ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လ...

By White_Daisy85

115K 7.6K 431

Myanmar Boyslove Own Creation Village Unicode & Zawgyi More

အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၃]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း [၉]
အပိုင်း [၁၀]
အပိုင်း [၁၁]
အပိုင်း [၁၂]
အပိုင်း [၁၃]
အပိုင်း [၁၄]
အပိုင်း [၁၅]
အပိုင်း [၁၆]
အပိုင်း [၁၇]
အပိုင်း [၁၈]
အပိုင်း [၁၉]
အပိုင်း [၂၀]
အပိုင်း [၂၁]
အပိုင်း [၂၂]
အပိုင်း [၂၃]
အပိုင်း [၂၄]
အပိုင်း [၂၅]
အပိုင်း [၂၆]
အပိုင်း [၂၇]
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Hello!
Extra 1
Extra 2
Extra 3
Extra (4)
Extra 5
Extra 6
Extra 7

အပိုင်း [၈]

2.6K 214 11
By White_Daisy85


''အစ်မ တကယ်မလိုက်တော့ဘူးလား"

''အေးပါဆိုဟယ်"

''မလိုက်ဘူးဆို သွားတော့မယ်၊
အနူးလာ...ရှေ့ကလာထိုင်"

''ဟုတ်ကဲ့"

ကျောင်းဖွင့်ရက်မို့ ကြည်နူးကိုကျောင်းလိုက်ဖို့ရာ
အစ်မကိုခေါ်တော့ ထူးထူးဆန်းဆန်းအစ်မကငြင်းလေသည်။
ကြည်နူးကတော့ သူ့ဦးလေးပြောတဲ့အတိုင်း
နေရာယူပြီးနေပြီ။

''ဆိုင်ကယ်စီးရင် အေးပါဘိနဲ့၊
အင်္ကျီလက်ရှည်က ဘယ်တော့မှမဝတ်ဘူး"

အိမ်အောက်မှာ အမေနဲ့အတူထိုင်နေတဲ့မမက
ချမ်းမြေ့ကြားအောင်ပြောလာသည်။
ဒီနေ့က မြူတွေဆိုင်းနေသဖြင့်မနက်8နာရီခွဲပြီးသည့်တိုင်
အအေးဓာတ်ရှိဆဲမို့ ချမ်းမြေ့ကလွဲရင်
တစ်မိသားစုလုံး အနွေးထည်မချွတ်ကျသေး။

''ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်စမ်းပါ ငါ့အစ်မရယ်၊
လူကဖြင့်နေကောင်းတာလည်းမဟုတ်ဘဲ
စောင်ထဲမကွေးဘဲ အိမ်အောက်ထိုင်နေရလား"

''မထိုင်နိုင်လောက်အောင်
နေမကောင်းတာမှမဟုတ်ဘဲဟယ်၊
လူမမာလို မနေချင်ပါဘူး"

မနေ့ကမြို့ကပြန်ရောက်ရောက်ချင်း
ရေချိုးလိုက်၍ ရွှင်လန်းနေသိပ်မကောင်း။
ဆေးကြိုသောက်ပြီးအိပ်တာတောင် တစ်ညလုံး
အဖျားတက်၍ ကြည်နူးပင်ချမ်းမြေ့နဲ့အတူအိပ်ရ၏။
မနက်ကမှ ကုက္ကိုကုန်းသွားပြီးဆေးနှစ်လုံးထိုးလိုက်၍သာ
ခုလိုခေါင်းထောင်နိုင်နေခြင်းပင်။

''ခဏနေရင်တော့ ဆန်ပြုတ်သောက်ရမှာနော်၊
သမီးညီမကြက်ဥဆန်ပြုတ်ပြုတ်ထားတယ်၊
စားပြီးရင် ဆေးသောက်ပြီးစောင်ထဲကွေးလိုက်ဦး၊
ချွေးထွက်အောင်မို့"

''ဟုတ်ပါပြီ အမေရယ်"

''ဒါဆို အနူးကိုကျောင်းလိုက်ပို့လိုက်ဦးမယ်"

''အေး...အေး ဆိုင်ကယ်ကိုသေချာလည်းမောင်းသွားအုံး၊
လမ်းတွေကကောင်းတာမဟုတ်ဘူး"

နေ့စဥ်မှာကြားနေကျစကားတွေဖြစ်၍
ချမ်းမြေ့ပင်အလွတ်ရနေပြီ။
သို့သော်လည်း ကလန်ကဆန်မလုပ်ဘဲ
စိတ်မချဖြစ်နေရှာတဲ့အမေ့ကိုခေါင်းညိတ်ပြရင်း
အနူးကိုသေချာနေရာချကာ ရွာကျောင်းဆီသို့
ဦးတည်ကာ မောင်းထွက်လာခဲ့တော့သည်။

မြူတွေဆိုင်းလွန်းသဖြင့်
လယ်လမ်းတွေကိုသေချာမမြင်ရ။
ဆိုင်ကယ်စီးရင်းမှ မမပြောသလိုအင်္ကျီလက်ရှည်လောက်တော့
ဝတ်ခဲ့သင့်သည်ဟုတွေးမိသည်။
ပုံမှန်ဆိုမချမ်းတတ်သည့်သူ့အတွက် ဆိုင်ကယ်စီးတော့
လေစိမ်းတွေတိုက်ကာ မြူနှင်းတွေပက်သဖြင့်အဆင်မပြေလှ။

အနူးကလည်း အနွေးထည်ဝတ်ထားတာပင်ချမ်းလို့ထင်
ချမ်းမြေ့ရင်ခွင်ထဲတိုးလာ၏။
သူကိုယ်တိုင်မသိမသာချမ်းနေပေမယ့်
လက်တစ်ဖက်ဖြင့်ဆိုင်ကယ်ခေါင်းကိုထိန်းပြီး
တစ်ဖက်ကတော့ အနူးကိုဖက်ပေးလိုက်သည်။

သူ့ရင်ငွေ့ဖြင့် ဒီကလေးနွေးပါစေတော့.....

...................................

