🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸
🌸Part 9🌸
ကျောင်းမဖွင့်ခင်အချိန်အတွင်းတွင် ကိုကိုနှင့် ဆောင်းမိုးခါးသည် အချိန်တွေအားယားနေသဖြင့် အပြင်မှာ မကြာခဏတွေ့မိကြသည်။ အခုလည်း နှစ်ယောက်သား ဟိုတယ်တစ်ခုကကော်ဖီဆိုင်တစ်ခုမှာ အေးအေးလူလူစာဖတ်ကြရင်း အချိန်ဖြုန်းနေကြ၏။
အချိန်ဘယ်လောက်တောင် ကြာလိုက်မှန်းမသိ ခွက်ထဲကကော်ဖီနွားနို့foamတို့ဟာ ခွက်၏ထောင့်ဘက်တွင် တစ်ရစ်ပီးတစ်ရစ်ဖြစ်နေကာ ခြောက်တောင်ခြောက်နေသေး၏။
လက်ထဲမှာကိုင်ထားသည့် ပါရဂူ၏ "သူ့လိုဘုရင်" ကလဲ လက်မလွှတ်ချင်လောက်အောင်တော်တော်လေးကောင်းနေသည်မှာ အချိန်ကိုတောင် သတိမထားလိုက်မိလိုက်။
လေးနာရီထိုးနေသလို ခဏနေရုံးဆင်းချိန်နှင့်တိုးလျှင် ကားကြပ်နေမည်ဆိုးသဖြင့် ပြန်မလို့ ဆောင်းမိုးခါးကိုလှမ်းခေါ်ဖို့အလုပ် ကိုကို့အရှေ့မှာ မြင်လိုက်ရသည့်မြင်ကွင်းက သိပ်ကိုလွမ်းနေသည့် ကိုကိုနေမီးပင်ဖြစ်နေ၏။
"ကိုကို့နေမီး"
ပါးစပ်ကတိုးတိုးလေးသာ လွှတ်ခနဲ့ထွက်မိသည်။ မိုးခါးက ကိုကိုဆီကကိုနေမီးလို့ကြားလိုက်တော့ ကိုကိုကြည့်နေသည့် နေရာအနောက်ဘက်သို့လှည့်ကြည့်တော့ ကိုနေမီးပုံသည်မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည့်ဟန်နဲ့။
"ကိုကြီး မဟုတ်လား မိုးခါး"
"အိုး"
နေမီးပုံကို မိန်းကလေးတစ်ယောက်က လှမ်းဖက်လိုက်သည့်မြင်ကွင်း....
နောက်ကျောကနေမြင်ရပုံနှင့်တင် တော်တော်လေးကို ရင်းနှီးသည့်ဆက်ဆံရေးမှန်းသိပေမယ့် အခုချိန်မသွားသင့်မှန်းသိပေမယ့် ကိုကိုသည် ကိုကြီးကိုတအားလွမ်းနေသည့်စိတ်က ဘာကိုမှမစောင့်နိုင်သောကြောင့် ကိုကြီးဆီပြေးသွားမိသည်။
ဒါပေမယ့်ကိုကို လမ်းတစ်ဝက်မှာတင် နောက်ထပ်လူတစ်ယောက်က ကိုကြီးဆီပြေးလာပြီး ကိုကြီးကိုတစ်ချက်ထဲနှင့်အလဲထိုးလိုက်သည်ကို တွေ့လိုက်ရ၍ ရပ်လိုက်မိသွား၏။ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည့်အထိ အံအားသင့်သွားပြန်၏...
ပိုပြီးအံ့ဩရတာဟာ 'ကိုယ'သည် ကိုကြီးကိုထိုးလိုက်တာမလား။
"ကိုကြီး"
"ကိုကြီးကို မလုပ်နဲ့..."
မိုးခါးကပါအနားသို့ပြေးရောက်လာကာ နေမီးကိုပြေးထူလိုက်ပြီး နေမီးကမထသေးဘဲ ထိုအတိုင်းပင် ကြမ်းပြင်ပေါ်တွင်ထိုင်နေရင်း မျက်နှာကသွေးတို့ကို သုတ်ကာကြည့်၍ အားရကျေနပ်သည့်အပြုံးနှင့်မော့ကြည်နေခြင်းဟာ မင်းယမင်းကို သူအနိုင်လိုက်ရသည့်လူနှယ်...။
"နေရာတကာ ပြဿာနာတတ်အောင် မရှာပါနဲ့လား ဟမ်"
ကိုကို့သည် သူ့ရှေ့တွင်မားမားရပ်ကာ သူ့ကိုမော့ကြည့်ပြီး အသံမာမာနှင့်ဆိုလေလျှင် သူဟာ ဟက်ခနဲ့တစ်ချက်ရယ်ပြစ်ကာ လေပါချွန်လိုက်ပစ်သေး၏။ မုန်းစရာကောင်းလိုက်သည့်လူ့သတ္တဝါရုပ်မျိုး မကောင်းဆိုးဝါး....
"မင်းအစ်ကိုဘာလုပ်လိုက်လဲ မင်းမသိချင်ဘူးလား"
သူ ကိုကိုအနားသို့လျှောက်လာပြီး အသံတို့ကစသွေးအေးစွာထွက်ကျလာရင်း ကိုကို၏ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်၍ သူ့နှုတ်ခမ်းဖျားက ထွက်လာသည့်အသံတို့သည် အတော်လေးကိုရွံ့စရာကောင်းလှ၏။
"မင်းအစ်ကိုက ငါ့ရည်စားနဲ့ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေတာ မင်းမြင်အောင်မကြည့်တတ်ဘူးလား"
ဟု ကိုကို့နားထဲသို့ မယုံကြည်နိုင်စရာကောင်းသော ကျက်သရေမရှိသည့်စကားတို့ကိုဆိုလေလျှင် ကိုကိုသည် ပခုံးနှစ်ဖက်ပေါ်မှသူ့လက်ကို ဖယ်ပုတ်ချလိုက်ပြီး ကိုကြီးရှိသည့်ကိုကို့အနောက်ဖက်ကို တစ်လှမ်းလောက်ဆုတ်လိုက်မိရင်း လက်တီးကိုကျစ်ကျစ်ဆုပ်ကာ သူ့ကိုသူလိုပြန်လည်တုပပြီးတော့ ခနဲ့သဲ့သဲ့အပြုံးဖြင့်ပြုံးပြလိုက်ကာ...
"ကိုကို့နေမီးက အဲ့လိုစိတ်ရှိတဲ့နင့်လိုလူစားမျိုးမဟုတ်ဘူးဆိုတာ နင်ရောငါရော ကောင်းကောင်းသိမယ်ထင်တယ် မင်းယမင်း"
ဟု တစ်လုံးချင်းကို အေးစေးစွာပင်တုံ့ပြန်လိုက်မိသည်။
ဟုတ်သည် သူသာ ကိုကြီးကိုထို့သို့မပြောခဲ့ဘူးဆို ကိုကိုသည် ဒီစကားကို ဘယ်တော့မှရွေးချယ်ပြီး ပြောခဲ့လိမ့်မည်မဟုတ်ပါ။
ကိုယကြောင့် ဒီရင်ဘက်ကအခုပြောလိုက်သည်ထက် ၍ပိုနာကျင်ရတယ်ဆိုတာကိုယတစ်ယောက် သိနေမှာ မဟုတ်ဘူး.....
