ကားထဲက ထွက်လာတဲ့လူကို ကြည့်လိုက်တော့အရပ်က တော်တော်လေး ရှည်၏…ငယ်ငယ်ထက် ခေါင်းတစ်လုံးစာကျော်လောက် ကွာမည်…။တော်တော်လဲ ချမ်းသာမည့်ပုံပေါ်သည်…။အသက်ကတော့ ၃၀ကျော်လောက်ပီ ထင်ရပေမယ့် တော်တော်လေး နုသည်…။ခန္ဓာကိုယ်မှာလဲ တော်တော်လေး တောင့်မည်…။ခန့်မင်းထည်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မို့ ငယ်ငယ် ခနလောက် ငေးနေမိသည်…ပီးမှ သတိတစ်ချက်ဝင်လာပီး…
"ဟိုနောက်က လူရီးက ဦးနဲ့ ဘာတော်လဲ"
"အဲ့တာ ဦးလေး ဆရာပါ…"
ငယ်ငယ် စိတ်ဝင်စားသည်မို့ မေးလိုက်မိသည်…။ခန့်မင်းထည် ငယ်ငယ်ကို စိုက်ကြည့်နေမိတယ်…ခေါင်းထဲမှာ အတွေးကမရပ်ျမေရီ…မင်းများလား မင်းကိုယ့်ဆီကို ပြန်လာတာလား…ျခန့်မင်းထည် ငယ်ငယ်နားသို့ ကပ်လိုက်ပီး
"ဘာ..ဘာလုပ်တာလဲ! ဖယ်ပါ!! လူတေကြည့်နေကြတယ်"
ခန့်မင်းထည် ငယ်ငယ်အပေါ်ဝတ်အကျီကို ရုတ်တရက် ဆွဲချွတ်လိုက်တာမို့ ငယ်ငယ် ရှက်အား လန့်အားနဲ့အော်မိသည်။
ျအမှတ်…အမှတ်ကရော အမှတ်မပါဘူးပဲ…ျ မေရီရဲ့ ဂုတ်လေးမှာ ပန်းပွင့်လ်ု အမှတ်လေး ပါနေတာကြောင့်ပါ…ခန့်မင်းထည် ငယ်ငယ်ကိုအကျီ ပြန်ဝတ်ပေးလိုက်ပီး နောက်ကို တစ်လှမ်းပြန်ဆုပ်ကာ…
"မင်းက ပိုက်ဆံမလိုချင်ဘူး ဆိုတော့ ဆေးရုံကို အရောက်ပို့ပေးစေချင်တာ လား…ရတယ်လေ…သီဟ ambulance ခေါ်လိုက် ပီးမင်းလိုက်သွား ဆေးခ တစ်ခါတည်း ရှင်းပေးခဲ့…"
"ဟုတ် ဆရာ"
သီဟ ဆေးရုံကို ဖုန်းဆက်နေတုန်းမှာပဲ…
"ခွမ်!!!"