''ကိုရှင်း...ကိုရှင်း စောင့်ပါဦး"

နောက်ကျောမှအသံကြောင့် ရှင်းမြတ်လှည့်ကြည့်တော့
ဘေးအိမ်မှကောင်မလေး ဆုမြတ်သွယ်...
ဒီကလေးမ အတော်လေးချောလှသည်ကိုတော့
ရှင်းမြတ်ဝန်ခံပါသည်။ခုလည်းကြည့်လေ...
အင်္ကျီအဖြူရင်ဖုံးနှင့်ထဘီအစိမ်းဝတ်ကာ
ဆံပင်ကိုတစ်ဖက်စောင်းကာဆံကျစ်ကျစ်ထားသည်ပင်
ကြည့်ကောင်းလွန်းလှ၏။
ရာသီဥတုအေးလို့ထင် အပေါ်မှာအဖြူရောင်ချည်အင်္ကျီဝတ်ထားသည်။

''ဟူး...မောလိုက်တာကိုရှင်းရယ်"

ရှင်းမြတ်အနားရောက်လာသည့်တိုင်
သူမကအမောမပြေသေးပုံနှင့် လေကိုအသည်းအသန်ရှူနေ၏။
မောမှာစိုးရင် ဘာလို့ပြေးခဲ့သေးလဲလို့
မေးလိုက်ချင်ပေမဲ့မကောင်းတတ်၍ ဖွင့်ဟမမေးမိတော့။

''မနေ့ကတည်းက အသွယ့်ပြောထားတယ်လေ၊
ကျောင်းသွားရင်ဝင်ခေါ်ပါဦးလို့"

''အာ...ကိုယ်မေ့သွားတယ်"

ဆုမြတ်သွယ်က သူ့ကိုဝင်မခေါ်သည်ကိုအလိုမကျဟန်
နှုတ်ခမ်းလေးစူကာပြောလာတော့
ရှင်းမြတ်အကြောင်းပြချက်ပေးလိုက်ရသည်။
အမှန်တကယ်တော့ ရှင်းမြတ်မမေ့၊
ဆိုပေသည့် ကိုယ့်ကိုမသိမသာစိတ်ဝင်စားကြောင်း
ပြနေတဲ့ကလေးမနှင့်ကင်းရှင်းချင်၍သာ
မေ့ဟန်ဆောင်ပြီး တစ်ယောက်တည်းထွက်လာခြင်း။

''ထားပါတော့လေ...ခုလည်းကိုရှင်းကိုမီသွားပြီပဲဟာ၊
အတူတူသွားကြတာပေါ့"

ရှင်းမြတ်မပီမသပြုံးရင်းခေါင်းညိတ်ပြလိုက်ရသည်။
ဘေးနားတောင်ရောက်နေပြီပဲဟာ၊
အတူမသွားချင်ဘူးဆိုပြီး ငြင်းလို့မရတော့။

''ကိုရှင်းက အအေးဒဏ်မခံနိုင်ဘူးထင်တယ်၊
အနွေးထည်နှစ်ထပ်တောင်ဝတ်ထားတာ"

''အာ...အင်း ဟုတ်တယ်"

''အင်္ကျီလက်ရှည်အမြဲဝတ်လို့ဖြစ်မယ်...
ကိုရှင်းအသားအရေကမထိရက်မကိုင်ရက်စရာ"

ဆုမြတ်သွယ်ပြောတာအမှန်ပင်၊
ရှင်းမြတ်က အေးတဲ့ဒဏ်လုံးဝမခံနိုင်။
လေတဖြူးဖြူးတိုက်ရင်တောင်ချမ်းတတ်လို့
လက်ရှည်အင်္ကျီအမြဲဝတ်တတ်၏။
ထို့ကြောင့်လည်း သူ့အသားအရေကနေမထိ၊လေမထိ၍
ငယ်ငယ်ကထက်ပိုဖြူလာခဲ့သလားတော့ မပြောတတ်။

''အသွယ့်က အသားဖြူတဲ့ကောင်လေးတွေဆို
သိပ်သဘောကျတာ၊ဘယ်အရောင်ဝတ်ဝတ်
ကြည့်ကောင်းလို့လေ"

''အာ...အင်း"

နေပါဦး...
ဒါသိသိသာသာကြီးကိုမြောင်းဖောက်နေတာမဟုတ်လား။
ကိုယ့်ထက်၈နှစ်နီးပါးလောက်ငယ်တဲ့ကလေးမက
အထာပေးလာတော့ ရှင်းမြတ်မနေတတ်မထိုင်တတ်ဖြစ်ကာ
နားရွက်ဖျားတွေပင် ရဲတက်လာ၏။
ဘယ်လိုပဲ ဒီအသက်အရွယ်ထိရည်းစားမထားခဲ့ဘူးဆိုဆို၊
ကိုယ့်ကိုအထာပေးနေသည်ကိုမသိရလောက်အောင်
ရှင်းမြတ်မတုံးသေး။

အိမ်နီးချင်းပင်ဖြစ်လင့် အတန်းနှင့်အသက်အရွယ်
ကွာဟမှုကြောင့် ဒီကလေးမကိုမျက်မှန်းတန်းမိယုံလောက်သာ။
အင်း...အဲ့ဒီအချိန်တုန်းက ကလေးဆိုးလေးတစ်ယောက်ကို
လိုက်ကပ်မိနေလို့ တစ်ခြားအရာတွေကို
စိတ်ထဲမထားခဲ့သည်လားတော့မပြောတတ်ပေ။

''အသွယ့်အနေနဲ့ ပထမဆုံးစာသင်ရမယ်ဆိုတော့
အဆင်ပြေပါ့မလားမသိဘူးနော်"

''စိတ်ရှည်တတ်ပြီးကလေးချစ်တတ်ရင်တော့ အဆင်ပြေမှာပါ"

ရွာအလယ်တန်းကျောင်းလေးက ဆရာ၊ဆရာမ မလုံလောက်၍ ဆုမြတ်သွယ်ကလုပ်အားပေးဆရာမ
လုပ်ချင်သည်ဆိုတုန်းက ရှင်းမြတ်အမှန်တကယ်ပင်ဝမ်းသာခဲ့ရ၏။
ကျောင်းလေးမှာ ကျောင်းအုပ်အပါအဝင်အားလုံးပေါင်း
ဆရာ၊ဆရာမ ၆ယောက်သာလျှင်ရှိပေ၏။
အင်း...ခုဆုမြတ်သွယ်ရောပေါင်းလျှင်တော့
၇ယောက်ပေါ့။

လမ်းလျှောက်ရင်း ဆုမြတ်သွယ်ပြောသမျှကို
အင်းလုပ်လိုက်၊ဟုတ်ကဲ့ပြောလိုက်လုပ်လာသည်မှာ
ဘုန်းကြီးကျောင်းထောင့်မှ ခရေပင်နားသို့ပင်
ရောက်လာပြီ။ထိုနားမှာ လမ်းဆုံရှိရာ
''ဟွန်းတီးပါ''ဟူသောသစ်သားဆိုင်းဘုတ်ကို
မြင်ရ၏။ရှေ့နားရောက်လျှင် ကျောင်းရောက်တော့မည်ဖြစ်ရာ အသက်ရှုချောင်လာသလိုပင် ရှင်းမြတ်ခံစားရသည်။

တီ!!!