မင်းယသည် သူ့ကို ကြည်လင်တောက်ပပြီး မျက်ရည်ပြည့်အိုင်နေသောမျက်ဝန်းနှင့် သွေးအေးရက်စက်သည့်လေသံတို့ဖြင့် တစ်လုံးချင်းကိုဆိုနေသည့်သူမသည်တစ်ချက်မျှတောင် မတုန်သွားသည့်အသံတို့အောက်မှာ ရင်ခုန်နေသည့် သူ့နှလုံးသားတစ်စုံကိုလည်း စွဲဆုပ်ကိုင်ဆွဲလိုက်သလိုပင် တင်းတင်းကြပ်ကြပ်ကြီး ခံစားလိုက်ရသည်။
"ကိုကို"
သူ့လက်တစ်ဖက်က လေပေါ်သို့မြောက်တတ်သွားသည့်အခါ ကြိုတင်တွက်ထားပြီးသားအဖြေကြောင့်မျက်နှာကိုပင့်မောထားပေးကာ မျက်လုံးတို့ကို ပိတ်ထားရင်း ငြိမ်သက်စွာရပ်နေဆဲ...
"ရိုက်လိုက်ပါ"ဟု စိတ်ထဲကဆိုနေမိသည့်အထိ ရင်ဘက်ထဲ နာကျင်ရသည့်ခံစားချက်ကော သူ့ရိုက်ချက်တို့ကို ကိုကိုဘယ်လိုခေါင်းစဥ်တပ်လိုက်ရမလဲ...အမုန်းလား...
သူသာရိုက်လိုက်မယ်ဆို ကိုကိုတကယ်ကိုနာကျည်းမုန်းသွားမိမယ်ဆိုပေမယ့် ကိုယဟာ ကိုကိုထင်မှတ်မထားသည့် လုပ်ရက်တို့ကိုသာ ထပ်မံလုပ်ချသွားပါသည်။
ကိုယသည် ကိုကို့ရဲ့ပထမဆုံးဆိုသည့်အရာများစွာကို အတင်းအဓ္ဓမသိမ်းပိုက်တတ်သူတစ်ယောက်ပင်......
ကိုကို့ရဲ့ပထမဆုံးအနမ်းကို သူသိမ်းပိုက်ခဲ့ရုံမက အခုဒုတိယအနမ်းကိုလည်း သူပဲအတင်းယူပြန်သည်။
မင်းယ...
သူ့ကို ခံရခက်စေသည့်စကားလုံးကို သုံးသွားသည့်နှုတ်ခမ်းကို အပြစ်ပေးချင်ရုံနဲ့သူမ၏နှုတ်ခမ်းလုံးလုံးလေးကို သူဖိကပ်နမ်းပစ်လိုက်ပေမယ့် ထိုအပြစ်ဒဏ်အောက်က အနမ်းတို့ကို သူဘဲကျရှုံးရပြန်သည်။
စူပွတ်ထထွက်လာသည့်သူ့ဒေါသတို့ကို ကိုကိုဆိုသည့်ကောင်မလေးက ရင်ခုန်သံအဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိ၏။
ဖိကပ်နမ်းရုံလေနှင့်တင် သူမဆီကမျက်ရည်တို့သည်ပါးပြင်ပေါ်တွင်လိမ့်ကျလာလျှင် သူသည် ပတ်ဝန်းကျင်တို့ကို ခဏမျှလောက်မေ့ထားပြီးသူမ၏ပါးပြင်တစ်လျှောက်မျက်ရည်တို့ကို လိုက်နမ်းနေမိသည့်အထိ။ ငံနေပေမယ့် ချိုမြလွန်း နေသည်ဟု။
အသိစိတ်ပြန်ဝင်လာ၍ သူလွှတ်ပေးလိုက်တော့မှ သူမသည် အသက်ကိုနှုတ်ခမ်းနှစ်လွှာကိုဝိုင်းစက်သွားတဲ့အထိဖွင့်ကာ လေကိုဝဝရှူလိုက်ရတော့သည်။
"နှာဘူး လူယုတ်မာ"
" ဒီလူယုတ်မာက မင်းယောက်ျားပဲဆိုတာ ခေါင်းထဲမှတ်ထား "
သူ့နှုတ်ခမ်းဖျားပေါ်က သူမ၏မျက်ရည်စတို့ကို လက်ခုံဖြင့်ပွတ်သုတ်ကာ တစ်ဖက်ထဲမှာသာပါသည့်ပါးချိုင့်ကိုခွက်ဝင်သွားသည့်အထိ ကြောက်စရာကောင်းသည့် ညစ်ထေ့ထေ့မဲ့ပြုံးနှင့်ဆိုလေ၏။
ခေါင်းစဉ်အမျိုးမျိုးနဲ့ တပ်လိုက်စမ်းပါ ငါကမင်းအတွက် ဘယ်တော့မှလူကောင်းတစ်ယောက်မှမဟုတ်တာမို့ ။
ဒီမကောင်းဆိုးဝါးလူယုတ်မာကို ထပ်မမြင်ချင်၍ ကိုကိုသည် ကိုကြီးနှင့်မိုးခါးကိုခေါ်ကာ သူနဲ့သူ့ရည်စားဆိုသည့် မိန်းမကိုကျောခိုင်းခဲ့ကာ ထိုနေရာမှထွက်လာတော့သည်။ ဒီနေရာကို သေတောင်မလာတော့ဘူးဟု။
ကိုကြီးမျက်နှာကို ကြည့်လိုက်တော့ အညိုအမဲစွဲနေပြီ။ အသားက ဖြူနေတော့ ပို၍ပင်အရောင်ပေါ်နေပြန်သည်။ ကိုကိုစိတ်မကောင်းလိုက်တာ ကိုကြီးရယ်.....
"ကျွန်တော်ဆေးသွားဝယ်လိုက်မယ်"
"ရတယ်"
"ရလို့ ရမလား ... မျက်နှာတစ်ခုလုံးမှာ ယောင်ကိုင်းနေတာပဲ သွားဝယ်ရမယ်"
မိုးခါးကိုဆေးသွားဝယ်ခိုင်းကာ ကိုကိုသည် ကိုကြီးပါးကို ဖြေးဖြေးလေးကိုင်ကြည့်ပြီး လွယ်ထားသည့်အိတ်ထဲက အနာကပ်ပလာစတာတစ်ခုကို ကိုကြီးမျက်ခုံးနားသို့ ကပ်လိုက်ရင်း...
"ကိုကိုတို့အိမ်ပြန်ရအောင်"
"ဘယ်အိမ်ကိုလဲ"
"ကိုကိုတို့အိမ်ကိုပေါ့"
"အဲလိုလုပ်လို့မရဘူးကိုကိုလေး ကိုကိုလေးက ကို့ယောက်ျားကိုပစ်ထားပြီး ဘယ်အိမ်ကိုပြန်မလို့လုပ်နေတာလဲ"
"သူနဲ့မှမနေချင်တာ သူကိုကြီးကိုလုပ်သွားတာကြည့်ပါအုံး.... လူကြားထဲ ပြဿာနာရှာတယ် ကိုကြီးကိုလည်း မဟုတ်ကဟုတ်ကတွေစွပ်စွဲသေးတယ် ကိုကို,ကိုလည်းလူကြားထဲအရှက်ခွဲတယ်"
"အဲဒီအကြောင်းပြချက်နဲ့ဆို ကိုကိုလေးအိမ်ပြန်လို့မရဘူး။ အဲဒါက ကိုကြီးနဲ့မင်းယကြားက ကိစ္စ... သူငယ်ချင်းအချင်းချင်းကြားက ပြဿနာသေးသေးလေးတစ်ခုပဲ ကိုကိုလေးနဲ့မဆိုင်ဘူး၊ ပြီးတော့ စောစောကလို အပြုအမှုမျိုး နောက်တစ်ခါ မင်းယကို မလုပ်မိစေနဲ့၊ ကိုယ့်ယောက်ျားကို နင်နဲ့ငါဆိုပြီး မသုံးနှုန်းရဘူး ကို့ယ်ထက်အကြီးကို... ရိုင်းစေတယ် ဟုတ်ပြီးလား...