"ဟိတ် ကလေးမ မင်းဘယ်လို လုပ်လိုက်တာလဲ"
ငယ်ငယ် သီဟလက်ထဲက ဖုန်းကို ဆွဲယူပီး လွှင့်ပစ်လိုက်တာကြောင့် ကားရှေ့မှန် ကွဲသွားသည်…။
"ဒီမှာ ဟိုနောက်က လူရီး ရှင့်တပည့်ရဲ့ အမှားကြောင့် လူတစ်ယောက်လုံး ဒီလို ဖြစ်သွားတာတောင် မတောင်းပန်တတ်တဲ့ အပြင် လူကို ဆွဲလား ရမ်းလား ဘာလို့လုပ်ရတာလဲ"
ငယ်ငယ် ဒေါသထွက်သွားတာမို့ ခန့်မင်းထည်အား အော်လိုက်မိသည်...ခန့်မင်းထည် ခနလောက် စိုက်ကြည့်နေသည်…
"ဘာကြည့်တာလဲ"
နှုတ်ခမ်းကို လခြမ်းပုံစံ တစ်ခြမ်းပြုံးပီး
"မင်းက အစွာလေးပဲ…ဆက်ဆက်ထိ မခံတာလေးကို သဘောကျမိသား…"
ငယ်ငယ့်ဆီကို မင်းခန့်ထည် တစ်လှမ်းချင်းလှမ်းရင်း ပြောလာတာမို့ ငယ်ငယ်နှင့် တော်တော်လေး ကပ်သွားသည်…ငယ်ငယ့်အရပ်က မင်းခန့်ထည် ရင်ဘက်လောက် ရှိတာမို့ ငယ်ငယ် မော့ကြည့်နေရတယ်…
"ဘာလဲ"
နှုတ်ခမ်းလေးဆူကာ ဘောက်ဆက်ဆက် ပြောလိုက်တဲ့ ငယ်ငယ်ကြောင့် ခန့်မင်းထည် သဘောကျရပြန်သည်…
"ဟားဟား မင်းက တကယ့် ခလေးပဲကွ…ထားပါတော့…မင်းပြောတာတေကို ပြန်ရှင်းပါအုံးမယ်…ကိုယ့်တပည့်အမှားလို့ မင်းပြောလိုက်တယ်နော်"
"ဟုတ်တယ်"
"သေချာစဉ်းစားကြည့်ပါအုံး…ကိုယ့်တပည့်က လမ်းသေချာကြည့်မမောင်းတာလား…မင်းက လမ်းသေချာကြည့် မကူးတာလား…ဟင်.."
"အ့က....."
ငယ်ငယ်ပြန်စဉ်းစား ကြည့်တော့မှ ဟုတ်တာပေါ့…ငယ်ငယ် ရေခဲမုန့်စားချင်တာနဲ့ပဲ လမ်းသေချာမကြည့်ပဲ ပြေးမိတာကို…
ခန့်မင်းထည် မျက်ခုံးတစ်ချက် ပင့်ပြလိုက်တယ်…
"ဟွန့်…"
ငယ်ငယ်လဲ ဘာမှ ပြန်ပြောစရာမရှိတော့ နှုတ်ခမ်းလေးဆူကာ ကိုယ့်ဒဏ်ရာကို ကြည့်ကာငြိမ်နေလိုက်သည်…တကယ့်တော့ ဒဏ်ရာက အဲ့လောက် မဆိုးပါဘူး မြေကြီးနဲ့ခြစ်မိလို့ ပွန်းရုံပါ…
နှုတ်ခမ်းလေးဆူကာ ပါးစပ်က တတွတ်တွတ် ရွတ်နေတဲ့ ကလေးမလေးကို ခန့်မင်းထည် စိုက်ကြည့်မိရင်း…
"အွတ်! ဘာ…ဘာလုပ်တာလဲ"
ငယ်ငယ် ရုတ်တရက် အနမ်းခံလိုက်ရတာကြောင့် လန့်သွားပီး ဘသူကိုမှ မပေးဘူးသေးတဲ့ နှုတ်ခမ်းလေးကို လက်လေးနဲ့ ကွယ်နေတယ်…
"ကိုယ့်ရဲ့ ကားနဲ့ ဖုန်းပျတ်ဆီးသွားတာကြောင့် လျော်ကြေးပြန်ယူတာ…"
ခန့်မင်းထည် ပြောပီး ပြုံးပြလိုက်သည်…။ငယ်ငယ်ကတော့ မပြုံးနိုင်…သူ့မှာ first kissဆိုတော့လဲ ဟုတ်တာပေါ့ ရုက်နေမှာပေါ့…ငယ်ငယ့်ခေါင်းလေးကို ခန့်မင်းထည် တစ်ချက်ပုတ်ကာ…
"လာ ကားပေါ်တက်"
"ဘာလို့ တက်ရမှာလဲ"
"ဟာ…မင်းလက်က ဒဏ်ရာတွေ ဒီတိုင်း ထားမှာလား…"
