Uni //
"မြို့ဝန်မင်းဝမ်ကတော့ တစ်ကယ်ပါပဲဗျာ ဘယ်လိုစိတ်ကူးမျိုးနဲ့များ ဒါကြီးကိုယူရတာလဲ ကျုပ်ဖြင့်သူများပြောတာတောင်မယုံမိ"
မြို့လည်က လောင်းကစားရုံတစ်ခုမှာ အေးဆေးမနေပဲလူတွေကဝင်ပါလွန်းတယ် ။ ဒါတွေကသူမကြိုက်တဲ့အချက်တွေ အခုလည်း သူ့များနှာခေါင်းပေါက်နဲ့လေရှူနေရတဲ့လူက ဝိုင်းကနေလျှာလာရှည်ပြန်တယ် ။
"ကျုပ်လက်ထပ်ပွဲတောင် ခြေမချနိုင်တဲ့ခဗျားက ဘယ်လိုပါးစပ်ပေါက်နဲ့ပြောရတာလဲ "
သူပြောတော့ထိုလူကရှူးရှူးရှဲရှဲဖြစ်သွားတယ်။
ဟုတ်တာပဲလေ မြိုဝန်မင်းဝမ်ရဲ့အိမ်တော်က တော်ရုံလူတွေ ခြေချလို့ရတဲ့နေရာလား ကိုယ့်အဆင့်ကိုယ်မသိပဲလာပြောနေတာကိုက ရှက်သင့်နေပြီ။
"ကျုပ်ကသဘောရိုးနဲ့မို့ ယောကျာ်းသားချင်းပြောတာပါဗျာ ကျန်တာမဟုတ်ပါဘူး "
"ခဗျားအိမ်ကမိန်းမ လင်ငယ်နေဖို့ပဲ ကျုပ်သိမ်းထားတဲ့ဒိီရုံကနေ နိုင်အောင်စောက်ပေါက်ပိတ်ပြီးအရင်လုပ်"
ပြောကာထထွက်လာခဲ့တယ် အပိုတွေပြောရတာမကြိုက်ဘူး ။အဲ့လိုပဲ ဘယ်သူ့မှလည်းမျက်နှာမထောက်တက်ဘူး သူကဒဲ့ပဲကြိုက်တယ် ။
နောက်များကြုံရင်တော့ကျုပ်ဆိုတဲ့မြို့ဝန်မင်း
ခဗျားတို့လိုပါးစပ်တွေကိုကောင်းကောင်းပြုစုပါအုံးမယ် အဟက်!
......................
"ကျွန်တော် ဘာကူရမလဲဗျ"
"အိုးးမဟုတ်တာကွယ် သားကအိမ်ထဲမှာပဲနေလေ မီးဖိုခန်း ဘာလာလုပ်ရတုန်း "
အခန်းထဲကိုဝင်ကာမေးလာတဲ့ကောင်လေးကိုကြည့်ကာသူမမှာအပြာအယာပဲ ။
မြို့ဝန်မင်း ဒီကောင်လေးကိုဘယ်လိုသဘောထားလဲအသိဆုံးမို့ပေါ့။
"အာ ကျွန်တော်လည်းပျင်းနေတာလေ အဲ့တာ ဝိုင်းကူချင်လို့ ညနေစာအတွက် "
"အမလေးရှင် မလုပ်ပါနဲ့ တော်ကြာမြို့ဝန်မင်းဝမ်ကသူ့အိမ်သားလေးကိုမတားရလားဆိုပြီး ဒီအဒေါ်အိုကြီးကိုပြောနေပါအုံးမယ် "
သူမထိုသို့ပြောလိုက်တော့ ကောင်လေးကနှာခေါင်းလေးရှုံ့သွားတာတွေ့တယ် ။
တစ်ကယ့်ကလေးတစ်ယောက်လိုအပြုအမူမျိုးနဲ့မို့ ဒီကောင်လေးကချစ်မွှေးလေးပါပဲ။
"သူမပြောပါဘူး သူပြောရင် ကျွန်တော်အတင်းလုပ်တယ်ပြောလေ နော် ဒီကဟင်းတွေပြန်ချက်ကြည့်ချင်တယ် "
"သားကချက်တက်တာလား "
"ဟုတ် ဟိုမှာ အခန်းနဲ့ကိုယ့်ပါကိုယ်ပဲချက်စားတာလေ အဲ့တော့အကုန်နီးပါချက်တက်နေပြီ "
ပြုံးပြုံးလေးပြောကာလုပ်ကူနေသောကောင်လေးကိုသူမကတော့ခေါင်းခါကာသာနေလိုက်တယ် ။ဒီကလေးပျော်တော့လည်း ကိုယ်ပါပျော်ရသလိုပါပဲ။
.......
