စားဖိုဆောင်မှလူများ ပျိုနီပန်းခြံ၀င်းသို့ ရောက်လာသည့်အချိန်တွင် ချန်ရှီအား အစေခံများ၏ အကူအညီဖြင့် အခန်းထဲသို့ ရွှေ့ပြီးသွားပြီဖြစ်သည်။ ဖုန်းချန်းယွီကမူ ခေါင်းကိုကိုင်ထားဆဲဖြစ်ပြီး နောက်မှီကုလားထိုင်ပေါ်၌ မှီ၍ထိုင်နေလေသည်။
စားဖိုဆောင်မှ တာ၀န်ရှိသူသည် ထိုမြင်ကွင်းကိုမြင်သောအခါ ကြောက်ရွံ့သွားပြီး ခြေမခိုင်ဖြစ်သွားလေသည်။ ဘုန်းခနဲမြည်သံနှင့်အတူ ဒူးထောက်ချလိုက်ပြီး သူ အပြစ်မရှိကြောင်း ငြင်းဆိုတော့သည်။ " သခင်မကြီး ၊ သခင်ကြီး ဒိီကိစ္စက ဒီအစေခံတွေနဲ့ မဆိုင်ပါဘူး ! ဒုတိယသခင်မလေးက ဒီအစေခံတွေ အားလုံးက်ို ရှောင်ခိုင်းထားခဲ့တာပါ ။ ဒီစားသောက်ပွဲကို ...ပြင်ဆင်ပေးတာက ဒုတိယသခင်မလေး ခေါ်လာတဲ့ လူတွေပါ ! "
" ဒါက ... "
ယင်းစကားများကြောင့် အားလုံး အံ့အားသင့်သွားကြပြီး ဖုန်းယွိဟန်ကို ယုံကြည်ခဲ့သူများသည်ပင် ချန်ရှီ၏ဘက်သို့ စိတ်ယိုင်သွားကြလေသည်။ သခင်မကြီးက ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး အသက်ရှူရခက်နေသည့်ပုံ ဖြစ်နေလေသည်။ သည်ဟင်းပွဲတွေက တကယ်ပဲ တစ်ခုခုမှားနေတာတော့ မဖြစ်နိုင်ဘူးမလား ၊ ဟုတ်တယ်မလား ။
ဖုန်းကျင်းယွမ်က ဒေါသထွက်သွားပြီး လက်ဖက်ရည်ပန်းကန်လုံးအား ကိုင်ပေါက်လိုက်လေသည်။ ထို့နောက် ဖုန်းယွိဟန်အား လက်ညှိုးထိုးကာ " ပြောစမ်း ! မင်း ဒီဟင်းတွေထဲ ဘာတွေထည့်ထားတာလဲ ပြောစမ်း ! " ဟု ဖုန်းကျင်းယွမ်က မေးလေသည်။
ဖုန်းယွိဟန်က ပုခုံးတွန့်ကာ " ဆေးတွေပါ ! " ဟုပြန်ဖြေလေ၏။
" ဘာဆေးတွေလဲ "
" ခုနက ဟင်းပွဲတွေအကြောင်း ရှင်းပြတုန်းက အားဟန်ပြောခဲ့ပြီးပါပြီ "
" ငါမေးနေတာက အဆိပ်တွေ အကြောင်းလေ ! "
" အဖေက ဘာလို့ အားဟန် အဆိပ်ထည့်ထားတယ်ဆိုပြီး ပြောနေရတာပါလဲ " ဖုန်းယွိဟန် လုံး၀ နားမလည်နိုင်ပါ ။ " အဖေက စစ်ကြည့်ပြီးသွားလို့လား ၊ ဒါမှမဟုတ် သမားတော် ရောက်လာပြီး စမ်းသပ်ပေးသွားလို့လား ၊ တစ်ယောက်ယောက်ကများ အားဟန် အဆိပ်ခတ်နေတာကို မြင်လိုက်လို့လား ။ သက်သေလည်းမရှိ အကြောင်းပြချက်လည်းမရှိဘဲ အဖေက ဘာလို့ အားဟန်က ဟင်းပွဲတွေကို အဆိပ်ခတ်ထားပါတယ်လို့ ပြောနေရတာပါလဲ ။ ဒီလိုဆိုလည်း အားဟန် ပြန်မေးပါဦးမယ် ၊ အဖေတို့အားလုံးလည်း စားကြတာပဲကို ဘာလို့ အမေနဲ့ မမကြီးကပဲ ဒီလိုဖြစ်နေကြပြီး အဖေတို့က ဘာလို့ဘာမှ မဖြစ်ကြတာပါလဲ ။ "
" ဘာလို့လဲဆိုတော့ ငါတို့စားတာက အဆိပ်ဖြစ်လောက်တဲ့အထိ မဟုတ်သေးလို့ နေမှာပေါ့ ။ " ဖုန်းဖန်းသိုက်က ၀င်ပြောလေသည်။ " အမေနဲ့ မမကြီးရဲ့ ခန္ဓာကိုယ်က အားနည်းတော့ သူတို့က အရင်လက္ခဏာပြနေကြတာ နေမှာပေါ့ ။ ညကြရင် ငါတို့အကုန်လုံးလည်း ... "
" စတုတ္ထညီမပြောတာ တကယ် အဓိပ္ပာယ်ရှိတာပဲနော် " ဖုန်းယွိဟန် နှုတ်ခမ်းတစ်ဖက်ပင့်၍ ပြုံးပြလိုက်သည်။ " ဖုန်းမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ စတုတ္ထညီမတို့အားလုံးကို အဆိပ်ခတ်လိုက်ရင် ငါ့အတွက် ဘာကောင်းကျိုးတွေ ရလာမှာမို့လဲ ။ ၀န်ကြီးချုပ်အဖေ တစ်ယောက်ကို မလိုချင်လို့ ငါက မိဘမဲ့တစ်ယောက်အနေနဲ့က ပိုကောင်းတယ်လို့များ ထင်နေလို့လား မသိဘူးနော် "
ထိုအခါမှ ဖုန်းယွိဟန်၏စကားများက အကျိုးအကြောင်းသင့်သားပဲဟု ဖုန်းကျင်းယွမ် သဘောပေါက်သွားလေသည်။ အန်းရှီကလည်း ၀င်ပြောတော့သည်။ " သခင်ကြီး ဒုတိယသခင်မလေးရဲ့ စားတော်ချက်ကိုခေါ်ပြီး မေးမြန်းကြည့်ကြည့်ပါလား "
" ဟုတ်သားပဲ ! " သခင်မကြီးက လက်ခံသည်။ " ဒီနေ့အတွက် အစားအသောက်ပြင်ဆင်တဲ့သူတွေကို မြန်မြန်သွားခေါ်ခဲ့ကြစမ်း "
အစေခံများက နာခံစွာထွက်သွားကြကာ ပြန်လာသောအခါတွင် လူစိမ်းဆယ့်နှစ်ယောက် အတူပါလာလေသည်။
ထိုလူများကိုကြည့်ကာ ဖုန်းကျင်းယွမ် ရင်ထဲ၌ ကြောက်ရွံ့ခြင်းများ တိုးထွက်လာသလို ခံစားလိုက်ရကာ အကြောင်းအရင်းကိုလည်း ရေရေရာရာ မပြောနိုင်ပေ ။ ဖုန်းကျင်းယွမ် အိမ်တော်မှ စားဖိုဆောင်တာ၀န်ကျ အစေခံကို မေးလိုက်သည်။ " သေချာကြည့်စမ်း ဒီလူတွေက ဒီနေ့ပြင်ဆင်ပေးတဲ့သူတွေ ဟုတ်ရဲ့လား "
စားဖိုဆောင်တာ၀န်ကျသူသည် သေချာကြည့်နေပြီး အတော်ကြာမှ သေချာသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေလေသည်။ " သခင်ကြီးကို ပြန်ဖြေပါတယ် ၊ အမှားမရှိ သူတို့ပါပဲ ။ "
ဖုန်းကျင်းယွမ် ထိုလူအား ထွက်သွားခွင့်ပြုလိုက်တော့သည်။ ကျန်ခဲ့သော စားတော်ချက်ဆယ့်နှစ်ယောက်ကို ကြည့်ရင်းဖြင့် ဖုန်းကျင်းယွမ်၏ ညာဘက်မျက်ခွံသည် ထိန်းမရအောင် လှုပ်လာတော့သည်။
ထိုလူများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် ထူးခြားသောသွင်ပြင် ရှိလေသည်။ ဖုန်းမိသားစု၀င်များကို တွေ့သည့်အခါတွင် မောက်မာပြနေခြင်းမရှိသကဲ့သို့ ကျိုးနွံပြနေခြင်းလည်း မရှိချေ ။ ထိုလူ၌ စားတော်ချက်တစ်ယောက်၏ အပြုအမူ လုံး၀မရှိချေ ။ ထိုလူသည် ခေါင်းကိုအနည်းငယ်ညွတ်၍ လက်နှစ်ဖက်ကိုယှက်ကာ " အမတ်ချုပ်ဖုန်းကို နှုတ်ခွန်းဆက်ပါတယ် " ဟုဆ်ိုသည်။ ကျန်သော သခင်မကြိးနှင့်တကွ လူအားလုံးကိုမူ နှုတ်ဆက်ခြင်း မပြုပေ ။
ထိုလူနောက်ရှိ ကျန်ဆယ့်တစ်ယောက်ကလည်း ဦးညွတ်၍ " ၀န်ကြီးချုပ်ဖုန်းကို နှုတ်ခွန်းဆက်ပါတယ် " ဟူ၍သာ နှုတ်ဆက်ပြီး ကျန်လူများကို လျစ်လျူရှုထားလေသည်။
သခင်မကြီးက အနည်းငယ် မကျေမနပ်ဖြစ်သွားကာ ဟွန့်ခနဲ နှာမှုတ်လိုက်လေသည်။ ထိုလူများအား သတိပေးမည်အလုပ်တွင် ဖုန်းကျင်းယွမ်က သခင်မကြီး မေးချင်နေသော စကားများကို ဖြတ်မေးလိုက်လေသည်။ " မေးခွင့်ပြုပါ ၊ လူကြိီးမင်းတို့က ဘယ်မှာ အလုပ်လုပ်ကြတာပါလဲ ။ ဘာလို့ ဖုန်းအိမ်တော်ကိုလာပြီး စားတော်ချက်အဖြစ် ဆောင်ရွက်ပေးကြတာပါလဲ "
ဖုန်းကျင်းယွမ် ခေါင်းဆောင်ဖြစ်ဟန်တူသော ထိုလူကို အနည်းငယ် ရင်းနှီးနေသယောင် ခံစားနေရလေသည်။ ထိုလူ၏ ကြော့ရှင်းကာ ထိန်းထိန်းသိမ်းသိမ်း နေတက်ပုံကို ကြည့်ခြင်းဖြင့် စားတော်ချက်တစ်ယောက် မဟုတ်သည်က သေချာနေလေသည်။ ထိုလူ့နောက်ရှိ ဆယ့်တစ်ယောက်ကမူ စားတော်ချက်များဖြစ်နိုင်သော်လည်း သာမန်စားတော်ချက်များ လုံး၀မဖြစ်နိုင်ပါ ။
တွေးကြည့်ပါက ထိုလူများကို ဖုန်းယွိဟန် ဖိတ်ခေါ်ထားတာ ဖြစ်ပေသည်။ ဖုန်းယွိဟန်က ဘယ်က စားတော်ချက်ကို သိမှာမို့လို့လဲ ။ မင်းသားကိုး၏ သိမ်မွေ့ခြင်းနတ်ဘုရား စားသောက်ဆိုင်မှ ဖိတ်ခေါ်ထားသူများ ဖြစ်နိုင်သည့် ရာခိုင်နှုန်းများလေသည်။
ဖုန်းကျင်းယွမ် ခေါင်းနားပန်းကြီးသွားမိသည်။ ရွှမ်ထျန်းမင်၏ စရိုက်အရဆိုပါက သိမ်မွေ့ခြင်းနတ်ဘုရားဆိုင်မှလူများသည် တကယ်ပဲ အစားအသောက်များထဲ၌ တစ်စုံတစ်ရာကို ထည့်ခဲ့လျှင်တောင် သူ ဖုန်းကျင်းယွမ်က ထိပ်တိုက်ရင်ဆိုင်ပြီး ပြဿနာရှာရဲမှာတဲ့လား ။ ချန်ရှီက အန်ရုံလေး အန်သည်ကို မဆိုထားနှင့် ၊ ရွှမ်ထျန်းမင်လို နန်းတော်ထဲ၌ပင် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ရဲကာ တင်းအန်းနန်းတော်အား ပြာကျအောင်လုပ်ရဲသည့် လူမျိုးသည် ဖုန်းအိမ်တော်က သခင်မတစ်ယောက်ကို ခေါင်းထဲထည့်ဖို့ လုံး၀မဖြစ်နိုင်ချေ ။
ဖြစ်နိုင်ချေများကို တွက်ချက်ရင်း ထိုလူများက တကယ်ပဲ သိမ်မွေ့ခြင်းနတ်ဘုရားဆိုင်မှ ဖြစ်ပါက မင်းသားကိုး၏ အမျက်မသင့်အောင် ဘယ်လိုလုပ်ရမလဲဟု ဖုန်းကျင်းယွမ် တွေးနေမိတော့သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြဿနာရှာဖို့ကိစ္စကိုတော့ ဖုန်းကျင်းယွမ် ခေါင်းထဲမှ ထုတ်လိုက်ပြီဖြစ်သည်။
သို့သော်လည်း ထိုသည်များက အတွေးများသက်သက်သာ ဖြစ်လေသည်။ ထူးခြားသောသွင်ပြင်ရှိသည့် ထိုလူက သူ့နာမည်ကို ထုတ်ပြောလိုက်သည့်အခါတွင် ဖုန်းကျင်းယွမ် ကြောက်ရွံ့ကာ ဒူးတုန်လာမိတော့သည်။ သူ အရမ်းကို ရိုးရိုးရှင်းရှင်းတွေးမိသွားတာပဲဟု ဖုန်းကျင်းယွမ် ခံစားလိုက်မိသည်။
" ကျွန်တော်က မော့ပုဖန်လို့ ခေါ်ပါတယ် ၊ အရင်ကတော့ ကျွန်တော်က ကျန်းဟူမှာ နယ်လှည့်သွားနေတဲ့ သမားတော်တစ်ယောက်ပါ ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဧကရာဇ်အရှင်က ကျွန်တော့်ရဲ့အရည်အချင်းကို ချီးမြှောက်ပေးပြီး နန်းတော်ထဲမှာ ဧကရာဇ်အရှင် ၊ ဧကရီမိဖုရားနဲ့ ကြင်ယာတော်ယွင်တို့အတွက် ဆေးနဲ့ချက်ထားတဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးဖို့ ခေါ်ထားခဲ့တာပါ ။ ကျွန်တော့်နောက်က ပုဂ္ဂိုလ်တွေကတော့ လွန်ခဲ့တဲ့လတွေမှာ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်လာခဲ့တဲ့ တော်၀င်စားတော်ကဲတွေပါ "
ဖုန်းကျင်းယွမ် သူ့ကိုဖြတ်တိုက်သွားသည့် လေအေးကို ခံစားလိုက်မိသည်။ ဖုန်းကျင်းယွမ်သာမက သခင်မကြီးသည်ပင် ဆွံ့အသွားလေသည်။ သူမ ယခင်တည်းက မျှော်လင့်ထားခဲ့ရမှာ ။ ဖုန်းယွိဟန်က မည်သည့်အလုပ်ကိုလုပ်လုပ် သူမအတွက် လွတ်လမ်းကို ကျိန်းသေပေါက် ချန်ထားမည့်သူဖြစ်လေသည်။ ဖုန်းမိသားစုမှ စားတော်ချက်များကို ဖယ်ရှား၍ အပြင်လူများကို သုံးခဲ့သည်ဆိုမှတော့ ဖုန်းယွိဟန်ကဲ့သို့ ဉာဏ်ကောင်းသူက ယခုလိုလုပ်ရပ်မျိုးကို ကြံစည်ထားမည်တဲ့လား ။
" အမတ်ချုပ်ဖုန်း " မော့ပုဖန်က ဆက်ပြောလေသည်။ " ခုနက လာနေရင်းနဲ့ ကျွန်တော်ကြားခဲ့တာတော့ ဒီနေ့ပြင်ဆင်ထားတဲ့ အစားအစာတွေကြောင့် အိမ်တော်သခင်မနဲ့ ပထမသခင်မလေးတို့ အဆိပ်သင့်သွားကြတယ်ဆို ၊ ဟုတ်ပါသလား "
