲ့ မီးငယ်က သူ့ကို အကဲခတ်သလိုကြည့်လာသည်။
"အန်ကယ့်ဓာတ်ပုံထဲက လူနှစ်ယောက်က
ရေချယ်နဲ့အရမ်းဆင်တူနေတာပဲ။ သူတို့ကဘယ်သူတွေလဲဟင်"
ဒီတစ်ခါတော့ မျက်နှာအကြီးအကျယ်ပျက်သူက ထင်လင်းသိုက်ပင်ဖြစ်မည်။
"မီးငယ် အမြင်မှားတာနေမှာပါ။အဲ့လိုပုံမျိုး ကိုယ့်မှာမရှိဘူး"
"အမြင်မမှားပါဘူး သေချာမြင်လိုက်တာပါ။ နာမည်တောင်ပါသေးတယ်"
"မဟုတ်တာမီးငယ်ရယ်။သွားရအောင် အောက်မှာသမီးအန်ကယ်သန့်တို့ စောင့်နေကျတာ အားနာဖို့ကောင်းနေပြီ"
"ယူကီကို က ရေချယ့်မာမီလားအန်ကယ်။ ဟုတ်တယ်မလား။အဲ့ဒီဓာတ်ပုံထဲက လူနှစ်ယောက်က ရေချယ့်မာမီနဲ့ဒယ်ဒီမလား"
"မဟုတ်ဘူးလို့ကိုယ်ပြောနေတယ်လေမီးငယ်
ကိုယ့်ကိုမယုံဘူးလား"
"ဟင့်အင်း မယုံဘူး။အန်ကယ်က လိမ်တတ်တယ် အဲ့တာ ရေချယ့်မာမီနဲ့ဒယ်ဒီ ဟုတ်ပါတယ်"
"မဟုတ်ဘူး"
"မဟုတ်ရင် ဘာဖြစ်လို့ အဲ့ဒီလောက်ကြီး တူနေရတာလဲ။ဖြစ်တတ်တာပဲလို့တော့ အန်ကယ်လာမလိမ်နဲ့…သွေးမတော် သားမစပ်ပဲ အခုလောက်ကြီး ချွတ်စွပ်မတူနိုင်ဘူး။ပြီးတော့ အန်ကယ်ပြောသလို မဟုတ်ပါဘူးဆိုရင် ရေချယ်ကြည့်နေတဲ့လက်တော့ပ်ကို ဘာဖြစ်လို့ပိတ်လိုက်ရတာလဲ။ အရင်ကလည်းကြည့်နေကျပဲဟာကို"
"မီးငယ် ! "
"ဟိုက် ဆိုတာ ဂျပန်လိုဟုတ်ကဲ့လို့ပြောတာ ဘယ်သူမှမသင်ပေးပဲတတ်နေတာ ရေချယ့်မာမီကဂျပန်လူမျိုးဖြစ်နေလို့ ၊ ရေချယ့်မှာဂျပန်သွေးပါနေလို့ ဟုတ်တယ်မလား"
သူမငြင်းနိုင်တော့တဲ့ စကားလုံးတွေနဲ့ ချက်ကျလက်ကျထောက်ပြကာ ဂျောင်ပိတ်မေးလာတဲ့ မီးငယ်ပါပေ။ရုပ်တည်လေးနဲ့ ရှုတည်တည်စိုက်ကြည့်နေတဲ့
မီးငယ်ဟာ မြန်မာစကားကို လည်လည်ဝယ်ဝယ်
မပြောတတ်တာဟုတ်ရဲ့လား။
"ဟီး အန်ကယ်ဖြေလိုက်ပါတော့။ အဲ့တာ မာမီတော့ဟုတ်တယ်မလား…ရေချယ်က မာမီ့ကိုတွေ့ဖူးချင်နေတာ"
"… …"
" နော် နော်လို့အန်ကယ်။ပါးစပ်က မဖြေချင်ရင် ခေါင်းပဲညိတ်ပြလိုက်လို့ နော်"
သူ့လက်မောင်းကိုဖက်လာကာ ရယ်မောနေပြန်တဲ့ မီးငယ်ကြောင့် စိတ်မောရပါ၏။ဘယ်တုန်းကမှ မိဘအကြောင်းမမေးခဲ့တဲ့မီးငယ်က တကယ်တမ်းမှာ သူမမာမီကိုတွေ့ဖူးချင်နေကြောင်း ဖွင့်ဟလို့လာပြီ။
"အန်ကယ်က ရေချယ့်ကိုမချစ်ဖူးလားလို့ ဟင် ပြောပြပါအန်ကယ်ရဲ့"
ထင်လင်းသိုက်သက်ပြင်းချမိ၏။မျှော်လင့်ချက်အပြည့်နဲ့ မျက်ဝန်းလေးတွေကို လွန်ဆန်နိုင်စွမ်း သူ့မှာမရှိပါ။ပြီးတော့ ဉာဏ်ကောင်းလွန်းသည့် ကလေးမို့ ဒီအခြေအနေထိရောက်လာမှတော့ ဆက်ပြီးလိမ်လို့မရတော့မှန်းလည်း သူသိသည်။ထို့ကြောင့် မီးငယ်ရဲ့ ခပ်သေးသေးကိုယ်လေးကို တင်းကြပ်နေအောင် ဖက်ထားလိုက်၏။ပြီးသည်နှင့် နဖူးကိုနမ်းသည်။
"သေချာနားထောင်နော်မီးငယ်။မီးငယ် မာမီနဲ့ ဒယ်ဒီကိုသိပ်ပြီးသိချင်နေတာလား"
"ဟိုက်"
"ဘာလုပ်ဖို့ သိချင်ရတာလဲကလေးရယ်။ အတ္တကြီးတယ်ဆိုတာသိပေမဲ့ ဟိုးငယ်ငယ်တုန်းကလိုပဲ မေ့ထားလို့မရဘူးလား"
"အန်ကယ်မဖြေချင်ဘူးလားဟင်"
"ကိုယ်ပြောပြသင့်သလောက် ပြောပြမှာပါ"
" တကယ် ! "
"မီးငယ်ထင်တဲ့အတိုင်းပဲ။အဲ့ဒီပုံထဲကနှစ်ယောက်က မီးငယ်ဒယ်ဒီနဲ့မာမီ ဟုတ်တာပေါ့"
"ဟင် ! ဒါဆို အန်ကယ်တို့ကရေချယ့်ကို မိဘမဲ့ဂေဟာကနေခေါ်ပြီးမွေးစားတာ ရေချယ့်မာမီ၊ဒယ်ဒီတို့နဲ့ခင်နေလို့လား"
"အင်း အဲ့ဒီလိုပဲပြောရတော့မှာပေါ့"
"သြော် ဒါဆို ရေချယ့်မာမီနဲ့ဒယ်ဒီဆုံးသွားတော့ ရေချယ်ကမိဘမဲ့ဂေဟာရောက်သွားရော။
အဲ့တာနဲ့ အန်ကယ်တို့က 'သြော် ဒါလေးက ငါ့သူငယ်ချင်းရဲ့ သမီးလေး´ဆိုပြီး ချစ်လို့မွေးစားလိုက်ကျတာလား"
မျက်နှာလေးမော့ကာ ချစ်စဖွယ်စကားကို
