Unicode
LGU၏မေဂျာပေါင်းစုံမှ ပထမအပတ်
စာမေးပွဲဖြေဆိုခါနီး 10ရက်ပဲလိုတော့တာမို့
မေဂျာတွေမှမေးခွန်းများအား ပြန်စစ်ဆေးဖို့
တာဝန်က ထင်လင်းသိုက်ဆီ ရောက်လာခဲ့သည်။ဒီစာမေးပွဲပြီးရင်တော့ မေဂျာတွေခွဲပြီး ခရီးထွက်ဖို့ရှိတာမို့ ဒီစာမေးပွဲကိုဖြေဆိုဖို့ အကုန်လုံးကတတ်တတ်ကြွကြွပင်။
သို့သော် မေးခွန်းတွေပြန်စစ်ရသည့် ထင်လင်းသိုက်အဖို့တော့ မသက်သာလှပါ။ မျက်ရိုးတွေကိုက်လာသည်မို့ မျက်မှန်ကိုချွတ်၍ မျက်လုံးနှစ်ဖက်ကြားအား လက်မနှင့် လက်ညိုးကိုသုံး၍ အသာဖိလိုက်မိသည်။ အခုချိန်မီးငယ်အသံသာကြားနေရရင် ပြုံးရအုံးမှာ။ဟုတ်သောရှိ၊မဟုတ်သော်ရှိ အဲ့ဒီကလေးမလေးက လာနှိပ်ပေးအုံးမှာ။အခုတော့ မီးငယ်ဆီကို ဆက်သွယ်လို့မရ... မနေ့ထဲက စိတ်ဆိုးသွားတာ ဒီနေ့ညအထိတိုင် သူမလေးကစိတ်ဆိုးလို့ ကောင်းနေဆဲပင်။
"လင်းသိုက်"
ထိုစဉ် ဂုဏ်နဂါးက သူ့ပခုံးကို ဖွဖွပုတ်လာသည်။
"မင်းကုမ္ပဏီက ကိုကောင်းလာတယ်"
"ကြိုမပြောထားတော့ ကိုယ်မသိလိုက်ဘူး"
"ဖိုင်တွေပေးသွားပြီးပြန်သွားပြီ။ နောက်နေ့မှ လာတွေ့လာပါ့မယ်လို့ ပြောသွားတယ်။ဒီမှာ
ဒီအနီရောင်ဖိုင်က လချုပ်စာရင်း။အပြာက စာချုပ်စစ်ပြီး လက်မှတ်ထိုးပေးဖို့တဲ့"
"ကျေးဇူး ။ ကိုယ်မေးခွန်းတွေစစ်နေလို့ သူလာတာမသိလိုက်ရဘူး"
"ရပါတယ်ကွာ အချင်းချင်းတွေပဲ"
လုပ်စရာအလုပ်လည်းမရှိတာမို့ ဂုဏ်နဂါးက ယောင်လည်လည်ဖြင့် လင်းသိုက်နားသာ
ဝင်ထိုင်နေသည်။လည်ပင်းကိုပွတ်၍ စာရွက်တွေကိုကြည့်နေပေမဲ့လည်း ဘာတစ်ခုမှ စိတ်ဝင်စားစရာကမတွေ့ရ။
"လင်းသိုက်... မင်းမပျင်းဘူးလား"
"ဒီလိုပါပဲ"
"အိမ်ကြီးကလည်း တိတ်ဆိတ်နေလိုက်တာနော်"
"မီးငယ်မှမရှိတာ"
"အေးကွာ မီးငယ်တစ်ရက်မရှိတာတော့
တစ်ရက်သိသာတယ်။ခြောက်ကပ်ပြီး တိတ်ဆိတ်နေတာပဲ...ကလေးက အဲ့ဒီမှာ
ပျော်နေပြီလားမသိဘူး။မီးငယ်ကို
မင်းမလွမ်းဘူးလား"
"အင်း လွမ်းတယ်"
ဂုဏ်နဂါးက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"အောက်ထပ်မှာ မင်းဧည့်သည်ရောက်နေတယ် သွားတွေ့လိုက်အုံး"
"ဧည့်သည်"
"အင်း မိန်းကလေး။ဘယ်သူလဲတော့မသိဘူး"
ဘယ်သူမှန်းမသိပဲ အိမ်ထဲရောက်နေပြီမို့
ထင်လင်းသိုက်စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ မီးငယ်သာသိသွားကြည့်ပါလား သူစိမ်းတစ်ယောက်ကို အိမ်ထဲခေါ်သွင်းရမလား ဆိုပြီး ရွှေစိတ်တော်ညိုးလိမ့်အုံးမည်။
"သွားလေ လင်းသိုက်"
"အင်း ကိုယ်သွားလိုက်မယ်"
ဘယ်သူကများ အိမ်ထိလိုက်လာလဲ ထင်လင်းသိုက်စဉ်းစားလို့တောင်မရတော့ပါ။ သူ့ကိုဆို မိန်းကလေးဧည့်သည်ခေါ်လာတာ မီးငယ်မကြိုက်တာမို့ သူ့ဧည့်သည်မိန်းကလေးဆို အိမ်ကိုမဖိတ်တာကများသည်။မီးငယ်က မခေါ်လာနဲ့လို့ ပြောတာမဟုတ်ပေမဲ့ မျက်နှာလေးမကောင်းဖြစ်သွားတာမျိုး၊ စကားမပြောပဲ ငြိမ်သွားတာမျိုးလေးတွေကို သူကပဲသတိထားမိခဲ့ကာ မီးငယ်မကြိုက်ဘူးထင်လို့ ရှောင်ခဲ့သည်။
မီးငယ် ငယ်ငယ်ကဆိုရင် အိမ်ကို အမျိုးသမီးဧည့်သည်အလည်လာရင် လူးလိမ့်ပြီးငိုယိုတတ်တာမို့ သူအပြစ်ပေးရသည်။ သို့သော် နောက်ပိုင်းဧည့်သည်ခေါ်မလာတော့... ကလေးမို့ မသိလို့ငိုတယ်ဆိုတာသိပေမဲ့ သူ့ရဲ့ကလေးကို မုန်းခံရမှာမျိုး အလိုမရှိ၍သာ။
ဧည်သည်ဆိုလို့ တခြားလူထင်ခဲ့ပေမဲ့ ဧည့်ခန်းမှာထိုင်နေသူက ယွန်းမီ ဖြစ်နေ၏။
"မီ ..."