တီးး!!
အိမ်တော်ရှေ့ ဟွန်းတီးအပြီးမှာ တံခါးစောင့်ကလာဖွင့်တယ် ။ ကားမောင်းလာရင်းခြံထဲကြည့်တော့ သူ့အိမ်သားရဲ့အရိပ်အယောင်ပင်မတွေ့ရ။ ဒါလည်းကောင်းတာပဲ အိမ်ထဲမှာ သူသဘောကျတာတစ်ခုခုလုပ်နေလည်းအဆင်ပြေတာပါပဲ ။
ကားထိုးရပ်ကာ အိမ်ထဲကိုပဲတစ်လှန်းခြင်းဝင်လာလိုက်တယ် ဧည့်ခန်းမှာလဲမတွေ့ပြန်။
" အယ် မြို့ဝန်မင်းဝမ် ပြန်လာပါပြီလား"
မီးဖိုခန်းဘက်ကထွက်လာဟန်တူသောအိမ်တော်ထိန်းကိုကြည့်လို့ သူ့ရဲ့မျက်ခုံးများကတန်းခနဲ။ အိမ်တော်ထိန်းကမီးဖိုခန်းဘက် လှည့်လှည့်ကြည့်နေတာမဟုတ်လား ။
"အိမ်ကအိမ်သားရော "
" အယ် အင်းးမီးဖိုခန်းထဲမှာ ဟို သခင်.."
"နေခဲ့လိုက် ကျုပ်အဲ့သွားမို့ "
ပြောကာ အပေါ်ဝတ်လက်ရှည်ကိုဧည့်ခန်းမှာချ၍ အင်ကျီလက်ကိုခေါက်တင်ကာမီးဖိုခန်းဘက်ကိုသွားလိုက်သည် ။ တွေ့ပါပြီ သူ့လာတာမသိလောက်အောင်ရှေ့ကိုအာရုံစိုက်ကာ ဟင်းအိုးမွှေနေတဲ့လူသား ။ကျောပြင်သေးသေး ခါးသေးသေးမြင်တော့သူ့မှာ မရိုးမရွတွေဖြစ်လို့။
" အမလေး!! ဟင်.မင်း !"
ရှောင်းကျန့်အိမ်တော်ထိန်းကအပြင်ထွက်ကာလိုတာသွားယူနေတာမို့ ဟင်းအိုးကိုကူကြည့်ပေးနေတုန်း ခြေသံကြားပေမယ့် အိမ်တော်ထိန်းပဲထင်ခဲ့တာ ။ ရုတ်တရက်သူ့ရဲ့ခါးကိုဖက်ကာ လည်ဂုတ်ကိုအနမ်းခံရတာမို့ လူကတုန်မိသွားတယ်
ဒီလူကအမြဲဇိုးဇိုးဇက်ဇက်နိုင်နေတာ။
"ဘာလို့အနားမယူတာလဲရှောင်း ဟင် "
"မင်း လွှတ်ပါအုံး မီးဖိုခန်းထဲမှာဆိုတာသတိရပါအုံး ဘယ်လိုဖြစ်နေတာလဲ "
"ကိုယ့်ယောက်ကျားကို ဘာလုပ်လုပ်လေ ဒီမှာကျုပ်ကဘယ်သူ့ကိုကြောက်ရအုံးမှာလဲ "
"မင်းကိုအရှက်ရှိဖို့ပြောတာလေ အားနာတက်ပါအုံး "
"ကျုပ်ကအားမနာတက်ပါဘူး အားနာတယ်လို့ အော်ရမှာက ခဗျားလေ မဟုတ်ဘူးလား "
"မင်း !"
