Desharow's Merman

By Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန္း(၂) လ်ိဳ႕ဝွက္အစီအစဥ္
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန္း(၃) အႏၲရာယ္ႏွင့္ စပ္လ်ဥ္းေနေသာ စူးစမ္းစစ္ေဆးျခင္း။
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန္း(၄) ဘယ္သူက သားေကာင္လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(29)
Chapter (30)

Chapter(27)

2.8K 469 25
By Wine-Y

အခန်း(၂၇)

အသံလာရာပြတင်းပေါက်အပြင်ဘက်သို့ ကျွန်တော် လှမ်းကြည့်လိုက်သည့်အခါ မလှမ်းမကမ်းရှိ မြူနှင်းမှုန်မှုန်တို့ကြား ပေါ်လွင်နေသည့် သဘော်ပုံရိပ်ကို ကျွန်တော် တွေ့လိုက်ရသည်။ သူ့ထိပ်ဖျားမှ တလူလူထွက်ပေါ်နေသော အနီရောင်မီးခိုးငွေ့တန်းက အကူအညီပေးဖို့ အချက်ပြတောင်းဆို နေခြင်း ဖြစ်ပြီး သေချာသည်က ထိုသဘော်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

"သက်ကယ်လှေ လာနေပြီ ... ကြိုးကို နှိမ့်ချလိုက်တော့ ..." သဘော်သားတစ်ဦးမှ အော်ပြောခဲ့သည်။

"ဒါပေမယ့် ဒေါက်တာ စာခါရိုက ခရီးကိုနှောင့်နှေးအောင် မလုပ်ဖို့ ငါတို့ကို ပြောထားတယ်လေ။ သူအခုထိ မနိုးသေးဘူး .. ငါ သူ့ဆီသွားပြီး ပြောလိုက်ရင် ကောင်းမလား။" လူတစ်ယောက်က ဝင်ပြောသည်။

"မပြောနဲ့ အရူးကောင် ! အခုက အသက်တွေအများကြီး ၊ သူ့လိုမိန်းမက နှလုံးသားရှိတာ မဟုတ်ဘူး။ သူတို့ကို လှေပေါ်ပေးတတ်မှာ မဟုတ်ဘူး။ !"

ထိုအချက်ကိုတော့ ကျွန်တော် အတော်ကြီးထောက်ခံသည်။ ထို့ကြောင့် တံခါးဘောင်ကို လက်ဖြင့် ခေါက်ပြီး " ဟေး ကိုယ့်လူတို့ .... ဟို မိန်းမ မနိုးခင် သူတို့ကို ကယ်လိုက် ၊ ငါ မင်းတို့ကို ထောက်ခံပေးတယ်"

"နားလည်ပါပြီ ... မစ္စတာ ဒက်ရှ်ရှဲရိုး " သဘော်သားက ချက်ချင်းပြန်ဖြေခဲ့ပြီး များမကြာမီတွင် ကျွန်တော်တို့ သဘော်နားသို့ နီးကပ်လာသော အကူအညီပေးရန် တောင်းခံအော်ဟစ်နေသံများကို ကြားခဲ့ရသည်။ ထို့နောက်တွင်တော့ ကုန်းပတ်ပေါ်၌ ငိုသံ၊ ကျေးဇူးတင်စကားပြောနေသံနှင့် ဆုတောင်းသံတို့ ပိုမို ကျယ်လောင်လာခဲ့သည်။ ကျွန်တော်ငယ်ငယ်က ရေလမ်းခရီးသွားရင်း တွေ့ကြုံခဲ့ရတဲ့ မတော်တဆဖြစ်မှုကိုပင် ရုတ်တရက် သတိရသွားခဲ့သည်။ ထိုအချိန်က ကျွန်တော့်မိဘတွေ ကျွန်တော့်ကို အသက်ရှင်လျက်ပြန်တွေ့မိချိန်မှာ ဒီလူတွေလိုပဲ စိတ်လှုပ်ရှားနေခဲ့လောက်သည်။

သို့ပေမယ့် ကျွန်တော့်ရဲ့အသက်ရှင်ခြင်းအတွက် သူတို့က သေဆုံးခြင်းနဲ့ လဲလှယ်ပေးခဲ့ပြီး ဒီကျယ်ပြောလှတဲ့ ပင်လယ်ပြင်ထဲ၌ မြှုပ်နှံခံကာ နှုတ်ဆက်ခဲ့ကြသည်။ ကျွန်တော့်မိဘတွေက ကျွန်တော်တို့နဲ့တွေ့ဆုံခဲ့တဲ့ ဒီလူတွေလောက် ကံမကောင်းခဲ့ပေ။ ကျွန်တော့်အဘိုးနှင့် ဦးလေးတွေ အပါအဝင်ပင်။

ရုတ်တရက် အပြင်သို့ထွက်ပြီး ဒီလူတွေကို တွေ့ချင်စိတ် ပြင်းပြလာခဲ့သည်။ သူတို့အတွက် ရေနွေးပူပူတစ်ခွက်စီ ငှဲ့ထည့်ပေးနိုင်ရင်တောင် သိပ်ကိုကောင်းမွန်လှပါပြီ။ သို့ပေမယ့် အက်ဂ်ရေ့စ်က ကျွန်တော့်ကို လွှတ်ပေးချင်စိတ် နည်းနည်းပင် မရှိချေ။ ကျွန်တော့်ခြေထောက်ကိုလှုပ်လိုက်သည်နှင့် အက်ဂ်ရေ့စ်က သူ့လက်နှင့် ပြန်ဆွဲယူပြီး မူလနေရာတွင် အကျအနပြန်ထားကာ ငါးမြီးဖြင့် လစ်လပ်နေသော ခြေထောက်ကြားနေရာ၌ တိုးလျှိုနေရာယူ၍ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး သူ့ကိုယ်၌နစ်မြှုပ်နေအောင် ပိတ်လှောင်ထားခဲ့သည်။