"သိုက်... sorryနော် မပြောမဆိုနဲ့ အိမ်ကိုလိုက်လာတာ အနှောင့်အယှက် ဖြစ်သွားလား"
"ရပါတယ်။ဒါနဲ့ ဘာကိစ္စရှိလို့လဲ "
"သြော် မြို့ပြင်ကမြေကွက်လေလံကိစ္စလေ
အဲ့တာဒီနေ့ညနေ C Star Hotelမှာလုပ်မှာ အဲ့ဒီကို သိုက်နဲ့အတူသွားဖို့ လာခေါ်တာ"
"ကိုယ်အဆင်သင့်မဖြစ်သေးဘူး။မီ ခဏလောက်စောင့်ပေးလို့ရမလား"
"ရပါတယ် လိုက်ပေးတာနဲ့ပဲ ကျေးဇူးတင်နေပြီ။ မဟုတ်ရင် မီ့မောင်လေးကို ခေါ်သွားပါတယ်။ ဒါပေမဲ့ အဲ့ကောင်လေးက ဘာစိတ်ကူးပေါက်ပြီး မန္တလေးဆင်းချသွားလဲမသိပါဘူး။ သိုက်ကိုအပူကပ်ရတာ အားနာလိုက်တာ"
"မီ့မောင်လေးက"
"လီယိုဇေးလေ ။ ဆရာဝန်ဘွဲ့ယူထားပြီး
Floral Shop ဖွင့်ထားတဲ့ငတုံးလေးပေါ့။သူ့ဆိုင်က သိုက်တို့ကျောင်းနားတင်ပဲ Leo Floral Shop ဆိုတာလေ"
"သြော် ကိုယ်နောက်မှဝင်အားပေးပါအုံးမယ်"
ယွန်းမီ ကျေနပ်စွာပြုံးလိုက်မိသည်။သိုက်က သူမကို အလေးပေးလွန်းသည်လို့ ခံစားရသည်။ တခြားမိန်းမတွေနဲ့မတူ အနားကပ်ခွင့်ရယုံသာမက ဧည့်သည်မခေါ်တဲ့ သိုက်ရဲ့အိမ်ကို သူမက ဝင်ခွင့်ရခဲ့ပြီဖြစ်သည်။
ဒါတွေက အန်ကယ်Lသိုက်ရဲ့အကူအညီလည်း ပါတာပေါ့။အန်ကယ်ကလည်း မီနဲ့သိုက်ကို သဘောတူနေတယ်လို့ ဒယ်ဒီ့ဆီက ကြားရသည်မို့ မီ့ခြေလှမ်းတွေက ပိုသွက်နေရခြင်းသာ။
:::::::
ထင်လင်းသိုက်ဟာ ယွန်းမီအတွက်တော့ နတ်သားတစ်ပါးနဲ့အလားတူစွာ။ တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ဆင်ထားတာက ထိုလူရဲ့ချောမောမှုကို ပံ့ပိုးပေးနေသယောင်။ရှပ်အင်္ကျီအနက် လက်ရှည်ကို တံတောင်ဆစ်နားမှာ ခေါင်တင်နေလျက် လှေကားပေါ်က ဆင်းလာသူကြောင့် ယွန်းမီ မတ်တပ်ရပ်မိသွားသည်။
သို့ပေမဲ့ အိမ်ထဲဝင်လာတဲ့ကားတစ်စီးကြောင့် ယွန်းမီရဲ့ခြေလှမ်းတွေက သိုက်ဆီ ရောက်မသွားပဲ ထိုကားဆီကိုသာ...
"အန်ကယ်သိုက်၊အန်ကယ်နဂါး ..."
အော်သံနဲ့အတူ အိမ်ထဲပြေးဝင်လာတဲ့ အနက်ရောင်ဂါဝန်နဲ့ထိုမိန်းကလေး။
"ဟာ ! မီးငယ်လေး ပြန်လာတာလား"
ထိုကလေးမလေးကို ဆွေ့ခနဲ့ပွေ့ချီကာ ဝှေ့ယမ်းလိုက်တဲ့သိုက်ကို ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိသည်။
"မီးငယ် ဘယ်လိုလုပ်ပြီးပြန်လာတာလဲ ကလေးရယ်"
"ဟီး အန်ကယ်အံ့သြသွားတယ်လား"
"ကြည့်ပါအုံးကလေးရယ် ချွေးတွေနဲ့"
"မောသွားတာ"
ပြန်လာအုံးမယ်မထင်ထားတဲ့ကလေးက
ထင်လင်းသိုက်မျက်စိရှေ့ရောက်နေပြီမို့ ဝမ်းသာသွားမှုက ပြောမပြတတ်အောင်ပင်။ ချွေးတွေစို့နေတဲ့နဖူးကိုအသာသုပ်ပေးရင်း Baby mildနံ့သင်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေကို အားပါးတရမွှေးကြူမိ၏။
"မီးငယ် တကယ်ဆိုးတဲ့ကလေးပဲ ပြန်လာမှာကိုပြောအုံးမှပေါ့ကွ"
"အန်ကယ့်ကိုလွမ်းလို့ပါဆို"
ခပ်ချွဲချွဲဆိုတာ ပခုံးပေါ်မျက်နှာလေး တင်လာတာက ပင်ပန်းနေသည့်ဟန်ပင်။
"ခရီးပန်းလာပြီ ကလေးရယ်"
"ခေါင်းနည်းနည်းမူးတယ်"
"နားတော့နော်ကလေးလေး"
ဖြေးညှင်းစွာခေါင်းငြိမ့်လာတာလေးကို အသနားပိုရပြန်၏။သို့သော် ထိုတော့မှ သတိရမိတာက ...
