🌸သူ့လည်တိုင်တွင် ငါ့နှလုံးသာ...
De Drabin-one
248K 5.1K 518
ကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလို... Mai multe
🌸Part1🌸
🌸Part 2🌸
🌸Part 3🌸
🌸Part4🌸
🌸Part5🌸
🌸Part 6🌸
🌸Part7🌸
🌸Part8🌸
🌸Part9🌸
🌸Part10🌸
🌸Part11🌸
🌸Part12🌸
🌸Part 13🌸
🌸Part14🌸
🌸Part15🌸
🌸Part16🌸
🐉Part17🐉
🐉Part19🐉
🐉Part20🐉
🐉Part21🐉
🐉Part22🐉
🐉Part23🐉
🐉Part 24🐉
🐉Part25🐉
🐉Part26🐉
🐉Part27🐉
🐉Part28🐉
🐉Part29🐉
🐉Part30🐉
🐉Part31🐉
🐉Part32🐉
🐉Part33🐉
🐉Part34🐉
🐉Part35🐉
🐉Part36🐉
🐉Part37🐉
🌸PART 38(FINAL)🐉
🐉Part18🐉
5.1K 123 24
De Drabin-one
🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉
🐉Part18🐉
ညနေတုန်းက လုပ်ချင်ရာလုပ်ချသွားပြီး ပတ်ပြေးလာခဲ့သည်က ကိုကိုပင်။အစက သူ့ကို ချစ်တဲ့အကြောင်းတွေ ပြောချင်ခဲ့တာမဟုတ်ပဲ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တာကို သူ့ကိုစိတ်ကောက်ပြစ်လိုက်ချင်ပေမယ့် သဝန်တိုချင်ပေမယ့် ၊သူမမှာအဲလို ကောက်ခွင့်မရှိ၊သဝန်တိုခွင့် စိတ်မရှိတာရော ရောပေါင်းကာ လူကဖွင့်ပြောပြီးမှပဲ သဝန်ချင်သည့်စိတ်တို့က ဘယ်ရောက်လို့ဘယ်ကောက်ရမှန်း မသိလိုက်။
သူ့ကိုတဖန်ပြန်ကြောက်နေသည့်စိတ်တို့ကပဲ တထိတ်ထိတ်နဲ့ ထင်ကျန်နေဆဲ...၊ ကိုယ့်စိတ်ကမပြောချင်သေးပေမယ့် သူက ကောင်မလေးချောချောလှလှလေးတစ်ယောက်နဲ့‌တွဲတာကို မျက်လုံးကမြင်လိုက်တော့ ကိုးလို့ကန့်လန့်လဲဖြစ် ဝမ်းလဲနည်းလာသည်။
ကိုကို့အပေါ်ကို အသေရက်စက်သည့် မြေခွေး... ၊.သူသာ ကိုကို့အပေါ်မှာအနေတည်‌ပြတာ၊ဟိုတစ်ယောက်နဲ့ကျတော့ ပြုံးဖြီးနေတာပဲ ....ဘီလူးတကောင်က ရယ်ပြ ပြုံးပြ ဖြဲပြနေတဲ့အတိုင်းပဲ။
မိုးချုပ်နေပြီကို ခုထိ သူ့ချစ်သူနဲ့လည်လို့မဝသေးဘူးထင်ပါရဲ့ ခုထိတောင် အိမ်ပြန်မရောက်သေးဘဲ ဘယ်ကိုများ သဝေထိုးနေကြလဲ...
ပျော်နေမှာပေါ့...
အိမ်ရှေ့ဝရံတာကနေ မျှော်နေရတာ လည်ပင်းက သစ်ကုလားအုတ်ပင်ဖြစ်တော့မည်။ကိုယ်တော်က အခုထိ မကြွလာသေး။ကိုကိုဖွင့်ပြောလိုက်လို့ သူစိတ်ဆိုးသွားများလား?။
ထိုစဉ်....
ဝရံတာကနေမျှော်နေရတာစိတ်မရှည်နိုင်တော့ပဲ ခြံဝကနေထွက်ပြီး သူ့ကိုရပ်စောင့်နေစဉ် ကိုယရဲ့ကား‌ လေးသည် ကိုကို့ရှေ့တွင် ရပ်သွားလျှင် ၊သူသည် ကားအနက်လေးထဲ‌ကနေ ခေါင်းလေးထွက်လာပြီး....
"ဟေ...မင်းအဲ့မှာ ပိတ်ရပ်နေရင် ငါဘယ်လိုဝင်မလဲ"
"ဟင်.....ဪ...ဟုတ်ကဲ့"
သူ့ကို တွေ့ချင်လွန်းလို့ လာစောင့်နေပါတယ်ဆို ကိုကိုက သူ့ကားကို ပိတ်ရပ်နေသလိုဖြစ်သွားတာကိုး....
ကိုကို အရှေ့ကနေရှောင်ထွက်ပေးလိုက်မှ ကိုယက ခြံထဲကိုမောင်းဝင်လာကာ ကားပေါ်ကနေဆင်းလာပြီး သူမအရှေ့တွင်ဘာမပြောညာမပြောနှင့်ရပ်နေပြီး သူမကို ခါးထောက်လိုက် လက်ကိုဆံပင်တွေကြား ထိုးဖွလိုက်နှင့် တစ်ခုခုကိုပြောချင်သလိုလိုလုပ်‌ နေသော ထိုလူ...
လူကိုထုရိုက်ချင်နေသလိုလိုအသံတိတ်ပြုမှုနေသည့်‌မြေခွေးသည် လှစ်ခနဲ့ပြုံးလိုက်တာကိုလဲ တွေ့လိုက်သေးတယ်။သူဘာကိုသဘောကျနေတာလဲ?
"ရိုက်သတ်ချင်စရာ...ဘယ်လိုလေးလဲမသိဘူး"
သူ့တကိုယ်တည်းကြားအောင်ပြောလိုက်ပေမယ့် သူမကြားဖြစ်‌အောင်ကြားလိုက်သေးသည်။ အိမ်‌ထဲဝင်သွားလျှင် သူ့အနောက်ကိုအမှီပြေးလာလိုက်ရတော့သည်။
အိုး...ဖွင့်ပြောလိုက်မိတာ ကိုကိုရှက်လိုက်တာ...
