🌸သူ့လည်တိုင်တွင် ငါ့နှလုံးသာ...

By Drabin-one

248K 5.1K 518

ကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလို... More

🌸Part 2🌸
🌸Part 3🌸
🌸Part4🌸
🌸Part5🌸
🌸Part 6🌸
🌸Part7🌸
🌸Part8🌸
🌸Part9🌸
🌸Part10🌸
🌸Part11🌸
🌸Part12🌸
🌸Part 13🌸
🌸Part14🌸
🌸Part15🌸
🌸Part16🌸
🐉Part17🐉
🐉Part18🐉
🐉Part19🐉
🐉Part20🐉
🐉Part21🐉
🐉Part22🐉
🐉Part23🐉
🐉Part 24🐉
🐉Part25🐉
🐉Part26🐉
🐉Part27🐉
🐉Part28🐉
🐉Part29🐉
🐉Part30🐉
🐉Part31🐉
🐉Part32🐉
🐉Part33🐉
🐉Part34🐉
🐉Part35🐉
🐉Part36🐉
🐉Part37🐉
🌸PART 38(FINAL)🐉

🌸Part1🌸

27.9K 291 14
By Drabin-one

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

🌸Part1🌸

.......သင်္ကြန်အတတ်နေ့ဝယ်.......

"ဟော..ဟိုမှာ ကိုနေမီးကား ရောက်လာပြီ"

မေထွဋ်ဖြူ၏လက်ချောင်းဖြူဖြသွယ်သွယ် လက်ညိုးလေးဟာ ကော့အောင်ညွှန်ပြနေသည့်ဘက်ကို သူလည်စောင်း၍ ကြည့်လိုက်သည်။

မေထွဋ်သည် နဂိုကသူ့ပေါင်ပေါ်ထိုင်ရာကနေ ‌ဘေးဘက်ခုံသို့ ပြောင်း‌ရွှေ့လိုက်‌သောကြောင့် နည်းနည်းတော့အံ့ဩသွားရ၏။ အခုရောက်လာမှာက သူ့သူငယ်ချင်းတွေဖြစ်နေတာမို့ သူမအနေအထိုင်ဆင်ခြင်ယုံလေးလားပေါ့ဆိုပြီး တွေးမိ၏။

'မင်းယမင်း'သည် သူတို့အတွဲရှေ့က တုံ့ခနဲ့ရပ်သွားသည့် ကားကိုတစ်လှည့် သူ့ချစ်သူမေထွဋ်ဖြူကိုတစ်လှည့် ကြည့်လိုက်ပေမယ့် ဘမှမဆိုတာတော့ဘဲ ကားပေါ်ကနေ သူ့သူငယ်ချင်းဖြစ်သူနေမီးပုံ ဆင်းအလာကိုသာ လှမ်းကြည့်ကာလက်ပြသည်။

အနက်ရောင် အင်္ကျီလက်ရှည်အပေါ်တွင် မှိုတတ်ရောင် ဂျင်းဂျာကင်လေးကိုအပေါ်ကနေထပ်ဝတ်ထားပီး အနက်ရောင်ဂျင်းဘောင်းဘီနဲ့အဖြူရောင် sneakerကိုပါ တွဲဖက်ဝတ်ဆင်ထားသော နေမီးပုံဟာ ကားပေါ်ကနေဆင်းလာသည့်ပုံရိပ်က ခန့်ညားထည်ဝါနေသည်။

အရပ်က‌အတော်ကိုရှည်ပါတယ်ဆိုတဲ့လူက အပေါ်အောက်အနက်နဲ့ဆိုတော့ တော်တော်လေးကို မိမိုက်နေသည်။

အခုလက်ရှိချစ်သူထက် ထိုလူသားကသာ သူမ၏ အလှတရားတို့နှင့် သူနဲ့သူမဟာ လိုက်ဖက်လှသည်မလားဟု မေထွဋ်ထင်နေမိသည်.....

" ငါများနောက်ကျသွားမလားလို့ အမြန်မောင်းလာတာကွာ"

'မင်းယ'က နေမီး၏စကားတို့ကိုပြုံး၍ ဆီးကြိုရင်း သူတို့နှစ်ယောက် ပုံမှန်လုပ်နေကြအတိုင်း ပခုံးတို့ကို ဖက်၍ နှုတ်ဆက်ကာ..

"ငါတို့ပဲ အစောဆုံးရောက်နေတာ နေနိုင်နဲ့အသွင်တို့ သော်တာက လမ်းမှာပဲရှိသေးတယ်"

နေမီးပုံအနောက်ကနေ မိန်းကလေးတစ်ယောက်ပါ ဆင်းလာသဖြင့် 'မင်းယ'က ထိုမိန်းကလေးနှင့်နေမီးကို အံ့ဩစွာ ဘာတွေလဲလို့မေးသည့်အထာနှင့် မေးဆက်ပြ၍မေးလာလျှင်...

"ငါ့ညီမလေ.... အိမ်မှာ တစ်ယောက်ထဲပျင်းနေမှာဆိုးလို့ ခေါ်လာတာ"

နေမီးပုံမှာ ညီမအရင်းတစ်ယောက်ရှိတာကို သိပေမယ့် ခင်မင်လာသည့်သက်တမ်းတစ်လျှောက် သူတို့ တစ်ခါမှမမြင်ဖူးသဖြင့် 'မင်းယမင်း'သည် နှုတ်ခမ်းတစ်ဖက်ကွေးလာသည့်ထိ လုပ်၍ပြုံးလာမိသည်။

နေမီးအသဲတုံးလို့ဆိုဆိုနေတာ နောက်ဆုံးတော့ ဒီကောင်မလေးကိုး....

