🌸သူ့လည်တိုင်တွင် ငါ့နှလုံးသာ...

By Drabin-one

247K 5.1K 518

ကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလို... More

🌸Part1🌸
🌸Part 2🌸
🌸Part 3🌸
🌸Part4🌸
🌸Part5🌸
🌸Part 6🌸
🌸Part7🌸
🌸Part8🌸
🌸Part9🌸
🌸Part10🌸
🌸Part11🌸
🌸Part12🌸
🌸Part 13🌸
🌸Part14🌸
🌸Part15🌸
🌸Part16🌸
🐉Part17🐉
🐉Part18🐉
🐉Part19🐉
🐉Part20🐉
🐉Part21🐉
🐉Part22🐉
🐉Part23🐉
🐉Part25🐉
🐉Part26🐉
🐉Part27🐉
🐉Part28🐉
🐉Part29🐉
🐉Part30🐉
🐉Part31🐉
🐉Part32🐉
🐉Part33🐉
🐉Part34🐉
🐉Part35🐉
🐉Part36🐉
🐉Part37🐉
🌸PART 38(FINAL)🐉

🐉Part 24🐉

5.2K 127 15
By Drabin-one

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part24🐉

အနာကပ်ပလာစတာကပ်ထားသည့်လက်‌ချောင်းကို ခနခနကြည့်ပြီး အကျေနပ်ကြီးကျေနပ်နေတာက ကိုကိုပင်။

ဘာလို့ဆို ချောင်သားသွားရတဲ့ခရီးစဉ်မှာ ကိုကြီးရော မတွေ့တာကြာနေပြီဖြစ်တဲ့ ကိုကို့ရဲ့သူငယ်ချင်းအစစ် ဆောင်းမိုးခါးပါ ပါလာကြသည်။

ဘေးနားက မျက်နှာစူပုတ်နေသည့် မြေခွေးကတော့ တစ်လမ်းလုံး ကိုကို့ဘက်ကိုတစ်ချက်တောင်မလှည့်ဘဲ ရှေ့ဘက်ကိုသာ မျက်နှာမူပြီး ကားမောင်းနေ၏။သူစကားမပြောလဲကိစ္စမရှိ။

"ငါ့မျက်နှာက မင်းအတွက် ရယ်စရာကောင်းနေလို့လား၊‌နောက်တစ်ခါရယ်ရဲရယ်ကြည့် ကားပေါ်ကနေ တစ်ခါတည်းကန်ချပစ်မယ်"

ဒီဘက်ကိုလှည့်မကြည့်ဘဲ ပြောလိုက်တော့ ကိုကိုတစ်ချက်လောက် အံ့ဩသွားရ၏။သူဘယ်လိုလုပ်ပြီး ကိုကိုပြုံးနေတာကို ရိပ်မိသွားရတာလဲ။

"မရယ်ပါဘူး၊ကို့အတွေးနဲ့ကို ရယ်နေတာ"

သူ ဒီနေ့အတွက် တစ်စက်မှဆို တစ်စက်မှကို ကိုကို,ကို ကြည့်လို့မရ။

ကြည့်လေ...သူ့ကိုကျတော့ အဖြူရောင်ရှပ်အင်္ကျီကို အပေါ်က အစိမ်းရင့်ရောင် ရှပ်အကွက်လက်ရှည်ကို ခဲရောင်ရှုံ့ကြိုးပါ‌သောဘောင်းဘီနဲ့ဝတ်စေပြီး သူမကော နေမီးကော မိုးခါးပါ အဆစ်ပါလိုက်သေးတယ်အုန်းပင်‌ တွေပါသည့်ကမ်းခြေအင်္ကျီနဲ့ ဆင်တူတောင် ဝတ်လိုက်ကြသေးသည်။ဘာလဲ ..သူက ကိုကို့အတွက် ဒရိုက်ဘာသာသာလား?

ဒီနေရာအထိကို နေမီးဆိုတဲ့ကောင်က လျှောလျှောရှူရှူနဲ့ လိုက်မယ်လို့ ထင်နေရင်းမှားမယ်။သူ့ဘက်က ဘာတွေကို အလျှော့ပေးလိုက်ရလဲဆိုတာ ကိုကိုတစ်ယောက် သိနိုင်မည်မဟုတ်။

"ဒါရာကို ဖြတ်လိုက်"

အရွဲ့တိုက်ချင်လို့ တမင်တကာ တွဲခဲ့ပေမယ့်လည်း ဖြတ်ဖို့ကိုတော့ သူ့ကို အမိန့်ပေးစရာ လိုလို့လား။

ဒါပေမယ့် တစ်ဖက်က ပြောလိုက်သည်ထပ် သူ့ဘက်ကလဲ တစ်ယောက်သောသူအတွက်ကို အချိန်ပေးချင်သည့်မို့ ....

"ဝေါင်း!!!"

မျက်စိတစ်ဆုံးမြင်လိုက်သည့်ပင်လယ်ကြီးကို လက်ဆန့်ထုတ်ကာ ခပ်ပြင်းပြင်းတိုက်လာသည့်လေတို့ကို တစ်ဝရှူလိုက်၏။

"ဆားငွေ့....လှိုင်းသံ..."

ကိုကို မျက်လုံးလေးကို ပိတ်ထားပြီး ပင်လယ်၏ အရသာကို ခံစားကြည့်၏။

"ရေထဲဆင်းမလား"

"မဆင်းဘူး ကိုကို ရေကြောက်တယ်"

"ဟမ်!!!"

သူအံ့သြသွားပေမယ့် သူမက ‌သွားလေးတွေပေါ်လာသည့်အထိ ပြုံးပြရင်း......

"ဟုတ်တယ် မယုံရင် ကိုကြီးကိုမေးကြည့်ပါလား၊ ငယ်ငယ်တုန်းက ကိုကြီးနဲ့ကိုကို ရေကစားနေရင်း ကိုကြီးက ကိုကို့ရေမွှန်သွားတဲ့အထိခေါင်းကိုရေထဲနှစ်ပြီး စနောက်လိုက်တော့ အသက်ရှုရကျပ်ပြီး သတိလစ်သွားတယ် အဲ့ကတည်းကစပြီး ကိုကို ရေနဲ့အသားမကျခင်အချိန်ထိ ရေထဲမဆင်းဘူး ၊ဒီချောင်းသာမှာပဲ "

သူမနှင့်ပတ်သက်သမျှတို့ကို သူမဘက်က တစ်ခါမှပြောပြဖူးခြင်း မရှိခဲ့သလို သူလဲမမေးတော့ အခုလိုကြားရပြန်တော့လဲ စိတ်မကောင်းဖြစ်ရကာ ကိုကို၏ဝဲနေသော ဆံနွယ်တွေကို ဖွပစ်လိုက်ပြီးမှ ရှုပ်သွားသည့် လေတွင်ဝဲလွင့်နေသော ဆံပင်တွေကို သူ့လက်ကောက်ဝတ်က သရေကြိုးကွင်းနှင့် စည်းပေးတော့ ကိုကိုက သူ့ကို အထူးအဆန်းသဖွယ် ပြူးပြီး ကြည့်၏။

"လမ်းမှာ ကောက်လာတာ"

တကယ်လဲ အလာလမ်းထမင်းစားရန် တစ်‌ထောက် နားသည့်တစ်နေရာတွင် သူမဖြည်ချထားသည့်ခေါင်းစီးကွင်းကို သူကောက်လာခဲ့ပြီး လက်မှာပတ်ထားသည်မို့ အလွယ်တကူ စည်းပေးလိုက်ခြင်းဖြစ်သည်။

ပြုံးပြနေသည့် နဂါးပေါက်လေးကို အသဲယားယားနဲ့ နမ်းပစ်ချင်ပေမယ့် သူမဘေးနားကနေ သံအရည်ကျိုထားသည့် သံမဏိမျက်ခွက်ကြီး အချစ်တော်နှစ်ယောက်ကြောင့် မေ့ပစ်လိုက်ရသည်။တကယ့်တောက်တဲ့နှစ်ကောင်....

"ရေထဲမဆင်းရင် အခန်းထဲ သွားနားကြမလား ၊နှစ်ရက်တောင်အချိန်ရတာပဲ၊ကိုလဲတစ်လမ်းလုံးမောင်းလာရတာ ခါးနာနေပြီ"

"ခနနေ ဝင်လာခဲ့မယ် သွားနှင့်"

စကားနားထောင်ခံလိုက်ရသည့် အိမ်ဦးနတ်ပဲ သိလား။သူ့အစ်ကိုနဲ့သူငယ်ချင်းနဲ့ဆို သူ့ကို မေ့ထားပြီး ပျော်ပါးနေကြတာပဲကြည့်... တကယ်ပဲ သူမ သူ့ကိုပလစ်နေတာပဲ။

"ဟိုတစ်ယောက် ဘာဖြစ်တာလဲ"

"ပင်ပန်းလို့ထင်တယ်"

ဟိုတယ်ဘက်ကို ဝင်သွားသည့် နောက်ကျောပြင်လေးကို သမင်လည်ပြန်ကြည့်ရင်း ကိုကြီးအမေးကို ဖြေလေ၏။

အစကမလိုက်ဘူးပြောပြီး သွားခါနီးအချိန်မှ ကောက်ထလာတဲ့လူ။တတ်လဲတတ်နိုင်သည့်လူ...
မင်းပျော်နေတာကို ငါ မမြင်ချင်လို့တဲ့...

ဒါလား တွဲမယ်လို့ပြောခဲ့တဲ့လူက။အမျိုးမျိုးကို လူကို အနိုင်ကျင့်ချင်နေတာ မသိရင်ခက်မယ်...

"အေးပေါ့....ငါတို့က တစ်ယောက်တစ်လှည့်စီမောင်းတာ ၊သူက တစ်လမ်းလုံးတစ်ယောက်ထဲကို"

နေမီးက အပင်ပန်းခံလှသည့် သူ့ယောက်ဖတော်လေးကြည့်ပြီးကို ရယ်ချင်လာရ၏။

ချောင်းသာကို ကိုကိုကိုက မင်းကိုပါသွားစေချင်နေတယ် လိုက်ခဲ့လို့ အရင်လာပြောခဲ့တာကို ပြန်တွေးမိတော့ မင်းယဆိုတဲ့ကောင်က သူတစ်ပါးကို အလျှော့မပေးတတ်တဲ့အပြင် ပိုပြီးတော့တောင် ‌ပြဿာနာတတ်အောင် ရှာနိုင်တဲ့ကောင်က သူ့ကို အရင်လာရှာပြီး ပြောသည့်စကားက ကိုကို့အကြောင်းတဲ့လား။ဒီကောင် ချစ်တတ်လာပြီပဲ။

"ကိုကြီးတို့တော့ ရေထဲဆင်းမယ်"

ကိုကြီးအဖွဲ့ ရေသွားကူးမှာဆိုတော့ အင်္ကျီတို့ကို ကိုကို့ဆီမှာလာထားကြပြီး ကမ်းခြေဘက်ကို အသီးသီးဆင်းသွားကြ၏။

အဝေးကနေမြင်နေရသည့် ကိုနေနိုင်သည် မပိုးကလေးကို ဘောကွင်းပေါ်မှာတင်ပြီး ရေထဲလျှောက်သွားနေတာကို ကြည့်ပြီး ကိုကိုသဘောကျမိသည်။

မနက်ဖြန်မှပဲ အာ့လိုကူးကြည့်တော့မယ်။ကျန်တဲ့ယောက်ျားလေးတွေက လုံးဝFAတစ်လိုင်းဖြစ်ပြီး ရေထဲမှာ ရေကူးလိုက် တစ်ယောက်နဲ့တစ်ယောက်ဘောလုံးနဲ့ပစ်‌ ပေါက်လိုက်နှင့်ဆော့နေကြ၏။

အရိပ်လေးအောက်တွင် ထိုင်ကာ အုန်းရေလေးသောက်ပြီးသူတို့ကိုကြည့်လိုက်နှင့် ကိုကိုကမ်းခြေရဲ့ရနံ့အရသာကို ရှူရှိုက်နေမိ၏။

တအောင့်အကြာမှာတော့ ကိုကြီးတို့တတ်လာကြပြီး ၊ကိုကြီးတို့ သူငယ်ချင်းတစ်စုရော မိုးခါးပါ သူမတို့သည် ဟိုတယ်ဆီကို ပြန်လာခဲ့ကြသည်။

အခန်းထဲရောက်တော့ သူက အိပ်ပျော်နေပြီ။သူ အရမ်းပင်ပန်းနေခဲ့မှာပဲ။သူအိပ်နေသည့် မွေ့ယာထပ်ကို တိုးကပ်ထိုင်လိုက်ပြီး လက်နှင့်နှဖူးလေးကို ထိကပ်လိုက်၏။ဟိုတစ်ခါကလို ဖျားသွားမှာကိုလဲ စိုးရိမ်ရသေး၏။

ဝယ်လာသည့် အမှတ်တရအင်္ကျီကို သူ့ဘေးတွင် ချထားကာ အိတ်ထဲကသူဝတ်မည့်အဝတ်အစားတစ်ချို့ကို ထုတ်ပေးလိုက်ပြီး သွားနှိုးလိုက်၏။ညနေဆောင်းမှ အိပ်ရင် နေမကောင်းဖြစ်သွားမှာဆိုးလို့ပါ။

"ကိုယ ....ကိုယ.."