" ဟုတ်တယ် ! " မော့ပုဖန်က ဘယ်လိုပုဂ္ဂိုလ်ဖြစ်သည်ကို သဘောမပေါက်သေးသော မိုက်မဲသူ ဖုန်းဇီဟောင်က ထဖြေလေသည် ။ " အစားအသောက်တွေပြင်ဆင်တာက ခင်ဗျားလို့ ၀န်ခံပြီးပြီဆိုတော့ ကျုပ်တို့ ဖုန်းမိသားစုကို မြန်မြန်ရှင်းပြချက်ပေးစမ်း ! "
" မင်းပါးစပ်ကို ပိတ်ထားစမ်း ! " ဖုန်းကျင်းယွမ်က ဖုန်းဇီဟောင်အား ဒေါသတကြီး လှမ်းဟန့်သည်။ " လူကြီးမင်းမော့ ကျွန်တော့်အမြင်မှာတော့ အထင်လွဲမှုလေးတွေ ဖြစ်သွားတာထင်ပါတယ် "
၀န်ကြီးချုပ်တစ်ယောက်အနေဖြင့် နန်းတော်ထဲ၌ ဆေးပင်များကိုသုံး၍ ချက်ပြုတ်ပေးနေသူ တစ်ယောက်ရှိသည်ကို ဖုန်းကျင်းယွမ် သိထားပေသည်။ မော့ပုဖန်သည် ရာထူးအဆင့်အတန်းမရှိသူ တစ်ယောက်ဖြစ်သော်လည်း ဖုန်းကျင်းယွမ်ထက်တော့ အဆင့်မနိမ့်ပေ ။ နန်းတော်ထဲ၌ ထိုကဲ့သို့ ထူးခြားသောနေရာတစ်ခု ရှိသူဖြစ်သဖြင့် ဖုန်းကျင်းယွမ်လည်း ယဥ်ကျေပြရန်သာ ရှိပေသည်။ ၄င်းအပြင် ဖုန်းကျင်းယွမ် ပူပန်နေရသည်က ထိုလူသည် ဧကရာဇ်နှင့် ဧကရီအတွက် ချက်ပြုတ်ပေးရ၍ မဟုတ်ပါဘဲ ကြင်ယာတော်ယွင်အတွက် ချက်ပြုတ်ပေးရန် ဧကရာဇ်အရှင်က ခွင့်ပြုပေးထားသောသူ ဖြစ်နေသောကြောင့်ပင် ဖြစ်ချေသည်။ ကြင်ယာတော်ယွင်၏ ဘေးသို့ပါ ပို့ပေးထားသည်ဆိုမှတော့ ဧကရာဇ်အရှင်က မော့ပုဖန်အား ဘယ်လောက်တောင် တန်ဖိုးထားသလဲဆိုတာကို တွေးကြည့်ပါလေ ။
ဖုန်းကျင်းယွမ်၏ စကားကြောင့် မော့ပုဖန်က ပြုံးသွားလေသည်။ " ကျွန်တော်ပြောခဲ့သလိုပါပဲ ၊ လွန်ခဲ့တဲ့သုံးရက်ကတောင် ဧကရာဇ်အရှင်နဲ့ ဧကရီမိဖုရားတို့နှစ်ဦးက ကျွန်တော် ပြင်ဆင်ပေးတဲ့ ဆေးနဲ့ချက်ထားတဲ့ စားတော်ပွဲတွေကို သုံးဆောင်ခဲ့ပါသေးတယ် ။ ဒါပေမယ့် ဖုန်းအိမ်တော်ကိုရောက်လာတော့မှ အဲ့ဒီ့ဟင်းပွဲတွေကိုပဲစားပြီး နေမကောင်းဖြစ်သွားတာတဲ့လားဗျာ "
ထိုစကားများ၏ အဓိပ္ပာယ်ကို အားလုံးနားလည်ကြလေသည်။ မော့ပုဖန်၏ ဆိုလိုရင်းမှာ ဧကရာဇ်နှင့် ဧကရီတောင် စားနိုင်ကြသေးတဲ့ဟာကို ခင်ဗျားတို့ ဖုန်းအိမ်တော်ကလူတွေကြမှ ပိုပြီး၀မ်းနုပြနေကြတာလား ဟူ၍ပင်ဖြစ်ပေသည်။
ဖုန်းကျင်းယွမ်လည်း ပြန်ပြုံးပြကာ " အထင်လွဲသွားတာပါ ၊ အထင်လွဲသွားတာပါ " ဟု ပြန်ဖြေလိုက်ရသည်။
" အမတ်ချုပ်ဖုန်း " မော့ပုဖန်က ပြုံးရယ်နေခြင်း မရှိတော့ချေ ။ " ကျွန်တော် ဒီနေ့ ဖုန်းအိမ်တော်ကို လာခဲ့တာက အရှင်မင်းသားချွင်းနဲ့ အရှင်မင်းသားယွီတို့ရဲ့ ဧကရာဇ်အရှင်ထံ တောင်းဆိုခဲ့မှုကြောင့်ပါ ၊ မင်းသားနှစ်ပါးရဲ့စကားအရဆို ဖုန်းအိမ်တော်က အိမ်တော်သခင်မ ပြန်လာတာကိုကြိုဆိုဖို့ ကျွန်တော်နဲ့ တော်၀င်စားတော်ကဲ ဆယ့်တစ်ယောက်ကို ပြင်ဆင်ပေးစေချင်တာပါတဲ့ ။ ဒီကနေ့ အသုံးပြုခဲ့တဲ့ ပါ၀င်ပစ္စည်းတွေကလည်း လွန်ခဲ့တဲ့သုံးရက်က ဧကရာဇ်အရှင်အတွက် ချက်ပြုတ်ပေးတုန်းက သုံးခဲ့တဲ့ ပါ၀င်ပစ္စည်းတွေနီးနီး ကောင်းတာတွေချည်းပါပဲ ။ ဒီနေ့သုံးခဲ့တဲ့ ဆေးပင်တွေအားလုံးက ဖုန်းမိသားစုအပိုင် ရာချီဆေးပင်ဆိုင်ကနေ ရောက်လာတာတွေချည်းပါပဲ ။ အဲ့ဒီ့ဆေးပင်တွေကိုလည်း ကျွန်တော်ကိုယ်တိုင် စစ်ဆေးထားခဲ့တာပါ ။ အမတ်ချုပ်ဖုန်းက ကျွန်တော့်ကို မကျေနပ်တာ ရှိနေလို့ပါလား ဒါမှမဟုတ် ဧကရာဇ်ကြီးအတွက် ကိုယ်တိုင်ပြင်ဆင်ပေးနေရတဲ့ စားတော်ကဲတွေကို မကျေနပ်နေတာပါလား "
ဖုန်းကျင်းယွမ် ထွက်လာသည့် ချွေးများကို သုတ်လိုက်မိသည်။ " မကျေနပ်တာမျိုး လုံး၀မရှိပါဘူးဗျာ "
" အင်း " မော့ပုဖန်က သံသယ၀င်ခြင်းများကို အဆုံးသတ်လိုက်ပြီး ခေါင်းညိတ်ပြသည်။ " ဒါဆိုရင်လည်း ဒါတွေက ဘာအဓိပ္ပာယ်နဲ့ပါလဲ ။ ဪ...အမတ်ချုပ်ကြီးက မင်းသားချွင်းနဲ့ မင်းသားယွီတို့ စီစဥ်ပေးထားတာကို သဘောမကျလို့များလား။ အာ ... ဒါဆိုရင်တော့ အမတ်ချုပ်ဖုန်းက မင်းသားနှစ်ပါးရဲ့ စေတနာကို စော်ကားလိုက်တာပါပဲ "
ရွှမ်ထျန်းဟွာပါ ပါ၀င်ပတ်သက်နေသည်ကို ကြားသည့်အခါတွင် ထိုင်ခုံပေါ်၌ ပျော့ခွေနေခဲ့သော ဖုန်းချန်းယွီက ချက်ချင်းထရပ်လိုက်ပြီး ဤသို့ဆိုလေသည်။ " တွေးကြည့်ရရင် တကယ်ပဲ အထင်လွဲသွားတာ ဖြစ်နိုင်ပါတယ် ၊ ခုနတုန်းက ချန်းယွီက ဥယျာဥ်ထဲမှာမို့ ခန္ဓာကိုယ်ကလည်း အားနည်းနေတာဆိုတော့ လေတိုးလို့ ခေါင်းကိုက်လာတာပါ ။ အခု လုံး၀ ကောင်းသွားပါပြီ "