"Coupleပါလား"

နေမီးပုံက မင်းယမင်းနှုင့် မေထွဋ်တို့နှစ်ယောက်၏ အရောင်ဆင်တူအင်္ကျီတို့ကိုဝတ်ထားသည်ကို သတိထားမိကာ မေထွဋ်ဘက်သို့ ခေါင်းညိတ်ပြကာ သူမကိုနှုတ်ဆက်စကားဆို‌လေလျှင်..

"ဟင်းးး.. မေထွဋ်တို့စိတ်ချင်းဆက်လို့ဖြစ်မယ် တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ဘဲနဲ့ ကိုကိုနဲ့ဆင်တူဖြစ်သွားတယ်နော်"

မေထွဋ်ကနေမီးပုံကိုဆိုနေသလိုနှင့် မင်းယမင်းခါးကိုပါ လိုတာထက်ပိုဖက်ပြကာ ပြောလေသည်။

အဖြူ‌ပေါ်တွင် အပြာနုရောင်‌ဒေါင်းလိုက်အစင်းကြောင်းပါ‌‌သော ရှပ်လက်ရှည်ကိုခါးကြားထဲ ထည့်ကာ ဟိုကျဒီကျဒီဇိုင်းနှင့် ကြယ်သီးနှစ်လုံးထိဖြုတ်ထားပြီး တံတောင်းဆစ်အထိခေါက်ထား၏။ အနက်ရောင်ဒူးပြဲဂျင်းဘောင်းဘီနှင့်မင်းယမင်းဟာ ပေါ့ပေါ့ပါးပါး‌လေး ဝတ်ထားတာတောင် သူ့ရဲမြင့်မား‌သောအရပ်နှင့် လိုက်ဖက်လွန်းလှသည်။

သူ့၏ကြည်လင်တောက်ပနေသော မျက်ဝန်းညိုညိုဆီ ထိလုမတတ်ဝဲကျနေသော ဆံနွယ်တို့ကို အနောက်ဘက်သို့လှန်သိမ်းကာ သူ့ရဲ့favourite ဖြစ်တဲ့ လျှာထိုးဦးထုပ်အနက်‌ရောင်ကတော့ မပါမဖြစ်ဆောင်းလိုက်ပုံဟာ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆို မေထွဋ်အနီးကပ်ကြည့်စရာတောင်မလို။ ထိုလူဟာ ပုရိသမိန်းကလေးတို့ အသဲကို စိုးမိုးနိုင်သူ မင်းယမင်းပင် ဖြစ်သည်။

မင်းယမင်းလို့ဆိုလျှင် နေမီးပုံရဲ့ခန့်ညားမှုကမပါမဖြစ်မြင်ယောင်လာသလို နေမီးပုံလို့ဆိုလေလျှင် မင်းယမင်း၏ရူပါဟာ မိန်းမချောလိုချောနေမှုတို့က ခွဲခြားပီးမြင်လို့မရတဲ့အထိ။

ချစ်မိသွားတာကတစ်ယောက် ပိုင်ဆိုင်ခဲ့ရတာ တစ်ယောက်ဖြစ်သွားရကာ သူမ၏ကျော့ရှင်းလှပသော ဟန်ပန်အမူအရာအောက်တွင် ထိုလူနေမီးမပါလာခြင်းကိုလည်း ကြိတ်ပြီးမုန်းမိသည်။

တစ်နေ့မှာ ရှင့်ကိုကျွန်မ အရယူမှာပါ နေမီးရယ်....

မင်းယတို့ရပ်ကွက်မှာပဲသူတို့‌ဘာသာ ထိုးဆောက်ထားသည့်အုန်းလက်မဏ္ဍပ်ထဲ နေမီးသူ့ညီမကို ထိုင်နေစေ၏။ သူကမဏ္ဍပ်ထောင့်ဘက်တစ်နေရာတွင် အအေးဘူးတို့ ဘီယာဘူးတို့ ထည့်ထားသည့် သေတ္တာပုံးထဲကဘီယာနှစ်ဘူးနှင့်colaတစ်ဘူးကိုဖွင့်ယူကာ မင်းယရှိသည့်နေရာရှေ့တွင် ဘီယာတစ်ဘူးလာချပေးပြီး သူကတော့သူ့ညီမကို colaဘူးကို ကိုယ်တိုင်ဖောက်ပေးရင်း ထိုကောင်မလေးကို ကမ်းပေးနေသည်။‌

နေမီးပုံ၏လှုပ်ရှားမှု ကြင်နာပြနေပုံဟာ ဘယ်မိန်းကလေးတစ်ဦးတစ်ယောက်အ‌ပေါ်ကိုမှ ထိုသို့ပြုမှုနေပြသခြင်းကို သူတကယ်တစ်ခါမှ မမြင်ဖူးသေသည်မို့ အစအဆုံးလိုက်ငေးကြည့်နေမိသည်။

နေမီးသည် သူ့လက်ထဲကဘီယာဘူးကိုမင်းယမင်းနှင့် ကမ်းပေ့လုပ်ကာ တစ်ဝက်ကျသွားသည့်အထိ တစ်ဆက်ထဲမော့သောက်လိုက်၏။ တစ်ဝက်ကျော်ကျော်လောက်ထိသောက်လိုက်သည့် သူ့လက်အားနှင့် ပိန်သွားသည့်အထိဖျစ်ညှစ်ပစ်ကာ အမှိုက်ပုံးထဲသို့လှမ်းပေါက်ပစ်တော့ တန်းခနဲ့တစ်ချက်ထဲနှင့် ဝင်သွားသည်။

"ဟိုကောင်တွေ ကြာလိုက်တာ... ငါ ဖုန်းသွားဆက်ကြည့်လိုက်အုံးမယ်၊ကိုကိုလေး ခဏနေခဲ့နော်.. ကိုကြီးပြန်လာခဲ့မယ်"

မင်းယသည် ထွက်သွားသည့်နေမီးနောက်‌ကျောကို မျက်လုံးကျွတ်ကျမတတ်လိုက်ကြည့်နေသော ထိုကောင်မလေးကို တစ်ချက်မျှသာလှမ်းကြည့်ပြီးမှ သူသည် မေထွဋ်ကိုထိုက‌လေးမနှင့် နည်းနည်းအလှမ်းဝေးသော နေရာတစ်နေရာကိုခေါ်ဆောင်လာကာ..

