🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸
မနက်ခင်း နေရောင်ခြည်၏အလင်းအထိအတွေ့တို့ကျရောက်လာသည့် သူ့ခန္ဓာကိုယ်ဟာ လူးလွန့်လာပြီးနိုးလာသည်ဆိုသည့်အသိ သိလိုက်သည့်နှင့် သူ့ခေါင်းက တဆစ်ဆစ်ထိုးကိုက်လာတော့၏။
"ကျစ်"
ခေါင်းကိုလက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်ကာ မွေ့ယာကနေ ထထိုင်လိုက်၏။ ခေါင်းကိုဖိထားရာကနေ မျက်ရိုးပါကိုက်လာတော့ကြောင့် လက်ကမျက်ခုံးထူထူကြားကနေရာသို့ တစ်ဖန်ထပ်ဖိပြန်သည်။ ညကလူမှန်းမသိအောင် မူးရူးခဲ့တဲ့အကျိုးဆက်က အခုတော့ အကျိုးပေးလေပြီ။
"မေထွဋ် ကိုကို့ကို မချစ်ခဲ့ဘူး"တဲ့...
ညကအဖြစ်ကို ပြန်တွေးကြည့်ရင်း သူဟာအရူးတစ်ယောက်ပဲ မိန်းကလေတစ်ယောက်ကို လိုက်တွယ်တာနေမိတဲ့ အရူးတစ်ယောက်ပဲ။ အချစ်ကပေးတဲ့နာကျင်မှု၊ နာကျဉ်းမှု ခံစားချက်နှင့်အတူ အရက်ကပေးတဲ့ဝေဒနာကို သောက်ပေါတစ်ကောင်လိုပါ ဆေးကထပ်မြှင့်ပေးလိုက်လျှင် တပြိုင်တည်းခံလိုက်ရတော့ လူကတိမ်ပေါ်မရောက်လိုက်ဘဲ သူဟာအရူးကြီးဘဝလုံးလုံးကိုရောက်လို့ ရူးများရူးသွားမလာဘဲ ခံလိုက်ရသည့်ခံစားချက်တို့က တနင့်တပိုးနှင့်......
လက်တစ်ဖက်ကနေ လက်နှစ်ဖက်လုံးက ခေါင်းတစ်လှည့် မျက်ရိုးတို့ကိုပါ ထပ်ပီးနှိပ်နယ်နေမိသည်။
မျက်လုံးအကြည့်က သူ့ဘေးဘက်ကိုအကြည့်ရောက်တော့ သူဒဏ်ရာများ တစ်နေရာရာမှာရသွားလို့ သွေးများကမွေ့ယာပေါ် ပေကျံနေလားဆိုရင်း သူ့ကိုသူငုံ့ရှာကြည့်လိုက်တော့ ဘယ်နေရာမှရှိမနေ။စိတ်ကလည်းမကြည်လင်နေကာ ခန္ဓာကိုယ်ကပါ ကိုက်ခဲနေသဖြင့် သူရေချိုးဖို့ ကုတင်မှထ ရေချိုးခန်းဆီသို့သာ ဦးတည်လာပြီး ရေပန်းကိုဖွင့်ချ၍ မျက်နှာပေါ်သို့ ရေစက်များကျလာတော့မှ ရေထိလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရော ကျောပြင်တစ်ခုလုံးကပါ စပ်ဖျင်းဖျင်းဖြစ်လာ၏။
ကျောပြင်ဘက်သို့ လက်နောက်ပစ်ကာ လိုက်စမ်းမိကာ ဘာဒဏ်ရာမှန်းမသိပေမယ့် နာနေသည်၊ ညက သူတစ်နေရာမှာချောကျမိလို့များလား။ ရေပန်ဆီသို့တစ်ဖန်ပြန်ဝင်လာတော့.. အာရုံကလား အသိကလားပဲ...
ဘာလဲဟ...
ဝာာဝါတစ်ထည်နှင့် အကောင်သေးသေးလေး....
မျက်လုံးဝိုင်းဝိုင်းလေးနှင့် အံဩနေသည့် အကောင်သေးသေးလေး....
အကောင်သေးသေးလေးရဲ့ နှုတ်ခမ်းလုံးလုံးလေး...
ဘာလဲ....
ဘယ်လိုလုပ် ဒီကလေး သူ့ရေချိုးခန်းမှာရောက်နေတာလဲ....
"တောက်"
ဘာအတွက်မှန်းမသိ ဒေါသပါထွက်လာသည့်အထိ တတ်ခေါက်လိုက်မိသည့်အထိ......
အဲ့ကလေးရဲ့ နှုတ်ခမ်းလုံးလုံးပြည့်ပြည့်လေးကို သူအရိုင်းဆန်ဆန်သိမ်းပိုက်ခဲ့တာပဲ....
အဲ့ကလေးရဲ့ မျက်နှာထက်က နဖူးလေးကို မျက်ဝန်းတွေကို ပါးပြင်နုနုလေးကို..
အဲ့ကလေးရဲ့ တာဝါတစ်ထည်သာ ပတ်ထားသည့်ပခုံးသားနုနုလေးကို သူ......
အဲ့ကလေးရဲ့အရာအားလုံးကို.......
"ဟ"
ဘာလဲ...
ရေပန်းခလုတ်ကို ကမန်းကတန်း ပိတ်ချလိုက်ကာ သူ ခတ္တ ကျောက်ရုပ်လိုရပ်နေမိပြီး အတွေးတွေက တစ်စတစ်ပေါ်လာနေဆဲ.....
"ကိုကိုလေး"
နှုတ်ကနေ ထွက်လာသည့် နာမည်တစ်ခု..
ထိုကလေးလေးရဲ့ ပုံရိပ်တို့က အတွေးက တဖြည်းဖြည်းရုပ်လုံးပေါ်လာလေ သူ့မျက်ခုံးထူထူတို့ကတွန့်ကျလာကာ နှုတ်ခမ်းပါးပါးလေးက စေ့ထားကာ မေးရိုးကပါတင်းကားလာသည်။
အတွေးတို့တင် သက်သက်မဟုတ်နိုင်ပါ ရေချိုးခန်းကနေထွက်လာပြီး ပိုသေချာတာက သူကုတင်ဘက်ကိုလျှောက်ပြီးလာတော့ ခုနကသူထင်နေသည့်သူ့ဒဏ်ရာကနေလာသည့်သွေးဟုထင်နေခဲ့တာ တကယ့်တရားခံကမှ တခြားဆီ... ကိုကိုလေး၏...။
ဘယ်ဘက်ကရင်ခုန်သံတို့က ခုန်ပေါက်လာတော့၊သူဟာ သူဘာဖြစ်နေတာလဲလို့တောင် မသိတော့ဘဲ စိတ်ပျက်လက်ပျက်နှင့် ထိုအနီအကွက်လေးဘေးနားတွင် ထိုင်ပစ်လိုက်မိသည်။
ဘေးနားက စားပွဲပေါ်တွင် တင်ထားသည့် စီးကရက်တစ်လိပ်ကို ယူပြီးမီးညှို့၍ တစ်ရှိုက်လောက်ပြင်းပြင်းလေး ရှူသွင်းလိုက်သည်။ မှတ်ဥာဏ်ကနေ တစ်စတစ်စပေါ်လာသည့် ရေချိုးခန်းဆီကရော မွေ့ယာဆီကရော အတွေးတွေဟာ သူဟာလုံးဝလုံးဝကို မထင်ထားသည့် လုပ်ရပ်ကို သူလုပ်ခဲ့မိပြီ...
အခုချိန်မှာ သူလုပ်သင့် လုပ်ထိုက်သည့်အရာဟာ မေမေ(မြလေး)ဆီကို သူထိုသို့အကြောင်းကြားကာ ဖုန်းဆက်ရမည်။
"မေမေ...ကျွန်တော့်ကို မိန်းမတောင်းပေးပါ၊ကျွန်တော်လက်ထပ်တော့မယ်"
"....."
ထိုအနီကွက်လေးနေရာကို စောင့်ဖြင့်အုပ်၍ အောက်ထပ်သို့ ခပ်မြန်မြန်ဆင်းလာခဲ့ကာ လှေခါးရင်းဘက်အခန်းရှေ့တွင် နေမီးနှင့်သူ့ညီမတို့၏ မြင်ကွင်းကြောင့် အောက်ဆုံးအထစ်လှေခါးထစ်ကိုလှမ်းဖို့ သူ့ခြေလှမ်းက အလိုလိုရပ်တန့်သွားမိ၏။
"ကိုကိုလေး... မငိုဘဲ ကိုကြီးကိုကြည့်ပြီးဖြေ ကိုကိုလေး ဘာဖြစ်လို့လဲ..ဟွင်"
"ဟီးး"
"ဟီး...ဟီး...အီးဟီး.."