ကိုကြီးကိုချစ်လို့ ကာကွယ်ပေးတယ်ဆိုတာကိုသိပေမယ့် သူက ကိုကိုလေးရဲ့သက်ဆိုင်သူတစ်ယောက် ကိုကြီးစကားကိုနားထောင်နော် ကိုကိုလေးက လိမ္မာတဲ့ကလေးပါ"
ကြည့်လေ...
ကိုကို့နေမီးဟာ သူ့သူငယ်ချင်းကို ဘယ်လောက်တောင် ချစ်တတ်လည်းဆို....
ကိုယ့်ကိုလည်း လာထိုးတာတောင် တစ်စက်မှတောင်အပြစ်မယူတဲ့အပြင် သူမမှာကိုကြီးဘက်ကပါပြီးနာတာတောင် ကိုကြီးက ကိုကို့ကို အပြစ်ပြောနေသေးသည်။ အဲ့လူလား သူများရည်စားကို လုမယ့်သူ...
မင်းယလို လူများမှတ်နေလား လုံးဝကို ယှဥ်လို့မရတာ...
ဆေးထုတ်နှင့်မိုးခါးရောက်လာပြီး နေမီးပုံမျက်နှာတစ်ဝိုက်အနှံ့ အရက်ပြန်ကိုဂွမ်းစနှင့်တို့ရင်း လိုက်သုတ်ကာ အနာကျက်ဆေးအရည်ကိုထပ်လိမ်းပေးလိုက်သည်။
ဒဏ်ရာနဲ့တောင် ကိုကြီးဟာတည်ကြည်ခံ့ညားမှုတို့က ကိုကိုကြည့်လို့မဝ။ ချစ်လိုက်ရသည့်ကိုကို့နေမီးမျက်နှာချောချောလေးကို သူမှလုပ်ရပ်လေခြင်း။ရက်စက်လိုက်သည့်မြေခွေးဟု ကိုကြီးကို ဆေးထည့်ပေးရင်းနဲ့ သူ့ကိုလည်း မေတ္တာပို့နေမိသည်။
"မင်းယဆီ ပြန်ရမယ်နော်"
မပြန်ချင်ပါဘူးဆို အတင်းကိုပြန်ခိုင်းနေသည့် ကိုကြီးကို မျက်စောင်းထိုးပစ်ကာ..
"ကိုကြီးလိုက်ပို့ပေးရင် ပြန်မယ်"
"ဟား..ဟား.."
အားရပါးရရယ်မောနေသည့်ကိုကြီးကို ကိုကိုသည် မျက်တောင်မခက်ဘဲ ကြည့်နေမိသည်။ ကိုကြီးရယ်မောနေသည့်ပုံစံကို ကိုကိုမမြင်ရတာကြာ၍ နောက်ထပ်ဘယ်အချိန်မှန်းမသိ ကိုကြီးရဲ့ရယ်မောနေတဲ့ပုံကို မသေချာတာမလို့ အခုကို ကိုကိုအဝကြည့်ထားရမည်။
"ကိုကို့နေမီးကို ချစ်တယ်"
"ကိုကြီးလည်း ကိုကိုလေးကိုချစ်တယ်"
ကိုကိုသည် ကိုကြီးအပေါ်ကို တခါတလေဆို ကိုကို့နေမီးလို့ခေါ်တတ်သည်။ ကိုကိုတစ်ဦးတည်းသာ ကိုကိုပိုင်သည့် ကိုကို့ရဲ့အစ်ကို ကိုကိုချစ်ရသည့် ကိုကို့နေမီး။ ကိုကိုသိတတ်စအရွယ်ချိန်ထဲက အမြဲတမ်း ကိုကြီးနဲ့အတူတူကြီးပြင်းချင်လာသည့် စိတ်ဆန္ဒတစ်ခုကို တောင်းတနေမိပေမယ့် ဘယ်တော့မှပြန်မရတော့ပေ ကိုကို့ကိုအနွေးဓါတ်ပေးသည့် ကိုကိုနေမီး။
"ကိုကြီးဆိုင်ကယ်နဲ့လာတာမလို့ ကိုကိုလေးကို နောက်တစ်ခေါက်မှလိုက်ပို့ပေးမယ် အခုတော့မိုးခါးပဲ ပို့ပေးလိုက်နော် ညီ"
"ဟုတ်ကဲ့ ကိုနေမီး"
နေမီးသည် သူ့ကို အထွန့်တတ်ချင်နေသည့်ကိုကိုလေး၏ နဖူးကိုနမ်းကာ ဆံပင်တို့ကိုဖွလိုက်ရင်း...
"ငါ့ကိုကိုလေးတောင် လူကြီးဖြစ်လာပြီ"
"ဟီး..ဟီး..."
"ဟက်"
မိုးခါးပါ လိုက်ရယ်မိသည်။ သူ့သူငယ်ချင်းက လူကြီးတစ်ယောက်လို တစ်ကယ်ပဲအရွယ်ရောက်လာတာကိုတော့ သူလည်းထောက်ခံလိုက်ပါသည်။
"ကိုကြီးသွားပြီးနော်"
"ဟုတ်"
"ဂရုစိုက်ပြန်ကျ မိုးချုပ်နေပြီ"
"ဟုတ်ကဲ့ဗျ"
"ငါတို့လည်း ပြန်ကျရအောင်"
ကိုကြီးအရိပ်ပျောက်သွားသည့်အထိ ကိုကိုလိုက်ကြည့်ပြီးကာမှ ကားပေါ်တတ်ကာ ဟိုတယ်မှမောင်းထွက်လာသည်။
အိမ်ကိုမြန်မြန်ပြန်မရောက်ချင်ပေမယ့် မိုးခါး၏ကားမောင်းကျွမ်းကျင်မှုကြောင့် ကိုကို့မှာအိမ်ရှေ့ကို ဘယ်လိုဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဘူး။ တကယ်ပါပဲ ဒီကောင်က ကိုကြီးတစ်ခွန်းဆိုတစ်ခွန်းပဲ လိမ္မာနေသည့်လောရှည်။
နှစ်ယောက်သား ကားလေးကထဲကနေအိမ်ထဲကို လှမ်းလျှိုးကာ သူ,များအိမ်ရောက်နေမလား ဟုမော့ကြည့်တော့ အိမ်ရောက်ပုံမပေါ်တာကြောင့်ကိုကိုသည် မိုးခါးကိုနှုတ်ဆက်ကာ အိမ်ထဲအမြန်ပြေးဝင်လာသည်။
သူမရှိခိုက် တစ်ယောက်ထဲရေအမြန်ချိုးကာ အိမ်ရှေ့ဝရံတာကနေ လှမ်းလှမ်းကြည့်ရတာ ခဏခဏ။
သူစိတ်ဆိုးနေမလား....
နှစ်ယောက်ထဲဆိုတော့ ကိုကို့ကိုများ သူရိုက်မလားလို့ ရင်တဒိတ်ဒိတ်နှင့်စောစောကသူ့ကို ပြန်ပြောသည့်ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်။ သူမသည် ဘယ်ကသတ္တိတွေ ထွက်လာတယ်ဆိုတာ မသိပေမယ့် ဒီလိုရင်ဆိုင်လိုက်ရတာကို မိမိကိုယ်မိမိ အံဩသည်။ ငါ့ရဲ့ကွယ်ဝှက်နေသည့်အရည်အချည်းတစ်မျိုးပဲလားဟု ပေါက်ပေါက်ရှာရှာတွေးလိုက်သေးသည်။
ထိုစဉ်...