ဆိုတတ်တဲ့ကလေးရဲ့ ပုံပြင်ထဲကလိုသာဆို တွေ့ဆုံမှုတွေဟာ ဘယ်လောက်လှပလိမ့်မလဲ။ လက်တွေ့နဲ့ မီးငယ်စိတ်ကူးတို့က ကွဲလွန်းသည်မို့ သူ့မှာ မချိပြုံးကြီး ပြုံးနေယုံသာတတ်နိုင်သည်။
"ဒါနဲ့ အန်ကယ်။ရေချယ်ကို့ အန်ကယ့်သူငယ်ချင်း သမီးမို့ချစ်တာလား ဒီအတိုင်းချစ်တာလား"
"မီးငယ်ကိုပဲချစ်တာပါ"
"ရေချယ့်နာမည်ကရော မာမီပေးခဲ့တာပဲလားဟင်"
"မီးငယ်ကိုမွေးစားပြီးမှ ဒီနာမည်ပြောင်းပေးခဲ့တာ"
"အဲ့တာဆိုရင် ရေချယ့်မာမီနဲ့ဒယ်ဒီက ဘာလူမျိုးလဲဟင်အန်ကယ်"
"ဂျပန်"
"ရေချယ့်မှာရော ဂျပန်နာမည်ရှိလားဟင်"
"ရုဒါအို"
" 'ရုဒါအို´ အဲ့တာရေချယ့်ဂျပန်နာမည်ပေါ့ ဟီး အခုရေချယ်လင်းသိုက်လေးကတောင် လှသေးတယ်"
"မီးငယ်က ဒီနာမည်ကိုပဲကြိုက်တာလား"
"ဟိုက်"
တော်သေးတာပေါ့။မီးငယ်ဟာ သူမမိဘတွေနဲ့ ပတ်သက်ပြီးသိပ်အစွဲအလမ်းမရှိလို့သာ သူ့မှာအသက်ရှုချောင်နိုင်သည်။
"အရေးကြီးတာမေ့နေတာ။ရေချယ့်မာမီက ဘာအလုပ်လုပ်တာလဲဟင်"
"သရုပ်ဆောင်"
"ရေး… မာမီကသရုပ်ဆောင်တဲ့"
ဝမ်းသာအားရပြောသည်မှာသဘောကျသည့်ပုံပင်။
"ဒါဆို မာမီ့နာမည်က 'ယူကီကို´ ဟုတ်တာပေါ့ ဒယ်ဒီကရော"
"ဂျွန်"
"ဒါပဲလား"
"အင်း"
"ဒီတစ်ခေါက်ခရီးကို ရေချယ်သဘောကျဆုံးပဲ။ ဟီး မာမီနဲ့ဒယ်ဒီ့အကြောင်းသိရတယ်။အန်ကယ့်ဆီက ပုံကို ရေချယ့်ဆီပို့ပေးနော်… ဟိုအမြွှာ၃ကောင်ကို ပြန်ကြွားရမယ် ။ သူတို့မာမီနဲ့၊ဒယ်ဒီ့ အကြောင်းပြောတိုင်း ရေချယ်က ပါးစပ်ကလေးပိတ်ပြီးနားထောင်နေရတာ အခုဆိုပြန်ကြွားလို့ရပြီ"
"အဲ့လောက်ထိပျော်ရလားကလေးရဲ့"
"ပျော်တာပေါ့။ရေချယ့်ကိုချစ်တဲ့ မာမီ၊ဒယ်ဒီ ပြီးတော့ ရေချယ့်အန်ကယ်တွေရှိတယ်လေ။ ပျော်ဖို့ကောင်းတယ်"
သူမထင်နေသလို မဟုတ်တဲ့အကြောင်းသိရင် ဒီကလေးဟာ သူ့ကိုမုန်းသွားလိမ့်မလားမသေချာပါ သူမချစ်တယ်လို့ထင်နေတဲ့ သူမမာမီနဲ့ဒယ်ဒီက မီးတွင်းကထွက်လာလာချင်းမှာပဲ သူမကို အဖိုး၊အဖွားဆီပို့ခဲ့တဲ့အကြောင်း။အဲ့ဒီအဖိုး၊အဖွားကလည်း မီးငယ်ကိုနို့ထိမ်းနဲ့သာ ထားခဲ့ပြီး နို့ထိမ်းဟာ မီးငယ်ကိုသတ်ဖို့ကြံစည်ဖူးကြောင်း။ဒါတွေသာ သိသွားရင် နုနယ်တဲ့ကလေးက ခံစားနိုင်ပါ့မလား။
:::::::::
"morning အန်ကယ်နဂါး … morningပါ အန်ကယ်သန့်ရှင့်"
"အမယ် ! လူလိမ္မာလေး ဘယ်အရပ်ကရောက်လာတာလဲ။ မျက်စိလည်လာတာလားဗျ"
"ဟင်းနော် ရေချယ်ကအရင်ထဲက လိမ္မာပါတယ်ဆို"
"ဟာ ထင်လင်းသိုက်။မင်းလူမှားခေါ်ခဲ့တာလား မှန်းစမ်း… ဒါလေးက ငါတို့လင်းသိုက်ပေါက်စလေးမှ ဟုတ်ရဲ့လား"
မီးငယ်ခေါင်းကိုကိုင်ကာ ခပ်ဖြေးဖြေးပဲဆွဲရမ်းလိုက် သည်နှင့် ထင်လင်းသိုက်အကြည့်တွေက သူ့ဆီဒိုင်းခနဲ…
"စတာပါ စတာ…အထိကိုမခံဘူး"
"မဟုတ်ပါဘူး။ကလေးက ဆံပင်ရှုပ်တာမကြိုက်လို့"
"သူ့ကျ ခဏခဏထိုးဖွနေပြီးတော့"
ထပ်မံရောက်လာတဲ့အကြည့်က ပိုပြီး စူးရဲသည်။
"စတာပါကွာငါ-ိုးကောင်ကလည်း"
"ဟင် ဆဲတာလား"
"အဲ့တာလည်းစတာပဲနော် မဆဲဘူး မဆဲဘူး"
"ဆဲနေတာကြီးကို ငါ-ိုးကောင်တဲ့"
"ဟား ဟား ချစ်စရာလေး"
ဆဲတာချင်းအတူတူတောင် မီးငယ်ပြန်ပြောသည့် စကားက နားထဲကိုချိုသာစွာစီးဝင်လာလေရဲ့
ဒါကြောင့်ပဲ မင်းသန့်ပြုံးမောင်က သဘောကျကာရယ်တော့သည်။
"အန်ကယ်သန့် အဲ့ဒီလက်ကိုင်ပဝါက ဘယ်သူ့ဟာလဲ"
"အန်ကယ့်ချစ်ချစ်ဟာ"
"ဟင် ! ဘယ်တစ်ယောက်လဲ"
"သိချင်လား"
"ဟိုက်"
"မနေ့က မျှော်စင်ကိုသွားတော့ တွေ့လာတဲ့ အချောလေး။နာမည်က လော့ယန်ဆိုလား မသေချာဘူး"
"ချောလား"
" အမှန်အကန်ချောတာ"
"အန်ကယ်က တကယ်ကြီးကြိုက်သွားပြန်တာလား"
"အေးပါဆို ဒီကလေးကလည်း"
"ဟင်း အဲ့တာဆိုရင် အန်တီစိမ့်ကိုကရော"
ချက်ကောင်းကိုထိသွားသည့်နှယ် မင်းသန့်ပြုံးမောင်ပါးစပ်က ချက်ချင်းပိတ်သွား၏။