ကျွန်တော် အလျင်အမြန်ပဲ ပါးစပ်ကို လက်ဖြင့်ပျာပျာသလဲပိတ်လိုက်သည်။ အသံကျယ်ကျယ်သာ ထွက်မိရင် ပိုပြီးရှက်စရာကောင်းမည် မဟုတ်လား။ ထိုရှက်စိတ်ကြောင့်ပင် ကျွန်တော် သူ့မျက်နှာကို လက်သီးဖြင့် ပိတ်ထိုးချင်ခဲ့သည်။ သို့ပေမယ့် ရုတ်တရက် တွန့်ချိုးသွားသော အက်ဂ်ရေ့စ်၏မျက်ခုံးနှစ်ဖက်ကို မြင်ပြီး ကျွန်တော့်လက်က ရပ်တန့်သွားခဲ့သည်။ အက်ဂ်ရေ့စ်က ဟနေတဲ့ တံခါးကြားမှ အနံ့ခံခဲ့ပြီး နှုတ်ခမ်းထောင့်စွန်းနှင့် မျက်ဝန်းတို့၌ သတိထားရမည့် အရိပ်အယောင်တို့ ချက်ချင်းထပ်ဟပ်သွားခဲ့သည်။ ထိုအမူအရာက သူ့ရဲ့မူလရန်သူကို ရှာတွေ့သွားသည့်အတိုင်းပင်။

ချက်ချင်းဆိုသလိုပင် ရှေ့ဆက်ဖြစ်လာမည့် မကောင်းသောနိမိတ်တစ်ခုကိုလည်း ကျွန်တော် ခံစားမိခဲ့သည်။ ဒီရက်စက်ကြမ်းကြုတ်လှတဲ့ ရေသူထီးကို ဘာကများ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဝံ့ခဲ့သနည်း ..ပေါ့။

"အပြင် ကို မသွားနဲ့ ..."

အက်ဂ်ရေ့စ်က တံခါးရွက်ပေါ်၌ လက်ကိုတင်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေစိစစ်နေသည့်အတိုင်း မျက်ဝန်းတွေကို မှေးကျဉ်းလိုက်သည်။

"တစ်ခု ခု ..."

ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်လာရင်း ထိုတံခါးကြားမှ ကုန်းပတ်ဆီသို့ ချောင်းကြည့်လိုက်သည်။ အချိန်ကိုက်စွာပင် ကျွန်တော့်မြင်ကွင်းထဲ၌ ခါးကုန်းနေသော လူကြီးတစ်ယောက်ပေါ်လာခဲ့သည်။ ထိုသူက သာမန်အသက်ကြီးသူတစ်ယောက်ဟု ထင်ရပြီး သို့ပေမယ့် ကျွန်တော့်အကြည့်ကို သူ့ရဲ့ ကုတ်အက်ျီထဲ ထည့်ထားသည့် လက်ထံသို့ ရွှေ့လိုက်ချိန်၌ ထူးဆန်းသည့် အရာတစ်ခုကို ကျွန်တော် အမှတ်မထင် တွေ့ခဲ့ရသည်။ ကျွန်တော့်ရင်ထဲ ထိတ်ကနဲ ဖြစ်သွားရသည်အထိ !

ထိုလူကြီးက လက်ထဲ၌ သေနတ်တစ်လက်ကိုင်ထားပြီး အက်ျီအောက်၌ ဖွက်ထားခဲ့ခြင်း ဖြစ်သည်။

'သဘော်ပျက်ကနေပြီး အကူအညီလိုလို့ ရောက်လာတဲ့ အဲ့ဒီလူကြီးက ဘာလို့သေနတ်ကို ကိုင်လာတာလဲ။ မဟုတ်မှ ဒီလူအုပ်က ....'

ကျွန်တော် သတင်းစားထဲမှ ဖတ်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ သတင်းတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ တစ်ချို့သော သဘော်များ အကြမ်းဖက်တိုက်ခိုက်ခံရသည် ဟူသောအကြောင်းအရာမှာ ယခုကျွန်တော်တို့ တွေ့ကြုံနေရသည်နှင့် ဆင်တူနေသည်။ ကျွန်တော် ချက်ချင်းပဲ ဇောချွေးတို့ ပျံသွားခဲ့သည်။

'ကျွန်တော်တို့ အသတ်ခံရမည်မှာ ၉၉ ရာခိုင်နှုန်းလောက် သေချာသွားသည်။ ဒီလူအုပ်က မုန်တိုင်းတိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သည့် ရှင်လူများအဖြစ် ဟန်ဆောင်ထားသည့် ပင်လယ်ဓားပြအဖွဲ့သာ ဖြစ်တော့သည်။ '

"သေလိုက်ပါတော့ !'

ကျွန်တော်တံခါးကို မှီရင်း မတ်တပ်ရပ်လိုက်ပြီး တံခါးရွက်ကို လက်ဖြင့် ခပ်ပြင်းပြင်း ထုကာ တံခါးအနီးတွင် ရှိနေသော သဘော်သားသတိထားမိ၍ အနားသို့ ရောက်လာရန် ရည်ရွယ်လိုက်သည်။ အဲ့ဒီတော့မှ ထိတ်လန့်စရာကောင်းတဲ့ ကျွန်တော့်သိရှိခဲ့တဲ့သတင်းကို သူတို့ကို တိုးတိုးလေးပြောပြနိုင်မည် ဖြစ်သည်။ ကျွန်တော် ဝရုန်းသုန်းကား မလုပ်ရဲ။ မဟုတ်လျှင် ကိစ္စတွေက ပိုဆိုးသွားစေနိုင်သည်။

"ဟေး ... ဒီနားလေး လာခဲ့ပါလား ဟင်နရီ "

အနီးဆုံးတွင်ရှိနေသော သဘော်သားတစ်ယောက်အား ကျွန်တော်တိုးတိုးလေးလှမ်းခေါ်လိုက်သည်။ အနားတွင်ရှိနေသော အယောင်ဆောင် ဓားပြတွေကို ချောင်းကြည့်ရင်း သူ့တို့ကို ရိပ်မိသွားကြောင်း မသိစေဖို့ မျှော်လင့်နေခဲ့သည်။

"မစ္စတာ ဒက်ရှ်ရှဲရိုး ?"

