ရွက်ေဟာင်းတွေကြွေကာ ဝေဝါးနေသည့် လမ်းလေးပေါ်မှာ တစ်ယောက်တည်းလျှောက်လှမ်းနေရင်း မြင်ကွင်းလေးတစ်ခုက အမြင်အာရုံထဲဝင်ရောက်လာသည်
မြင်နေရသည့် မြင်ကွင်းကိုမယုံနိုင်လို့ မျက်လုံးတွေကိုမှိတ် ခေါင်းကိုအကြိမ်ကြိမ်ခါရမ်းပြီး ထိုနေရာကိုသေသေချာချာစူးစိုက်ကြည့်လိုက်သည်
မပြောင်းလဲပါဘဲ ထိုမြင်ကွင်းကိုမြင်နေရဆဲဖြစ်တာမို့ ရင်ထဲမွန်းကြပ်မှုနဲ့အတူ ဒေါသတွေအလိပ်လိုက်တထွက်လာခဲ့သည်
မြန်ဆန်လှတဲ့ချေလှမ်းတွေနဲ့ မြင်နေရသည့် ခုံတန်းရှည်ပေါ်က လူနှစ်ဦးဆီသို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းလျှောက်လှမ်းသွားလိုက်သည်
"Lili ဘာလုပ်တာလည်း"
ယောက်ကျားတစ်ယောက်ရဲ့ပခုံးပေါ်ခေါင်းလေးမှီကာထိုင်နေသည့် သူမ ရဲ့လက်ကိုဆွဲကာထစေလိုက်တော့ သူမ ကလေသံမာမာလေးနဲ့ ပြောလာသည်
"အပိုတွေပြောမနေဘဲ အခုအိမ်ပြန်လိုက်ခဲ့"
စူးရှနေတဲ့မျက်ဝန်းတွေနဲ့သူမ ကိုစိုက်ကြည့်ရင်းပြောလိုက်သည်
"မလိုက်ဘူး ဘာလို့လိုက်ရမှာလည်း"
"နင်မလိုက်ရင် နင် ရည်းစားနဲ့ချိန်းတွေ့နေတာကို ငါအယ်ကယ်တို့နဲ့ တိုင်ပြောမယ်"
ဒီလိုပြောလိုက်တော့ ဒေါသမီးတွေတောက်လောင်နေသည့် မျက်ဝန်းတွေဖြင့်ကြည့်လာသည့် သူမ
"ဟေး ဒီမှာ မင်း ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုဝင်မပါချင်စမ်းပါနဲ့"
ခုံတန်းရှည်ပေါ်မှာ ထိုင်နေတဲ့အမျိုးသားက မတ်တပ်ရပ်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ပြောလာသည်
ဒေါသကြောင့် လူတစ်ကိုယ်လုံးတုန်ယင်လာပြီး ပေါက်ကွဲတော့မလိုခံစားလာရသည်
"ခင်ဗျား ကိုပြောနေတာမဟုတ်လို့ တိတ်တိတ်နေပေးလို့ရမလား"
အံကိုကြိတ်လို့ အတတ်နိုင်ဆုံးစိတ်ကိုလျော့ကာတောင်းဆိုလိုက်သည်
"ငါ့ကိုပြောနေတာမဟုတ်ပေမယ့် မင်းပြောနေတာက ငါ့ချစ်သူလေ ငါ့ချစ်သူကိုအခုလိုပြောဆိုနေတာကို ငါကလက်ပိုက်ကြည့်နေရမှာလား"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...