''အမေ့''

နောက်ကျောမှဆိုင်ကယ်ဟွန်းသံကျယ်ကြီးကြောင့်
ဆုမြတ်သွယ်လန့်ကာ အာမေဋိတ်သံပင်ထွက်သွားရ၏။
ရှင်းမြတ်လည်း အနည်းငယ်လန့်ဖြန့်သွားရသည်။
ဟွန်းကိုခပ်ပြင်းပြင်းဖိထားပုံရသဖြင့်
ထွက်လာသည့်အသံက ထိတ်လန့်စရာကောင်းတာအမှန်။

လှည့်ကြည့်လိုက်တော့ ပုံမှန်မျက်နှာတည်တာထက်ပင်
မှုန်ကုတ်နေတဲ့ ဆိုင်ကယ်ပေါ်မှချမ်းမြေ့။
ဆိုင်ကယ်ဟွန်းသံကြောင့် နားအူသွားလို့ထင်
ကြည်နူးကနားနှစ်ဖက်ကိုလက်ဖြင့်အုပ်လျက်သား။

''သေချင်လို့ လမ်းမတည့်တည့်လျှောက်နေကြတာလား"

လမ်းတည့်တည့်ပေါ်ရပ်လျက်က မိန်းကလေးဖြစ်ပေမဲ့
ချမ်းမြေ့အကြည့်နှင့်အပြောကတော့
ရှင်းမြတ်ထံတွင်သာဦးတည်လျက်။
ရှင်းမြတ်ကတော့ ချမ်းမြေ့ကိုကြောင်ကြည့်နေမိသည်။
လမ်းတည့်တည့်လျှောက်ယုံနဲ့
ဒီကလေးဒေါသထွက်မယ်လို့ မထင်ခဲ့ရိုးအမှန်။
မဟုတ်မှ သူ့ဆိုင်ကယ်သွားမဲ့ရှေ့ပိတ်ရပ်သလိုဖြစ်သွားလို့
စိတ်တိုတာများလား...။

''ချမ်းမြေ့...နင်"

အမှန်လည်း ရှင်းမြတ်ကလမ်းနံဘေးမှလျှောက်နေပေမဲ့
ဆုမြတ်သွယ်က ဆိုင်ကယ်လမ်းတည့်တည့်ရပ်လျက်ပင်။
တစ်ခုခုပြောရန်ပြင်နေတဲ့ဆုမြတ်သွယ်ကို
ရှင်းမြတ်တားလိုက်သည်။အင်း....
သူမရဲ့လက်မောင်းကို အသာဆုပ်ကိုင်ရင်းပေါ့။
ထိုသို့ပြုမူလိုက်မှ ချမ်းမြေ့အခြေအနေက
ပိုဆိုးသွားလေသည်။

''ကြည့်ရတာ သိပ်မကြာခင်
မင်္ဂလာသတင်းကြားရတော့မယ်ထင်တယ်"

ထိုစကားကိုတော့ ချမ်းမြေ့က
ရှင်းမြတ်ရဲ့မျက်လုံးတည့်တည့်စိုက်ကြည့်ကာဆိုလာခြင်း။
အကြည့်စူးစူးဒဏ်ကိုမခံနိုင်စွာ
ရှင်းမြတ်မျက်နှာလွှဲမိသည်။

''ချမ်းချမ်း...အနူး ဆရာလေးနဲ့သွားလိုက်တော့မယ်"

လူကြီးတွေကြားကအခြေအနေတင်းမာနေတာကိုကြည်နူးရဲ့
အသံသေးသေးလေးကအလိုက်မသိစွာဖြတ်ဝင်လာ၏။
ချမ်းမြေ့က ကြည်နူးစကားကြောင့်
ခဏတာစဥ်းစားဟန်ပြုပြီးမှ ခပ်ညစ်ညစ်ပြုံးကာ

''အင်း...ကျောင်းရောက်တော့မှာပဲ၊
အနူးကလိုက်သွားချင်ပေမယ့် အနူးရဲ့ဆရာလေးက
ခေါ်ချင်မှဖြစ်တာလေ"

''ကြည်နူးကို ကိုယ်ခေါ်သွားလိုက်ပါ့မယ်"

ဆုမြတ်သွယ်မှာ မကျေမနပ်ဖြစ်နေသော်လည်း
လုပ်အားပေးမည့်ဆရာမတစ်ယောက်ဂုဏ်ကိုထိန်းကာ
အတော်လေးသည်းခံနေရပေ၏။
သူမသိတာပေါ့...ကိုရှင်းကငယ်ကတည်းက
ချမ်းမြေ့ကိုဦးစားပေးတယ်ဆိုတာ...။
ကြီးလာလို့ အနေဝေးသွားမှသာ
ခုလိုသူစိမ်းတွေလိုဖြစ်သွားရခြင်းဖြစ်ရမည်။

ဆိုင်ကယ်ပေါ်မှကြည်နူးကို
ရှင်းမြတ်ပွေ့ချီလိုက်သည်အထိ
ချမ်းမြေ့ကနှုတ်ခမ်းတစ်ဖက်ကွေးတက်သွားရင်းသာ
ပြုံးကြည့်နေ၏။

''ချမ်းချမ်း တာ့တာ"

ကြည်နူးက ရှင်းမြတ်လက်မောင်းပေါ်မှ
ချမ်းမြေ့ကိုတာ့တာလုပ်ပြလာသည်။
ချမ်းမြေ့က ဆိုင်ကယ်ကိုဂငယ်ကွေ့ပြန်ကွေ့ကာ
ရှင်းမြတ်ကိုလှည့်ကြည့်လာ၏။

''နှစ်ယာက်သားချစ်စကား၊
ကြိုက်စကားဆိုချင်ရင်တောင်
လမ်းမကြီးပေါ်မှာဆိုတာ သတိရကြအုံး"

ချမ်းမြေ့ဆိုင်ကယ်ထွက်သွားသည်အထိ
ရှင်းမြတ်မှာကလေးပွေ့ချီထားရင်းကြောင်ရပ်နေမိ၏။
ဧကန္တ ချမ်းမြေ့ကသူနဲ့ဆုမြတ်သွယ်ကို
ဟိုလိုဒီလိုဆက်ဆံရေးထင်သွားတာတော့ မဟုတ်လောက်ဘူးမလား။