" မေ.... ဒီညနေ ကို့အိမ်ဘက်လာခဲ့ပါလား.."

"ဒီနေ့က မေထွဋ်တို့ နောက်ဆုံးနေ့လေကိုကိုရယ်၊ ဒီနေ့တစ်ရက်တောင် မေထွဋ်မှာ ပိုးကလေးက‌မာမီတို့သိတဲ့လူရင်းမို့လို့အတင်းခေါ်လာလို့ လိုက်ရတာ၊ အခုတ‌လော မာမီမေထွဋ်ကို အပြင်သိပ်လွှတ်ချင်နေတာမဟုတ်ဘူးဆိုတာ ကိုကိုလည်းသိရဲ့သားနဲ့ ကွာ"

"ကို မင်းအပေါ်ကို ဘယ်တုန်းကဒီလောက်ထိ တောင်းဆိုနေဖူးလဲကွာ၊ ဒီတစ်ရက်လုံးကိုတောင် မင်း ကို့ကိုယ်အချိန်မပေးနိုင်တော့ဘူးလား"

လိုချင်တာကိုမရမချင်း သူမကိုရစ်တော့မည်ကို သိနေသဖြင့် သူမသည်သူ့ကိုဆန့်ကျင်နေလည်းအပိုပဲဖြစ်နေမှာမို့လို့ နောက်ဆုံးတော့သူမကသာထို ချစ်သူလူဆိုးလေး၏ ဆန္ဒကိုသာ ခေါင်းညိတ်ပေးလိုက်ရသည်။

"အိုကေ.... ခဏပဲအချိန်ရမယ်.... မေထွဋ်တို့လမ်းခွဲထားပြီးသားနော်... ကိုနေမီးတို့အရှေ့မှာ မေထွဋ်ကို တစ်မျိုးထင်နေစေတဲ့ အပြုအမှုမျိုးတွေမလုပ်ပါနဲ့"

"ကို ဘာလုပ်မိလို့လဲ.. မင်းကကို့ချစ်သူဖြစ်ခဲ့တာ အကုန်လုံးကမပြောဘဲနဲ့လည်း သိနေတာပဲ ကိုတို့အခုတွဲတာ သူတို့အမြင်မှာဘာများထူးဆန်းလို့လဲ"

မေထွဋ်ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ရှိနေလျှင် သူ့ကို မကြာခဏ ဟိုလိုလိုဒီလိုလို အကြောင်းပြကာ ရှောင်နေတတ်သည်။ သူမစိတ်ထဲဘာဖြစ်နေလဲဆိုတာကို မသိပေမယ့် အခုသူ့ရင်ထဲမှာတော့ အသဲကွဲ‌ ဝေဒါနာကို မပီအပြင်ခံစားနေရတာက သိကြားမင်းတောင်ဆင်းကုပေးနိုင်မည် မထင်ပါ။

"ဟင်...ထူးဆန်းတယ်လေ... အခုအခြေနေရ ကိုကိုက မေထွဋ်ချစ်သူလည်းမဟုတ်တော့ဘူး၊ ကိုကို ထင်နေသလို လွတ်လွတ်လပ်လပ်‌ပြောဆိုလို့ရတော့မှာမဟုတ်တော့ဘူးလေ၊ နည်းနည်းပါးပါး အနေထိုင်စဉ်ခြင်ပေးပါ.....

မေထွဋ်က မကြာခင်အခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကို ကိုကို့ပတ်ဝန်းကျင်က မေထွဋ်နဲ့ ကိုကို့တို့အကြောင်းကို မသိတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ၊ တလောကလုံးသိတယ် ကိုကို့ဘက်က မသိချင်ယောင်ဆောင်နေတာ.."

" ဟုတ်ပါတယ်... ဒီကောင်ပဲနောက်ဆုံးမှားတယ်၊မင်းဘာပဲလုပ်လုပ် နောက်ဆုံးမှငါကသိရတယ် ။ အခု လမ်းခွဲမယ်ဆိုလည်း မင်းဘက်ကတစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့လုပ်ချသွားတာပဲ၊ ငါပဲ တစ်ဖက်သတ် ချစ်နေရသလိုခံစားရတယ် ဟက်.."