"မီ "
"ဟို သိုက်လည်းအလုပ်များနေပြီထင်တယ်"
"အန်ကယ် သူကဘယ်သူလဲ"
"ယွန်းမီတဲ့ ကိုယ့်အလုပ်ပါတနာလေ"
နာမည်တူသည်မထင်လို့ လှည့်ကြည့်မိတော့
မီးငယ်သိထားသည့် မမလှလှပါတကား။
ဟွန်းနော် ဒီမမနဲ့သဝန်တိုလို့ အိမ်ပြန်လာပါတယ်ဆိုမှ အိမ်မှာပက်ပင်းတိုးရတယ်လို့။
ထိုအတွေးတို့နှင့်အတူ အလိုမကျတော့တဲ့ ရေချယ့်မျက်နှာလေးကချက်ချင်းသုန်မှုန်သွားမှာ အမှန်ပါ။ထို့ကြောင့် အန်ကယ့်ပခုံးကို သာသာလေးဖိကိုက်တော့ အန်ကယ်က ရေချယ့်ခေါင်းကိုပွတ်ပေးလာသည်။
"မီ ကိုယ်လိုက်နိုင်မယ်မထင်တော့ဘူး ။ ကလေးကလည်းပြန်ရောက်နေပြီဆိုတော့ မီနားလည်ပေးမယ်ထင်ပါတယ်"
"သူက ဘယ်သူလဲသိုက်"
"မီးငယ်က ထင်လင်းသိုက်ရဲ့ လင်းသိုက်လေးလေ... လင်းသိုက်ပေါက်စလေး "
လှေကားကဆင်းလာကာမိတ်ဆက်ပေးတဲ့ ဂုဏ်နဂါးရဲ့စကားတွေကြောင့် ပါးစပ်အဟောင်းသားဖြစ်ရသည်ပင်။
"မီးငယ်ကို ငယ်ငယ်ထဲက ကျုပ်တို့ကပဲ စောင့်ရှောက်ပေးလာတာ။ကျုပ်နဲ့မင်းသန့်ကတော့ မွေးစားအဖေတွေပေါ့"
ဒီကလေးမလေးနဲ့ သိုက်နဲ့က အခုလိုပတ်သက်မှု တွေရှိမှန်း ယွန်းမီအခုမှသိရသည်။သိုက်ဆီမှာ အခုလိုကလေးရှိနေမှန်းလည်း အန်ကယ်Lသိုက်ရော ဒယ်ဒီရောက မပြောပြဘူးပါ။ဒါဖြင့်
အရင်တစ်ခါ မီ့မောင်က ဒီကလေးမကို သဘောကျတယ်ပြောခဲ့တော့ သိုက်ရဲ့မျက်နှာအကြီးအကျယ်ပျက်နေတာ ဒါကြောင့်တဲ့လား။
"မီ အဆင်ပြေရဲ့လား"
"သြော် ပြေ ပြေပါတယ်။ဒီက ကလေးမ တွေ့ရတာဝမ်းသာပါတယ်နော် အစ်မက ယွန်းမီပါ။ သိုက်ရဲ့ လုပ်ငန်း ပါတနာပေါ့"
"ဟိုက် ။ ရေချယ်က ရေချယ် လင်း သိုက်ပါ"
နောက်ဆုံးနာမည်ကိုဖိပြောသွားတဲ့ကလေးမ။
"ဟိုက် တဲ့လား"
"ကလေးက ဒီလိုပဲပြောတတ်လို့ မီ အပြစ်မယူပါနဲ့။ တစ်ခုခုမကျေနပ်တာရှိရင် ကိုယ်ကပဲ တောင်းပန်ပါတယ်"
ဘုရားရေ !
ယွန်းမီရှေ့ကလူဟာ ထင်လင်းသိုက်အစစ်များ ဟုတ်ရဲ့လား။သူ့လို စကားများများမပြောတတ်တဲ့ လူက တောင်းပန်တယ်တဲ့။ဒါကလည်း သူမွေးစားထားတယ်ဆိုတဲ့ ကလေးမလေးကြောင့်ဖြစ်နေသည်။
အခုလည်းကြည့်ပါအုံး...ကလေးမ ပါးကိုဖျစ်ညစ်ကာ သူနဲ့မတူစွာပဲ ပြုံးရယ်နေလိုက်တာ။
"ဒါဆို မီပြန်အုံးမယ်နော် နှောင့်ယှက်သလို ဖြစ်သွားပြီလားမသိဘူး"
ထိုမမရဲ့အကြည့်တွေကို ရေချယ်ဘာသာပြန်နိုင်၏ မြွေမြွေချင်းခြေမြင်တယ်ပြောရမလား အဲ့ဒီမမမှာလည်း ရေချယ့်ကိုမလိုလားသည့်
ဟန်ပင်။
သို့သော် အတွေးလွန်နေရင်းပါးပြင်က နွေးခနဲ ဖြစ်သွားရ၏။
"လူဆိုးမလေး မပြောမဆို ဘယ်လိုလုပ်ပြီး ပြန်လာရတာလဲ"
"အန်ကယ့်ကိုစိတ်မချလို့ပြန်လာတာ အန်ကယ်ကထင်တဲ့အတိုင်းပဲ"
"ကိုယ်ကလား"
"အန်ကယ်နဲ့အဲ့ဒီမမက ဘာတွေလဲဟင်"
"လုပ်ငန်းပါတနာလို့ပြောထားတယ်မီးငယ်ရဲ့"
"လူလိမ်"
"မီးငယ် ဘယ်လိုတွေပြောနေတာလဲ"
"ဖယ်ပေးတော့"
ချက်ချင်းရုန်းကန်ဆင်းသွားတဲ့မီးငယ်က ဘာဖြစ်လာသလည်း။ခရီးက အခုမှပြန်လာတာကို မီးငယ်က ဆိုးလိုက်တာ။
"အန်ကယ့်ကိုထပ်မေးမယ်။သာမန် လုပ်ဖော်ကိုင်ဖက် ဟုတ်ရဲ့လား"
"ကိုယ်..."
"အမှန်အတိုင်းဖြေနော်အန်ကယ်"
"ယွန်းမီနဲ့ ကိုယ့်ဒယ်ဒီသဘောတူထားတာ"
"လူလိမ်"
"ဟော့ မလိမ်ပါဘူး ။ ဒီကလေးနဲ့တော့ကွာ"
အထုပ်တွေကိုအထဲသွင်းရင်း တုံးအလှသည့် သူငယ်ချင်းကို မင်းသန့်တစ်ယောက် ပြေးကာ
နရင်းရိုက်ချင်လာသည်။လိမ်ရင်လည်း ဆက်လိမ်မှပေါ့။ဘယ်နှယ့် ပေါ်တင်ကြီး သွားပြောတော့ ကလေးက စိတ်မကောင်းဖြစ်ပြီ။
"မင်းကလည်း ဟိုကစိတ်ကောက်သွားပြီ"
"အခုမဟုတ်လည်း နောက်တော့သိမှာပဲလေ။ ဒါနဲ့ မင်းတို့က ဘယ်ကဘယ်လိုဖြစ်ပြီး ပြန်လာရတာလဲ"
"မီးငယ်ကို မနေ့ညကပြောပြလိုက်မိတယ်ကွာ ယွန်းမီနဲ့မင်းအကြောင်း။အေး အဲ့တာနဲ့ပဲ ပြန်မယ်တဇွတ်ထိုးလုပ်နေလို့ ပြန်ပို့ရတာ။ အလောတကြီးနဲ့ ငါ့underwearတွေတောင်
ပါမလာခဲ့ဘူး"
"ဝတ်မနေနဲ့ လေဝင်လေထွက်ကောင်းတယ်"
"ငါလိုးမနဂါး"
"ခဏ ။ ဒါဆို မီးငယ်က အဲ့တာသိသွားလို့ ပြန်လာခဲ့တာပေါ့"
"အေးပါဆိုကွာ။ကျားကိုက်ပါတယ်ဆို အပေါက်လေးနဲ့လားဖြစ်နေပြီ"
ဘာပဲဖြစ်ဖြစ် မီးငယ်တစ်ချိန်ချိန်သိမဲ့အတူတူ အခုသိသွားတော့လည်း မကောင်းတာမရှိ။ သို့တိုင် မီးငယ်မျက်နှာမှာ အလိုမကျမှုတွေက အထင်းသားပေါ်နေတာကိုတော့ သူသဘောမကျမိပါ။
::::::
ကုတင်ပေါ်လူးလိမ့်နေရင်းနဲ့ပင် အိပ်မရဖြစ်ရသည်။ဘိုးအေကြီးကလည်း အန်ကယ့်ကိုပဲ မိန်းမပေးစားချင်နေတော့ပဲ။ သူ့ဟာနဲ့သူ
ယူလိုက်လည်းရတဲ့ဟာကို။
တွေးနေရင်းနဲ့ ရေချယ်မကျေနပ်တော့ပါ။
ဖုန်းကိုထုတ်ပြီး နံပါတ်တစ်ခုကိုဆက်တိုက်နှိပ်
သည်။ပထမတစ်ကြိမ် မကိုင်။ဒုတိယအကြိမ်
မကိုင်သေးပါ ။ တတိယအကြိမ်မှ...