ဘယ်အချိန်ကတည်းက ငိုထားမှန်းမသိဘဲ မျက်ရည်တို့တစ်စက်မှမကျလာတော့သလို ရှိုက်သံတို့ဖြင့်သာ ခေါင်းငုံ့၍ သူမခေါင်းခါနေသည်။
"ကိုကြီးကို ပြောမှ ကိုကြီးသိမှာပေါ့..... ကိုကိုလေး... မျက်နှာမော့ပြီး ကိုကြီးကို ကြည့်ပါအုံး ကလေး"
ဘာမှဖြေမလာသဖြင့် နေမီးပို၍စိုးရိမ်လာသည်။ဝိုင်ကြောင့် စွန်းထင်းနေသည့်အင်္ကျီဟာ ဆိုနေသည့်အပြင် ကိုကိုလေးကလည်း ဒါကိုပဲဝတ်ထားဆဲဖြစ်နေသည်။ သူအခန်းထဲထွက်လာတော့ သူမက အခန်းရှေ့တွင် ကျုံ့ကျုံ့လေး ဒူးပေါ်လက်တင်၍ငိုနေသည်။ ဘာဖြစ်လဲလို့ မေးတော့လည်း အခုထိမဖြေတာကြောင့် လူကစိတ်ပိုတိုလာသည်။
"ကိုကိုလေး"
သူ့အသံဟာ ဒေါသသံတို့ထွက်လာသောကြောင့် ခေါင်းငုံ့နေသည့်ကိုကိုဟာ သူ့ကိုမော့ကြည့်လာတော့ မှ သူကခေါင်းကိုညိတ်ပြ၍ ပြောလို့ရတယ်လို့ ဆိုတော့လည်း သူမက ဘာမှမပြောဘဲ နေမီးကိုသာ ကြည့်ပြီး ပြန်ငိုနေသည်။
"ပြောပါ ကိုကိုလေးရယ် ကိုကြီးကို.. ကိုကိုလေး ဘာဖြစ်လို့လဲ"
" ငါ့ကြောင့်ပါ"
မင်းယမင်းသည် နေမီးအနားသို့ လျှောက်လာရင်း ဆိုလေသည်။
"ငါ့ညီမကိုငါမေးနေတာ မင်းကိုမေးနေလို့လား"
ဖြေစေချင်သည့်လူကမဖြေဘဲ အခြားတစ်ယောက်က ဝင်ဖြေလာသည်မို့ နေမီးကသူ့ကို မကြည့်ဘဲဟောက်လိုက်လျှင် သူဟာအနေရခက်နေသည့် အခြေအနေကို မီးထပ်မြှိုက်ဖို့သာကျန်နေသည့်အခြေအနေကြောင့်၊ လောင်စာအကြောင်းကို ပြောမှရတော့မည်။
" ဒီကလေး တစ်ညလုံးငါ့အခန်းမှာ.."
"မင်းကိုငါမေးနေလား မင်းယ"
ထိုတော့မှ နေမီးကမင်းယဘက်ဆီ လှည့်လာကာ မျက်လုံးစိမ်းစိမ်းတို့နှင့်တုံ့ပြန်လာတော့...
"ငါဖြေရမှာမို့လို့လေ"
"ငါ့ညီမကိစ္စကို မင်းဝင်မပါနဲ့"
မပါနဲ့တဲ့လား...
အခုနေ ဘာဖြစ်နေတဲ့အခြေအနေကို နေမီးတစ်ယောက် မသိသေးလို့တာ ဒီလိုဆိုနေတာဖြစ်မယ်..
"မင်းညီမကိစ္စက ငါ့ကိစ္စဖြစ်လာတာမို့လေ.. တစ်ညလုံးငါ့အခန်းထဲမှာဆိုတော့..."
ဒီလောက်ဆို နေမီးသဘောပေါက်လာဖို့ ကောင်းနေပြီးမလို့ သူ စကားတို့ကိုရပ်ထားကာ ခေါင်းကိုသာတစ်ချက်လောက်ညိတ်လိုက်သည်ကို နေမီးကသူ့အသံတိတ်စကားတို့ကို သဘောပေါက်လာကာ အံ့ဩသည့်ပုံရိပ်ဖြစ်ပေါ်လာတော့..
"မင်း..ဟေ့ကောင်..မင်းယ.."
"အင်း ဟုတ်တယ်..မင်းထင်တဲ့အဲ့အတိုင်းပဲ.."
ထိုအခါ နေမီး၏လက်က သူ့မျက်နှာတည့်တည့်ဆီသို့ စတင်ဦးတည်လာတော့ သူဒါကိုလဲ ကြိုသိနေပြီးသားမလို့ မရှောင်လိုက်ဘဲ ငြိမ်ခံရင်းအထိုးခံလိုက်သည်။
"ခွပ်"
"မင်း... မဟုတ်ဘူးလို့ပြောလိုက်စမ်း..."
ပထမတစ်ချက် ဒုတိယတစ်ချက် တတိယတစ်ချက် သုံးချက်လောက်အထိုးခံရလိုက်ရတော့ လူက ယိုင်လဲကျသွားပြီး နေမီးကိုပြန်တုံ့ပြန်ဖို့ထက် သူ့အမှားကို နေမီးအခုထိလက်မခံနိုင်သေးသည်ကို နားလည်ပေမယ့် သူလည်းဘာမှန်းမသိ စိတ်တိုနေသည်။
"ငါ့ညီမကို...မင်း ..အဲ့လိုလုပ်လို့မရဘူး... မဖြစ်ရဘူး၊ခွေးကောင်... လီးပဲကွာ"
"နေမီး..တော်တော့"
"မင်းယ"
နေမီးသည် မင်းယကိုနောက်ထက် ထပ်ထိုးဖို့အလုပ် နေနိုင်နှင့်အသွင်တို့က ရုတ်ရုတ်သဲသဲဖြစ်နေသည့်အသံကြားသည့် အခန်းပြင်သို့ထွက်လာကြပြီး သူတို့နှစ်ယောက်ကိုဝင်ဆွဲကာ တားရတော့သည်။ ဘာအခြေအနေဖြစ်မှန်းမသိပေမယ့် ဒီနှစ်ယောက်ရန်ဖြစ်နေတာဟာ ကောင်းတဲ့အခြေနေမဟုတ်မှန်း ရိပ်မိပေမယ့် ဘာဖြစ်မှန်းမသိ။
"ဖြစ်ခဲ့ပြီးပြီ...ငါတောင်းပန်တယ်..ငါမှားသွားတယ်၊ပြန်ပြင်လို့လည်း မရဘူး"
"ခွေးသူတောင်းစား.. မင်း တောင်းပန်တဲ့သောက်စကားလာမပြောနဲ့ မင်းလိုကောင်ကို ငါသတ်မယ်"
"မင်းသတ်လိုက်လို့လည်း ပြင်လို့မရတော့ဘူး"
"ခွေးကောင်"
နေမီးက မင်းယကိုထပ်ထိုးမလိုပြင်ရန် အသွင်က မင်းယကိုသူ့ကိုယ်နှင့်ကာလိုက်ပြီး တစ်ဖက်သို့ဆွဲချုပ်လာကာ နေမီးကိုနေနိုင်ကတစ်ဖက်သို့ ဆွဲခေါ်သွားတော့သည်။ ထိုအခါ အခန်းဆီကနေ လူတစ်ချို့ ပြူတစ်ပြူတစ်ထွက်လာပြီး ကွက်ကျိကွက်ကျိနှင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာရိပ်ပြကာ မေးနေ စပ်စုနေတော့၏.....
"လူစိတ်မရှိတဲ့ကောင် ငါ့ကိုလွှတ်"
"တော်ပါတော့ နေမီးရာ၊ မင်း ဒေါသကိုလျှော့၊ ငါတို့စကားကောင်းကောင်းပြောကြလို့ရမလား၊ မင်းစိတ်ထိန်းပါကွာ"
"ငါ ဘယ်လို စိတ်ထိန်းရမလဲ...ငါ့ညီမကို အဲ့ခွေး..."
ဒေါသအသံတို့ပါ တုန်ယင်လာကာ ဆက်ပြောမည့်စကားတို့က လည်ချောင်းဝတွင်ကြောက်ရွံစွာ ရပ်တန့်နေ၏။ အခြေအနေအဖြစ်အပျက်တို့ကို သူတို့ နားလည်လာကာ ထိုအခါမှမျက်လုံးပြူးမျက်ဆံပြူး ဖြစ်လာကြတော့သည်။
"ငါမရည်ရွယ်ဘဲဖြစ်သွားတယ်၊ ဆောရီး"
"မင်းဘာသာ မင်းမရည်ရွယ်လည်း ငါ့ညီမတော့မဖြစ်ရဘူးကွာ၊ မင်း လူယုတ်မာပဲ မင်းယ"
တောင်းပန်တာကို လက်မခံလည်းနားလည်ပေးလို့ရပေမယ့် သူ့ကိုငါ့ညီမတော့ မဖြစ်ရဘူးဆိုသည့်စကားကြောင့် ဒေါကထွက်လာ၏...