မစိမ့်ကိုတွေးမိရင်လည်း ရင်ကခုန်တာပဲ။
လော့ယန်လေးကိုတွေးမိရင်လည်း
ရင်ကခုန်တာပဲ။
သို့သည်မို့ ခေါင်းကိုကုတ်ကာ မှိုင်တွေသွားသည်။
"ဟင်လို့ အန်ကယ်သန့်။အန်တီစိမ့်ကိုကရော
မချစ်တော့ဘူးလား"
"မေးခွန်းသ-တ်ပြီထင်တယ်မီးငယ်"
"မီးငယ် မနက်စာကိုအရင်စား"
ဘေးကအန်ကယ်နှစ်ယောက်ကို ပခုံးတွန့်ပြကာ မျက်နှာငယ်လေးနဲ့ အန်ကယ်သန့်ထံ အကြည့်ပို့လိုက်၏။
"အန်တီစိမ့်ကိုမချစ်တော့ဘူးပေါ့လေ"
"မီးငယ်ရာ ဂျောင်ပိတ်မမေးပါနဲ့ကွာ"
"အဲ့တာဆိုရင် အန်တီစိမ့်နဲ့ အဲ့ဒီအန်တီလော့ယန် နှစ်ယောက်အတူတူရေထဲကျသွားရင် အန်ကယ်ဘယ်သူ့ကိုကယ်မှာလဲ"
ထိုမေးခွန်းကို မင်းသန့်အတန်မှစဉ်းစားသည်။ ပြီးသည်နှင့် မျက်နှာကိုအသာပွတ်ကာ…
"လော့ယန်ကိုပေါ့"
"တကယ်လား"
"မစိမ့်ကရေကူးတတ်တာ အန်ကယ်သေချာသိတယ်လေ။ လော့ယန်ကျတော့ ရေကူးတတ် မတတ် မသိတော့ သူ့ပဲကယ်မိမှာ"
"အဲ့တာဆို အန်တီလော့ယန်နဲ့ရေချယ်ဆိုရင်ရော"
"သေချာပေါက်မီးငယ်ပဲပေါ့"
"ရေချယ်ကရေကူးတတ်တယ်ထား။ အကယ်၍ လော့ယန်က ရေမကူးတတ်ဘူးဆို ဘယ်လိုလုပ်မှာလဲ"
"မီးငယ်က အန်ကယ့်ကလေးလေးပဲလေ။
ဟို…လော့ယန်ကြည့်ရတာ ရေကူးတတ်မဲ့ပုံပါ။ မီးငယ်ကကျတော့ တစ်ခုခုဖြစ်သွားလို့မရလို့
မီးငယ်ကိုအရင်ကယ်မယ်…ပြီးမှ လော့ယန်ကို ကယ်မယ်"
"ဟီး ပြီးရောအဲ့တာဆိုလည်း။မနက်စာစားပါတော့မယ်"
မီးငယ်အတွက် ကျေနပ်စေလောက်သည့်အဖြေ ဖြစ်သွားသည်လား။သူသိထားသလောက်ဆိုရင် မီးငယ်က သူတို့အိမ်ထောင်ပြုမှာ စိုးရိမ်တဲ့ကလေး။
"မီးငယ် အန်ကယ်အိမ်ထောင်ပြုမှာ မစိုးရိမ်ဘူးလား"
"ဟင် ! "
"မီးငယ်ထပ်ပိုပြီးချစ်ရမဲ့ကလေးတွေ့တဲ့အခါ၊
မီးငယ်ကိုမချစ်တော့မှာ မကြောက်ဘူးလား"
"ကြောက်တယ်လေ ။ ဒါပေမဲ့ အန်ကယ်တို့ကို ယုံပါတယ်"
ယုံပါတယ်ဆိုတဲ့စကားအဆုံးမှာ အသံလေးက ဖျော့တော့စွာတိုးသွားရှာ၏။ကလေးပဲကို ကလေးအတွေးနဲ့ သူ့ကိုမချစ်တော့ဘူးဆိုပြီး ဝမ်းနည်းသွားမှာမှန်း မင်းသန့်သတိထားမိလိုက်သည်။
"သြော် ဒါနဲ့ အန်ကယ်တို့။ရေချယ့်မာမီနဲ့ ဒယ်ဒီ့ကိုသိခဲ့ပြီ"
"ဟင် !! "
ခလွမ်~~
ဂုဏ်နဂါးလက်ထဲကခရင်းလွတ်ကျသွား၏။
"မီး… မီးငယ်က သိခဲ့တာ"
တုန်ရီစွာပြောလာတဲ့နဂါးကို မီးငယ်က အထူးတဆန်းကြည့်နေသည်မို့…
"အင်း ကိုယ့်လက်တော့ပ်ထဲကပုံကိုမြင်သွားတာ။ သူ့မာမီနဲ့ဒယ်ဒီကို မြင်ဖူးသွားပြီ"
"ဒါ ! ဒါပဲလား"
"အင်း"
အခုမှသက်ပြင်းချမိသူသာ နဂါးနဲ့မင်းသန့် ဖြစ်၏။တော်သေးတာပေါ့။တကယ်တော်သေးလို့ မီးငယ်ဘာမှသိမသွားတာ။မီးငယ်သာ
သိသွားခဲ့ရင်တော့…
::::::::
"လင်းသိုက် ။ ဒါလေး "
ဒီနေ့တော့မြို့ပြင်သွားဖို့ပြင်ထားတဲ့ကားက
နေ့လည်လောက်မှရောက်မှာမို့ မနက်စာစားပြီး သူတို့အခန်းထဲမှာပဲ အနားယူနေကျသည်။
"ဘာလဲ မင်းသန့်"
"မီးငယ်အတွက်ဟန်းချိန်းလေးရွေးနေတာ ဘာပိုကောင်းမလဲ၊မီးငယ်ဘာကြိုက်မလဲ မင်းရွေးကြည့်"
"စိတ်မကောင်းဖြစ်နေလား"
"မဟုတ်ဘူးလို့ပြောရင် လိမ်တာပေါ့"
"ကိုယ့်ကြောင့်ပါ"
"မဟုတ်တာမင်းအမှားမရှိပါဘူး။ပြီးတော့
မီးငယ်က သူ့မာမီနဲ့ဒယ်ဒီကိုသိသွားယုံပဲမလား။ ကျန်တဲ့ကိစ္စတွေသိသွားတာမှမဟုတ်တာ။ တကယ်လို့သိသွားရင်တော့…"
"တကယ်လို့ဆိုတာမရှိဘူးမင်းသန့်။ ဘယ်ကိစ္စကိုမှ မီးငယ်ထပ်သိလို့မဖြစ်ဘူး"
မီးငယ်သာသိသွားခဲ့ရင် ဆုံးရှုံးမှုအကြီးဆုံး ဖြစ်မည့်သူက ထင်လင်းသိုက်ဆိုတဲ့ သူကိုယ်တိုင်ပင်။