"မတက်ပါဘူး ငယ့်မှာ ခြေထောက်ပါတယ် ကိုယ့်ခြေထောက်နဲ့ကို သွားမယ်"
ငယ်ငယ့်အကျင့်ကတော့ အ့လိုပေါ့…ဘောက်ဆက်ဆက်နဲ့ ခေါင်းမာတတ်တာပါပဲ အ့မို့ အပေါင်းအသင်း သိပ်မရှိဘူးလေ
"ကဲပါ တက်ပါကွာ ကြာရင် ပိုးဝင်ပီး ဆေးတွေဘာတွေ ထိုးနေရမယ်…"
ငယ်ငယ်ဆေးထိုးခံရမှာကိုတော့ ငယ်ငယ်လေးကတည်းက ကြောက်သည်…
"ဟုတ်သားပဲ ငယ်သွေးရယ် လိုက်သွားပါ…ငါတို့ဘာသာ သွားရင် ကြာနေအုံးမယ်…"
"ဟိုမှာ လူကြီးတစ်ယောက်လုံးက ခေါ်နေတာကို…ငါတို့ နင့်အိမ်သွားပီး ကြီးမြကို ပြောထားလိုက်မယ်…"
ဝသုန်နဲ့ မီသာ ဝင်ပြောလိုက်မှပဲ…
"အေးပါ သွားပါမယ်…"
ခန့်မင်းထည် နောက်ထပ် ကားတစ်စီး လွှတ်ပေးဖို့ ခေါ်ထားတာ ကားလဲရောက်ပီမို့ ငယ်ငယ် ကားပေါ် လိုက်ပါသွားတော့သည်…
ဒီအပိုင်းက တော်တော်လေး ရှည်သွားတယ် ထင်တယ်နော်…သည်းခံပေးကြပါလို့…🥲
ပထမဆုံးficလေးမို့ ဝေဖန်ပေးကြပါအူံး…🙏🏻
[ZawGyi]ကားထဲက ထြက္လာတဲ့လူကို ၾကၫ့္လိုက္ေတာ့အရပ္က ေတာ္ေတာ္ေလး ရွည္၏…ငယ္ငယ္ထက္ ေခါင္းတစ္လံုးစာေက်ာ္ေလာက္ ကြာမည္…။ေတာ္ေတာ္လဲ ခ်မ္းသာမၫ့္ပံုေပၚသည္…။အသက္ကေတာ့ ၃၀ေက်ာ္ေလာက္ပီ ထင္ရေပမယ့္ ေတာ္ေတာ္ေလး ႏုသည္…။ခႏၶာကိုယ္မွာလဲ ေတာ္ေတာ္ေလး ေတာင့္မည္…။ခန႔္မင္းထည္မွာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္မို႔ ငယ္ငယ္ ခနေလာက္ ေငးေနမိသည္…ပီးမွ သတိတစ္ခ်က္ဝင္လာပီး…
"ဟိုေနာက္က လူရီးက ဦးနဲ႔ ဘာေတာ္လဲ"
"အဲ့တာ ဦးေလး ဆရာပါ…"
ငယ္ငယ္ စိတ္ဝင္စားသည္မို႔ ေမးလိုက္မိသည္…။ခန႔္မင္းထည္ ငယ္ငယ္ကို စိုက္ၾကၫ့္ေနမိတယ္…ေခါင္းထဲမွာ အေတြးကမရပ္်ေမရီ…မင္းမ်ားလား မင္းကိုယ့္ဆီကို ျပန္လာတာလား…်ခန႔္မင္းထည္ ငယ္ငယ္နားသို႔ ကပ္လိုက္ပီး
"ဘာ..ဘာလုပ္တာလဲ! ဖယ္ပါ!! လူေတၾကၫ့္ေနၾကတယ္"
ခန႔္မင္းထည္ ငယ္ငယ္အေပၚဝတ္အက်ီကို ရုတ္တရက္ ဆဲြခၽြတ္လိုက္တာမို႔ ငယ္ငယ္ ရွက္အား လန႔္အားနဲ႔ေအာ္မိသည္။
်အမွတ္…အမွတ္ကေရာ အမွတ္မပါဘူးပဲ…် ေမရီရဲ့ ဂုတ္ေလးမွာ ပန္းပြင့္လ္ု အမွတ္ေလး ပါေနတာေၾကာင့္ပါ…ခန႔္မင္းထည္ ငယ္ငယ္ကိုအက်ီ ျပန္ဝတ္ေပးလိုက္ပီး ေနာက္ကို တစ္လွမ္းျပန္ဆုပ္ကာ…
"မင္းက ပိုက္ဆံမလိုခ်င္ဘူး ဆိုေတာ့ ေဆးရံုကို အေရာက္ပို႔ေပးေစခ်င္တာ လား…ရတယ္ေလ…သီဟ ambulance ေခၚလိုက္ ပီးမင္းလိုက္သြား ေဆးခ တစ္ခါတည္း ရွင္းေပးခဲ့…"
"ဟုတ္ ဆရာ"
သီဟ ေဆးရံုကို ဖုန္းဆက္ေနတုန္းမွာပဲ…
"ခြမ္!!!"
