Lovely little Wifey !!🔞 warn...
By ivy_romance
420K 4.2K 101
Daddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်‌တွေ ဖတ်ပေးနော်.. ...Author/Writer b... More
Lovely little Wifey PART-1
Lovely little Wifey PART-2
Lovely little Wifey Part-4
Lovely little Wifey Part-5
Lovely little Wifey Part-6
Lovely little Wifey Part-7
Lovely little Wifey Part-8
Lovely little Wifey Part-9🔞🔞
Lovely little Wifey Part-10
Lovely little Wifey Part-11🔞🔞
🙏🏻❣️
Lovely little Wifey Part-12
Lovely little Wifey Part-13
Lovely little Wifey Part-14🔞🔞
Lovely little Wifey Part-15
Lovely little Wifey Part-16
🥺🙏🏻❣️
Lovely little Wifey Part-17
Lovely little Wifey Part-18(final)
Lovely little Wifey PART-3
21.8K 316 7
By ivy_romance
      ငယ်ငယ်ကို ဆေးရုံကနေ ကွန်ဒိုထိ ပြန်လိုက်ပို့ပေးလိုက်တယ်…
"နေအုံး ခန"
"ဘာပြောအုံးမှာလဲ"
ကားပေါ်က ဆင်းပီးတဲ့ ငယ်ငယ့်ကို ခန့်မင်းထည် တစ်ယောက် လှမ်းခေါ်လိုက်တာမို့…
"မင်း နာမည် မပြောရသေးဘူးလေ"
ဟုတ်တာပဲ…တစ်လမ်းလုံး ငယ်ငယ် ထိုလူရီးကို စကားမပြောခဲ့ဘူးကို…
"နာမည် သိတော့ ဦးက ဘာလုပ်မှာလဲ"
"မင်းက ဘာလုပ်စေချင်လဲ…ပြောကြည့်ကြည့်လေ"
"…ငယ်သွေးသျှန်"
ငယ်ငယ် မျက်စောင်းလေးတစ်ချက်ထိုးတာ ဘောက်စက်စက်လေး ပြန်ဖြေလိုက်တာမို့ ခန့်မင်းထည် ထိုက‌လေးမလေးကို သဘောကျရပြန်သည်…ကလေးမလေး တိုက်ခန်းထဲ ဝင်သွားတာကို ကြည့်ပီးမှ အိမ်ကို ပြန်လာခဲ့သည်…
"ကြီးမြ…ငယ် ပြန်ရောက်ပီ"
"ငယ်ငယ်ရယ် စိတ်ပူလိုက်ရတာ…ဝသုန်တို့ နှစ်ယောက်လာပြောကတည်းက ဖုန်းဆက်တိုက်ဆက်နေတာကွဲ့"
"ငယ့်ဖုန်းက ချယ်သာယူသွားတဲ့ လွယ်အိတ်ထဲ ပါသွားတာကို…"
"အေးပါကွယ်…ဘယ်နေရာတွေ ထိသွားလဲ…"
"ခြေထောက်နဲ့ လက်ပွန်းရုံလေးပါ…ကြီးမြရဲ့"
"တော်သေးတာပေါ့ကွယ်…ငယ်ငယ့်ရဲ့တီတီသာ သိရင် မလွယ်ဘူးကွယ်…ခြေလက်သန့်စင်ပီးရင် လာစားတော့လေ…ကြီးမြ ညနေစာ အဆင်သင့်လုပ်ထား‌ပေးမယ်နော်"
"ဟုတ်ကဲ့"
ငယ်ငယ် အပြုံးလေးနဲ့ပင် ကြီးမြကို ပြန်ဖြေခဲ့သည်…ကြီးမြ ငယ်ငယ်ကို တော်တော်လေး ဂရုစိုက်ပေးပါတယ်…
