Memory (Completed)

By InfinityLove327

35.4K 3.5K 359

ကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ... More

Memory 👉1👈
Memory👉2👈
Memory👉3👈
Memory👉4👈
Memory👉5👈
Memory👉6👈
Memory👉7👈
Memory👉8👈
Memory👉9👈
Memory👉10👈
Memory👉11👈
Memory👉12👈
Memory👉13👈
Memory👉14👈
Memory👉15👈
Memory👉16👈
Memory👉17👈
Memory👉18👈
Memory 👉19👈
Memory👉20👈
Memory👉21👈
Memory👉22👈
Memory👉23👈
Memory👉24👈
Memory👉25👈
Memory👉26👈
Memory👉27👈
Memory👉29👈
Memory👉30👈
Memory👉31👈
Memory👉32👈
Memory👉33👈Final

Memory👉28👈

985 101 8
By InfinityLove327

ကျွန်မတို့အခုနောက်တစ်နေရာဖြစ်တဲ့ ရုပ်ရှင်ရုံကိုရောက်နေပြီဖြစ်သည်

ဟိုလူတွေများ‌ရှိနေမလားလို့ ဘေးဘီကိုဝှေ့ဝဲကြည့်လိုက်သည်

"တွေ့လား ငါပြောပါတယ် ဒါကတိုက်ဆိုင်တာပါလို့ လာရုံထဲသွားကြမယ်"

သူမ ရဲ့စကားကိုသိပ်တော့မယုံချင်ပါ ဒီလူတွေ ကျွန်မတို့နောက်ကိုလိုက်နေတယ်ဆိုတာသေချာပါတယ်

အားလုံးကတော့ရုပ်ရှင်ကြည့်နေကြပေမယ့် ကျွန်မမှာတော့ဟိုလူတွေများရောက်လာမလားလို့ ရုံထဲမှာလှည့်ပတ်ကြည့်နေမိသည်

ကံကောင်းတာက ရုပ်ရှင်ပြီးသွားသည့်တိုင် သူတို့ကိုမတွေ့ရတာဘဲ

"ငါတို့ပြန်ကြမယ် ဈေးမဝယ်ကြနဲ့တော့"

ရုံထဲကထွက်ထွက်ချင်းနာရီကိုကြည့်လိုက်တော့ သုံးနာရီတောင်ခွဲနေပြီမို့ သူမ တို့အားပြောလိုက်ရသည်

"နင်ကလည်း နာရီဝက်ကြီးများတောင်လိုပါသေးတယ် ဈေးဝယ်ဖို့အချိန်ရပါသေးတယ်"

သူမကနှုတ်ခမ်းစူကာပြောလာလေသည်

"ဘာကိုအချိန်ရတာလည်း အဲ့ဒီနာရီဝက်ကအိမ်ရောက်တာနဲ့ကွက်တိဘဲ ဒီလောက်ထိလျှောက်သွားပြီးတာတောင် အားမရသေးဘူးလား ဟော ဟိုမှာတွေ့ပြီ ပြောပါတယ်ဒင်းတို့က ငါတို့နောက်ကိုလိုက်နေတာပါလို့"

သူမကိုအိမ်ပြန်ဖို့ပြောနေရင်း ကားလမ်းရဲ့တစ်ဖက်မှာမြင်လိုက်ရသည့်ဟိုငနဲတစ်သိုက်ကိုမေးငေါ့ပြကာပြောလိုက်ရသည်

"ဟုတ်သားဘဲ သူတို့တကယ်ကြီးလိုက်လာကြတာဘဲ"

ချယ်ကမျက်လုံးပြူးကာအံ့ဩသွားသလိုပြောလာသည်

သူမ ကိုကြည့်လိုက်တော့ အလိုမကျသလိုနဲ့ မျက်နှာက အခုထိစူပုတ်နေတုန်း

"ဒီထက်နောက်ကျရင် အန္တာရာယ်များတယ် တော်ပြီပြန်ကြမယ် လာ"