နဂါးနဲ့မင်းသန့်အဖို့က ဒယ်ဒီနဲ့မီးငယ်အဖိုးအဖွားတို့ဟာ လုပ်ငန်းပြိုင်ဖက်တွေ၊အချင်းချင်းပြိုင်ဆိုင်ကျရင်း တစ်ဖက်ကလက်လွန်လာလို့ ဒယ်ဒီက လုပ်ကြံခိုင်းခဲ့တာ။အဲ့ဒီလုပ်ကြံမှုကြောင့် ထင်လင်းသိုက်က ရည်းစားဟောင်းဖြစ်တဲ့ မီးငယ်မာမီကိုကြည့်ခိုင်းလို့သွားရင်း မသေပဲကျန်နေတဲ့မီးငယ်ကိုတွေ့ပြီး ခေါ်မွေးစားခဲ့တာ။ ဒါတွေက သာမန်ပုံပြင်တစ်ခုပဲ။ အဲ့ဒီကိစ္စတွေဖြစ်လာရစေတဲ့အကြောင်းအရင်းအထိ အကွက်ရွေ့ခဲ့တဲ့သူ့အကြောင်းကို သိမှာမဟုတ်ချေ။
သိလို့လည်းမရပါ။မီးငယ်မုန်းသွားမဲ့ကိစ္စကို
သိသွားလို့မရပါဘူး။
"မင်းလည်းအများကြီးတွေးမနေပါနဲ့လင်းသိုက်ရာ မီးငယ်က ဘယ်လိုအမူအယာတွေပြလို့လဲ"
"သူ့မာမီနာမည်ကိုမြင်သွားလို့ ကိုယ်ပြောပြခဲ့ပေမဲ့ မီးငယ်က မပြောင်းလဲသွားဘူး"
"အေးကွာ မီးငယ်လေးကအလိုက်သိပါတယ်။ သူသိချင်တာလေးသိရလို့ ပျော်ပဲပျော်နေရှာတာ"
"ကိုယ်လေ မီးငယ်ကိုအားနာစိတ်ဝင်တယ်"
"မီးငယ်အပေါ် မင်းဘယ်လောက် လုပ်ပေးခဲ့လဲ မီးငယ်ကလည်းသိပါတယ်။သိလည်းသိသလို နားလည်တဲ့ကလေးဆိုတော့ အဲ့လောက်ကြီး စိတ်ထဲမထားပါနဲ့ကွာ…ကလေးပဲလေ သူချစ်ရင်ချစ်တယ်၊မုန်းရင်မုန်းတယ်ပြောမှာပဲ။ အခုကဘာမှမပြောပုံထောက်တော့ သူ့စိတ်ထဲလည်း 'သြော် ဒါငါ့မာမီနဲ့ဒယ်ဒီပဲ´ဆိုပြီး အဲ့ဒီအတွေးလေးပဲနေမှာပါ"
"အင်း ။ မီးငယ်အဆင်ပြေဖို့ပဲလိုတာပါ။ ကိုယ့်ကိုပြလေ… ဘယ်ထဲကရွေးချင်လဲလို့"
"ဒါလေးတွေထဲကတော့ ရွေးထားတာပဲ မင်းကြည့်"
လက်တော့ပ်ကိုရှေ့ချပေးလာတဲ့ မင်းသန့်က ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ပုံမို့ သူမသိမသာလေးပြုံးမိသည်။
တီ တီ…
"မင်းဖုန်းလား"
"မင်းဖုန်းလေ"
"သြော် ငါ့ဖုန်းလား"
ထိုတော့မှ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာကြည့်လိုက်တော့ contactsထဲ မှတ်ထားတဲ့နာမည်ကြောင့် မင်းသန့်မျက်လုံးပြူးလာသည်။
" မ မစိမ့်ကွ ။ ငါspeakerဖွင့်လိုက်မယ်နော်"
"အင်း"
ဘာလို့မှန်းမသိ မစိမ့်နဲ့ပြောဖို့ သူကြောက်နေသည်။
"မင်းသန့် … မင်းဘာလုပ်နေလို့ ဖုန်းကိုင်ဖို့ကြာနေတာလဲ"
"ဟို ကျွန်တော်အလုပ်လေးနည်းနည်း။ မ ဘာပြောချင်တာရှိလို့လဲဟင်"
"ပြောစရာဆိုတာထပ် မင်းတို့ကို အသိပေးချင်တာပါ"
"ဟုတ်ကဲ့ဗျ"
"အစ်မစေ့စပ်တော့မယ်။နောက်လထဲကျရင်"
"ဗျာ"
"မင်းတို့မလာနိုင်မှန်းသိပေမဲ့ ကိုယ့်မောင်တွေဆိုတော့ အသိပေးရမယ်လေ"
"ဟာဗျာ မ တကယ်ကြီးပြောနေတာလား"
"အေးပေါ့။ငါ့အသက်အရွယ်နဲ့ဆို အိမ်ထောင်ပြုဖို့တောင် လွန်နေပြီဟာကို"
"တောက် ! မိန်းမတွေများ"
"ဘာဖြစ်သလဲ"
"ကိုးကွယ်ချင်စရာပါလို့"
တစ်ဖက်ကမစိမ့်ရဲ့ ရယ်သံသဲ့သဲ့ကို ကြားနေရပေမဲ့ မင်းသန့်မှာမရယ်နိုင်ပါ။နှစ်ရှည်လများ crushလာခဲ့တဲ့ မ က ရုတ်တရက်ကြီး အိမ်ထောင်ပြုတော့မယ်အသိပေးလာမယ် ဘယ်ထင်ပါ့မလဲ။တော်သေးတာပေါ့။ သူ့မှာလော့ယန်လေးရှိနေပြီဖြစ်လို့။
"အစ်မဟန်းနီးမွန်း ဘယ်သွားရင်ကောင်းမလဲ စဉ်းစားပေးကျမလား"
"အေးဗျာ စဉ်းစားကူချင်ပေမဲ့ ကျွန်တော်က
ဟန်နီးမွန်းမထွက်ဖူးဘူးလား"
"ဟဲ့ နင်ပြောပုံအရဆို ငါကပဲ လင်တစ်ယောက်ပြီးတစ်ယောက်ယူပြီး ဟန်နီးမွန်းလှည့်ထွက်နေသလိုဖြစ်နေပြီ"
"ဟာ အဲ့ဒီသဘောပြောတာမဟုတ်ပါဘူး မစိမ့်ကလည်း"
"တော်ပါပြီ။ညကျမှ မီးငယ်လေးဆီvcခေါ်ပြီး ပြောကျမယ်"
"ok ok အဆင်ပြေသလိုသာလုပ်"
ဖုန်းချပြီးသည်နှင့် သူ့စိတ်ကမရွှင်ပြတော့။ ရင်နာတာလား၊အံ့သြတာလား မဝေခွဲတတ်တော့။ သူချစ်တာ လော့ယန်လား။ဒါမှမဟုတ်
မစိမ့်လား။ ဒီနှလုံးသားအရှုပ်တော်ပုံကို ဘယ်သူက ဖန်တီးခဲ့လေသလဲ။
: : To Be Continue Part - 25
Zawgyi
"မီးငယ္ ! အဲ့တာဘာေတြလုပ္ေနတာလည္း"
"အန္ကယ္"
"ဘာေတြေလွ်ာက္ၾကည့္ေနတာလည္း။ ၿငိမ္ၿငိမ္ေလးထိုင္ေနလို႔ ကိုယ္ေျပာထားတယ္ေလ"