"မင်းညီမသာ ငါ့အခန်းထဲမဝင်လာရင် အခုလို ဖြစ်လာစရာအကြောင်းမရှိဘူး နေမီး"
" ဘာ"
သူ့စကားဟာ နေမီးကိုရောဟိုကောင်မလေးကိုပါ စော်ကားလိုက်သလို ဆိုတာသိပေမယ့်လည်း၊ အဲ့စကားနဲ့တောင် သူကိုယ်ကိုတင်စီးမခံနိုင်တော့ ပြောလိုက်မိ၏။
"မင်းယ"
"ဟုတ်တယ် ငါ မင်းယမင်း၊ ငါဘယ်မှ ထွက်မပြေးဘူး ထိုးချင် ကြိုက်သလောက်လာထိုးလို့ရတယ်၊ ငါ့ဘက်ကမှားတာမလို့ မင်းကိုတောင်းပန်နေတာ မရလဲ မင်းသဘောပဲ"
ထိုအခါ နေမီးကမင်းယဆီသို့ တစ်ဖန်ပြန်ဝင်လာကာ သူ့၏သွေးကြောတို့ပေါက်ထွက်မတတ်ပေါ် နေသောလက်မှလက်တီးကျစ်ကျစ်ဟာ မင်းယ၏ မျက်နှာထပ်သို့ ထပ်ကျလာတော့သည်။
"ကဲ့ကွာ...ငါ့ညီမကို.."
"ခွပ် "
"ခွပ်"
"တော်တော့ နေမီး"
တုံ့ပြန်လာခြင်းမရှိဘဲ တစ်ဖက်သက်သာ ထိုးနေသော နေမီးဘက်ကိုအသွင်ကပါ ထပ်ဝင်ဆွဲတားရတော့သည်။
မျက်နှာတစ်ခုလုံးပါ ရစရာမရှိအောင် အထိုးခံလိုက်ရပြီးနောက် မင်းယဟာသူ့ဘက်ကသာ ဒီလို ငြိမ်ခံပေးလိုက်ခြင်းသည် ဘဝမှာဒါဟာပထမဆုံးအကြိမ်မို့လို့ နေမီးကိုကောသူ့ကိုသူပါ ဒေါသထွက်နေမိ၏။ တစ်ခုခုကို လုပ်ချင်ပေမယ့် မှားနေတာက ကိုယ်မလို့၊ သူ့လက်က နံရံဆီသို့သာ ဦးတည်လာပြန်သည်။
"ဒုန်း"
"ဒုန်း"
"ဒုန်း"
"အောင်မယ်လေး"
ထိုအခါအခန်းထဲကလူအချို့ဆီက အံဩသံတို့ထွက်လာသည်။
"ဟက်"
သူ တစ်ချက်ဟက်ခနဲ့ရယ်လိုက်မိသည်။ အသားနာသည်ထက် သူ့လုပ်လိုက်သည့်အမှားက ပြန်ပြင်လို့မရတော့သည့်အပြင် သူ့အချစ်ရဆုံး သူငယ်ချင်းရဲ့ ညီမကိုတဲ့လား...
သူဟာ ဒူးကိုပိုက်ထားပြီးခေါင်းငုံ့၍ငိုနေသည့် ကောင်မလေးဆီသို့ လျှောက်လာကာ သူမရှေ့တွင် ရပ်၍ ဆံပင်တို့ကိုလက်ဖြင့်တစ်ချက်သပ်ရင်း..
"ငါ တောင်းပန်တယ်..."
ခဏခဏ တောင်းပန်းခယနေသည့် ကိုယ့်ကိုယ်ကို လည်းမုန်းမိလာရင်းနဲ့ တဖြည်းဖြည်းရွံလာတော့သည်။
"ငါ သူ့ကိုစကားပြောမလို့ တစ်ချက်ခေါ်သွားမယ်"
ခွင့်ပြုချက်တောင်းတာထက် အသိပေးလိုက်ကာ သူဟာကိုကိုလေးကို လက်ဆွဲခေါ်သွားတာက အပေါ်ထပ်ဆီသို့...
နေမီးက ကိုကိုလေးကို ပြန်ဆွဲခေါ်မလို့လုပ်တော့ နေနိုင်က နေမီးကိုတားကာ..
"သူ တောင်းပန်ချင်လို့ဖြစ်မှာပါကွာ ခဏလောက်တော့ သူတို့နှစ်ယောက်ကို စကားပေးပြောလိုက်ကွာ"
"အဲ့ကောင် ကိုကိုလေးကို ပြောစရာဘာအကြောင်းမှ မရှိဘူး"
ငိုသံနှင့်မျက်ရည်ပါကျလာသည့်နေမီးက ပြောလေလျှင် နေနိုင်နှင့်အသွင်ပါ စိတ်မကောင်းဖြစ်ရသည်။ခဏအတွင်း ပြောင်းလဲသွားသည့်အခြေအနေတို့ဟာ ဘယ်လိုအညှိုးကံကြမ္မာများလဲ။
ထိုစဉ် ...
ကိုကိုလေးနှင့်မင်းယတို့နှစ်ဦးက တစ်ယောက်က ကုတင်တစောင်းဘက်တွင်ထိုင်နေပြီး တစ်ယောက်က ကုတင်နားက ထိုင်ခုံပေါ်တွင်ကျုံ့ကျုံ့လေးထိုင်ကာ ရှိုက်ငိုနေသည်။
ခေါ်လာတာက နောက်ထပ်တောင်းပန်းရန်၊ တကယ့်တကယ့်ကျတော့ မင်းယသည် သူလည်းစကားတို့ကို ဘယ်ကစရမှန်းမသိဖြစ်နေသည်။
တော်တော်ကြာသည့်အထိ အခန်းထဲတွင် တိတ်ဆိတ်နေတော့ သူမအနားလျှောက်လာကာ သူ့ဘက်ကပဲ သူမကိုစကားဆိုလေသည်။
"ကိုယ်တောင်းပန်တယ် ညကကိုယ်မှားသွားတယ် ၊မင်းကို ကိုယ်လက်ထပ်မယ်၊ ကိုယ်တို့နှစ်ယောက် လက်ထပ်ရလိမ့်မယ်"
လက်ထပ်မယ်ဆိုသည့်စကားနဲ့မှ သူမဟာသူ့ဆီသို့ မော့ကြည့်လာတော့ ဘယ်လောက်တောင်ငိုထားလဲဆိုတာ မျက်လုံးတွေတောင် တော်တော်နီနေကာ နှုတ်ခမ်းတို့ဟာ ဖြူဖက်ဖျော့ရော့နေ၏။
သူလည်းအခုမှသာ သူမကိုသဲသဲကွဲကွဲ မြင်ရတွေ့ရ တော့သည်။ ငိုထားသဖြင့် မို့အစ်နေသည့်မျက်ဝန်းဝိုင်းဝိုင်းလေး၊ တဆက်ဆက်တုန်နေသည့်ဖြူလျှော့နသည့်နှုတ်ခမ်းလုံးလုံးလေး အသားဖြူ၍ထင်ပါးပြင်တစ်ခုလုံးဟာနီရဲစွေးနေ၏။ သူမ၏ အစိတ်အပိုင်းတို့ကို တစ်ချက်ကြည့်တိုင်း သူ့ရင်ခုန်သံတို့ဟာ ဘာ ကြောင့်လဲမသိမြန်လာကာ လည်တိုင်တစ်လျှောက်က အညိုကွက်တို့အကြည့်တို့အရောက်တွင် သူသည်ဆက်လက် ကြည့်နိုင်စွမ်းမရှိတော့၍ မျက်လုံးတို့ကိုမှိတ်ချလိုက်၏။ ဘီဒိုဘက်သို့လျှောက်သွားပြီးအနွေးထည်တစ်ထည်ကိုယူလာကာ သူမကိုကမ်းပေးလေသည်။ သူမကတစ်ညလုံး အင်္ကျီရေစိုစိုတို့ကို ပြန်ဝတ်ထားပုံရသည်။
"ရော့...ဝတ်ထား"
သူကမ်းပေးလာသော အနွေးထည်ကိုကြည့်ပီး ခေါင်းခါလိုက်သဖြင့် သူသူမရှေ့သို့ ချပေးလိုက်ပီး...
"မဝတ်လို့မရဘူး၊ ဝတ်ထား"
"ကိုကို ကိုကြီးဆီပြန်ချင်တယ်"
သူမဆီက ပထမဆုံးထွက်လာသည့် သူ့ကိုပြောသည့်စကားက ထိုသို့သာ...