"ပြော ဘာကိစ္စလဲ"
ဆိုတဲ့အသံက လေလှိုင်းကတဆင့်ပေါ်လာသည်။
"ဖိုးဖိုးကြီး ရေချယ်ပါ"
"သိတယ် ဘာကိစ္စလဲ"
"ဖိုးဖိုးကြီးက အရမ်းရက်စက်တာပဲ"
"ငါက"
"ဟိုက် ။ အရမ်းရက်စက်တယ်"
"ကျုပ်က မရေချယ်လင်းသိုက်ကို ဘာအပြစ်များပြုမိလို့လဲ"
"ရေချယ့်ကိုတော့မဟုတ်ပါဘူး။အန်ကယ့်ကို ဘာဖြစ်လို့ မိန်းမအတင်းပေးစားချင်ရတာလဲ"
"အမြဲတမ်းတစ်ယောက်ထဲနေလို့မရဘူးကွ။ ငါလည်းမြေးချီချင်သေးတယ်"
"အဲ့တာများဖိုးဖိုးကြီးကလည်း ရေချယ်ရှိတယ်လေ။ ရေချယ့်ကိုချစ်လိုက်ပေါ့"
"တော်စမ်းပါ ငါ့သားကို ငါ့ဆီကဆွဲထုတ်သွားတဲ့ ကလေးမကို ငါကဘာဖြစ်လို့ချစ်ရမှာလဲ"
တစ်ဖက်ကရယ်သံလေးကြောင့် ဦးLသိုက် မျက်မှောင်ကျုံ့မိ၏။သူမကိုမချစ်တဲ့လူကိုမှ ခဏတိုင်းဖုန်းဆက်ကာ နေကောင်းလား ၊
ဘာစားပြီးပြီလဲမေးတတ်သည်။ဖုန်းချလည်း၊ မာဆတ်ဆတ်ပြောလည်း အမှတ်မရှိစွာ ထပ်လာပြန်တဲ့ကလေးမလေး။ဖိုးဖိုးကြီး ပျင်းနေမှာဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ခါတရံမှာ
သူမဘာတွေလုပ်ခဲ့ကြောင်း မမောပဲပြောပြတတ်သည်ပင်။ပြီးတော့ သူမကိုလည်း
မီးငယ်လို့ပဲ ခေါ်စေချင်ပါတယ်တဲ့။
"ဖိုးဖိုးကြီး ရေချယ့်ကိုမချစ်ရင်တောင်မှ
အန်ကယ့်ကိုတော့ အတင်းအကျပ်ကြီး မိန်းမမပေးစားပါနဲ့လား။အန်ကယ်သနားပါတယ်"
"ဘာလည်း ထင်လင်းသိုက်က မင်းကို အခုလိုတွေပြောဖို့ သင်ပေးထားတာလား"
"ဟုတ်ပါဘူး။အန်ကယ်က စိတ်ညစ်နေလို့တောင် စကားမပြောနိုင်တော့ဘူး။ပြီးတော့
အန်ကယ်ကြီးကိုပြောပြမယ် အန်ကယ်ကကျောင်းအလုပ်၊ကုမ္ပဏီအလုပ်တွေနဲ့ တအားအလုပ်ရှုပ်နေတာ အဲ့ဒီကြားက မိန်းမယူဖို့ကပါလာရှုပ်နေတော့ အန်ကယ်က ပင်ပန်းတာပေါ့"
"သူကများ စကားကြီးစကားကျယ်တွေနဲ့။ မိန်းမယူသင့်တဲ့အရွယ် ယူမှပေါ့ကွာ ဒါမှအသက်ကြီးရင်ဆေးပေးမီးယူရှိမှာ"
"ဟင် ! အဲ့လိုဆိုရင်ဖိုးဖိုးကြီးက ဘာလို့မိန်းမမယူတာလဲ။ နော်လို့ အန်ကယ့်ကိုမိန်းမမပေးစားပါနဲ့"
"တော်ပြီရေချယ်လင်းသိုက်။ငါ့ကို မင်း
အန်ကယ်တွေလို လာချွဲလို့ရမယ်မထင်နဲ့"
"ချစ်ပါတယ်ဆိုဖိုးဖိုးကြီးကလည်း။ဒါဆိုလည်း အိပ်တော့နော် ရေချယ်လည်းခေါင်းမူးနေလို့ အိပ်ပြီGoognight ဖိုးဖိုးကြီး"
အသံချိုချိုလေးပျောက်သွားပြီးနောက် ဦးLသိုက် ဖုန်းကိုကြည့်ကာ ပြုံးလိုက်မိသည်။
"အဲ့လိုလာချွဲလည်း လုံးဝမချစ်ဘူး ရေချယ်လင်းသိုက်"
: : To Be Continue Part - 18
Zawgyi
အပိုင္း (၁၇)
LGU၏ေမဂ်ာေပါင္းစံုမွ ပထမအပတ္
စာေမးပဲြေျဖဆိုခါနီး 10ရက္ပဲလိုေတာ့တာမို႔ ေမဂ်ာေတြမွေမးခြန္းမ်ားအား ျပန္စစ္ေဆးဖို႔
တာဝန္က ထင္လင္းသိုက္ဆီ ေရာက္လာခဲ့သည္။
ဒီစာေမးပဲြျပီးရင္ေတာ့ ေမဂ်ာေတြခဲြၿပီး ခရီးထြက္ဖို႔ရွိတာမို႔ ဒီစာေမးပဲြကိုေျဖဆိုဖို႔ အကုန္လံုးကတတ္တတ္ႂကြႂကြပင္။