လာ ဆိုပြီး သူမ ရဲ့လက်လေးကိုဆွဲလို့ အရှေ့ကနေဦးဆောင်သွားလိုက်သည် အနောက်က သူမ ကတော့မလိုက်ချင် လိုက်ချင်နဲ့ ပါလာလေရဲ့

တောင်းပန်ပါတယ်ni မင်းစိတ်ဆိုးမှာထက် မင်းအန္တရာယ်ဖြစ်မှာကို ငါပိုကြောက်လို့ပါ အခုခေတ်လူတွေကယုံရတာမဟုတ်ဘူးရယ်

အဲ့ဒီနေ့ပြီးကတည်းက သူမ ကျွန်မကိုစိတ်ကောက်သွားတာ ကျွန်မ ဖြင့်သုံးရက်တိတိချော့လိုက်ရတယ်
.
.
.
.
.*****
.
.
.
"Liliနင် niniနဲ့ရန်ဖြစ်ထားပြန်ပြီလား"

ကျောင်းကိုရောက် ရောက်ချင်းမဆီမဆိုင်ရန်တွေ့ခံလိုက်ရတာမို့ ကြောင်အနေမိသည်

"ဟင် နင်ဘာတွေပြောနေတာလည်း"

"ဘာပြောရမှာလည်း ဟိုမှာလေ niniကျောင်းကိုရောက်ကတည်းကငိုနေတာ ငါတို့ဘာမေးမေးမဖြေဘူး အဲ့တာနင်နဲ့များရန်ဖြစ်လာတာလားလို့"

"ဟင် ငါတို့ရန်မဖြစ်ပါဘူး သူငိုနေတာလား"

"အင်းဟုတ်တယ် ရန်မဖြစ်ရင် ဘာလို့တကွဲတမျှစီ‌လာကြတာလား"

ချယ်ကနားမလည်သလိုမေးလာသည်

"ငါလည်းအဲ့တာကိုဘဲစဉ်းစားနေတာ ကျောင်းသွားဖို့ သူ့ကိုသွားခေါ်တော့ အစောကြီးထွက်သွားတယ်တဲ့ ဘာဖြစ်နေလည်းမသိဘူး"

"ဟုတ်လား ဒါဆိုနင်သွားချော့လိုက်အုံး ငါတို့ချော့တာဘယ်လိုမှမရလို့ ဘာဖြစ်မှန်းလည်းမသိဘူး niniနဲ့တော့ခက်တယ်"

သူမ ငိုနေတယ်ဆိုလို့ ကျွန်မမှာစိုးရိမ်ရေမှတ်ကျော်သွားကာ အတန်းထဲသို့အမောတကောပြေးသွားရသည်

‌တွေ့ပါပြီ စာရေးစားပွဲပေါ်ခေါင်းမှောက်ကာ တရှုံ့ရှုံ့ငိုနေသည့်သူမ ကို

ဘေးမှာတော့ Sooကသူမရဲ့ဆံနွယ်လေးတွေကိုပွတ်သပ်ပေးရင်းချော့မြူနေရှာသည်

သူမ အနားကိုအမြန်သွားလိုက်ပြီးကျောပိုးအိတ်ကိုစာရေးခုံပေါ်ပစ်တင်ရင်း သူမရဲ့နဘေးနားဝင်ထိုင်လိုက်သည်

Sooကချော့လိုက်အုံးဆိုတဲ့အထာနဲ့မျက်စပစ်ပြနေတာမို့ ခေါင်းငြိမ့်ပြလိုက်သည်

"Ni ဘာဖြစ်လို့လည်း ငါ့ကိုပြောလေ"

စာရေးခုံပေါ်က သူမ ရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေးမေးလိုက်သည်

သူမ မဖြေချင်ကြောင်းခေါင်း‌ေလးရမ်းကာပြနေသည်မို့ တကယ်ဘဲစိတ်ပူလာရသည်

"နင်ဘာဖြစ်နေလည်းဆိုတာသိမှ ငါကကူညီပေးလို့ရမှာပေါ့ ဒီအတိုင်းကြီးငိုနေလို့ဘယ်ဖြစ်ပါ့မလည်း ခေါင်းတွေကိုက်လိမ့်မယ် မငိုနဲ့တော့နော် နင်ဘာဖြစ်ချင်လည်းပြော ငါအကုန်လုပ်ပေးမယ်လေနော်"