လက္ေတာ့ပ္ကိုျပန္ယူရင္း ထိတ္လန႔္မႈကို ဖုံးကြယ္လိုက္ေပမဲ့ မီးငယ္က သူ႕ကို အကဲခတ္သလိုၾကည့္လာသည္။
"အန္ကယ့္ဓာတ္ပုံထဲက လူႏွစ္ေယာက္က ေရခ်ယ္နဲ႕အရမ္းဆင္တူေနတာပဲ။ သူတို႔ကဘယ္သူေတြလည္းဟင္"
ဒီတစ္ခါေတာ့ မ်က္ႏွာအႀကီးအက်ယ္ပ်က္သူက ထင္လင္းသိုက္ပင္ျဖစ္မည္။
"မီးငယ္ အျမင္မွားတာေနမွာပါ။အဲ့လိုပုံမ်ိဳး ကိုယ့္မွာမရွိဘူး"
"အျမင္မမွားပါဘူး ေသခ်ာျမင္လိုက္တာပါ။ နာမည္ေတာင္ပါေသးတယ္"
"မဟုတ္တာမီးငယ္ရယ္။သြားရေအာင္ ေအာက္မွာသမီးအန္ကယ္သန႔္တို႔ ေစာင့္ေနက်တာ အားနာဖို႔ေကာင္းေနၿပီ"
"ယူကီကို က ေရခ်ယ့္မာမီလားအန္ကယ္။ ဟုတ္တယ္မလား။အဲ့ဒီဓာတ္ပုံထဲက လူႏွစ္ေယာက္က ေရခ်ယ့္မာမီနဲ႕ဒယ္ဒီမလား"
"မဟုတ္ဘူးလို႔ကိုယ္ေျပာေနတယ္ေလမီးငယ္
ကိုယ့္ကိုမယုံဘူးလား"
"ဟင့္အင္း မယုံဘူး။အန္ကယ္က လိမ္တတ္တယ္ အဲ့တာ ေရခ်ယ့္မာမီနဲ႕ဒယ္ဒီ ဟုတ္ပါတယ္"
"မဟုတ္ဘူး"
"မဟုတ္ရင္ ဘာျဖစ္လို႔ အဲ့ဒီေလာက္ႀကီး တူေနရတာလည္း။ျဖစ္တတ္တာပဲလို႔ေတာ့ အန္ကယ္လာမလိမ္နဲ႕…ေသြးမေတာ္ သားမစပ္ပဲ အခုေလာက္ႀကီး ခြၽတ္စြပ္မတူနိုင္ဘူး။ၿပီးေတာ့ အန္ကယ္ေျပာသလို မဟုတ္ပါဘူးဆိုရင္ ေရခ်ယ္ၾကည့္ေနတဲ့လက္ေတာ့ပ္ကို ဘာျဖစ္လို႔ပိတ္လိုက္ရတာလည္း။ အရင္ကလည္းၾကည့္ေနက်ပဲဟာကို"
"မီးငယ္ ! "
"ဟိုက္ ဆိုတာ ဂ်ပန္လိုဟုတ္ကဲ့လို႔ေျပာတာ ဘယ္သူမွမသင္ေပးပဲတတ္ေနတာ ေရခ်ယ့္မာမီကဂ်ပန္လူမ်ိဳးျဖစ္ေနလို႔ ၊ ေရခ်ယ့္မွာဂ်ပန္ေသြးပါေနလို႔ ဟုတ္တယ္မလား"
သူမျငင္းနိုင္ေတာ့တဲ့ စကားလုံးေတြနဲ႕ ခ်က္က်လက္က်ေထာက္ျပကာ ေဂ်ာင္ပိတ္ေမးလာတဲ့ မီးငယ္ပါေပ။႐ုပ္တည္ေလးနဲ႕ ရႈတည္တည္စိုက္ၾကည့္ေနတဲ့
မီးငယ္ဟာ ျမန္မာစကားကို လည္လည္ဝယ္ဝယ္
မေျပာတတ္တာဟုတ္ရဲ႕လား။
"ဟီး အန္ကယ္ေျဖလိုက္ပါေတာ့။ အဲ့တာ မာမီေတာ့ဟုတ္တယ္မလား…ေရခ်ယ္က မာမီ့ကိုေတြ႕ဖူးခ်င္ေနတာ"
"… …"
" ေနာ္ ေနာ္လို႔အန္ကယ္။ပါးစပ္က မေျဖခ်င္ရင္ ေခါင္းပဲညိမ့္ျပလိုက္လို႔ ေနာ္"
သူ႕လက္ေမာင္းကိုဖက္လာကာ ရယ္ေမာေနျပန္တဲ့ မီးငယ္ေၾကာင့္ စိတ္ေမာရပါ၏။ဘယ္တုန္းကမွ မိဘအေၾကာင္းမေမးခဲ့တဲ့မီးငယ္က တကယ္တမ္းမွာ သူမမာမီကိုေတြ႕ဖူးခ်င္ေနေၾကာင္း ဖြင့္ဟလို႔လာၿပီ။
"အန္ကယ္က ေရခ်ယ့္ကိုမခ်စ္ဖူးလားလို႔ ဟင္ ေျပာျပပါအန္ကယ္ရဲ႕"
ထင္လင္းသိုက္သက္ပ်ဥ္းခ်မိ၏။ေမွ်ာ္လင့္ခ်က္အျပည့္နဲ႕ မ်က္ဝန္းေလးေတြကို လြန္ဆန္နိုင္စြမ္း သူ႕မွာမရွိပါ။ၿပီးေတာ့ ဉာဏ္ေကာင္းလြန္းသည့္ ကေလးမို႔ ဒီအေျခအေနထိေရာက္လာမွေတာ့ ဆက္ၿပီးလိမ္လို႔မရေတာ့မွန္းလည္း သူသိသည္။ထို႔ေၾကာင့္ မီးငယ္ရဲ႕ ခပ္ေသးေသးကိုယ္ေလးကို တင္းၾကပ္ေနေအာင္ ဖက္ထားလိုက္၏။ၿပီးသည္ႏွင့္ နဖူးကိုနမ္းသည္။
"ေသခ်ာနားေထာင္ေနာ္မီးငယ္။မီးငယ္ မာမီနဲ႕ ဒယ္ဒီကိုသိပ္ၿပီးသိခ်င္ေနတာလား"
"ဟိုက္"
"ဘာလုပ္ဖို႔ သိခ်င္ရတာလည္းကေလးရယ္။ အတၱႀကီးတယ္ဆိုတာသိေပမဲ့ ဟိုးငယ္ငယ္တုန္းကလိုပဲ ေမ့ထားလို႔မရဘူးလား"
"အန္ကယ္မေျဖခ်င္ဘူးလားဟင္"
"ကိုယ္ေျပာျပသင့္သေလာက္ ေျပာျပမွာပါ"
" တကယ္ ! "
"မီးငယ္ထင္တဲ့အတိုင္းပဲ။အဲ့ဒီပုံထဲကႏွစ္ေယာက္က မီးငယ္ဒယ္ဒီနဲ႕မာမီ ဟုတ္တာေပါ့"
"ဟင္ ! ဒါဆို အန္ကယ္တို႔ကေရခ်ယ့္ကို မိဘမဲ့ေဂဟာကေနေခၚၿပီးေမြးစားတာ ေရခ်ယ့္မာမီ၊ဒယ္ဒီတို႔နဲ႕ခင္ေနလို႔လား"
"အင္း အဲ့ဒီလိုပဲေျပာရေတာ့မွာေပါ့"
"ေၾသာ္ ဒါဆို ေရခ်ယ့္မာမီနဲ႕ဒယ္ဒီဆုံးသြားေတာ့ ေရခ်ယ္ကမိဘမဲ့ေဂဟာေရာက္သြားေရာ။ အဲ့တာနဲ႕ အန္ကယ္တို႔က 'ေၾသာ္ ဒါေလးက ငါ့သူငယ္ခ်င္းရဲ႕ သမီးေလး´ဆိုၿပီး ခ်စ္လို႔ေမြးစားလိုက္က်တာလား"