သို႔ေသာ္ ေမးခြန္းေတြျပန္စစ္ရသည့္ ထင္လင္းသိုက္အဖို႔ေတာ့ မသက္သာလွပါ။ မ်က္ရိုးေတြကိုက္လာသည္မို႔ မ်က္မွန္ကိုခြ်တ္၍ မ်က္လံုးနွစ္ဖက္ျကားအား လက္မနွင့္ လက္ညိုးကိုသံုး၍ အသာဖိလိုက္မိသည္။ အခုခ်ိန္မီးငယ္အသံသာျကားေနရရင္ ၿပံဳးရအံုးမွာ ဟုတ္ေသာရွိ မဟုတ္ေသာ္ရွိ အဲ့ဒီကေလးမေလးက လာနွိပ္ေပးအံုးမွာ။အခုေတာ့ မီးငယ္ဆီကို ဆက္သြယ္လို႔မရ... မေန့ထဲက စိတ္ဆိုးသြားတာ ဒီေန့ညအထိတိုင္ သူမေလးကစိတ္ဆိုးလို႔ ေကာင္းေနဆဲပင္။
"လင္းသိုက္"
ထိုစဥ္ ဂုဏ္နဂါးက သူ့ပခံုးကို ဖြဖြပုတ္လာသည္။
"မင္းကုမၸဏီက ကိုေကာင္းလာတယ္"
"ျကိုမေျပာထားေတာ့ ကိုယ္မသိလိုက္ဘူး"
"ဖိုင္ေတြေပးသြားျပီးျပန္သြားျပီ။ ေနာက္ေန့မွ လာေတြ႔လာပါ့မယ္လို႔ ေျပာသြားတယ္။ဒီမွာ ဒီအနီေရာင္ဖိုင္က လခ်ုပ္စာရင္း။အျပာက စာခ်ုပ္စစ္ျပီး လက္မွတ္ထိုးေပးဖို႔တဲ့"
"ေက်းဇူး ။ ကိုယ္ေမးခြန္းေတြစစ္ေနလို႔ သူလာတာမသိလိုက္ရဘူး"
"ရပါတယ္ကြာ အခ်င္းခ်င္းေတြပဲ"
လုပ္စရာအလုပ္လည္းမရွိတာမို႔ ဂုဏ္နဂါးက ေယာင္လည္လည္ျဖင့္ လင္းသိုက္နားသာ ဝင္ထိုင္ေနသည္။လည္ပင္းကိုပြတ္၍ စာရြက္ေတြကိုျကည့္ေနေပမဲ့လည္း ဘာတစ္ခုမွ စိတ္ဝင္စားစရာကမေတြ႔ရ။
"လင္းသိုက္... မင္းမပ်င္းဘူးလား"
"ဒီလိုပါပဲ"
"အိမ္ႀကီးကလည္း တိတ္ဆိတ္ေနလိုက္တာေနာ္"
"မီးငယ္မွမရွိတာ"
"ေအးကြာ မီးငယ္တစ္ရက္မရွိတာေတာ့ တစ္ရက္သိသာတယ္။ေျခာက္ကပ္ျပီး တိတ္ဆိတ္ေနတာပဲ...ကေလးက အဲ့ဒီမွာ ေပ်ာ္ေနၿပီလားမသိဘူး။မီးငယ္ကို မင္းမလြမ္းဘူးလား"
"အင္း လြမ္းတယ္"
ဂုဏ္နဂါးက အဓိပၸာယ္ပါပါ ၿပံဳးလိုက္သည္။
"ေအာက္ထပ္မွာ မင္းဧည့္သည္ေရာက္ေနတယ္ သြားေတြ႔လိုက္အံုး"
"ဧည့္သည္"
"အင္း မိန္းကေလး။ဘယ္သူလည္းေတာ့မသိဘူး"
ဘယ္သူမွန္းမသိပဲ အိမ္ထဲေရာက္ေနျပီမို႔ ထင္လင္းသိုက္စိတ္ပ်က္စြာ ေခါင္းခါလိုက္သည္။ မီးငယ္သာသိသြားၾကည့္ပါလား သူစိမ္းတစ္ေယာက္ကို အိမ္ထဲေခၚသြင္းရမလား ဆိုျပီး ေရႊစိတ္ေတာ္ညိဳးလိမ့္အံုးမည္။
"သြားေလ လင္းသိုက္"
"အင္း ကိုယ္သြားလိုက္မယ္"
ဘယ္သူကမ်ား အိမ္ထိလိုက္လာလည္း ထင္လင္းသိုက္စဥ္းစားလို႔ေတာင္မရေတာ့ပါ။ သူ့ကိုဆို မိန္းကေလးဧည့္သည္ေခၚလာတာ မီးငယ္မျကိုက္တာမို႔ သူ့ဧည့္သည္မိန္းကေလးဆို အိမ္ကိုမဖိတ္တာကမ်ားသည္။မီးငယ္က မေခၚလာနဲ႔လို႔ ေျပာတာမဟုတ္ေပမဲ့ မ်က္နွာေလးမေကာင္းျဖစ္သြားတာမ်ိုး၊ စကားမေျပာပဲ ၿငိမ္သြားတာမ်ိုးေလးေတြကို သူကပဲသတိထားမိခဲ့ကာ မီးငယ္မျကိုက္ဘူးထင္လို႔ ေရွာင္ခဲ့သည္။
မီးငယ္ ငယ္ငယ္ကဆိုရင္ အိမ္ကို အမ်ိုးသမီးဧည့္သည္အလည္လာရင္ လူးလိမ့္ျပီးငိုယိုတတ္တာမို႔ သူအျပစ္ေပးရသည္။ သို႔ေသာ္ ေနာက္ပိုင္းဧည့္သည္ေခၚမလာေတာ့... ကေလးမို႔ မသိလို႕ငိုတယ္ဆိုတာသိေပမဲ့ သူ့ရဲ႕ကေလးကို မုန္းခံရမွာမ်ိုး အလိုမရွိ၍သာ။
ဧည္သည္ဆိုလို႔ တျခားလူထင္ခဲ့ေပမဲ့ ဧည့္ခန္းမွာထိုင္ေနသူက ယြန္းမီ ျဖစ္ေန၏။
"မီ ..."