ကိုကို့ရဲ့အချစ်တွေ ရေဆုန်မြောပြီးထင်ပါရဲ့...
"ငါအပြင်ခနသွားမလို့ မင်းနေခဲ့လို့အဆင်ပြေရဲ့လား"
"ဟင်...အပြင်....အင်.."
အိမ်ရောက်တာနှင့်ရေတန်းချိုးကာ အင်္ကျီအဝတ်အစားလဲနေသည့် သူ့အနားမှာရှိနေသည့်သူမကို သူမေးလျှင် ကိုကိုလဲအယောင်အမှားမှားနှင့် "အ"ထစ်"အ"ထစ်ဖြစ်နေရ၏။
ဒီနေ့ သူနဲ့ကိုကိုရဲ့အကြောင်းကိုလဲ သူ‌မေ့ပစ်ချင်ထားတာလားဆိုတာ မေးချင်ပေမယ့် သူက ဘာကိုအလျှင်လိုနေမှန်းမသိကာ ကိုကို့မှာမျက်မှောက်ကြုတ်နေကာ စဉ်းစားခန်းဖွင့်နေရင်း နှုတ်ခမ်းကထွက်ကျလာတော့သည်။
"ကိုယ"
"ကိုယ"
သူမကြားလိုက်ဘူးထင်လို့ နှစ်ခါ‌ခေါ်တော့ သူကိုကို့ဘက်လှည့်လာတော့မှ မရဲတရဲလေသံဖြင့်...
"ကိုကို ဖွင့်ပြောတာ စိတ်ဆိုးသွားလားဟင်"
"ငါစိတ်ဆိုးရင်ကော မင်းကမပြောဘဲနေမှာ မလို့လား"
ပါးစပ်ပိတ်လိုက်ရသည်။သူ့ဘက်ကအခုချိန်မှာ အသာစီးပဲလေ...
သူက ဒီညကျမှဘာစိတ်ကူးပေါက်နေလဲမသိ ခါတိုင်း night outထွက်သည့်အခေါက်တိုင်းထပ် ပိုပြီး သန့်ပြန့်နေတယ်လို့ ခံစားနေရသည်။
အနက်ရောင် သွယ်ချိတ်‌တွေလိုပါသည့်အပြဲဒီဇိုင်းအနက်ရောင်တီရှပ်နဲ့အပေါ်ကနေ ဂျင်းအဖြူရောက်ဂျက်ကပ်ကိုထပ်ဝတ်ထားကာ၊အနက်ရောင်ဒူးပြဲဂျင်းဘောင်းဘီက အသားဖြူသည့်သူဟာ အလွန်ကို မောရှီဆောသွားပြီ...‌
ဒီက ကြွေမိတာလဲမပြောနဲ့၊သူကလဲကြည့် ကောင်းတာကိုး။
"ရော့"
"ဘာလဲ"
သူ့ညာဘက်လက်မှာ နာရီကိုပတ်နေတုန်း ကိုကိုသည် ပန်းရောင်စက္ကူ‌ဘောစ့်လေးကို သူ့ရှေ့တွင်လာထိုးပေးလျှင် သူတချက်သာကြည့်ပြီး ကိုကို့,ကိုမကြည့်ပဲမေးနေလျှင်...
"ကိုကိုရေးထားတဲ့ စာ"
"ဟိုတလောက အသဲအတန်ညှပ်ပြီးရေးနေတာက ဒီလိုတွေကြံစည်နေတာပေါ့ ဟုတ်လား"
"အင်း"
ခေါင်းညှိမ့်ရင်းနဲ့ မှ တကယ့်ဒုက္ခလှလှတွေ့တာပဲကိုကိုရေး...
သူကကျောင်းဆရာလား ၊ကိုကိုကအပြစ်လုပ်ထားတဲ့ကျောင်းသားလား၊သူကမေးလိုက် ကိုယ်ကဖြေလိုက်နဲ့...
"မင်းရည်စားထားချင်တယ်ဆိုတာက ငါ့ကိုလား"
"အင်း......ဟုတ်တယ်"
သူ့အရှေ့မှာ အပြစ်လုပ်ထားသည့်နဂါးပေါက်လေးကို အသဲယားပြီး ပါးလေးကိုလိမ်ဆွဲပြီး အပြစ်ပေးချင်ပေမယ့် အခုတော့အခြေအနေတို့က လွန်ကုန်ပြီ။ ကိုကိုသူ့အပေါ်တွင်ခံစားချက်ရှိလိမ့်မယ်လို့ မထင်ခဲ့မိတာဟာ သူအတော်လေးနုံအခဲ့သည်ပဲ။
"ကိုကို့စာကိုတော့ လက်ခံပေးပါ မဖတ်ချင်လဲရတယ် ၊ပစ်လိုက်ချင်လဲရတယ် အခုတော့ ကိုကို့စာကို ယူလိုက်ပါနော်"
သူ့ကိုဖွင့်ပြောနေပေမယ့် သူ့ဆီကအဖြေကိုတောင် တစ်စက်မှမတောင်းသည့် သူ့အရှေ့ကနဂါးပေါက်သေးသေးလေးကို စိတ်တိုသွားသည်။
တောင်းပါလား၊ငါ့ဘက်ကမပေးဘူးထင်နေလို့လား၊ရည်စားကျလိုချင်ပြီး၊ဒီလိုလုပ်နေရင် ဘယ်လိုလုပ်ရည်စားကရအုံးမှာလဲ...
"ငါ့ အခန်းမှာသွားထားလိုက်"
သူလက်ခံလိုက်ပြီဆိုသည်နှင့်ကိုကိုသည် သူ့အိပ်တဲ့အခန်းဘက်ကို‌အပြေးလေး သွားထားပေးလိုက်ကာပါးစပ်ကနားရွက်မှာတတ်ချိတ်နေပြီ ။အပြုံးတို့ ကျေနပ်မှုတို့ကဘယ်လိုမှ ဖုံးဖိထားလို့မရအောင် မျက်နှာမှာ ရယ်မြူးခြင်းအရိပ်တို့သန်းနေကာ ထင်ပေါ်နေဆဲနှင့် သူ့အနားကိုတဖန်ပြန်ရောက်သွားသည်။
သူ့ပြင်ဆင်မှုတို့က ပြီးဆုံးနေလေပြီ။
သူအပြင်ထွက်ခါနီး ကုတင်ခေါင်းရင်းဘက်က စားပွဲခုံပေါ်တွင် တင်ထားသည့် စီးကရက်ဘူး၊အနက်‌ ရောင်ဦးထုပ်နှင့် ချောကလက်အလုံးလေးကို လာပြန်ယူကာ ဘီဒိုနားမှာရပ်‌နေသည့်ကိုကို့ဘက်ကို လှည့်လျှောက်လာပြီး...