"ဟင်.."

"ထတော့.."

"အင်.."

မျက်လုံးက ဖွင့်မလာပဲ သူထူးနေပုံက ချစ်ဖို့ကောင်း၏။

"ထတော့လေ...ညနေစောင်းနေပြီ... ဟိုတယ်က မီးပုံပွဲလုပ်လို့ရတယ်လို့‌ပြောတယ်သိလား ၊အဲ့ဒါ ကိုကို ကိုကြီးတို့နဲ့ ဝိုင်းလုပ်ပေးလို့ရမလားလို့ ပြောချင်လို့"

"မီးပုံပွဲ!"

"အင်း ...အကင်လဲလုပ်စားကြမှာ ဝန်ထမ်းတွေ ယူလာပေးတယ်..ထတော့လေ..၊ချစ်ဖို့ကောင်းတယ် ကိုကို့ယက"

"ဟွန့်.."

နှုတ်ခမ်းလေးလှုပ်ရုံရယ်ပြီးထလာတော့ သူမက အလိုက်သိစွာပင် တဘက်တစ်ထည်ကို အမြန်ပြေးယူလာပြီး သူ့အနားကို တစ်ခါပြန်ရောက်လာသည်။

သူမလေးရဲ့" ကိုကို့ယ"ကိုတော့ သူသဘောကျတာ အမှန်။ဘယ်သူမှ သူ့ကို "ယ"လို့ ခေါ်ဖူးခြင်းမရှိခဲ့။ကိုကိုသာ သူ့ကို ပထမဆုံးခေါ်ခဲ့ဖူးသည်။အနည်းဆုံးသော ယမင်းတို့လောက်တော့ အခေါ်ခံရဖူးသည်။"ယ"ဆိုသည့် တစ်လုံးကတော့ သူ့နှလုံးသားမှာ အသံရော လူရောက အမြစ်သွယ်နှင့်နေပြီ။

အိပ်ယာထခါစ ပွနေသည့် ဆံပင်တို့ကို လက်ဖြင့် ထိုးသပ်လိုက်ပြီး လက်တစ်စုံကကမ်းပေးနေသော တစ်ဘက်ကို လှမ်းယူလိုက်ပြီး၊သူမနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ကိုယ်ကို ကိုင်းချလိုက်ပြီး နှာတံလုံးလုံးလေးကို လက်သန်းလေးဖြင့် ဖွဖွလေးတို့ထိတော့ သူမက ပုခုံးလေးကျုံ့သွားပြီး သူ့ကို ရယ်ပြနေ၏။သူပါ အပျော်တို့ သူမဆီက ကူးဆက်လာသည်ထင် နှစ်ယောက်သားပြုံးရယ်နေ၏။

"ဒီကို လာရတာ မင်းပျော်လား"

"အွမ်...ကိုယလဲရှိတယ် ၊ကိုကြီးလဲရှိတယ်၊မိုးခါးလဲရှိ ဒီလာတဲ့လူတွေထဲမှာကိုကို့လောက်ပျော်မယ်သူ မရှိတော့ဘူးထင်တယ်"

"အိုကေ....မင်းပျော်ရင် ရပြီ"

"ကိုယကော မပျော်နေဘူးလား"

"လာနေကျကို အထူးဆန်းမှ မဟုတ်တာ...၊သွားတော့ ဆင်းလာခဲ့မယ်"

"အွမ်....ဒါဆို သွားပြီနော်"

"ကြွ...ကြွ..."

"ဟီး...ဟီး..."

သူရေချိုးခန်းဘက်ကို လှည့်ဝင်သွားပြီး ကိုကိုလဲ မီးပုံပွဲဘက်ကို ပြေးဆင်းသွား‌လေသည်။။သူကလွဲ လူစုံနေပြီကာ အသားကင်သူက ကင်နေပြီး ၊ စားသူက စားနှင့်နေပြီ။မိုးတွင်းကုန်အစမို့ ခရီးသွားများ နည်းနေသေးသဖြင့် ကမ်း‌ခြေမှာ လူတို့သိပ်လဲမရှိ၊ပတ်ဝန်းကျင်မှာလည်း မှောင်ရီပျိုးချိန်တွင် အုပ်စုနှင့်က သုံးစုလောက်ပင်ရှိကာ အနည်းငယ်တိတ်ဆိတ်လျက်ရှိ၏။

"ဒါယူထားပြီး အရင်စားနှင့်"

ဆောင်းမိုးခါးဘေးတွင် ဝင်ထိုင်လိုက်ပြီး ဝက်သားပြားကင်ကို ယူလိုက်ကာအားရပါးရလွေးတော့သည်။

"စားတောင် စားနေပြီလား"

"ဘုတ်"

ကိုကြီးဘေးကို စောစောက ကိုအသွင် ထိုင်နေသည့်ခုံဘေးတွင် ဝင်ထိုင်လိုက်သောသူ့ကြောင့် ကိုကို့မှာ စားလက်စားဝက်သားပြားတုတ်လေးပင် မြေကြီးပေါ်ကို ပြုတ်ကျသွား၏။

ဒီနှစ်ယောက် ရန်မဖြစ်ပဲနဲ့တော့ မနေ။ကိုကိုတစ်နည်းနည်းနဲ့တော့ ဒီနှစ်ယောက်ကို နေရာခွဲမှဖြစ်တော့မယ်။

"မင်း အိပ်နေတာဆို"

"အေး...စောစောကမှ နိုးတာ"

အရှေ့မှာ ချထားသော ဘီယာတစ်ဘူးကို ဖောက်လိုက်ပြီး မော့သောက်ရင်းဖြေ၏။အရှေ့ကအကောင်စုတ်နှစ်ကောင်ကို သေသေချာချာ ကြည့်တော့မှ သူ့မျက်လုံးပင်ပြူးသွားရကာ ကိုယ့်ကိုယ်ကိုလည်း ပြန်ငုံ့ကြည့်လိုက် ဟိုနှစ်ကောင်ကို ထပ်ကြည့်လိုက်နှင့်နေမီးကိုပါ ထပ်ကြည့်လိုက်တော့မှ "လခွမ်ပဲ"ဟု စိတ်ထဲကနေဆဲမိ၏။

သူ့မှာတော့ အင်္ကျီကိုcouple ဝတ်တာလို့ ထင်နေတာ ၊အခုက coupleမဟုတ်ပဲ Groupလိုက်ကြီးကို နဂါးပေါက်လေးက လုပ်ချသွားတာ။သွားလဲချင်စိတ်တောင် ပေါက်တယ်တကယ်။

လင်မယားလဲမဟုတ် ၊ချစ်သူရည်စားလဲမဟုတ်တော့ဘဲ၊ သူ့ကို ကိုကိုက silent တွဲနေသလားလို့တောင် အောက်မေ့ရသည် တကယ်...

ကျောင်းလေ့လာရေးခရီးထွက်နေတာကြနေတာပဲ ဖီလင်က။

"ဟ...ငါ့နေရာကော"

တစ်နေရာရာကနေ ပြန်လာသည့်အသွင်က ကိုကို့ဘက်က ထိုင်ခုံအလွတ်တစ်လုံးကို တွေ့ပေမယ့် မသင့်တော်သဖြင့် မင်းယပုခုံးကို တွန်းပစ်ပြီး သူက ဝင်ထိုင်လိုက်၏။

ထိုင်ခုံမှ တွန်းချခံလိုက်ရ‌တာရော စောစောက တင်းနေသည့်စိတ်တို့ကြောင့် လေပူတစ်ချက်မှုတ်ထုတ်ပစ်လိုက်ပြီး သူမဘေးတွင် မထိုင်ချင် ထိုင်ချင်ဟန်နှင့် သွားထိုင်လိုက်ရသည်။

ရေရေလည်လည် တင်းနေတာနော်...နဂါးပေါက်...

"နည်းလှချည်လား"

စိတ်ထဲကနေ ရန်ဘယ်နှစ်ပွဲမြောက်မှန်း ဖြစ်မှန်းမသိ ဖြစ်နေသည်မှာ နေမီးဆီက အသံကြားမှ သူလဲ သတိဝင်လာရသည်။

"အင်"

"ငါ့ဘော်ဒါနှစ်ကောင် ပြန်တည့်လို့ တော်သေးတယ်၊ဒီနှစ်ကောင်ကြောင့် ငါ့မှာ ဟိုဘက်ပြေးလိုက်၊ဒီဘက်ပြေးလိုက်ရနဲ့ ညှိပေးရတာအမော၊ကြားထဲက အခေါင်းပါ ကြိုဝယ်ပေးရမလိုနဲ့"

"အချင်းချင်းပဲကွာ...တစ်ယောက်နဲ့တစ်ယောက်လျှော့ပေါ့"

"ဟက်"

အသွင်တို့စကားကို နေမီးဟက်ခနနဲ့ရယ်ချလိုက်ပြီး လက်ထဲက ဘီယာကို မော့သောက်လိုက်ရင်း...

"မင်းလား ဟိုဘက်ဒီဘက်ပြေး...သူ့စော်ဘေးကနေ မခွာတဲ့ကောင်ကများ၊‌ေxာက်ပိုတွေ"

"ဟေ့ကောင်...မင်းခါင်းကွဲတဲ့နေ့က ငါဘယ်လောက်တောင် ရူးသွားရလဲ မင်းသိလား၊ဆေးရုံပြေးလိုက် ရဲစခန်းပြေးလိုက်နဲ့ စေတနာကို မစော်ကားနဲ့ သားလေး"

"ဟွန့်"

"မရယ်နဲ့....Albulanceမှာ ငိုခဲ့တာကို ခုထိမေ့လို့မရသေးဘူးကွ ၊မင်းသေပြီလို့ အောက်မေ့နေလို့"

"အော်....ငါ့ကို သိပ်ချစ်နေတာပဲ"

"အချစ်ဆုံးပဲ သားရယ်"

"ပိုးကလေး အာ့ကောင်ကို နင်နပန်တစ်ချက်လောက်ကျင်းပေးလိုက်စမ်းပါ"

"ချစ်လို့ ချစ်သူတော်ထားတာနော် ငါ့'ကို' ကို မလုပ်ရပ်ဘူးဟယ်"

"ဟား...ဟား..."

"ဟား ဟား"

"FAကောင်တွေက ဒါမျိုးကို ဘယ်တော့မှ ခံစားဖူးမှာမဟုတ်ဘူး သူ့တို့ကို သွား ပြောမနေနဲ့ သဲ ၊သံမဏိ‌အသဲနှလုံးကောင်တွေကို"

"ခွေးကောင်"

"f...K Of!!!"

"နေမီး....ဒီကောင် တစ်ကယ်ငိုနေတာ"

"ဟိုကောင့် လက်သံပြင်းချက်က အမေးဇင်း"

"လေ့ကျင်လာတာလားပဲ"

ထိုအချိန်တုန်းကတော့ သူတို့ကမ္ဘာပျက်မတတ် နေမီးကို စိုးရိမ်ခဲ့တာကို အခုပြန်တွေးမိရင် ခေါင်းထဲကမေ့ဖျောက်လို့မရခဲ့။နေမီးများ သတိပြန်မလည်လာရင် ဆိုတဲ့အတွေးက စိတ်ချောက်စရာကောင်းလှ၏။အတိတ်ကိုတော့ အတိတ်မှာထားပြီး လက်ရှိပစ္စုန်ပန်မှာသာ ငြိမ်းချမ်းတဲ့ ဆက်ဆံရေး ဖြစ်နေပြီမလား။

နေမီးတို့ စကားဝိုင်းထဲမှာ တစ်ချက်မှ ပါမလာတာက မင်းယပင်ဖြစ်သည်။အားနာစိတ်များ ဖြစ်ပေါ်လာမလားဆိုတော့လည်း သကောင့်သားက နည်းနည်းလေးတောင် မျက်နှာမှာ မပေါ်။တောင်းပန်လာဖို့ဆို ဝေးစွ။

သူ့မိန်းမစားဖို့ကိုပဲ အသားကင်တွေ တစ်ချောင်းပြီး တစ်ချောင်း ကင်ပေးနေ၏။ဒီကောင် အခုတလော လိမ္မာပြီးရင် ဘယ်အချိန် ထဖောက်နေမှန်း သိတာမဟုတ်ဘူး။

"တစ်ယောက်သော သူကတော့ အမြတ်ရသွားတာ နည်းတာ မဟုတ်ဘူး"

"ဟား..ဟား..."

"ဟား.."