"ပြန်ရမယ် ခဏလေးစောင့်"
အမိန့်ဆန်ဆန် ပြောဆိုသံကြောင့် ကိုကိုဟာ ကြောက်လန့်ကာ ထိုအနွေးထည်ကို ချက်ချင်းကောက်ယူဝတ်လိုက်သည်။ အင်္ကျီဟာ ကြီးနေသောကြောင့် သူမဟာအနွေးထည်အောက်တွင် ပျောက်လုမတတ်။
"သား"
ဖေဖေနှင့်မေမေတို့ ရောက်ချလာတော့ သူက သူမနားတွင် ရပ်ရာကနေ မေမေတို့ဘက်လှည့်လာပီး လက်ညိုးဖြင့် သူမဆီသို့....
"ကျွန်တော် လက်ထပ်မယ်၊ ကျွန်တော့်ကို မိန်းမတောင်းပေးပါ မြလေး"
"အိုး...ဘုရားရေ.."
"ခွေးကောင်"
မေမေကဘုရားသလိုက် ဖေဖေကသူ့ကိုဆဲလိုက်နှင့် ဆိုပေမယ့် ခါတိုင်းဆို ပြန်ပြောလိုက်ချင်ပေမယ့် အခုတစ်ခေါက်က သူ့ဘက်ကအမှားမို့လို့တစ်ခွန်းမှ ပြန်မပြောတော့ဘဲ သူပြောချင်သည်ကိုသာပြောရမှဖြစ်မှာမလို့...
သူမကို သူတာဝန်ယူရမည်။
"မင်းယမင်း..."
"နင် ရူးနေလား...ဟမ်း...အခု နင်ဘာလုပ်နေသလဲသိလား သားရယ်..စကားကို ဖြစ်သလို လာမပြောစမ်းနဲ့"
"ဖြစ်သလိုပြောနေတာ မဟုတ်ဘူးမေမေ၊ ကျွန်တော် ဒီကလေးကို လက်ထပ်မယ် ကျွန်တော့်ကိုတောင်းပေးပါ"
"နင့်ကို အလိုလိုက်ခဲ့သမျှ ငါ့ကို ဒီပုံစံနဲ့ ကျေးဇူးဆပ်လိုက်တာလား မင်းယမင်း"
မြလေးဟာ စိတ်ဆိုးလာပြီဆို သူ့ကိုနင်နဲ့သာ တုန့်ပြန်တတ်လာဟာ ပုံမှန်ပဲမလို့ သူလည်းထပ်ပီး မေမေကို အသိပေးလိုက်လေသည်။
"ကျွန်တော်လက်ထပ်ဖို့ ဆုံးဖြတ်တာက မေမေတို့ကို ကျေးဇူးဆပ်နေတာမှ မဟုတ်တာ "
ဪ...
စကားလည်းတတ်သည့် ခွေးသားကောင်...
ထင်တိုင်းကြဲခဲ့ပြီးမှ ဒီမအေနဲ့ ဖအေကိုဖုန်းဆက်လာပြီး မိန်းမတောင်းပေးတဲ့လား....
အေးပေါ့..ငါမွေးခဲ့တာဆိုတော့ ငါပဲ ဆက်ပီး အလိုလိုက်ရအုံးမှာပေါ့...
မြယမင်းသွယ်ဟာ ကိုယ့်သားကို ကြည့်ပြီးသွေးတိုးရုံမက လူပါရူးချင်လာတော့သည်။ ဖြစ်နိုင်ရင် သင်းကို ဗိုက်ထဲသာ ပြန်ထည့်ပစ်လိုက်ချင်တော့သည်။ နောက်ဆုံးတော့လည်း...
"ဒီကလေးက ဘယ်သူလဲ"
"နေမီးညီမ"
"ဟမ်"
"အို.."
သူပြောသည့်တစ်ခွန်းထဲနဲ့တင် မေမေကောဖေဖေပါ အံ့ဩသွားလိမ့်ဆိုတာသိပေမယ့် သူကပိုတောင် အံ့ဩနေသေးသည်။ မနေ့မနက်ကမှ မြင်ဖူးတာကို အခုတော့ သူတာဝန်ယူရသည့်အဖြစ်ကိုသာ...
"ကြိုက်သလိုသာ လုပ်နေလိုက်တော့ မင်းယမင်းရယ်၊ ငါလေ ..."
သားဖြစ်သူ လုပ်ပုံနဲ့ ဒေါ်မြယမင်းသွယ်နှင့်ဦးမင်းထက်ရှားဟာ ဟင်ခနဲ့ ဟာခနဲ့ ဖြစ်ရတော့သည်။
ဒေါ်မြယမင်းသွယ်သည် ထိုကလေးမလေးဆီသို့ သွားကာ ထိုကလေးမလေး၏ ဖရိုဖရဲကောက်ဝတ်ထားသည့်အနွေးထည်လေးကို အကျအနဲပြန်ဝတ်ပေးရင်း..
"သမီးရယ် အန်တီအနူးအညွှတ်တောင်းပန်တယ်နော်.. အန်တီ့သားမှားသွားပါတယ်ကွယ်"
ထပ်ကျလာသည့်မျက်ရည်တို့ကို လက်ခုံဖြင့်ကိုကို ထပ်ပွတ်ချပစ်ကာ ဒီနေရာမှာဆက်ပြီးမနေချင်တော့၍ ...
" ကိုကို့နေမီးဆီပြန်ချင်တယ်"
သူမဆက်ခနဲ့ထပြီး ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ဘဲ ထိုအခန်းကနေထွက်ပြေးဖို့အလုပ် လူကသူတို့အရှေ့မှာတင်ပြိုလဲကျသွားတော့သည်။
"ဟယ်..ကလေး၊ ကိုရေကူလာပါအုံး"
ဒေါ်မြယမင်းသွယ်ဟာ သူမလေးကို ဆွဲထူရင်း ဖေဖေ့ကိုခေါ်တော့ မင်းယမင်းသည် သူမ မထနိုင်တော့ဘူးဆိုတာသိ၍ သူမဆီလျှောက်လာကာ သူကိုယ်တိုင်အောက်ဆင်းဖို့ ပွေ့ချီလာရတော့သည်။
"ငါ့ညီမကို ပြန်ပေး"
လှေခါးထစ်တွင်ရပ်နေသည့် နေမီးဆီက ဒေါသသံတို့ကြောင့် ဒီအချိန်မှာ သူဟာရန်စကားမဆိုချင်တော့၍ နေမီးဆီသို့ လွှဲပေးကာ ..
"ငါ တောင်းပန်တယ်"
"မင်းတောင်းပန်လည်း ပြောင်းလဲမသွားဘူး"
"လေးလေးတောင်းပန်ပါတယ် သားနေမီး"
"အန်တီ သားတို့ဆီ လာခဲ့မယ်နော် သား"
ဘယ်သူက ဘယ်လိုပဲတောင်းပန်နေနေလေ ကိုကိုလေးကို သူနာကျင်အောင် လုပ်ခဲ့မိပြီ...
ကိုကြီးမှားခဲ့တာပါ ကိုကိုလေးရယ်......
ကိုကြီးတို့ အိမ်ကို ဘယ်လိုမျက်နှာနဲ့ပြန်ရမလဲ....
Part4 ဆက်ရန်.....
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
Drabin-one
.
.
.
.
.
🌸သူ႔လည္တိုင္တြင္ ငါ့ႏွလုံးသားကို အပ္၍🌸
မနက္ခင္း ေနေရာင္ျခည္၏အလင္းအထိအေတြ႕တို႔က်ေရာက္လာသည့္ သူ႔ခႏၶာကိုယ္ဟာ လူးလြန႔္လာၿပီးႏိုးလာသည္ဆိုသည့္အသိ သိလိုက္သည့္ႏွင့္ သူ႔ေခါင္းက တဆစ္ဆစ္ထိုးကိုက္လာေတာ့၏။
"က်စ္"
ေခါင္းကိုလက္တစ္ဖက္ျဖင့္ ဖိႏွိပ္လိုက္ကာ ေမြ႕ယာကေန ထထိုင္လိုက္၏။ ေခါင္းကိုဖိထားရာကေန မ်က္႐ိုးပါကိုက္လာေတာ့ေၾကာင့္ လက္ကမ်က္ခုံးထူထူၾကားကေနရာသို႔ တစ္ဖန္ထပ္ဖိျပန္သည္။ ညကလူမွန္းမသိေအာင္ မူး႐ူးခဲ့တဲ့အက်ိဳးဆက္က အခုေတာ့ အက်ိဳးေပးေလၿပီ။
"ေမထြဋ္ ကိုကို႔ကို မခ်စ္ခဲ့ဘူး"တဲ့...