"ရော့ ငါ့ကိုမစောင့်နဲ့အိပ်ထားနှင့် "
သူလက်ထဲက ချောကလက်လုံးလေးကို ကမ်းပေး၍ပြောလျှင် သူ့ကိုအရမ်းအရမ်းကို ပိုချစ်လာရသည်။
"ကိုကို ကိုယကိုချစ်တယ် သိလား"
ကိုကို့အရှေ့က ထွက်သွားသည့်ကျောပြင်ကျယ်လေးကိုပြောနေပေမယ့် သူကဘာမှအသံမထွက်လာတော့ သူထပ်ကြားအောင်လို့ နောက်တစ်ကြိမ်အော်ပေးလိုက်၏။
"ကိုကို ကိုယကိုချစ်တယ် ကြားလား"
"ငါကြားတယ် အော်မနေနဲ့"
လှေခါးထစ်တို့ကိုခွကျော်ပြီးပြေးဆင်းသွားရင်း သူ့ပြန်အော်သံလေးကိုကြားလျှင် ကိုကိုသည် တဟီးဟီးတဟားဟားနှင့် အရူးမလေးလို ပျော်နေမိသည်။
သူမတင်မဟုတ် သူ့ဆီမှာလဲ အပြုံးရိပ်တို့က ထင်လာသည်က လျှပ်တပြက်ဆိုပေမယ့် သူ့ရင်ထဲမှာတော့ အတိုင်းမတတ်ပါပဲပေါ့။
သူမရဲ့ဖွင့်ဟဝန်ခံခြင်းတွေဟာ ရောက်တဲ့နေရာတိုင်းမှာ ကြားရမှာကို မြင်ယောင်လာကာ ခေါင်းကိုသာ ခါနေမိသည်က မင်းယမင်းတစ်ယောက်။
🌸
🐉
🐉
🌸
ဒီညက နေမီးရဲ့ကားပြိုင်ပွဲရှိသည်မို့လို့ နေနိုင် အသွင် သော်တာတို့နှင့် နေမီးခေါ်လာသည့် ဆောင်းမိုးခါးဆိုသည့်ကောင်လေးလဲ နေမီးနှင့်အတူ ပွဲကွင်းထဲရောက်နေကာ ကားပြိုင်မောင်းသည့်နေမီးကို အားပေးစကားလဲဆို သတိလဲအထပ်ထပ်ပေးနေရသည်။ကိုယ့်လူသည် စကေးကြမ်းတာသိပေမယ့် အန္တရယ်လဲများသည့်လမ်းမို့ စိုးရိမ်နေရ၏။
"နေမီး မင်းအဆင်‌ပြေလား"
"အင်း..ပြေတယ်"
"စိတ်ကိုလျော့ထားနော် မောင်းနေကျအတိုင်း ပုံမှန်ပဲ‌သွားနော် ကိုနေမီး"
"အင်"
"ငါ့သားကြီး တော်ပြီးသား အေးဆေးမောင်း"
ဆောင်းမိုးခါးပါ ဘေးကနေတတွတ်တွတ်နှင့်အားစကားပြောပေးနေကာ ပြိုင်ပွဲဝင်အားလုံးကလဲ ကားထဲမှာသူ့နေရာနဲ့သူအသင့်အနေအထားတွင်ရှိနေဆဲ။အပျော်တမ်းဆိုပေမယ့် ပြိုင်တဲ့သူတွေက နည်နည်ရရတော့မဟုတ်ပေ။
နေမီးပုံက တကယ့်နိုင်ငံ့ပြိုင်ပွဲဝင်မဟုတ်‌ပေမယ့် လက်ရွေးစင်တွေနဲ့တန်းတူ လက်ရည်မ‌လျော့ပေ။အခုလဲချိန်းပွဲတစ်ခုကနေ စီစဉ်လိုက်ကြသည့်ပြိုင်ပွဲတစ်ခု၊ကျောင်းတော်ကရန်စလို့ပြောရမလားပဲ။နေမီးကတော့ ဘယ်သူ့ကိုမှဂရုမစိုက်စွာ သူ့ကိုစိန်ခေါ်လာလျှင် တိမ်ပေါ်ကိုတောင်လိုက်တတ်မယ့်လူမျိုးမလို့ ဘယ်သူမှဝင်မတားတော့ပဲ လွတ်ထားပေးခြင်း။မတော်တဆ ဒီညမှာ ရန်ပွဲတစ်ခုလောက်မဖြစ်ဘူးလို့မပြောနိုင်။
တစ်ဖက်ကပြိုင်ဘက်တွေကိုအသာလေး၊ကို့လူကနိုင်မှာဆိုတာကြိုသိနေပြီးသားမလို့ ရင်တမမဖြစ်နေရသည်။ကို့လူက ရှုံးလာရင်တောင် အရှုံးကိုလက်ခံနိုင်ပေမယ့် တစ်ဖက် လောင်းကြေးထပ်ထားသည့်ပြိုင်ဘက်က ဒီတလောမှာ အတော်လေးနာမည်ကြီးနေကာ တစ်ခုခုဆို သွေးဆိုးတတ်သည့်အဆိုတော်"အာသာ"မို့ သူတို့မှာလဲ ဆောင်ရန်ဘာညာတွေကိုလဲ အသင့်ယူလာပြီးသားပါ။
"ဝှစ်"
"1."
"2."
"3."
"4."
"5"
တာထွက်ရန်အတွက် အလံကိုင်ထားသသည့် အဆိုတော် ဒါရာဟာwhistleစတင်မှုတ်လိုက်တာနှင့် ရောင်စုံပြိုင်ကား 5စီးက အသီးသီးစထွက်မောင်းထွက်သွား‌လေသည်။
"ဝူး...ဝူး..ဝူး.."