"ချီးယား bro"

နေနိုင်သည် အသားကင်နေသည့် မင်းယဘက်ကို ကမ်းပေ့လုပ်ပြတော့ သူကလဲ ဘီယာဘူးကို မြောက်ပြပြီး အာစွတ်ရုံသောက်လိုက်၏။သူဒီညကိုလစ်မစ်ကျော်လို့မဖြစ်။ကိုကိုနဲ့က တစ်ခန်းထဲ အိပ်ရမှာဆိုတော့ သူဆင်ခြင်ရမည်။

"ယူအုံးမလား"

"အွန်း"

"ဒါဆို ဒီဘက်မှာလာထိုင်"

သူတို့အဖွဲ့ ထိုင်နေသည့်နေရာနှင့် အသားကင်နေသည့် မီးဖိုလေးက အနည်းငယ် လှမ်းနေသဖြင့် သူ ကိုကို,ကို လက်ဆွဲပြီး အကင်မီးဖိုနားက စည်းရိုးအုတ်ခုံပုပု‌လေးပေါ်တွင် ထိုင်စေ၏။

"ဟေ့ကောင် ...မင်းဘာ တွန့်တိုနေလဲ၊ဒီမှာ သူ့အစ်ကိုရော သူငယ်ချင်းပါရှိနေတာကို သူ့ကို ဟိုမှာ သွားထိုင်ခိုင်းတာ မင်းမတရားဘူးကွာ"

"တရားရား မတရားရား ဒီမှာဗိုက်ဆာနေတာ ခွေးသားရ"

"အော်...ဒီမှာ ထိုင်စားလဲရနေတာကို နတ်သားရယ်"

"ရပါတယ်...ကိုကို ဒီမှာစားပြီးနေလို့ရတယ်"

"ကိုကိုလေး...အာ့ကောင် စကားကို သွားနားမ‌ထောင်နဲ့ ခြင်ကိုက်မယ် ဒီဘက်ကိုလာ"

ကိုကို သူ့ကိုလှမ်းကြည့်တော့ သူလဲ လက်ခံပြီးခေါင်းညှိမ့်ပေးလိုက်သဖြင့် စောစောကနေရာကို ဝင်ယူလိုက်သည်။ ပြောနေသည့်စကားတို့ကြောင့် သူများစိတ်တိုနေမလား၊သူ့မျက်နှာမှာလဲ ကိုကို ခန့်မှန်းလို့မရအောင် တည်ငြိမ်နေသဖြင့် စိတ်ထဲကနေတွေးနေမိသည်။

"ရော့...အများကြီး‌မစားနဲ့ ဗိုက်နာမယ်"

ကိုကို့အရှေ့တွင် ဝက်သားပြား ၊ငါးကင်‌၊အသီးတွေကင်ထားသည့် အကင်ပန်းကန်ပြားောကို ချပေးရင်း သူပါ ဘေးတွင်ဝင်ထိုင်ရင်း ကိုကိုလက်နှစ်ဖက်မှရုံပတေးသီးအကင်ကို ကိုင်ထားသည့် လက်တစ်ဖက်ကိုပါ သူ့လက်နှင့် ခုံအောက်ကိုဆွဲချလိုက်သောကြောင့် မျက်လုံးပါဝိုင်းစက်သွားရကာကြောင်သွား၏။

သူအခု ဘာလို့လုပ်လဲလို့ ကိုကိုကြည့်လိုက်တော့ သူက သူမဟုတ်သလို ခပ်တည်တည်မျက်နှာထားနှင့်။

ခုန်လာသည့်နှလုံးသားတစ်စုံကို တားဆီးရန် ခက်ခဲလှသည်။ဆီပေနေသော ‌စားပွဲခုံ‌အောက်က ကိုကို့လက်သည် ချွေးစီးတို့ထွက်လာပြီဆိုတာသိလိုက်ပေမယ့် သူက သစ်ရှူးနဲ့လာသုတ်နေသည်ကိုလဲမသိချင်ယောင်ဆောင်နေရသည်။လူတွေအများကြီးထိုင်နေသည့်ဆိုသည့်အသိထပ် ကိုကြီးအရှေ့မှာရော မိုးခါးအရှေ့မှာပါ ရှိနေသဖြင့် ရှက်စိတ်က ဖုံးလို့မရဘူးဆိုတာ သိလိုက်သည်။

ဘာလို့လဲဆိုတော့ ကိုကို့မှာလက်တွေရော ခြေထောက်တွေရော တစ်ဆက်ဆက်တုန်ကာ ကြောက်စိတ်တို့လွှမ်းနေပြီ။ခိုးတွဲနေရတဲ့အရသာက ဒီလိုကြီးလား???

သူ့လက်ခုံထဲက လက်သေးသေးလေးက ရုန်းထွက်ချင်နေသဖြင့် သူတင်းတင်းလေးပြန်ဆုပ်ကိုင်လိုက်ပြီး ကိုကို့နားရွက်နားသို့ကိုကပ်သွားပြီး အသံထွက်ရုံလေသံနှင့်...

"အပြင်ဘက်မှာ လမ်းလျှောက်ထွက်ကျမလား"

"မှောင်နေတယ်လေ ၊အေးလဲအေးတယ်"

"ကြယ်‌သွားကြည့်ရအောင် ...သွားစို့ ၊ဒီမှာ မင်းအတွက် အနွေးထည်လဲကြိုယူလာတယ်"

"အင်း....သွားမယ်လေ"

"ဟိုနှစ်ကောင် တိုးတိုးကြိတ်ကြိတ်နဲ့ ဘာတွေကြံစည်နေတာလဲ"

သူတို့နှစ်ယောက် ညှိနေတုန်း အလိုက်ကမ်းဆိုးမသိသော သော်တာက ခပ်ကျယ်ကျယ်အော်လိုက်တော့ သူခိုးလူမိသလိုဖြစ်သွားရကာ...

"FAတို့ မသွားအပ်သည့် တားမြစ်နယ်မြေဟေ!!"

"ဟေ့... ဒါဆို ငါတို့လဲသွားမယ် စောင့်အုံး"

စပ်စုနေသည့် သော်တာကို ရွဲ့ပြောပြီး သူတို့နှစ်ယောက်ရော နေနိုင်တို့ကပါ ငါတို့လဲ လိုက်ခဲ့မယ် ဆိုပြီး လက်တွဲဖော် မရှိသည့် FAကောင်တစ်သိုက်စီမှ ထွက်ပြေးလာရတော့သည်။

နေမီးကတော့ ပြုံးရုံသာ...

ကမ်းခြေဘက်ကို နှစ်ယောက်သား ပြေးဆင်းလာကြသည်။

"ဟူး......!"

လေပူကို တစ်ချက်မှုတ်ထုတ်ပြီး သူမကို ကြည့်တော့ သူ့ကို ရယ်ချင်ပတ်ကျိ မျက်နှာလေးကြောင့် သူမျက်ခုံးထူထူတို့ကို ပင့်ပြ၍ ...

"ဘာလို့လဲ.."

"ကိုယလဲ ကိုကြီးကို ကြောက်နေတာမလား"

"ဟက်...မင်းကြောက်နေတာကိုး...ကို့မှာ မင်းလက်ဖျားခြေဖျားအေးနေတာကို နေမကောင်းလို့များလားလို့ စိတ်ပူသွားရတာ..."

"မကြောက်ပါဘူးနော်"

"ဟုတ်လို့လား"

"ဟုတ်ပါတယ်ဆို"

သူ ဟားတိုက်ရယ်လိုက်တော့ ကိုကို့မှာ ဒေါသထွက်ရကာ သူ့တွဲထားသည့်လက်ကို ဆက်ခနဲ့ ဖြုတ်ချလိုက်ပြီး အရှေ့ကိုသာ ခပ်မြန်မြန် လျှောက်လိုက်သည်။မြန်မြန်လျှောက်ပါတယ်ဆိုမှ လေရဲ့ခပ်ပြင်းပြင်းတိုက်ခက်မှုကြောင့် တစ်ကိုယ်လုံးအေးစက်သွားသဖြင့် လက်ကိုတင်းတင်းကျပ်ကျပ်ပိုက်ပြီး သူ့ကို ကျော်လိုက်၏။

"မမှီဘူး ထင်နေလား"

အရှေ့ကို ကျော်ခွရောက်လာပြီး နောက်ပြန်လျှောက်နေသည့်သူ့ကြောင့်ရော တိုလွန်းနေသည့်ကိုယ့်ခြေထောက်တို့ကိုပါ အမြင်လဲကပ် စိတ်လဲတိုလာရပြီ....

"လာမစနဲ့နော် ၊ဖယ်"

"ဟ...မစပါဘူး ၊မှီလို့ပြော...."

"ဘုတ်...."

"အား!!"

"ဟေ!"

တိုနေသည့်ဆဲလ်စိတ်အစဉ်တို့ဟာ ရင်ခုန်ခြင်းကို စတင်ကူးပြောင်းသွား၏။‌

လမင်း၏အကူအညီနဲ့‌လင်း နေသော ညရောင်လေးသည် တလက်လက်တောက်ပနေသည့် သဲပြင်ပေါ်တွင် နှစ်ယောက်သား မိတ်ဆက်သွားရသည်။

ခြေလှမ်းကို ပိုမြန်အောင် လျှောက်လိုက်သည့်ကိုကို့အမှား။သူ့အပေါ်ကို မှောက်ကျသွားသည်လဲကိုကို့အမှား။သူနဲ့ဆို ခုန်လာသည့်နှလုံးသားတို့ကို တားပိုင်ခွင့်မရှိတာလဲ ကိုကို့အမှား။သူ့ကို ချစ်မိတာလဲ ကိုကို့အမှား။မချစ်နဲ့လို့ သူပြောနေတာကို ရှေ့ဆက်တိုးနေသည်လဲ ကိုကို့အမှား။

ကမ်းစပ်က ရေလှိုင်းတတ်သံ ၊ကျသံတို့ကိုလဲ ပီပီသသကြားရသည်။ကိုကိုမျက်နှာအပ်ထားသည့် သူ့ဝဲဘက်ရင်အုံမှ တဒုတ်ဒုတ်နဲ့ခုန်‌နေသည့်အသံကိုလဲ ပီပီသသကြားနေရသည်။

"ကိုတို့ ဒီမှာပဲ အိပ်လိုက်ကြမလား"

"ဟင်!!"

သူ သတိပေးတော့မှ အသိစိတ်တို့ပြန်ဝင်လာပြီး သူ့ကိုယ်ပေါ်ကနေ ကမမ်းကတန်းခွာကာ ထထိုင်လိုက်သည်။

"ဆောရီး...ကိုကိုလောသွားတယ်"

"သဲတွေပေကုန်ပြီလား"

"ဟင့်အင်း မပေဘူး၊ဘယ်နား နာသွားသေးလဲ"

"ဒီနား"

သူ့ဝဲဘက်ရင်အုံကို မေးလေးနှင့်လည်စောင်းပြီးငုံ့ပြတော့ ကိုကိုသည် ပိုရန်ကော ဆိုကာ မျက်စောင်းဖြင့် ထိုးချီ၏။

"တကယ်...မင်းတစ်တောင်ဆစ်နဲ့ထိုးလိုက်တာ ဒဏ်ဖြစ်သွားလား မသိဘူး"

"မဟုတ်ဘဲနဲ့"

"ဪ...တကယ်ပါဆို"

သူ လူလည်လုပ်တာကို ခံလိုက်ရသောကြောင့် ဒုတိယအကြိမ် မျက်စောင်းထပ်ထိုးမိပြန်သည်။

"မင်းကို လိမ်ရင် ကိုဘာရမှာမို့လို့လဲ"

"ကိုကို!"

သဲပြင်ပေါ်မှာပဲ ထိုင်စကားပြောနေရင်း သူဘက်က ရုတ်တရက် နာမည်ခေါ်လိုက်တော့ ဘာများလဲဟု နားစွင့်ရင်းဖြင့်သူ့ကို မော့ကြည့်လိုက်၏။

အဖြူရောင်လက်ရှည်အမှတ်တရအင်္ကျီကို အနက်ရောင် ဟူဒီလေးပါထပ်ဝတ်ထားပြီး ဒူးအထပ်နားလောက်ထိတိုသော အနက်ရောင်ဘောင်းဘီနဲ့သူဟာ ညဘက်မှာတောင် ချောမောနေမှုတို့က အလင်းရောင်ဖျော့ဖျော့ရသည့် အမှောင်ရိပ်အောက်တွင် မပျောက်ပျက်သွား။

အ‌ရှေ့ဆံနွယ်ခပ်အုံ့အုံ့လေးက သူ့ထူပြီးနက်‌‌မှောင်သောမျက်ခုံးတို့ကို ကျော်သွားပြီး မျက်လုံးတို့နှင့် မထိတထိဖြစ်နေသည်ကို ကိုကို့မှာ အသဲယားစွာပင်....အတင့်ရဲစွာပင်... အပေါ်ဘက်ကို သပ်လှန်ပေးလိုက်ပေမယ့် ဆံနွယ်တို့က နဂိုအတိုင်းပြန်ကျလာ၏။

ထို‌တော့မှ သူသည် လက်တစ်ဖက်၌ကိုင်ထားသည့်ဦး‌ထုပ်ဖြင့် အနောက်ဘက်ကို လှန်လိုက်ပြီးဦးထုပ်ကို ခပ်ငိုက်ငိုက်လေးဆောင်းလိုက်သည်။သူ့adam's appleလေးက လှုပ်ရှားနေတော့ ပို၍ပင် သူဘာများပြောမလဲလို့ သိချင်သွားရ၏။

"ကိုတို့နှစ်ယောက်က မကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုကြောင့် တွေ့ဆုံလာခဲ့ရတယ်လို့ပြောရင် မှန်ပေမယ့်၊မင်းနဲ့ကို, ကံကြမ္မာက ဒီလို တွေ့ဆုံလာဖို့ ဖန်တီးပေးတယ်လို့ပဲ ယုံကြည်တယ် ၊ကို ကံကြမ္မာကို ယုံကြည်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူး.....