"သိုက္... sorryေနာ္ မေျပာမဆိုနဲ႕ အိမ္ကိုလိုက္လာတာ အေနွာင့္အယွက္ ျဖစ္သြားလား"
"ရပါတယ္။ဒါနဲ႔ ဘာကိစၥရွိလို႔လည္း "
"ေျသာ္ ျမို႔ျပင္ကေျမကြက္ေလလံကိစၥေလ အဲ့တာဒီေန့ညေန C Star Hotelမွာလုပ္မွာ အဲ့ဒီကို သိုက္နဲ႔အတူသြားဖို႔ လာေခၚတာ"
"ကိုယ္အဆင္သင့္မျဖစ္ေသးဘူး။မီ ခဏေလာက္ေစာင့္ေပးလို႔ရမလား"
"ရပါတယ္ လိုက္ေပးတာနဲ႔ပဲ ေက်းဇူးတင္ေနၿပီ။ မဟုတ္ရင္ မီ့ေမာင္ေလးကို ေခၚသြားပါတယ္။ ဒါေပမဲ့ အဲ့ေကာင္ေလးက ဘာစိတ္ကူးေပါက္ျပီး မႏၲေလးဆင္းခ်သြားလည္းမသိပါဘူး။ သိုက္ကိုအပူကပ္ရတာ အားနာလိုက္တာ"
"မီ့ေမာင္ေလးက"
"လီယိုေဇးေလ ။ ဆရာဝန္ဘဲြ႔ယူထားျပီး Floral Shop ဖြင့္ထားတဲ့ငတံုးေလးေပါ့။သူ့ဆိုင္က သိုက္တို႔ေက်ာင္းနားတင္ပဲ Leo Floral Shop ဆိုတာေလ"
"ေျသာ္ ကိုယ္ေနာက္မွဝင္အားေပးပါအံုးမယ္"
ယြန္းမီ ေက်နပ္စြာၿပံဳးလိုက္မိသည္။သိုက္က သူမကို အေလးေပးလြန္းသည္လို႔ ခံစားရသည္။ တျခားမိန္းမေတြနဲ႔မတူ အနားကပ္ခြင့္ရယံုသာမက ဧည့္သည္မေခၚတဲ့ သိုက္ရဲ႕အိမ္ကို သူမက ဝင္ခြင့္ရခဲ့ၿပီျဖစ္သည္။
ဒါေတြက အန္ကယ္Lသိုက္ရဲ႕အကူအညီလည္း ပါတာေပါ့။အန္ကယ္ကလည္း မီနဲ႔သိုက္ကို သေဘာတူေနတယ္လို႔ ဒယ္ဒီ့ဆီက ျကားရသည္မို႕ မီ့ေျခလွမ္းေတြက ပိုသြက္ေနရျခင္းသာ။
:::::::
ထင္လင္းသိုက္ဟာ ယြန္းမီအတြက္ေတာ့ နတ္သားတစ္ပါးနဲ႔အလားတူစြာ။ တစ္ကိုယ္လံုးနက္ေစြးေနေအာင္ ဝတ္ဆင္ထားတာက ထိုလူရဲဲ႔ေခ်ာေမာမႈကို ပံ့ပိုးေပးေနသေယာင္။ရွပ္အက်ီၤအနက္ လက္ရွည္ကို တံေတာင္ဆစ္နားမွာ ေခါင္တင္ေနလ်က္ ေလွကားေပၚက ဆင္းလာသူေျကာင့္ ယြန္းမီ မတ္တပ္ရပ္မိသြားသည္။
သို႔ေပမဲ့ အိမ္ထဲဝင္လာတဲ့ကားတစ္စီးေျကာင့္ ယြန္းမီရဲ႕ေျခလွမ္းေတြက သိုက္ဆီ ေရာက္မသြားပဲ ထိုကားဆီကိုသာ...
"အန္ကယ္သိုက္ အန္ကယ္နဂါး ..."
ေအာ္သံနဲ႔အတူ အိမ္ထဲေျပးဝင္လာတဲ့ အနက္ေရာင္ဂါဝန္နဲ႔ထိုမိန္းကေလး။
"ဟာ ! မီးငယ္ေလး ျပန္လာတာလား"
ထိုကေလးမေလးကို ေဆြ႔ခနဲ႔ေပြ႔ခ်ီကာ ေဝွ႔ယမ္းလိုက္တဲ့သိုက္ကို ပါးစပ္အေဟာင္းသားျဖင့္သာ ေငးျကည့္ေနမိသည္။
"မီးငယ္ ဘယ္လိုလုပ္ၿပီးျပန္လာတာလည္းကေလးရယ္"
"ဟီး အန္ကယ္အံ့ျသသြားတယ္လား"
"ျကည့္ပါအံုးကေလးရယ္ ေခြ်းေတြနဲ႕"
"ေမာသြားတာ"
ျပန္လာအံုးမယ္မထင္ထားတဲ့ကေလးက ထင္လင္းသိုက္မ်က္စိေရွ႔ေရာက္ေနၿပီမို႔ ဝမ္းသာသြားမႈက ေျပာမျပတတ္ေအာင္ပင္။ ေခြ်းေတြစို႔ေနတဲ့နဖူးကိုအသာသုပ္ေပးရင္း Baby mildနံ႔သင္းေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြကို အားပါးတရေမႊးျကူမိ၏။
"မီးငယ္ေလးရာ တကယ္ဆိုးတဲ့ကေလးပဲ ျပန္လာမွာကိုေျပာအံုးမွေပါ့ကြ"
"အန္ကယ့္ကိုလြမ္းလို႔ပါဆို"
ခပ္ခြ်ဲခြ်ဲဆိုတာ ပခံုးေပၚမ်က္နွာေလး တင္လာတာက ပင္ပန္းေနသည့္ဟန္ပင္။
"ခရီးပန္းလာျပီ ကေလးရယ္"
"ေခါင္းနည္းနည္းမူးတယ္"
"နားေတာ့ေနာ္ကေလးေလး"
ေျဖးညွင္းစြာေခါင္းျငိမ့္လာတာေလးကို အသနားပိုရျပန္၏။သို႔ေသာ္ ထိုေတာ့မွ သတိရမိတာက ...