"နေမီး နေမီး...ဒုန်း..ဒုန်း"
"နေမီး....ဒုန်း...ဒုန်းဒုန်း"
"အာသာ..ဒုန်းဒုန်း"
"နေမီး...ဒုန်းဒုန်း"
"အာသာ...ဒုန်းဒုန်းဒုန်း"
ပြိုင်ပွဲဝင်တွေကိုအားပေးသည့်ဩဘာသံတို့ဟာ အယောက်ငါးဆယ်မ‌က‌သောလူအုပ်ကြီးက ကွင်းတစ်ခုလုံးအပြည့်နှင့်ဖြစ်ကာ ဆူညံသံအပြည့်ဖြစ်သွားရလေသည်။
ထိုစဉ်..ပြိုင်ကားတွေတဝူးဝူးနှင့်ထွက်သွားသည့်နောက်၌ မင်းယမင်း၏ကားအနက်ရောင်လေးက ထိုးစိုက်ချလာတော့ လူတွေထိုအနက်ရောင်ကားမှဆင်းလာသည့်ဂျင်းအဖြူနှင့်လူသားကို အာရုံထပ်ကျလာပြန်သည်။
ထိုလူဆင်းလာသည်နှင့် ဒါရာဆိုသည့် မိန်းမပျိုလေးကသူ့အနားရောက်လာ‌သောကြောင့်ပင်.....
အထူးသဖြင့် မိန်းကလေးတွေရဲ့ မျက်လုံးတို့သည် မင်းယနှင့် ဒါရာဆီကိုအကြည့်တို့ရောက်သွားကာ သူ့အစုနဲ့သူတီးတိုးတီးတိုးနှင့်ဖြစ်လာကြ၏။
"ဟယ်...တွဲ‌ နေကြပြီလား"
"အာ့တစ်ယောက်က တစ်ယောက်ပြီးတစ်ယောက်ပဲနော် မြန်လိုက်တာ"
"အာသာပြီးရင် မင်းယမင်းအလှည့်ပေါ့ ၊သူများတွေများ တုံကင်နဲ့လာကြတာ အားမကျနဲ့"
တစ်ယောက်တစ်ပေါက်နှင့် တီးတိုးသံတို့ကို ဒါရာကမမှုပဲ ထိုမိန်းကလေးအုပ်စုတို့အရှေ့ပင်‌ ခါးထိကောက်ထားသောလှိုင်းထနေသည်ဆံနွယ်ကိုဝဲခါးလိုက်ကာမျက်နှာလေးကို‌ပင့်မော့ထားပြီး ကျော့မော့မော့ပင် မင်းယလက်မောင်းကို ဖက်ထားကာ ဖြတ်လျှောက်သွား၏။
"ကိုနောက်ကျတယ်နော်"
"ဆောရီး"
"သောက်အုံးမယ်မလား"
"ကျေးဇူး"
"မွ"
"ဟက်"
ပါးတစ်ဖက်ကိုအနမ်း‌ပေးခံရရင်း ဒါရာကမ်းပေးသော ဘီယာဘူးကလစ်ကို ဖောက်ချကာ သူအားရပါးရမော့သောက်လိုက်ရင်း တိုးတိုးလေးရယ်၏။
ခါးသက်သက်အရသာဟာ ခါတိုင်းနဲ့မတူတဲ့အရသာကို သူခံစားလိုက်ရတော့ ဘီယာဘူးကိုဟိုဘက်ဒီဘက်လှည့်ပတ်ကြည့်ကာ အနည်းငယ်ပြုံးသွားမိသည်။ဘာမှလဲအပိုမပါဘဲ သူတစ်ယောက်ပဲချိုမြိန်ချင်းရဲ့အရသာကို ခံစားနေရသလား?
မင်းယနှင့်ဒါရာ၏အပြုအမှုတို့ကို အဝေးကကြည့်နေသည့် အသွင်တို့က နှာခေါင်းတရှုံ့ရှုံ့နှင့်လုပ်နေကြပေမယ့် မရှုံ့နိုင်တာက မိုးခါးတစ်ယောက်သာ။
သူ့သူငယ်ချင်းမျက်ကွယ်ရာမှာ ဒီလူရဲ့ ရှုပ်ပွေမှုကို မြင်နေရတာကို သူ့စိတ်တို့ကဒေါသတနုံ့နုံ့ဖြစ်နေရသည်။မိန်းမရပြီးတာတောင် မငြိမ်တဲ့လူပါလား...။
အိမ်မှာတစ်ယောက်ထဲ ကျန်နေခဲ့သည့်ကိုကိုစုတ်တစ်ကောင် တစ်ယောက်ထဲအိပ်ရဲရဲ့လားဟု သူစိုးရိမ်ပြီး စိတ်ပူနေမိပြန်သည်။
မင်းယနှင့်ဒါရာတို့က နေနိုင်၊အသွင်တို့ဆီလျှောက်လာလျှင် နေနိုင်က မင်းယပုခုံးကို လှမ်းဖက်ကာ..