''ကိုရှင်း သွားရအောင်၊
ကျောင်းတက်ချိန်နီးပြီ"

''အာ...အင်း"

''ဆရာလေးဆီက မွှေးနေတာပဲ"

''ဟုတ်လား...ကြည်နူးဆီကလည်းသနပ်ခါးနံ့မွှေးနေတာပဲ"

ကြုံတောင့်ကြုံခဲမို့ ကိုရှင်းနဲ့စကား​ပြောချင်ပေမဲ့
ကလေးကိုသာအာရုံစိုက်နေသဖြင့်
ဆုမြတ်သွယ်မှာ ခွင့်မသာဘဲဖြစ်နေရသည်။
တမင်တကာကလေးကိုထားခဲ့တဲ့ ချမ်းမြေ့ကိုပဲစိတ်တိုရမလို၊
သူမကိုလျစ်လျူရှုထားတဲ့ ကိုရှင်းကိုပဲစိတ်ဆိုးရမလို
လမ်းပျောက်လှပါသည်။

စကားပြောဖို့ခွင့်မသာတော့ ကျောင်းရောက်သည်အထိ
နှုတ်ပိတ်ပြီးသာလိုက်ခဲ့လိုက်ရသည်။
အင်း...ခုနကလောက်တော့
သူမမျက်နှာမလန်းတော့ဘူးပေါ့။

........................................

''လင်းထက်...မင်းငါ့အစ်မကိုတကယ်ကြီးလား"

ဘေးရွာမှကောင်မလေးကိုအင်တာနက်မှတဆင့်
ကြူနေတုန်း အရင်းမရှိအစမရှိဆိုလာတဲ့နံဘေးမှ
ကောင်ကြောင့် လင်းထက်ဒီပါပေစောင်းစောင်းကြည့်ကာ

''ဘာတွေလာပြောနေတာလဲ"

''မင်း အစ်မပျော်ရွှင်အပေါ်ထားတဲ့ခံစားချက်ကိုပြောတာ"

''ဘာလဲ...လောင်းထားတာရှုံးမှာစိုးလို့လား"

''မဟုတ်ဘူး ငါတို့လုပ်နေတာတွေမဟုတ်သေးဘူးထင်လို့"

''အခုမှ အစ်မကိုချစ်စိတ်တွေရှိလာတယ်ပေါ့လေ"

လင်းထက်စကားကြောင့် ကောင်းမြတ်ဟိန်းက
ခေါင်းယမ်းပြရင်းငြင်းဆန်သည်။ဘယ်လိုပဲ
အစ်မပျော်ရွှင်ကို သူသဘောမကျဘူးပဲဆိုဆို
သူတို့တွေက တစ်ဝမ်းကွဲမောင်နှမတွေပဲမဟုတ်လား။
သေချာစဥ်းစားလေ သူ့လုပ်ရပ်တွေကမှားယွင်းမှန်းသိလာလေလေပင်။

''ဒီပွဲမှာ ငါရှုံးတယ်ပဲထားလိုက်တော့၊
ငါတို့ရပ်တန်းကရပ်လိုက်ကြရအောင်"

ကောင်းမြတ်ဟိန်းက တဲဘေးနားလူရှိမရှိသေချာကြည့်ကာ
ခပ်တိုးတိုးဆိုလာသည်။သူတို့နှစ်ယောက်အခု
ရွာမြောက်မှာကျွဲကျောင်းနေကြခြင်း။
အမှန်က ကောင်းမြတ်ဟိန်းကျွဲကျောင်းသည်ကို
လင်းထက်ဒီပါက အဖော်လိုက်လာခြင်းပင်ဖြစ်သည်။

''ဟာ...ပွဲကောင်းချိန်ရောက်မှရပ်လိုက်လို့ဖြစ်မလား"

''မင်း အစ်မပျော်ရွှင်ကိုတကယ်ချစ်လို့လား"

''ပန်းယောင်ဆောင်ထားတဲ့ တစ်သက်လုံးမပွင့်မဲ့
အဖူးအငုံလေးကို ငါခံစားလို့မရဘူး ကောင်းမြတ်၊
ဒီတိုင်း အပျော်သဘောလက်တည့်စမ်းချင်ယုံပဲ"

''သူ့ဘဝနဲ့သူအသားတကျရှိပါစေတော့ လင်းထက်၊
ပြီးတော့ ချမ်းမြေ့ကသူ့အစ်မကိုလာထိရင်
ခွင့်လွှတ်မှာမဟုတ်ဘူးနော်"

''ဟာ...အဲ့ကောင်ကိုကြောက်ရင်
အစကတည်းက ဒီပွဲမှာငါဝင်မကစားဘူး"

''ပြောရခက်လိုက်တာ လင်းထက်ရာ"

ဘယ်လိုတားတားမရတဲ့လင်းထက်ကြောင့်
ကောင်းမြတ်ဟိန်းခေါင်းခြောက်ကာဆံပင်တွေပင်ဖြူလာ
သလိုခံစားလာရသည်။
ဆိုပေမယ့်လည်း လင်းထက်ကိုချည်းပဲအပြစ်တင်လို့မရ။
ဒီပြိုင်ပွဲကိုစတင်ဖို့ သူသာလျှင်အရင်ခရာမှုတ်ခဲ့သည်မဟုတ်လား။
တစ်လျှောက်လုံးကြည့်ကောင်းလာတဲ့ပြိုင်ပွဲကို
ပန်းဝင်ခါနီးကျမှ အလောတကြီးရပ်လို့မဖြစ်တော့။

''လုပ်ချင်သလိုသာလုပ်တော့ကွာ"

........................................

