【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။

10.5K 1K 33
                                    

Note – Wallaceက Desharowပါပဲနော်။

Chapter 1

7 July, 1990

ညအချိန်...

ကျွန်တော်တို့ Iceland အနီးနား ပင်လယ်ပြင်ဆီရောက်နေတာ သုံးရက်မြောက်သွားခဲ့ပြီ။

Rhineကတော့ အခုချိန်ထိ ထိန်းချုပ်ခန်းထဲမှာ ရှာဖွေရေးရေဒါစက်တစ်လုံးနှင့်အလုပ်ရှုပ်နေဆဲ...

ရေဒါစက်မှာကတော့ အရင်အတိုင်း ရေသူမနှင့်ပတ်သက်လို့ ဘာအချက်ပြမှုမှမရှိသေး။ ကျွန်တော်က ရေသူမတွေ ဒီလို အေးခဲလှတဲ့ ရေပြင်အောက်မှာ ရှင်သန်နိုင်ရဲ့လားဆိုတာနှင့်ပတ်သက်လို့ လုံးဝမဖြစ်နိုင်ဘူးလို့ ယုံကြည်ယူဆနေပေမဲ့ Rhineကတော့ သူ အရင်နှစ် ဒီကို လေ့လာရေးခရီးထွက်ခဲ့တုန်းက ဒီနေရာမှာ ရေသူမတွေနှင့်ပတ်သက်သည့် သဲလွန်စတစ်ချို့တွေ့မိကြောင်း အခိုင်အမာဆိုနေသည်။

သိရှိထားပြီးသလောက် မှတ်တမ်းများအရဆို ရေသူမတွေက အပူပိုင်းဇုန်နေ သတ္တဝါတွေဖြစ်ပေမည့် ကျွန်တော် ဒီမျှော်လင့်ချက်သေးသေးလေးကို လက်မလွှတ်ချင်မိ...

ကျွန်တော်က သက်ရှိရေသူမတစ်ကောင်ကို တွေ့မြင်လိုစိတ်ပြင်းပြနေရုံပါ

အတော်ဆုံးဆိုတဲ့ ဇီဝဗေဒပညာရှင်ကြီးတွေတောင် ဖော်ထုတ်နိုင်ခြင်းမရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ် ဒဏ္ဍာရီလာ သတ္တဝါအကြောင်း ဆက်လက်စူးစမ်းဖော်ထုတ်ရာမှာ ကိုယ့်နာမည်တပ်ပြီး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်။

....

ကျွန်တော် ဒီစာတွေကို ကျွန်တော့်ဒိုင်ယာရီစာအုပ်ထားမှာ ချရေးလိုက်တယ်။ မကြာခင်မှာ မှန်းဆဖို့မဖြစ်နိုင်တဲ့ ကိစ္စအချို့ ဖြစ်လာတော့တော့မလားဆိုတာကို မျှော်လင့်ရင်းနှင့် ပြတင်းပေါက် ဝိုင်းဝိုင်းသေးသေးလေးဘက်ကို အမှတ်မထင် လှည့်ကြည့်မိလိုက်သည်။

အပြင်ဘက်က မှောင်မည်းလို့နေ၏။ ထွန်းထားသည့် မီးအိမ်လေး၏ အလင်းရောင်ပြပြရယ် ကျွန်တော်ရဲ့ ပိန်သေးသေးခန္ဓာကိုယ်ပုံရိပ်တို့က ပြတင်းပေါက်မှန်မှာ ထင်ဟပ်လို့နေသည်။ မည်းနက်လှတဲ့ဆံပင်အုံထူထူ မျက်လုံးမျက်ဆံနက်နက်တွေရယ် ဖြူဖျော့လို့နေတဲ့ မျက်နှာရယ်တို့၏ပေါင်းစပ်မှုက ဆေးစွဲနေတဲ့ဘိန်းစားအလား...

Desharow's MermanWhere stories live. Discover now