ချော့ကာမှပိုတိုးလို့ငိုလာသည့်သူမကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခေါင်းတစ်ခုလုံးထူပူလာသည် ကျေးဇူးပြုပြီးမငိုပါနဲ့တော့ niရယ် မင်းရဲ့ရှိုက်သံတွေက ငါ့နှလုံးသားကိုနာကျင်စေလို့ပါ

ဘယ်လိုမှ ချော့မရ ဘာမှလည်းမပြော ဘာကြောင့်လည်းမသိရ ငိုနေသည့်သူမ ကိုဒီအတိုင်းလေးထိုင်ကြည့်ရင်း ဝမ်းနည်းလွန်းလို့မျက်ရည်စတွေတောင်ရစ်ဝဲလာခဲ့သည်

ဘာဖြစ်နေလည်းဆိုတာ ငါ့ကိုတောင်မပြောပြနိုင်တော့တဲ့အထိ မင်းအရမ်းခံစားနေရတာလားni

ဘယ်အရာကများ ဒီလောက်ထိ မင်းကိုဝမ်းနည်းနာကျင်စေတာလည်း သူမ နဲ့အတူရှိလာခဲ့တာ ဆယ့်ခြောက်နှစ်တောင်ပြည့်တော့မယ် သူမ အခုလောက်ထိဝမ်းနည်းကြေကွဲစွာငိုကြွေးနေတာမျိုး တစ်ခါမှမကြုံဖူးခဲ့ဘူး

ရင်ထဲမှာဘယ်လိုမှမခံစားနိုင်တော့လို့ တသိမ့်သိမ့်တုန်နေသည်သူမရဲ့ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲပွေ့ဖက်ထားလိုက်သည်

ကျွန်မရဲ့အင်္ကျီစကိုဆုပ်ကိုင်ရင်း ရှိုက်ငိုနေသည့် သူမရဲ့ကျောပြင်လေးအားအသာပုတ်ပေးနေလိုက်သည်

မင်းမျက်ရည်တွေ ငါ့ရင်ဘက်မှာအကုန်ခမ်းခြောက်သွားပါစေ

"ဒီအတိုင်းဆိုရင် မဖြစ်ဘူး Soo ဆရာ့ကိုခွင့်တိုင်ပေးပါလား ငါသူမကိုအိမ်ပြန်ခေါ်သွားမလို့"

အတော်ကြာငိုထားပေမယ့်တိတ်မည့်ပုံမပေါ်သောကြောင့် သူမ ကိုအိမ်ခေါ်သွားရန်သာဆုံးဖြတ်လိုက်ရသည် အငိုတိတ်ရင်လည်းခေါင်းကိုက်နေအုံးမှာ ပြီးတော့သူမရဲ့စိတ်အခြေနေကလည်းမကောင်းတော့ ဒီနေ့စာသင်နိုင်မှာမဟုတ်ဘူး

"ဖြစ်ပါ့မလား စာမေးပွဲကြီးကနီးနေပြီနော် ဒီအတောတွင်း ဆရာကကျောင်းမပျက်ဖို့မှာထားတယ်လေ အဓိက ကနင်နော်liliဆရာကနင့်ကိုဘယ်လောက်တောင်မျှော်မှန်းထားလည်း နင်လည်းသိနေတာဘဲ"

Sooကစိုးရိမ်စွာသတိပေးလာသည်

ဘယ်တတ်နိုင်ပါ့မလည်း ငါ့ဘဝမှာ သူမ လောက်ဘယ်အရာကမှအရေးမကြီးတာမို့ ဘယ်အရာကိုမှ သူမထက်ဦးစားမပေးနိုင်ဘူး

"ငါသိပါတယ် ဒါပေမယ့် niရဲ့အခြေနေကလည်း နင်မြင်တဲ့အတိုင်းဘဲလေ သူဒီနေ့ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး"