သူက ကျွန်တော့်နားသို့ ယောင်လည်လည်နှင့် ရောက်လာခဲ့သည်။ သို့ပေမယ့် ထိုအခိုက်အတန့်တွင်ပဲ လူအုပ်ထဲမှ ယောက်ျားကြီးတစ်ယောက်က မတ်တပ်ထရပ်ပြီး သူ့လက်ထဲကိုင်ထားသည့် အရာတစ်ခုကို ကုန်းပတ်ပေါ်ပစ်ချလိုက်သည်ကို ကျွန်တော် ရုတ်တရက် မြင်သွားခဲ့သည်။ ထို့နောက်တွင် အဖြူရောင်မီးခိုးငွေ့တွေက စုပြုံကာ ထွက်ပေါ်လာပြီး ကုန်းပတ်ပေါ်တွင် ရှိနေသော အရာအားလုံးက ဝိုးတဝါးပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ပြင်းရှရှရနံ့တို့က ကျွန်တော့်မျက်နှာထံသို့ လာရောက်ထိခတ်ခဲ့ပြီး အက်ဂ်ရေ့စ်က တံခါးနားတွင်ရပ်နေသော ကျွန်တော့်အား ခန္ဓာကိုယ်မှတစ်ဆင့်ဆွဲယူကာ အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။ သို့ပေမယ့် အငွေ့ရိုက်ခဲ့သော ကျွန်တော့်မျက်လုံးက ပူလောင်ကာ စူးအောင့်နေပြီး မျက်ရည်တို့ကလည်း တသွင်သွင်ကို စီးကျလာတော့သည်။

"ဘော လိုပဲ ! အဲ့တာ အငွေ့ဗုံး တွေ ! "

ကျွန်‌တော် မျက်လုံးကို လက်ဖြင့် အတင်းကာရော ပွတ်ပစ်ခဲ့သည်။ နှလုံးသားက အကြမ်းပတမ်းကို ခုန်နေပြီး ဆိုးဝါးသည့် တစ်စုံတစ်ရာဖြစ်တော့မည်ကို သိနေသည့်အလျောက် သေချာပေါက် အပြင်ဘက် ကုန်းပတ်ပေါ်မှာ ရှိနေတဲ့ သဘော်သားတွေ တိုက်ခိုက်ခံရမည်မှာ မလွဲချေ။

တကယ်ကို ယောက်ယက်ခတ်နေသည့် အတွေးတို့ဖြင့် ကျွန်တော် အိပ်ရာပေါ်မှ ကုန်းထလိုက်သည်။ ထိုအချိန် အက်ဂ်ရေ့စ်က ကျွန်တော့် လက်ကောက်ဝတ်ကို ဖမ်းကိုင်ပြီး သူ့ရဲ့နှုတ်ခမ်းပါးပါးကို ကျွန်တော့်မျက်ခွံပေါ်၌ ထိကပ်တင်လိုက်ကာ လျှာဖြင့် လျက်ပေးနေခဲ့သည်။

ဓာတ်ငွေ့ကြောင့် နာကျင်နေတဲ့ ကျွန်တော့် မျက်ဆံသက်သာစေဖို့ အက်ဂ်ရေ့စ်က ဤသို့ လုပ်ပေးနေသည်ကို သိသော်ငြား သူ့ရဲ့ သဘာဝအပြုအမူဟု ခေါ်သော ကျွမ်းကျင်လုပ်ဆောင်ချက်များက ကျွန်တော့်ကို အလွန်အကျူး အရှက်ပိုစေသည်မှာ အမှန်ပင်။

ကျွန်တော့်မှာ ရွေးချယ်စရာမရှိပေမယ့် ကျရောက်လာတော့မည့် အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ ယခုလိုကူညီပေးနေတဲ့ အက်ဂ်ရေ့စ်နှင့် ပူးပေါင်းပြီး ငြိမ်ငြိမ်လေးသာ နေပေးခဲ့သည်။ မျက်ခွံကို လျှာဖြင့် လျက်နေသူအား ဆက်၍ လျက်စေပြီး ကျွန်တော်က ခေါင်းအုံးပေါ်သို့ လှဲ၍ အိပ်နေပေးခဲ့သည်။

"ဒုန်း __ ဒုန်း __ ဒုန်း _ _ "

ရုတ်တရက် တံခါးကို ခြေထောက်ဖြင့် အကြိမ်အနည်းငယ်မျှ ကန်ကျောက်နေသံ ထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်၌ မြေငလျင်လှုပ်သကဲ့သို့ ဆူဆူညံညံအသံတို့ ရှိနေပြီး သံကုန်းပတ်ပေါ်သို့ ကျရောက်၍ နားအူတော့မတတ် ထွက်ပေါ်လာသည့် စက်သေနတ်သံမှာလည်း ကျယ်လောင်လှသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်အခြေအနေနှင့် သေနတ်သံတွေကြောင့် ကျွန်တော့်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး နားကို ချက်ချင်း ပိတ်ထားခဲ့သည်။ သို့သည့်တိုင် ကျွန်တော့်ဦးနှောက်က တဇီဇီနှင့် ဆူအူနေပြီး ခေါင်းကိုက်ခြင်းက ပိုဆိုးလာခဲ့သည်။

ရုတ်တရက် ထိတ်လန့်သွားပုံပေါ်သော အက်ဂ်ရေ့စ်က ကျွန်တော့်ခေါင်းကို ဆွဲယူကာ သူ့ရင်အုပ်ပေါ်၌ မှီတည်စေခဲ့သည်။ အက်ဂ်ရေ့စ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက လေးကြိုးလို တင်းမာနေပြီး ကျွန်တော့်အပေါ်ပိုင်း ကိုယ်ထည်တစ်ခုလုံးကို မတ်လျက်အနေအထားဖြင့် သူက လက်မောင်းတွေကြားထွေးပွေ့ပေးထားခဲ့သည်။ ' သူ့လည်ချောင်းအတွင်းမှ ကြမ်းတမ်း၍ တိမ်ငယ်သော ဆဲဆိုသံက သီချင်းညည်းသံပမာ ထွက်ပေါ်နေသည်။ '

"အထဲကလူတွေ .. အပြင်ကို မြန်မြန်ထွက်ခဲ့။ ငါ မင်းတို့ကို အချိန် ဆယ်စက္ကန့်ပေးမယ်။ ဆယ်စက္ကန့်ပဲနော် ... တစ်စက္ကန့်လောက် ပိုသွားလို့ကတော့ အပြင်မှာရှိတဲ့ သုံးစားမရတဲ့ကောင်တွေထဲက တစ်ကောင်ရဲ့ အသက်ပျောက်သွားမယ် !"