လေပူတစ်ချက်ကိုမှုတ်ထုတ်ပစ်ပြီး ခေါင်းထက်မှဆောင်းထားသည့်ဦးထုပ်ကိုဆွဲချွတ်၍ ဆံပင်တွေကြားလက်တို့ဖြင့် အကြမ်းပတမ်းဆွဲဖွပစ်၏။ တစ်ဖန် ထိုအနက်ရောင်ဦးထုပ်ကို ပြန်ဆောင်းလိုက်ပုံကို အခုတော့မေထွဋ်တစ်ယောက် စိတ်ပျက်နေမိသည်။

အရင်စိတ်နဲ့ဆို ရင်ခုန်သွား‌နေရင်နေလိမ့်မယ်၊ အခုတော့ ထိုသို့မဟုတ်တော့ပါ။ သူမဟာ မင်းယကို တွေ့တွေ့ချင်းအချိန်‌တွေကဆို သူမ‌ သူ့ကိုကြွေနေခဲ့ရပေမယ့် အခုတော့လမ်းခွဲချင်လာတာပဲသိတယ်။

သူမ မင်းယမင်းနှုင့်အီစီကလီလုပ်ပြီမှ မင်းယမင်းက သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုသဖြင့် သူမကို စားသောက်ဆိုင်တစ်ခုကိုခေါ်လာရာမှ နေမီးပုံတို့နှင့် သူမစတင်ခင်မင်လာခဲ့ကြသည်။ အဲနေ့ကမှ သူမရဲ့ရင်ခုန်သံဟာ တစ်စုံတစ်ယောက်အပေါ်တွင် နှစ်နှစ်ကာကာလေးလေးနက်နက် စတင်ပေါ်ပေါက်လာသည်ဆိုပေမယ့် သူမဟာအချစ်ရေးတွင် အရာရာနောက်ကျသွားပီလေ။

"လာခဲ့မယ်.. လာမယ်ဆိုရပီမလား မေထွဋ် ကိုကို့ကို မချစ်ပဲနဲ့တွဲမလား မေထွဋ်အချစ်ကို မစော်ကားပါနဲ့ အခုက မာမီတို့ဆန္ဒကို မေထွဋ်ဆန့်ကျင်လို့မဖြစ်တာမို့ မဖြစ်မ‌နေလက်ထပ်ရမှာ၊ မေထွဋ်လည်း ကိုကိုနဲ့ပတ်သက်ရင် ဒီရင်ဘက်မှာ ဘယ်လောက်နာကျင်ခံစားနေရလဲ သိလား။ မချစ်တဲ့လူကို လက်ထပ်ရမယ့် မေထွဋ်အဖြစ်ကိုလည်း ကိုယ်ချင်းစာပြီး သနားပါအုံး"

ဖြူနုနေသောမျက်နှာလေးက မျက်ရည်တွေပေါက်ခနဲ့ကျလာကာ သူမပါးပြင်တို့ဟာ ခဏအတွင်း ပန်းရောင်သန်းလာရင်း ရှိုက်သံတို့နှင့်သူ့ကိုပြောနေလျှင် သူလည်းရင်ဘက်ကြီးမှာ ဘာမှန်းမသိအောက်သက်လာကာ အသက်ပါရှူကြပ်လာသည်။

"ကိုတို့ဒီအကြောင်းမပြောရအောင်... သွားကြမယ်‌ နော်"

"အင်း"

စကားစတို့ကို ဖြတ်ကာ သူတို့ မဏ္ဍပ်ဆီပြန်လသည့်အချိန်မှာ နေနိုင်တို့ အသွင်တို့ပါရောက်နေပီ။

"ဘယ်ကို အရင်သွားကြမလဲ... ဆူးလေးနဲ့ လှည်းတန်း ဘယ်ဘက်ကို အရင်သွားကြမလဲ"

"ဆူးလေးကို နေ့လည်လောက်မှာ ပတ်ရအောင်"

"သွားကြမယ်"

"ဟေ.."

"ဟေ"

နေမီးအရင်ဦးဆောင်ကာ သွားမည့်ဘက်ကို ရွေးချယ်ခိုင်းလျှင် နောက်ဆုံးတော့ သူတို့အဖွဲ့ဟာ လှည်းတန်းကတစ်ဆင့် အင်းလျားကန်ဘောင်ဘက်သို့ရွေးချယ်လိုက်ကာ ဒီနှစ်ကမှစလုပ်သည့် လမ်းလျှောက်သင်္ဩန်ဟာ အတတ်နေ့‌ နောက်ဆုံး‌နေ့ဆိုတော့ လမ်းလျှောက်သင်္ကြန်ကပို၍ လူစည်ကား‌သည်မို့ အရင်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။

"ညဘက်ကျ ကိုကြီး သူငယ်ချင်းအိမ်မှာ အိပ်မလို့ ကိုကိုလေး လိုက်ခဲ့ချင်လား"

"လိုက်ချင်တယ်"

"အိုကေ"

နေမီးသည် သူ့ညီမ၏လက်တစ်ဖက်ကိုဆွဲကိုင်ကာ မဏ္ဍပ်များစွာ‌ရှိသည့် လမ်းလျှောက်သင်္ကြန်ဆိုသည့်အတိုင်း ရေပန်းပိုက်တို့နှင့် ရေဖျန်းထားသော လူအုပ်များတိုးဝှေ့နေသည့် လမ်းမကြီးထဲရှေ့ဆုံးက စတင်ဝင်သွားသည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Part 2ဆက်ရန်.....

Drain- one

🌸

🌸

🌸

🌸သူ႔လည္တိုင္တြင္ ငါ့ႏွလုံးသားကို အပ္၍🌸

🌸Part1🌸

.......သၾကၤန္အတတ္ေန႔ဝယ္.......