အိမ်ပြန်ရောက်တော့ ရေချိုးသန့်စင်ပီး အိပ်ခန်းထဲက အလုပ်စားပွဲမှာပဲ ထိုင်နေလိုက်တယ်…ခေါင်းထဲမှာလဲ ကလေးမလေးရဲ့ နှုတ်ခမ်းလေးစူပီး လူကို မျက်စောင်းထိုးပီး ကြည့်တာလေးက ပြန်မြင်ယောင်နေတယ်…
|ကလေးရယ်…မင်းလွှမ်းမိုးနိုင်လွန်းတယ်|
နောက်နေ့…
"ငယ်သွေး နင်အိမ်ထဲပဲ နေနေတော့မှာလား…"
"ဘာလို့လဲ အိမ်ထဲနေရတာကမှ အေးအေးချမ်းချမ်း ရှိသေးတယ်…အပြင်ထွက်ရင် ပူကပူသေး…ပီး sundayဆိုတော့ လူရှုတ်မှာ မကြိုက်ပါဘူး"
ငယ်ငယ်က အနေအေးသူရယ်လဲ မဟုတ်ပါဘူး…ဒီတိုင်း လူရှုတ်တာ လူအုပ်ကြားထဲ နေရင် စိတ်ကျဉ်းကျပ်တတ်တာမို့လေ…
"နင်ကလဲ sunday‌တစ်ရက်အားလို့ အပြင်ထွက်ရမှာကို…" ချယ်သာ ပြောလိုက်သည်မို့ ဝသုန်လဲ ထောက်ခံတော့သည်…
"အေးလေဟယ်…နင့်ကို ကြားရက်တွေခေါ်လဲ လိုက်ချင်တာ မဟုတ်ဘူး…အဲ့တော့ သွားမှာပဲ နင်လိုက်ကို လိုက်ခဲ့ရမယ်…"
"နင်တို့ ဘာသာသွား ငါကတော့ လုံးဝ မလိုက်ဘူးပဲ"
"ငယ်သွေး နင်ကလဲဟာ မညစ်စမ်းနဲ့"
"မညစ်ပါဘူး ခုနကမှ ရေချိုးထားတာ ဟွန့်"
"ငယ်ငယ်ရေ…ငယ်ငယ် ဧည့်သည်ရောက်နေတယ်…ခနထွက်ခဲ့ပါအုံး"
ငယ်ငယ်တို့ ငြင်းခုန်နေကြတုန်း ကြီးမြကလှမ်းခေါ်လိုက်သည်…
"ဟုတ်.ဟုတ် ကြီးမြ လာပီ" |ဘယ်သူပါလိမ့်…ငါ့မှာ နောက်ထပ် အသိလဲ မရှိပါဘူး…|
ငယ်ငယ်ထွက်ကြည့်လိုက်တော့
"ဦး!!"
ခန့်မင်းထည် မျက်ခုံးတစ်ချက် ပင့်ပြသည်…။
"ငယ်ငယ့် အကြွေးရှင်ဆို…ငယ်ငယ် ဘာတွေ လုပ်ထားလဲ"
"ဟန် ဘယ်အကြွေးရှင်လဲ…မဟုတ်ကဟုတ်ကတွေ"
"အ့လို အကြွေးရှင်မဟုတ်ပါဘူး ကြီးကြီးရဲ့"
ခန့်မင်းထည် ပြောလိုက်မှ ကြီးမြ နားမလည်ဖြစ်သွားသည်…
"ငယ်ငယ် အက်စီးဒင့် ဖြစ်တုန်းက ကျတော့ကားလျော်ကြေး သူမပေးရသေးတာ…"
ငယ်ငယ့်ကို စိုက်ကြည့်ပီး ပြောနေတာကြောင့် ငယ်ငယ် ရှက်အမ်းအမ်း ဖြစ်နေသည်…
|အ့နေ့က သူပဲ လျော်ကြေးပြန်ယူတာဆိုပီး ယူသွားပီးတော့…|ငယ်ငယ် ခေါင်းလေးစိုက်ကာ တွေးနေသည်…ဝသုန်နဲ့ ချယ်သာတို့ကတော့ အခန်းထဲ့မှ ခေါင်းလေးတွေပြူထွက်ကာ ကြည့်နေကြသည်…
"အဲ့လျော်ကြေး လာတောင်းတာ…
ငယ်သွေးသျှန်…"
သူ့နာမည်ကို အသံနိမ့်နိမ့်နဲ့ လေသံလေးရောထည့်ပီး ခေါ်လိုက်တာမို့ ငယ်ငယ့်ရင်ထဲ လှိုက်သွားသည်…
"လိုအပ်တဲ့ ပစ္စည်းတွေအကုန်ထည့်ပီး ကိုယ်နဲ့လိုက်ခဲ့ပါ…"