"ကျွီ"
"ဒုန်း"
ခြံထဲသို့ သူ့အနက်ရောင်ကားလေးဟာ ပစ်စလက်ခက် ရပ်ချလိုက်ပြီး ကားတံခါးကိုပါ အကြမ်းပတမ်းဆွဲပိတ်ပစ်ကာ အိမ်ထဲသို့ ခြေသံကျယ်ကျယ်အသံပေး၍ဝင်လာလျှင် ကိုကို့ကြောက်စိတ်တို့က တစ်စတစ်စမြင့်တတ်လာသည်။
"မေချစ်သူကိုကို..."
သူ့အော်သံဟာ အခန်းသုံးခုလုံးမှာ ဟိန်းထွက်လာလျှင် ကိုကိုမှာခြေမခိုင်တော့ဘဲ ကြောက်ဒူးတုန်လာကာ ဝရံတားဘက်ရပ်ရာကနေ ခုံးတန်းရှည်ပေါ်တွင်ပြေးထိုင်ချလိုက်၏။ အခုမှအေးစက်လာပြီးတုန်ယင်နေသည့်လက်တို့ကို ရင်ဘက်ပေါ်တွင် ဖိထား၍ တိတ်တိတ်လေးသာ မျက်လုံးစုံမှိတ်ပြီးထိုင်နေမိသည်။
"ကိုကို"
ကိုကိုမထူးမိအောင် နှုတ်ခမ်းတို့ကိုလက်ဖြင့်အုပ်ထားသည်မှာ လက်ဖျားတို့ပင် ချွေးပြန်လာရသည်။
"ဒီမှာပဲ"
"ဟင်"
သူ့ကို မျက်ဝန်းပြူးပြူးဖြင့်မော့ကြည့်လာပြီး အသံမထွက်အောင် ကျိတ်ရှိုက်၍ငိုနေသော ထိုနဂါးပေါက်သေးသေးလေးဆီကို ထွက်နေသည့်ဒေါသတို့က လေပေါ်တွင်ထပ်ပျောက်ချင်လာပြန်သည်။ မင်းနဲ့တော့ ခက်ပြီ ကိုကို...
ဘေးနားက သစ်သားကုလားထိုင်တစ်လုံးကို ဆွဲမယူလာကာ သူမနှင့်မျက်နှာချင်ဆိုင်နေရာတွင် ချလိုက်ပြီး သူမနဲ့ပိုနီးကပ်စေဖို့ ရှေ့သို့ထပ်ဆွဲ၍သူမ ခြေထောက်နှစ်ဖက်ကို သူခြေထောက်နှစ်ဖက်ကြားထဲသို့ ဆွဲသွင်းညှပ်လိုက်ပြီး မပြောမဆိုနှင့် ထိုင်ချပစ်လိုက်၏။
သူ့လက်ထဲ၌ သောက်လက်စစီးကရက်၏အငွေ့တို့က ကိုကို့ဆီရှေ့ကိုမှုတ်ထုတ်လိုက်၏။ သူ့ တံတောင်ဆစ်ထိခေါက်တင်ထားသည့်ရှပ်လက်ရှည်အဖြူကိုကြယ်သီးနှစ်လုံးလောက်ဖြုတ်လိုက်ရင်း သူသည် ကိုကို့ကို မီးတောက်ကဲ့သို့ စူးရှကာတောက်ပနေသောအကြည့်စူးစူးဒေါသအငွေ့တို့ ပျော်ဝင်နေသော အကြည့်တို့ဖြင့်တစိမ့်စိမ့်နဲ့ စိမ်းစိမ်းကားကားကြီးကြည့်ကာ စစ်ခင်းနေလေရဲ့။
ကိုကိုဘေးဘက်ခြမ်းသို့မျက်နှာလွဲလိုက်ရင် သူ့ဆီက ရယ်သံသဲ့သဲ့လေးထွက်လာ၏။ မုန်းစရာကောင်းလိုက်သည့် လူ။
ဘာမှလည်းမပြောဘဲ လူကိုသာတည့်တည့်သွင်သွင်ကြီးကြည့်ပြီး မဲ့ပြုံးနေသည့်သူ့ကြောင့် လူကကြောက်လာသည်ထက် ဒေါသပိုထွက်လာရသည်။ ပြောစရာရှိရင်လည်းပြောလိုက်ပါ။ ရိုက်ချင်တယ်ဆိုလည်းရိုက်လိုက်ပါလား....။
" ဘာ ဘာပြောချင်နေလို့လဲ...."
"မင်းကို အနီးကပ်တစ်ခါမှမကြည့်ခဲ့ရဖူးလို့ ကြည့်နေတာ တိတ်တိတ်နေ"
"ရူးနေလား"
ဟုသာ သူမကြားအောင် ဆိုနေမိသည်။
ဒါပေမယ့် သူ့ဘက်ကဘာမှမပြောတော့ ကိုကိုလည်းထပ်မပြောရဲပေ။ သူ့ဆီကလာရိုက်ခက်နေသည့်ဆေးလိပ်အငွေ့တို့ကြောင့် သူကရောဂါမရပါဘဲ ကိုကိုတော့ ကြာရင်ရောဂါရတော့မည်။ ကြည့်ရတာ တစ်ညလုံး ဒီလိုပုံစံနဲ့ပဲ မိုးလင်းသွားမယ် ထင်ပါရဲ့။
သူ့ကိုကျ မင်းယမင်းလို့ အော်ခေါ်ပစ်ပြီး အစ်ကိုကိုကျတော့ ကိုကို့နေမီးဟုတ်လား...မှတ်ထားနော် ကိုကို မင်းတစ်နေ့ကိုနဲ့တွေ့ စေရမယ်......
Part10ဆက်ရန်.....
××××××××××××××××××××××××××××××
Drabin-one
.
.
.
.
.
🌸သူ႔လည္တိုင္တြင္ ငါ့ႏွလုံးသားကို အပ္၍🌸
🌸Part 9🌸
ေက်ာင္းမဖြင့္ခင္အခ်ိန္အတြင္းတြင္ ကိုကိုႏွင့္ ေဆာင္းမိုးခါးသည္ အခ်ိန္ေတြအားယားေနသျဖင့္ အျပင္မွာ မၾကာခဏေတြ႕မိၾကသည္။ အခုလည္း ႏွစ္ေယာက္သား ဟိုတယ္တစ္ခုကေကာ္ဖီဆိုင္တစ္ခုမွာ ေအးေအးလူလူစာဖတ္ၾကရင္း အခ်ိန္ျဖဳန္းေနၾက၏။
အခ်ိန္ဘယ္ေလာက္ေတာင္ ၾကာလိုက္မွန္းမသိ ခြက္ထဲကေကာ္ဖီႏြားႏို႔foamတို႔ဟာ ခြက္၏ေထာင့္ဘက္တြင္ တစ္ရစ္ပီးတစ္ရစ္ျဖစ္ေနကာ ေျခာက္ေတာင္ေျခာက္ေနေသး၏။
လက္ထဲမွာကိုင္ထားသည့္ ပါရဂူ၏ "သူ႔လိုဘုရင္" ကလဲ လက္မလႊတ္ခ်င္ေလာက္ေအာင္ေတာ္ေတာ္ေလးေကာင္းေနသည္မွာ အခ်ိန္ကိုေတာင္ သတိမထားလိုက္မိလိုက္။
ေလးနာရီထိုးေနသလို ခဏေန႐ုံးဆင္းခ်ိန္ႏွင့္တိုးလွ်င္ ကားၾကပ္ေနမည္ဆိုးသျဖင့္ ျပန္မလို႔ ေဆာင္းမိုးခါးကိုလွမ္းေခၚဖို႔အလုပ္ ကိုကို႔အေရွ႕မွာ ျမင္လိုက္ရသည့္ျမင္ကြင္းက သိပ္ကိုလြမ္းေနသည့္ ကိုကိုေနမီးပင္ျဖစ္ေန၏။
"ကိုကို႔ေနမီး"
ပါးစပ္ကတိုးတိုးေလးသာ လႊတ္ခနဲ႔ထြက္မိသည္။ မိုးခါးက ကိုကိုဆီကကိုေနမီးလို႔ၾကားလိုက္ေတာ့ ကိုကိုၾကည့္ေနသည့္ ေနရာအေနာက္ဘက္သို႔လွည့္ၾကည့္ေတာ့ ကိုေနမီးပုံသည္မိန္းကေလးတစ္ေယာက္ႏွင့္ စကားေျပာေနသည့္ဟန္နဲ႔။
"ကိုႀကီး မဟုတ္လား မိုးခါး"
"အိုး"
ေနမီးပုံကို မိန္းကေလးတစ္ေယာက္က လွမ္းဖက္လိုက္သည့္ျမင္ကြင္း....