ညကအျဖစ္ကို ျပန္ေတြးၾကည့္ရင္း သူဟာအ႐ူးတစ္ေယာက္ပဲ မိန္းကေလတစ္ေယာက္ကို လိုက္တြယ္တာေနမိတဲ့ အ႐ူးတစ္ေယာက္ပဲ။ အခ်စ္ကေပးတဲ့နာက်င္မႈ၊ နာက်ဥ္းမႈ ခံစားခ်က္ႏွင့္အတူ အရက္ကေပးတဲ့ေဝဒနာကို ေသာက္ေပါတစ္ေကာင္လိုပါ ေဆးကထပ္ျမႇင့္ေပးလိုက္လွ်င္ တၿပိဳင္တည္းခံလိုက္ရေတာ့ လူကတိမ္ေပၚမေရာက္လိုက္ဘဲ သူဟာအ႐ူးႀကီးဘဝလုံးလုံးကိုေရာက္လို႔ ႐ူးမ်ား႐ူးသြားမလာဘဲ ခံလိုက္ရသည့္ခံစားခ်က္တို႔က တနင့္တပိုးႏွင့္......
လက္တစ္ဖက္ကေန လက္ႏွစ္ဖက္လုံးက ေခါင္းတစ္လွည့္ မ်က္႐ိုးတို႔ကိုပါ ထပ္ပီးႏွိပ္နယ္ေနမိသည္။
မ်က္လုံးအၾကည့္က သူ႔ေဘးဘက္ကိုအၾကည့္ေရာက္ေတာ့ သူဒဏ္ရာမ်ား တစ္ေနရာရာမွာရသြားလို႔ ေသြးမ်ားကေမြ႕ယာေပၚ ေပက်ံေနလားဆိုရင္း သူ႔ကိုသူငုံ႔ရွာၾကည့္လိုက္ေတာ့ ဘယ္ေနရာမွရွိမေန။စိတ္ကလည္းမၾကည္လင္ေနကာ ခႏၶာကိုယ္ကပါ ကိုက္ခဲေနသျဖင့္ သူေရခ်ိဳးဖို႔ ကုတင္မွထ ေရခ်ိဳးခန္းဆီသို႔သာ ဦးတည္လာၿပီး ေရပန္းကိုဖြင့္ခ်၍ မ်က္ႏွာေပၚသို႔ ေရစက္မ်ားက်လာေတာ့မွ ေရထိလိုက္သည္ႏွင့္ သူ႔ခႏၶာကိုယ္ေရာ ေက်ာျပင္တစ္ခုလုံးကပါ စပ္ဖ်င္းဖ်င္းျဖစ္လာ၏။
ေက်ာျပင္ဘက္သို႔ လက္ေနာက္ပစ္ကာ လိုက္စမ္းမိကာ ဘာဒဏ္ရာမွန္းမသိေပမယ့္ နာေနသည္၊ ညက သူတစ္ေနရာမွာေခ်ာက်မိလို႔မ်ားလား။ ေရပန္ဆီသို႔တစ္ဖန္ျပန္ဝင္လာေတာ့.. အာ႐ုံကလား အသိကလားပဲ...
ဘာလဲဟ...
ဝာာဝါတစ္ထည္ႏွင့္ အေကာင္ေသးေသးေလး....
မ်က္လုံးဝိုင္းဝိုင္းေလးႏွင့္ အံဩေနသည့္ အေကာင္ေသးေသးေလး....
အေကာင္ေသးေသးေလးရဲ႕ ႏႈတ္ခမ္းလုံးလုံးေလး...
ဘာလဲ....
ဘယ္လိုလုပ္ ဒီကေလး သူ႔ေရခ်ိဳးခန္းမွာေရာက္ေနတာလဲ....
"ေတာက္"
ဘာအတြက္မွန္းမသိ ေဒါသပါထြက္လာသည့္အထိ တတ္ေခါက္လိုက္မိသည့္အထိ......
အဲ့ကေလးရဲ႕ ႏႈတ္ခမ္းလုံးလုံးျပည့္ျပည့္ေလးကို သူအ႐ိုင္းဆန္ဆန္သိမ္းပိုက္ခဲ့တာပဲ....
အဲ့ကေလးရဲ႕ မ်က္ႏွာထက္က နဖူးေလးကို မ်က္ဝန္းေတြကို ပါးျပင္ႏုႏုေလးကို..
အဲ့ကေလးရဲ႕ တာဝါတစ္ထည္သာ ပတ္ထားသည့္ပခုံးသားႏုႏုေလးကို သူ......
အဲ့ကေလးရဲ႕အရာအားလုံးကို.......
"ဟ"
ဘာလဲ...
ေရပန္းခလုတ္ကို ကမန္းကတန္း ပိတ္ခ်လိုက္ကာ သူ ခတၱ ေက်ာက္႐ုပ္လိုရပ္ေနမိၿပီး အေတြးေတြက တစ္စတစ္ေပၚလာေနဆဲ.....
"ကိုကိုေလး"
ႏႈတ္ကေန ထြက္လာသည့္ နာမည္တစ္ခု..
ထိုကေလးေလးရဲ႕ ပုံရိပ္တို႔က အေတြးက တျဖည္းျဖည္း႐ုပ္လုံးေပၚလာေလ သူ႔မ်က္ခုံးထူထူတို႔ကတြန႔္က်လာကာ ႏႈတ္ခမ္းပါးပါးေလးက ေစ့ထားကာ ေမး႐ိုးကပါတင္းကားလာသည္။
အေတြးတို႔တင္ သက္သက္မဟုတ္ႏိုင္ပါ ေရခ်ိဳးခန္းကေနထြက္လာၿပီး ပိုေသခ်ာတာက သူကုတင္ဘက္ကိုေလွ်ာက္ၿပီးလာေတာ့ ခုနကသူထင္ေနသည့္သူ႔ဒဏ္ရာကေနလာသည့္ေသြးဟုထင္ေနခဲ့တာ တကယ့္တရားခံကမွ တျခားဆီ... ကိုကိုေလး၏...။
ဘယ္ဘက္ကရင္ခုန္သံတို႔က ခုန္ေပါက္လာေတာ့၊သူဟာ သူဘာျဖစ္ေနတာလဲလို႔ေတာင္ မသိေတာ့ဘဲ စိတ္ပ်က္လက္ပ်က္ႏွင့္ ထိုအနီအကြက္ေလးေဘးနားတြင္ ထိုင္ပစ္လိုက္မိသည္။
ေဘးနားက စားပြဲေပၚတြင္ တင္ထားသည့္ စီးကရက္တစ္လိပ္ကို ယူၿပီးမီးညႇိဳ႕၍ တစ္ရႈိက္ေလာက္ျပင္းျပင္းေလး ရွဴသြင္းလိုက္သည္။ မွတ္ဥာဏ္ကေန တစ္စတစ္စေပၚလာသည့္ ေရခ်ိဳးခန္းဆီကေရာ ေမြ႕ယာဆီကေရာ အေတြးေတြဟာ သူဟာလုံးဝလုံးဝကို မထင္ထားသည့္ လုပ္ရပ္ကို သူလုပ္ခဲ့မိၿပီ...
အခုခ်ိန္မွာ သူလုပ္သင့္ လုပ္ထိုက္သည့္အရာဟာ ေမေမ(ျမေလး)ဆီကို သူထိုသို႔အေၾကာင္းၾကားကာ ဖုန္းဆက္ရမည္။
"ေမေမ...ကြၽန္ေတာ့္ကို မိန္းမေတာင္းေပးပါ၊ကြၽန္ေတာ္လက္ထပ္ေတာ့မယ္"
"....."
ထိုအနီကြက္ေလးေနရာကို ေစာင့္ျဖင့္အုပ္၍ ေအာက္ထပ္သို႔ ခပ္ျမန္ျမန္ဆင္းလာခဲ့ကာ ေလွခါးရင္းဘက္အခန္းေရွ႕တြင္ ေနမီးႏွင့္သူ႔ညီမတို႔၏ ျမင္ကြင္းေၾကာင့္ ေအာက္ဆုံးအထစ္ေလွခါးထစ္ကိုလွမ္းဖို႔ သူ႔ေျခလွမ္းက အလိုလိုရပ္တန႔္သြားမိ၏။
"ကိုကိုေလး... မငိုဘဲ ကိုႀကီးကိုၾကည့္ၿပီးေျဖ ကိုကိုေလး ဘာျဖစ္လို႔လဲ..ဟြင္"
"ဟီးး"
"ဟီး...ဟီး...အီးဟီး.."