"မီ "
"ဟို သိုက္လည္းအလုပ္မ်ားေနျပီထင္တယ္"
"အန္ကယ္ သူကဘယ္သူလည္း"
"ယြန္းမီတဲ့ ကိုယ့္အလုပ္ပါတနာေလ"
နာမည္တူသည္မထင္လို႔ လွည့္ျကည့္မိေတာ့ မီးငယ္သိထားသည့္ မမလွလွပါတကား။ ဟြန္းေနာ္ ဒီမမနဲ႔သဝန္တိုလို႔ အိမ္ျပန္လာပါတယ္ဆိုမွ အိမ္မွာပက္ပင္းတိုးရတယ္လို႔။
ထိုအေတြးတို႔နွင့္အတူ အလိုမက်ေတာ့တဲ့ ေရခ်ယ့္မ်က္နွာေလးကခ်က္ခ်င္းသုန္မႈန္သြားမွာ အမွန္ပါ။ထို႔ေျကာင့္ အန္ကယ့္ပခံုးကို သာသာေလးဖိကိုက္ေတာ့ အန္ကယ္က ေရခ်ယ့္ေခါင္းကိုပြတ္ေပးလာသည္။
"မီ ကိုယ္လိုက္နိုင္မယ္မထင္ေတာ့ဘူး ။ ကေလးကလည္းျပန္ေရာက္ေနၿပီဆိုေတာ့ မီနားလည္ေပးမယ္ထင္ပါတယ္"
"သူက ဘယ္သူလည္းသိုက္"
"မီးငယ္က ထင္လင္းသိုက္ရဲ႔ လင္းသိုက္ေလးေလ... လင္းသိုက္ေပါက္စေလး "
ေလွကားကဆင္းလာကာမိတ္ဆက္ေပးတဲ့ ဂုဏ္နဂါးရဲ႕စကားေတြေျကာင့္ ပါးစပ္အေဟာင္းသားျဖစ္ရသည္ပင္။
"မီးငယ္ကို ငယ္ငယ္ထဲက က်ုပ္တို႔ကပဲ ေစာင့္ေရွာက္ေပးလာတာ။က်ုပ္နဲ႔မင္းသန့္ကေတာ့ ေမြးစားအေဖေတြေပါ့"
ဒီကေလးမေလးနဲ႔ သိုက္နဲ႔က အခုလိုပတ္သက္မႈ ေတြရွိမွန္း ယြန္းမီအခုမွသိရသည္။သိုက္ဆီမွာ အခုလိုကေလးရွိေနမွန္းလည္း အန္ကယ္Lသိုက္ေရာ ဒယ္ဒီေရာက မေျပာျပဘူးပါ။ဒါျဖင့္ အရင္တစ္ခါ မီ့ေမာင္က ဒီကေလးမကို သေဘာက်တယ္ေျပာခဲ့ေတာ့ သိုက္ရဲ႕မ်က္နွာအျကီးအက်ယ္ပ်က္ေနတာ ဒါေျကာင့္တဲ့လား။
"မီ အဆင္ေျပရဲ႕လား"
"ေျသာ္ ေျပ ေျပပါတယ္။ဒီက ကေလးမ ေတြ႔ရတာဝမ္းသာပါတယ္ေနာ္ အစ္မက ယြန္းမီပါ။ သိုက္ရဲ႔ လုပ္ငန္း ပါတနာေပါ့"
"ဟိုက္ ။ ေရခ်ယ္က ေရခ်ယ္ လင္း သိုက္ပါ"
ေနာက္ဆံုးနာမည္ကိုဖိေျပာသြားတဲ့ကေလးမ။
"ဟိုက္ တဲ့လား"
"ကေလးက ဒီလိုပဲေျပာတတ္လို႔ မီ အျပစ္မယူပါနဲ႔။ တစ္ခုခုမေက်နပ္တာရွိရင္ ကိုယ္ကပဲ ေတာင္းပန္ပါတယ္"
ဘုရားေရ !
ယြန္းမီေရွ႔ကလူဟာ ထင္လင္းသိုက္အစစ္မ်ား ဟုတ္ရဲ႕လား။သူ့လို စကားမ်ားမ်ားမေျပာတတ္တဲ့ လူက ေတာင္းပန္တယ္တဲ့။ဒါကလည္း သူေမြးစားထားတယ္ဆိုတဲ့ ကေလးမေလးေျကာင့္ျဖစ္ေနသည္။
အခုလည္းျကည့္ပါအံုး...ကေလးမ ပါးကိုဖ်စ္ညစ္ကာ သူနဲ႔မတူစြာပဲ ျပံုးရယ္ေနလိုက္တာ။
"ဒါဆို မီျပန္အံုးမယ္ေနာ္ ေနွာင့္ယွက္သလို ျဖစ္သြားျပီလားမသိဘူး"
ထိုမမရဲ႕အျကည့္ေတြကို ေရခ်ယ္ဘာသာျပန္နိုင္၏ ေျမြေျမြခ်င္းေျချမင္တယ္ေျပာရမလား အဲ့ဒီမမမွာလည္း ေရခ်ယ့္ကိုမလိုလားသည့္
ဟန္ပင္။
သို႔ေသာ္ အေတြးလြန္ေနရင္းပါးျပင္က ေႏြးခနဲ ျဖစ္သြားရ၏။
"လူဆိုးမေလး မေျပာမဆို ဘယ္လိုလုပ္ျပီး ျပန္လာရတာလည္း"
"အန္ကယ့္ကိုစိတ္မခ်လို႔ျပန္လာတာ အန္ကယ္ကထင္တဲ့အတိုင္းပဲ"
"ကိုယ္ကလား"
"အန္ကယ္နဲ႔အဲ့ဒီမမက ဘာေတြလည္းဟင္"
"လုပ္ငန္းပါတနာလို႔ေျပာထားတယ္မီးငယ္ရဲ႕"
"လူလိမ္"
"မီးငယ္ ဘယ္လိုေတြေျပာေနတာလည္း"
"ဖယ္ေပးေတာ့"
ခ်က္ခ်င္းရုန္းကန္ဆင္းသြားတဲ့မီးငယ္က ဘာျဖစ္လာသလည္း။ခရီးက အခုမွျပန္လာတာကို မီးငယ္က ဆိုးလိုက္တာ။
"အန္ကယ့္ကိုထပ္ေမးမယ္။သာမန္ လုပ္ေဖာ္္ကိုင္ဖက္ ဟုတ္ရဲ႕လား"
"ကိုယ္..."
"အမွန္အတိုင္းေျဖေနာ္အန္ကယ္"
"ယြန္းမီနဲ႔ ကိုယ့္ဒယ္ဒီသေဘာတူထားတာ"
"လူလိမ္"
"ေဟာ့ မလိမ္ပါဘူး ။ ဒီကေလးနဲ႔ေတာ့ကြာ"
အထုပ္ေတြကိုအထဲသြင္းရင္း တံုးအလွသည့္ သူငယ္ခ်င္းကို မင္းသန့္တစ္ေယာက္ ေျပးကာ နရင္းရိုက္ခ်င္လာသည္။လိမ္ရင္လည္း ဆက္လိမ္မွေပါ့။ဘယ္နွယ့္ ေပၚတင္ျကီး သြားေျပာေတာ့ ကေလးက စိတ္မေကာင္းျဖစ္ၿပီ။
"မင္းကလည္း ဟိုကစိတ္ေကာက္သြားျပီ"
"အခုမဟုတ္လည္း ေနာက္ေတာ့သိမွာပဲေလ။ ဒါနဲ႔ မင္းတို႔က ဘယ္ကဘယ္လိုျဖစ္ျပီး ျပန္လာရတာလည္း"
"မီးငယ္ကို မေန့ညကေျပာျပလိုက္မိတယ္ကြာ ယြန္းမီနဲ႕မင္းအေျကာင္း။ေအး အဲ့တာနဲ႔ပဲ ျပန္မယ္တဇြတ္ထိုးလုပ္ေနလို႔ ျပန္ပို႔ရတာ။ အေလာတႀကီးနဲ႕ ငါ့underwearေတြေတာင္ ပါမလာခဲ့ဘူး"
"ဝတ္မေနနဲ႔ ေလဝင္ေလထြက္ေကာင္းတယ္"
"ငါလိုးမနဂါး"
"ခဏ ။ ဒါဆို မီးငယ္က အဲ့တာသိသြားလို႔ ျပန္လာခဲ့တာေပါ့"
"ေအးပါဆိုကြာ။က်ားကိုက္ပါတယ္ဆို အေပါက္ေလးနဲ႔လားျဖစ္ေနၿပီ"
ဘာပဲျဖစ္ျဖစ္ မီးငယ္တစ္ခ်ိန္ခ်ိန္သိမဲ့အတူတူ အခုသိသြားေတာ့လည္း မေကာင္းတာမရွိ။ သို႔တိုင္ မီးငယ္မ်က္နွာမွာ အလိုမက်မႈေတြက အထင္းသားေပၚေနတာကိုေတာ့ သူသေဘာမက်မိပါ။
::::::
ကုတင္ေပၚလူးလိမ့္ေနရင္းနဲ႔ပင္ အိပ္မရျဖစ္ရသည္။ဘိုးေအျကီးကလည္း အန္ကယ့္ကိုပဲ မိန္းမေပးစားခ်င္ေနေတာ့ပဲ။ သူ့ဟာနဲ႔သူ ယူလိုက္လည္းရတဲ့ဟာကို။
ေတြးေနရင္းနဲ႔ ေရခ်ယ္မေက်နပ္ေတာ့ပါ။ ဖုန္းကိုထုတ္ျပီး နံပါတ္တစ္ခုကိုဆက္တိုက္နွိပ္
သည္။ပထမတစ္ျကိမ္ မကိုင္။ဒုတိယအျကိမ္ မကိုင္ေသးပါ ။ တတိယအျကိမ္မွ...