"ဟိတ္ ကေလးမ မင္းဘယ္လို လုပ္လိုက္တာလဲ"
ငယ္ငယ္ သီဟလက္ထဲက ဖုန္းကို ဆဲြယူပီး လႊင့္ပစ္လိုက္တာေၾကာင့္ ကားေရ႔ွမွန္ ကဲြသြားသည္…။
"ဒီမွာ ဟိုေနာက္က လူရီး ရွင့္တပၫ့္ရဲ့ အမွားေၾကာင့္ လူတစ္ေယာက္လံုး ဒီလို ျဖစ္သြားတာေတာင္ မေတာင္းပန္တတ္တဲ့ အျပင္ လူကို ဆဲြလား ရမ္းလား ဘာလို႔လုပ္ရတာလဲ"
ငယ္ငယ္ ေဒါသထြက္သြားတာမို႔ ခန႔္မင္းထည္အား ေအာ္လိုက္မိသည္...ခန႔္မင္းထည္ ခနေလာက္ စိုက္ၾကၫ့္ေနသည္…
"ဘာၾကၫ့္တာလဲ"
ႏႈတ္ခမ္းကို လျခမ္းပံုစံ တစ္ျခမ္းႃပံုးပီး
"မင္းက အစြာေလးပဲ…ဆက္ဆက္ထိ မခံတာေလးကို သေဘာက်မိသား…"
ငယ္ငယ့္ဆီကို မင္းခန႔္ထည္ တစ္လွမ္းခ်င္းလွမ္းရင္း ေျပာလာတာမို႔ ငယ္ငယ္ႏွင့္ ေတာ္ေတာ္ေလး ကပ္သြားသည္…ငယ္ငယ့္အရပ္က မင္းခန႔္ထည္ ရင္ဘက္ေလာက္ ရိွတာမို႔ ငယ္ငယ္ ေမာ့ၾကၫ့္ေနရတယ္…
"ဘာလဲ"
ႏႈတ္ခမ္းေလးဆူကာ ေဘာက္ဆက္ဆက္ ေျပာလိုက္တဲ့ ငယ္ငယ္ေၾကာင့္ ခန႔္မင္းထည္ သေဘာက်ရျပန္သည္…
"ဟားဟား မင္းက တကယ့္ ခေလးပဲကြ…ထားပါေတာ့…မင္းေျပာတာေတကို ျပန္ရွင္းပါအံုးမယ္…ကိုယ့္တပၫ့္အမွားလို႔ မင္းေျပာလိုက္တယ္ေနာ္"
"ဟုတ္တယ္"
"ေသခ်ာစဉ္းစားၾကၫ့္ပါအံုး…ကိုယ့္တပၫ့္က လမ္းေသခ်ာၾကၫ့္မေမာင္းတာလား…မင္းက လမ္းေသခ်ာၾကၫ့္ မကူးတာလား…ဟင္.."
"အ့က....."