အခုထိ အငိုမတိတ်သေးတဲ့ ရင်ခွင်ထဲကကောင်မလေးကိုကြည့်ရင်းပြောလိုက်သည်

"အေးပါ ဒါဆိုလည်း niniကိုသေချာဂရုစိုက်ပေးလိုက်အုံး ငါဆရာ့ကိုသေချာပြောထားပေးပါ့မယ်"

"အင်း ကျေးဇူးပါSoo"

"မလိုပါဘူးဟာ"

"ဒါဆိုငါတို့သွားတော့မယ် niအိမ်ပြန်ရအောင်နော်"

သူမ ကိုရင်ခွင်ထဲကနေထုတ်ကာ မျက်ရည်တွေကိုသုတ်ပေးလိုက်ရင်း ပြောလိုက်သည်

သူမ ကခေါင်းလေးငြိမ့်ပြနေတာမို့ ကျောပိုးအိတ်နှစ်ခုလုံးကို ကောက်လွယ်လိုက်ပြီး အိမ်ကိုသာပြန်လာခဲ့လိုက်သည်

တစ်နေ့လုံးသူမ ရဲ့အနားမှာအဖော်ပြုပေးရင်း သူမစကားပြောလာမည့်အချိန်ကိုစောင့်နေလိုက်သည် အငိုတိတ်သွားပေမယ့်အိပ်ရာထဲမှာတစ်နေကုန်လှဲနေသည့် သူမကိုကြည့်ရင်း ကျွန်မ နှလုံးသားလေးပါနေမကောင်းဖြစ်လာရသည်

နေ့လည်စာထမင်းကျွေးတော့လည်းမစား မုန့်ကျွေးတော့လည်းမစား ဘာစားချင်လည်းလို့မေးတော့လဲမဖြေ သူမ အတွက်ဘာလုပ်ပေးရင်ကောင်းမလည်းဆိုပြီးစဉ်းစားရင်း ကိုယ်တိုင်တောင် ထမင်းစားဖို့မေ့လျော့နေသည့် အဖြစ်ပါ

အဲ့လိုဘဲ ချစ်မိသွားရင် ကိုယ့်ကိုကိုယ်ထက် ချစ်ရသူကို ပိုပြီးအရေးပေးလာတတ်ကြတယ်
.
.
.
.
သူမ ကိုစောင့်ကြည့်နေရင်းမှေးကနဲအိပ်ပျော်သွားရာမှ လန့်နိုးလာတော့ အိပ်ရာပေါ်က သူမအားလှမ်းကြည့်လိုက်သည်

ငြိမ်သက်နေပုံထောက်တော့ အိပ်များပျော်နေသလားလို့ သွားကြည့်လိုက်သည်

ငိုရတာအများကြီးပင်ပန်းသွားလို့ထင်ပါရဲ့ အသက်ရှုသံမှန်မှန်နဲ့နှစ်နှစ်ချိုက်ချိုက်အိပ်နေလေရဲ့

စောင်လေးကို သူမ အပေါ်လွှားခြုံပေးလိုက်ပြီး ပါးပြင်ပေါ်ကျနေသည့် ဆံနွယ်လေးတွေကို လက်နဲ့အသာသပ်တင်ပေးလိုက်သည်

မင်းဘာတွေဘဲခံစားနေရပါစေ အမြန်ဆုံးသက်သာပါစေလို့ ငါဆုတောင်းပေးပါတယ် ဘယ်လိုဝေဒနာမျိုးကိုမှ မင်းကိုမခံစားရစေချင်ဘူး မင်းကပျော်ရွှင်မှုတွေနဲ့ဘဲထိုက်တန်ပါတယ် ကောင်မလေးရယ်
.
.
.
.
အခုတလောသူမ ကိုကြည့်ရတာ တမှိုင်မှိုင်တတွေတွေနဲ့ အမြဲတတ်ကြွလန်းဆန်းနေတဲ့ကောင်မလေးက အခုများတော့ဖြင့် ပျော်ရွှင်မှုတွေပြောက်ဆုံးနေသလိုမျိုး