မ်က္ႏွာေလးေမာ့ကာ ခ်စ္စဖြယ္စကားကို ဆိုတတ္တဲ့ကေလးရဲ႕ ပုံျပင္ထဲကလိုသာဆို ေတြ႕ဆုံမႈေတြဟာ ဘယ္ေလာက္လွပလိမ့္မလည္း။ လက္ေတြ႕နဲ႕ မီးငယ္စိတ္ကူးတို႔က ကြဲလြန္းသည္မို႔ သူ႕မွာ မခ်ိၿပဳံးႀကီး ၿပဳံးေနယုံသာတတ္နိုင္သည္။
"ဒါနဲ႕ အန္ကယ္။ေရခ်ယ္ကို႔ အန္ကယ့္သူငယ္ခ်င္း သမီးမို႔ခ်စ္တာလား ဒီအတိုင္းခ်စ္တာလား"
"မီးငယ္ကိုပဲခ်စ္တာပါ"
"ေရခ်ယ့္နာမည္ကေရာ မာမီေပးခဲ့တာပဲလားဟင္"
"မီးငယ္ကိုေမြးစားၿပီးမွ ဒီနာမည္ေျပာင္းေပးခဲ့တာ"
"အဲ့တာဆိုရင္ ေရခ်ယ့္မာမီနဲ႕ဒယ္ဒီက ဘာလူမ်ိဳးလည္းဟင္အန္ကယ္"
"ဂ်ပန္"
"ေရခ်ယ့္မွာေရာ ဂ်ပန္နာမည္ရွိလားဟင္"
"႐ုဒါအို"
" '႐ုဒါအို´ အဲ့တာေရခ်ယ့္ဂ်ပန္နာမည္ေပါ့ ဟီး အခုေရခ်ယ္လင္းသိုက္ေလးကေတာင္ လွေသးတယ္"
"မီးငယ္က ဒီနာမည္ကိုပဲႀကိဳက္တာလား"
"ဟိုက္"
ေတာ္ေသးတာေပါ့။မီးငယ္ဟာ သူမမိဘေတြနဲ႕ ပတ္သက္ၿပီးသိပ္အစြဲအလမ္းမရွိလို႔သာ သူ႕မွာအသက္ရွႈေခ်ာင္နိုင္သည္။
"အေရးႀကီးတာေမ့ေနတာ။ေရခ်ယ့္မာမီက ဘာအလုပ္လုပ္တာလည္းဟင္"
"သ႐ုပ္ေဆာင္"
"ေရး… မာမီကသ႐ုပ္ေဆာင္တဲ့"
ဝမ္းသာအားရေျပာသည္မွာသေဘာက်သည့္ပုံပင္။
"ဒါဆို မာမီ့နာမည္က 'ယူကီကို´ ဟုတ္တာေပါ့ ဒယ္ဒီကေရာ"
"ဂြၽန္"
"ဒါပဲလား"
"အင္း"
"ဒီတစ္ေခါက္ခရီးကို ေရခ်ယ္သေဘာက်ဆဳံးပဲ။ ဟီး မာမီနဲ႕ဒယ္ဒီ့အေၾကာင္းသိရတယ္။အန္ကယ့္ဆီက ပုံကို ေရခ်ယ့္ဆီပို႔ေပးေနာ္… ဟိုအမႊာ၃ေကာင္ကို ျပန္ႂကြားရမယ္ ။ သူတို႔မာမီနဲ႕၊ဒယ္ဒီ့ အေၾကာင္းေျပာတိုင္း ေရခ်ယ္က ပါးစပ္ကေလးပိတ္ၿပီးနားေထာင္ေနရတာ အခုဆိုျပန္ႂကြားလို႔ရၿပီ"
"အဲ့ေလာက္ထိေပ်ာ္ရလားကေလးရဲ႕"
"ေပ်ာ္တာေပါ့။ေရခ်ယ့္ကိုခ်စ္တဲ့ မာမီ၊ဒယ္ဒီ ၿပီးေတာ့ ေရခ်ယ့္အန္ကယ္ေတြရွိတယ္ေလ။ ေပ်ာ္ဖို႔ေကာင္းတယ္"
သူမထင္ေနသလို မဟုတ္တဲ့အေၾကာင္းသိရင္ ဒီကေလးဟာ သူ႕ကိုမုန္းသြားလိမ့္မလားမေသခ်ာပါ
သူမခ်စ္တယ္လို႔ထင္ေနတဲ့ သူမမာမီနဲ႕ဒယ္ဒီက မီးတြင္းကထြက္လာလာခ်င္းမွာပဲ သူမကို အဖိုး၊အဖြားဆီပို႔ခဲ့တဲ့အေၾကာင္း။အဲ့ဒီအဖိုး၊အဖြားကလည္း မီးငယ္ကိုနို႔ထိမ္းနဲ႕သာ ထားခဲ့ၿပီး နို႔ထိမ္းဟာ မီးငယ္ကိုသတ္ဖို႔ႀကံစည္ဖူးေၾကာင္း။
ဒါေတြသာ သိသြားရင္ ႏုနယ္တဲ့ကေလးက ခံစားနိုင္ပါ့မလား။
:::::::::
"morning အန္ကယ္နဂါး … morningပါ အန္ကယ္သန႔္ရွင့္"
"အမယ္ ! လူလိမၼာေလး ဘယ္အရပ္ကေရာက္လာတာလည္း။ မ်က္စိလည္လာတာလားဗ်"
"ဟင္းေနာ္ ေရခ်ယ္ကအရင္ထဲက လိမၼာပါတယ္ဆို"
"ဟာ ထင္လင္းသိုက္။မင္းလူမွားေခၚခဲ့တာလား မွန္းစမ္း… ဒါေလးက ငါတို႔လင္းသိုက္ေပါက္စေလးမွ ဟုတ္ရဲ႕လား"
မီးငယ္ေခါင္းကိုကိုင္ကာ ခပ္ေျဖးေျဖးပဲဆြဲရမ္းလိုက္ သည္ႏွင့္ ထင္လင္းသိုက္အၾကည့္ေတြက သူ႕ဆီဒိုင္းခနဲ…
"စတာပါ စတာ…အထိကိုမခံဘူး"
"မဟုတ္ပါဘူး။ကေလးက ဆံပင္ရႈပ္တာမႀကိဳက္လို႔"
"သူ႕က် ခဏခဏထိုးဖြေနၿပီးေတာ့"
ထပ္မံေရာက္လာတဲ့အၾကည့္က ပိုၿပီး စူးရဲသည္။
"စတာပါကြာငါ-ိုးေကာင္ကလည္း"
"ဟင္ ဆဲတာလား"
"အဲ့တာလည္းစတာပဲေနာ္ မဆဲဘူး မဆဲဘူး"
"ဆဲေနတာႀကီးကို ငါ-ိုးေကာင္တဲ့"
"ဟား ဟား ခ်စ္စရာေလး"
ဆဲတာခ်င္းအတူတူေတာင္ မီးငယ္ျပန္ေျပာသည့္ စကားက နားထဲကိုခ်ိဳသာစြာစီးဝင္လာေလရဲ႕ ဒါေၾကာင့္ပဲ မင္းသန႔္ၿပဳံးေမာင္က သေဘာက်ကာရယ္ေတာ့သည္။
"အန္ကယ္သန႔္ အဲ့ဒီလက္ကိုင္ပဝါက ဘယ္သူ႕ဟာလည္း"
"အန္ကယ့္ခ်စ္ခ်စ္ဟာ"
"ဟင္ ! ဘယ္တစ္ေယာက္လည္း"
"သိခ်င္လား"
"ဟိုက္"
"မေန႕က ေမွ်ာ္စင္ကိုသြားေတာ့ ေတြ႕လာတဲ့ အေခ်ာေလး။နာမည္က ေလာ့ယန္ဆိုလား မေသခ်ာဘူး"
"ေခ်ာလား"
" အမွန္အကန္ေခ်ာတာ"
"အန္ကယ္က တကယ္ႀကီးႀကိဳက္သြားျပန္တာလား"
"ေအးပါဆို ဒီကေလးကလည္း"