ကြမ်းတမ်းသော ယောကျ်ားကြီးတစ်ယောက်၏ အော်သံထွက်ပေါ်လာခဲ့သည်။ ဂတ်စ်နံ့နှင့် မီးခိုးငွေ့တို့ကလည်း ကျွန်တော်နေသော သဘော်သားအခန်းငယ်ထဲထိပင် ပျံ့နှံ့ဝင်ရောက်လာနေသည်။

ကျွန်တော် အက်ဂ်ရေ့စ်ကို အဝေးသို့ တစ်ခါတည်း တွန်းထုတ်ပြီး လက်သီးဆုပ်ထားခဲ့သည်။ တံခါးအပြင်ဘက်ရှိ ထိုသူက စနောက်ပြောနေခြင်းတော့ မဟုတ် ၊ သူတို့လို လက်နက်ရှိသော ပင်လယ်ဓားပြတွေက လူသတ်ရန်ဝန်မလေးကြသလို သူတို့မလုပ်ဝံ့သည့် အရာဟူ၍လည်း မရှိပေ။ ထို့ကြောင့် ကျွန်တော်ယခုလုပ်နိုင်သည်မှာ နာခံမှုရှိရှိ အပြင်သို့ထွက်ပြီး အလိုက်အထိုက်နေပေးရန်သာ ဖြစ်သည်။ မဟုတ်လျှင် ဆယ်စက္ကန့်အတွင်း၌ အပြင်တွင်ရှိသော သဘော်သားအားလုံး ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရနိုင်သည်။ ကျွန်တော့်တစ်သက်၌ အသက်ကယ်လှေပေးပြီး ကယ်ပေးခဲ့တဲ့ ဒုက္ခသည်တွေက ဟန်ဆောင်ထားတဲ့ပင်လယ်ဓားပြတွေ ဖြစ်နေနိုင်မှန်း မတွေးခဲ့ဖူးချေ။ ထို့အပြင် ကျွန်တော့်၌ ရှောင်လွှဲလို့မရတဲ့ တာဝန်လည်း ရှိနေသေးသည်။ !

"အက်ဂ်ရေ့စ် ... မင်းက ပါးနပ်တယ် ဆိုရင် အပြင်ကို မထွက်လာနဲ့ " ပြောပြီးသည်နှင့် ကျွန်တော့်ရဲ့ သုတေသီကုတ်ကို ခပ်မြန်မြန်ဝတ်ပြီး အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ သို့ပေမယ့် မကြာလိုက် .. ကျွန်တော့်ခြေလှမ်းတွေက တံခါးနား ရောက်လုချိန်တွင် အက်ဂ်ရေ့စ်၏ ငါးမြီးဖြင့် ခွေပတ်ကာ ဆွဲယူခြင်း ခံလိုက်ရပြီး သူ့ရဲ့ သန်မာတဲ့ လက်မောင်းတွေအတွင်းသို့ နောက်ပြန်ကျသွားခဲ့သည်။ ကျွန်တော့်ခါးက သံချိတ်နှင့် ဆွဲချိတ်ခြင်း ခံလိုက်ရသလို ချက်ချင်း တင်းကြပ်သွားခဲ့သည်။ ခေါင်းကလည်း အက်ဂ်ရေ့စ်၏ ရင်ဘတ်ပေါ်၌ မြဲမြဲမြံမြံပင် ရှိနေခဲ့ကာ ကြီးမားသော အမှောင်ရိပ်ကြီးက ကျွန်တော့်ထက် အုပ်မိုးထားခဲ့ပေသည်။

ထို့နောက် ရှည်မျောကာ မှေးကျဉ်း၍ထားသော မျက်ဝန်းအစုံက အန္တရာယ်ပြုမည့်ဟန်ဖြင့် ကျွန်တော့်ကို ငုံ့ကြည့်လာသည်။

" အပြင် .. မ ... ထွက် ...နဲ့ ..."

_________________


အခန္း(၂၇)

အသံလာရာျပတင္းေပါက္အျပင္ဘက္သို႔ ကြၽန္ေတာ္ လွမ္းၾကည့္လိုက္သည့္အခါ မလွမ္းမကမ္းရွိ ျမဴႏွင္းမႈန္မႈန္တို႔ၾကား ေပၚလြင္ေနသည့္ သေဘာ္ပုံရိပ္ကို ကြၽန္ေတာ္ ေတြ႕လိုက္ရသည္။ သူ႔ထိပ္ဖ်ားမွ တလူလူထြက္ေပၚေနေသာ အနီေရာင္မီးခိုးေငြ႕တန္းက အကူအညီေပးဖို႔ အခ်က္ျပေတာင္းဆို ေနျခင္း ျဖစ္ၿပီး ေသခ်ာသည္က ထိုသေဘာ္မွာ မုန္တိုင္းေၾကာင့္ ပ်က္စီးမႈျဖစ္ခဲ့ျခင္း ျဖစ္သည္။

"သက္ကယ္ေလွ လာေနၿပီ ... ႀကိဳးကို ႏွိမ့္ခ်လိုက္ေတာ့ ..." သေဘာ္သားတစ္ဦးမွ ေအာ္ေျပာခဲ့သည္။

"ဒါေပမယ့္ ေဒါက္တာ စာခါ႐ိုက ခရီးကိုေႏွာင့္ေႏွးေအာင္ မလုပ္ဖို႔ ငါတို႔ကို ေျပာထားတယ္ေလ။ သူအခုထိ မႏိုးေသးဘူး .. ငါ သူ႔ဆီသြားၿပီး ေျပာလိုက္ရင္ ေကာင္းမလား။" လူတစ္ေယာက္က ဝင္ေျပာသည္။

"မေျပာနဲ႔ အ႐ူးေကာင္ ! အခုက အသက္ေတြအမ်ားႀကီး ၊ သူ႔လိုမိန္းမက ႏွလုံးသားရွိတာ မဟုတ္ဘူး။ သူတို႔ကို ေလွေပၚေပးတတ္မွာ မဟုတ္ဘူး။ !"