မင်းနဲ့ဆို ကို ကံကြမ္မာဆိုတဲ့ စိတ်ကူးယဉ်မှုကိုတော့ ယုံကြည်ချင်တယ် ၊မင်း ယုံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေသိပေမယ့် ကိုကတော့ မင်း ကို့ဆီကို ရောက်လာဖို့ အချိန်သင့်လို့ရောက်လာတယ်လို့ပဲ မှတ်တယ်

အရင်နှစ်တွေကတည်းက ကို့ဆီရောက်လာဖို့ တစ်ခုခုကတားဆီးတာလဲဖြစ်နိုင်သလို ၊တားဆီးနေရင်းနဲ့ မင်းကို လွတ်သွားတာလဲဖြစ်နိုင်တယ်...

ကို မင်းနဲ့တွေ့ခဲ့တာကို ဘယ်တုန်းကမှ နောင်တမရဘူး၊နောက်ထပ်လဲ နောင်တရနေမှာ မဟုတ်ဘူး"

"ကို လူကောင်းတစ်ယောက်မဟုတ်ဘူး ၊မင်းလိုချင်နေတဲ့ပြည့်စုံနေတဲ့ မင်းစိတ်ကူးကမ္ဘာထဲကအချစ်ဦးလိုလဲ မဟုတ်ပြန်ဘူး၊ကို မင်းနဲ့အတူရှိနေရင် မင်းအတွက် ကောင်းကျိုးတစ်ခုမှ မရှိဘူး၊မင်းကိုဘဲ အထပ်ထပ် နာကျင်အောင် လုပ်နေမိတယ်....

အာ့အတွက် ကိုနဲ့ရှိနေတဲ့အချိန်အတွင်းမှာ ကို့ဘက်ကနေ မင်းကို တောင်းပန်ချင်တယ်"

"မတောင်းပန်ပါနဲ့..."

မတောင်းပန်နဲ့လို့ပြောသည့်လူကသာ မျက်ရည်တို့က ပြိုဆင်းလာရသည်။ကိုကိုကြောင့် ကံကြမ္မာကို ယုံတယ်ဆိုတဲ့လူက အခုသူလမ်းခွဲစကားပြောနေပြန်ပြီ။

"ကိုကိုတို့ လမ်းခွဲမဲ့အကြောင်းကို သွယ်ဝိုက်ပြီး ပြောနေတာဆို မပြောနဲ့ ကိုကို သိတယ်"

"ဟ...မင်းအထင်လွဲနေပြီ"

"ဘာကို အထင်လွဲမှာလဲ ၊ကိုယအခုပဲ တောင်းပန်နေတာလေ၊လူကို နာကျင်အောင်ပဲ လုပ်နေမိတယ်ဆို"

"မဟုတ်ဘူး ကို အာ့လိုပြောချင်တာမဟုတ်ဘူး၊ကို့အမှားတွေအတွက် မင်းကိုတောင်းပန်တာပါ........ဒီတစ်ခါ မင်းဘက်ကနေ ကိုထပ်ကြားချင်တာ တစ်ခုရှိသေးတယ်"

"ဘာကိုလဲ"

"အဲ့တာကို ကိုပြန်ကြားချင်သေးတယ်"

"ဘာကိုလဲ..မြန်မြန်ပြောစမ်းပါ"

"မင်း ဝန်ခံတာကို"

"ဘာ!!!!!!"

သတ်ပြီးရင်းအကြိမ်ကြိမ်အခါခါ ထပ်သတ်နေလို့ ဒီရင်ဘက်ထဲမှာ ဒဏ်ရာတွေပြည့်နှက်နေပြီး၊အကောင်းတိုင်းတစ်ခုမှတောင် မကျန်တော့ဘူးလားလို့ အောက်မေ့ထားရသည့်ဒီနှလုံးသားကိုမှ သူလှုပ်ကိုင်နေပြန်ပြီ။

"ဟုတ်တယ်...မင်း ကို့ကို ဝန်ခံတဲ့စကားကို ပြန်ကြားချင်တယ် ကိုကို"

ပါပြင်းနုနုလေးပေါ်တွင် ထိစပ်လာသည့် လက်ဖဝါးနွေးနွေးလေးဟာ နှလုံးသားတို့ပါ နွေးထွေးနေရင် သိပ်ကောင်းမှာပဲ။မျှော့်လင့်ချက်တစ်ချို့ပါဝင်နေသည့် ညှို့မျက်ဝန်းတို့အောက်မှာလဲ အကြိမ်ကြိမ်လဲပြိုရုံမက ကျရှုံးခြင်းဒဏ်ရာတို့ပါ နက်ရှိုင်းလေသည်။

နှာတံစင်း‌စင်းလေးစီကဝင်လေထွက်လေတို့သည်လဲ ကိုကို့နှာဖူးကို လာရိုက်ခက်နေ၏......

နီးကပ်နေသည့်မျက်နှာတစ်ခု ......25cmအောက် နီးကပ်နေသည်ကြောင့် မျက်လုံးတို့ကကြည့်မြင်နိုင်စွမ်းမရှိတော့ဘဲ သူ့ကိုကြည့်တာ ဝါးနေသောကြောင့် ပိတ်လိုက်ရသည်။သူ့အသက်ရှူသံ၊သူ့ဆီက ယဉ်ပါးနေသည့်စီးကရက်နံ့၊သူ့ကိုယ်သင်းနံ့လေးက လူကို ရူးပြီးသေစေနိုင်သည့်အထိ ပြုစားနေသည်။

"ထပ်ဝန်ခံပေးပါလားဟင်!"

အက်ရှနေသည့်အသံလေးသည် ကိုကို့အဖြေဟာ သူ့အတွက် ဘယ်အထိကို အကျိုးသက်ရောက်မှုရှိမှာလဲဆိုတာ မသိနိုင်။

စွန့်ပစ်ခြင်းလား၊ကွာရှင်းခြင်းလား။ထားလိုက်ပါတော့... ကိုယ့်ဘက်ကရိုးသားစွာ တုန့်ပြန်ရမည်မလား?

ကိုကို့နှလုံးသားက သူ့အတွက် အပျင်းပြေကစားဖို့လား။

"ချစ်တယ် ....ကိုကို့ယ ကိုချစ်တယ်"

"ကိုယ်တို့ အစကိုပြန်သွားကြမလား"

သူ့ကိုအံ့ဩတကြီး ဖြစ်သွားရပြီး ရှက်နေ၍နီရဲ‌သည့်မျက်နှာလေးမှ မျက်ဝန်းတို့၏ မျက်တောင်ရှည်ရှည်တို့ဟာ ပုတ်ခက်ပုတ်ခတ်လှုပ်ခက်လာသောကြောင့် သူလက်ဖဝါး‌အောက်မှ စုလုံးသွားသည့်နှုတ်ခမ်းကို တစ်ချက်ငုံထွေးလိုက်ရင်းပြုံးပြ၍ ခေါင်းခါလိုက်ပြီး....

" ကို မင်းကိုချစ်တယ် ကိုကို"

ကိုကိုသူ့ဆီကနေ လောဘတတ်ပြီး သေမတတ်လိုချင်နေသည့်အဖြေကို ကြားလိုက်ရသည်။မင်းယမင်းမှ ဟုတ်ရဲ့လားလို့ ဆက်ခနဲ့မော့ကြည့်၏။

သူ့ဆီက ထွက်တဲ့စကားကို မယုံနိုင်သေး။

သူ ဘယ်လိုနည်းနဲ့မှ ကိုကို့ကို ချစ်နေမှာ မဟုတ်ဘူးလို့ ဒီတစ်‌လျှောက်လုံးထင်နေခဲ့တာ။သူ့ဟူဒီခေါင်းစွတ်လေးကိုခေါင်းမှာဆောင်းလိုက်ပြီး တစ်ဖက်သို့လှည့်သွား၏။

သူအတည်ပြောနေလား ၊စနောက်နေလားဆိုတာ ကိုကို မသိ။ဘာလို့ဆို သူဦးထုပ်ရော ခေါင်းစွတ်လေးပါ ကွယ်နေခြင်း.......

"ကြယ်တွေကြည့်ရအောင်"

လဲကျသွားသည့် သဲပြင်နေရာလေးက အချစ်တို့ ဖြစ်တည်ရာနေရာလေးတစ်ခု ပြောင်းလဲတိုက်စားသွားရသည်။

ငွေမှင်ရောင်တလက်လက်ထနေသော ရေပြင်၏ လှိုင်းခက်သံတို့ဟာ ချစ်တေးတစ်ပုဒ်ကို ဖြစ်စေသည်။မုတ်သုန်လေပြင်းပြင်းတို့ဟာ ချစ်တယ် ချစ်တယ်လို့ နားထဲသို့ကပ်ပြောနေသလို အနေအထားတစ်ခုကို ဖန်တီးစေ၏။

ကိုကို့ဘက်ကို တစ်ချက်မှ ပြန်လှည့်မလာတော့ပဲ မိုးတိမ်သားကင်းစင်နေပြီး မှိတ်တုတ် မှိတ်တုတ် ဥက္ကာကြယ်တာရာတို့ကိုသာ သူမော့ကြည့်ကာ တိတ်ဆိတ်နေ၏။

အေးစက်နေခဲ့သည့် ကိုကို့လက်ကတော့ သူ့လက်ခုံထဲမှာ နွေးထွေးနေ၏။

"လှိုင်းသံတွေက နားထောင်လို့ကောင်းတယ်နော်"

"အွန်... မင်းပါးလေးလဲမွှေးတယ်"

"ဟမ်!"

ပါးတစ်ဖက်ကို အနမ်းချွေရင်း သူဖြေလိုက်သည်။

သူလိုက်ပို့သည့် ဒီခရီးစဉ်ရဲ့ packageကအတော်လေးတန်၏။

ရင်ခုန်‌သံတွေ ထပ်တူကျရလို့ သူပိုတောင် ရင်ခုန်နေမိသည်။

**************************************

Part25ဆက်ရန်.......

Drabin-one

.
.
.
.
.

🐉သူ႔လည္တိုင္တြင္ ငါ့ႏွလုံးသားကို အပ္၍🐉

🐉Part24🐉

အနာကပ္ပလာစတာကပ္ထားသည့္လက္‌ေခ်ာင္းကို ခနခနၾကည့္ၿပီး အေက်နပ္ႀကီးေက်နပ္ေနတာက ကိုကိုပင္။

ဘာလို႔ဆို ေခ်ာင္သားသြားရတဲ့ခရီးစဥ္မွာ ကိုႀကီးေရာ မေတြ႕တာၾကာေနၿပီျဖစ္တဲ့ ကိုကို႔ရဲ႕သူငယ္ခ်င္းအစစ္ ေဆာင္းမိုးခါးပါ ပါလာၾကသည္။

ေဘးနားက မ်က္ႏွာစူပုတ္ေနသည့္ ေျမေခြးကေတာ့ တစ္လမ္းလုံး ကိုကို႔ဘက္ကိုတစ္ခ်က္ေတာင္မလွည့္ဘဲ ေရွ႕ဘက္ကိုသာ မ်က္ႏွာမူၿပီး ကားေမာင္းေန၏။သူစကားမေျပာလဲကိစၥမရွိ။

"ငါ့မ်က္ႏွာက မင္းအတြက္ ရယ္စရာေကာင္းေနလို႔လား၊‌ေနာက္တစ္ခါရယ္ရဲရယ္ၾကည့္ ကားေပၚကေန တစ္ခါတည္းကန္ခ်ပစ္မယ္"

ဒီဘက္ကိုလွည့္မၾကည့္ဘဲ ေျပာလိုက္ေတာ့ ကိုကိုတစ္ခ်က္ေလာက္ အံ့ဩသြားရ၏။သူဘယ္လိုလုပ္ၿပီး ကိုကိုၿပဳံးေနတာကို ရိပ္မိသြားရတာလဲ။

"မရယ္ပါဘူး၊ကို႔အေတြးနဲ႔ကို ရယ္ေနတာ"

သူ ဒီေန႔အတြက္ တစ္စက္မွဆို တစ္စက္မွကို ကိုကို,ကို ၾကည့္လို႔မရ။

ၾကည့္ေလ...သူ႔ကိုက်ေတာ့ အျဖဴေရာင္ရွပ္အက်ႌကို အေပၚက အစိမ္းရင့္ေရာင္ ရွပ္အကြက္လက္ရွည္ကို ခဲေရာင္ရႈံ႕ႀကိဳးပါ‌ေသာေဘာင္းဘီနဲ႔ဝတ္ေစၿပီး သူမေကာ ေနမီးေကာ မိုးခါးပါ အဆစ္ပါလိုက္ေသးတယ္အုန္းပင္‌ ေတြပါသည့္ကမ္းေျခအက်ႌနဲ႔ ဆင္တူေတာင္ ဝတ္လိုက္ၾကေသးသည္။ဘာလဲ ..သူက ကိုကို႔အတြက္ ဒ႐ိုက္ဘာသာသာလား?