"ခွေးသားလေး မင်းကိုကိုရဲ့ သူငယ်ချင်းရှိတယ်ကွ... အရှိန်နည်းနည်းလျှော့"
"နိုးပါ သားရယ်၊အာ့ကောင်ကိုပါ ငါသံတော်ဦးတင်နေရအုံးမှာလား"
"မိန်းမရပြီးတာတောင် ရည်စားထားသေးတဲ့မင်းကို ငါမအံ့ဩပဲမနေနိုင်ဘူးကွာ...နေမီးလဲရှိသေးတယ် အားနာစရာကြီးကွာ"
တစိတ်ရှိ သူ့ကိုမိန်းမရှိတယ်ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ လိုက်ပိတ်ပင်နေကြပြီး သူ့လုပ်ရပ်တို့ကိုသာ ရှုံချချင်နေကြတာ သူဘာလို့ဒီလိုလုပ်နေရလဲဆိုတာ ဘယ်သူမှတောင် မမေးကြ။
"ဖီလင် မတူတဲ့ခံစားချက်ပေါ့ကွာ"
မင်းယက နေနိုင်တို့ကိုဆိုကာ အသွင့်နားရက်နေသော ကိုကိုသူငယ်ချင်းဘက်ကို မျက်ခုံးပင့်ပြကာ နှုတ်ဆက်လိုက်သည်။ဟိုကောင်လေး သူ့ကိုအတော်လေး မျက်မုန်းကျိုးနေပုံရသည် သူ့ကိုတောင် မသိချင်ယောင်ဆောင်သလိုလုပ်ကာ ဟိုဘက်လှည့်သွားသေး၏။
ပြန်တိုင်လို့ကတော့ သတ်ပစ်မယ်ဟေ့ကောင်...။
နေမီးတို့ကားပြန်မရောက်သေးဘူး သူ့ဘေးတွင် ဘီယာခွံအလွတ်တို့က လေးငါးဘူးမကဖြစ်နေကာ၊စီးကရက်ဘူးတစ်ဘူးကလဲ နှစ်လိပ်သာကျန်တော့သည်။လက်ကြားထဲညပ်ထားသည့် သောက်လက်စစီးကရက်ကိုကြည့်ကာ သူအချိန်တွေကိုတောင် သတိမထားလိုက်မိတာကို သတိရသွားသည်။
ဒီအချိန်ဆို သူ့နဂါးပေါက်လေး အိပ်နေလောက်ပြီ၊သတိရလာသည့်အတွေးတို့ကို ဖျောက်ဖျက်လိုက်ကာ သူ့ကားဘေးရပ်ထားသည့် ကားမှဒါရာကိုကြည့်လိုက်တော့ လူကလဲအာရုံဝေးဝါးနေရုံမက ဒါရာတောင် နှစ်ယောက်သုံးယောက်အမွှာအဖြစ်နဲ့မြင်နေပြီ။ဘယ်ဟာကအစစ် ဘယ်ဟာကအတုမှန်းတောင် မမှတ်မိတဲ့အထိ ရေချိန်ကိုက်နေပြီ...။သူနဲ့အတူ နေနိုင်တို့အသွင်တို့လဲ နှစ်ပင်လိမ်ချင်ချင်။
ခနအကြာတော့ ပြိုင်ပွဲဝင်ကားနှစ်စီးက ရှေ့ဆင်နောက်ဆင့်မောင်းဝင်လာတော့...
"ဝေါ်"
"ဝေါ်"
"ဟေးးးးး........"
"နေမီး"
"နေမီးကွ"
ဘေးနားက ကားတွေစီမှလူတွေရဲ့အသံကြောင့် နေမီးချန်ပီယံဖြစ်ပြီဆိုတာ သိလိုက်သည်။သူလောင်းရ ကျိုးနပ်သွားတာပေါ...
"ဝှစ်....!"
"ဟေး...ရေးးးး"
"ဖြောင်း... ဖြောင်း...ဖြောင်း"
"နေမီး...နေမီး"
"ငါတို့နေမီးကွ"
လေချွန်သံတို့နှင့်လက်ခုပ်ဩဘာသံ‌တို့နှင့် ကားပြိုင်ကွင်းကြီးဟာ ပြန်ဆူညံလာကြ၏။အနက်‌ရောင်ကားပေါ်ကနေ အောင်နိုင်သူအပြုံးချိုချိုနှင့်ဆင်းလာသည့် တွေ့လိုက်တိုင်းအနက်ရောင်ဖြစ်‌နေသည့်လူသားလေးဟာ အဆိုတော် 'အာသာ'ထပ်ပင် ဒီလိုညမှာဆိုဘုရင်တစ်ပါးလို မာန်အပြည့်နှင့်တောက်ပကာ မိန်းကလေးများ၏အာရုံစိုက်ခြင်းကိုခံနေရနေ၏။
အရပ်6ပေမကမြင့်ကာ ယောကျာ်းတစ်ယောက်တွင် ဆွဲဆောင်မှုရှိသည့် တောင့်တင်းကာအချိုးကျသော ကိုယ်ခန္တာကိုယ်လဲပိုင်ဆိုင်ထားကာ ထိုယောကျာ်းလေးထံတွင် ရင့်ကျက်သည့်အသွင်ကိုဆောင်ရုံမက ဩဇာတိက္ကမနှင့်ပြည့်ဆုံသော ဟန်ပန်အမူအရာလဲရှိသည့်လမ်းလျှောက်ဆင်းလာပုံကအစ ယောကျာ်းလေးအချင်းချင်းတောင် ကြွေကျရသည့်အထိ နေမီးသည် စမက်ကျလွန်းနေသည်က သူ့ကိုဘုရားကပေးသည့်ဆုတစ်ခုပင်ဖြစ်ကာ မနာလိုချင်စရာကောင်းလှ၏။မိန်းကလေးတို့ရဲ့ မကြွေချင်စရာမှမကောင်းတာ သူ့ပုံက။
"ဒီည တော်တယ် သားကြီး"
အသွင်နှင့်နေနိုင်က နေမီးကို ပွေ့ဖက်ကာ ချီးကျူးစကားဆိုလေ၏။
"မင်းယ လာပြီလား"
ကားပေါ်ကနေဆင်းဆင်းချင်း ပတ်ဝန်းကျင်တစ်ခုကို အကဲခက်ကာ ပထမဆုံးမေးလာသည့်စကားကြောင့် နေနိုင်နှင့် အသွင်၊ဆောင်းမိုးခါး တို့က မျက်နှာတစ်ချက်ပျက်သွားပေမယ့် နေနိုင်ကပင်အပြုံးတစ်ခု ဖန်ဆင်းကာ ကားတွေကြားလက်ညိုးကို ထိုးပြကာ ..
"အနောက်မှာ စကားပြောနေတယ်"
အပျော်သဘောနှင့်ပြိုင်ခဲ့ပေမယ့် တစ်ဖက်သားကို အရှုံးမပေးနိုင်သည့် စိတ်ဥာည့်တို့‌ကြောင့် အတော်ကြာမှဝင်ပြိုင်ရတာသည့်မို့ စိတ်လှုပ်ရှားနေခြင်းတို့က အခုထိ မပျောက်နိုင်သေးပေ။မင်းယသာဆို သူ့လို စိတ်လှုပ်ရှားနေမှာမဟုတ်‌ဘဲ အေးဆေးလေးပင် အသာလေး မောင်းနိုင်သည်။
အခုတလော အကြောမတည့်နေပေမယ့် သူငယ်ချင်းကသူငယ်ချင်းပေမို့ ဒီညကိုတော့ လာစေချင်သည်။သူတို့အဖွဲ့က ဘာပဲလုပ်လုပ် အမြဲအတူတူပဲ တတ်ညီလက်ညီရှိတတ်သည်မို့ သူလဲသူ့သူငယ်ချင်းရဲ့အားပေးခြင်းကို လိုချင်ခဲ့မိ၏။ ယောက်ဖတော်ကို လိုက်ရှာမိတော့မှ ဒင်းက ပျောက်ချက်သားကောင်းနေ၏။
"ကိုနေမီး ဘီယာသောက်မလား "
"ဝိုင်ပဲ"
"အိုကေ ကျွန်တော်သွားယူလိုက်မယ်"
ဆောင်းမိုးခါးသည် ကားထဲကနေ အသင့်ယူလာသည့် ဝိုင်ပုလင်းနှင့် tequilaတစ်ပုလင်းစီယူလာကာ နေမီးတို့ စုရပ်နေသည့်ဘက်ခြမ်းကို လျှောက်လာကာ ပုလင်းနှစ်လုံးကို မြှောက်ပြကာ သူတို့ဆီလျှောက်လာရင်း....