ေနာက္ေက်ာကေနျမင္ရပုံႏွင့္တင္ ေတာ္ေတာ္ေလးကို ရင္းႏွီးသည့္ဆက္ဆံေရးမွန္းသိေပမယ့္ အခုခ်ိန္မသြားသင့္မွန္းသိေပမယ့္ ကိုကိုသည္ ကိုႀကီးကိုတအားလြမ္းေနသည့္စိတ္က ဘာကိုမွမေစာင့္ႏိုင္ေသာေၾကာင့္ ကိုႀကီးဆီေျပးသြားမိသည္။
ဒါေပမယ့္ကိုကို လမ္းတစ္ဝက္မွာတင္ ေနာက္ထပ္လူတစ္ေယာက္က ကိုႀကီးဆီေျပးလာၿပီး ကိုႀကီးကိုတစ္ခ်က္ထဲႏွင့္အလဲထိုးလိုက္သည္ကို ေတြ႕လိုက္ရ၍ ရပ္လိုက္မိသြား၏။ ပါးစပ္ကို လက္ျဖင့္အုပ္လိုက္မိသည့္အထိ အံအားသင့္သြားျပန္၏...
ပိုၿပီးအံ့ဩရတာဟာ 'ကိုယ'သည္ ကိုႀကီးကိုထိုးလိုက္တာမလား။
"ကိုႀကီး"
"ကိုႀကီးကို မလုပ္နဲ႔..."
မိုးခါးကပါအနားသို႔ေျပးေရာက္လာကာ ေနမီးကိုေျပးထူလိုက္ၿပီး ေနမီးကမထေသးဘဲ ထိုအတိုင္းပင္ ၾကမ္းျပင္ေပၚတြင္ထိုင္ေနရင္း မ်က္ႏွာကေသြးတို႔ကို သုတ္ကာၾကည့္၍ အားရေက်နပ္သည့္အၿပဳံးႏွင့္ေမာ့ၾကည္ေနျခင္းဟာ မင္းယမင္းကို သူအႏိုင္လိုက္ရသည့္လူႏွယ္...။
"ေနရာတကာ ျပႆာနာတတ္ေအာင္ မရွာပါနဲ႔လား ဟမ္"
ကိုကို႔သည္ သူ႔ေရွ႕တြင္မားမားရပ္ကာ သူ႔ကိုေမာ့ၾကည့္ၿပီး အသံမာမာႏွင့္ဆိုေလလွ်င္ သူဟာ ဟက္ခနဲ႔တစ္ခ်က္ရယ္ျပစ္ကာ ေလပါခြၽန္လိုက္ပစ္ေသး၏။ မုန္းစရာေကာင္းလိုက္သည့္လူ႔သတၱဝါ႐ုပ္မ်ိဳး မေကာင္းဆိုးဝါး....
"မင္းအစ္ကိုဘာလုပ္လိုက္လဲ မင္းမသိခ်င္ဘူးလား"
သူ ကိုကိုအနားသို႔ေလွ်ာက္လာၿပီး အသံတို႔ကစေသြးေအးစြာထြက္က်လာရင္း ကိုကို၏ပခုံးႏွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္၍ သူ႔ႏႈတ္ခမ္းဖ်ားက ထြက္လာသည့္အသံတို႔သည္ အေတာ္ေလးကို႐ြံ႕စရာေကာင္းလွ၏။
"မင္းအစ္ကိုက ငါ့ရည္စားနဲ႔ငါ့ေနာက္ကြယ္မွာ ေဖာက္ျပန္ေနတာ မင္းျမင္ေအာင္မၾကည့္တတ္ဘူးလား"
ဟု ကိုကို႔နားထဲသို႔ မယုံၾကည္ႏိုင္စရာေကာင္းေသာ က်က္သေရမရွိသည့္စကားတို႔ကိုဆိုေလလွ်င္ ကိုကိုသည္ ပခုံးႏွစ္ဖက္ေပၚမွသူ႔လက္ကို ဖယ္ပုတ္ခ်လိုက္ၿပီး ကိုႀကီးရွိသည့္ကိုကို႔အေနာက္ဖက္ကို တစ္လွမ္းေလာက္ဆုတ္လိုက္မိရင္း လက္တီးကိုက်စ္က်စ္ဆုပ္ကာ သူ႔ကိုသူလိုျပန္လည္တုပၿပီးေတာ့ ခနဲ႔သဲ့သဲ့အၿပဳံးျဖင့္ၿပဳံးျပလိုက္ကာ...
"ကိုကို႔ေနမီးက အဲ့လိုစိတ္ရွိတဲ့နင့္လိုလူစားမ်ိဳးမဟုတ္ဘူးဆိုတာ နင္ေရာငါေရာ ေကာင္းေကာင္းသိမယ္ထင္တယ္ မင္းယမင္း"
ဟု တစ္လုံးခ်င္းကို ေအးေစးစြာပင္တုံ႔ျပန္လိုက္မိသည္။
ဟုတ္သည္ သူသာ ကိုႀကီးကိုထို႔သို႔မေျပာခဲ့ဘူးဆို ကိုကိုသည္ ဒီစကားကို ဘယ္ေတာ့မွေ႐ြးခ်ယ္ၿပီး ေျပာခဲ့လိမ့္မည္မဟုတ္ပါ။
ကိုယေၾကာင့္ ဒီရင္ဘက္ကအခုေျပာလိုက္သည္ထက္ ၍ပိုနာက်င္ရတယ္ဆိုတာကိုယတစ္ေယာက္ သိေနမွာ မဟုတ္ဘူး.....
မင္းယသည္ သူ႔ကို ၾကည္လင္ေတာက္ပၿပီး မ်က္ရည္ျပည့္အိုင္ေနေသာမ်က္ဝန္းႏွင့္ ေသြးေအးရက္စက္သည့္ေလသံတို႔ျဖင့္ တစ္လုံးခ်င္းကိုဆိုေနသည့္သူမသည္တစ္ခ်က္မွ်ေတာင္ မတုန္သြားသည့္အသံတို႔ေအာက္မွာ ရင္ခုန္ေနသည့္ သူ႔ႏွလုံးသားတစ္စုံကိုလည္း စြဲဆုပ္ကိုင္ဆြဲလိုက္သလိုပင္ တင္းတင္းၾကပ္ၾကပ္ႀကီး ခံစားလိုက္ရသည္။
"ကိုကို"
သူ႔လက္တစ္ဖက္က ေလေပၚသို႔ေျမာက္တတ္သြားသည့္အခါ ႀကိဳတင္တြက္ထားၿပီးသားအေျဖေၾကာင့္မ်က္ႏွာကိုပင့္ေမာထားေပးကာ မ်က္လုံးတို႔ကို ပိတ္ထားရင္း ၿငိမ္သက္စြာရပ္ေနဆဲ...