ဖုန်းယွိဟန်ထံမှ ဖုန်းချန်းယွီ ချည်ထိုးထားသော အိတ်လေးကို ရခဲ့ပြီးကတည်းက ဖုန်းကျင်းယွမ်သည် ဖုန်းချန်းယွီ၏ ရွှမ်ထျန်းဟွာအပေါ်ထားရှိသည့် ခံစားချက်များကို ရိပ်မိနေခဲ့တာဖြစ်သည်။ ယခု ဖုန်းချန်းယွီ၏ အပြုအမူကို ဖုန်းကျင်းယွမ်က ဘယ်လိုလုပ် နားမလည်ပဲ နေပါ့မလဲ ။ သို့သော်လည်း ဖုန်းကျင်းယွမ် ဘာမှထုတ်မပြောဖြစ်ပါ ။ မည်သို့ပင်ဆိုစေ ဖုန်းချန်းယွီက သူမ နေကောင်းသွားပြီဟု ဆိုလိုက်ပြိိီ မဟုတ်ပါလား ။ ထိုသည်က အနည်းဆုံးတော့ ခေါင်းကိုက်နေတယ်ဆိုသည်ထက် ပိုကောင်းပေသည်။
သို့သော်လည်း ချန်ရှီက ခုတင်ထက်တွင် လှဲနေဆဲဖြစ်ကာ ဟန်ဆောင်နေသည့်ပုံလည်း မရှိသောကြောင့် ဖုန်းကျင်းယွမ် အနည်းငယ် ရှက်လာမိသည်။ တကယ်ပဲ ဤကိစ္စအား ဘယ်လိုဖြေရှင်းရပါ့မလဲ ။
တစ်ယောက်မှ တုပ်တုပ်မလှုပ်ဘဲ ရှိနေကြစဥ်တွင် အစေခံများသည် သမားတော်တစ်ယောက်ကို ခေါ်လာနိုင်ခဲ့လေသည်။ ထိုသမားတော်သည် မြို့တော်ထဲ၌ ဂုဏ်သတင်းရှိသောသူတစ်ဦးဖြစ်ပြီး ဖုန်းမိသာစုနှင့်လည်း မစိမ်းပေ ။ ဖုန်းကျင်းယွမ်ကို မြင်သောအခါ ဒူးထောက်၍ အရိုအသေပေးလေသည်။
ဖုန်းကျင်းယွမ်လည်း ထုံးတမ်းများကို ဂရုစိုက်မနေနိုင်ဘဲ " မြန်မြန်လေး သခင်မကို ကြည့်ကြည့်လိုက်ပါဦး ၊ တကယ်ပဲ ဘာဖြစ်နေတာလဲ " ဟုဆိုလိုက်ရသည်။
သမားတော်က ထိုအခါ ထရပ်လိုက်ပြီး ခုတင်ဘေးသို့ လျှောက်သွားလေသည်။
ချန်ရှီ၏ အခြေအနေသည် ယခင်ကထက် ပိုကောင်းလာသည်ဟု ဆိုနိုင်သော်လည်း ပင်ပန်းနွမ်းနယ်နေသည့်ဟန် ဖြစ်နေသေးလေသည်။ မျက်နှာအရောင်သည် ဖြူဖျော့နေဆဲဖြစ်ပြီး မကြာခဏလည်း ပျို့တက်နေသေးလေ၏။
သမားတော်က ချန်ရှီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြိိးနောက်တွင် " ဟမ် " ဟု အာမေဋိတ်ပြုလိုက်ကာ တစ်ဖန်ထပ်၍ အချိန်တစ်ခုကြာသည်အထိ သွေးခုန်နှုန်းကို စမ်းကြည့်နေပြန်လေသည်။ ပြီးမှသာ ခုတင်ဘေး၌ ရပ်လိုက်ပြီး ဖုန်းကျင်းယွမ်အား " အမတ်ချုပ်ဖုန်းခင်ဗျ ၊ သခင်မက မသန့်တဲ့အစားအစာ ဒါမှမဟုတ် အဆိပ်ကို စားမိထားတာပါလား "ဟု မေးလေသည်။
ထိုစကားများကြောင့် အားလုံးသည် ထိတ်လန့်သွားကြတော့သည်။ သူတို့အားလုံးသည် ချန်ရှီက ဟန်ဆောင်နေကြသည်ဟု ထင်ထားခဲ့ကြတာဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကျန်းဟူကသမားတော်တစ်ယောက်နဲ့ တော်၀င်စားတော်ကဲတွေက ဖုန်းမိသားစုကို အဆိပ်ခတ်နိုင်မှာလဲဟူ၍ တွေးထားခဲ့ကြတာ ဖြစ်ပေသည်။ ယခုတွင်မူ ဤသမားတော်က အဆိပ်အကြောင်းကို မေးနေတယ်ဆိုတော့ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ ။
ယောင်ရှီကလည်း စိုးရိမ်သွားလေသည်။ " သမားတော်ကြီး ၊ ဘာလို့ ဒီလိုမေးရတာပါလဲ "
သမားတော်က ပြန်ဖြေသည်။ " အဆိပ်မဟုတ်ဘူးဆိုရင် ဘာလို့များ သခင်မက အော့အန်ဆေးကို စားထားရတာပါလဲ "
" အော့အန်ဆေး ? " ဖုန်းဖန်းသိုက်က ပြန်မေးပြီးနောက် ချန်ရှီကို ကြည့်လိုက်လေသည်။ သမားတော်၏ စကားကို ကြားသည့်အခါ ချန်ရှီသည် မျက်လုံးလှိမ့်သွားသဖြင့် ဖုန်းဖန်းသိုက်လည်း မှားနေပြီဆိုသည်ကို သဘောပေါက်လိုက်သည်။
ဖုန်းကျင်းယွမ်က " သမားတော်ကြီး ပြောစရာရှိရင် ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်ပါ " ဟုဆိုသည်။
သမားတော်က ထိုအခါ အားနာမနေတော့ဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောလေတော့သည်။ " သခင်မက နေမကောင်းဖြစ်ပြီးနောက် အော့အန်ခဲ့ပါလိမ့်မယ် ၊ ဟုတ်ပါရဲ့လား ။ အဲ့ဒါက ဘာလို့လဲဆိုရင် သခင်မက အော့အန်ဆေးကို သုံးခဲ့လို့ပါ ။ အဲ့ဒီ့ဆေးကို စားခဲ့မယ်ဆိုရင် အမွှေးတ်ိုင်တစ်၀က်လောက် ထွန်းပြီးကြာချိန်လောက်ဆိုရင် စားလိုက်တဲ့လူက အော့အန်လာပါလိမ့်မယ် ။ ဒါပေမယ့် အားလုံးကို အန်ထုတ်လိုက်ပြီးသွားရင် အကုန် အဆင်ပြေသွားပါလိမ့်မယ် ။ ဒါကြောင့် အော့အန်ဆေးကို အရေးပေါ် အဆိပ်ဖြေဖို့အတွက် သုံးကြတာပါ "
မော့ပုဖန်ကလည်း ရှေ့တိုးလာကာ ဤသို့ပြောလေသည်။ " အမတ်ချုပ်ဖုန်း ၊ ကျွန်တော်က နတ်ဆေးဆရာ မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ ဆေးပညာစွမ်းရည်ကို ဧကရာဇ်အရှင်က အသိအမှတ် ပြုပေးထားတာပါ ။ ဒါကြောင့် ကျွန်တော် သခင်မကို တစ်ခါလောက် စမ်းသပ်ကြည့်ပေးလို့ရနိုင်မလား "
မော့ပုဖန်၏ စကားကို ဖုန်းကျင်းယွမ်က ၀မ်းသာအားရ လက်ခံကာ ဘေးသို့ကပ်ပေးပြီး ချန်ရှီအား စပ်သပ်နိုင်ရန် ရှောင်ပေးလေသည်။
မော့ပုဖန်က ချန်ရှိီ၏ ဘေးသို့လျှောက်သွားသော်လည်း သွေးခုန်နှုန်းစမ်းရမည့်အစား ချန်ရှီ၏ တုတ်တုတ်ခိုင်ခိုင် လက်ကြီးကိုသာ ယူကြည့်လိုက်လေသည်။
ထိုသည်ကို မြင်သောအခါ ဖုန်းဇီဟောင်က ထအော်တော့သည်။ " ခင်ဗျား ဘာလုပ်နေတာလဲ ။ ရောဂါစမ်းသပ်မယ်ဆိုပြီး ဘာလို့ ကျုပ်အမေရဲ့ လက်ကိုကိုင်နေတာလဲ "
ဖုန်းကျင်းယွမ်က " အရေးမပါတာတွေကို တော်လိုက်စမ်း ! " ဟုထအော်သည်။
