Memory👉31👈

1.4K 141 19
                                    

သူမ နဲ့ဝေးရာကိုထွက်လာခဲ့တာ အခုဆိုရင် တစ်လ တင်းတင်းတောင်ပြည့်သွားခဲ့ပြီ

မငိုရတဲ့နေ့ဆိုတာမရှိသလောက်ပါဘဲ အဲ့ဒီအဖြစ်ပျက်တွေက မနေ့တနေ့ကလိုဘဲ အခုထိလက်ဆက်နေတုန်း ခံစားရတုန်း နာကျင်နေရတုန်းပါဘဲ

မင်းကတော့ မင်းချစ်တဲ့သူနဲ့ပျော်လောက်ရောပေါ့ ငါတော့အခုထိအဆင်မပြေဘူးni
မင်းပေးခဲ့တဲ့ဒဏ်ရာတွေကများတော့ ငါလေ ဘယ်ကနေစပြီးကုစားရမလည်းတောင်မသိတော့ပါဘူး

အဆင်မပြေပေမယ့်လည်း ကြိုးစားနေထိုင်နေရတယ် အဲ့ဒီလိုလုပ်မှဖြစ်မှာမို့လို့

အခုလည်း ကျွန်မ ပြန်ပြီးခြေမချချင်တော့တဲ့ နေရာကိုသွားနေရတာမို့ လမ်းတစ်လျှောက်လုံး သက်ပြင်းမောတွေကိုသာအကြိမ်ကြိမ်ချနေမိတယ်

အဲ့ဒီအိမ် အဲ့ဒီနေရာ သူမ ရှိတဲ့အရပ်ဒေသကို မသွားချင်ပေမဲ့လည်း အဲ့ဒီမှာ ကျွန်မ ရဲ့အဖေကရှိနေတယ်လေ

နားရက်ရတိုင်းပြန်လာဖို့ပြောပေမယ့် ကျွန်မ အတွက်အဆင်မပြေတာမို့ တစ်လတစ်ခါပြန်လာခဲ့ပါမယ်လို့ကတိပေးခဲ့ရသည် ဒါကြောင့် ကိုယ့်ကတိနဲ့ကိုယ် တစ်လပြည့်ပြီမို့ အခုအဖေ့ဆီကိုသွားနေတာ

သွားသာ သွားနေရတာစိတ်ထဲမှာတော့ ရင်ထဲမှာလေးလံနေရသည် သူမ နဲ့မတွေ့ဖို့အကြိမ်ကြိမ်ဆုတောင်းနေမိသည်

တွေ့ရင်တောင် မျက်နှာချင်းဆိုင်နိုင်မဲ့ခွန်အားမျိုးမရှိသေးတာမို့ မမြင်ချင်ယောင်ဆောင်နေမယ်လို့ တွေးထားသည် ကျွန်မ ကသာတစ်ယောက်တည်းဖြစ်ပြက်နေတာ သူမ ကတော့ကျွန်မ မရှိတဲ့နေ့ရက်တွေကိုနေသားကျနေလောက်ပါပြီ

အိမ်နဲ့တဖြည်းဖြည်းနီးကပ်လာသည့်အလျောက် ရန်ခုန်သံတွေဟာလည်းတစထပ်တစတိုးလို့လာခဲ့သည်

အပြင်ပိုင်းက သန်မာတဲ့ပုံပေါက်နေပေမယ် ဟိုးအတွင်းစိတ်ထဲမှာတော့ သူမ နဲ့တွေ့ရမှာကို သေလောက်အောင်ကြောက်နေခဲ့သည်

ခြံရှေ့ရောက်တော့ အထဲကိုတစ်ချက်အကဲခက်ကြည့်လိုက်သည် ကံကောင်းတာက ခြံထဲမှာပန်းပင်တွေကိုရေလောင်းနေတဲ့ အဖေ့ကိုတွေ့လိုက်ရတာမို့ လှမ်းခေါ်လိုက်သည်

Memory (Completed)حيث تعيش القصص. اكتشف الآن