ဒီေနရာအထိကို ေနမီးဆိုတဲ့ေကာင္က ေလွ်ာေလွ်ာရွဴရွဴနဲ႔ လိုက္မယ္လို႔ ထင္ေနရင္းမွားမယ္။သူ႔ဘက္က ဘာေတြကို အေလွ်ာ့ေပးလိုက္ရလဲဆိုတာ ကိုကိုတစ္ေယာက္ သိႏိုင္မည္မဟုတ္။

"ဒါရာကို ျဖတ္လိုက္"

အ႐ြဲ႕တိုက္ခ်င္လို႔ တမင္တကာ တြဲခဲ့ေပမယ့္လည္း ျဖတ္ဖို႔ကိုေတာ့ သူ႔ကို အမိန႔္ေပးစရာ လိုလို႔လား။

ဒါေပမယ့္ တစ္ဖက္က ေျပာလိုက္သည္ထပ္ သူ႔ဘက္ကလဲ တစ္ေယာက္ေသာသူအတြက္ကို အခ်ိန္ေပးခ်င္သည့္မို႔ ....

"ေဝါင္း!!!"

မ်က္စိတစ္ဆုံးျမင္လိုက္သည့္ပင္လယ္ႀကီးကို လက္ဆန႔္ထုတ္ကာ ခပ္ျပင္းျပင္းတိုက္လာသည့္ေလတို႔ကို တစ္ဝရွဴလိုက္၏။

"ဆားေငြ႕....လႈိင္းသံ..."

ကိုကို မ်က္လုံးေလးကို ပိတ္ထားၿပီး ပင္လယ္၏ အရသာကို ခံစားၾကည့္၏။

"ေရထဲဆင္းမလား"

"မဆင္းဘူး ကိုကို ေရေၾကာက္တယ္"

"ဟမ္!!!"

သူအံ့ၾသသြားေပမယ့္ သူမက ‌သြားေလးေတြေပၚလာသည့္အထိ ၿပဳံးျပရင္း......

"ဟုတ္တယ္ မယုံရင္ ကိုႀကီးကိုေမးၾကည့္ပါလား၊ ငယ္ငယ္တုန္းက ကိုႀကီးနဲ႔ကိုကို ေရကစားေနရင္း ကိုႀကီးက ကိုကို႔ေရမႊန္သြားတဲ့အထိေခါင္းကိုေရထဲႏွစ္ၿပီး စေနာက္လိုက္ေတာ့ အသက္ရႈရက်ပ္ၿပီး သတိလစ္သြားတယ္ အဲ့ကတည္းကစၿပီး ကိုကို ေရနဲ႔အသားမက်ခင္အခ်ိန္ထိ ေရထဲမဆင္းဘူး ၊ဒီေခ်ာင္းသာမွာပဲ "

သူမႏွင့္ပတ္သက္သမွ်တို႔ကို သူမဘက္က တစ္ခါမွေျပာျပဖူးျခင္း မရွိခဲ့သလို သူလဲမေမးေတာ့ အခုလိုၾကားရျပန္ေတာ့လဲ စိတ္မေကာင္းျဖစ္ရကာ ကိုကို၏ဝဲေနေသာ ဆံႏြယ္ေတြကို ဖြပစ္လိုက္ၿပီးမွ ရႈပ္သြားသည့္ ေလတြင္ဝဲလြင့္ေနေသာ ဆံပင္ေတြကို သူ႔လက္ေကာက္ဝတ္က သေရႀကိဳးကြင္းႏွင့္ စည္းေပးေတာ့ ကိုကိုက သူ႔ကို အထူးအဆန္းသဖြယ္ ျပဴးၿပီး ၾကည့္၏။

"လမ္းမွာ ေကာက္လာတာ"

တကယ္လဲ အလာလမ္းထမင္းစားရန္ တစ္‌ေထာက္ နားသည့္တစ္ေနရာတြင္ သူမျဖည္ခ်ထားသည့္ေခါင္းစီးကြင္းကို သူေကာက္လာခဲ့ၿပီး လက္မွာပတ္ထားသည္မို႔ အလြယ္တကူ စည္းေပးလိုက္ျခင္းျဖစ္သည္။

ၿပဳံးျပေနသည့္ နဂါးေပါက္ေလးကို အသဲယားယားနဲ႔ နမ္းပစ္ခ်င္ေပမယ့္ သူမေဘးနားကေန သံအရည္က်ိဳထားသည့္ သံမဏိမ်က္ခြက္ႀကီး အခ်စ္ေတာ္ႏွစ္ေယာက္ေၾကာင့္ ေမ့ပစ္လိုက္ရသည္။တကယ့္ေတာက္တဲ့ႏွစ္ေကာင္....

"ေရထဲမဆင္းရင္ အခန္းထဲ သြားနားၾကမလား ၊ႏွစ္ရက္ေတာင္အခ်ိန္ရတာပဲ၊ကိုလဲတစ္လမ္းလုံးေမာင္းလာရတာ ခါးနာေနၿပီ"

"ခနေန ဝင္လာခဲ့မယ္ သြားႏွင့္"

စကားနားေထာင္ခံလိုက္ရသည့္ အိမ္ဦးနတ္ပဲ သိလား။သူ႔အစ္ကိုနဲ႔သူငယ္ခ်င္းနဲ႔ဆို သူ႔ကို ေမ့ထားၿပီး ေပ်ာ္ပါးေနၾကတာပဲၾကည့္... တကယ္ပဲ သူမ သူ႔ကိုပလစ္ေနတာပဲ။

"ဟိုတစ္ေယာက္ ဘာျဖစ္တာလဲ"

"ပင္ပန္းလို႔ထင္တယ္"

ဟိုတယ္ဘက္ကို ဝင္သြားသည့္ ေနာက္ေက်ာျပင္ေလးကို သမင္လည္ျပန္ၾကည့္ရင္း ကိုႀကီးအေမးကို ေျဖေလ၏။

အစကမလိုက္ဘူးေျပာၿပီး သြားခါနီးအခ်ိန္မွ ေကာက္ထလာတဲ့လူ။တတ္လဲတတ္ႏိုင္သည့္လူ...
မင္းေပ်ာ္ေနတာကို ငါ မျမင္ခ်င္လို႔တဲ့...

ဒါလား တြဲမယ္လို႔ေျပာခဲ့တဲ့လူက။အမ်ိဳးမ်ိဳးကို လူကို အႏိုင္က်င့္ခ်င္ေနတာ မသိရင္ခက္မယ္...

"ေအးေပါ့....ငါတို႔က တစ္ေယာက္တစ္လွည့္စီေမာင္းတာ ၊သူက တစ္လမ္းလုံးတစ္ေယာက္ထဲကို"

ေနမီးက အပင္ပန္းခံလွသည့္ သူ႔ေယာက္ဖေတာ္ေလးၾကည့္ၿပီးကို ရယ္ခ်င္လာရ၏။

ေခ်ာင္းသာကို ကိုကိုကိုက မင္းကိုပါသြားေစခ်င္ေနတယ္ လိုက္ခဲ့လို႔ အရင္လာေျပာခဲ့တာကို ျပန္ေတြးမိေတာ့ မင္းယဆိုတဲ့ေကာင္က သူတစ္ပါးကို အေလွ်ာ့မေပးတတ္တဲ့အျပင္ ပိုၿပီးေတာ့ေတာင္ ‌ျပႆာနာတတ္ေအာင္ ရွာႏိုင္တဲ့ေကာင္က သူ႔ကို အရင္လာရွာၿပီး ေျပာသည့္စကားက ကိုကို႔အေၾကာင္းတဲ့လား။ဒီေကာင္ ခ်စ္တတ္လာၿပီပဲ။

"ကိုႀကီးတို႔ေတာ့ ေရထဲဆင္းမယ္"

ကိုႀကီးအဖြဲ႕ ေရသြားကူးမွာဆိုေတာ့ အက်ႌတို႔ကို ကိုကို႔ဆီမွာလာထားၾကၿပီး ကမ္းေျခဘက္ကို အသီးသီးဆင္းသြားၾက၏။

အေဝးကေနျမင္ေနရသည့္ ကိုေနႏိုင္သည္ မပိုးကေလးကို ေဘာကြင္းေပၚမွာတင္ၿပီး ေရထဲေလွ်ာက္သြားေနတာကို ၾကည့္ၿပီး ကိုကိုသေဘာက်မိသည္။

မနက္ျဖန္မွပဲ အာ့လိုကူးၾကည့္ေတာ့မယ္။က်န္တဲ့ေယာက္်ားေလးေတြက လုံးဝFAတစ္လိုင္းျဖစ္ၿပီး ေရထဲမွာ ေရကူးလိုက္ တစ္ေယာက္နဲ႔တစ္ေယာက္ေဘာလုံးနဲ႔ပစ္‌ ေပါက္လိုက္ႏွင့္ေဆာ့ေနၾက၏။

အရိပ္ေလးေအာက္တြင္ ထိုင္ကာ အုန္းေရေလးေသာက္ၿပီးသူတို႔ကိုၾကည့္လိုက္ႏွင့္ ကိုကိုကမ္းေျခရဲ႕ရနံ႔အရသာကို ရွဴရႈိက္ေနမိ၏။

တေအာင့္အၾကာမွာေတာ့ ကိုႀကီးတို႔တတ္လာၾကၿပီး ၊ကိုႀကီးတို႔ သူငယ္ခ်င္းတစ္စုေရာ မိုးခါးပါ သူမတို႔သည္ ဟိုတယ္ဆီကို ျပန္လာခဲ့ၾကသည္။

အခန္းထဲေရာက္ေတာ့ သူက အိပ္ေပ်ာ္ေနၿပီ။သူ အရမ္းပင္ပန္းေနခဲ့မွာပဲ။သူအိပ္ေနသည့္ ေမြ႕ယာထပ္ကို တိုးကပ္ထိုင္လိုက္ၿပီး လက္ႏွင့္ႏွဖူးေလးကို ထိကပ္လိုက္၏။ဟိုတစ္ခါကလို ဖ်ားသြားမွာကိုလဲ စိုးရိမ္ရေသး၏။

ဝယ္လာသည့္ အမွတ္တရအက်ႌကို သူ႔ေဘးတြင္ ခ်ထားကာ အိတ္ထဲကသူဝတ္မည့္အဝတ္အစားတစ္ခ်ိဳ႕ကို ထုတ္ေပးလိုက္ၿပီး သြားႏႈိးလိုက္၏။ညေနေဆာင္းမွ အိပ္ရင္ ေနမေကာင္းျဖစ္သြားမွာဆိုးလို႔ပါ။

"ကိုယ ....ကိုယ.."

"ဟင္.."

"ထေတာ့.."

"အင္.."

မ်က္လုံးက ဖြင့္မလာပဲ သူထူးေနပုံက ခ်စ္ဖို႔ေကာင္း၏။

"ထေတာ့ေလ...ညေနေစာင္းေနၿပီ... ဟိုတယ္က မီးပုံပြဲလုပ္လို႔ရတယ္လို႔‌ေျပာတယ္သိလား ၊အဲ့ဒါ ကိုကို ကိုႀကီးတို႔နဲ႔ ဝိုင္းလုပ္ေပးလို႔ရမလားလို႔ ေျပာခ်င္လို႔"

"မီးပုံပြဲ!"

"အင္း ...အကင္လဲလုပ္စားၾကမွာ ဝန္ထမ္းေတြ ယူလာေပးတယ္..ထေတာ့ေလ..၊ခ်စ္ဖို႔ေကာင္းတယ္ ကိုကို႔ယက"

"ဟြန႔္.."