ဘယ္အခ်ိန္ကတည္းက ငိုထားမွန္းမသိဘဲ မ်က္ရည္တို႔တစ္စက္မွမက်လာေတာ့သလို ရႈိက္သံတို႔ျဖင့္သာ ေခါင္းငုံ႔၍ သူမေခါင္းခါေနသည္။
"ကိုႀကီးကို ေျပာမွ ကိုႀကီးသိမွာေပါ့..... ကိုကိုေလး... မ်က္ႏွာေမာ့ၿပီး ကိုႀကီးကို ၾကည့္ပါအုံး ကေလး"
ဘာမွေျဖမလာသျဖင့္ ေနမီးပို၍စိုးရိမ္လာသည္။ဝိုင္ေၾကာင့္ စြန္းထင္းေနသည့္အက်ႌဟာ ဆိုေနသည့္အျပင္ ကိုကိုေလးကလည္း ဒါကိုပဲဝတ္ထားဆဲျဖစ္ေနသည္။ သူအခန္းထဲထြက္လာေတာ့ သူမက အခန္းေရွ႕တြင္ က်ဳံ႔က်ဳံ႔ေလး ဒူးေပၚလက္တင္၍ငိုေနသည္။ ဘာျဖစ္လဲလို႔ ေမးေတာ့လည္း အခုထိမေျဖတာေၾကာင့္ လူကစိတ္ပိုတိုလာသည္။
"ကိုကိုေလး"
သူ႔အသံဟာ ေဒါသသံတို႔ထြက္လာေသာေၾကာင့္ ေခါင္းငုံ႔ေနသည့္ကိုကိုဟာ သူ႔ကိုေမာ့ၾကည့္လာေတာ့ မွ သူကေခါင္းကိုညိတ္ျပ၍ ေျပာလို႔ရတယ္လို႔ ဆိုေတာ့လည္း သူမက ဘာမွမေျပာဘဲ ေနမီးကိုသာ ၾကည့္ၿပီး ျပန္ငိုေနသည္။
"ေျပာပါ ကိုကိုေလးရယ္ ကိုႀကီးကို.. ကိုကိုေလး ဘာျဖစ္လို႔လဲ"
" ငါ့ေၾကာင့္ပါ"
မင္းယမင္းသည္ ေနမီးအနားသို႔ ေလွ်ာက္လာရင္း ဆိုေလသည္။
"ငါ့ညီမကိုငါေမးေနတာ မင္းကိုေမးေနလို႔လား"
ေျဖေစခ်င္သည့္လူကမေျဖဘဲ အျခားတစ္ေယာက္က ဝင္ေျဖလာသည္မို႔ ေနမီးကသူ႔ကို မၾကည့္ဘဲေဟာက္လိုက္လွ်င္ သူဟာအေနရခက္ေနသည့္ အေျခအေနကို မီးထပ္ျမႇိဳက္ဖို႔သာက်န္ေနသည့္အေျခအေနေၾကာင့္၊ ေလာင္စာအေၾကာင္းကို ေျပာမွရေတာ့မည္။
" ဒီကေလး တစ္ညလုံးငါ့အခန္းမွာ.."
"မင္းကိုငါေမးေနလား မင္းယ"
ထိုေတာ့မွ ေနမီးကမင္းယဘက္ဆီ လွည့္လာကာ မ်က္လုံးစိမ္းစိမ္းတို႔ႏွင့္တုံ႔ျပန္လာေတာ့...
"ငါေျဖရမွာမို႔လို႔ေလ"
"ငါ့ညီမကိစၥကို မင္းဝင္မပါနဲ႔"
မပါနဲ႔တဲ့လား...
အခုေန ဘာျဖစ္ေနတဲ့အေျခအေနကို ေနမီးတစ္ေယာက္ မသိေသးလို႔တာ ဒီလိုဆိုေနတာျဖစ္မယ္..
"မင္းညီမကိစၥက ငါ့ကိစၥျဖစ္လာတာမို႔ေလ.. တစ္ညလုံးငါ့အခန္းထဲမွာဆိုေတာ့..."
ဒီေလာက္ဆို ေနမီးသေဘာေပါက္လာဖို႔ ေကာင္းေနၿပီးမလို႔ သူ စကားတို႔ကိုရပ္ထားကာ ေခါင္းကိုသာတစ္ခ်က္ေလာက္ညိတ္လိုက္သည္ကို ေနမီးကသူ႔အသံတိတ္စကားတို႔ကို သေဘာေပါက္လာကာ အံ့ဩသည့္ပုံရိပ္ျဖစ္ေပၚလာေတာ့..
"မင္း..ေဟ့ေကာင္..မင္းယ.."
"အင္း ဟုတ္တယ္..မင္းထင္တဲ့အဲ့အတိုင္းပဲ.."
ထိုအခါ ေနမီး၏လက္က သူ႔မ်က္ႏွာတည့္တည့္ဆီသို႔ စတင္ဦးတည္လာေတာ့ သူဒါကိုလဲ ႀကိဳသိေနၿပီးသားမလို႔ မေရွာင္လိုက္ဘဲ ၿငိမ္ခံရင္းအထိုးခံလိုက္သည္။
"ခြပ္"
"မင္း... မဟုတ္ဘူးလို႔ေျပာလိုက္စမ္း..."
ပထမတစ္ခ်က္ ဒုတိယတစ္ခ်က္ တတိယတစ္ခ်က္ သုံးခ်က္ေလာက္အထိုးခံရလိုက္ရေတာ့ လူက ယိုင္လဲက်သြားၿပီး ေနမီးကိုျပန္တုံ႔ျပန္ဖို႔ထက္ သူ႔အမွားကို ေနမီးအခုထိလက္မခံႏိုင္ေသးသည္ကို နားလည္ေပမယ့္ သူလည္းဘာမွန္းမသိ စိတ္တိုေနသည္။
"ငါ့ညီမကို...မင္း ..အဲ့လိုလုပ္လို႔မရဘူး... မျဖစ္ရဘူး၊ေခြးေကာင္... လီးပဲကြာ"
"ေနမီး..ေတာ္ေတာ့"
"မင္းယ"
ေနမီးသည္ မင္းယကိုေနာက္ထက္ ထပ္ထိုးဖို႔အလုပ္ ေနႏိုင္ႏွင့္အသြင္တို႔က ႐ုတ္႐ုတ္သဲသဲျဖစ္ေနသည့္အသံၾကားသည့္ အခန္းျပင္သို႔ထြက္လာၾကၿပီး သူတို႔ႏွစ္ေယာက္ကိုဝင္ဆြဲကာ တားရေတာ့သည္။ ဘာအေျခအေနျဖစ္မွန္းမသိေပမယ့္ ဒီႏွစ္ေယာက္ရန္ျဖစ္ေနတာဟာ ေကာင္းတဲ့အေျခေနမဟုတ္မွန္း ရိပ္မိေပမယ့္ ဘာျဖစ္မွန္းမသိ။
"ျဖစ္ခဲ့ၿပီးၿပီ...ငါေတာင္းပန္တယ္..ငါမွားသြားတယ္၊ျပန္ျပင္လို႔လည္း မရဘူး"
"ေခြးသူေတာင္းစား.. မင္း ေတာင္းပန္တဲ့ေသာက္စကားလာမေျပာနဲ႔ မင္းလိုေကာင္ကို ငါသတ္မယ္"
"မင္းသတ္လိုက္လို႔လည္း ျပင္လို႔မရေတာ့ဘူး"
"ေခြးေကာင္"
ေနမီးက မင္းယကိုထပ္ထိုးမလိုျပင္ရန္ အသြင္က မင္းယကိုသူ႔ကိုယ္ႏွင့္ကာလိုက္ၿပီး တစ္ဖက္သို႔ဆြဲခ်ဳပ္လာကာ ေနမီးကိုေနႏိုင္ကတစ္ဖက္သို႔ ဆြဲေခၚသြားေတာ့သည္။ ထိုအခါ အခန္းဆီကေန လူတစ္ခ်ိဳ႕ ျပဴတစ္ျပဴတစ္ထြက္လာၿပီး ကြက္က်ိကြက္က်ိႏွင့္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာရိပ္ျပကာ ေမးေန စပ္စုေနေတာ့၏.....
"လူစိတ္မရွိတဲ့ေကာင္ ငါ့ကိုလႊတ္"
"ေတာ္ပါေတာ့ ေနမီးရာ၊ မင္း ေဒါသကိုေလွ်ာ့၊ ငါတို႔စကားေကာင္းေကာင္းေျပာၾကလို႔ရမလား၊ မင္းစိတ္ထိန္းပါကြာ"
"ငါ ဘယ္လို စိတ္ထိန္းရမလဲ...ငါ့ညီမကို အဲ့ေခြး..."
ေဒါသအသံတို႔ပါ တုန္ယင္လာကာ ဆက္ေျပာမည့္စကားတို႔က လည္ေခ်ာင္းဝတြင္ေၾကာက္႐ြံစြာ ရပ္တန႔္ေန၏။ အေျခအေနအျဖစ္အပ်က္တို႔ကို သူတို႔ နားလည္လာကာ ထိုအခါမွမ်က္လုံးျပဴးမ်က္ဆံျပဴး ျဖစ္လာၾကေတာ့သည္။
"ငါမရည္႐ြယ္ဘဲျဖစ္သြားတယ္၊ ေဆာရီး"
"မင္းဘာသာ မင္းမရည္႐ြယ္လည္း ငါ့ညီမေတာ့မျဖစ္ရဘူးကြာ၊ မင္း လူယုတ္မာပဲ မင္းယ"
ေတာင္းပန္တာကို လက္မခံလည္းနားလည္ေပးလို႔ရေပမယ့္ သူ႔ကိုငါ့ညီမေတာ့ မျဖစ္ရဘူးဆိုသည့္စကားေၾကာင့္ ေဒါကထြက္လာ၏...