ထိုအခ်က္ကိုေတာ့ ကြၽန္ေတာ္ အေတာ္ႀကီးေထာက္ခံသည္။ ထို႔ေၾကာင့္ တံခါးေဘာင္ကို လက္ျဖင့္ ေခါက္ၿပီး " ေဟး ကိုယ့္လူတို႔ .... ဟို မိန္းမ မႏိုးခင္ သူတို႔ကို ကယ္လိုက္ ၊ ငါ မင္းတို႔ကို ေထာက္ခံေပးတယ္"

"နားလည္ပါၿပီ ... မစၥတာ ဒက္ရွ္ရွဲ႐ိုး " သေဘာ္သားက ခ်က္ခ်င္းျပန္ေျဖခဲ့ၿပီး မ်ားမၾကာမီတြင္ ကြၽန္ေတာ္တို႔ သေဘာ္နားသို႔ နီးကပ္လာေသာ အကူအညီေပးရန္ ေတာင္းခံေအာ္ဟစ္ေနသံမ်ားကို ၾကားခဲ့ရသည္။ ထို႔ေနာက္တြင္ေတာ့ ကုန္းပတ္ေပၚ၌ ငိုသံ၊ ေက်းဇူးတင္စကားေျပာေနသံႏွင့္ ဆုေတာင္းသံတို႔ ပိုမို က်ယ္ေလာင္လာခဲ့သည္။ ကြၽန္ေတာ္ငယ္ငယ္က ေရလမ္းခရီးသြားရင္း ေတြ႕ႀကဳံခဲ့ရတဲ့ မေတာ္တဆျဖစ္မႈကိုပင္ ႐ုတ္တရက္ သတိရသြားခဲ့သည္။ ထိုအခ်ိန္က ကြၽန္ေတာ့္မိဘေတြ ကြၽန္ေတာ့္ကို အသက္ရွင္လ်က္ျပန္ေတြ႕မိခ်ိန္မွာ ဒီလူေတြလိုပဲ စိတ္လႈပ္ရွားေနခဲ့ေလာက္သည္။

သို႔ေပမယ့္ ကြၽန္ေတာ့္ရဲ႕အသက္ရွင္ျခင္းအတြက္ သူတို႔က ေသဆုံးျခင္းနဲ႔ လဲလွယ္ေပးခဲ့ၿပီး ဒီက်ယ္ေျပာလွတဲ့ ပင္လယ္ျပင္ထဲ၌ ျမႇဳပ္ႏွံခံကာ ႏႈတ္ဆက္ခဲ့ၾကသည္။ ကြၽန္ေတာ့္မိဘေတြက ကြၽန္ေတာ္တို႔နဲ႔ေတြ႕ဆုံခဲ့တဲ့ ဒီလူေတြေလာက္ ကံမေကာင္းခဲ့ေပ။ ကြၽန္ေတာ့္အဘိုးႏွင့္ ဦးေလးေတြ အပါအဝင္ပင္။

႐ုတ္တရက္ အျပင္သို႔ထြက္ၿပီး ဒီလူေတြကို ေတြ႕ခ်င္စိတ္ ျပင္းျပလာခဲ့သည္။ သူတို႔အတြက္ ေရေႏြးပူပူတစ္ခြက္စီ ငွဲ႔ထည့္ေပးႏိုင္ရင္ေတာင္ သိပ္ကိုေကာင္းမြန္လွပါၿပီ။ သို႔ေပမယ့္ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ကို လႊတ္ေပးခ်င္စိတ္ နည္းနည္းပင္ မရွိေခ်။ ကြၽန္ေတာ့္ေျခေထာက္ကိုလႈပ္လိုက္သည္ႏွင့္ အက္ဂ္ေရ႕စ္က သူ႔လက္ႏွင့္ ျပန္ဆြဲယူၿပီး မူလေနရာတြင္ အက်အနျပန္ထားကာ ငါးၿမီးျဖင့္ လစ္လပ္ေနေသာ ေျခေထာက္ၾကားေနရာ၌ တိုးလွ်ိဳေနရာယူ၍ ကြၽန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံး သူ႔ကိုယ္၌နစ္ျမႇဳပ္ေနေအာင္ ပိတ္ေလွာင္ထားခဲ့သည္။

ကြၽန္ေတာ္ အလ်င္အျမန္ပဲ ပါးစပ္ကို လက္ျဖင့္ပ်ာပ်ာသလဲပိတ္လိုက္သည္။ အသံက်ယ္က်ယ္သာ ထြက္မိရင္ ပိုၿပီးရွက္စရာေကာင္းမည္ မဟုတ္လား။ ထိုရွက္စိတ္ေၾကာင့္ပင္ ကြၽန္ေတာ္ သူ႔မ်က္ႏွာကို လက္သီးျဖင့္ ပိတ္ထိုးခ်င္ခဲ့သည္။ သို႔ေပမယ့္ ႐ုတ္တရက္ တြန႔္ခ်ိဳးသြားေသာ အက္ဂ္ေရ႕စ္၏မ်က္ခုံးႏွစ္ဖက္ကို ျမင္ၿပီး ကြၽန္ေတာ့္လက္က ရပ္တန႔္သြားခဲ့သည္။ အက္ဂ္ေရ႕စ္က ဟေနတဲ့ တံခါးၾကားမွ အနံ႔ခံခဲ့ၿပီး ႏႈတ္ခမ္းေထာင့္စြန္းႏွင့္ မ်က္ဝန္းတို႔၌ သတိထားရမည့္ အရိပ္အေယာင္တို႔ ခ်က္ခ်င္းထပ္ဟပ္သြားခဲ့သည္။ ထိုအမူအရာက သူ႔ရဲ႕မူလရန္သူကို ရွာေတြ႕သြားသည့္အတိုင္းပင္။

ခ်က္ခ်င္းဆိုသလိုပင္ ေရွ႕ဆက္ျဖစ္လာမည့္ မေကာင္းေသာနိမိတ္တစ္ခုကိုလည္း ကြၽန္ေတာ္ ခံစားမိခဲ့သည္။ ဒီရက္စက္ၾကမ္းၾကဳတ္လွတဲ့ ေရသူထီးကို ဘာကမ်ား စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ဝံ့ခဲ့သနည္း ..ေပါ့။

"အျပင္ ကို မသြားနဲ႔ ..."