"ေဟာ..ဟိုမွာ ကိုေနမီးကား ေရာက္လာၿပီ"

ေမထြဋ္ျဖဴ၏လက္ေခ်ာင္းျဖဴျဖသြယ္သြယ္ လက္ညိဳးေလးဟာ ေကာ့ေအာင္ၫႊန္ျပေနသည့္ဘက္ကို သူလည္ေစာင္း၍ ၾကည့္လိုက္သည္။

ေမထြဋ္သည္ နဂိုကသူ႔ေပါင္ေပၚထိုင္ရာကေန ‌ေဘးဘက္ခုံသို႔ ေျပာင္း‌ေ႐ႊ႕လိုက္‌ေသာေၾကာင့္ နည္းနည္းေတာ့အံ့ဩသြားရ၏။ အခုေရာက္လာမွာက သူ႔သူငယ္ခ်င္းေတြျဖစ္ေနတာမို႔ သူမအေနအထိုင္ဆင္ျခင္ယုံေလးလားေပါ့ဆိုၿပီး ေတြးမိ၏။

'မင္းယမင္း'သည္ သူတို႔အတြဲေရွ႕က တုံ႔ခနဲ႔ရပ္သြားသည့္ ကားကိုတစ္လွည့္ သူ႔ခ်စ္သူေမထြဋ္ျဖဴကိုတစ္လွည့္ ၾကည့္လိုက္ေပမယ့္ ဘမွမဆိုတာေတာ့ဘဲ ကားေပၚကေန သူ႔သူငယ္ခ်င္းျဖစ္သူေနမီးပုံ ဆင္းအလာကိုသာ လွမ္းၾကည့္ကာလက္ျပသည္။

အနက္ေရာင္ အက်ႌလက္ရွည္အေပၚတြင္ မႈိတတ္ေရာင္ ဂ်င္းဂ်ာကင္ေလးကိုအေပၚကေနထပ္ဝတ္ထားပီး အနက္ေရာင္ဂ်င္းေဘာင္းဘီနဲ႔အျဖဴေရာင္ sneakerကိုပါ တြဲဖက္ဝတ္ဆင္ထားေသာ ေနမီးပုံဟာ ကားေပၚကေနဆင္းလာသည့္ပုံရိပ္က ခန႔္ညားထည္ဝါေနသည္။

အရပ္က‌အေတာ္ကိုရွည္ပါတယ္ဆိုတဲ့လူက အေပၚေအာက္အနက္နဲ႔ဆိုေတာ့ ေတာ္ေတာ္ေလးကို မိမိုက္ေနသည္။

အခုလက္ရွိခ်စ္သူထက္ ထိုလူသားကသာ သူမ၏ အလွတရားတို႔ႏွင့္ သူနဲ႔သူမဟာ လိုက္ဖက္လွသည္မလားဟု ေမထြဋ္ထင္ေနမိသည္.....

" ငါမ်ားေနာက္က်သြားမလားလို႔ အျမန္ေမာင္းလာတာကြာ"

'မင္းယ'က ေနမီး၏စကားတို႔ကိုၿပဳံး၍ ဆီးႀကိဳရင္း သူတို႔ႏွစ္ေယာက္ ပုံမွန္လုပ္ေနၾကအတိုင္း ပခုံးတို႔ကို ဖက္၍ ႏႈတ္ဆက္ကာ..

"ငါတို႔ပဲ အေစာဆုံးေရာက္ေနတာ ေနႏိုင္နဲ႔အသြင္တို႔ ေသာ္တာက လမ္းမွာပဲရွိေသးတယ္"

ေနမီးပုံအေနာက္ကေန မိန္းကေလးတစ္ေယာက္ပါ ဆင္းလာသျဖင့္ 'မင္းယ'က ထိုမိန္းကေလးႏွင့္ေနမီးကို အံ့ဩစြာ ဘာေတြလဲလို႔ေမးသည့္အထာႏွင့္ ေမးဆက္ျပ၍ေမးလာလွ်င္...

"ငါ့ညီမေလ.... အိမ္မွာ တစ္ေယာက္ထဲပ်င္းေနမွာဆိုးလို႔ ေခၚလာတာ"

ေနမီးပုံမွာ ညီမအရင္းတစ္ေယာက္ရွိတာကို သိေပမယ့္ ခင္မင္လာသည့္သက္တမ္းတစ္ေလွ်ာက္ သူတို႔ တစ္ခါမွမျမင္ဖူးသျဖင့္ 'မင္းယမင္း'သည္ ႏႈတ္ခမ္းတစ္ဖက္ေကြးလာသည့္ထိ လုပ္၍ၿပဳံးလာမိသည္။

ေနမီးအသဲတုံးလို႔ဆိုဆိုေနတာ ေနာက္ဆုံးေတာ့ ဒီေကာင္မေလးကိုး....

"Coupleပါလား"

ေနမီးပုံက မင္းယမင္းႏႈင့္ ေမထြဋ္တို႔ႏွစ္ေယာက္၏ အေရာင္ဆင္တူအက်ႌတို႔ကိုဝတ္ထားသည္ကို သတိထားမိကာ ေမထြဋ္ဘက္သို႔ ေခါင္းညိတ္ျပကာ သူမကိုႏႈတ္ဆက္စကားဆို‌ေလလွ်င္..