ႏႈတ္ခမ္းေလးလႈပ္႐ုံရယ္ၿပီးထလာေတာ့ သူမက အလိုက္သိစြာပင္ တဘက္တစ္ထည္ကို အျမန္ေျပးယူလာၿပီး သူ႔အနားကို တစ္ခါျပန္ေရာက္လာသည္။

သူမေလးရဲ႕" ကိုကို႔ယ"ကိုေတာ့ သူသေဘာက်တာ အမွန္။ဘယ္သူမွ သူ႔ကို "ယ"လို႔ ေခၚဖူးျခင္းမရွိခဲ့။ကိုကိုသာ သူ႔ကို ပထမဆုံးေခၚခဲ့ဖူးသည္။အနည္းဆုံးေသာ ယမင္းတို႔ေလာက္ေတာ့ အေခၚခံရဖူးသည္။"ယ"ဆိုသည့္ တစ္လုံးကေတာ့ သူ႔ႏွလုံးသားမွာ အသံေရာ လူေရာက အျမစ္သြယ္ႏွင့္ေနၿပီ။

အိပ္ယာထခါစ ပြေနသည့္ ဆံပင္တို႔ကို လက္ျဖင့္ ထိုးသပ္လိုက္ၿပီး လက္တစ္စုံကကမ္းေပးေနေသာ တစ္ဘက္ကို လွမ္းယူလိုက္ၿပီး၊သူမႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ကိုယ္ကို ကိုင္းခ်လိုက္ၿပီး ႏွာတံလုံးလုံးေလးကို လက္သန္းေလးျဖင့္ ဖြဖြေလးတို႔ထိေတာ့ သူမက ပုခုံးေလးက်ဳံ႔သြားၿပီး သူ႔ကို ရယ္ျပေန၏။သူပါ အေပ်ာ္တို႔ သူမဆီက ကူးဆက္လာသည္ထင္ ႏွစ္ေယာက္သားၿပဳံးရယ္ေန၏။

"ဒီကို လာရတာ မင္းေပ်ာ္လား"

"အြမ္...ကိုယလဲရွိတယ္ ၊ကိုႀကီးလဲရွိတယ္၊မိုးခါးလဲရွိ ဒီလာတဲ့လူေတြထဲမွာကိုကို႔ေလာက္ေပ်ာ္မယ္သူ မရွိေတာ့ဘူးထင္တယ္"

"အိုေက....မင္းေပ်ာ္ရင္ ရၿပီ"

"ကိုယေကာ မေပ်ာ္ေနဘူးလား"

"လာေနက်ကို အထူးဆန္းမွ မဟုတ္တာ...၊သြားေတာ့ ဆင္းလာခဲ့မယ္"

"အြမ္....ဒါဆို သြားၿပီေနာ္"

"ႂကြ...ႂကြ..."

"ဟီး...ဟီး..."

သူေရခ်ိဳးခန္းဘက္ကို လွည့္ဝင္သြားၿပီး ကိုကိုလဲ မီးပုံပြဲဘက္ကို ေျပးဆင္းသြား‌ေလသည္။။သူကလြဲ လူစုံေနၿပီကာ အသားကင္သူက ကင္ေနၿပီး ၊ စားသူက စားႏွင့္ေနၿပီ။မိုးတြင္းကုန္အစမို႔ ခရီးသြားမ်ား နည္းေနေသးသျဖင့္ ကမ္း‌ေျခမွာ လူတို႔သိပ္လဲမရွိ၊ပတ္ဝန္းက်င္မွာလည္း ေမွာင္ရီပ်ိဳးခ်ိန္တြင္ အုပ္စုႏွင့္က သုံးစုေလာက္ပင္ရွိကာ အနည္းငယ္တိတ္ဆိတ္လ်က္ရွိ၏။

"ဒါယူထားၿပီး အရင္စားႏွင့္"

ေဆာင္းမိုးခါးေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ဝက္သားျပားကင္ကို ယူလိုက္ကာအားရပါးရေလြးေတာ့သည္။

"စားေတာင္ စားေနၿပီလား"

"ဘုတ္"

ကိုႀကီးေဘးကို ေစာေစာက ကိုအသြင္ ထိုင္ေနသည့္ခုံေဘးတြင္ ဝင္ထိုင္လိုက္ေသာသူ႔ေၾကာင့္ ကိုကို႔မွာ စားလက္စားဝက္သားျပားတုတ္ေလးပင္ ေျမႀကီးေပၚကို ျပဳတ္က်သြား၏။

ဒီႏွစ္ေယာက္ ရန္မျဖစ္ပဲနဲ႔ေတာ့ မေန။ကိုကိုတစ္နည္းနည္းနဲ႔ေတာ့ ဒီႏွစ္ေယာက္ကို ေနရာခြဲမွျဖစ္ေတာ့မယ္။

"မင္း အိပ္ေနတာဆို"

"ေအး...ေစာေစာကမွ ႏိုးတာ"

အေရွ႕မွာ ခ်ထားေသာ ဘီယာတစ္ဘူးကို ေဖာက္လိုက္ၿပီး ေမာ့ေသာက္ရင္းေျဖ၏။အေရွ႕ကအေကာင္စုတ္ႏွစ္ေကာင္ကို ေသေသခ်ာခ်ာ ၾကည့္ေတာ့မွ သူ႔မ်က္လုံးပင္ျပဴးသြားရကာ ကိုယ့္ကိုယ္ကိုလည္း ျပန္ငုံ႔ၾကည့္လိုက္ ဟိုႏွစ္ေကာင္ကို ထပ္ၾကည့္လိုက္ႏွင့္ေနမီးကိုပါ ထပ္ၾကည့္လိုက္ေတာ့မွ "လခြမ္ပဲ"ဟု စိတ္ထဲကေနဆဲမိ၏။

သူ႔မွာေတာ့ အက်ႌကိုcouple ဝတ္တာလို႔ ထင္ေနတာ ၊အခုက coupleမဟုတ္ပဲ Groupလိုက္ႀကီးကို နဂါးေပါက္ေလးက လုပ္ခ်သြားတာ။သြားလဲခ်င္စိတ္ေတာင္ ေပါက္တယ္တကယ္။

လင္မယားလဲမဟုတ္ ၊ခ်စ္သူရည္စားလဲမဟုတ္ေတာ့ဘဲ၊ သူ႔ကို ကိုကိုက silent တြဲေနသလားလို႔ေတာင္ ေအာက္ေမ့ရသည္ တကယ္...

ေက်ာင္းေလ့လာေရးခရီးထြက္ေနတာၾကေနတာပဲ ဖီလင္က။

"ဟ...ငါ့ေနရာေကာ"

တစ္ေနရာရာကေန ျပန္လာသည့္အသြင္က ကိုကို႔ဘက္က ထိုင္ခုံအလြတ္တစ္လုံးကို ေတြ႕ေပမယ့္ မသင့္ေတာ္သျဖင့္ မင္းယပုခုံးကို တြန္းပစ္ၿပီး သူက ဝင္ထိုင္လိုက္၏။

ထိုင္ခုံမွ တြန္းခ်ခံလိုက္ရ‌တာေရာ ေစာေစာက တင္းေနသည့္စိတ္တို႔ေၾကာင့္ ေလပူတစ္ခ်က္မႈတ္ထုတ္ပစ္လိုက္ၿပီး သူမေဘးတြင္ မထိုင္ခ်င္ ထိုင္ခ်င္ဟန္ႏွင့္ သြားထိုင္လိုက္ရသည္။

ေရေရလည္လည္ တင္းေနတာေနာ္...နဂါးေပါက္...

"နည္းလွခ်ည္လား"

စိတ္ထဲကေန ရန္ဘယ္ႏွစ္ပြဲေျမာက္မွန္း ျဖစ္မွန္းမသိ ျဖစ္ေနသည္မွာ ေနမီးဆီက အသံၾကားမွ သူလဲ သတိဝင္လာရသည္။

"အင္"

"ငါ့ေဘာ္ဒါႏွစ္ေကာင္ ျပန္တည့္လို႔ ေတာ္ေသးတယ္၊ဒီႏွစ္ေကာင္ေၾကာင့္ ငါ့မွာ ဟိုဘက္ေျပးလိုက္၊ဒီဘက္ေျပးလိုက္ရနဲ႔ ညႇိေပးရတာအေမာ၊ၾကားထဲက အေခါင္းပါ ႀကိဳဝယ္ေပးရမလိုနဲ႔"

"အခ်င္းခ်င္းပဲကြာ...တစ္ေယာက္နဲ႔တစ္ေယာက္ေလွ်ာ့ေပါ့"

"ဟက္"

အသြင္တို႔စကားကို ေနမီးဟက္ခနနဲ႔ရယ္ခ်လိုက္ၿပီး လက္ထဲက ဘီယာကို ေမာ့ေသာက္လိုက္ရင္း...

"မင္းလား ဟိုဘက္ဒီဘက္ေျပး...သူ႔ေစာ္ေဘးကေန မခြာတဲ့ေကာင္ကမ်ား၊‌ေxာက္ပိုေတြ"

"ေဟ့ေကာင္...မင္းခါင္းကြဲတဲ့ေန႔က ငါဘယ္ေလာက္ေတာင္ ႐ူးသြားရလဲ မင္းသိလား၊ေဆး႐ုံေျပးလိုက္ ရဲစခန္းေျပးလိုက္နဲ႔ ေစတနာကို မေစာ္ကားနဲ႔ သားေလး"

"ဟြန႔္"

"မရယ္နဲ႔....Albulanceမွာ ငိုခဲ့တာကို ခုထိေမ့လို႔မရေသးဘူးကြ ၊မင္းေသၿပီလို႔ ေအာက္ေမ့ေနလို႔"

"ေအာ္....ငါ့ကို သိပ္ခ်စ္ေနတာပဲ"

"အခ်စ္ဆုံးပဲ သားရယ္"

"ပိုးကေလး အာ့ေကာင္ကို နင္နပန္တစ္ခ်က္ေလာက္က်င္းေပးလိုက္စမ္းပါ"

"ခ်စ္လို႔ ခ်စ္သူေတာ္ထားတာေနာ္ ငါ့'ကို' ကို မလုပ္ရပ္ဘူးဟယ္"

"ဟား...ဟား..."

"ဟား ဟား"

"FAေကာင္ေတြက ဒါမ်ိဳးကို ဘယ္ေတာ့မွ ခံစားဖူးမွာမဟုတ္ဘူး သူ႔တို႔ကို သြား ေျပာမေနနဲ႔ သဲ ၊သံမဏိ‌အသဲႏွလုံးေကာင္ေတြကို"

"ေခြးေကာင္"

"f...K Of!!!"

"ေနမီး....ဒီေကာင္ တစ္ကယ္ငိုေနတာ"

"ဟိုေကာင့္ လက္သံျပင္းခ်က္က အေမးဇင္း"

"ေလ့က်င္လာတာလားပဲ"

ထိုအခ်ိန္တုန္းကေတာ့ သူတို႔ကမာၻပ်က္မတတ္ ေနမီးကို စိုးရိမ္ခဲ့တာကို အခုျပန္ေတြးမိရင္ ေခါင္းထဲကေမ့ေဖ်ာက္လို႔မရခဲ့။ေနမီးမ်ား သတိျပန္မလည္လာရင္ ဆိုတဲ့အေတြးက စိတ္ေခ်ာက္စရာေကာင္းလွ၏။အတိတ္ကိုေတာ့ အတိတ္မွာထားၿပီး လက္ရွိပစၥဳန္ပန္မွာသာ ၿငိမ္းခ်မ္းတဲ့ ဆက္ဆံေရး ျဖစ္ေနၿပီမလား။

ေနမီးတို႔ စကားဝိုင္းထဲမွာ တစ္ခ်က္မွ ပါမလာတာက မင္းယပင္ျဖစ္သည္။အားနာစိတ္မ်ား ျဖစ္ေပၚလာမလားဆိုေတာ့လည္း သေကာင့္သားက နည္းနည္းေလးေတာင္ မ်က္ႏွာမွာ မေပၚ။ေတာင္းပန္လာဖို႔ဆို ေဝးစြ။

သူ႔မိန္းမစားဖို႔ကိုပဲ အသားကင္ေတြ တစ္ေခ်ာင္းၿပီး တစ္ေခ်ာင္း ကင္ေပးေန၏။ဒီေကာင္ အခုတေလာ လိမၼာၿပီးရင္ ဘယ္အခ်ိန္ ထေဖာက္ေနမွန္း သိတာမဟုတ္ဘူး။

"တစ္ေယာက္ေသာ သူကေတာ့ အျမတ္ရသြားတာ နည္းတာ မဟုတ္ဘူး"

"ဟား..ဟား..."

"ဟား.."

