Memory👉4👈

913 96 2
                                    

"Happy Birthday to you... Happy Birthday to you... Happy Birthday dear Nini.. Happy Birthday to you........ ရေးးးးးးးးးး"

ဒီနေ့လေးကတော့ ချစ်လှစွာသော niniရဲ့ဆယ့်သံုးနှစ်ပြည့်မွေးနေ့လေးဖြစ်သည်

နှစ်စဉ်နှစ်တိုင်း သူမ မွေးနေ့လေးကိုအိမ်ရှိမိသားစုတွေစုံစုံလင်လင်နဲ့ဘဲကျင်းပဖြစ်ကြတယ် ဒီနှစ်တော့ အလယ်တန်းမှခင်တဲ့ ကျွန်မတို့ရဲ့အရင်းနှီဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Sooနဲ့Chaeတို့ရောပါဝင်လာတယ်ဆိုပါတော့

အရင်ချိန်တွေတုန်းကတော့အန်ကယ်ရယ် အန်တီရယ် ဖေဖေရယ် ကျွန်မရယ်နဲ့ နောက်ပြီး အိမ်ရှိအလုပ်သမားအနည်းငယ်ရယ် ဒါပါဘဲ လူနည်းပေမဲ့ပျော်စရာတော့ကောင်းသား

"Lili လှလှလေးရိုက်ပေးနော်"

"ဘာလဲ ငါ့ကိုမယုံတာလားပြော နှစ်တိုင်း ငါဘဲရိုက်ပေးနေတာကိုနော်"

"ဟီးဟီး စတာ နင့်ကိုယုံပြီးသားပါနော်"

သူမ ရဲ့မွေးနေ့မှာကိုယ်က photographerလေ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကျွန်မက ဟိုးငယ်ငယ်လေးကတည်းအခုထိ သူမ ရဲ့မွေးနေ့တိုင်းမှာ အလှဆုံးဓာတ်ပုံဗွီဒီယိုလေးတွေရအောင်ဖန်တီးပေးရတာပေါ့

အခုလည်း ဖယောင်းတိုင်မမှုတ်ခင်ဆုတောင်းနေတဲ့ သူမ ပုံလေးကိုသေချာချိန်တွယ်ကာရိုက်ယူလိုက်သည်

သူမ ကတကယ်ကိုအံ့ဩစရာဘဲ သူမ ရဲ့အလှကြောင့် ရင်ခုန်သံတွေဟာပရမ်းပတာဖြစ်ရပြန်ပြီ

ဖ‌ယောင်းတိုင်မှုတ်ပြီးတာနဲ့ အားလုံးက သူမ အားမွေးနေ့လက်ဆောင်များပေးကြလေသည်

လက်ထဲတွင်‌ပြည့်လျှံနေသည့်လက်ဆောင်တွေကြားပြောက်နေသည့်ကောင်မလေးကိုကြည့်ကာ ရယ်လိုက်မိပြန်သည်

"ဘာရယ်နေတာလည်း နင်ငါ့ကိုလက်ဆောင်မပေးသေးဘူးနော်"

ဒီလောက်မနိုင်းမနင်းဖြစ်နေတာတောင်ရန်တွေ့နိုင်သေးတယ် မလွယ်ကြောလေး

"ငါပေးပြီးပြီလေ အဲ့ထဲမှာပါတယ်"

"ဝယ် ဘယ်တုန်းကလဲ ရှောက်ပြောမနေနဲ့ ငါမသိဘူးများမှတ်နေလား လက်ဆောင်မပေးရင် ကိတ်မကျွေးဘူး ဒါဘဲ"

Memory (Completed)Where stories live. Discover now