"႐ိုက္လိုက္ပါ"ဟု စိတ္ထဲကဆိုေနမိသည့္အထိ ရင္ဘက္ထဲ နာက်င္ရသည့္ခံစားခ်က္ေကာ သူ႔႐ိုက္ခ်က္တို႔ကို ကိုကိုဘယ္လိုေခါင္းစဥ္တပ္လိုက္ရမလဲ...အမုန္းလား...
သူသာ႐ိုက္လိုက္မယ္ဆို ကိုကိုတကယ္ကိုနာက်ည္းမုန္းသြားမိမယ္ဆိုေပမယ့္ ကိုယဟာ ကိုကိုထင္မွတ္မထားသည့္ လုပ္ရက္တို႔ကိုသာ ထပ္မံလုပ္ခ်သြားပါသည္။
ကိုယသည္ ကိုကို႔ရဲ႕ပထမဆုံးဆိုသည့္အရာမ်ားစြာကို အတင္းအဓၶမသိမ္းပိုက္တတ္သူတစ္ေယာက္ပင္......
ကိုကို႔ရဲ႕ပထမဆုံးအနမ္းကို သူသိမ္းပိုက္ခဲ့႐ုံမက အခုဒုတိယအနမ္းကိုလည္း သူပဲအတင္းယူျပန္သည္။
မင္းယ...
သူ႔ကို ခံရခက္ေစသည့္စကားလုံးကို သုံးသြားသည့္ႏႈတ္ခမ္းကို အျပစ္ေပးခ်င္႐ုံနဲ႔သူမ၏ႏႈတ္ခမ္းလုံးလုံးေလးကို သူဖိကပ္နမ္းပစ္လိုက္ေပမယ့္ ထိုအျပစ္ဒဏ္ေအာက္က အနမ္းတို႔ကို သူဘဲက်ရႈံးရျပန္သည္။
စူပြတ္ထထြက္လာသည့္သူ႔ေဒါသတို႔ကို ကိုကိုဆိုသည့္ေကာင္မေလးက ရင္ခုန္သံအျဖစ္ေျပာင္းလဲပစ္ႏိုင္စြမ္းရွိ၏။
ဖိကပ္နမ္း႐ုံေလႏွင့္တင္ သူမဆီကမ်က္ရည္တို႔သည္ပါးျပင္ေပၚတြင္လိမ့္က်လာလွ်င္ သူသည္ ပတ္ဝန္းက်င္တို႔ကို ခဏမွ်ေလာက္ေမ့ထားၿပီးသူမ၏ပါးျပင္တစ္ေလွ်ာက္မ်က္ရည္တို႔ကို လိုက္နမ္းေနမိသည့္အထိ။ ငံေနေပမယ့္ ခ်ိဳျမလြန္း ေနသည္ဟု။
အသိစိတ္ျပန္ဝင္လာ၍ သူလႊတ္ေပးလိုက္ေတာ့မွ သူမသည္ အသက္ကိုႏႈတ္ခမ္းႏွစ္လႊာကိုဝိုင္းစက္သြားတဲ့အထိဖြင့္ကာ ေလကိုဝဝရွဴလိုက္ရေတာ့သည္။
"ႏွာဘူး လူယုတ္မာ"
" ဒီလူယုတ္မာက မင္းေယာက္်ားပဲဆိုတာ ေခါင္းထဲမွတ္ထား "
သူ႔ႏႈတ္ခမ္းဖ်ားေပၚက သူမ၏မ်က္ရည္စတို႔ကို လက္ခုံျဖင့္ပြတ္သုတ္ကာ တစ္ဖက္ထဲမွာသာပါသည့္ပါးခ်ိဳင့္ကိုခြက္ဝင္သြားသည့္အထိ ေၾကာက္စရာေကာင္းသည့္ ညစ္ေထ့ေထ့မဲ့ၿပဳံးႏွင့္ဆိုေလ၏။
ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ တပ္လိုက္စမ္းပါ ငါကမင္းအတြက္ ဘယ္ေတာ့မွလူေကာင္းတစ္ေယာက္မွမဟုတ္တာမို႔ ။
ဒီမေကာင္းဆိုးဝါးလူယုတ္မာကို ထပ္မျမင္ခ်င္၍ ကိုကိုသည္ ကိုႀကီးႏွင့္မိုးခါးကိုေခၚကာ သူနဲ႔သူ႔ရည္စားဆိုသည့္ မိန္းမကိုေက်ာခိုင္းခဲ့ကာ ထိုေနရာမွထြက္လာေတာ့သည္။ ဒီေနရာကို ေသေတာင္မလာေတာ့ဘူးဟု။
ကိုႀကီးမ်က္ႏွာကို ၾကည့္လိုက္ေတာ့ အညိဳအမဲစြဲေနၿပီ။ အသားက ျဖဴေနေတာ့ ပို၍ပင္အေရာင္ေပၚေနျပန္သည္။ ကိုကိုစိတ္မေကာင္းလိုက္တာ ကိုႀကီးရယ္.....
"ကြၽန္ေတာ္ေဆးသြားဝယ္လိုက္မယ္"
"ရတယ္"
"ရလို႔ ရမလား ... မ်က္ႏွာတစ္ခုလုံးမွာ ေယာင္ကိုင္းေနတာပဲ သြားဝယ္ရမယ္"
မိုးခါးကိုေဆးသြားဝယ္ခိုင္းကာ ကိုကိုသည္ ကိုႀကီးပါးကို ေျဖးေျဖးေလးကိုင္ၾကည့္ၿပီး လြယ္ထားသည့္အိတ္ထဲက အနာကပ္ပလာစတာတစ္ခုကို ကိုႀကီးမ်က္ခုံးနားသို႔ ကပ္လိုက္ရင္း...
"ကိုကိုတို႔အိမ္ျပန္ရေအာင္"
"ဘယ္အိမ္ကိုလဲ"
"ကိုကိုတို႔အိမ္ကိုေပါ့"
"အဲလိုလုပ္လို႔မရဘူးကိုကိုေလး ကိုကိုေလးက ကို႔ေယာက္်ားကိုပစ္ထားၿပီး ဘယ္အိမ္ကိုျပန္မလို႔လုပ္ေနတာလဲ"
"သူနဲ႔မွမေနခ်င္တာ သူကိုႀကီးကိုလုပ္သြားတာၾကည့္ပါအုံး.... လူၾကားထဲ ျပႆာနာရွာတယ္ ကိုႀကီးကိုလည္း မဟုတ္ကဟုတ္ကေတြစြပ္စြဲေသးတယ္ ကိုကို,ကိုလည္းလူၾကားထဲအရွက္ခြဲတယ္"
"အဲဒီအေၾကာင္းျပခ်က္နဲ႔ဆို ကိုကိုေလးအိမ္ျပန္လို႔မရဘူး။ အဲဒါက ကိုႀကီးနဲ႔မင္းယၾကားက ကိစၥ... သူငယ္ခ်င္းအခ်င္းခ်င္းၾကားက ျပႆနာေသးေသးေလးတစ္ခုပဲ ကိုကိုေလးနဲ႔မဆိုင္ဘူး၊ ၿပီးေတာ့ ေစာေစာကလို အျပဳအမႈမ်ိဳး ေနာက္တစ္ခါ မင္းယကို မလုပ္မိေစနဲ႔၊ ကိုယ့္ေယာက္်ားကို နင္နဲ႔ငါဆိုၿပီး မသုံးႏႈန္းရဘူး ကို႔ယ္ထက္အႀကီးကို... ႐ိုင္းေစတယ္ ဟုတ္ၿပီးလား...