"ဟင္း အဲ့တာဆိုရင္ အန္တီစိမ့္ကိုကေရာ"
ခ်က္ေကာင္းကိုထိသြားသည့္ႏွယ္ မင္းသန႔္ၿပဳံးေမာင္ပါးစပ္က ခ်က္ခ်င္းပိတ္သြား၏။ မစိမ့္ကိုေတြးမိရင္လည္း ရင္ကခုန္တာပဲ။
ေလာ့ယန္ေလးကိုေတြးမိရင္လည္း ရင္ကခုန္တာပဲ။
သို႔သည္မို႔ ေခါင္းကိုကုတ္ကာ မွိုင္ေတြသြားသည္။
"ဟင္လို႔ အန္ကယ္သန႔္။အန္တီစိမ့္ကိုကေရာ မခ်စ္ေတာ့ဘူးလား"
"ေမးခြန္းသ-တ္ၿပီထင္တယ္မီးငယ္"
"မီးငယ္ မနက္စာကိုအရင္စား"
ေဘးကအန္ကယ္ႏွစ္ေယာက္ကို ပခုံးတြန႔္ျပကာ မ်က္ႏွာငယ္ေလးနဲ႕ အန္ကယ္သန႔္ထံ အၾကည့္ပို႔လိုက္၏။
"အန္တီစိမ့္ကိုမခ်စ္ေတာ့ဘူးေပါ့ေလ"
"မီးငယ္ရာ ေဂ်ာင္ပိတ္မေမးပါနဲ႕ကြာ"
"အဲ့တာဆိုရင္ အန္တီစိမ့္နဲ႕ အဲ့ဒီအန္တီေလာ့ယန္ ႏွစ္ေယာက္အတူတူေရထဲက်သြားရင္ အန္ကယ္ဘယ္သူ႕ကိုကယ္မွာလည္း"
ထိုေမးခြန္းကို မင္းသန႔္အတန္မွစဥ္းစားသည္။ ၿပီးသည္ႏွင့္ မ်က္ႏွာကိုအသာပြတ္ကာ…
"ေလာ့ယန္ကိုေပါ့"
"တကယ္လား"
"မစိမ့္ကေရကူးတတ္တာ အန္ကယ္ေသခ်ာသိတယ္ေလ။ ေလာ့ယန္က်ေတာ့ ေရကူးတတ္ မတတ္ မသိေတာ့ သူ႕ပဲကယ္မိမွာ"
"အဲ့တာဆို အန္တီေလာ့ယန္နဲ႕ေရခ်ယ္ဆိုရင္ေရာ"
"ေသခ်ာေပါက္မီးငယ္ပဲေပါ့"
"ေရခ်ယ္ကေရကူးတတ္တယ္ေလ။ အကယ္၍ အန္တီေလာ့ယန္က ေရမကူးတတ္ဘူးဆို ဘယ္လိုလုပ္မွာလည္း"
"မီးငယ္က အန္ကယ့္ကေလးေလးပဲေလ။
ဟို…ေလာ့ယန္ၾကည့္ရတာ ေရကူးတတ္မဲ့ပုံပါ။ မီးငယ္ကက်ေတာ့ တစ္ခုခုျဖစ္သြားလို႔မရလို႔ မီးငယ္ကိုအရင္ကယ္မယ္…ၿပီးမွ ေလာ့ယန္ကို ကယ္မယ္"
"ဟီး ၿပီးေရာအဲ့တာဆိုလည္း။မနက္စာစားပါေတာ့မယ္"
မီးငယ္အတြက္ ေက်နပ္ေစေလာက္သည့္အေျဖ ျဖစ္သြားသည္လား။သူသိထားသေလာက္ဆိုရင္ မီးငယ္က သူတို႔အိမ္ေထာင္ျပဳမွာ စိုးရိမ္တဲ့ကေလး။
"မီးငယ္ အန္ကယ္အိမ္ေထာင္ျပဳမွာ မစိုးရိမ္ဘူးလား"
"ဟင္ ! "
"မီးငယ္ထပ္ပိုၿပီးခ်စ္ရမဲ့ကေလးေတြ႕တဲ့အခါ၊ မီးငယ္ကိုမခ်စ္ေတာ့မွာ မေၾကာက္ဘူးလား"
"ေၾကာက္တယ္ေလ ။ ဒါေပမဲ့ အန္ကယ္တို႔ကို ယုံပါတယ္"
ယုံပါတယ္ဆိုတဲ့စကားအဆုံးမွာ အသံေလးက ေဖ်ာ့ေတာ့စြာတိုးသြားရွာ၏။ကေလးပဲကို ကေလးအေတြးနဲ႕ သူ႕ကိုမခ်စ္ေတာ့ဘူးဆိုၿပီး ဝမ္းနည္းသြားမွာမွန္း မင္းသန႔္သတိထားမိလိုက္သည္။
"ေၾသာ္ ဒါနဲ႕ အန္ကယ္တို႔။ေရခ်ယ့္မာမီနဲ႕ ဒယ္ဒီ့ကိုသိခဲ့ၿပီ"
"ဟင္ !! "
ခလြမ္~~
ဂုဏ္နဂါးလက္ထဲကခရင္းလြတ္က်သြား၏။
"မီး… မီးငယ္က သိခဲ့တာ"
တုန္ရီစြာေျပာလာတဲ့နဂါးကို မီးငယ္က အထူးတဆန္းၾကည့္ေနသည္မို႔…
"အင္း ကိုယ့္လက္ေတာ့ပ္ထဲကပုံကိုျမင္သြားတာ။ သူ႕မာမီနဲ႕ဒယ္ဒီကို ျမင္ဖူးသြားၿပီ"
"ဒါ ! ဒါပဲလား"
"အင္း"
အခုမွသက္ပ်ဥ္းခ်မိသူသာ နဂါးနဲ႕မင္းသန႔္ ျဖစ္၏။
ေတာ္ေသးတာေပါ့။တကယ္ေတာ္ေသးလို႔ မီးငယ္ဘာမွသိမသြားတာ။မီးငယ္သာ သိသြားခဲ့ရင္ေတာ့…
::::::::
"လင္းသိုက္ ။ ဒါေလး "
ဒီေန႕ေတာ့ၿမိဳ႕ျပင္သြားဖို႔ျပင္ထားတဲ့ကားက ေန႕လည္ေလာက္မွေရာက္မွာမို႔ မနက္စာစားၿပီး သူတို႔အခန္းထဲမွာပဲ အနားယူေနက်သည္။
"ဘာလည္း မင္းသန႔္"
"မီးငယ္အတြက္ဟန္းခ်ိန္းေလးေ႐ြးေနတာ ဘာပိုေကာင္းမလည္း၊မီးငယ္ဘာႀကိဳက္မလည္း မင္းေ႐ြးၾကည့္"
"စိတ္မေကာင္းျဖစ္ေနလား"
"မဟုတ္ဘူးလို႔ေျပာရင္ လိမ္တာေပါ့"
"ကိုယ့္ေၾကာင့္ပါ"
"မဟုတ္တာမင္းအမွားမရွိပါဘူး။ၿပီးေတာ့ မီးငယ္က သူ႕မာမီနဲ႕ဒယ္ဒီကိုသိသြားယုံပဲမလား။ က်န္တဲ့ကိစၥေတြသိသြားတာမွမဟုတ္တာ။ တကယ္လို႔သိသြားရင္ေတာ့…"
"တကယ္လို႔ဆိုတာမရွိဘူးမင္းသန႔္။ ဘယ္ကိစၥကိုမွ မီးငယ္ထပ္သိလို႔မျဖစ္ဘူး"
မီးငယ္သာသိသြားခဲ့ရင္ ဆုံးရံႈံးမႈအႀကီးဆုံး ျဖစ္မည့္သူက ထင္လင္းသိုက္ဆိုတဲ့ သူကိုယ္တိုင္ပင္။