"အဟက် ဒါတွေထားခဲ့လိုက်တော့ ပြန်လာလာခြင်းကိုလူကိုပူပန်အောင်လုပ်ပြန်တယ် ခဗျားကအေးအေးဆေးဆေးနေရမှာကို "
သူပြောတာကိုဘာမှမပြောပဲ ခါးပေါ်ကလက်တွေကိုသာအတင်းဖယ်ချနေသောလူသား ပိုတိုးလို့ဖက်တော့လူကပါတွန့်လိမ်လာတယ် ။
" အင့် မင်း ဘယ်လိုဖြစ်လို့အတင်းဖက်နေတာလဲ "
"ခဗျားကရော ဘာလို့အတင်းဖယ်နေတာလဲ "
"ငါကဘာလို့မင်းဖက်တာခံရမှာလဲ "
"ကျုပ်ခင်ပွန်းဆိုမှ ကျုပ်လုပ်တာခံပေါ့ "
"ဝမ်ရိပေါ် !"
"ဟုတ်ပါပြီ ခဗျားအသံကောင်းမကောင်းကျုပ်နောက်မှစစ်ပါမယ့် မွ ကျုပ်ရေချိုးပြီ ညစာအတူစားကြမယ် "
သု့ကိုပြောကာ ပါးကိုအတင်းတိုးနမ်းသွားသောဝမ်ရိပေါ်ကိုကြည့်၍ရှောင်းကျန့်မှာ ငူငူငိုင်ငိုင်သာ။ သူလဲဒီမြို့ဝန်မင်းဝမ်အပြုအမူတွေအောက်မှာ ကြာလာရင် ကတုန်ကယင်ဖြစ်ရချည်ရဲ့။
...................................
"ဒီအရွက်ကြော်ကရော ဘယ်သူချက်တာလဲ "
ညဘက်စားပွဲမှာထိုင်ပါပြီဆိုကတည်းက ရှိသမျှဟင်းပွဲကိုလက်ထောက်ကာလိုက်မေးနေတဲ့လူ ။
"အိမ်တော်ထိန်း "
"ဒါကရော "
"အိမ်တော်ထိန်း "
"ဒါကရော အိမ်တော်ထိန်းပဲလား "
"ကျစ် မင်းကဘာလို့အကုန်လိုက်မေးနေတာလဲ ဟင်းပဲကို "
"ကျစ် ကျုပ်ကခဗျားချက်တာစားမလို့လေ ခဗျားလက်ယာ အရင်စားချင်လို့မေးနေတာပေါ့ "
မျက်ခုံးများတန်းကာ နားတွေနီကာပြောနေတဲ့ရှေ့ကလူကိုကြည့်လို့ ရှောင်းကျန့်မျက်နှာကပြုံးချင်ချင်ဖြစ်သွားတာမို့ ပါးစပ်ကိုလက်နဲ့ကာကာ ချောင်းဟန့်လိုက်ရတယ်။ မြို့ဝန်မင်းဝမ်က ရှက်နေတာကြီးကို သူ့ပြောရင်လဲမျက်နှာတည်ကြီးနဲ့ပြန်ပြောအုံးမှာ။
"အဟမ်း ငါကဒီကအစားအစာတော့သိပ်မကျွမ်းဘူး ။ ဒီက ပုစွန်အချဉ်ချက်ရယ် အဟင်း မင်းကအစပ်သိပ်မစားဘူးဆိုလို့ အစပ်မထည့်ထားဘူး ဒါကအရွက်ဟင်းရည်သောက် "
ထိုလူကသူပြောပြတဲ့ဟင်းတွေကိုကြည့်ကာ တူကိုင်ကာ စစားတယ် ။ မျက်နှာရိပ်မျက်နှာကဲကြည့်တော့ ထိုသူ့မျက်နှာကတည်တည်ကြီး သူကဘယ်လိုခန့်မှန်းရမလဲ ။
ရိပေါ်သူငုံ့စားနေတုန်း သူမျက်နှာကိုလိုက်ကြည့်ကာ ပြူးကြောင်ကြောင်လုပ်နေတဲ့လူသားကိုကြည့်ကာ သူ့မှာရယ်ချင်လာမိတယ် ။ သူ့ထက်အသက်ကြီးတာက အခုကြဘယ်လိုအပြုအမူလေးလဲ ။
" ဟို.မင်း.အဟမ်း! စားလို့အဆင်ပြေလား ? "