"မင္းညီမသာ ငါ့အခန္းထဲမဝင္လာရင္ အခုလို ျဖစ္လာစရာအေၾကာင္းမရွိဘူး ေနမီး"
" ဘာ"
သူ႔စကားဟာ ေနမီးကိုေရာဟိုေကာင္မေလးကိုပါ ေစာ္ကားလိုက္သလို ဆိုတာသိေပမယ့္လည္း၊ အဲ့စကားနဲ႔ေတာင္ သူကိုယ္ကိုတင္စီးမခံႏိုင္ေတာ့ ေျပာလိုက္မိ၏။
"မင္းယ"
"ဟုတ္တယ္ ငါ မင္းယမင္း၊ ငါဘယ္မွ ထြက္မေျပးဘူး ထိုးခ်င္ ႀကိဳက္သေလာက္လာထိုးလို႔ရတယ္၊ ငါ့ဘက္ကမွားတာမလို႔ မင္းကိုေတာင္းပန္ေနတာ မရလဲ မင္းသေဘာပဲ"
ထိုအခါ ေနမီးကမင္းယဆီသို႔ တစ္ဖန္ျပန္ဝင္လာကာ သူ႔၏ေသြးေၾကာတို႔ေပါက္ထြက္မတတ္ေပၚ ေနေသာလက္မွလက္တီးက်စ္က်စ္ဟာ မင္းယ၏ မ်က္ႏွာထပ္သို႔ ထပ္က်လာေတာ့သည္။
"ကဲ့ကြာ...ငါ့ညီမကို.."
"ခြပ္ "
"ခြပ္"
"ေတာ္ေတာ့ ေနမီး"
တုံ႔ျပန္လာျခင္းမရွိဘဲ တစ္ဖက္သက္သာ ထိုးေနေသာ ေနမီးဘက္ကိုအသြင္ကပါ ထပ္ဝင္ဆြဲတားရေတာ့သည္။
မ်က္ႏွာတစ္ခုလုံးပါ ရစရာမရွိေအာင္ အထိုးခံလိုက္ရၿပီးေနာက္ မင္းယဟာသူ႔ဘက္ကသာ ဒီလို ၿငိမ္ခံေပးလိုက္ျခင္းသည္ ဘဝမွာဒါဟာပထမဆုံးအႀကိမ္မို႔လို႔ ေနမီးကိုေကာသူ႔ကိုသူပါ ေဒါသထြက္ေနမိ၏။ တစ္ခုခုကို လုပ္ခ်င္ေပမယ့္ မွားေနတာက ကိုယ္မလို႔၊ သူ႔လက္က နံရံဆီသို႔သာ ဦးတည္လာျပန္သည္။
"ဒုန္း"
"ဒုန္း"
"ဒုန္း"
"ေအာင္မယ္ေလး"
ထိုအခါအခန္းထဲကလူအခ်ိဳ႕ဆီက အံဩသံတို႔ထြက္လာသည္။
"ဟက္"
သူ တစ္ခ်က္ဟက္ခနဲ႔ရယ္လိုက္မိသည္။ အသားနာသည္ထက္ သူ႔လုပ္လိုက္သည့္အမွားက ျပန္ျပင္လို႔မရေတာ့သည့္အျပင္ သူ႔အခ်စ္ရဆုံး သူငယ္ခ်င္းရဲ႕ ညီမကိုတဲ့လား...
သူဟာ ဒူးကိုပိုက္ထားၿပီးေခါင္းငုံ႔၍ငိုေနသည့္ ေကာင္မေလးဆီသို႔ ေလွ်ာက္လာကာ သူမေရွ႕တြင္ ရပ္၍ ဆံပင္တို႔ကိုလက္ျဖင့္တစ္ခ်က္သပ္ရင္း..
"ငါ ေတာင္းပန္တယ္..."
ခဏခဏ ေတာင္းပန္းခယေနသည့္ ကိုယ့္ကိုယ္ကို လည္းမုန္းမိလာရင္းနဲ႔ တျဖည္းျဖည္း႐ြံလာေတာ့သည္။
"ငါ သူ႔ကိုစကားေျပာမလို႔ တစ္ခ်က္ေခၚသြားမယ္"
ခြင့္ျပဳခ်က္ေတာင္းတာထက္ အသိေပးလိုက္ကာ သူဟာကိုကိုေလးကို လက္ဆြဲေခၚသြားတာက အေပၚထပ္ဆီသို႔...
ေနမီးက ကိုကိုေလးကို ျပန္ဆြဲေခၚမလို႔လုပ္ေတာ့ ေနႏိုင္က ေနမီးကိုတားကာ..
"သူ ေတာင္းပန္ခ်င္လို႔ျဖစ္မွာပါကြာ ခဏေလာက္ေတာ့ သူတို႔ႏွစ္ေယာက္ကို စကားေပးေျပာလိုက္ကြာ"
"အဲ့ေကာင္ ကိုကိုေလးကို ေျပာစရာဘာအေၾကာင္းမွ မရွိဘူး"
ငိုသံႏွင့္မ်က္ရည္ပါက်လာသည့္ေနမီးက ေျပာေလလွ်င္ ေနႏိုင္ႏွင့္အသြင္ပါ စိတ္မေကာင္းျဖစ္ရသည္။ခဏအတြင္း ေျပာင္းလဲသြားသည့္အေျခအေနတို႔ဟာ ဘယ္လိုအညႇိဳးကံၾကမၼာမ်ားလဲ။
ထိုစဥ္ ...
ကိုကိုေလးႏွင့္မင္းယတို႔ႏွစ္ဦးက တစ္ေယာက္က ကုတင္တေစာင္းဘက္တြင္ထိုင္ေနၿပီး တစ္ေယာက္က ကုတင္နားက ထိုင္ခုံေပၚတြင္က်ဳံ႔က်ဳံ႔ေလးထိုင္ကာ ရႈိက္ငိုေနသည္။
ေခၚလာတာက ေနာက္ထပ္ေတာင္းပန္းရန္၊ တကယ့္တကယ့္က်ေတာ့ မင္းယသည္ သူလည္းစကားတို႔ကို ဘယ္ကစရမွန္းမသိျဖစ္ေနသည္။
ေတာ္ေတာ္ၾကာသည့္အထိ အခန္းထဲတြင္ တိတ္ဆိတ္ေနေတာ့ သူမအနားေလွ်ာက္လာကာ သူ႔ဘက္ကပဲ သူမကိုစကားဆိုေလသည္။
"ကိုယ္ေတာင္းပန္တယ္ ညကကိုယ္မွားသြားတယ္ ၊မင္းကို ကိုယ္လက္ထပ္မယ္၊ ကိုယ္တို႔ႏွစ္ေယာက္ လက္ထပ္ရလိမ့္မယ္"
လက္ထပ္မယ္ဆိုသည့္စကားနဲ႔မွ သူမဟာသူ႔ဆီသို႔ ေမာ့ၾကည့္လာေတာ့ ဘယ္ေလာက္ေတာင္ငိုထားလဲဆိုတာ မ်က္လုံးေတြေတာင္ ေတာ္ေတာ္နီေနကာ ႏႈတ္ခမ္းတို႔ဟာ ျဖဴဖက္ေဖ်ာ့ေရာ့ေန၏။
သူလည္းအခုမွသာ သူမကိုသဲသဲကြဲကြဲ ျမင္ရေတြ႕ရ ေတာ့သည္။ ငိုထားသျဖင့္ မို႔အစ္ေနသည့္မ်က္ဝန္းဝိုင္းဝိုင္းေလး၊ တဆက္ဆက္တုန္ေနသည့္ျဖဴေလွ်ာ့နသည့္ႏႈတ္ခမ္းလုံးလုံးေလး အသားျဖဴ၍ထင္ပါးျပင္တစ္ခုလုံးဟာနီရဲေစြးေန၏။ သူမ၏ အစိတ္အပိုင္းတို႔ကို တစ္ခ်က္ၾကည့္တိုင္း သူ႔ရင္ခုန္သံတို႔ဟာ ဘာ ေၾကာင့္လဲမသိျမန္လာကာ လည္တိုင္တစ္ေလွ်ာက္က အညိဳကြက္တို႔အၾကည့္တို႔အေရာက္တြင္ သူသည္ဆက္လက္ ၾကည့္ႏိုင္စြမ္းမရွိေတာ့၍ မ်က္လုံးတို႔ကိုမွိတ္ခ်လိုက္၏။ ဘီဒိုဘက္သို႔ေလွ်ာက္သြားၿပီးအေႏြးထည္တစ္ထည္ကိုယူလာကာ သူမကိုကမ္းေပးေလသည္။ သူမကတစ္ညလုံး အက်ႌေရစိုစိုတို႔ကို ျပန္ဝတ္ထားပုံရသည္။
"ေရာ့...ဝတ္ထား"
သူကမ္းေပးလာေသာ အေႏြးထည္ကိုၾကည့္ပီး ေခါင္းခါလိုက္သျဖင့္ သူသူမေရွ႕သို႔ ခ်ေပးလိုက္ပီး...