"Winnerကိုtequiliaနဲ့ ဂုဏ်ပြုမယ်ဗျ"
"ဟ...ဟက်..ဘာမှမဟုတ်တာပါကွာ"
မိုးခါးကမ်းပေးသော ဝိုင်းပုလင်းကို ဖွင့်ပြီး ဒီအတိုင်းမော့ချလိုက်ကာ လျှာပေါ်မှတင် အနံ့ကောအရသာကော အရမ်းမိုက်နေသည့်ဝိုင်ပင်။
ပုလင်းလိုက်မော့သောက်နေသည့်ပုံရိပ်ကအစ ကိုနေမီးသည် အတော်လေးပင် ‌မိမိုက်နေဆဲဟု မိုးခါးကြည့်ရင်း တွေးမိကာ ပြုံးမိသည်။သူတောင် အားကျရသည့် ကိုနေမီးဟာ ဘယ်တုန်းကမှသူ့ပုံရိပ်တို့ဟာ မှေးမှိန်သွားခြင်းမရှိကာ မြင်လိုက်တိုင်းမှာ အထာကျနေဆဲပင်။
Champion ဖြစ်သွားသည့် နေမီးပုံဆီကို အာသာသည် အနားသို့လျှောက်လာကာ သူ့ပုခုံးကိုလာဖက်ပြီး...
"ဒီနေ့ရလဒ်ကို ငါကျေနပ်တယ် ၊နောက်တစ်ခါ ငါတို့မိတ်ဆွေအဖြစ်နဲ့ ထပ်ဆုံကြတာပေါ့ နေမီး"
"Welcomeပါ သားကြီး"
"သွားပြီး နောက်မှတွေ့မယ်"
"အိုကေ...ချီးယား"
"ချီးယား"
နေမီးသည် သောက်လက်စဝိုင်းပုလင်းမြှောက်ပြကာ သူလဲ အေးဆေးပဲဆိုသည့်အထာလုပ်ပြလျှင် အာသာသည် သူ့ဗိုက်ဆီသို့ခပ်ဖွဖွလေးထိုးလိုက်ကာ ပိုရင်းနှီးလာစေသည့်အပြုအမှုကို လုပ်သွားလျှင်သူရယ်၍သာကျန်ခဲ့သည်။
ကိုယ့်ကိုလာမထိရင် ကိုယ်ကလဲ သွားထိသည့်ကောင်မှမဟုတ်တာ။
ဘားမှာထိုင်သောက်ရတာထပ် ဒီလိုသောက်ရတာကိုက ပို၍ပင် မြူးကြွရသည်။သူတို့ပင်မဟုတ် တစ်ခြားသော သူတွေလဲ သူတို့လိုပင် ကိုယ်စီကိုယ်စီ ကိုယ်ကြိုက်တာကို ယူလာကြကာ ‌အလျှိုလျှိုသောက်နေကြ၏။မီးရောင်စုံအောက်မဟုတ်ပေမယ့် ၊ကားမီး‌ရောင်တို့ဝိုင်းထိုးထားသည််ကွင်းပြင်ကြီးက partyပွဲတစ်ခုလိုပင် စည်ကားသိုက်မြိုက်နေ၏။
နေမီးနှင့်မိုးခါးသည် စကားပြောနေရင်းနှင့် နေမီး၏ မျက်လုံးအကြည့်တို့က တစ်နေရာကိုရောက်သွားလေလျှင် မျက်ခုံးနှစ်ဖက်က တွန့်ကုတ်ကျလာပြီး သွားကြိတ်ထားကာမေးရိုးတို့ပါ တင်းကာလာသည်။
"တောက်"
တောက်ခေါက်သံနှင့်အတူခြေလှမ်းကြဲဖြင့် ထိုကားအနားဆီသို့ရောက်လာကာ အနမ်းဖလှယ်နေသည့်မြင်ကွင်းတစ်ခုလုံးကို သူဖယ်ရှားလိုက်ကာ လက်ကိုတတ်နိုင်သမျှဆုတ်ထားပြီး မျက်နှာကိုတည်းတည့်ချိန်ကာ အားရှိသလောက်ထုတ်ကာထိုးချလိုက်သည်။
ဒါရာကတော့ ဘာမှမသိပဲ ကြောင်တောင်တောင်နှင့် သူတို့အနားတွင်ရပ်နေကာ အော်ဟစ်မိသွားကာ...
"အား...."
"ခွပ်"
"ခွေးသူတောင်စား..ခွပ်"
"တစ်ခါတည်း‌ သေစမ်း"
"ခွပ်"
"နေမီး တော်တော့"
"ကိုနေမီး"
"ငါမတော်နိုင်ဘူး ..ငါ့ကိုလာမဆွဲနဲ့အသွင် ငါမဟုတ်ရင် ဒီသူတောင်စားသေမှ ဖြစ်မယ်"
"တော်တော့နေမီး ဘယ်သူမှ သေစရာမလိုပါဘူးကွာ"
"တောက်"
နေမီးဘက်ကိုအသွင်ကဝင်ဆွဲ မိုးခါးကဝင်တားပေးကာ မင်းယကိုတော့ သော်တာနှင့် နေနိုင်က လှမ်းထိန်းပေးလိုက်ရ၏။
မျက်နှာတစ်ခုလုံးကို ရစရာမရှိအောင် ထိခိုက်ထားပြီး မူးနေသည့်အာရုံတို့ပါ ဘယ်ပျောက်လို့ပျောက်သွားမသိပေမယ့် နာကျင်မှုကိုလဲ သတိမပြုပဲမင်းယက ခနဲ့တဲ့တဲ့ပြုံးပြုံးလိုက်ကာ...