အက္ဂ္ေရ႕စ္က တံခါး႐ြက္ေပၚ၌ လက္ကိုတင္လိုက္ၿပီး တစ္စုံတစ္ခုကို ရွာေဖြစိစစ္ေနသည့္အတိုင္း မ်က္ဝန္းေတြကို ေမွးက်ဥ္းလိုက္သည္။

"တစ္ခု ခု ..."

ကြၽန္ေတာ့္စိတ္ထဲ မသိုးမသန႔္ျဖစ္လာရင္း ထိုတံခါးၾကားမွ ကုန္းပတ္ဆီသို႔ ေခ်ာင္းၾကည့္လိုက္သည္။ အခ်ိန္ကိုက္စြာပင္ ကြၽန္ေတာ့္ျမင္ကြင္းထဲ၌ ခါးကုန္းေနေသာ လူႀကီးတစ္ေယာက္ေပၚလာခဲ့သည္။ ထိုသူက သာမန္အသက္ႀကီးသူတစ္ေယာက္ဟု ထင္ရၿပီး သို႔ေပမယ့္ ကြၽန္ေတာ့္အၾကည့္ကို သူ႔ရဲ႕ ကုတ္အက္်ီထဲ ထည့္ထားသည့္ လက္ထံသို႔ ေ႐ႊ႕လိုက္ခ်ိန္၌ ထူးဆန္းသည့္ အရာတစ္ခုကို ကြၽန္ေတာ္ အမွတ္မထင္ ေတြ႕ခဲ့ရသည္။ ကြၽန္ေတာ့္ရင္ထဲ ထိတ္ကနဲ ျဖစ္သြားရသည္အထိ !

ထိုလူႀကီးက လက္ထဲ၌ ေသနတ္တစ္လက္ကိုင္ထားၿပီး အက္်ီေအာက္၌ ဖြက္ထားခဲ့ျခင္း ျဖစ္သည္။

'သေဘာ္ပ်က္ကေနၿပီး အကူအညီလိုလို႔ ေရာက္လာတဲ့ အဲ့ဒီလူႀကီးက ဘာလို႔ေသနတ္ကို ကိုင္လာတာလဲ။ မဟုတ္မွ ဒီလူအုပ္က ....'

ကြၽန္ေတာ္ သတင္းစားထဲမွ ဖတ္ခဲ့ရသည့္ ေၾကာက္မက္ဖြယ္ရာ သတင္းတစ္ခုကို ႐ုတ္တရက္ သတိရသြားခဲ့သည္။ တစ္ခ်ိဳ႕ေသာ သေဘာ္မ်ား အၾကမ္းဖက္တိုက္ခိုက္ခံရသည္ ဟူေသာအေၾကာင္းအရာမွာ ယခုကြၽန္ေတာ္တို႔ ေတြ႕ႀကဳံေနရသည္ႏွင့္ ဆင္တူေနသည္။ ကြၽန္ေတာ္ ခ်က္ခ်င္းပဲ ေဇာေခြၽးတို႔ ပ်ံသြားခဲ့သည္။

'ကြၽန္ေတာ္တို႔ အသတ္ခံရမည္မွာ ၉၉ ရာခိုင္ႏႈန္းေလာက္ ေသခ်ာသြားသည္။ ဒီလူအုပ္က မုန္တိုင္းတိုက္ခံရၿပီးေနာက္ က်န္ရစ္ခဲ့သည့္ ရွင္လူမ်ားအျဖစ္ ဟန္ေဆာင္ထားသည့္ ပင္လယ္ဓားျပအဖြဲ႕သာ ျဖစ္ေတာ့သည္။ '

"ေသလိုက္ပါေတာ့ !'

ကြၽန္ေတာ္တံခါးကို မွီရင္း မတ္တပ္ရပ္လိုက္ၿပီး တံခါး႐ြက္ကို လက္ျဖင့္ ခပ္ျပင္းျပင္း ထုကာ တံခါးအနီးတြင္ ရွိေနေသာ သေဘာ္သားသတိထားမိ၍ အနားသို႔ ေရာက္လာရန္ ရည္႐ြယ္လိုက္သည္။ အဲ့ဒီေတာ့မွ ထိတ္လန႔္စရာေကာင္းတဲ့ ကြၽန္ေတာ့္သိရွိခဲ့တဲ့သတင္းကို သူတို႔ကို တိုးတိုးေလးေျပာျပႏိုင္မည္ ျဖစ္သည္။ ကြၽန္ေတာ္ ဝ႐ုန္းသုန္းကား မလုပ္ရဲ။ မဟုတ္လွ်င္ ကိစၥေတြက ပိုဆိုးသြားေစႏိုင္သည္။

"ေဟး ... ဒီနားေလး လာခဲ့ပါလား ဟင္နရီ "

အနီးဆုံးတြင္ရွိေနေသာ သေဘာ္သားတစ္ေယာက္အား ကြၽန္ေတာ္တိုးတိုးေလးလွမ္းေခၚလိုက္သည္။ အနားတြင္ရွိေနေသာ အေယာင္ေဆာင္ ဓားျပေတြကို ေခ်ာင္းၾကည့္ရင္း သူ႔တို႔ကို ရိပ္မိသြားေၾကာင္း မသိေစဖို႔ ေမွ်ာ္လင့္ေနခဲ့သည္။

"မစၥတာ ဒက္ရွ္ရွဲ႐ိုး ?"