(ဖတ်လို့အဆင်ပြေမပြေ Comment လေးရေးပေးကြပါအုံး)

Zawgyi

''အစ္မ တကယ္မလိုက္ေတာ့ဘူးလား"

''ေအးပါဆိုဟယ္"

''မလိုက္ဘူးဆို သြားေတာ့မယ္၊
အႏူးလာ...ေရွ႕ကလာထိုင္"

''ဟုတ္ကဲ့"

ေက်ာင္းဖြင့္ရက္မို႔ ၾကည္ႏူးကိုေက်ာင္းလိုက္ဖို႔ရာ
အစ္မကိုေခၚေတာ့ ထူးထူးဆန္းဆန္းအစ္မကျငင္းေလသည္။
ၾကည္ႏူးကေတာ့ သူ႕ဦးေလးေျပာတဲ့အတိုင္း
ေနရာယူၿပီးေနၿပီ။

''ဆိုင္ကယ္စီးရင္ ေအးပါဘိနဲ႕၊
အကၤ်ီလက္ရွည္က ဘယ္ေတာ့မွမဝတ္ဘူး"

အိမ္ေအာက္မွာ အေမနဲ႕အတူထိုင္ေနတဲ့မမက
ခ်မ္းေျမ့ၾကားေအာင္ေျပာလာသည္။
ဒီေန႕က ျမဴေတြဆိုင္းေနသျဖင့္မနက္8နာရီခြဲၿပီးသည့္တိုင္
အေအးဓာတ္ရွိဆဲမို႔ ခ်မ္းေျမ့ကလြဲရင္
တစ္မိသားစုလုံး အႏြေးထည္မခြၽတ္က်ေသး။

''ကိုယ့္ကိုယ္ကိုယ္သာဂ႐ုစိုက္စမ္းပါ ငါ့အစ္မရယ္၊
လူကျဖင့္ေနေကာင္းတာလည္းမဟုတ္ဘဲ
ေစာင္ထဲမေကြးဘဲ အိမ္ေအာက္ထိုင္ေနရလား"

''မထိုင္နိုင္ေလာက္ေအာင္
ေနမေကာင္းတာမွမဟုတ္ဘဲဟယ္၊
လူမမာလို မေနခ်င္ပါဘူး"

မေန႕ကၿမိဳ႕ကျပန္ေရာက္ေရာက္ခ်င္း
ေရခ်ိဳးလိုက္၍ ႐ႊင္လန္းေနသိပ္မေကာင္း။
ေဆးႀကိဳေသာက္ၿပီးအိပ္တာေတာင္ တစ္ညလုံး
အဖ်ားတက္၍ ၾကည္ႏူးပင္ခ်မ္းေျမ့နဲ႕အတူအိပ္ရ၏။
မနက္ကမွ ကုကၠိုကုန္းသြားၿပီးေဆးႏွစ္လုံးထိုးလိုက္၍သာ
ခုလိုေခါင္းေထာင္နိုင္ေနျခင္းပင္။

''ခဏေနရင္ေတာ့ ဆန္ျပဳတ္ေသာက္ရမွာေနာ္၊
သမီးညီမၾကက္ဥဆန္ျပဳတ္ျပဳတ္ထားတယ္၊
စားၿပီးရင္ ေဆးေသာက္ၿပီးေစာင္ထဲေကြးလိုက္ဦး၊
ေခြၽးထြက္ေအာင္မို႔"

''ဟုတ္ပါၿပီ အေမရယ္"

''ဒါဆို အႏူးကိုေက်ာင္းလိုက္ပို႔လိုက္ဦးမယ္"

''ေအး...ေအး ဆိုင္ကယ္ကိုေသခ်ာလည္းေမာင္းသြားအုံး၊
လမ္းေတြကေကာင္းတာမဟုတ္ဘူး"

ေန႕စဥ္မွာၾကားေနက်စကားေတြျဖစ္၍
ခ်မ္းေျမ့ပင္အလြတ္ရေနၿပီ။
သို႔ေသာ္လည္း ကလန္ကဆန္မလုပ္ဘဲ
စိတ္မခ်ျဖစ္ေနရွာတဲ့အေမ့ကိုေခါင္းညိတ္ျပရင္း
အႏူးကိုေသခ်ာေနရာခ်ကာ ႐ြာေက်ာင္းဆီသို႔
ဦးတည္ကာ ေမာင္းထြက္လာခဲ့ေတာ့သည္။

ျမဴေတြဆိုင္းလြန္းသျဖင့္
လယ္လမ္းေတြကိုေသခ်ာမျမင္ရ။
ဆိုင္ကယ္စီးရင္းမွ မမေျပာသလိုအကၤ်ီလက္ရွည္ေလာက္ေတာ့
ဝတ္ခဲ့သင့္သည္ဟုေတြးမိသည္။
ပုံမွန္ဆိုမခ်မ္းတတ္သည့္သူ႕အတြက္ ဆိုင္ကယ္စီးေတာ့
ေလစိမ္းေတြတိုက္ကာ ျမဴႏွင္းေတြပက္သျဖင့္အဆင္မေျပလွ။

အႏူးကလည္း အႏြေးထည္ဝတ္ထားတာပင္ခ်မ္းလို႔ထင္
ခ်မ္းေျမ့ရင္ခြင္ထဲတိုးလာ၏။
သူကိုယ္တိုင္မသိမသာခ်မ္းေနေပမယ့္
လက္တစ္ဖက္ျဖင့္ဆိုင္ကယ္ေခါင္းကိုထိန္းၿပီး
တစ္ဖက္ကေတာ့ အႏူးကိုဖက္ေပးလိုက္သည္။

သူ႕ရင္ေငြ႕ျဖင့္ ဒီကေလးႏြေးပါေစေတာ့.....

...................................

''ကိုရွင္း...ကိုရွင္း ေစာင့္ပါဦး"

ေနာက္ေက်ာမွအသံေၾကာင့္ ရွင္းျမတ္လွည့္ၾကည့္ေတာ့
ေဘးအိမ္မွေကာင္မေလး ဆုျမတ္သြယ္...
ဒီကေလးမ အေတာ္ေလးေခ်ာလွသည္ကိုေတာ့
ရွင္းျမတ္ဝန္ခံပါသည္။ခုလည္းၾကည့္ေလ...
အကၤ်ီအျဖဴရင္ဖုံးႏွင့္ထဘီအစိမ္းဝတ္ကာ
ဆံပင္ကိုတစ္ဖက္ေစာင္းကာဆံက်စ္က်စ္ထားသည္ပင္
ၾကည့္ေကာင္းလြန္းလွ၏။
ရာသီဥတုေအးလို႔ထင္ အေပၚမွာအျဖဴေရာင္ခ်ည္အကၤ်ီဝတ္ထားသည္။

''ဟူး...ေမာလိုက္တာကိုရွင္းရယ္"

ရွင္းျမတ္အနားေရာက္လာသည့္တိုင္
သူမကအေမာမေျပေသးပုံႏွင့္ ေလကိုအသည္းအသန္ရႉေန၏။
ေမာမွာစိုးရင္ ဘာလို႔ေျပးခဲ့ေသးလဲလို႔
ေမးလိုက္ခ်င္ေပမဲ့မေကာင္းတတ္၍ ဖြင့္ဟမေမးမိေတာ့။