"ဟက်"
"ငါယောက်ျားကောင်း တစ်ယောက်မဟုတ်ဘူးလို့ မင်းပြောခဲ့တယ်မလား၊အခုက ငါမင်းပြောတဲ့အတိုင်းပဲ ဘယ်မှာမှားနေလို့လဲ"
"ငါ့စကားအတိုင်း မင်းရွဲ့နေတာလား မင်းကိုယ်၌က ဒီလိုကောင်လားဆိုတာ မင်းပဲသိမယ်၊မင်းဒီအချိုးချိုးနေတာ တစ်ခါနှစ်ခါမကတော့ဘူးကွ၊ သူစိမ်းမဟုတ်ဘူးနော် မင်းယ မင်းသူငယ်ချင်းဆို‌တဲ့ကောင် ငါ့ကိုနော် "
"သူငယ်ချင်း ဟုတ်လား ၊အခုမှ သူငယ်ချင်းတဲ့လား၊ငါဒီလို လူမျိုးဆိုတာ မင်းသိပြီးသားပဲ"
မျက်ခုံးတစ်ဖက်ကို ဟန်ပါပါတွန့်ပြ၍ ဆိုလေသည်။
သူဒီလိုလုပ်လာတော့မှ သူငယ်ချင်းလာတော်နေတာလား?မင်းနဲ့မတန်ဘူးလို့အထပ်ထပ်အခါခါ ဝေဖန်ခဲ့တာကရော သူ့ကိုသူငယ်ချင်းတစ်ယောက်လို သဘောထားပြီး ပြောခဲ့တာလား? သူ့မှာ ဘာအားနည်းချက်ရှိလို့ ကိုကို့ကို ချစ်လို့မရမှာတာလဲ?
ဘာလို့ ချစ်ဖို့အခွင့်အရေးသေးသေးလေးတောင်မပေးခဲ့ရလဲ?
"ငါချစ်လို့ရတဲ့သူကို ငါချစ်နေတာ ၊ငါချစ်လို့မရတဲ့ ..."
"ခွေးကောင်...လူကို မင်းနယ်ရုပ်များမှတ်နေလား ဟမ်?"
"ဟုတ်တယ်..ငါ့နယ်ရုပ်သာသာပဲ"
ထိုအခါ ဒီဂရီမြင့်တတ်နေဆဲဒေါသတို့က ထပ်ပြီးသွေးဆူလာကာ မင်းယအနားကို ထပ်ရောက်လာကာမင်းယကလဲ ဒီတစ်ခါ အလျှော့မပေးဖို့ စိတ်ကူးထားကာ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်ကြ၏။ဝိုင်းတားနေသည့်သူတွေက တစ်ချက်လောက်ကြောင်သွားကြပေမယ့် သူတို့နှစ်ယောက်ကို ပြန်တားကြရပြန်သည်။
ချစ်လိုက်ကြသည့်သမီးယောက်ဖနှစ်ယောက်ကြောင့် ကွင်းတစ်ခုလုံးက သူတို့အနားတွင် လူစုကာ အဝိုင်းပုံစံနှင့် လူအုပ်တစ်ဖွယ်ဖြစ်လာကြကာသူတို့ကို ဝိုင်းကြည့်ကြကုန်၏။ဘာဖြစ်နေကြလဲဆိုတာ ဘယ်သူမှလဲမသိကြ။
စကားအရဆို ဒီနှစ်ယောက်က ရိုးသားကြရဲ့လား မရိုးသားဘူးလားဆိုတာ မေးချင်နေကြကာ သူတို့ထင်နေသလိုအမျိုးမျိုးတွေးကြကုန်၏။
"ခွပ်.... ခွပ်"
"ခွပ်"
"xီးပဲဟေ့ကောင် တစ်ခါပဲအလျှော့ပေးမယ်၊မင်းဘဲ လက်ပါတတ်တာ မဟုတ်ဘူးကွ ထိုးချင်အုံး ငါ့ကို..ကဲ့ကွာ"
"ခွေးသား"
"ခွပ်"
"xီးပဲ...xီးပဲ xီးပဲ"
မင်းယ ဒေါသအဟုန်ကို အရှိန်မလျှော့ပဲထုတ်လွင့်ကာ မိုးမွှန်းအောင် ထဆဲ‌တော့သည်။
ဒီရင်ဘက်မှာ မြိုသိပ်ထားရတာ သိပ်ပင်ပန်းနေပြီ။ဒီ့နေမှ ပြန်မလုပ်ရင် သူဘယ်တော့မှ ပြန်လုပ်မိတော့မည်မဟုတ်ပေ။ခံရခက်သည်။
"တော်တော့ မင်းယ နေမီး မင်းလဲတော်တော့"
သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်တာဟာ အကြောင်းတစ်ခုကို ဦးတည်နေပေမယ့် ဒီလိုနေရာမှ ဖြစ်နေကြတာ အဆင်မပြေလှ။တစ်စိမ်းနှင့်ထပ် ကိုယ့်အချင်းချင်းကြားမှာမှ ဖြစ်ရလေသည်မို့ နေနိုင်က ဒီနှစ်ယောက်ကို ဝင်တားရပြန်သည်။
"အချင်းချင်းတွေပါကွာ"
"ဒီကောင် ငါ့ကို ဘယ်တုန်းကမှ အချင်းချင်းလို သဘောမထားခဲ့ဘူး နေနိုင်၊သူဘာလုပ်လိုက်လဲ သူသိတယ်"
"နေမီးရာ မင်းစိတ်လျော့ကွာ..နော်...လက်မပါကြနဲ့တော့ကွာ"
"ငါသိတာပေါ့ ငါချစ်တဲ့မိန်းကလေးကို ငါနမ်းတာ ဘာဖြစ်လဲ"
"ခွေးသား"
မင်းယက ပုခုံးတစ်ဖက်ကို ဟန်ပါပါတွန့်ပြလိုက်ပြီး ဘောင်းဘီအိပ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ ကျန်တစ်ဖက်သည်အသွင့်စီက သောက်လက်စ လက်ကြားထဲက စီးကရက်ကိုယူကာ နှုတ်ခမ်းနားတွင် တေ့ကာဆို၍ ကျောခိုင်းလာခဲ့သည်။
ငါလဲ နာကျင်ရတာပဲနေမီး ၊မမျှော်လင့်ပဲနဲ့ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ ငါ့ကိုငါလဲ မုန်းတယ် ၊မင်းငါ့ကို မုန်းနေသလို ငါ့ကိုငါလဲမုန်းမိတယ်။
ကိုကို့ကိုမှ ငါချစ်မိသွားတယ် မင်းငါ့ကိုသူ့အဝေးမှာ နေစေချင်ပေမယ့် ငါသူနဲ့ဝေးဖို့ ဘယ်တော့မှ စိတ်မကူးဘူး။
"မင်းက ဘာကောင်လဲ သိလား မင်းယ"
နေမီးက သူတို့အနားကနေကျောခိုင်းသွားသည့် ကျောပြင်ကို လှမ်းအော်တော့ နောက်ကိုတစ်ချက်မျှပြန်လှည့်မကြည့်ပေမယ့် ...သူလျှောက်နေရာမှ ရပ်သွားလျှင်........