ထိုအချိန်မှာပဲ မော့ပုဖန်က လှမ်းခေါ်လေသည်။ " ထူးဆန်းလိုက်တာ ၊ အမတ်ချုပ်ဖုန်း ကျေးဇူးပြုပြိိီး လာကြည့်လှည့်ပါ ။ သခင်မက ဘာလို့ ဒီလိုလုပ်ထားရတာပါလဲ "
*******
ခင္ဗ်ားတို႔ ဖုန္းအိမ္ေတာ္ကလူေတြ တကယ္ကံေကာင္းတယ္
စားဖိုေဆာင္မွလူမ်ား ပ်ိဳနီပန္းၿခံ၀င္းသို႔ ေရာက္လာသည့္အခ်ိန္တြင္ ခ်န္ရွီအား အေစခံမ်ား၏ အကူအညီျဖင့္ အခန္းထဲသို႔ ေရႊ့ၿပီးသြားၿပီျဖစ္သည္။ ဖုန္းခ်န္းယြီကမူ ေခါင္းကိုကိုင္ထားဆဲျဖစ္ၿပီး ေနာက္မွီကုလားထိုင္ေပၚ၌ မွီ၍ထိုင္ေနေလသည္။
စားဖိုေဆာင္မွ တာ၀န္ရိွသူသည္ ထိုျမင္ကြင္းကိုျမင္ေသာအခါ ေၾကာက္ရြံ႔သြားၿပီး ေျခမခိုင္ျဖစ္သြားေလသည္။ ဘုန္းခနဲျမည္သံႏွင့္အတူ ဒူးေထာက္ခ်လိုက္ၿပီး သူ အျပစ္မရိွေၾကာင္း ျငင္းဆိုေတာ့သည္။ " သခင္မႀကီး ၊ သခင္ႀကီး ဒီကိစၥက ဒီအေစခံေတြနဲ႔ မဆိုင္ပါဘူး ! ဒုတိယသခင္မေလးက ဒီအေစခံေတြ အားလံုးက္ို ေရွာင္ခိုင္းထားခဲ့တာပါ ။ ဒီစားေသာက္ပြဲကို ...ျပင္ဆင္ေပးတာက ဒုတိယသခင္မေလး ေခၚလာတဲ့ လူေတြပါ ! "
" ဒါက ... "
ယင္းစကားမ်ားေၾကာင့္ အားလံုး အံ့အားသင့္သြားၾကၿပီး ဖုန္းယြိဟန္ကို ယံုၾကည္ခဲ့သူမ်ားသည္ပင္ ခ်န္ရွီ၏ဘက္သို႔ စိတ္ယိုင္သြားၾကေလသည္။ သခင္မႀကီးက ရင္ဘတ္ကိုဆုပ္ကိုင္ထားၿပီး အသက္ရႉရခက္ေနသၫ့္ပံု ျဖစ္ေနေလသည္။ သည္ဟင္းပြဲေတြက တကယ္ပဲ တစ္ခုခုမွားေနတာေတာ့ မျဖစ္ႏိုင္ဘူးမလား ၊ ဟုတ္တယ္မလား ။
ဖုန္းက်င္းယြမ္က ေဒါသထြက္သြားၿပီး လက္ဖက္ရည္ပန္းကန္လံုးအား ကိုင္ေပါက္လိုက္ေလသည္။ ထို႔ေနာက္ ဖုန္းယြိဟန္အား လက္ၫွိုးထိုးကာ " ေျပာစမ္း ! မင္း ဒီဟင္းေတြထဲ ဘာေတြထည့္ထားတာလဲ ေျပာစမ္း ! " ဟု ဖုန္းက်င္းယြမ္က ေမးေလသည္။
ဖုန္းယြိဟန္က ပုခံုးတြန္႔ကာ " ေဆးေတြပါ ! " ဟုျပန္ေျဖေလ၏။
" ဘာေဆးေတြလဲ "
" ခုနက ဟင္းပြဲေတြအေၾကာင္း ရွင္းျပတုန္းက အားဟန္ေျပာခဲ့ၿပီးပါၿပီ "
" ငါေမးေနတာက အဆိပ္ေတြ အေၾကာင္းေလ ! "
" အေဖက ဘာလို႔ အားဟန္ အဆိပ္ထည့္ထားတယ္ဆိုၿပီး ေျပာေနရတာပါလဲ " ဖုန္းယြိဟန္ လံုး၀ နားမလည္ႏိုင္ပါ ။ " အေဖက စစ္ၾကည့္ၿပီးသြားလို႔လား ၊ ဒါမွမဟုတ္ သမားေတာ္ ေရာက္လာၿပီး စမ္းသပ္ေပးသြားလို႔လား ၊ တစ္ေယာက္ေယာက္ကမ်ား အားဟန္ အဆိပ္ခတ္ေနတာကို ျမင္လိုက္လို႔လား ။ သက္ေသလည္းမရိွ အေၾကာင္းျပခ်က္လည္းမရိွဘဲ အေဖက ဘာလို႔ အားဟန္က ဟင္းပြဲေတြကို အဆိပ္ခတ္ထားပါတယ္လို႔ ေျပာေနရတာပါလဲ ။ ဒီလိုဆိုလည္း အားဟန္ ျပန္ေမးပါၪီးမယ္ ၊ အေဖတို႔အားလံုးလည္း စားၾကတာပဲကို ဘာလို႔ အေမနဲ႔ မမႀကီးကပဲ ဒီလိုျဖစ္ေနၾကၿပီး အေဖတို႔က ဘာလို႔ဘာမွ မျဖစ္ၾကတာပါလဲ ။ "
" ဘာလို႔လဲဆိုေတာ့ ငါတို႔စားတာက အဆိပ္ျဖစ္ေလာက္တဲ့အထိ မဟုတ္ေသးလို႔ ေနမွာေပါ့ ။ " ဖုန္းဖန္းသိုက္က ၀င္ေျပာေလသည္။ " အေမနဲ႔ မမႀကီးရဲ့ ခႏၶာကိုယ္က အားနည္းေတာ့ သူတို႔က အရင္လကၡဏာျပေနၾကတာ ေနမွာေပါ့ ။ ညၾကရင္ ငါတို႔အကုန္လံုးလည္း ... "
" စတုတၴညီမေျပာတာ တကယ္ အဓိပၸာယ္ရိွတာပဲေနာ္ " ဖုန္းယြိဟန္ ႏႈတ္ခမ္းတစ္ဖက္ပင့္၍ ၿပံဳးျပလိုက္သည္။ " ဖုန္းမိသားစုရဲ့ သမီးတစ္ေယာက္အေနနဲ႔ စတုတၴညီမတို႔အားလံုးကို အဆိပ္ခတ္လိုက္ရင္ ငါ့အတြက္ ဘာေကာင္းက်ိဳးေတြ ရလာမွာမို႔လဲ ။ ၀န္ႀကီးခ်ဳပ္အေဖ တစ္ေယာက္ကို မလိုခ်င္လို႔ ငါက မိဘမဲ့တစ္ေယာက္အေနနဲ႔က ပိုေကာင္းတယ္လို႔မ်ား ထင္ေနလို႔လား မသိဘူးေနာ္ "
ထိုအခါမွ ဖုန္းယြိဟန္၏စကားမ်ားက အက်ိဳးအေၾကာင္းသင့္သားပဲဟု ဖုန္းက်င္းယြမ္ သေဘာေပါက္သြားေလသည္။ အန္းရွီကလည္း ၀င္ေျပာေတာ့သည္။ " သခင္ႀကီး ဒုတိယသခင္မေလးရဲ့ စားေတာ္ခ်က္ကိုေခၚၿပီး ေမးျမန္းၾကည့္ၾကည့္ပါလား "
" ဟုတ္သားပဲ ! " သခင္မႀကီးက လက္ခံသည္။ " ဒီေန့အတြက္ အစားအေသာက္ျပင္ဆင္တဲ့သူေတြကို ျမန္ျမန္သြားေခၚခဲ့ၾကစမ္း "
အေစခံမ်ားက နာခံစြာထြက္သြားၾကကာ ျပန္လာေသာအခါတြင္ လူစိမ္းဆယ့္ႏွစ္ေယာက္ အတူပါလာေလသည္။
ထိုလူမ်ားကိုၾကည့္ကာ ဖုန္းက်င္းယြမ္ ရင္ထဲ၌ ေၾကာက္ရြံ႔ျခင္းမ်ား တိုးထြက္လာသလို ခံစားလိုက္ရကာ အေၾကာင္းအရင္းကိုလည္း ေရေရရာရာ မေျပာႏိုင္ေပ ။ ဖုန္းက်င္းယြမ္ အိမ္ေတာ္မွ စားဖိုေဆာင္တာ၀န္က် အေစခံကို ေမးလိုက္သည္။ " ေသခ်ာၾကည့္စမ္း ဒီလူေတြက ဒီေန့ျပင္ဆင္ေပးတဲ့သူေတြ ဟုတ္ရဲ့လား "
စားဖိုေဆာင္တာ၀န္က်သူသည္ ေသခ်ာၾကည့္ေနၿပီး အေတာ္ၾကာမွ ေသခ်ာသည့္ဟန္ျဖင့္ ေခါင္းညိတ္ျပကာ ျပန္ေျဖေလသည္။ " သခင္ႀကီးကို ျပန္ေျဖပါတယ္ ၊ အမွားမရိွ သူတို႔ပါပဲ ။ "
ဖုန္းက်င္းယြမ္ ထိုလူအား ထြက္သြားခြင့္ျပဳလိုက္ေတာ့သည္။ က်န္ခဲ့ေသာ စားေတာ္ခ်က္ဆယ့္ႏွစ္ေယာက္ကို ၾကည့္ရင္းျဖင့္ ဖုန္းက်င္းယြမ္၏ ညာဘက္မ်က္ခြံသည္ ထိန္းမရေအာင္ လႈပ္လာေတာ့သည္။