နဂါးနဲ႕မင္းသန႔္အဖို႔က ဒယ္ဒီနဲ႕မီးငယ္အဖိုးအဖြားတို႔ဟာ လုပ္ငန္းၿပိဳင္ဖက္ေတြ၊အခ်င္းခ်င္းၿပိဳင္ဆိုင္က်ရင္း တစ္ဖက္ကလက္လြန္လာလို႔ ဒယ္ဒီက လုပ္ႀကံခိုင္းခဲ့တာ။အဲ့ဒီလုပ္ႀကံမႈေၾကာင့္ ထင္လင္းသိုက္က ရည္းစားေဟာင္းျဖစ္တဲ့ မီးငယ္မာမီကိုၾကည့္ခိုင္းလို႔သြားရင္း မေသပဲက်န္ေနတဲ့မီးငယ္ကိုေတြ႕ၿပီး ေခၚေမြးစားခဲ့တာ။ ဒါေတြက သာမန္ပုံျပင္တစ္ခုပဲ။ အဲ့ဒီကိစၥေတြျဖစ္လာရေစတဲ့အေၾကာင္းအရင္းအထိ အကြက္ေ႐ြ႕ခဲ့တဲ့သူ႕အေၾကာင္းကို သိမွာမဟုတ္ေခ်။
သိလို႔လည္းမရပါ။မီးငယ္မုန္းသြားမဲ့ကိစၥကို သိသြားလို႔မရပါဘူး။
"မင္းလည္းအမ်ားႀကီးေတြးမေနပါနဲ႕လင္းသိုက္ရာ မီးငယ္က ဘယ္လိုအမူအယာေတြျပလို႔လည္း"
"သူ႕မာမီနာမည္ကိုျမင္သြားလို႔ ကိုယ္ေျပာျပခဲ့ေပမဲ့ မီးငယ္က မေျပာင္းလဲသြားဘူး"
"ေအးကြာ မီးငယ္ေလးကအလိုက္သိပါတယ္။ သူသိခ်င္တာေလးသိရလို႔ ေပ်ာ္ပဲေပ်ာ္ေနရွာတာ"
"ကိုယ္ေလ မီးငယ္ကိုအားနာစိတ္ဝင္တယ္"
"မီးငယ္အေပၚ မင္းဘယ္ေလာက္ လုပ္ေပးခဲ့လည္း မီးငယ္ကလည္းသိပါတယ္။သိလည္းသိသလို နားလည္တဲ့ကေလးဆိုေတာ့ အဲ့ေလာက္ႀကီး စိတ္ထဲမထားပါနဲ႕ကြာ…ကေလးပဲေလ သူခ်စ္ရင္ခ်စ္တယ္၊မုန္းရင္မုန္းတယ္ေျပာမွာပဲ။ အခုကဘာမွမေျပာပုံေထာက္ေတာ့ သူ႕စိတ္ထဲလည္း 'ေၾသာ္ ဒါငါ့မာမီနဲ႕ဒယ္ဒီပဲ´ဆိုၿပီး အဲ့ဒီအေတြးေလးပဲ"
"အင္း ။ မီးငယ္အဆင္ေျပဖို႔ပဲလိုတာပါ။ ကိုယ့္ကိုျပေလ… ဘယ္ထဲကေ႐ြးခ်င္လည္းလို႔"
"ဒါေလးေတြထဲကေတာ့ ေ႐ြးထားတာပဲ မင္းၾကည့္"
လက္ေတာ့ပ္ကိုေရွ႕ခ်ေပးလာတဲ့ မင္းသန႔္က ကိုယ္တိုင္ဒီဇိုင္းဆြဲထားတဲ့ပုံမို႔ သူမသိမသာေလးၿပဳံးမိသည္။
တီ တီ…
"မင္းဖုန္းလား"
"မင္းဖုန္းေလ"
"ေၾသာ္ ငါ့ဖုန္းလား"
ထိုေတာ့မွ ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကိုထုတ္ကာၾကည့္လိုက္ေတာ့ contactsထဲ မွတ္ထားတဲ့နာမည္ေၾကာင့္ မင္းသန႔္မ်က္လုံးျပဴးလာသည္။
" မ မစိမ့္ကြ ။ ငါspeakerဖြင့္လိုက္မယ္ေနာ္"
"အင္း"
ဘာလို႔မွန္းမသိ မစိမ့္နဲ႕ေျပာဖို႔ သူေၾကာက္ေနသည္။
"မင္းသန႔္ … မင္းဘာလုပ္ေနလို႔ ဖုန္းကိုင္ဖို႔ၾကာေနတာလည္း"
"ဟို ကြၽန္ေတာ္အလုပ္ေလးနည္းနည္း။ မ ဘာေျပာခ်င္တာရွိလို႔လည္းဟင္"
"ေျပာစရာဆိုတာထပ္ မင္းတို႔ကို အသိေပးခ်င္တာပါ"
"ဟုတ္ကဲ့ဗ်"
"အစ္မေစ့စပ္ေတာ့မယ္။ေနာက္လထဲက်ရင္"
"ဗ်ာ"
"မင္းတို႔မလာနိုင္မွန္းသိေပမဲ့ ကိုယ့္ေမာင္ေတြဆိုေတာ့ အသိေပးရမယ္ေလ"
"ဟာဗ်ာ မ တကယ္ႀကီးေျပာေနတာလား"
"ေအးေပါ့။ငါ့အသက္အ႐ြယ္နဲ႕ဆို အိမ္ေထာင္ျပဳဖို႔ေတာင္ လြန္ေနၿပီဟာကို"
"ေတာက္ ! မိန္းမေတြမ်ား"
"ဘာျဖစ္သလည္း"
"ကိုးကြယ္ခ်င္စရာ"
တစ္ဖက္ကမစိမ့္ရဲ႕ ရယ္သံသဲ့သဲ့ကို ၾကားေနရေပမဲ့ မင္းသန႔္မွာမရယ္နိုင္ပါ။ႏွစ္ရွည္လမ်ား crushလာခဲ့တဲ့ မ က ႐ုတ္တရက္ႀကီး အိမ္ေထာင္ျပဳေတာ့မယ္အသိေပးလာမယ္ ဘယ္ထင္ပါ့မလည္း။ေတာ္ေသးတာေပါ့။ သူ႕မွာေလာ့ယန္ေလးရွိေနၿပီျဖစ္လို႔။
"အစ္မဟန္းနီးမြန္း ဘယ္သြားရင္ေကာင္းမလည္း စဥ္းစားေပးက်မလား"
"ေအးဗ်ာ စဥ္းစားကူခ်င္ေပမဲ့ ကြၽန္ေတာ္က ဟန္နီးမြန္းမထြက္ဘူးလား"
"ဟဲ့ နင္ေျပာပုံအရဆို ငါကပဲ လင္တစ္ေယာက္ၿပီးတစ္ေယာက္ယူၿပီး ဟန္နီးမြန္းလွည့္ထြက္ေနသလိုျဖစ္ေနၿပီ"
"ဟာ အဲ့ဒီသေဘာေျပာတာမဟုတ္ပါဘူး မစိမ့္ကလည္း"
"ေတာ္ပါၿပီ။ညက်မွ မီးငယ္ေလးဆီvcေခၚၿပီး ေျပာက်မယ္"
"ok ok အဆင္ေျပသလိုသာလုပ္"
ဖုန္းခ်ၿပီးသည္ႏွင့္ သူ႕စိတ္ကမ႐ႊင္ျပေတာ့။ ရင္နာတာလား အံ့ၾသတာလား မေဝခြဲတတ္ေတာ့။ သူခ်စ္တာ ေလာ့ယန္လား။ဒါမွမဟုတ္ မစိမ့္လား။ ဒီႏွလုံးသားအရႈပ္ေတာ္ပုံကို ဘယ္သူက ဖန္တီးခဲ့ေလသလည္း။
: : To Be Continue Part - 25