"ဟန်" "ဟင်"
အာမေဍိတ်သံတေ အပြိုင် ထွက်လာကြသည်…ကြီးမြရော ငယ်ငယ်ရော အခန်းထဲက နှစ်ယောက်ကပါ အံ့ဩနေကြတယ်…
"ငယ်က ဘာလို့ လိုက်ခဲ့ရမှာလဲ…"
"မင်း လျော်ကြေးပေးဖို့ ငွေရှိလား"
"ရှိတယ်…တီတီဆီက တောင်းပီးပေးမယ်"
တကယ်တော့ ငယ်ငယ် တီတီဆီက မတောင်းရဲပါ…မတောင်းရက်တာကို ပိုမှန်လိမ့်မည်…တီတီ့ကို ထပ်ဒုက္ခတေ မပေးချင်တော့ဘူး…
"မင်းတီတီမပေးနိုင်လို့ မင်းကိုကိုယ်တိုင် ပေးခိုင်းနေတာလေ…"
"တီတီမပေးနိုင်တာ ဘယ်လိုသိလဲ…"
"မင်းတီတီရဲ့ ခင်ပွန်းက ကိုယ်လက်အောက်က လူပါကွာ…နည်းနည်း စုံစမ်းလိုက်တာပေါ့…မယုံရင် မင်းတီတီကို မေးကြည့်ကြည့်…"
ငယ်ငယ်တီတီ့ကို ချက်ချင်းပဲ ဖုန်းလှမ်းဆက်လိုက်တယ်…ကြီးမြနဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ငယ်ငယ်လုပ်တာကိုပဲ လိုက်ကြည့်နေကြတယ်…
"ဟလို…"
"တီတီငယ်ငယ့်ကို လူရီးတစ်ယောက် လာခေါ်နေတယ်…"
"ငယ်ငယ် သူနဲ့ လိုက်သွားလိုက်…ငယ်ငယ်မလိုက်ရင် တီတီတို့ မိသားစု ဘဝပျတ်လိမ့်မယ်…"
"တီတီ!!"
"ငယ်ငယ့်ကို တီတီပြောနေတယ်လေ…လိုက်သွားဆို လိုက်သွားပေါ့"
တီတီက ငယ်ငယ့်ကို အရင်ကတည်းက အမိန့်နဲ့ အုပ်ချုပ်လာတာလေ…သူတစ်ခွန်းဆို ငယ်ငယ်မှာ ရွေးပိုင်ခွင့်မရှိပါဘူး…မေမေထားခဲ့တာတွေလဲ သူပဲ အကုန် လက်လွှဲယူသွားတယ်…ဒီကွန်ဒိုကိုလဲ သူ့နာမည်နဲ့ ပြောင်းပီး သိမ်းသွားပီ…ငယ်ငယ့်မှာ ပိုင်ဆိုင်တာ မရှိပါဘူး…
|တီတီအရင်တိုင်းပဲနော်…ငယ်ငယ်အတွက် မတွေးဘူး…ငယ်ငယ် တစ်ခါပဲမြင်ဖူးတဲ့ လူတစ်ယောက်နောက်ကို လိုက်သွားရမှာလား…|ငယ်ငယ် မျက်နှာပျတ်သွားသည်ကို ခန့်မင်းထည်မြင်လိုက်တာမို့…
"ဒေါ်သန့်နှင်းလဲ့ ကျွန်တော် ခန့်မင်းထည်ပါ"
ငယ်ငယ့်လက်ထဲက ဖုန်းကို ဆွဲယူကာ ပြောလိုက်တယ်…ငယ်ငယ်ကတော့ ခေါင်းလေးစိုက်ထားတုန်းပင်…
"ဟုတ်..ဟုတ်ကဲ့ သူဌေး"
"ကျတော် သူ့ကို ခေါ်သွားပီ…သူ့ဘက်က စမဆက်သွယ်မချင်း ခများ စမဆက်သွယ်ပါနဲ"
"ဟုတ်ကဲ့ ရပါတယ်"
ခန့်မင်းထည် ဖုန်းချလိုက်သည်…ငယ်ငယ့်ကို တစ်ချက်ကြည့်ရင်း…
"သွား လိုအပ်တာလေးတွေ ယူပီး ထွက်ခဲ့တော့…မိနစ်၃၀အတွင်း ပီး‌‌ေအာင် ပြင်ခဲ့ပါ…ကိုယ် ကားထဲက စောင့်မယ်"