ထိုလူမ်ားထဲမွ ေခါင္းေဆာင္ျဖစ္ဟန္တူေသာလူသည္ ထူးျခားေသာသြင္ျပင္ ရိွေလသည္။ ဖုန္းမိသားစု၀င္မ်ားကို ေတြ့သည့္အခါတြင္ ေမာက္မာျပေနျခင္းမရိွသကဲ့သို႔ က်ိဳးႏြံျပေနျခင္းလည္း မရိွေခ် ။ ထိုလူ၌ စားေတာ္ခ်က္တစ္ေယာက္၏ အျပဳအမူ လံုး၀မရိွေခ် ။ ထိုလူသည္ ေခါင္းကိုအနည္းငယ္ၫြတ္၍ လက္ႏွစ္ဖက္ကိုယွက္ကာ " အမတ္ခ်ဳပ္ဖုန္းကို ႏႈတ္ခြန္းဆက္ပါတယ္ " ဟုဆ္ိုသည္။ က်န္ေသာ သခင္မႀကိးႏွင့္တကြ လူအားလံုးကိုမူ ႏႈတ္ဆက္ျခင္း မျပဳေပ ။
ထိုလူေနာက္ရိွ က်န္ဆယ့္တစ္ေယာက္ကလည္း ၪီးၫြတ္၍ " ၀န္ႀကီးခ်ဳပ္ဖုန္းကို ႏႈတ္ခြန္းဆက္ပါတယ္ " ဟူ၍သာ ႏႈတ္ဆက္ၿပီး က်န္လူမ်ားကို လ်စ္လ်ူရႈထားေလသည္။
သခင္မႀကီးက အနည္းငယ္ မေက်မနပ္ျဖစ္သြားကာ ဟြန္႔ခနဲ ႏွာမႈတ္လိုက္ေလသည္။ ထိုလူမ်ားအား သတိေပးမည္အလုပ္တြင္ ဖုန္းက်င္းယြမ္က သခင္မႀကီး ေမးခ်င္ေနေသာ စကားမ်ားကို ျဖတ္ေမးလိုက္ေလသည္။ " ေမးခြင့္ျပဳပါ ၊ လူႀကီးမင္းတို႔က ဘယ္မွာ အလုပ္လုပ္ၾကတာပါလဲ ။ ဘာလို႔ ဖုန္းအိမ္ေတာ္ကိုလာၿပီး စားေတာ္ခ်က္အျဖစ္ ေဆာင္ရြက္ေပးၾကတာပါလဲ "
ဖုန္းက်င္းယြမ္ ေခါင္းေဆာင္ျဖစ္ဟန္တူေသာ ထိုလူကို အနည္းငယ္ ရင္းႏွီးေနသေယာင္ ခံစားေနရေလသည္။ ထိုလူ၏ ေၾကာ့ရွင္းကာ ထိန္းထိန္းသိမ္းသိမ္း ေနတက္ပံုကို ၾကည့္ျခင္းျဖင့္ စားေတာ္ခ်က္တစ္ေယာက္ မဟုတ္သည္က ေသခ်ာေနေလသည္။ ထိုလူ႔ေနာက္ရိွ ဆယ့္တစ္ေယာက္ကမူ စားေတာ္ခ်က္မ်ားျဖစ္ႏိုင္ေသာ္လည္း သာမန္စားေတာ္ခ်က္မ်ား လံုး၀မျဖစ္ႏိုင္ပါ ။
ေတြးၾကည့္ပါက ထိုလုမ်ားကို ဖုန္းယြိဟန္ ဖိတ္ေခၚထားတာ ျဖစ္ေပသည္။ ဖုန္းယြိဟန္က ဘယ္က စားေတာ္ခ်က္ကို သိမွာမို႔လို႔လဲ ။ မင္းသားကိုး၏ သိမ္ေမြ့ျခင္းနတ္ဘုရား စားေသာက္ဆိုင္မွ ဖိတ္ေခၚထားသူမ်ား ျဖစ္ႏိုင္သည့္ ရာခိုင္ႏႈန္းမ်ားေလသည္။
ဖုန္းက်င္းယြမ္ ေခါင္းနားပန္းႀကီးသြားမိသည္။ ရႊမ္ထ်န္းမင္၏ စရိုက္အရဆိုပါက သိမ္ေမြ့ျခင္းနတ္ဘုရားဆိုင္မွလူမ်ားသည္ တကယ္ပဲ အစားအေသာက္မ်ားထဲ၌ တစ္စံုတစ္ရာကို ထည့္ခဲ့လ်ွင္ေတာင္ သူ ဖုန္းက်င္းယြမ္က ထိပ္တိုက္ရင္ဆိုင္ၿပီး ျပႆနာရွာရဲမွာတဲ့လား ။ ခ်န္ရွီက အန္ရံုေလး အန္သည္ကို မဆိုထားႏွင့္ ၊ ရႊမ္ထ်န္းမင္လို နန္းေတာ္ထဲ၌ပင္ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ လူသတ္ရဲကာ တင္းအန္းနန္းေတာ္အား ျပာက်ေအာင္လုပ္ရဲသည့္ လူမ်ိဳးသည္ ဖုန္းအိမ္ေတာ္က သခင္မတစ္ေယာက္ကို ေခါင္းထဲထည့္ဖို႔ လံုး၀မျဖစ္ႏိုင္ေခ် ။
ျဖစ္ႏိုင္ေခ်မ်ားကို တြက္ခ်က္ရင္း ထိုလူမ်ားက တကယ္ပဲ သိမ္ေမြ့ျခင္းနတ္ဘုရားဆိုင္မွ ျဖစ္ပါက မင္းသားကို၏ အမ်က္မသင့္ေအာင္ ဘယ္လိုလုပ္ရမလဲဟု ဖုန္းက်င္းယြမ္ ေတြးေနမိေတာ့သည္။ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ျပႆနာရွာဖို႔ကိစၥကိုေတာ့ ဖုန္းက်င္းယြမ္ ေခါင္းထဲမွ ထုတ္လိုက္ၿပီျဖစ္သည္။
သို႔ေသာ္လည္း ထိုသည္မ်ားက အေတြးမ်ားသက္သက္သာ ျဖစ္ေလသည္။ ထူးျခားေသာသြင္ျပင္ရိွသည့္ ထိုလူက သူ႔နာမည္ကို ထုတ္ေျပာလိုက္သၫ့္အခါတြင္ ဖုန္းက်င္းယြမ္ ေၾကာက္ရြံ႔ကာ ဒူးတုန္လာမိေတာ့သည္။ သူ အရမ္းကို ရိုးရိုးရွင္းရွင္းေတြးမိသြားတာပဲဟု ဖုန္းက်င္းယြမ္ ခံစားလိုက္မိသည္။
" ကြၽန္ေတာ္က ေမာ့ပုဖန္လို႔ ေခၚပါတယ္ ၊ အရင္ကေတာ့ ကြၽန္ေတာ္က က်န္းဟူမွာ နယ္လွည့္သြားေနတဲ့ သမားေတာ္တစ္ေယာက္ပါ ။ လြန္ခဲ့တဲ့ လအနည္းငယ္တုန္းက ဧကရာဇ္အရွင္က ကြၽန္ေတာ့္ရဲ့အရည္အခ်င္းကို ခ်ီးေျမႇာက္ေပးၿပီး နန္းေတာ္ထဲမွာ ဧကရာဇ္အရွင္ ၊ ဧကရီမိဖုရားနဲ႔ ၾကင္ယာေတာ္ယြင္တို႔အတြက္ ေဆးနဲ႔ခ်က္ထားတဲ့ ဟင္းပြဲေတြ ျပင္ဆင္ေပးဖို႔ ေခၚထားခဲ့တာပါ ။ ကြၽန္ေတာ့္ေနာက္က ပုဂၢိုလ္ေတြကေတာ့ လြန္ခဲ့တဲ့လေတြမွာ ကြၽန္ေတာ္နဲ႔အတူ အလုပ္တြဲလုပ္လာခဲ့တဲ့ ေတာ္၀င္စားေတာ္ကဲေတြပါ "
ဖုန္းက်င္းယြမ္ သူ႔ကိုျဖတ္တိုက္သြားသည့္ ေလေအးကို ခံစားလိုက္မိသည္။ ဖုန္းက်င္းယြမ္သာမက သခင္မႀကီးသည္ပင္ ဆြံ႔အသြားေလသည္။ သူမ ယခင္တည္းက ေမ်ွာ္လင့္ထားခဲ့ရမွာ ။ ဖုန္းယြိဟန္က မည္သည့္အလုပ္ကိုလုပ္လုပ္ သူမအတြက္ လြတ္လမ္းကို က်ိန္းေသေပါက္ ခ်န္ထားမည့္သူျဖစ္ေလသည္။ ဖုန္းမိသားစုမွ စားေတာ္ခ်က္မ်ားကို ဖယ္ရွား၍ အျပင္လူမ်ားကို သံုးခဲ့သည္ဆိုမွေတာ့ ဖုန္းယြိဟန္ကဲ့သို႔ ဉာဏ္ေကာင္းသူက ယခုလိုလုပ္ရပ္မ်ိဳးကို ႀကံစည္ထားမည္တဲ့လား ။
" အမတ္ခ်ဳပ္ဖုန္း " ေမာ့ပုဖန္က ဆက္ေျပာေလသည္။ " ခုနက လာေနရင္းနဲ႔ ကြၽန္ေတာ္ၾကားခဲ့တာေတာ့ ဒီေန့ျပင္ဆင္ထားတဲ့ အစားအစာေတြေၾကာင့္ အိမ္ေတာ္သခင္မနဲ႔ ပထမသခင္မေလးတို႔ အဆိပ္သင့္သြားၾကတယ္ဆို ၊ ဟုတ္ပါသလား "