"ဟင္းးး.. ေမထြဋ္တို႔စိတ္ခ်င္းဆက္လို႔ျဖစ္မယ္ တစ္ေယာက္နဲ႔တစ္ေယာက္ မတိုင္ပင္ဘဲနဲ႔ ကိုကိုနဲ႔ဆင္တူျဖစ္သြားတယ္ေနာ္"

ေမထြဋ္ကေနမီးပုံကိုဆိုေနသလိုႏွင့္ မင္းယမင္းခါးကိုပါ လိုတာထက္ပိုဖက္ျပကာ ေျပာေလသည္။

အျဖဴ‌ေပၚတြင္ အျပာႏုေရာင္‌ေဒါင္းလိုက္အစင္းေၾကာင္းပါ‌‌ေသာ ရွပ္လက္ရွည္ကိုခါးၾကားထဲ ထည့္ကာ ဟိုက်ဒီက်ဒီဇိုင္းႏွင့္ ၾကယ္သီးႏွစ္လုံးထိျဖဳတ္ထားၿပီး တံေတာင္းဆစ္အထိေခါက္ထား၏။ အနက္ေရာင္ဒူးၿပဲဂ်င္းေဘာင္းဘီႏွင့္မင္းယမင္းဟာ ေပါ့ေပါ့ပါးပါး‌ေလး ဝတ္ထားတာေတာင္ သူ႔ရဲျမင့္မား‌ေသာအရပ္ႏွင့္ လိုက္ဖက္လြန္းလွသည္။

သူ႔၏ၾကည္လင္ေတာက္ပေနေသာ မ်က္ဝန္းညိဳညိဳဆီ ထိလုမတတ္ဝဲက်ေနေသာ ဆံႏြယ္တို႔ကို အေနာက္ဘက္သို႔လွန္သိမ္းကာ သူ႔ရဲ႕favourite ျဖစ္တဲ့ လွ်ာထိုးဦးထုပ္အနက္‌ေရာင္ကေတာ့ မပါမျဖစ္ေဆာင္းလိုက္ပုံဟာ ဘယ္ေလာက္ေတာင္ ဆြဲေဆာင္မႈရွိလဲဆို ေမထြဋ္အနီးကပ္ၾကည့္စရာေတာင္မလို။ ထိုလူဟာ ပုရိသမိန္းကေလးတို႔ အသဲကို စိုးမိုးႏိုင္သူ မင္းယမင္းပင္ ျဖစ္သည္။

မင္းယမင္းလို႔ဆိုလွ်င္ ေနမီးပုံရဲ႕ခန႔္ညားမႈကမပါမျဖစ္ျမင္ေယာင္လာသလို ေနမီးပုံလို႔ဆိုေလလွ်င္ မင္းယမင္း၏႐ူပါဟာ မိန္းမေခ်ာလိုေခ်ာေနမႈတို႔က ခြဲျခားပီးျမင္လို႔မရတဲ့အထိ။

ခ်စ္မိသြားတာကတစ္ေယာက္ ပိုင္ဆိုင္ခဲ့ရတာ တစ္ေယာက္ျဖစ္သြားရကာ သူမ၏ေက်ာ့ရွင္းလွပေသာ ဟန္ပန္အမူအရာေအာက္တြင္ ထိုလူေနမီးမပါလာျခင္းကိုလည္း ႀကိတ္ၿပီးမုန္းမိသည္။

တစ္ေန႔မွာ ရွင့္ကိုကြၽန္မ အရယူမွာပါ ေနမီးရယ္....

မင္းယတို႔ရပ္ကြက္မွာပဲသူတို႔‌ဘာသာ ထိုးေဆာက္ထားသည့္အုန္းလက္မ႑ပ္ထဲ ေနမီးသူ႔ညီမကို ထိုင္ေနေစ၏။ သူကမ႑ပ္ေထာင့္ဘက္တစ္ေနရာတြင္ အေအးဘူးတို႔ ဘီယာဘူးတို႔ ထည့္ထားသည့္ ေသတၱာပုံးထဲကဘီယာႏွစ္ဘူးႏွင့္colaတစ္ဘူးကိုဖြင့္ယူကာ မင္းယရွိသည့္ေနရာေရွ႕တြင္ ဘီယာတစ္ဘူးလာခ်ေပးၿပီး သူကေတာ့သူ႔ညီမကို colaဘူးကို ကိုယ္တိုင္ေဖာက္ေပးရင္း ထိုေကာင္မေလးကို ကမ္းေပးေနသည္။‌

ေနမီးပုံ၏လႈပ္ရွားမႈ ၾကင္နာျပေနပုံဟာ ဘယ္မိန္းကေလးတစ္ဦးတစ္ေယာက္အ‌ေပၚကိုမွ ထိုသို႔ျပဳမႈေနျပသျခင္းကို သူတကယ္တစ္ခါမွ မျမင္ဖူးေသသည္မို႔ အစအဆုံးလိုက္ေငးၾကည့္ေနမိသည္။

ေနမီးသည္ သူ႔လက္ထဲကဘီယာဘူးကိုမင္းယမင္းႏွင့္ ကမ္းေပ့လုပ္ကာ တစ္ဝက္က်သြားသည့္အထိ တစ္ဆက္ထဲေမာ့ေသာက္လိုက္၏။ တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ထိေသာက္လိုက္သည့္ သူ႔လက္အားႏွင့္ ပိန္သြားသည့္အထိဖ်စ္ညႇစ္ပစ္ကာ အမႈိက္ပုံးထဲသို႔လွမ္းေပါက္ပစ္ေတာ့ တန္းခနဲ႔တစ္ခ်က္ထဲႏွင့္ ဝင္သြားသည္။

"ဟိုေကာင္ေတြ ၾကာလိုက္တာ... ငါ ဖုန္းသြားဆက္ၾကည့္လိုက္အုံးမယ္၊ကိုကိုေလး ခဏေနခဲ့ေနာ္.. ကိုႀကီးျပန္လာခဲ့မယ္"

မင္းယသည္ ထြက္သြားသည့္ေနမီးေနာက္‌ေက်ာကို မ်က္လုံးကြၽတ္က်မတတ္လိုက္ၾကည့္ေနေသာ ထိုေကာင္မေလးကို တစ္ခ်က္မွ်သာလွမ္းၾကည့္ၿပီးမွ သူသည္ ေမထြဋ္ကိုထိုက‌ေလးမႏွင့္ နည္းနည္းအလွမ္းေဝးေသာ ေနရာတစ္ေနရာကိုေခၚေဆာင္လာကာ..