သူက ကြၽန္ေတာ့္နားသို႔ ေယာင္လည္လည္ႏွင့္ ေရာက္လာခဲ့သည္။ သို႔ေပမယ့္ ထိုအခိုက္အတန႔္တြင္ပဲ လူအုပ္ထဲမွ ေယာက္်ားႀကီးတစ္ေယာက္က မတ္တပ္ထရပ္ၿပီး သူ႔လက္ထဲကိုင္ထားသည့္ အရာတစ္ခုကို ကုန္းပတ္ေပၚပစ္ခ်လိုက္သည္ကို ကြၽန္ေတာ္ ႐ုတ္တရက္ ျမင္သြားခဲ့သည္။ ထို႔ေနာက္တြင္ အျဖဴေရာင္မီးခိုးေငြ႕ေတြက စုၿပဳံကာ ထြက္ေပၚလာၿပီး ကုန္းပတ္ေပၚတြင္ ရွိေနေသာ အရာအားလုံးက ဝိုးတဝါးပုံရိပ္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ျပင္းရွရွရနံ႔တို႔က ကြၽန္ေတာ့္မ်က္ႏွာထံသို႔ လာေရာက္ထိခတ္ခဲ့ၿပီး အက္ဂ္ေရ႕စ္က တံခါးနားတြင္ရပ္ေနေသာ ကြၽန္ေတာ့္အား ခႏၶာကိုယ္မွတစ္ဆင့္ဆြဲယူကာ အိပ္ရာေပၚသို႔ ပစ္ခ်လိုက္သည္။ သို႔ေပမယ့္ အေငြ႕႐ိုက္ခဲ့ေသာ ကြၽန္ေတာ့္မ်က္လုံးက ပူေလာင္ကာ စူးေအာင့္ေနၿပီး မ်က္ရည္တို႔ကလည္း တသြင္သြင္ကို စီးက်လာေတာ့သည္။

"ေဘာ လိုပဲ ! အဲ့တာ အေငြ႕ဗုံး ေတြ ! "

ကြၽန္‌ေတာ္ မ်က္လုံးကို လက္ျဖင့္ အတင္းကာေရာ ပြတ္ပစ္ခဲ့သည္။ ႏွလုံးသားက အၾကမ္းပတမ္းကို ခုန္ေနၿပီး ဆိုးဝါးသည့္ တစ္စုံတစ္ရာျဖစ္ေတာ့မည္ကို သိေနသည့္အေလ်ာက္ ေသခ်ာေပါက္ အျပင္ဘက္ ကုန္းပတ္ေပၚမွာ ရွိေနတဲ့ သေဘာ္သားေတြ တိုက္ခိုက္ခံရမည္မွာ မလြဲေခ်။

တကယ္ကို ေယာက္ယက္ခတ္ေနသည့္ အေတြးတို႔ျဖင့္ ကြၽန္ေတာ္ အိပ္ရာေပၚမွ ကုန္းထလိုက္သည္။ ထိုအခ်ိန္ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ လက္ေကာက္ဝတ္ကို ဖမ္းကိုင္ၿပီး သူ႔ရဲ႕ႏႈတ္ခမ္းပါးပါးကို ကြၽန္ေတာ့္မ်က္ခြံေပၚ၌ ထိကပ္တင္လိုက္ကာ လွ်ာျဖင့္ လ်က္ေပးေနခဲ့သည္။

ဓာတ္ေငြ႕ေၾကာင့္ နာက်င္ေနတဲ့ ကြၽန္ေတာ့္ မ်က္ဆံသက္သာေစဖို႔ အက္ဂ္ေရ႕စ္က ဤသို႔ လုပ္ေပးေနသည္ကို သိေသာ္ျငား သူ႔ရဲ႕ သဘာဝအျပဳအမူဟု ေခၚေသာ ကြၽမ္းက်င္လုပ္ေဆာင္ခ်က္မ်ားက ကြၽန္ေတာ့္ကို အလြန္အက်ဴး အရွက္ပိုေစသည္မွာ အမွန္ပင္။

ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိေပမယ့္ က်ေရာက္လာေတာ့မည့္ အႏၲရာယ္ကို ရင္ဆိုင္ႏိုင္ဖို႔ ယခုလိုကူညီေပးေနတဲ့ အက္ဂ္ေရ႕စ္ႏွင့္ ပူးေပါင္းၿပီး ၿငိမ္ၿငိမ္ေလးသာ ေနေပးခဲ့သည္။ မ်က္ခြံကို လွ်ာျဖင့္ လ်က္ေနသူအား ဆက္၍ လ်က္ေစၿပီး ကြၽန္ေတာ္က ေခါင္းအုံးေပၚသို႔ လွဲ၍ အိပ္ေနေပးခဲ့သည္။

"ဒုန္း __ ဒုန္း __ ဒုန္း _ _ "

႐ုတ္တရက္ တံခါးကို ေျခေထာက္ျဖင့္ အႀကိမ္အနည္းငယ္မွ် ကန္ေက်ာက္ေနသံ ထြက္ေပၚလာခဲ့သည္။ အျပင္ဘက္၌ ေျမငလ်င္လႈပ္သကဲ့သို႔ ဆူဆူညံညံအသံတို႔ ရွိေနၿပီး သံကုန္းပတ္ေပၚသို႔ က်ေရာက္၍ နားအူေတာ့မတတ္ ထြက္ေပၚလာသည့္ စက္ေသနတ္သံမွာလည္း က်ယ္ေလာင္လွသည္။ ထိုကဲ့သို႔ ေၾကာက္မက္ဖြယ္အေျခအေနႏွင့္ ေသနတ္သံေတြေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လုံး တုန္ရီသြားခဲ့ၿပီး နားကို ခ်က္ခ်င္း ပိတ္ထားခဲ့သည္။ သို႔သည့္တိုင္ ကြၽန္ေတာ့္ဦးေႏွာက္က တဇီဇီႏွင့္ ဆူအူေနၿပီး ေခါင္းကိုက္ျခင္းက ပိုဆိုးလာခဲ့သည္။