ကိုႀကီးကိုခ်စ္လို႔ ကာကြယ္ေပးတယ္ဆိုတာကိုသိေပမယ့္ သူက ကိုကိုေလးရဲ႕သက္ဆိုင္သူတစ္ေယာက္ ကိုႀကီးစကားကိုနားေထာင္ေနာ္ ကိုကိုေလးက လိမၼာတဲ့ကေလးပါ"
ၾကည့္ေလ...
ကိုကို႔ေနမီးဟာ သူ႔သူငယ္ခ်င္းကို ဘယ္ေလာက္ေတာင္ ခ်စ္တတ္လည္းဆို....
ကိုယ့္ကိုလည္း လာထိုးတာေတာင္ တစ္စက္မွေတာင္အျပစ္မယူတဲ့အျပင္ သူမမွာကိုႀကီးဘက္ကပါၿပီးနာတာေတာင္ ကိုႀကီးက ကိုကို႔ကို အျပစ္ေျပာေနေသးသည္။ အဲ့လူလား သူမ်ားရည္စားကို လုမယ့္သူ...
မင္းယလို လူမ်ားမွတ္ေနလား လုံးဝကို ယွဥ္လို႔မရတာ...
ေဆးထုတ္ႏွင့္မိုးခါးေရာက္လာၿပီး ေနမီးပုံမ်က္ႏွာတစ္ဝိုက္အႏွံ႔ အရက္ျပန္ကိုဂြမ္းစႏွင့္တို႔ရင္း လိုက္သုတ္ကာ အနာက်က္ေဆးအရည္ကိုထပ္လိမ္းေပးလိုက္သည္။
ဒဏ္ရာနဲ႔ေတာင္ ကိုႀကီးဟာတည္ၾကည္ခံ့ညားမႈတို႔က ကိုကိုၾကည့္လို႔မဝ။ ခ်စ္လိုက္ရသည့္ကိုကို႔ေနမီးမ်က္ႏွာေခ်ာေခ်ာေလးကို သူမွလုပ္ရပ္ေလျခင္း။ရက္စက္လိုက္သည့္ေျမေခြးဟု ကိုႀကီးကို ေဆးထည့္ေပးရင္းနဲ႔ သူ႔ကိုလည္း ေမတၱာပို႔ေနမိသည္။
"မင္းယဆီ ျပန္ရမယ္ေနာ္"
မျပန္ခ်င္ပါဘူးဆို အတင္းကိုျပန္ခိုင္းေနသည့္ ကိုႀကီးကို မ်က္ေစာင္းထိုးပစ္ကာ..
"ကိုႀကီးလိုက္ပို႔ေပးရင္ ျပန္မယ္"
"ဟား..ဟား.."
အားရပါးရရယ္ေမာေနသည့္ကိုႀကီးကို ကိုကိုသည္ မ်က္ေတာင္မခက္ဘဲ ၾကည့္ေနမိသည္။ ကိုႀကီးရယ္ေမာေနသည့္ပုံစံကို ကိုကိုမျမင္ရတာၾကာ၍ ေနာက္ထပ္ဘယ္အခ်ိန္မွန္းမသိ ကိုႀကီးရဲ႕ရယ္ေမာေနတဲ့ပုံကို မေသခ်ာတာမလို႔ အခုကို ကိုကိုအဝၾကည့္ထားရမည္။
"ကိုကို႔ေနမီးကို ခ်စ္တယ္"
"ကိုႀကီးလည္း ကိုကိုေလးကိုခ်စ္တယ္"
ကိုကိုသည္ ကိုႀကီးအေပၚကို တခါတေလဆို ကိုကို႔ေနမီးလို႔ေခၚတတ္သည္။ ကိုကိုတစ္ဦးတည္းသာ ကိုကိုပိုင္သည့္ ကိုကို႔ရဲ႕အစ္ကို ကိုကိုခ်စ္ရသည့္ ကိုကို႔ေနမီး။ ကိုကိုသိတတ္စအ႐ြယ္ခ်ိန္ထဲက အၿမဲတမ္း ကိုႀကီးနဲ႔အတူတူႀကီးျပင္းခ်င္လာသည့္ စိတ္ဆႏၵတစ္ခုကို ေတာင္းတေနမိေပမယ့္ ဘယ္ေတာ့မွျပန္မရေတာ့ေပ ကိုကို႔ကိုအေႏြးဓါတ္ေပးသည့္ ကိုကိုေနမီး။
"ကိုႀကီးဆိုင္ကယ္နဲ႔လာတာမလို႔ ကိုကိုေလးကို ေနာက္တစ္ေခါက္မွလိုက္ပို႔ေပးမယ္ အခုေတာ့မိုးခါးပဲ ပို႔ေပးလိုက္ေနာ္ ညီ"
"ဟုတ္ကဲ့ ကိုေနမီး"
ေနမီးသည္ သူ႔ကို အထြန႔္တတ္ခ်င္ေနသည့္ကိုကိုေလး၏ နဖူးကိုနမ္းကာ ဆံပင္တို႔ကိုဖြလိုက္ရင္း...
"ငါ့ကိုကိုေလးေတာင္ လူႀကီးျဖစ္လာၿပီ"
"ဟီး..ဟီး..."
"ဟက္"
မိုးခါးပါ လိုက္ရယ္မိသည္။ သူ႔သူငယ္ခ်င္းက လူႀကီးတစ္ေယာက္လို တစ္ကယ္ပဲအ႐ြယ္ေရာက္လာတာကိုေတာ့ သူလည္းေထာက္ခံလိုက္ပါသည္။
"ကိုႀကီးသြားၿပီးေနာ္"
"ဟုတ္"
"ဂ႐ုစိုက္ျပန္က် မိုးခ်ဳပ္ေနၿပီ"
"ဟုတ္ကဲ့ဗ်"
"ငါတို႔လည္း ျပန္က်ရေအာင္"
ကိုႀကီးအရိပ္ေပ်ာက္သြားသည့္အထိ ကိုကိုလိုက္ၾကည့္ၿပီးကာမွ ကားေပၚတတ္ကာ ဟိုတယ္မွေမာင္းထြက္လာသည္။
အိမ္ကိုျမန္ျမန္ျပန္မေရာက္ခ်င္ေပမယ့္ မိုးခါး၏ကားေမာင္းကြၽမ္းက်င္မႈေၾကာင့္ ကိုကို႔မွာအိမ္ေရွ႕ကို ဘယ္လိုဘယ္လိုေရာက္သြားမွန္းေတာင္ မသိလိုက္ဘူး။ တကယ္ပါပဲ ဒီေကာင္က ကိုႀကီးတစ္ခြန္းဆိုတစ္ခြန္းပဲ လိမၼာေနသည့္ေလာရွည္။
ႏွစ္ေယာက္သား ကားေလးကထဲကေနအိမ္ထဲကို လွမ္းလွ်ိဳးကာ သူ,မ်ားအိမ္ေရာက္ေနမလား ဟုေမာ့ၾကည့္ေတာ့ အိမ္ေရာက္ပုံမေပၚတာေၾကာင့္ကိုကိုသည္ မိုးခါးကိုႏႈတ္ဆက္ကာ အိမ္ထဲအျမန္ေျပးဝင္လာသည္။
သူမရွိခိုက္ တစ္ေယာက္ထဲေရအျမန္ခ်ိဳးကာ အိမ္ေရွ႕ဝရံတာကေန လွမ္းလွမ္းၾကည့္ရတာ ခဏခဏ။
သူစိတ္ဆိုးေနမလား....