" ေမ.... ဒီညေန ကို႔အိမ္ဘက္လာခဲ့ပါလား.."

"ဒီေန႔က ေမထြဋ္တို႔ ေနာက္ဆုံးေန႔ေလကိုကိုရယ္၊ ဒီေန႔တစ္ရက္ေတာင္ ေမထြဋ္မွာ ပိုးကေလးက‌မာမီတို႔သိတဲ့လူရင္းမို႔လို႔အတင္းေခၚလာလို႔ လိုက္ရတာ၊ အခုတ‌ေလာ မာမီေမထြဋ္ကို အျပင္သိပ္လႊတ္ခ်င္ေနတာမဟုတ္ဘူးဆိုတာ ကိုကိုလည္းသိရဲ႕သားနဲ႔ ကြာ"

"ကို မင္းအေပၚကို ဘယ္တုန္းကဒီေလာက္ထိ ေတာင္းဆိုေနဖူးလဲကြာ၊ ဒီတစ္ရက္လုံးကိုေတာင္ မင္း ကို႔ကိုယ္အခ်ိန္မေပးႏိုင္ေတာ့ဘူးလား"

လိုခ်င္တာကိုမရမခ်င္း သူမကိုရစ္ေတာ့မည္ကို သိေနသျဖင့္ သူမသည္သူ႔ကိုဆန႔္က်င္ေနလည္းအပိုပဲျဖစ္ေနမွာမို႔လို႔ ေနာက္ဆုံးေတာ့သူမကသာထို ခ်စ္သူလူဆိုးေလး၏ ဆႏၵကိုသာ ေခါင္းညိတ္ေပးလိုက္ရသည္။

"အိုေက.... ခဏပဲအခ်ိန္ရမယ္.... ေမထြဋ္တို႔လမ္းခြဲထားၿပီးသားေနာ္... ကိုေနမီးတို႔အေရွ႕မွာ ေမထြဋ္ကို တစ္မ်ိဳးထင္ေနေစတဲ့ အျပဳအမႈမ်ိဳးေတြမလုပ္ပါနဲ႔"

"ကို ဘာလုပ္မိလို႔လဲ.. မင္းကကို႔ခ်စ္သူျဖစ္ခဲ့တာ အကုန္လုံးကမေျပာဘဲနဲ႔လည္း သိေနတာပဲ ကိုတို႔အခုတြဲတာ သူတို႔အျမင္မွာဘာမ်ားထူးဆန္းလို႔လဲ"

ေမထြဋ္ဟာ သူ႔သူငယ္ခ်င္းေတြနဲ႔အတူ ရွိေနလွ်င္ သူ႔ကို မၾကာခဏ ဟိုလိုလိုဒီလိုလို အေၾကာင္းျပကာ ေရွာင္ေနတတ္သည္။ သူမစိတ္ထဲဘာျဖစ္ေနလဲဆိုတာကို မသိေပမယ့္ အခုသူ႔ရင္ထဲမွာေတာ့ အသဲကြဲ‌ ေဝဒါနာကို မပီအျပင္ခံစားေနရတာက သိၾကားမင္းေတာင္ဆင္းကုေပးႏိုင္မည္ မထင္ပါ။

"ဟင္...ထူးဆန္းတယ္ေလ... အခုအေျခေနရ ကိုကိုက ေမထြဋ္ခ်စ္သူလည္းမဟုတ္ေတာ့ဘူး၊ ကိုကို ထင္ေနသလို လြတ္လြတ္လပ္လပ္‌ေျပာဆိုလို႔ရေတာ့မွာမဟုတ္ေတာ့ဘူးေလ၊ နည္းနည္းပါးပါး အေနထိုင္စဥ္ျခင္ေပးပါ.....

ေမထြဋ္က မၾကာခင္အျခားတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မွာကို ကိုကို႔ပတ္ဝန္းက်င္က ေမထြဋ္နဲ႔ ကိုကို႔တို႔အေၾကာင္းကို မသိတဲ့လူ ဘယ္ႏွစ္ေယာက္ရွိလဲ၊ တေလာကလုံးသိတယ္ ကိုကို႔ဘက္က မသိခ်င္ေယာင္ေဆာင္ေနတာ.."

" ဟုတ္ပါတယ္... ဒီေကာင္ပဲေနာက္ဆုံးမွားတယ္၊မင္းဘာပဲလုပ္လုပ္ ေနာက္ဆုံးမွငါကသိရတယ္ ။ အခု လမ္းခြဲမယ္ဆိုလည္း မင္းဘက္ကတစ္ဖက္သက္ဆုံးျဖတ္ခ်က္နဲ႔လုပ္ခ်သြားတာပဲ၊ ငါပဲ တစ္ဖက္သတ္ ခ်စ္ေနရသလိုခံစားရတယ္ ဟက္.."