''မေန႕ကတည္းက အသြယ့္ေျပာထားတယ္ေလ၊
ေက်ာင္းသြားရင္ဝင္ေခၚပါဦးလို႔"

''အာ...ကိုယ္ေမ့သြားတယ္"

ဆုျမတ္သြယ္က သူ႕ကိုဝင္မေခၚသည္ကိုအလိုမက်ဟန္
ႏႈတ္ခမ္းေလးစူကာေျပာလာေတာ့
ရွင္းျမတ္အေၾကာင္းျပခ်က္ေပးလိုက္ရသည္။
အမွန္တကယ္ေတာ့ ရွင္းျမတ္မေမ့၊
ဆိုေပသည့္ ကိုယ့္ကိုမသိမသာစိတ္ဝင္စားေၾကာင္း
ျပေနတဲ့ကေလးမႏွင့္ကင္းရွင္းခ်င္၍သာ
ေမ့ဟန္ေဆာင္ၿပီး တစ္ေယာက္တည္းထြက္လာျခင္း။

''ထားပါေတာ့ေလ...ခုလည္းကိုရွင္းကိုမီသြားၿပီပဲဟာ၊
အတူတူသြားၾကတာေပါ့"

ရွင္းျမတ္မပီမသၿပဳံးရင္းေခါင္းညိတ္ျပလိုက္ရသည္။
ေဘးနားေတာင္ေရာက္ေနၿပီပဲဟာ၊
အတူမသြားခ်င္ဘူးဆိုၿပီး ျငင္းလို႔မရေတာ့။

''ကိုရွင္းက အေအးဒဏ္မခံနိုင္ဘူးထင္တယ္၊
အႏြေးထည္ႏွစ္ထပ္ေတာင္ဝတ္ထားတာ"

''အာ...အင္း ဟုတ္တယ္"

''အကၤ်ီလက္ရွည္အၿမဲဝတ္လို႔ျဖစ္မယ္...
ကိုရွင္းအသားအေရကမထိရက္မကိုင္ရက္စရာ"

ဆုျမတ္သြယ္ေျပာတာအမွန္ပင္၊
ရွင္းျမတ္က ေအးတဲ့ဒဏ္လုံးဝမခံနိုင္။
ေလတျဖဴးျဖဴးတိုက္ရင္ေတာင္ခ်မ္းတတ္လို႔
လက္ရွည္အကၤ်ီအၿမဲဝတ္တတ္၏။
ထို႔ေၾကာင့္လည္း သူ႕အသားအေရကေနမထိ၊ေလမထိ၍
ငယ္ငယ္ကထက္ပိုျဖဴလာခဲ့သလားေတာ့ မေျပာတတ္။

''အသြယ့္က အသားျဖဴတဲ့ေကာင္ေလးေတြဆို
သိပ္သေဘာက်တာ၊ဘယ္အေရာင္ဝတ္ဝတ္
ၾကည့္ေကာင္းလို႔ေလ"

''အာ...အင္း"

ေနပါဦး...
ဒါသိသိသာသာႀကီးကိုေျမာင္းေဖာက္ေနတာမဟုတ္လား။
ကိုယ့္ထက္၈ႏွစ္နီးပါးေလာက္ငယ္တဲ့ကေလးမက
အထာေပးလာေတာ့ ရွင္းျမတ္မေနတတ္မထိုင္တတ္ျဖစ္ကာ
နား႐ြက္ဖ်ားေတြပင္ ရဲတက္လာ၏။
ဘယ္လိုပဲ ဒီအသက္အ႐ြယ္ထိရည္းစားမထားခဲ့ဘူးဆိုဆို၊
ကိုယ့္ကိုအထာေပးေနသည္ကိုမသိရေလာက္ေအာင္
ရွင္းျမတ္မတုံးေသး။

အိမ္နီးခ်င္းပင္ျဖစ္လင့္ အတန္းႏွင့္အသက္အ႐ြယ္
ကြာဟမႈေၾကာင့္ ဒီကေလးမကိုမ်က္မွန္းတန္းမိယုံေလာက္သာ။
အင္း...အဲ့ဒီအခ်ိန္တုန္းက ကေလးဆိုးေလးတစ္ေယာက္ကို
လိုက္ကပ္မိေနလို႔ တစ္ျခားအရာေတြကို
စိတ္ထဲမထားခဲ့သည္လားေတာ့မေျပာတတ္ေပ။

''အသြယ့္အေနနဲ႕ ပထမဆုံးစာသင္ရမယ္ဆိုေတာ့
အဆင္ေျပပါ့မလားမသိဘူးေနာ္"

''စိတ္ရွည္တတ္ၿပီးကေလးခ်စ္တတ္ရင္ေတာ့ အဆင္ေျပမွာပါ"

႐ြာအလယ္တန္းေက်ာင္းေလးက ဆရာ၊ဆရာမ မလုံေလာက္၍ ဆုျမတ္သြယ္ကလုပ္အားေပးဆရာမ
လုပ္ခ်င္သည္ဆိုတုန္းက ရွင္းျမတ္အမွန္တကယ္ပင္ဝမ္းသာခဲ့ရ၏။
ေက်ာင္းေလးမွာ ေက်ာင္းအုပ္အပါအဝင္အားလုံးေပါင္း
ဆရာ၊ဆရာမ ၆ေယာက္သာလွ်င္ရွိေပ၏။
အင္း...ခုဆုျမတ္သြယ္ေရာေပါင္းလွ်င္ေတာ့
၇ယောက်ပေါ့။

လမ္းေလွ်ာက္ရင္း ဆုျမတ္သြယ္ေျပာသမွ်ကို
အင္းလုပ္လိုက္၊ဟုတ္ကဲ့ေျပာလိုက္လုပ္လာသည္မွာ
ဘုန္းႀကီးေက်ာင္းေထာင့္မွ ခေရပင္နားသို႔ပင္
ေရာက္လာၿပီ။ထိုနားမွာ လမ္းဆုံရွိရာ
''ဟြန္းတီးပါ''ဟူေသာသစ္သားဆိုင္းဘုတ္ကို
ျမင္ရ၏။ေရွ႕နားေရာက္လွ်င္ ေက်ာင္းေရာက္ေတာ့မည္ျဖစ္ရာ အသက္ရႈေခ်ာင္လာသလိုပင္ ရွင္းျမတ္ခံစားရသည္။

တီ!!!