"ေျပာ ဘာကိစၥလည္း"
ဆိုတဲ့အသံက ေလလိႈင္းကတဆင့္ေပၚလာသည္။
"ဖိုးဖိုးျကီး ေရခ်ယ္ပါ"
"သိတယ္ ဘာကိစၥလည္း"
"ဖိုးဖိုးျကီးက အရမ္းရက္စက္တာပဲ"
"ငါက"
"ဟိုက္ ။ အရမ္းရက္စက္တယ္"
"က်ုပ္က မေရခ်ယ္လင္းသိုက္ကို ဘာအျပစ္မ်ားျပုမိလို႔လည္း"
"ေရခ်ယ့္ကိုေတာ့မဟုတ္ပါဘူး။အန္ကယ့္ကို ဘာျဖစ္လို႔ မိန္းမအတင္းေပးစားခ်င္ရတာလည္း"
"အျမဲတမ္းတစ္ေယာက္ထဲေနလို႔မရဘူးကြ။ ငါလည္းေျမးခ်ီခ်င္ေသးတယ္"
"အဲ့တာမ်ားဖိုးဖိုးျကီးကလည္း ေရခ်ယ္ရွိတယ္ေလ။ ေရခ်ယ့္ကိုခ်စ္လိုက္ေပါ့"
"ေတာ္စမ္းပါ ငါ့သားကို ငါ့ဆီကဆဲြထုတ္သြားတဲ့ ကေလးမကို ငါကဘာျဖစ္လို႔ခ်စ္ရမွာလည္း"
တစ္ဖက္ကရယ္သံေလးေျကာင့္ ဦးLသိုက္ မ်က္ေမွာင္က်ံဳ႕မိ၏။သူမကိုမခ်စ္တဲ့လူကိုမွ ခဏတိုင္းဖုန္းဆက္ကာ ေနေကာင္းလား ၊ ဘာစားျပီးျပီလည္းေမးတတ္သည္။ဖုန္းခ်လည္း၊ မာဆတ္ဆတ္ေျပာလည္း အမွတ္မရွိစြာ ထပ္လာျပန္တဲ့ကေလးမေလး။ဖိုးဖိုးျကီး ပ်င္းေနမွာဆိုးလို႔ဆိုတဲ့အေျကာင္းျပခ်က္နဲ႔ တစ္ခါတစ္ရံမွာ သူမဘာေတြလုပ္ခဲ့ေျကာင္း မေမာပဲေျပာျပတတ္သည္ပင္။ၿပီးေတာ့ သူမကိုလည္း မီးငယ္လို႔ပဲ ေခၚေစခ်င္ပါတယ္တဲ့။
"ဖိုးဖိုးျကီး ေရခ်ယ့္ကိုမခ်စ္ရင္ေတာင္မွ အန္ကယ့္ကိုေတာ့ အတင္းအက်ပ္ျကီး မိန္းမမေပးစားပါနဲ႔လား။အန္ကယ္သနားပါတယ္"
"ဘာလည္း ထင္လင္းသိုက္က မင္းကို အခုလိုေတြေျပာဖို႔ သင္ေပးထားတာလား"
"ဟုတ္ပါဘူး။အန္ကယ္က စိတ္ညစ္ေနလို႔ေတာင္ စကားမေျပာနိုင္ေတာ့ဘူး။ၿပီးေတာ့ အန္ကယ္ျကီးကိုေျပာျပမယ္ အန္ကယ္ကေက်ာင္းအလုပ္၊ကုမၸဏီအလုပ္ေတြနဲ႔ တအားအလုပ္ရႈပ္ေနတာ အဲ့ဒီျကားက မိန္းမယူဖို႔ကပါလာရႈပ္ေနေတာ့ အန္ကယ္က ပင္ပန္းတာေပါ့"
"သူကမ်ား စကားျကီးစကားက်ယ္ေတြနဲ႔။ မိန္းမယူသင့္တဲ့အရြယ္ ယူမွေပါ့ကြာ ဒါမွအသက္ျကီးရင္ေဆးေပးမီးယူရွိမွာ"
"ဟင္ ! အဲ့လိုဆိုရင္ဖိုးဖိုးျကီးက ဘာလို႔မိန္းမမယူတာလည္း။ ေနာ္လို႔ အန္ကယ့္ကိုမိန္းမမေပးစားပါနဲ႔"
"ေတာ္ျပီေရခ်ယ္လင္းသိုက္။ငါ့ကို မင္းအန္ကယ္ေတြလို လာခြ်ဲလို႔ရမယ္မထင္နဲ႔"
"ခ်စ္ပါတယ္ဆိုဖိုးဖိုးျကီးကလည္း။ဒါဆိုလည္း အိပ္ေတာ့ေနာ္ ေရခ်ယ္လည္းေခါင္းမူးေနလို႔ အိပ္ျပီGoognight ဖိုးဖိုးျကီး"
အသံခ်ိုခ်ိုေလးေပ်ာက္သြားျပီးေနာက္ ဦးLသိုက္ ဖုန္းကိုျကည့္ကာ ျပံုးလိုက္မိသည္။
"အဲ့လိုလာခြ်ဲလည္း လံုးဝမခ်စ္ဘူး ေရခ်ယ္လင္းသိုက္"
: : To Be Continue Part - 18