မနေနိုင်လို့ထင်ပါရဲ့ သူ့ကိုထုတ်မေးလာတာမို့ ရှေ့ကဟင်းကိုယူကာပါးစပ်အပြည့်ထည့်ကာစားလိုက်တယ်။
"အင်း ကျုပ်အိမ်သားလက်ရာကအကောင်းဆုံးပဲ "
သူ့ကိုပြောကာ သူပြောပြတဲ့ဟင်းပန်းကန်ကိုပဲနှိုက်ကာ စားနေတဲ့လူကိုကြည့်လို့သူကဘာလို့ကြည်နူးနေရပြန်တာလဲ ။ ပါးမို့မို့တွေဖောင်းကာစားနေတာမို့ သူ့မှာလက်တွေတယားယား မြို့ဝန်မင်းဝမ်ကပါးဖောင်းကြီးတွေနဲ့ ။
အဟီး '
သူ့ရယ်သံထွက်တော့ ထိုလူကမျက်လုံးလှန်ကြည့်တာမို့ သူ့မှာ မလုံမလဲ အစားသာအတင်းစားလိုက်မိတယ် ။
'အဟွတ် အဟွတ် '
"ဟော ဖြေးဖြေးစားလေဗျာ ဘယ်သူမှလုမစားပါဘူး ကြည့်အုံး သီးပြန်ပြီ ရော့ရေ ကလေးလား
ခဗျားက "
သူ့ဘက်ကိုပြောင်းကာကျောကိုပုတ်ပေးကာ ရေအတင်းတိုက်နေသူမို့သူ့မှာရေသောက်ကာငြိမ်နေရပြန်တယ် ။
ညစာစားပြီးအိပ်ခန်းပြန်လာပြီးသည့်တိုင်
ထိုလူကတော့ပင်ပန်းလို့ထင်အေးဆေး အနားယူတာမို့ သူလဲအိပ်ယာပေါ်တက်ကာအိပ်လိုက်တယ်။
အနောက်ကနေခါးကိုဖက်ကာ သူ့ခေါင်းကိုလက်မောင်းပေါ်ပြောင်းတင်နေတဲ့လူကြောင့်
သူ့မှာအသက်ပါအောင့်ထားမိတယ် ။
"ကောင်းသောညပါ ရှောင်း "
"အဟင်း မင်းရော "
"အဟက် "
ထိုသူကသဘောတကျရယ်ကာငြိမ်သွားတာမို့သူလည်းမျက်စိမှိတ်ကာသာအိပ်စက်လိုက်တယ်..
........................................
# M'Mind / N 💙 ဖတ်ပေး သဘောကျပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ် ကိုယ်ကြိုးစားသွားမှာပါ အားနည်းချက်တွေရှိရင်ထောက်ပြနိုင်ပါတယ် ပေါ့ခဲ့ရင်လည်းကိုယ့်ရဲ့အားနည်းချက်ပါပဲ💛
#19.1.23
Zawgyi //
"ခဗျားအိမ်ကမိန်းမ လင်ငယ်နေဖို့ပဲ ကျုပ်သိမ်းထားတဲ့ဒီရုံကနေ နိုင်အောင်စောက်ပေါက်ပိတ်ပြီးအရင်လုပ်"
......................
"ကျွန်တော် ဘာကူရမလဲဗျ"
"သားကချက်တက်တာလား "
.......
တီးး!!
"အိမ်ကအိမ်သားရော "
" အမလေး!! ဟင်.မင်း !"
"မင်း !"
"ဝမ်ရိပေါ် !"
...................................
"အိမ်တော်ထိန်း "
"ဒါကရော "
"အိမ်တော်ထိန်း "
အဟီး '
'အဟွတ် အဟွတ် '
ခဗျားက "
"ကောင်းသောညပါ ရှောင်း "
"အဟင်း မင်းရော "
"အဟက် "
........................................
#19.1.23