" ဟုတ္တယ္ ! " ေမာ့ပုဖန္က ဘယ္လိုပုဂၢိုလ္ျဖစ္သည္ကို သေဘာမေပါက္ေသးေသာ မိုက္မဲသူ ဖုန္းဇီေဟာင္က ထေျဖေလသည္ ။ " အစားအေသာက္ေတျြပင္ဆင္တာက ခင္ဗ်ားလို႔ ၀န္ခံၿပီးၿပီဆိုေတာ့ က်ဳပ္တို႔ ဖုန္းမိသားစုကို ျမန္ျမန္ရွင္းျပခ်က္ေပးစမ္း ! "
" မင္းပါးစပ္ကို ပိတ္ထားစမ္း ! " ဖုန္းက်င္းယြမ္က ဖုန္းဇီေဟာင္အား ေဒါသတႀကီး လွမ္းဟန္႔သည္။ " လူႀကီးမင္းေမာ့ ကြၽန္ေတာ့္အျမင္မွာေတာ့ အထင္လြဲမႈေလးေတြ ျဖစ္သြားတာထင္ပါတယ္ "
၀န္ႀကီးခ်ဳပ္တစ္ေယာက္အေနျဖင့္ နန္းေတာ္ထဲ၌ ေဆးပင္မ်ားကိုသံုး၍ ခ်က္ျပဳတ္ေပးေနသူ တစ္ေယာက္ရိွသည္ကို ဖုန္းက်င္းယြမ္ သိထားေပသည္။ ေမာ့ပုဖန္သည္ ရာထူးအဆင့္အတန္းမရိွသူ တစ္ေယာက္ျဖစ္ေသာ္လည္း ဖုန္းက်င္းယြမ္ထက္ေတာ့ အဆင့္မနိမ့္ေပ ။ နန္းေတာ္ထဲ၌ ထိုကဲ့သို႔ ထူးျခားေသာေနရာတစ္ခု ရိွသူျဖစ္သျဖင့္ ဖုန္းက်င္းယြမ္လည္း ယဥ္ေက်ျပရန္သာ ရိွေပသည္။ ၄င္းအျပင္ ဖုန္းက်င္းယြမ္ ပူပန္ေနရသည္က ထိုလူသည္ ဧကရာဇ္ႏွင့္ ဧကရီအတြက္ ခ်က္ျပဳတ္ေပးရ၍ မဟုတ္ပါဘဲ ၾကင္ယာေတာ္ယြင္အတြက္ ခ်က္ျပဳတ္ေပးရန္ ဧကရာဇ္အရွင္က ခြင့္ျပဳေပးထားေသာသူ ျဖစ္ေနေသာေၾကာင့္ပင္ ျဖစ္ေခ်သည္။ ၾကင္ယာေတာ္ယြင္၏ ေဘးသို႔ပါ ပို႔ေပးထားသည္ဆိုမွေတာ့ ဧကရာဇ္အရွင္က ေမာ့ပုဖန္အား ဘယ္ေလာက္ေတာင္ တန္ဖိုးထားသလဲဆိုတာကို ေတြးၾကည့္ပါေလ ။
ဖုန္းက်င္းယြမ္၏ စကားေၾကာင့္ ေမာ့ပုဖန္က ၿပံဳးသြားေလသည္။ " ကြၽန္ေတာ္ေျပာခဲ့သလိုပါပဲ ၊ လြန္ခဲ့တဲ့သံုးရက္ကေတာင္ ဧကရာဇ္အရွင္နဲ႔ ဧကရီမိဖုရားတို႔ႏွစ္ၪီးက ကြၽန္ေတာ္ ျပင္ဆင္ေပးတဲ့ ေဆးနဲ႔ခ်က္ထားတဲ့ စားေတာ္ပြဲေတြကို သံုးေဆာင္ခဲ့ပါေသးတယ္ ။ ဒါေပမယ့္ ဖုန္းအိမ္ေတာ္ကိုေရာက္လာေတာ့မွ အဲ့ဒီ့ဟင္းပြဲေတြကိုပဲစားၿပီး ေနမေကာင္းျဖစ္သြားတာတဲ့လားဗ်ာ "
ထိုစကားမ်ား၏ အဓိပၸာယ္ကို အားလံုးနားလည္ၾကေလသည္။ ေမာ့ပုဖန္၏ ဆိုလိုရင္းမွာ ဧကရာဇ္ႏွင့္ ဧကရီေတာင္ စားႏိုင္ၾကေသးတဲ့ဟာကို ခင္ဗ်ားတို႔ ဖုန္းအိမ္ေတာ္ကလူေတြၾကမွ ပိုၿပီး၀မ္းႏုျပေနၾကတာလား ဟူ၍ပင္ျဖစ္ေပသည္။
ဖုန္းက်င္းယြမ္လည္း ျပန္ၿပံဳးျပကာ " အထင္လြဲသြားတာပါ ၊ အထင္လြဲသြားတာပါ " ဟု ျပန္ေျဖလိုက္ရသည္။
" အမတ္ခ်ဳပ္ဖုန္း " ေမာ့ပုဖန္က ၿပံဳးရယ္ေနျခင္း မရိွေတာ့ေခ် ။ " ကြၽန္ေတာ္ ဒီေန့ ဖုန္းအိမ္ေတာ္ကို လာခဲ့တာက အရွင္မင္းသားခြၽင္းနဲ႔ အရွင္မင္းသားယြီတို႔ရဲ့ ဧကရာဇ္အရွင္ထံ ေတာင္းဆိုခဲ့မႈေၾကာင့္ပါ ၊ မင္းသားႏွစ္ပါးရဲ့စကားအရဆို ဖုန္းအိမ္ေတာ္က အိမ္ေတာ္သခင္မ ျပန္လာတာကိုႀကိဳဆိုဖို႔ ကြၽန္ေတာ္နဲ႔ ေတာ္၀င္စားေတာ္ကဲ ဆယ့္တစ္ေယာက္ကို ျပင္ဆင္ေပးေစခ်င္တာပါတဲ့ ။ ဒီကေန့ အသံုးျပဳခဲ့တဲ့ ပါ၀င္ပစၥည္းေတြကလည္း လြန္ခဲ့တဲ့သံုးရက္က ဧကရာဇ္အရွင္အတြက္ ခ်က္ျပဳတ္ေပးတုန္းက သံုးခဲ့တဲ့ ပါ၀င္ပစၥည္းေတြနီးနီး ေကာင္းတာေတြခ်ည္းပါပဲ ။ ဒီေန့သံုးခဲ့တဲ့ ေဆးပင္ေတြအားလံုးက ဖုန္းမိသားစုအပိုင္ ရာခ်ီေဆးပင္ဆိုင္ကေန ေရာက္လာတာေတြခ်ည္းပါပဲ ။ အဲ့ဒီ့ေဆးပင္ေတြကိုလည္း ကြၽန္ေတာ္ကိုယ္တိုင္ စစ္ေဆးထားခဲ့တာပါ ။ အမတ္ခ်ဳပ္ဖုန္းက ကြၽန္ေတာ့္ကို မေက်နပ္တာ ရိွေနလို႔ပါလား ဒါမွမဟုတ္ ဧကရာဇ္ႀကီးအတြက္ ကိုယ္တိုင္ျပင္ဆင္ေပးေနရတဲ့ စားေတာ္ကဲေတြကို မေက်နပ္ေနတာပါလား "
ဖုန္းက်င္းယြမ္ ထြက္လာသည့္ ေခြၽးမ်ားကို သုတ္လိုက္မိသည္။ " မေက်နပ္တာမ်ိဳး လံုး၀မရိွပါဘူးဗ်ာ "
" အင္း " ေမာ့ပုဖန္က သံသယ၀င္ျခင္းမ်ားကို အဆံုးသတ္လိုက္ၿပီး ေခါင္းညိတ္ျပသည္။ " ဒါဆိုရင္လည္း ဒါေတြက ဘာအဓိပၸာယ္နဲ႔ပါလဲ ။ ဪ...အမတ္ခ်ဳပ္ႀကီးက မင္းသားခြၽင္းနဲ႔ မင္းသားယြီတို႔ စီစဥ္ေပးထားတာကို သေဘာမက်လို႔မ်ားလား။ အာ ... ဒါဆိုရင္ေတာ့ အမတ္ခ်ဳပ္ဖုန္းက မင္းသားႏွစ္ပါးရဲ့ ေစတနာကို ေစာ္ကားလိုက္တာပါပဲ "
ရႊမ္ထ်န္းဟြာပါ ပါ၀င္ပတ္သက္ေနသည္ကို ၾကားသည့္အခါတြင္ ထိုင္ခံုေပၚ၌ ေပ်ာ့ေခြေနခဲ့ေသာ ဖုန္းခ်န္းယြီက ခ်က္ခ်င္းထရပ္လိုက္ၿပီး ဤသို႔ဆိုေလသည္။ " ေတြးၾကည့္ရရင္ တကယ္ပဲ အထင္လြဲသြားတာ ျဖစ္ႏိုင္ပါတယ္ ၊ ခုနတုန္းက ခ်န္းယြီက ဥယ်ာဥ္ထဲမွာမို႔ ခႏၶာကိုယ္ကလည္း အားနည္းေနတာဆိုေတာ့ ေလတိုးလို႔ ေခါင္းကိုက္လာတာပါ ။ အခု လံုး၀ ေကာင္းသြားပါၿပီ "