"ခ်ီးယား bro"

ေနႏိုင္သည္ အသားကင္ေနသည့္ မင္းယဘက္ကို ကမ္းေပ့လုပ္ျပေတာ့ သူကလဲ ဘီယာဘူးကို ေျမာက္ျပၿပီး အာစြတ္႐ုံေသာက္လိုက္၏။သူဒီညကိုလစ္မစ္ေက်ာ္လို႔မျဖစ္။ကိုကိုနဲ႔က တစ္ခန္းထဲ အိပ္ရမွာဆိုေတာ့ သူဆင္ျခင္ရမည္။

"ယူအုံးမလား"

"အြန္း"

"ဒါဆို ဒီဘက္မွာလာထိုင္"

သူတို႔အဖြဲ႕ ထိုင္ေနသည့္ေနရာႏွင့္ အသားကင္ေနသည့္ မီးဖိုေလးက အနည္းငယ္ လွမ္းေနသျဖင့္ သူ ကိုကို,ကို လက္ဆြဲၿပီး အကင္မီးဖိုနားက စည္း႐ိုးအုတ္ခုံပုပု‌ေလးေပၚတြင္ ထိုင္ေစ၏။

"ေဟ့ေကာင္ ...မင္းဘာ တြန႔္တိုေနလဲ၊ဒီမွာ သူ႔အစ္ကိုေရာ သူငယ္ခ်င္းပါရွိေနတာကို သူ႔ကို ဟိုမွာ သြားထိုင္ခိုင္းတာ မင္းမတရားဘူးကြာ"

"တရားရား မတရားရား ဒီမွာဗိုက္ဆာေနတာ ေခြးသားရ"

"ေအာ္...ဒီမွာ ထိုင္စားလဲရေနတာကို နတ္သားရယ္"

"ရပါတယ္...ကိုကို ဒီမွာစားၿပီးေနလို႔ရတယ္"

"ကိုကိုေလး...အာ့ေကာင္ စကားကို သြားနားမ‌ေထာင္နဲ႔ ျခင္ကိုက္မယ္ ဒီဘက္ကိုလာ"

ကိုကို သူ႔ကိုလွမ္းၾကည့္ေတာ့ သူလဲ လက္ခံၿပီးေခါင္းညႇိမ့္ေပးလိုက္သျဖင့္ ေစာေစာကေနရာကို ဝင္ယူလိုက္သည္။ ေျပာေနသည့္စကားတို႔ေၾကာင့္ သူမ်ားစိတ္တိုေနမလား၊သူ႔မ်က္ႏွာမွာလဲ ကိုကို ခန႔္မွန္းလို႔မရေအာင္ တည္ၿငိမ္ေနသျဖင့္ စိတ္ထဲကေနေတြးေနမိသည္။

"ေရာ့...အမ်ားႀကီး‌မစားနဲ႔ ဗိုက္နာမယ္"

ကိုကို႔အေရွ႕တြင္ ဝက္သားျပား ၊ငါးကင္‌၊အသီးေတြကင္ထားသည့္ အကင္ပန္းကန္ျပားောကို ခ်ေပးရင္း သူပါ ေဘးတြင္ဝင္ထိုင္ရင္း ကိုကိုလက္ႏွစ္ဖက္မွ႐ုံပေတးသီးအကင္ကို ကိုင္ထားသည့္ လက္တစ္ဖက္ကိုပါ သူ႔လက္ႏွင့္ ခုံေအာက္ကိုဆြဲခ်လိုက္ေသာေၾကာင့္ မ်က္လုံးပါဝိုင္းစက္သြားရကာေၾကာင္သြား၏။

သူအခု ဘာလို႔လုပ္လဲလို႔ ကိုကိုၾကည့္လိုက္ေတာ့ သူက သူမဟုတ္သလို ခပ္တည္တည္မ်က္ႏွာထားႏွင့္။

ခုန္လာသည့္ႏွလုံးသားတစ္စုံကို တားဆီးရန္ ခက္ခဲလွသည္။ဆီေပေနေသာ ‌စားပြဲခုံ‌ေအာက္က ကိုကို႔လက္သည္ ေခြၽးစီးတို႔ထြက္လာၿပီဆိုတာသိလိုက္ေပမယ့္ သူက သစ္ရွဴးနဲ႔လာသုတ္ေနသည္ကိုလဲမသိခ်င္ေယာင္ေဆာင္ေနရသည္။လူေတြအမ်ားႀကီးထိုင္ေနသည့္ဆိုသည့္အသိထပ္ ကိုႀကီးအေရွ႕မွာေရာ မိုးခါးအေရွ႕မွာပါ ရွိေနသျဖင့္ ရွက္စိတ္က ဖုံးလို႔မရဘူးဆိုတာ သိလိုက္သည္။

ဘာလို႔လဲဆိုေတာ့ ကိုကို႔မွာလက္ေတြေရာ ေျခေထာက္ေတြေရာ တစ္ဆက္ဆက္တုန္ကာ ေၾကာက္စိတ္တို႔လႊမ္းေနၿပီ။ခိုးတြဲေနရတဲ့အရသာက ဒီလိုႀကီးလား???

သူ႔လက္ခုံထဲက လက္ေသးေသးေလးက ႐ုန္းထြက္ခ်င္ေနသျဖင့္ သူတင္းတင္းေလးျပန္ဆုပ္ကိုင္လိုက္ၿပီး ကိုကို႔နား႐ြက္နားသို႔ကိုကပ္သြားၿပီး အသံထြက္႐ုံေလသံႏွင့္...

"အျပင္ဘက္မွာ လမ္းေလွ်ာက္ထြက္က်မလား"

"ေမွာင္ေနတယ္ေလ ၊ေအးလဲေအးတယ္"

"ၾကယ္‌သြားၾကည့္ရေအာင္ ...သြားစို႔ ၊ဒီမွာ မင္းအတြက္ အေႏြးထည္လဲႀကိဳယူလာတယ္"

"အင္း....သြားမယ္ေလ"

"ဟိုႏွစ္ေကာင္ တိုးတိုးႀကိတ္ႀကိတ္နဲ႔ ဘာေတြႀကံစည္ေနတာလဲ"

သူတို႔ႏွစ္ေယာက္ ညႇိေနတုန္း အလိုက္ကမ္းဆိုးမသိေသာ ေသာ္တာက ခပ္က်ယ္က်ယ္ေအာ္လိုက္ေတာ့ သူခိုးလူမိသလိုျဖစ္သြားရကာ...

"FAတို႔ မသြားအပ္သည့္ တားျမစ္နယ္ေျမေဟ!!"

"ေဟ့... ဒါဆို ငါတို႔လဲသြားမယ္ ေစာင့္အုံး"

စပ္စုေနသည့္ ေသာ္တာကို ႐ြဲ႕ေျပာၿပီး သူတို႔ႏွစ္ေယာက္ေရာ ေနႏိုင္တို႔ကပါ ငါတို႔လဲ လိုက္ခဲ့မယ္ ဆိုၿပီး လက္တြဲေဖာ္ မရွိသည့္ FAေကာင္တစ္သိုက္စီမွ ထြက္ေျပးလာရေတာ့သည္။

ေနမီးကေတာ့ ၿပဳံး႐ုံသာ...

ကမ္းေျခဘက္ကို ႏွစ္ေယာက္သား ေျပးဆင္းလာၾကသည္။

"ဟူး......!"

ေလပူကို တစ္ခ်က္မႈတ္ထုတ္ၿပီး သူမကို ၾကည့္ေတာ့ သူ႔ကို ရယ္ခ်င္ပတ္က်ိ မ်က္ႏွာေလးေၾကာင့္ သူမ်က္ခုံးထူထူတို႔ကို ပင့္ျပ၍ ...

"ဘာလို႔လဲ.."

"ကိုယလဲ ကိုႀကီးကို ေၾကာက္ေနတာမလား"

"ဟက္...မင္းေၾကာက္ေနတာကိုး...ကို႔မွာ မင္းလက္ဖ်ားေျခဖ်ားေအးေနတာကို ေနမေကာင္းလို႔မ်ားလားလို႔ စိတ္ပူသြားရတာ..."

"မေၾကာက္ပါဘူးေနာ္"

"ဟုတ္လို႔လား"

"ဟုတ္ပါတယ္ဆို"

သူ ဟားတိုက္ရယ္လိုက္ေတာ့ ကိုကို႔မွာ ေဒါသထြက္ရကာ သူ႔တြဲထားသည့္လက္ကို ဆက္ခနဲ႔ ျဖဳတ္ခ်လိုက္ၿပီး အေရွ႕ကိုသာ ခပ္ျမန္ျမန္ ေလွ်ာက္လိုက္သည္။ျမန္ျမန္ေလွ်ာက္ပါတယ္ဆိုမွ ေလရဲ႕ခပ္ျပင္းျပင္းတိုက္ခက္မႈေၾကာင့္ တစ္ကိုယ္လုံးေအးစက္သြားသျဖင့္ လက္ကိုတင္းတင္းက်ပ္က်ပ္ပိုက္ၿပီး သူ႔ကို ေက်ာ္လိုက္၏။

"မမွီဘူး ထင္ေနလား"

အေရွ႕ကို ေက်ာ္ခြေရာက္လာၿပီး ေနာက္ျပန္ေလွ်ာက္ေနသည့္သူ႔ေၾကာင့္ေရာ တိုလြန္းေနသည့္ကိုယ့္ေျခေထာက္တို႔ကိုပါ အျမင္လဲကပ္ စိတ္လဲတိုလာရၿပီ....

"လာမစနဲ႔ေနာ္ ၊ဖယ္"

"ဟ...မစပါဘူး ၊မွီလို႔ေျပာ...."

"ဘုတ္...."

"အား!!"

"ေဟ!"

တိုေနသည့္ဆဲလ္စိတ္အစဥ္တို႔ဟာ ရင္ခုန္ျခင္းကို စတင္ကူးေျပာင္းသြား၏။‌

လမင္း၏အကူအညီနဲ႔‌လင္း ေနေသာ ညေရာင္ေလးသည္ တလက္လက္ေတာက္ပေနသည့္ သဲျပင္ေပၚတြင္ ႏွစ္ေယာက္သား မိတ္ဆက္သြားရသည္။

ေျခလွမ္းကို ပိုျမန္ေအာင္ ေလွ်ာက္လိုက္သည့္ကိုကို႔အမွား။သူ႔အေပၚကို ေမွာက္က်သြားသည္လဲကိုကို႔အမွား။သူနဲ႔ဆို ခုန္လာသည့္ႏွလုံးသားတို႔ကို တားပိုင္ခြင့္မရွိတာလဲ ကိုကို႔အမွား။သူ႔ကို ခ်စ္မိတာလဲ ကိုကို႔အမွား။မခ်စ္နဲ႔လို႔ သူေျပာေနတာကို ေရွ႕ဆက္တိုးေနသည္လဲ ကိုကို႔အမွား။

ကမ္းစပ္က ေရလႈိင္းတတ္သံ ၊က်သံတို႔ကိုလဲ ပီပီသသၾကားရသည္။ကိုကိုမ်က္ႏွာအပ္ထားသည့္ သူ႔ဝဲဘက္ရင္အုံမွ တဒုတ္ဒုတ္နဲ႔ခုန္‌ေနသည့္အသံကိုလဲ ပီပီသသၾကားေနရသည္။

"ကိုတို႔ ဒီမွာပဲ အိပ္လိုက္ၾကမလား"

"ဟင္!!"

သူ သတိေပးေတာ့မွ အသိစိတ္တို႔ျပန္ဝင္လာၿပီး သူ႔ကိုယ္ေပၚကေန ကမမ္းကတန္းခြာကာ ထထိုင္လိုက္သည္။

"ေဆာရီး...ကိုကိုေလာသြားတယ္"

"သဲေတြေပကုန္ၿပီလား"

"ဟင့္အင္း မေပဘူး၊ဘယ္နား နာသြားေသးလဲ"

"ဒီနား"

သူ႔ဝဲဘက္ရင္အုံကို ေမးေလးႏွင့္လည္ေစာင္းၿပီးငုံ႔ျပေတာ့ ကိုကိုသည္ ပိုရန္ေကာ ဆိုကာ မ်က္ေစာင္းျဖင့္ ထိုးခ်ီ၏။

"တကယ္...မင္းတစ္ေတာင္ဆစ္နဲ႔ထိုးလိုက္တာ ဒဏ္ျဖစ္သြားလား မသိဘူး"

"မဟုတ္ဘဲနဲ႔"

"ဪ...တကယ္ပါဆို"

သူ လူလည္လုပ္တာကို ခံလိုက္ရေသာေၾကာင့္ ဒုတိယအႀကိမ္ မ်က္ေစာင္းထပ္ထိုးမိျပန္သည္။

"မင္းကို လိမ္ရင္ ကိုဘာရမွာမို႔လို႔လဲ"

"ကိုကို!"