ငယ္ငယ္ျပန္စဉ္းစား ၾကၫ့္ေတာ့မွ ဟုတ္တာေပါ့…ငယ္ငယ္ ေရခဲမုန႔္စားခ်င္တာနဲ႔ပဲ လမ္းေသခ်ာမၾကၫ့္ပဲ ေျပးမိတာကို…
ခန႔္မင္းထည္ မ်က္ခံုးတစ္ခ်က္ ပင့္ျပလိုက္တယ္…
"ဟြန႔္…"
ငယ္ငယ္လဲ ဘာမွ ျပန္ေျပာစရာမရိွေတာ့ ႏႈတ္ခမ္းေလးဆူကာ ကိုယ့္ဒဏ္ရာကို ၾကၫ့္ကာၿငိမ္ေနလိုက္သည္…တကယ့္ေတာ့ ဒဏ္ရာက အဲ့ေလာက္ မဆိုးပါဘူး ေျမၾကီးနဲ႔ျခစ္မိလို႔ ပြန္းရံုပါ…
ႏႈတ္ခမ္းေလးဆူကာ ပါးစပ္က တတြတ္တြတ္ ရြတ္ေနတဲ့ ကေလးမေလးကို ခန႔္မင္းထည္ စိုက္ၾကၫ့္မိရင္း…
"အြတ္! ဘာ…ဘာလုပ္တာလဲ"
ငယ္ငယ္ ရုတ္တရက္ အနမ္းခံလိုက္ရတာေၾကာင့္ လန႔္သြားပီး ဘသူကိုမွ မေပးဘူးေသးတဲ့ ႏႈတ္ခမ္းေလးကို လက္ေလးနဲ႔ ကြယ္ေနတယ္…
"ကိုယ့္ရဲ့ ကားနဲ႔ ဖုန္းပ်တ္ဆီးသြားတာေၾကာင့္ ေလ်ာ္ေၾကးျပန္ယူတာ…"
ခန႔္မင္းထည္ ေျပာပီး ႃပံုးျပလိုက္သည္…။ငယ္ငယ္ကေတာ့ မႃပံုးႏိုင္…သူ႔မွာ first kissဆိုေတာ့လဲ ဟုတ္တာေပါ့ ရုက္ေနမွာေပါ့…ငယ္ငယ့္ေခါင္းေလးကို ခန႔္မင္းထည္ တစ္ခ်က္ပုတ္ကာ…
"လာ ကားေပၚတက္"
"ဘာလို႔ တက္ရမွာလဲ"
"ဟာ…မင္းလက္က ဒဏ္ရာေတြ ဒီတိုင္း ထားမွာလား…"
"မတက္ပါဘူး ငယ့္မွာ ေျခေထာက္ပါတယ္ ကိုယ့္ေျခေထာက္နဲ႔ကို သြားမယ္"
ငယ္ငယ့္အက်င့္ကေတာ့ အ့လိုေပါ့…ေဘာက္ဆက္ဆက္နဲ႔ ေခါင္းမာတတ္တာပါပဲ အ့မို႔ အေပါင္းအသင္း သိပ္မရိွဘူးေလ
"ကဲပါ တက္ပါကြာ ၾကာရင္ ပိုးဝင္ပီး ေဆးေတြဘာေတြ ထိုးေနရမယ္…"
ငယ္ငယ္ေဆးထိုးခံရမွာကိုေတာ့ ငယ္ငယ္ေလးကတည္းက ေၾကာက္သည္…
"ဟုတ္သားပဲ ငယ္ေသြးရယ္ လိုက္သြားပါ…ငါတို႔ဘာသာ သြားရင္ ၾကာေနအံုးမယ္…"
"ဟိုမွာ လူႀကီးတစ္ေယာက္လံုးက ေခၚေနတာကို…ငါတို႔ နင့္အိမ္သြားပီး ႀကီးျမကို ေျပာထားလိုက္မယ္…"
ဝသုန္နဲ႔ မီသာ ဝင္ေျပာလိုက္မွပဲ…
"ေအးပါ သြားပါမယ္…"
ခန႔္မင္းထည္ ေနာက္ထပ္ ကားတစ္စီး လႊတ္ေပးဖို႔ ေခၚထားတာ ကားလဲေရာက္ပီမို႔ ငယ္ငယ္ ကားေပၚ လိုက္ပါသြားေတာ့သည္…
ဒီအပိုင္းက ေတာ္ေတာ္ေလး ရွည္သြားတယ္ ထင္တယ္ေနာ္…သည္းခံေပးၾကပါလို႔…🥲
ပထမဆံုးficေလးမို႔ ေဝဖန္ေပးၾကပါအူံး…🙏🏻