''အေမ့''

ေနာက္ေက်ာမွဆိုင္ကယ္ဟြန္းသံက်ယ္ႀကီးေၾကာင့္
ဆုျမတ္သြယ္လန့္ကာ အာေမဋိတ္သံပင္ထြက္သြားရ၏။
ရွင္းျမတ္လည္း အနည္းငယ္လန့္ျဖန့္သြားရသည္။
ဟြန္းကိုခပ္ျပင္းျပင္းဖိထားပုံရသျဖင့္
ထြက္လာသည့္အသံက ထိတ္လန့္စရာေကာင္းတာအမွန္။

လွည့္ၾကည့္လိုက္ေတာ့ ပုံမွန္မ်က္ႏွာတည္တာထက္ပင္
မႈန္ကုတ္ေနတဲ့ ဆိုင္ကယ္ေပၚမွခ်မ္းေျမ့။
ဆိုင္ကယ္ဟြန္းသံေၾကာင့္ နားအူသြားလို႔ထင္
ၾကည္ႏူးကနားႏွစ္ဖက္ကိုလက္ျဖင့္အုပ္လ်က္သား။

''ေသခ်င္လို႔ လမ္းမတည့္တည့္ေလွ်ာက္ေနၾကတာလား"

လမ္းတည့္တည့္ေပၚရပ္လ်က္က မိန္းကေလးျဖစ္ေပမဲ့
ခ်မ္းေျမ့အၾကည့္ႏွင့္အေျပာကေတာ့
ရွင္းျမတ္ထံတြင္သာဦးတည္လ်က္။
ရွင္းျမတ္ကေတာ့ ခ်မ္းေျမ့ကိုေၾကာင္ၾကည့္ေနမိသည္။
လမ္းတည့္တည့္ေလွ်ာက္ယုံနဲ႕
ဒီကေလးေဒါသထြက္မယ္လို႔ မထင္ခဲ့ရိုးအမွန္။
မဟုတ္မွ သူ႕ဆိုင္ကယ္သြားမဲ့ေရွ႕ပိတ္ရပ္သလိုျဖစ္သြားလို႔
စိတ္တိုတာမ်ားလား...။

''ခ်မ္းေျမ့...နင္"

အမွန္လည္း ရွင္းျမတ္ကလမ္းနံေဘးမွေလွ်ာက္ေနေပမဲ့
ဆုျမတ္သြယ္က ဆိုင္ကယ္လမ္းတည့္တည့္ရပ္လ်က္ပင္။
တစ္ခုခုေျပာရန္ျပင္ေနတဲ့ဆုျမတ္သြယ္ကို
ရွင္းျမတ္တားလိုက္သည္။အင္း....
သူမရဲ႕လက္ေမာင္းကို အသာဆုပ္ကိုင္ရင္းေပါ့။
ထိုသို႔ျပဳမူလိုက္မွ ခ်မ္းေျမ့အေျခအေနက
ပိုဆိုးသြားေလသည္။

''ၾကည့္ရတာ သိပ္မၾကာခင္
မဂၤလာသတင္းၾကားရေတာ့မယ္ထင္တယ္"

ထိုစကားကိုေတာ့ ခ်မ္းေျမ့က
ရွင္းျမတ္ရဲ႕မ်က္လုံးတည့္တည့္စိုက္ၾကည့္ကာဆိုလာျခင္း။
အၾကည့္စူးစူးဒဏ္ကိုမခံနိုင္စြာ
ရွင္းျမတ္မ်က္ႏွာလႊဲမိသည္။

''ခ်မ္းခ်မ္း...အႏူး ဆရာေလးနဲ႕သြားလိုက္ေတာ့မယ္"

လူႀကီးေတြၾကားကအေျခအေနတင္းမာေနတာကိုၾကည္ႏူးရဲ႕
အသံေသးေသးေလးကအလိုက္မသိစြာျဖတ္ဝင္လာ၏။
ခ်မ္းေျမ့က ၾကည္ႏူးစကားေၾကာင့္
ခဏတာစဥ္းစားဟန္ျပဳၿပီးမွ ခပ္ညစ္ညစ္ၿပဳံးကာ

''အင္း...ေက်ာင္းေရာက္ေတာ့မွာပဲ၊
အႏူးကလိုက္သြားခ်င္ေပမယ့္ အႏူးရဲ႕ဆရာေလးက
ေခၚခ်င္မွျဖစ္တာေလ"

''ၾကည္ႏူးကို ကိုယ္ေခၚသြားလိုက္ပါ့မယ္"

ဆုျမတ္သြယ္မွာ မေက်မနပ္ျဖစ္ေနေသာ္လည္း
လုပ္အားေပးမည့္ဆရာမတစ္ေယာက္ဂုဏ္ကိုထိန္းကာ
အေတာ္ေလးသည္းခံေနရေပ၏။
သူမသိတာေပါ့...ကိုရွင္းကငယ္ကတည္းက
ခ်မ္းေျမ့ကိုဦးစားေပးတယ္ဆိုတာ...။
ႀကီးလာလို႔ အေနေဝးသြားမွသာ
ခုလိုသူစိမ္းေတြလိုျဖစ္သြားရျခင္းျဖစ္ရမည္။

ဆိုင္ကယ္ေပၚမွၾကည္ႏူးကို
ရွင္းျမတ္ေပြ႕ခ်ီလိုက္သည္အထိ
ခ်မ္းေျမ့ကႏႈတ္ခမ္းတစ္ဖက္ေကြးတက္သြားရင္းသာ
ၿပဳံးၾကည့္ေန၏။

''ခ်မ္းခ်မ္း တာ့တာ"

ၾကည္ႏူးက ရွင္းျမတ္လက္ေမာင္းေပၚမွ
ခ်မ္းေျမ့ကိုတာ့တာလုပ္ျပလာသည္။
ခ်မ္းေျမ့က ဆိုင္ကယ္ကိုဂငယ္ေကြ႕ျပန္ေကြ႕ကာ
ရွင္းျမတ္ကိုလွည့္ၾကည့္လာ၏။

''ႏွစ္ယာက္သားခ်စ္စကား၊
ႀကိဳက္စကားဆိုခ်င္ရင္ေတာင္
လမ္းမႀကီးေပၚမွာဆိုတာ သတိရၾကအုံး"

ခ်မ္းေျမ့ဆိုင္ကယ္ထြက္သြားသည္အထိ
ရွင္းျမတ္မွာကေလးေပြ႕ခ်ီထားရင္းေၾကာင္ရပ္ေနမိ၏။
ဧကႏၱ ခ်မ္းေျမ့ကသူနဲ႕ဆုျမတ္သြယ္ကို
ဟိုလိုဒီလိုဆက္ဆံေရးထင္သြားတာေတာ့ မဟုတ္ေလာက္ဘူးမလား။