သူမ မျက်နှာပေါ်က အပြုံးလေးတွေပြောက်ဆုံးနေခဲ့တာလည်းကြာပြီ သူမ ပျော်အောင်ကျွန်မ အမျိုးမျိုးကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး

မှတ်မှတ်ရရ သူမ အခုလိုတွေဖြစ်နေတာ လွန်ခဲ့တဲ့တစ်ပတ်လောက်က ရှိုက်ကြီးတငင်ငိုခဲ့ပြီးနောက်ပိုင်းမှာဘဲ အဲ့ဒီအကြောင်းရင်းကိုလည်း ကျွန်မ အခုချိန်ထိမသိရသေးပါဘူး ဘယ်လိုမေးမေးမဖြေတာမို့ မမေးဖြစ်တော့ဘူး

အခုကစာမေးပွဲကြီးလည်းနီးနေပြီမို့ သူမ ကိုအခုလိုမမြင်ချင်တော့ဘူး ဒီလိုစိတ်နဲ့သာဆိုရင် သူမစာမေးပွဲဖြေနိုင်မှာမဟုတ်ဘူး ကျွန်မ ဘယ်လိုလုပ်မှ သူမ စိတ်တွေအရင်လိုပြန်ဖြစ်လာမှာလည်း
.
.
.
.
.
"Ni ရေခဲမုန့်စားချင်လား ငါသွားဝယ်ပေးမယ်လေ"

"တော်ပြီ ငါစားချင်စိတ်မရှိဘူး"

ကျောင်းသွားရင်း သူမ စားနေကြရေခဲမုန့်ဆိုင်လေးနားရောက်တော့ ‌ရေခဲမုန့်စားမလားလို့မေးလိုက်ပေမယ့် စားချင်စိတ်မရှိဘူးတဲ့လေ

ဒီနေ့နဲ့ဆို သူမ ကိုရေခဲမုန့်ဝယ်မကျွေးရတာ လေးရက်တောင်ရှိသွားပြီ

ငါမပျော်ဘူးniရယ် မင်းအခုလိုဖြစ်နေတာကိုမြင်ရတာ ငါနည်းနည်းလေးမှစိတ်မချမ်းသာဘူး မင်း ဘာတွေဖြစ်နေတာလည်း ဘာတွေခံစားနေရလည်း ငါသိချင်လွန်းလို့ ရူးတော့မှာဘဲ

အနောက်ကနေခါးကိုဖက်ပြီး ကျောပြင်ပေါ်မျက်နှာအက်ကာ လိုက်ပါလာသည့် ကောင်မလေးရဲ့အတွေးတွေထဲကို ဘယ်အရာတွေကများဝင်နှောက်ယှက်နေလေမလဲ
.
.
.

"အခြေနေက အခုထိမထူးခြားသေးဘူးလား"

စာရေးခုံပေါ် ခေါင်းလေးစောင်းကာ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်နေသည့် သူမ မကြားအောင် ချယ်ကတိုးတိုးလေးမေးလာသည်

သူမ ကိုခေါင်းလေးအသာရမ်းပြလိုက်ရင်း သက်ပြင်းခပ်ဖွဖွ ချလိုက်သည်

"Nini အခုလိုဖြစ်နေတာငါတစ်ခါမှ မတွေ့ဖူးဘူး သူတကယ်ဘဲဘာတွေဖြစ်နေတာလည်းမသိဘူး"

Sooကစိတ်မကောင်းစွာပြောလာလေသည်

"Lili နင်လည်းကိုယ့်ကိုကိုယ်ဂရုစိုက်အုံး ကြည့်ပါအုံးမျက်ကွင်းတွေလဲညိုယောင်သန်းနေပြီ မျက်နှာလည်းချောင်ကျသွားတယ် နင် niniကိုစိတ်ပူနေတာသိပေမယ့် သူမှငါတို့ကိုမပြောဘဲ ငါတို့ဘယ်တတ်နိုင်ပါ့မလည်း"

Sooကကျွန်မ ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်းပြောလာသည်

ငါချစ်ရတဲ့ လူကမပျော်မရွှင်နဲ့တမှိုင်မှိုင်တတွေတွေဖြစ်နေတာကို ငါကဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလည်း ငါ့ရင်တွေမွန်းကြပ်လွန်းလို့ ဒီရက်တွေမှာအသက်ရှုရတာတောင် ငါ့အတွက်အရမ်းပင်ပန်းနေပြီ သူမ စိတ်ကြောင့်ညတွေလည်းအိပ်မပျော်သလို နေ့ဘက်တွေလည်းနေလို့မပျော်ပါဘူး
.
.
.
.
.

