အပိုင်း[၇]

2.7K 220 1
                                    


''ချမ်းချမ်း သားကိုခဏစောင့်နော်၊
မကြည့်သေးနဲ့ဦး သားခေါင်းအုံးခဏသွားယူမှာဗျ"

အိပ်ခန်းထဲဝင်ကာခေါင်းအုံးယူဖို့အရေး
ချမ်းမြေ့ကသူ့မစောင့်ဘဲ
ဖုန်းအရင်ကြည့်နှင့်မှာကိုစိတ်မချဟန်
လှည့်ကြည့်ကာတွန့်ဆုတ်ဆုတ်နှင့်ဖြစ်နေသော
အနူးကိုကြည့်ကာ ချမ်းမြေ့ကနှုတ်ခမ်းတွန့်ယုံပြုံး၏။

''ကဲ...မကြည့်နှင့်ဘူးလို့ဒီလောက်ထိပြောနေတာကို"

''ချမ်းချမ်းကယုံရတာမှမဟုတ်တာ"

''ခုတော့ ဒီစကားပြောပြီပေါ့လေ"

ချမ်းမြေ့ကမျက်နှာညိုးကာ
ဝမ်းနည်းသယောင်ဟန်ဆောင်လိုက်တော့
ကြည်နူးကသူ့အသက်အရွယ်နဲ့မှမလိုက်
လေပူတွေမှုတ်ထုတ်ကာ
ရင့်ကျက်ချင်ယောင်ပြုသည်။
သဘောကတော့
ချမ်းမြေ့ကိုကလေးဇာတ်သွင်းလိုက်တာပင်။

ပိတ်ရက်မို့ချမ်းမြေ့ဒေါင်းပေးထားတဲ့
ကာတွန်းဇာတ်လမ်းကြည့်ဖို့ရာ
တူဝရီးနှစ်ယောက်နေရာယူနေခြင်း...
ခါတိုင်းချမ်းမြေ့ရင်ဘတ်ပေါ်ခေါင်းတင်ကာ
ဖုန်းကြည့်တတ်သူက ဒီနေ့မှာတော့
သူ့ခေါင်းအုံးနဲ့သူကြည့်ချင်ပါတယ်တဲ့လေ။

အိပ်ခန်းထဲကသူ့ခေါင်းအုံးပျော့လေးကို
အမြန်ဆွဲယူကာအိမ်ရှေ့ခန်းသို့အနူးအမြန်ထွက်လာတော့
ချမ်းချမ်းက နေရာတကျနှင့်ဖုန်းဖွင့်ကြည့်နေပြီ။

''ချမ်းချမ်းကဗျ အနူးကိုစောင့်ပါဆိုနေမှ"

''ခုမှဖုန်းဖွင့်တာပါ အနူးရယ်၊လာ ဒီကို"

အနူးလက်ထဲကခေါင်းအုံးကိုရင်ဘတ်နား
နေရာချပေးကာ အနူးကိုလှဲစေလိုက်သည်။

''အဆင်ပြေလား"

''ဟုတ်"

ထို့နောက်ချမ်းမြေ့ပါလှဲချလိုက်ပြီး
အနူးရဲ့ခေါင်းသေးလေးဘက်လှည့်ကြည့်တော့
နည်းနည်းနံတဲ့အနံ့ကြောင့် နှာခေါင်းရှုံ့မိသည်။
အနူးကတော့ ဖုန်းထဲသာအာရုံရောက်နေသည်။

''နေ့လည် ဦးဦးနဲ့ရေချိုးရင်
ခေါင်းလျှော်ရမယ်နော် အနူး''

''ဟင်...အနူးမနေ့ကမှလျှော်ထားတာ၊
မေမေလျှော်ပေးတာလေ"

ချမ်းမြေ့မျက်နှာကို မရမကပင့်ကြည့်လာကာ
'နောက်တစ်ခါလျှော်ရဦးမှာလား'ဟူသည့်သဘောဖြင့်
အနူးကကြည့်လာသည်။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) जहाँ कहानियाँ रहती हैं। अभी खोजें