႐ုတ္တရက္ ထိတ္လန႔္သြားပုံေပၚေသာ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ေခါင္းကို ဆြဲယူကာ သူ႔ရင္အုပ္ေပၚ၌ မွီတည္ေစခဲ့သည္။ အက္ဂ္ေရ႕စ္၏ ခႏၶာကိုယ္အစိတ္အပိုင္းအားလုံးက ေလးႀကိဳးလို တင္းမာေနၿပီး ကြၽန္ေတာ့္အေပၚပိုင္း ကိုယ္ထည္တစ္ခုလုံးကို မတ္လ်က္အေနအထားျဖင့္ သူက လက္ေမာင္းေတြၾကားေထြးေပြ႕ေပးထားခဲ့သည္။ ' သူ႔လည္ေခ်ာင္းအတြင္းမွ ၾကမ္းတမ္း၍ တိမ္ငယ္ေသာ ဆဲဆိုသံက သီခ်င္းညည္းသံပမာ ထြက္ေပၚေနသည္။ '

"အထဲကလူေတြ .. အျပင္ကို ျမန္ျမန္ထြက္ခဲ့။ ငါ မင္းတို႔ကို အခ်ိန္ ဆယ္စကၠန႔္ေပးမယ္။ ဆယ္စကၠန႔္ပဲေနာ္ ... တစ္စကၠန႔္ေလာက္ ပိုသြားလို႔ကေတာ့ အျပင္မွာရွိတဲ့ သုံးစားမရတဲ့ေကာင္ေတြထဲက တစ္ေကာင္ရဲ႕ အသက္ေပ်ာက္သြားမယ္ !"

ၾကမ္းတမ္းေသာ ေယာက်္ားႀကီးတစ္ေယာက္၏ ေအာ္သံထြက္ေပၚလာခဲ့သည္။ ဂတ္စ္နံ႔ႏွင့္ မီးခိုးေငြ႕တို႔ကလည္း ကြၽန္ေတာ္ေနေသာ သေဘာ္သားအခန္းငယ္ထဲထိပင္ ပ်ံ႕ႏွံ႔ဝင္ေရာက္လာေနသည္။

ကြၽန္ေတာ္ အက္ဂ္ေရ႕စ္ကို အေဝးသို႔ တစ္ခါတည္း တြန္းထုတ္ၿပီး လက္သီးဆုပ္ထားခဲ့သည္။ တံခါးအျပင္ဘက္ရွိ ထိုသူက စေနာက္ေျပာေနျခင္းေတာ့ မဟုတ္ ၊ သူတို႔လို လက္နက္ရွိေသာ ပင္လယ္ဓားျပေတြက လူသတ္ရန္ဝန္မေလးၾကသလို သူတို႔မလုပ္ဝံ့သည့္ အရာဟူ၍လည္း မရွိေပ။ ထို႔ေၾကာင့္ ကြၽန္ေတာ္ယခုလုပ္ႏိုင္သည္မွာ နာခံမႈရွိရွိ အျပင္သို႔ထြက္ၿပီး အလိုက္အထိုက္ေနေပးရန္သာ ျဖစ္သည္။ မဟုတ္လွ်င္ ဆယ္စကၠန႔္အတြင္း၌ အျပင္တြင္ရွိေသာ သေဘာ္သားအားလုံး ပင္လယ္ထဲသို႔ ပစ္ခ်ခံလိုက္ရႏိုင္သည္။ ကြၽန္ေတာ့္တစ္သက္၌ အသက္ကယ္ေလွေပးၿပီး ကယ္ေပးခဲ့တဲ့ ဒုကၡသည္ေတြက ဟန္ေဆာင္ထားတဲ့ပင္လယ္ဓားျပေတြ ျဖစ္ေနႏိုင္မွန္း မေတြးခဲ့ဖူးေခ်။ ထို႔အျပင္ ကြၽန္ေတာ့္၌ ေရွာင္လႊဲလို႔မရတဲ့ တာဝန္လည္း ရွိေနေသးသည္။ !

"အက္ဂ္ေရ႕စ္ ... မင္းက ပါးနပ္တယ္ ဆိုရင္ အျပင္ကို မထြက္လာနဲ႔ " ေျပာၿပီးသည္ႏွင့္ ကြၽန္ေတာ့္ရဲ႕ သုေတသီကုတ္ကို ခပ္ျမန္ျမန္ဝတ္ၿပီး အိပ္ရာေပၚမွ ခုန္ဆင္းလိုက္သည္။ သို႔ေပမယ့္ မၾကာလိုက္ .. ကြၽန္ေတာ့္ေျခလွမ္းေတြက တံခါးနား ေရာက္လုခ်ိန္တြင္ အက္ဂ္ေရ႕စ္၏ ငါးၿမီးျဖင့္ ေခြပတ္ကာ ဆြဲယူျခင္း ခံလိုက္ရၿပီး သူ႔ရဲ႕ သန္မာတဲ့ လက္ေမာင္းေတြအတြင္းသို႔ ေနာက္ျပန္က်သြားခဲ့သည္။ ကြၽန္ေတာ့္ခါးက သံခ်ိတ္ႏွင့္ ဆြဲခ်ိတ္ျခင္း ခံလိုက္ရသလို ခ်က္ခ်င္း တင္းၾကပ္သြားခဲ့သည္။ ေခါင္းကလည္း အက္ဂ္ေရ႕စ္၏ ရင္ဘတ္ေပၚ၌ ၿမဲၿမဲၿမံၿမံပင္ ရွိေနခဲ့ကာ ႀကီးမားေသာ အေမွာင္ရိပ္ႀကီးက ကြၽန္ေတာ့္ထက္ အုပ္မိုးထားခဲ့ေပသည္။

ထို႔ေနာက္ ရွည္ေမ်ာကာ ေမွးက်ဥ္း၍ထားေသာ မ်က္ဝန္းအစုံက အႏၲရာယ္ျပဳမည့္ဟန္ျဖင့္ ကြၽန္ေတာ့္ကို ငုံ႔ၾကည့္လာသည္။

" အျပင္ .. မ ... ထြက္ ...နဲ႔ ..."

Continue Reading

You'll Also Like

847K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
265K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
480K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
69.9K 10.1K 74
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...