"မင်းယ...မင်းက Rapistတစ်ယောက်ပဲ၊ဘယ်တော့မှပြောင်းလဲသွားမှာ မဟုတ်တဲ့ မကောင်းဆိုးဝါးမုဒိန်းကောင် ၊အဲ့တာမင်းဆိုတဲ့ကောင်ပဲ"
ဒီစကားလုံး..
ဒီအခေါ်အဝေါ်...
သူ့တစ်သတ်သက်လုံး ပြုပြင်၍မရသော အခေါ်အဝေါ်တစ်ခု သူ့ကိုဆိုလိုနေသည့် နာမ်စားတစ်ခု...
သူကြောက်ရွံ့နေခဲ့သည့် စကားလုံးကိုမှ နေမီးပါးစပ်ကက ထိုသို့ပြောလေလျှင် မင်းယသည် လေဟာနယ်ထဲရောက်သွားသလိုဖြစ်ကာ သူ့ခန္တာကိုယ်မှ သွေးများပင်မလည်ပတ်တော့ပဲ အေးစက်လာသလိုခံစားရသည်။နောက်ဆုံးတော့ နေမီးဆီက ဒီအခေါ်အဝေါ်ထွက်လာပြီပဲ...
နေမီးကို သူတစ်ခုခုပြန်လုပ်ချင်နေတယ်။သူဘာလုပ်မှ နေမီးက ဒီအခေါ်အဝေါ်ကို မပြောတော့မှလဲ တွေးမိတော့ သူ့မျက်လုံးတို့က ကံကောင်းစွာပင် မိုးခါးလက်ထဲက ပုလင်းတစ်လုံးကိုတွေ့လိုက်၍ နေမီးဆီသို့ သူတန်းတန်းမတ်မတ်ပင်လျှောက်လာကာ ယူလိုက်ပြီး သွေးအေးစွာပင် လက်မှအားစိုက်ထုတ်ကာ ထိုပုလင်းလေးကို နေမီးခေါင်းနှင့်တည့်တည့်ချိန်ကာ...
"တာဝန်ယူပေးလိုက်တာကိုပဲကျေးဇူးတင်နေလိုက် မင်း‌မေxxxx"
"ကလွမ်"
"ဟင်!"
"နေမီး"
"ဟယ်"
"အို "
နေမီးပုံသည် ငြိမ်ကျသွား၍ခွေကျသွားလေသည်။
××××××××××××××××××××××××××××××××××
Part19ဆက်ရန်....
Drabin-one
🐉
🌸
🐉
🌸
🐉Part18🐉
ပျော်နေမှာပေါ့...
ထိုစဉ်....
"ဟင်.....ဪ...ဟုတ်ကဲ့"
"ဟင်...အပြင်....အင်.."
"ကိုယ"
"ကိုယ"
"ရော့"
"ဘာလဲ"
"ကိုကိုရေးထားတဲ့ စာ"
"အင်း"
"အင်း......ဟုတ်တယ်"
"ငါကြားတယ် အော်မနေနဲ့"
🌸
🐉
🐉
🌸
"နေမီး မင်းအဆင်‌ပြေလား"
"အင်း..ပြေတယ်"
"အင်"
"ဝှစ်"
"1."
"2."
"3."
"4."
"5"
"ဝူး...ဝူး..ဝူး.."
"အာသာ..ဒုန်းဒုန်း"
"နေမီး...ဒုန်းဒုန်း"
"အာသာ...ဒုန်းဒုန်းဒုန်း"
"ဟယ်...တွဲ‌ နေကြပြီလား"
"ကိုနောက်ကျတယ်နော်"
"ဆောရီး"
"သောက်အုံးမယ်မလား"
"ကျေးဇူး"
"မွ"
"ဟက်"
"ဝေါ်"
"ဝေါ်"
"ဟေးးးးး........"
"နေမီး"
"နေမီးကွ"
"ဝှစ်....!"
"ဟေး...ရေးးးး"
"နေမီး...နေမီး"
"ငါတို့နေမီးကွ"
"ဒီည တော်တယ် သားကြီး"
"မင်းယ လာပြီလား"
"ဝိုင်ပဲ"
"Welcomeပါ သားကြီး"
"အိုကေ...ချီးယား"
"ချီးယား"
"တောက်"
"အား...."
"ခွပ်"
"ခွေးသူတောင်စား..ခွပ်"
"တစ်ခါတည်း‌ သေစမ်း"
"ခွပ်"
"နေမီး တော်တော့"
"ကိုနေမီး"
"တောက်"
"ဟက်"
"ခွပ်.... ခွပ်"
"ခွပ်"
"ခွေးသား"
"ခွပ်"
"xီးပဲ...xီးပဲ xီးပဲ"
"အချင်းချင်းတွေပါကွာ"
"ခွေးသား"
ဒီစကားလုံး..
ဒီအခေါ်အဝေါ်...
"ကလွမ်"
"ဟင်!"
"နေမီး"
"ဟယ်"
"အို "
××××××××××××××××××××××××××××××××××
Part19ဆက်ရန်....
Drabin-one
Continuă lectura
O să-ți placă și
1.2M 63.3K 50
298K 17K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
247K 39.9K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
400K 36.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