Memory👉14👈

780 86 16
                                    

ပြက္ခဒိန်ကိုကြည့်ပြီးတစ်ရက်တာကုန်ဆုံးသွားတာနဲ့ဆော့ပင်နဲ့ရက်စွဲတွေကိုရေးခြစ်လို့ ဒီတစ်လအမြန်ကုန်သွားစေဖို့သာ ဆုတောင်းနေမိသည်

ကျွန်မ ကဘဲစိတ်လောနေသလား ရက်စွဲတွေကဘဲရှည်ကြာနေသလားမပြောတတ် သူမ နဲ့ဝေးကွာနေရတာ ဒီနေ့နဲ့မှ ရက်သတ်တစ်ပတ်သာရှိသေးသည်

နေ့တိုင်းဖုန်းပြောဖြစ်ပေမဲ့လည်း မလုံလောက်ခဲ့
ညတိုင်းစာတွေပို့ဖြစ်ပေမဲ့လည်း မတင်းတိန်နိုင်ခဲ့ဘူး
အလွမ်းတွေဟာ အဲ့သလောက်တောင်ကြီးမားလွန်းပါသည်

ရှေ့ရက်တုန်းက သူမ ပြောတာ သင်တန်းတတ်မလို့တဲ့ အင်းလေ ကျွန်မလည်းမရှိဘူးဆိုတော့ပျင်းနေရှာမှာပေါ့

ဒီနေ့က niသင်တန်းစတတ်တဲ့နေ့ဘဲ ChaeရောSooရောတတ်ကြမှာဆိုပေမဲ့ နည်းနည်းတော့စိတ်မချဖြစ်နေမိသေးတယ်

သင်တန်းက ကောင်လေးတွေများ သူမ ကိုရိသဲ့သဲ့လုပ်နေမလားလို့တွေးလိုက်တိုင်း ချက်ချင်းပြန်ပြေးလိုက်ချင်တဲ့စိတ်တွေက တိုးလာလိုက်တာ ဒီရေအလားဘဲ

သင်တန်းက မနက်ခင်းပိုင်းလေးဘဲတတ်ရမှာမို့ ဖုန်းခေါ်ဖို့ရာအတွက် သင်တန်းပြီးချိန်ကိုသာ စိတ်ရှည်ရှည်နှင့်စောင့်မျှော်နေမိသည်

ဘယ်တတ်နိုင်မလည်း ကိုယ်ကမှချစ်နေမိတာကိုး

ဒီမှာနေတဲ့အတောတွင်း ထွေထွေထူးထူးရယ်လို့မလုပ်ဖြစ်ပါဘူး

ပုံလေးဆွဲလိုက် ဒိုင်ယာရီလေးရေးလိုက် သူမ ကိုလွမ်းလိုက်နဲ့ဘဲ အချိန်တွေကိုကုန်ဆုံးစေလိုက်သည်

သူမ ထက်ဘယ်သူ့ကိုမှပိုမခင်ပါနဲ့ဆိုတဲ့ကောင်မလေးကြောင့် ဘယ်သူနဲ့မှလဲ အရောတဝင်မနေခဲ့ပါဘူး

အဲ့ဒီလောက်တောင် ချစ်မြတ်နိုးရပါသည် သူမ ကကျွန်မ ဘဝရဲ့အရာရာမို့

မင်းကိုလွမ်းတိုင်း နှလုံးသားထဲထိအလွတ်ရနေတဲ့ မင်းရဲ့ပုံပန်းသဏ္ဌာန်လေးကို စာရွက်ဖြူဖြူလေးတွေပေါ်မှာ ရေးဆွဲနေမိတယ်လို့ပြောရင် မင်း ယုံနိုင်မှာလား

အခုလည်းဆွဲလက်စ ပုံကလေးကို လက်စသက်လို့ အရွက်ပေါင်းများစွာ ညှပ်ထားသည့် စာအုပ်ကလေးကြား သေချာစွာထည့်ညှပ်လိုက်သည်

Memory (Completed)Donde viven las historias. Descúbrelo ahora