"Lili"

ညဘက်မှာ သူမ ကိုအဖော်ပြုပေးရန် သူမ ဆီကိုသွားကာ ပါလာသည့်စာအုပ်ကိုဖက်နေစဉ် ခပ်တိုးတိုးလေးလှမ်းခေါ်သံကြားတာမို့ သူမ ရှိရာဆီကိုကြည့်လိုက်ကာ

"အင်း niပြောပါ ငါနားထောင်နေတယ်"

ညင်ညင်သာသာလေးပြန်ဖြေလိုက်သည်

"နင်ပြောခဲ့တယ်နော် ငါ့အတွက်ဘာမဆိုလုပ်ပေးမယ်လို့"

"အင်း ငါပြောခဲ့တယ် ငါဘာလုပ်ပေးရမလည်းပြောလေ"

"နင်တကယ်လုပ်ပေးနိုင်ပါ့မလား"

ကျွန်မ မျက်ဝန်းတွေကိုတည့်တည့်ကြည့်ရင်း သူမ ကမေးလာလေသည်

ဘယ်လိုမေးလိုက်တာလည်းniရယ် မင်းအတွက်ဆိုရင် ငါ့အသက်ကိုတောင် ပေးရဲပါတယ်
မင်းသာပျော်မယ်ဆိုရင် ငါ ဘာမဆိုလုပ်ပေးမယ်ni ဘာမဆို ငါ လုပ်ပေးပါ့မယ်

"ငါလုပ်ပေးနိုင်တာပေါ့ni မင်းပျော်မယ်ဆိုရင်ပေါ့"

သူမ မျက်ဝန်းတွေကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်

"ဒါဆိုရင် နင် လူတစ်ယောက်နဲ့ စကား‌ေပြာပေးရမယ်"

သေချာတယ် အဲ့ဒီလူက သူမ ကိုအခုလိုတွေဖြစ်အောင်လုပ်တဲ့ တရားခံဘဲဖြစ်ရမယ်

"ဘယ်သူနဲ့လည်း"

"သူက.....

သူမ ဆက်မပြောခင် ကျွန်မ ကိုကြည့်လာတယ် ပြီးတော့ သူမ တံတွေးမြိုချလိုက်တာကိုတွေ့ရတယ် သူမ မျက်ဝန်းတွေကလည်း တစ်ခုခုကိုစိုးရိမ်နေသလိုဘဲ

"သူက....

မင်း အဲ့သလောက်တောင်ပြောရခက်နေသလားni သူ ဆိုတာဘယ်သူလည်း.......

(cmမှာမေးထားတာလေးတွေလို့ liliကိုချစ်တဲ့သူကရှိပေမယ့် သူ့ကိုဟိုးအစပိုင်းမှာကတည်းက liliကငြင်းခဲ့ပြီးသားပါ နောက်ပြီး Nini ကliliကိုချစ်လားမချစ်ဖူးလားဆိုတာ သာသာကိုယ်တိုင်လည်းသေချာမသိပါဘူးနော်☺️ ဒီတော့ သည်းခံပြီးဖတ်ပေးကြပါအုံးလို့ love you my readers💛)

*********🌻🌼*******
*********************

Continue Reading

You'll Also Like

236K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1M 43.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
181K 2.3K 31
"You ain't leaving until you suck my cock Y/n." he said with deep voice holding her hair tightly... ~𝒔𝒆𝒙 𝒔𝒄𝒆𝒏𝒆𝒔 ~𝒔𝒎𝒖𝒕 𝒘𝒂𝒓𝒏𝒊𝒏𝒈 ~𝒆...
509K 16K 74
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...