''ကိုရွင္း သြားရေအာင္၊
ေက်ာင္းတက္ခ်ိန္နီးၿပီ"

''အာ...အင္း"

''ဆရာေလးဆီက ေမႊးေနတာပဲ"

''ဟုတ္လား...ၾကည္ႏူးဆီကလည္းသနပ္ခါးနံ႕ေမႊးေနတာပဲ"

ႀကဳံေတာင့္ႀကဳံခဲမို႔ ကိုရွင္းနဲ႕စကားေျပာခ်င္ေပမဲ့
ကေလးကိုသာအာ႐ုံစိုက္ေနသျဖင့္
ဆုျမတ္သြယ္မွာ ခြင့္မသာဘဲျဖစ္ေနရသည္။
တမင္တကာကေလးကိုထားခဲ့တဲ့ ခ်မ္းေျမ့ကိုပဲစိတ္တိုရမလို၊
သူမကိုလ်စ္လ်ဴရႈထားတဲ့ ကိုရွင္းကိုပဲစိတ္ဆိုးရမလို
လမ္းေပ်ာက္လွပါသည္။

စကားေျပာဖို႔ခြင့္မသာေတာ့ ေက်ာင္းေရာက္သည္အထိ
ႏႈတ္ပိတ္ၿပီးသာလိုက္ခဲ့လိုက္ရသည္။
အင္း...ခုနကေလာက္ေတာ့
သူမမ်က္ႏွာမလန္းေတာ့ဘူးေပါ့။

........................................

''လင္းထက္...မင္းငါ့အစ္မကိုတကယ္ႀကီးလား"

ေဘး႐ြာမွေကာင္မေလးကိုအင္တာနက္မွတဆင့္
ၾကဴေနတုန္း အရင္းမရွိအစမရွိဆိုလာတဲ့နံေဘးမွ
ေကာင္ေၾကာင့္ လင္းထက္ဒီပါေပေစာင္းေစာင္းၾကည့္ကာ

''ဘာေတြလာေျပာေနတာလဲ"

''မင္း အစ္မေပ်ာ္႐ႊင္အေပၚထားတဲ့ခံစားခ်က္ကိုေျပာတာ"

''ဘာလဲ...ေလာင္းထားတာရႈံးမွာစိုးလို႔လား"

''မဟုတ္ဘူး ငါတို႔လုပ္ေနတာေတြမဟုတ္ေသးဘူးထင္လို႔"

''အခုမွ အစ္မကိုခ်စ္စိတ္ေတြရွိလာတယ္ေပါ့ေလ"

လင္းထက္စကားေၾကာင့္ ေကာင္းျမတ္ဟိန္းက
ေခါင္းယမ္းျပရင္းျငင္းဆန္သည္။ဘယ္လိုပဲ
အစ္မေပ်ာ္႐ႊင္ကို သူသေဘာမက်ဘဴးပဲဆိုဆို
သူတို႔ေတြက တစ္ဝမ္းကြဲေမာင္ႏွမေတြပဲမဟုတ္လား။
ေသခ်ာစဥ္းစားေလ သူ႕လုပ္ရပ္ေတြကမွားယြင္းမွန္းသိလာေလေလပင္။

''ဒီပြဲမွာ ငါရႈံးတယ္ပဲထားလိုက္ေတာ့၊
ငါတို႔ရပ္တန္းကရပ္လိုက္ၾကရေအာင္"

ေကာင္းျမတ္ဟိန္းက တဲေဘးနားလူရွိမရွိေသခ်ာၾကည့္ကာ
ခပ္တိုးတိုးဆိုလာသည္။သူတို႔ႏွစ္ေယာက္အခု
႐ြာေျမာက္မွာကြၽဲေက်ာင္းေနၾကျခင္း။
အမွန္က ေကာင္းျမတ္ဟိန္းကြၽဲေက်ာင္းသည္ကို
လင္းထက္ဒီပါက အေဖာ္လိုက္လာျခင္းပင္ျဖစ္သည္။

''ဟာ...ပြဲေကာင္းခ်ိန္ေရာက္မွရပ္လိုက္လို႔ျဖစ္မလား"

''မင္း အစ္မေပ်ာ္႐ႊင္ကိုတကယ္ခ်စ္လို႔လား"

''ပန္းေယာင္ေဆာင္ထားတဲ့ တစ္သက္လုံးမပြင့္မဲ့
အဖူးအငုံေလးကို ငါခံစားလို႔မရဘူး ေကာင္းျမတ္၊
ဒီတိုင္း အေပ်ာ္သေဘာလက္တည့္စမ္းခ်င္ယုံပဲ"

''သူ႕ဘဝနဲ႕သူအသားတက်ရွိပါေစေတာ့ လင္းထက္၊
ၿပီးေတာ့ ခ်မ္းေျမ့ကသူ႕အစ္မကိုလာထိရင္
ခြင့္လႊတ္မွာမဟုတ္ဘူးေနာ္"

''ဟာ...အဲ့ေကာင္ကိုေၾကာက္ရင္
အစကတည္းက ဒီပြဲမွာငါဝင္မကစားဘူး"

''ေျပာရခက္လိုက္တာ လင္းထက္ရာ"

ဘယ္လိုတားတားမရတဲ့လင္းထက္ေၾကာင့္
ေကာင္းျမတ္ဟိန္းေခါင္းေျခာက္ကာဆံပင္ေတြပင္ျဖဴလာ
သလိုခံစားလာရသည္။
ဆိုေပမယ့္လည္း လင္းထက္ကိုခ်ည္းပဲအျပစ္တင္လို႔မရ။
ဒီၿပိဳင္ပြဲကိုစတင္ဖို႔ သူသာလွ်င္အရင္ခရာမႈတ္ခဲ့သည္မဟုတ္လား။
တစ္ေလွ်ာက္လုံးၾကည့္ေကာင္းလာတဲ့ၿပိဳင္ပြဲကို
ပန္းဝင္ခါနီးက်မွ အေလာတႀကီးရပ္လို႔မျဖစ္ေတာ့။

''လုပ္ခ်င္သလိုသာလုပ္ေတာ့ကြာ"

........................................

(ဖတ္လို႔အဆင္ေျပမေျပ Comment ေလးေရးေပးၾကပါအုံး)

Continue Reading

You'll Also Like

3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...