ဖုန္းယြိဟန္ထံမွ ဖုန္းခ်န္းယြီ ခ်ည္ထိုးထားေသာ အိတ္ေလးကို ရခဲ့ၿပီးကတည္းက ဖုန္းက်င္းယြမ္သည္ ဖုန္းခ်န္းယြီ၏ ရႊမ္ထ်န္းဟြာအေပၚထားရိွသည့္ ခံစားခ်က္မ်ားကို ရိပ္မိေနခဲ့တာျဖစ္သည္။ ယခု ဖုန္းခ်န္းယြီ၏ အျပဳအမူကို ဖုန္းက်င္းယြမ္က ဘယ္လိုလုပ္ နားမလည္ပဲ ေနပါ့မလဲ ။ သို႔ေသာ္လည္း ဖုန္းက်င္းယြမ္ ဘာမွထုတ္မေျပာျဖစ္ပါ ။ မည္သို႔ပင္ဆိုေစ ဖုန္းခ်န္းယြီက သူမ ေနေကာင္းသြားၿပီဟု ဆိုလိုက္ၿပိီ မဟုတ္ပါလား ။ ထိုသည္က အနည္းဆံုးေတာ့ ေခါင္းကိုက္ေနတယ္ဆိုသည္ထက္ ပိုေကာင္းေပသည္။
သို႔ေသာ္လည္း ခ်န္ရွီက ခုတင္ထက္တြင္ လွဲေနဆဲျဖစ္ကာ ဟန္ေဆာင္ေနသည့္ပံုလည္း မရိွေသာေၾကာင့္ ဖုန္းက်င္းယြမ္ အနည္းငယ္ ရွက္လာမိသည္။ တကယ္ပဲ ဤကိစၥအား ဘယ္လိုေျဖရွင္းရပါ့မလဲ ။
တစ္ေယာက္မွ တုပ္တုပ္မလႈပ္ဘဲ ရိွေနၾကစဥ္တြင္ အေစခံမ်ားသည္ သမားေတာ္တစ္ေယာက္ကို ေခၚလာႏိုင္ခဲ့ေလသည္။ ထိုသမားေတာ္သည္ ၿမိဳ႔ေတာ္ထဲ၌ ဂုဏ္သတင္းရိွေသာသူတစ္ၪီးျဖစ္ၿပီး ဖုန္းမိသာစုႏွင့္လည္း မစိမ္းေပ ။ ဖုန္းက်င္းယြမ္ကို ျမင္ေသာအခါ ဒူးေထာက္၍ အရိုအေသေပးေလသည္။
ဖုန္းက်င္းယြမ္လည္း ထံုးတမ္းမ်ားကို ဂရုစိုက္မေနႏိုင္ဘဲ " ျမန္ျမန္ေလး သခင္မကို ၾကည့္ၾကည့္လိုက္ပါၪီး ၊ တကယ္ပဲ ဘာျဖစ္ေနတာလဲ " ဟုဆိုလိုက္ရသည္။
သမားေတာ္က ထိုအခါ ထရပ္လိုက္ၿပီး ခုတင္ေဘးသို႔ ေလ်ွာက္သြားေလသည္။
ခ်န္ရွီ၏ အေျခအေနသည္ ယခင္ကထက္ ပိုေကာင္းလာသည္ဟု ဆိုႏိုင္ေသာ္လည္း ပင္ပန္းႏြမ္းနယ္ေနသည့္ဟန္ ျဖစ္ေနေသးေလသည္။ မ်က္ႏွာအေရာင္သည္ ျဖဴေဖ်ာ့ေနဆဲျဖစ္ၿပီး မၾကာခဏလည္း ပ်ိဳ႕တက္ေနေသးေလ၏။
သမားေတာ္က ခ်န္ရွီ၏ ေသြးခုန္ႏႈန္းကို စမ္းသပ္ၾကည့္ၿပိးေနာက္တြင္ " ဟမ္ " ဟု အာေမဋိတ္ျပဳလိုက္ကာ တစ္ဖန္ထပ္၍ အခ်ိန္တစ္ခုၾကာသည္အထိ ေသြးခုန္ႏႈန္းကို စမ္းၾကည့္ေနျပန္ေလသည္။ ၿပီးမွသာ ခုတင္ေဘး၌ ရပ္လိုက္ၿပီး ဖုန္းက်င္းယြမ္အား " အမတ္ခ်ဳပ္ဖုန္းခင္ဗ် ၊ သခင္မက မသန္႔တဲ့အစားအစာ ဒါမွမဟုတ္ အဆိပ္ကို စားမိထားတာပါလား "ဟု ေမးေလသည္။
ထိုစကားမ်ားေၾကာင့္ အားလံုးသည္ ထိတ္လန္႔သြားၾကေတာ့သည္။ သူတို႔အားလံုးသည္ ခ်န္ရွီက ဟန္ေဆာင္ေနၾကသည္ဟု ထင္ထားခဲ့ၾကတာျဖစ္သည္။ ဘယ္လိုလုပ္ၿပီး က်န္းဟူကသမားေတာ္တစ္ေယာက္နဲ႔ ေတာ္၀င္စားေတာ္ကဲေတြက ဖုန္းမိသားစုကို အဆိပ္ခတ္ႏိုင္မွာလဲဟူ၍ ေတြးထားခဲ့ၾကတာ ျဖစ္ေပသည္။ ယခုတြင္မူ ဤသမားေတာ္က အဆိပ္အေၾကာင္းကို ေမးေနတယ္ဆိုေတာ့ တကယ္ပဲ ဘာေတျြဖစ္ေနတာလဲ ။
ေယာင္ရွီကလည္း စိုးရိမ္သြားေလသည္။ " သမားေတာ္ႀကီး ၊ ဘာလို႔ ဒီလိုေမးရတာပါလဲ "
သမားေတာ္က ျပန္ေျဖသည္။ " အဆိပ္မဟုတ္ဘူးဆိုရင္ ဘာလို႔မ်ား သခင္မက ေအာ့အန္ေဆးကို စားထားရတာပါလဲ "
" ေအာ့အန္ေဆး ? " ဖုန္းဖန္းသိုက္က ျပန္ေမးၿပီးေနာက္ ခ်န္ရွီကို ၾကည့္လိုက္ေလသည္။ သမားေတာ္၏ စကားကို ၾကားသည့္အခါ ခ်န္ရွီသည္ မ်က္လံုးလိွမ့္သြားသျဖင့္ ဖုန္းဖန္းသိုက္လည္း မွားေနၿပီဆိုသည္ကို သေဘာေပါက္လိုက္သည္။
ဖုန္းက်င္းယြမ္က " သမားေတာ္ႀကီး ေျပာစရာရိွရင္ ရွင္းရွင္းလင္းလင္းပဲ ေျပာလိုက္ပါ " ဟုဆိုသည္။
သမားေတာ္က ထိုအခါ အားနာမေနေတာ့ဘဲ ဘြင္းဘြင္းရွင္းရွင္း ေျပာေလေတာ့သည္။ " သခင္မက ေနမေကာင္းျဖစ္ၿပီးေနာက္ ေအာ့အန္ခဲ့ပါလိမ့္မယ္ ၊ ဟုတ္ပါရဲ့လား ။ အဲ့ဒါက ဘာလို႔လဲဆိုရင္ သခင္မက ေအာ့အန္ေဆးကို သံုးခဲ့လို႔ပါ ။ အဲ့ဒီ့ေဆးကို စားခဲ့မယ္ဆိုရင္ အေမႊးတ္ိုင္တစ္၀က္ေလာက္ ထြန္းၿပီးၾကာခ်ိန္ေလာက္ဆိုရင္ စားလိုက္တဲ့လူက ေအာ့အန္လာပါလိမ့္မယ္ ။ ဒါေပမယ့္ အားလံုးကို အန္ထုတ္လိုက္ၿပီးသြားရင္ အကုန္ အဆင္ေျပသြားပါလိမ့္မယ္ ။ ဒါေၾကာင့္ ေအာ့အန္ေဆးကို အေရးေပၚ အဆိပ္ေျဖဖို႔အတြက္ သံုးၾကတာပါ "
ေမာ့ပုဖန္ကလည္း ေရ႔ွတိုးလာကာ ဤသို႔ေျပာေလသည္။ " အမတ္ခ်ဳပ္ဖုန္း ၊ ကြၽန္ေတာ္က နတ္ေဆးဆရာ မဟုတ္ေပမယ့္ ကြၽန္ေတာ့္ရဲ့ ေဆးပညာစြမ္းရည္ကို ဧကရာဇ္အရွင္က အသိအမွတ္ ျပဳေပးထားတာပါ ။ ဒါေၾကာင့္ ကြၽန္ေတာ္ သခင္မကို တစ္ခါေလာက္ စမ္းသပ္ၾကည့္ေပးလို႔ရႏိုင္မလား "
ေမာ့ပုဖန္၏ စကားကို ဖုန္းက်င္းယြမ္က ၀မ္းသာအားရ လက္ခံကာ ေဘးသို႔ကပ္ေပးၿပီး ခ်န္ရွီအား စပ္သပ္ႏိုင္ရန္ ေရွာင္ေပးေလသည္။
ေမာ့ပုဖန္က ခ်န္ရိွီ၏ ေဘးသို႔ေလ်ွာက္သြားေသာ္လည္း ေသြးခုန္ႏႈန္းစမ္းရမည့္အစား ခ်န္ရွီ၏ တုတ္တုတ္ခိုင္ခိုင္ လက္ႀကီးကိုသာ ယူၾကည့္လိုက္ေလသည္။
ထိုသည္ကို ျမင္ေသာအခါ ဖုန္းဇီေဟာင္က ထေအာ္ေတာ့သည္။ " ခင္ဗ်ား ဘာလုပ္ေနတာလဲ ။ ေရာဂါစမ္းသပ္မယ္ဆိုၿပီး ဘာလို႔ က်ဳပ္အေမရဲ့ လက္ကိုကိုင္ေနတာလဲ "
ဖုန္းက်င္းယြမ္က " အေရးမပါတာေတြကို ေတာ္လိုက္စမ္း ! " ဟုထေအာ္သည္။
ထိုအခ်ိန္မွာပဲ ေမာ့ပုဖန္က လွမ္းေခၚေလသည္။ " ထူးဆန္းလိုက္တာ ၊ အမတ္ခ်ဳပ္ဖုန္း ေက်းဇူးျပဳျပိီး လာၾကည့္လွည့္ပါ ။ သခင္မက ဘာလို႔ ဒီလိုလုပ္ထားရတာပါလဲ "
*******