ေလပူတစ္ခ်က္ကိုမႈတ္ထုတ္ပစ္ၿပီး ေခါင္းထက္မွေဆာင္းထားသည့္ဦးထုပ္ကိုဆြဲခြၽတ္၍ ဆံပင္ေတြၾကားလက္တို႔ျဖင့္ အၾကမ္းပတမ္းဆြဲဖြပစ္၏။ တစ္ဖန္ ထိုအနက္ေရာင္ဦးထုပ္ကို ျပန္ေဆာင္းလိုက္ပုံကို အခုေတာ့ေမထြဋ္တစ္ေယာက္ စိတ္ပ်က္ေနမိသည္။

အရင္စိတ္နဲ႔ဆို ရင္ခုန္သြား‌ေနရင္ေနလိမ့္မယ္၊ အခုေတာ့ ထိုသို႔မဟုတ္ေတာ့ပါ။ သူမဟာ မင္းယကို ေတြ႕ေတြ႕ခ်င္းအခ်ိန္‌ေတြကဆို သူမ‌ သူ႔ကိုေႂကြေနခဲ့ရေပမယ့္ အခုေတာ့လမ္းခြဲခ်င္လာတာပဲသိတယ္။

သူမ မင္းယမင္းႏႈင့္အီစီကလီလုပ္ၿပီမွ မင္းယမင္းက သူ႔သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးမယ္ဆိုသျဖင့္ သူမကို စားေသာက္ဆိုင္တစ္ခုကိုေခၚလာရာမွ ေနမီးပုံတို႔ႏွင့္ သူမစတင္ခင္မင္လာခဲ့ၾကသည္။ အဲေန႔ကမွ သူမရဲ႕ရင္ခုန္သံဟာ တစ္စုံတစ္ေယာက္အေပၚတြင္ ႏွစ္ႏွစ္ကာကာေလးေလးနက္နက္ စတင္ေပၚေပါက္လာသည္ဆိုေပမယ့္ သူမဟာအခ်စ္ေရးတြင္ အရာရာေနာက္က်သြားပီေလ။

"လာခဲ့မယ္.. လာမယ္ဆိုရပီမလား ေမထြဋ္ ကိုကို႔ကို မခ်စ္ပဲနဲ႔တြဲမလား ေမထြဋ္အခ်စ္ကို မေစာ္ကားပါနဲ႔ အခုက မာမီတို႔ဆႏၵကို ေမထြဋ္ဆန႔္က်င္လို႔မျဖစ္တာမို႔ မျဖစ္မ‌ေနလက္ထပ္ရမွာ၊ ေမထြဋ္လည္း ကိုကိုနဲ႔ပတ္သက္ရင္ ဒီရင္ဘက္မွာ ဘယ္ေလာက္နာက်င္ခံစားေနရလဲ သိလား။ မခ်စ္တဲ့လူကို လက္ထပ္ရမယ့္ ေမထြဋ္အျဖစ္ကိုလည္း ကိုယ္ခ်င္းစာၿပီး သနားပါအုံး"

ျဖဴႏုေနေသာမ်က္ႏွာေလးက မ်က္ရည္ေတြေပါက္ခနဲ႔က်လာကာ သူမပါးျပင္တို႔ဟာ ခဏအတြင္း ပန္းေရာင္သန္းလာရင္း ရႈိက္သံတို႔ႏွင့္သူ႔ကိုေျပာေနလွ်င္ သူလည္းရင္ဘက္ႀကီးမွာ ဘာမွန္းမသိေအာက္သက္လာကာ အသက္ပါရွဴၾကပ္လာသည္။

"ကိုတို႔ဒီအေၾကာင္းမေျပာရေအာင္... သြားၾကမယ္‌ ေနာ္"

"အင္း"

စကားစတို႔ကို ျဖတ္ကာ သူတို႔ မ႑ပ္ဆီျပန္လသည့္အခ်ိန္မွာ ေနႏိုင္တို႔ အသြင္တို႔ပါေရာက္ေနပီ။

"ဘယ္ကို အရင္သြားၾကမလဲ... ဆူးေလးနဲ႔ လွည္းတန္း ဘယ္ဘက္ကို အရင္သြားၾကမလဲ"

"ဆူးေလးကို ေန႔လည္ေလာက္မွာ ပတ္ရေအာင္"

"သြားၾကမယ္"

"ေဟ.."

"ေဟ"

ေနမီးအရင္ဦးေဆာင္ကာ သြားမည့္ဘက္ကို ေ႐ြးခ်ယ္ခိုင္းလွ်င္ ေနာက္ဆုံးေတာ့ သူတို႔အဖြဲ႕ဟာ လွည္းတန္းကတစ္ဆင့္ အင္းလ်ားကန္ေဘာင္ဘက္သို႔ေ႐ြးခ်ယ္လိုက္ကာ ဒီႏွစ္ကမွစလုပ္သည့္ လမ္းေလွ်ာက္သၤဩန္ဟာ အတတ္ေန႔‌ ေနာက္ဆုံး‌ေန႔ဆိုေတာ့ လမ္းေလွ်ာက္သၾကၤန္ကပို၍ လူစည္ကား‌သည္မို႔ အရင္သြားဖို႔ ဆုံးျဖတ္လိုက္ၾကသည္။

"ညဘက္က် ကိုႀကီး သူငယ္ခ်င္းအိမ္မွာ အိပ္မလို႔ ကိုကိုေလး လိုက္ခဲ့ခ်င္လား"

"လိုက္ခ်င္တယ္"

"အိုေက"

ေနမီးသည္ သူ႔ညီမ၏လက္တစ္ဖက္ကိုဆြဲကိုင္ကာ မ႑ပ္မ်ားစြာ‌ရွိသည့္ လမ္းေလွ်ာက္သၾကၤန္ဆိုသည့္အတိုင္း ေရပန္းပိုက္တို႔ႏွင့္ ေရဖ်န္းထားေသာ လူအုပ္မ်ားတိုးေဝွ႔ေနသည့္ လမ္းမႀကီးထဲေရွ႕ဆုံးက စတင္ဝင္သြားသည္။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Part 2ဆက္ရန္.....

Drain- one

Continue Reading

You'll Also Like

292K 16.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
328K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
113K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
47.6K 7.9K 114
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...