သဲျပင္ေပၚမွာပဲ ထိုင္စကားေျပာေနရင္း သူဘက္က ႐ုတ္တရက္ နာမည္ေခၚလိုက္ေတာ့ ဘာမ်ားလဲဟု နားစြင့္ရင္းျဖင့္သူ႔ကို ေမာ့ၾကည့္လိုက္၏။

အျဖဴေရာင္လက္ရွည္အမွတ္တရအက်ႌကို အနက္ေရာင္ ဟူဒီေလးပါထပ္ဝတ္ထားၿပီး ဒူးအထပ္နားေလာက္ထိတိုေသာ အနက္ေရာင္ေဘာင္းဘီနဲ႔သူဟာ ညဘက္မွာေတာင္ ေခ်ာေမာေနမႈတို႔က အလင္းေရာင္ေဖ်ာ့ေဖ်ာ့ရသည့္ အေမွာင္ရိပ္ေအာက္တြင္ မေပ်ာက္ပ်က္သြား။

အ‌ေရွ႕ဆံႏြယ္ခပ္အုံ႔အုံ႔ေလးက သူ႔ထူၿပီးနက္‌‌ေမွာင္ေသာမ်က္ခုံးတို႔ကို ေက်ာ္သြားၿပီး မ်က္လုံးတို႔ႏွင့္ မထိတထိျဖစ္ေနသည္ကို ကိုကို႔မွာ အသဲယားစြာပင္....အတင့္ရဲစြာပင္... အေပၚဘက္ကို သပ္လွန္ေပးလိုက္ေပမယ့္ ဆံႏြယ္တို႔က နဂိုအတိုင္းျပန္က်လာ၏။

ထို‌ေတာ့မွ သူသည္ လက္တစ္ဖက္၌ကိုင္ထားသည့္ဦး‌ထုပ္ျဖင့္ အေနာက္ဘက္ကို လွန္လိုက္ၿပီးဦးထုပ္ကို ခပ္ငိုက္ငိုက္ေလးေဆာင္းလိုက္သည္။သူ႔adam's appleေလးက လႈပ္ရွားေနေတာ့ ပို၍ပင္ သူဘာမ်ားေျပာမလဲလို႔ သိခ်င္သြားရ၏။

"ကိုတို႔ႏွစ္ေယာက္က မေကာင္းတဲ့တိုက္ဆိုင္မႈတစ္ခုေၾကာင့္ ေတြ႕ဆုံလာခဲ့ရတယ္လို႔ေျပာရင္ မွန္ေပမယ့္၊မင္းနဲ႔ကို, ကံၾကမၼာက ဒီလို ေတြ႕ဆုံလာဖို႔ ဖန္တီးေပးတယ္လို႔ပဲ ယုံၾကည္တယ္ ၊ကို ကံၾကမၼာကို ယုံၾကည္တဲ့လူတစ္ေယာက္ေတာ့ မဟုတ္ဘူး.....

မင္းနဲ႔ဆို ကို ကံၾကမၼာဆိုတဲ့ စိတ္ကူးယဥ္မႈကိုေတာ့ ယုံၾကည္ခ်င္တယ္ ၊မင္း ယုံႏိုင္မွာ မဟုတ္ဘူးဆိုတာ က်ိန္းေသသိေပမယ့္ ကိုကေတာ့ မင္း ကို႔ဆီကို ေရာက္လာဖို႔ အခ်ိန္သင့္လို႔ေရာက္လာတယ္လို႔ပဲ မွတ္တယ္

အရင္ႏွစ္ေတြကတည္းက ကို႔ဆီေရာက္လာဖို႔ တစ္ခုခုကတားဆီးတာလဲျဖစ္ႏိုင္သလို ၊တားဆီးေနရင္းနဲ႔ မင္းကို လြတ္သြားတာလဲျဖစ္ႏိုင္တယ္...

ကို မင္းနဲ႔ေတြ႕ခဲ့တာကို ဘယ္တုန္းကမွ ေနာင္တမရဘူး၊ေနာက္ထပ္လဲ ေနာင္တရေနမွာ မဟုတ္ဘူး"

"ကို လူေကာင္းတစ္ေယာက္မဟုတ္ဘူး ၊မင္းလိုခ်င္ေနတဲ့ျပည့္စုံေနတဲ့ မင္းစိတ္ကူးကမာၻထဲကအခ်စ္ဦးလိုလဲ မဟုတ္ျပန္ဘူး၊ကို မင္းနဲ႔အတူရွိေနရင္ မင္းအတြက္ ေကာင္းက်ိဳးတစ္ခုမွ မရွိဘူး၊မင္းကိုဘဲ အထပ္ထပ္ နာက်င္ေအာင္ လုပ္ေနမိတယ္....

အာ့အတြက္ ကိုနဲ႔ရွိေနတဲ့အခ်ိန္အတြင္းမွာ ကို႔ဘက္ကေန မင္းကို ေတာင္းပန္ခ်င္တယ္"

"မေတာင္းပန္ပါနဲ႔..."

မေတာင္းပန္နဲ႔လို႔ေျပာသည့္လူကသာ မ်က္ရည္တို႔က ၿပိဳဆင္းလာရသည္။ကိုကိုေၾကာင့္ ကံၾကမၼာကို ယုံတယ္ဆိုတဲ့လူက အခုသူလမ္းခြဲစကားေျပာေနျပန္ၿပီ။

"ကိုကိုတို႔ လမ္းခြဲမဲ့အေၾကာင္းကို သြယ္ဝိုက္ၿပီး ေျပာေနတာဆို မေျပာနဲ႔ ကိုကို သိတယ္"

"ဟ...မင္းအထင္လြဲေနၿပီ"

"ဘာကို အထင္လြဲမွာလဲ ၊ကိုယအခုပဲ ေတာင္းပန္ေနတာေလ၊လူကို နာက်င္ေအာင္ပဲ လုပ္ေနမိတယ္ဆို"

"မဟုတ္ဘူး ကို အာ့လိုေျပာခ်င္တာမဟုတ္ဘူး၊ကို႔အမွားေတြအတြက္ မင္းကိုေတာင္းပန္တာပါ........ဒီတစ္ခါ မင္းဘက္ကေန ကိုထပ္ၾကားခ်င္တာ တစ္ခုရွိေသးတယ္"

"ဘာကိုလဲ"

"အဲ့တာကို ကိုျပန္ၾကားခ်င္ေသးတယ္"

"ဘာကိုလဲ..ျမန္ျမန္ေျပာစမ္းပါ"

"မင္း ဝန္ခံတာကို"

"ဘာ!!!!!!"

သတ္ၿပီးရင္းအႀကိမ္ႀကိမ္အခါခါ ထပ္သတ္ေနလို႔ ဒီရင္ဘက္ထဲမွာ ဒဏ္ရာေတြျပည့္ႏွက္ေနၿပီး၊အေကာင္းတိုင္းတစ္ခုမွေတာင္ မက်န္ေတာ့ဘူးလားလို႔ ေအာက္ေမ့ထားရသည့္ဒီႏွလုံးသားကိုမွ သူလႈပ္ကိုင္ေနျပန္ၿပီ။

"ဟုတ္တယ္...မင္း ကို႔ကို ဝန္ခံတဲ့စကားကို ျပန္ၾကားခ်င္တယ္ ကိုကို"

ပါျပင္းႏုႏုေလးေပၚတြင္ ထိစပ္လာသည့္ လက္ဖဝါးေႏြးေႏြးေလးဟာ ႏွလုံးသားတို႔ပါ ေႏြးေထြးေနရင္ သိပ္ေကာင္းမွာပဲ။ေမွ်ာ့္လင့္ခ်က္တစ္ခ်ိဳ႕ပါဝင္ေနသည့္ ညႇိဳ႕မ်က္ဝန္းတို႔ေအာက္မွာလဲ အႀကိမ္ႀကိမ္လဲၿပိဳ႐ုံမက က်ရႈံးျခင္းဒဏ္ရာတို႔ပါ နက္ရႈိင္းေလသည္။

ႏွာတံစင္း‌စင္းေလးစီကဝင္ေလထြက္ေလတို႔သည္လဲ ကိုကို႔ႏွာဖူးကို လာ႐ိုက္ခက္ေန၏......

နီးကပ္ေနသည့္မ်က္ႏွာတစ္ခု ......25cmေအာက္ နီးကပ္ေနသည္ေၾကာင့္ မ်က္လုံးတို႔ကၾကည့္ျမင္ႏိုင္စြမ္းမရွိေတာ့ဘဲ သူ႔ကိုၾကည့္တာ ဝါးေနေသာေၾကာင့္ ပိတ္လိုက္ရသည္။သူ႔အသက္ရွဴသံ၊သူ႔ဆီက ယဥ္ပါးေနသည့္စီးကရက္နံ႔၊သူ႔ကိုယ္သင္းနံ႔ေလးက လူကို ႐ူးၿပီးေသေစႏိုင္သည့္အထိ ျပဳစားေနသည္။

"ထပ္ဝန္ခံေပးပါလားဟင္!"

အက္ရွေနသည့္အသံေလးသည္ ကိုကို႔အေျဖဟာ သူ႔အတြက္ ဘယ္အထိကို အက်ိဳးသက္ေရာက္မႈရွိမွာလဲဆိုတာ မသိႏိုင္။

စြန႔္ပစ္ျခင္းလား၊ကြာရွင္းျခင္းလား။ထားလိုက္ပါေတာ့... ကိုယ့္ဘက္က႐ိုးသားစြာ တုန္႔ျပန္ရမည္မလား?

ကိုကို႔ႏွလုံးသားက သူ႔အတြက္ အပ်င္းေျပကစားဖို႔လား။

"ခ်စ္တယ္ ....ကိုကို႔ယ ကိုခ်စ္တယ္"

"ကိုယ္တို႔ အစကိုျပန္သြားၾကမလား"

သူ႔ကိုအံ့ဩတႀကီး ျဖစ္သြားရၿပီး ရွက္ေန၍နီရဲ‌သည့္မ်က္ႏွာေလးမွ မ်က္ဝန္းတို႔၏ မ်က္ေတာင္ရွည္ရွည္တို႔ဟာ ပုတ္ခက္ပုတ္ခတ္လႈပ္ခက္လာေသာေၾကာင့္ သူလက္ဖဝါး‌ေအာက္မွ စုလုံးသြားသည့္ႏႈတ္ခမ္းကို တစ္ခ်က္ငုံေထြးလိုက္ရင္းၿပဳံးျပ၍ ေခါင္းခါလိုက္ၿပီး....

" ကို မင္းကိုခ်စ္တယ္ ကိုကို"

ကိုကိုသူ႔ဆီကေန ေလာဘတတ္ၿပီး ေသမတတ္လိုခ်င္ေနသည့္အေျဖကို ၾကားလိုက္ရသည္။မင္းယမင္းမွ ဟုတ္ရဲ႕လားလို႔ ဆက္ခနဲ႔ေမာ့ၾကည့္၏။

သူ႔ဆီက ထြက္တဲ့စကားကို မယုံႏိုင္ေသး။

သူ ဘယ္လိုနည္းနဲ႔မွ ကိုကို႔ကို ခ်စ္ေနမွာ မဟုတ္ဘူးလို႔ ဒီတစ္‌ေလွ်ာက္လုံးထင္ေနခဲ့တာ။သူ႔ဟူဒီေခါင္းစြတ္ေလးကိုေခါင္းမွာေဆာင္းလိုက္ၿပီး တစ္ဖက္သို႔လွည့္သြား၏။

သူအတည္ေျပာေနလား ၊စေနာက္ေနလားဆိုတာ ကိုကို မသိ။ဘာလို႔ဆို သူဦးထုပ္ေရာ ေခါင္းစြတ္ေလးပါ ကြယ္ေနျခင္း.......

"ၾကယ္ေတြၾကည့္ရေအာင္"

လဲက်သြားသည့္ သဲျပင္ေနရာေလးက အခ်စ္တို႔ ျဖစ္တည္ရာေနရာေလးတစ္ခု ေျပာင္းလဲတိုက္စားသြားရသည္။

ေငြမွင္ေရာင္တလက္လက္ထေနေသာ ေရျပင္၏ လႈိင္းခက္သံတို႔ဟာ ခ်စ္ေတးတစ္ပုဒ္ကို ျဖစ္ေစသည္။မုတ္သုန္ေလျပင္းျပင္းတို႔ဟာ ခ်စ္တယ္ ခ်စ္တယ္လို႔ နားထဲသို႔ကပ္ေျပာေနသလို အေနအထားတစ္ခုကို ဖန္တီးေစ၏။

ကိုကို႔ဘက္ကို တစ္ခ်က္မွ ျပန္လွည့္မလာေတာ့ပဲ မိုးတိမ္သားကင္းစင္ေနၿပီး မွိတ္တုတ္ မွိတ္တုတ္ ဥကၠာၾကယ္တာရာတို႔ကိုသာ သူေမာ့ၾကည့္ကာ တိတ္ဆိတ္ေန၏။

ေအးစက္ေနခဲ့သည့္ ကိုကို႔လက္ကေတာ့ သူ႔လက္ခုံထဲမွာ ေႏြးေထြးေန၏။

"လႈိင္းသံေတြက နားေထာင္လို႔ေကာင္းတယ္ေနာ္"

"အြန္... မင္းပါးေလးလဲေမႊးတယ္"

"ဟမ္!"

ပါးတစ္ဖက္ကို အနမ္းေခြၽရင္း သူေျဖလိုက္သည္။

သူလိုက္ပို႔သည့္ ဒီခရီးစဥ္ရဲ႕ packageကအေတာ္ေလးတန္၏။

ရင္ခုန္‌သံေတြ ထပ္တူက်ရလို႔ သူပိုေတာင္ ရင္ခုန္ေနမိသည္။

**************************************

Part25ဆက္ရန္.......

Drabin-one

Continue Reading

You'll Also Like

1.2M 62.4K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
251K 13.5K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
207K 6.1K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...