"မဝတ္လို႔မရဘူး၊ ဝတ္ထား"
"ကိုကို ကိုႀကီးဆီျပန္ခ်င္တယ္"
သူမဆီက ပထမဆုံးထြက္လာသည့္ သူ႔ကိုေျပာသည့္စကားက ထိုသို႔သာ...
"ျပန္ရမယ္ ခဏေလးေစာင့္"
အမိန႔္ဆန္ဆန္ ေျပာဆိုသံေၾကာင့္ ကိုကိုဟာ ေၾကာက္လန႔္ကာ ထိုအေႏြးထည္ကို ခ်က္ခ်င္းေကာက္ယူဝတ္လိုက္သည္။ အက်ႌဟာ ႀကီးေနေသာေၾကာင့္ သူမဟာအေႏြးထည္ေအာက္တြင္ ေပ်ာက္လုမတတ္။
"သား"
ေဖေဖႏွင့္ေမေမတို႔ ေရာက္ခ်လာေတာ့ သူက သူမနားတြင္ ရပ္ရာကေန ေမေမတို႔ဘက္လွည့္လာပီး လက္ညိဳးျဖင့္ သူမဆီသို႔....
"ကြၽန္ေတာ္ လက္ထပ္မယ္၊ ကြၽန္ေတာ့္ကို မိန္းမေတာင္းေပးပါ ျမေလး"
"အိုး...ဘုရားေရ.."
"ေခြးေကာင္"
ေမေမကဘုရားသလိုက္ ေဖေဖကသူ႔ကိုဆဲလိုက္ႏွင့္ ဆိုေပမယ့္ ခါတိုင္းဆို ျပန္ေျပာလိုက္ခ်င္ေပမယ့္ အခုတစ္ေခါက္က သူ႔ဘက္ကအမွားမို႔လို႔တစ္ခြန္းမွ ျပန္မေျပာေတာ့ဘဲ သူေျပာခ်င္သည္ကိုသာေျပာရမွျဖစ္မွာမလို႔...
သူမကို သူတာဝန္ယူရမည္။
"မင္းယမင္း..."
"နင္ ႐ူးေနလား...ဟမ္း...အခု နင္ဘာလုပ္ေနသလဲသိလား သားရယ္..စကားကို ျဖစ္သလို လာမေျပာစမ္းနဲ႔"
"ျဖစ္သလိုေျပာေနတာ မဟုတ္ဘူးေမေမ၊ ကြၽန္ေတာ္ ဒီကေလးကို လက္ထပ္မယ္ ကြၽန္ေတာ့္ကိုေတာင္းေပးပါ"
"နင့္ကို အလိုလိုက္ခဲ့သမွ် ငါ့ကို ဒီပုံစံနဲ႔ ေက်းဇူးဆပ္လိုက္တာလား မင္းယမင္း"
ျမေလးဟာ စိတ္ဆိုးလာၿပီဆို သူ႔ကိုနင္နဲ႔သာ တုန႔္ျပန္တတ္လာဟာ ပုံမွန္ပဲမလို႔ သူလည္းထပ္ပီး ေမေမကို အသိေပးလိုက္ေလသည္။
"ကြၽန္ေတာ္လက္ထပ္ဖို႔ ဆုံးျဖတ္တာက ေမေမတို႔ကို ေက်းဇူးဆပ္ေနတာမွ မဟုတ္တာ "
ဪ...
စကားလည္းတတ္သည့္ ေခြးသားေကာင္...
ထင္တိုင္းႀကဲခဲ့ၿပီးမွ ဒီမေအနဲ႔ ဖေအကိုဖုန္းဆက္လာၿပီး မိန္းမေတာင္းေပးတဲ့လား....
ေအးေပါ့..ငါေမြးခဲ့တာဆိုေတာ့ ငါပဲ ဆက္ပီး အလိုလိုက္ရအုံးမွာေပါ့...
ျမယမင္းသြယ္ဟာ ကိုယ့္သားကို ၾကည့္ၿပီးေသြးတိုး႐ုံမက လူပါ႐ူးခ်င္လာေတာ့သည္။ ျဖစ္ႏိုင္ရင္ သင္းကို ဗိုက္ထဲသာ ျပန္ထည့္ပစ္လိုက္ခ်င္ေတာ့သည္။ ေနာက္ဆုံးေတာ့လည္း...
"ဒီကေလးက ဘယ္သူလဲ"
"ေနမီးညီမ"
"ဟမ္"
"အို.."
သူေျပာသည့္တစ္ခြန္းထဲနဲ႔တင္ ေမေမေကာေဖေဖပါ အံ့ဩသြားလိမ့္ဆိုတာသိေပမယ့္ သူကပိုေတာင္ အံ့ဩေနေသးသည္။ မေန႔မနက္ကမွ ျမင္ဖူးတာကို အခုေတာ့ သူတာဝန္ယူရသည့္အျဖစ္ကိုသာ...
"ႀကိဳက္သလိုသာ လုပ္ေနလိုက္ေတာ့ မင္းယမင္းရယ္၊ ငါေလ ..."
သားျဖစ္သူ လုပ္ပုံနဲ႔ ေဒၚျမယမင္းသြယ္ႏွင့္ဦးမင္းထက္ရွားဟာ ဟင္ခနဲ႔ ဟာခနဲ႔ ျဖစ္ရေတာ့သည္။
ေဒၚျမယမင္းသြယ္သည္ ထိုကေလးမေလးဆီသို႔ သြားကာ ထိုကေလးမေလး၏ ဖ႐ိုဖရဲေကာက္ဝတ္ထားသည့္အေႏြးထည္ေလးကို အက်အနဲျပန္ဝတ္ေပးရင္း..
"သမီးရယ္ အန္တီအႏူးအၫႊတ္ေတာင္းပန္တယ္ေနာ္.. အန္တီ့သားမွားသြားပါတယ္ကြယ္"
ထပ္က်လာသည့္မ်က္ရည္တို႔ကို လက္ခုံျဖင့္ကိုကို ထပ္ပြတ္ခ်ပစ္ကာ ဒီေနရာမွာဆက္ၿပီးမေနခ်င္ေတာ့၍ ...
" ကိုကို႔ေနမီးဆီျပန္ခ်င္တယ္"
သူမဆက္ခနဲ႔ထၿပီး ဘယ္သူ႔ကိုမွ ရည္႐ြယ္ၿပီး ေျပာတာမဟုတ္ဘဲ ထိုအခန္းကေနထြက္ေျပးဖို႔အလုပ္ လူကသူတို႔အေရွ႕မွာတင္ၿပိဳလဲက်သြားေတာ့သည္။
"ဟယ္..ကေလး၊ ကိုေရကူလာပါအုံး"
ေဒၚျမယမင္းသြယ္ဟာ သူမေလးကို ဆြဲထူရင္း ေဖေဖ့ကိုေခၚေတာ့ မင္းယမင္းသည္ သူမ မထႏိုင္ေတာ့ဘူးဆိုတာသိ၍ သူမဆီေလွ်ာက္လာကာ သူကိုယ္တိုင္ေအာက္ဆင္းဖို႔ ေပြ႕ခ်ီလာရေတာ့သည္။
"ငါ့ညီမကို ျပန္ေပး"
ေလွခါးထစ္တြင္ရပ္ေနသည့္ ေနမီးဆီက ေဒါသသံတို႔ေၾကာင့္ ဒီအခ်ိန္မွာ သူဟာရန္စကားမဆိုခ်င္ေတာ့၍ ေနမီးဆီသို႔ လႊဲေပးကာ ..
"ငါ ေတာင္းပန္တယ္"
"မင္းေတာင္းပန္လည္း ေျပာင္းလဲမသြားဘူး"
"ေလးေလးေတာင္းပန္ပါတယ္ သားေနမီး"
"အန္တီ သားတို႔ဆီ လာခဲ့မယ္ေနာ္ သား"
ဘယ္သူက ဘယ္လိုပဲေတာင္းပန္ေနေနေလ ကိုကိုေလးကို သူနာက်င္ေအာင္ လုပ္ခဲ့မိၿပီ...
ကိုႀကီးမွားခဲ့တာပါ ကိုကိုေလးရယ္......
ကိုႀကီးတို႔ အိမ္ကို ဘယ္လိုမ်က္ႏွာနဲ႔ျပန္ရမလဲ....
Part4 ဆက္ရန္.....
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
Drabin-one