ႏွစ္ေယာက္ထဲဆိုေတာ့ ကိုကို႔ကိုမ်ား သူ႐ိုက္မလားလို႔ ရင္တဒိတ္ဒိတ္ႏွင့္ေစာေစာကသူ႔ကို ျပန္ေျပာသည့္ကိုယ့္ကိုယ္ကိုေတာင္ မယုံႏိုင္။ သူမသည္ ဘယ္ကသတၱိေတြ ထြက္လာတယ္ဆိုတာ မသိေပမယ့္ ဒီလိုရင္ဆိုင္လိုက္ရတာကို မိမိကိုယ္မိမိ အံဩသည္။ ငါ့ရဲ႕ကြယ္ဝွက္ေနသည့္အရည္အခ်ည္းတစ္မ်ိဳးပဲလားဟု ေပါက္ေပါက္ရွာရွာေတြးလိုက္ေသးသည္။
ထိုစဥ္...
"ကြၽီ"
"ဒုန္း"
ၿခံထဲသို႔ သူ႔အနက္ေရာင္ကားေလးဟာ ပစ္စလက္ခက္ ရပ္ခ်လိုက္ၿပီး ကားတံခါးကိုပါ အၾကမ္းပတမ္းဆြဲပိတ္ပစ္ကာ အိမ္ထဲသို႔ ေျခသံက်ယ္က်ယ္အသံေပး၍ဝင္လာလွ်င္ ကိုကို႔ေၾကာက္စိတ္တို႔က တစ္စတစ္စျမင့္တတ္လာသည္။
"ေမခ်စ္သူကိုကို..."
သူ႔ေအာ္သံဟာ အခန္းသုံးခုလုံးမွာ ဟိန္းထြက္လာလွ်င္ ကိုကိုမွာေျခမခိုင္ေတာ့ဘဲ ေၾကာက္ဒူးတုန္လာကာ ဝရံတားဘက္ရပ္ရာကေန ခုံးတန္းရွည္ေပၚတြင္ေျပးထိုင္ခ်လိုက္၏။ အခုမွေအးစက္လာၿပီးတုန္ယင္ေနသည့္လက္တို႔ကို ရင္ဘက္ေပၚတြင္ ဖိထား၍ တိတ္တိတ္ေလးသာ မ်က္လုံးစုံမွိတ္ၿပီးထိုင္ေနမိသည္။
"ကိုကို"
ကိုကိုမထူးမိေအာင္ ႏႈတ္ခမ္းတို႔ကိုလက္ျဖင့္အုပ္ထားသည္မွာ လက္ဖ်ားတို႔ပင္ ေခြၽးျပန္လာရသည္။
"ဒီမွာပဲ"
"ဟင္"
သူ႔ကို မ်က္ဝန္းျပဴးျပဴးျဖင့္ေမာ့ၾကည့္လာၿပီး အသံမထြက္ေအာင္ က်ိတ္ရႈိက္၍ငိုေနေသာ ထိုနဂါးေပါက္ေသးေသးေလးဆီကို ထြက္ေနသည့္ေဒါသတို႔က ေလေပၚတြင္ထပ္ေပ်ာက္ခ်င္လာျပန္သည္။ မင္းနဲ႔ေတာ့ ခက္ၿပီ ကိုကို...
ေဘးနားက သစ္သားကုလားထိုင္တစ္လုံးကို ဆြဲမယူလာကာ သူမႏွင့္မ်က္ႏွာခ်င္ဆိုင္ေနရာတြင္ ခ်လိုက္ၿပီး သူမနဲ႔ပိုနီးကပ္ေစဖို႔ ေရွ႕သို႔ထပ္ဆြဲ၍သူမ ေျခေထာက္ႏွစ္ဖက္ကို သူေျခေထာက္ႏွစ္ဖက္ၾကားထဲသို႔ ဆြဲသြင္းညႇပ္လိုက္ၿပီး မေျပာမဆိုႏွင့္ ထိုင္ခ်ပစ္လိုက္၏။
သူ႔လက္ထဲ၌ ေသာက္လက္စစီးကရက္၏အေငြ႕တို႔က ကိုကို႔ဆီေရွ႕ကိုမႈတ္ထုတ္လိုက္၏။ သူ႔ တံေတာင္ဆစ္ထိေခါက္တင္ထားသည့္ရွပ္လက္ရွည္အျဖဴကိုၾကယ္သီးႏွစ္လုံးေလာက္ျဖဳတ္လိုက္ရင္း သူသည္ ကိုကို႔ကို မီးေတာက္ကဲ့သို႔ စူးရွကာေတာက္ပေနေသာအၾကည့္စူးစူးေဒါသအေငြ႕တို႔ ေပ်ာ္ဝင္ေနေသာ အၾကည့္တို႔ျဖင့္တစိမ့္စိမ့္နဲ႔ စိမ္းစိမ္းကားကားႀကီးၾကည့္ကာ စစ္ခင္းေနေလရဲ႕။
ကိုကိုေဘးဘက္ျခမ္းသို႔မ်က္ႏွာလြဲလိုက္ရင္ သူ႔ဆီက ရယ္သံသဲ့သဲ့ေလးထြက္လာ၏။ မုန္းစရာေကာင္းလိုက္သည့္ လူ။
ဘာမွလည္းမေျပာဘဲ လူကိုသာတည့္တည့္သြင္သြင္ႀကီးၾကည့္ၿပီး မဲ့ၿပဳံးေနသည့္သူ႔ေၾကာင့္ လူကေၾကာက္လာသည္ထက္ ေဒါသပိုထြက္လာရသည္။ ေျပာစရာရွိရင္လည္းေျပာလိုက္ပါ။ ႐ိုက္ခ်င္တယ္ဆိုလည္း႐ိုက္လိုက္ပါလား....။
" ဘာ ဘာေျပာခ်င္ေနလို႔လဲ...."
"မင္းကို အနီးကပ္တစ္ခါမွမၾကည့္ခဲ့ရဖူးလို႔ ၾကည့္ေနတာ တိတ္တိတ္ေန"
"႐ူးေနလား"
ဟုသာ သူမၾကားေအာင္ ဆိုေနမိသည္။
ဒါေပမယ့္ သူ႔ဘက္ကဘာမွမေျပာေတာ့ ကိုကိုလည္းထပ္မေျပာရဲေပ။ သူ႔ဆီကလာ႐ိုက္ခက္ေနသည့္ေဆးလိပ္အေငြ႕တို႔ေၾကာင့္ သူကေရာဂါမရပါဘဲ ကိုကိုေတာ့ ၾကာရင္ေရာဂါရေတာ့မည္။ ၾကည့္ရတာ တစ္ညလုံး ဒီလိုပုံစံနဲ႔ပဲ မိုးလင္းသြားမယ္ ထင္ပါရဲ႕။
သူ႔ကိုက် မင္းယမင္းလို႔ ေအာ္ေခၚပစ္ၿပီး အစ္ကိုကိုက်ေတာ့ ကိုကို႔ေနမီးဟုတ္လား...မွတ္ထားေနာ္ ကိုကို မင္းတစ္ေန႔ကိုနဲ႔ေတြ႕ ေစရမယ္......
Part10ဆက္ရန္.....
××××××××××××××××××××××××××××××
Drabin-one