ငယ်ငယ် ပြန်မဖြေပဲ ခေါင်းလေးတစ်ချက် ငြိမ့်ပြသည်…ကြီးမြကလဲ ငယ်ငယ့်ကို ကြည့်ကာ စိတ်မကောင်းဖြစ်ရသည်…ဒါပေမယ့်လဲ သူနဲ့မဆိုင်တဲ့ကိစ္စမို့ နှုတ်ပိတ်နေလိုက်ပီး ငယ်ငယ့်အတွက် လိုတာလေးတွေ ပြင်ဆင်ပေးလိုက်တယ်…
"ငယ်သွေး နင် ရောက်ရင် လိပ်စာပို့လိုက်နော်…ငါတို့ လာလည်မယ် သိလ့"
"အေးပါ…နင်တို့ ပြန်တော့လေ ငါနောက်မှ ဖုန်းဆက်လိုက်မယ်…"
ငယ်ငယ် ပြောပီးတာနဲ့ အခန်းတံခါးကို လော့ခ်ချကာ ငိုနေမိသည်…ခနလောက်ကြာမှ မျက်နှာပေါ်မှ မျက်ရည်စက်များကို လက်ဖဝပါးနုနုလေးဖြင့် ပြောင်အောင်း သုပ်ရင်း အကျီ‌ေတွကို ထည့်နေလိုက်တယ်…ထည့်အပြီး ကြီးမြကို နှုတ်ဆက်ကာ ကွန်ဒိုမှထွက်လာခဲ့လိုက်တော့သည်…
ကောင်းကောင်းလေး ဝေဖန်ပေးကြပါအုံးလို့
ပထမဆုံးficလေးမို့ပါ😁ကျေးဇူးတင်ပါတယ်နော် readerတို့🤍🤍။။။
[ZawGyi] ငယ်ငယ်ကို ဆေးရုံကနေ ကွန်ဒိုထိ ပြန်လိုက်ပို့ပေးလိုက်တယ်…
"နေအုံး ခန"
"ဘာပြောအုံးမှာလဲ"
"…ငယ်သွေးသျှန်"
"ဟုတ်ကဲ့"
နောက်နေ့…
"ဦး!!"
|အ့နေ့က သူပဲ လျော်ကြေးပြန်ယူတာဆိုပီး ယူသွားပီးတော့…|ငယ်ငယ် ခေါင်းလေးစိုက်ကာ တွေးနေသည်…ဝသုန်နဲ့ ချယ်သာတို့ကတော့ အခန်းထဲ့မှ ခေါင်းလေးတြွေပူထွက်ကာ ကြည့်နေကြသည်…
ငယ်သွေးသျှန်…"
"ဟန်" "ဟင်"
"ဟလို…"
"တီတီ!!"
"ဟုတ်..ဟုတ်ကဲ့ သူဌေး"
"ဟုတ်ကဲ့ ရပါတယ်"
"သွား လိုအပ်တာလေးတွေ ယူပီး ထွက်ခဲ့တော့…မိနစ်၃၀အတွင်း ပီး‌‌အောင် ပြင်ခဲ့ပါ…ကိုယ် ကားထဲက စောင့်မယ်"
ငယ်ငယ် ပြောပီးတာနဲ့ အခန်းတံခါးကို လော့ခ်ချကာ ငိုနေမိသည်…ခနလောက်ကြာမှ မျက်နှာပေါ်မှ မျက်ရည်စက်များကို လက်ဖဝပါးနုနုလေးဖြင့် ပြောင်အောင်း သုပ်ရင်း အကျီ‌တွေကို ထည့်နေလိုက်တယ်…ထည့်အပြီး ကြီးမြကို နှုတ်ဆက်ကာ ကွန်ဒိုမှထွက်လာခဲ့လိုက်တော့သည်…
Continue Reading
You'll Also Like
7.5K 541 17
Bir kız vardı. Bütün acılara göğüs germişti. Yıllarca bir baba hasreti ile büyümüştü. Sevmişti, çok sevmişti. Bir gün babasının mezarındayken gerçek...
4M 270K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
1.4M 236K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယေ...
2.2M 148K 104
Doctor Handsome & Medical Student