<Unicode>
"သားစတီဗင် လာအိမ်ထဲဝင် သားရေ! ဒီမှာသားစတီဗင်ရောက်လာပီ ဆင်းလာပါအုံးကွယ်!"
ဇင်းသူ့မိခင်ရဲ့အော်ခေါ်သံကြောင့်မှန်ရှေ့ကနေထကာအမြန်အောက်ဆင်းလိုက်သည်။အောက်ထပ်ကဧည့်ခန်းသို့ဝင်လိုက်သည်နှင့်ဆိုဖာပေါ်တွင်ထိုင်နေတဲ့ကောင်လေးကသူ့ကိုလှည့်ကြည့်လာသည်။မျက်ခုံးတန်းတန်း၊နှာတံဆင်းဆင်းနဲ့ ချောတယ်လဲမဟုတ်၊လှတယ်လဲမဟုတ်ပဲ ကြည့်ကောင်းလွန်းတဲ့သူဖြစ်သည်။ဇင်းပြုံးပြလိုက်တော့ထိုလူကလဲပါးချိုင့်လေးတေပေါ်သည်အထိပြန်ပြုံးပြလေသည်။
*မောင်ထင်သားပဲ မင်းပဲဖြစ်မယ်ဆိုတာ*
"သားလေး ဒါကစတီဗင်တဲ့ STကုမ္မဏီကိုဦးစီးနေတဲ့သူလေ"
"တွေ့ရတာဝမ်းသာပါတယ် ကိုယ်ကဇင်းပါ"
ဇင်းလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းလိုက်တော့စတီဗင်ကလဲပြန်လည်နှုတ်ဆက်သည်။ဇင်းသွားကြီးစိပီးရယ်ပြနေကာလက်ကိုတော်တော်နဲ့မလွှတ်တာကြောင့်..
"လက် လက်ကိုလွှတ်တော့လေ"
"အာ sry"
သူတို့သားရဲ့ပုံစံကိုကြည့်ပီးMr.နေသန်တို့လင်မယားကပြုံးစိစိနဲ့ပင်။
"ကဲ ထမင်းပြင်လို့ပီးပီထင်တယ် မေမေတို့သွားရအောင်သားလေး"
"ဟုတ် စတီဗင်လာကိုယ်ထမင်းစားခန်းလိုက်ပြမယ်"
လက်ကိုဆွဲကာရှေ့ကနေကော့ကော့နဲ့ထွက်သွားဇင်းနောက်ကိုစတီဗင်ကြောင်တောင်တောင်ကြီးပါသွားတော့သည်။
"ဒါလေးစားလို့ကောင်းတယ် စားကြည့်"
"ရပါပီ ဇင်း"
စတီဗင်ပန်းကန်ထဲတွင်ထမင်းမမြင်ရပဲဟင်းတေသာအပုံလိုက်ဖြစ်သည်အထိဇင်ကတစ်ခုပီးတစ်ခုလာထည့်ပေးနေတာကြောင့် စတီဗင်တားလိုက်ရတော့သည်။Mr.နေသန်တို့လင်မယားကတော့သူတို့သားလုပ်သမျှကိုပြုံးပြုံးကြီးသာကြည့်နေကြသည်။
>>>>>>>>
"မေမေ သား စတီဗင်ကိုခြံထဲလမ်းလျှောက်ဖို့ခေါ်သွားလိုက်အုံးမယ်နော်"
"အင်း အင်း ခနနေအချိုပွဲစားဖို့ခေါ်လိုက်မယ်နော်"
"ဟုတ် လာစတီဗင်"
ထပ်ပီးဇင်းလက်ဆွဲခေါ်ရာနောက်ကိုစတီဗင်ပါသွားပြန်သည်။ဇင်းခြံထဲမှာနှစ်ယောက်အတူခနလောက်လမ်းလျှောက်ပီး အလှပြုလုပ်ထားတဲ့ဒန်းလေးပေါ်တွင်နှစ်ယောက်သားထိုင်လိုက်ကြသည်။
"မင်းကAlphaနော်"
စတီဗင်ကစတင်မေးလာတော့...
"အင်း ကိုယ်ကalpha မင်းလေးကomegaတော့မဖြစ်နိုင်ဘူး"
"ဟုတ်တယ် ငါကbeta"
"ကိုယ့်ကိုလက်ထပ်ဖို့သဘောတူတာ မင်းလေးမိဘတေတိုက်တွန်းလို့လား"
"သူတို့ကမတိုက်တွန်းပါဘူး ဒီတိုင်းပဲငါ့ကိုအသိပေးတာကိုငါမငြင်းဖြစ်တာပါ"
"ဘာလို့လဲကိုယ်တို့ကမြင်တောင်မမြင်ဖူးဘူးလေ"
"ငါသူတို့စကားကိုငယ်ငယ်ထဲကနားထောင်လာတာ သူတို့ကငါ့အတွက်အကောင်းဆုံးတေပဲလုပ်ပေးခဲ့တာလေ ခုကိစ္စမှာလဲသူတို့ကောင်းမယ်ထင်လို့စီစဉ်ကြတာကိုငါကဘာလို့ုငြင်းရမှာလဲ"
"ဟင့် မမိုက်လိုက်တာ ဒါဆိုမင်လေးကအချစ်မပါတဲ့အိမ်ထောင်ရေးကိုလက်ခံတော့မှာပေါ့"
"အချစ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ ငါလက်ခံပီးသားအိမ်ထောင်တစ်ခုကိုတည်မြဲအောင်ထိန်းသိမ်းမှာပါ"
"....."
"ငါမင်းအကြောင်းကြားတယ် မင်းရဲ့အရင်အိမ်ထောင်အကြောင်း"
"အင်း ကိုယ်ကအချစ်ရေးကံမကောင်းခဲ့ဘူးလေ အိမ်ထောင်ကျတယ်သာပြောတာပါ ကိုယ်တို့နှစ်ယောက်ကလက်ထပ်စာချုပ်မှာပဲနှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ကြတာ အသိသက်သေလဲမရှိဘူးနှစ်ယောက်ထဲပဲ ပီးတော့ကိုယ်တို့အတူတူလဲမနေခဲ့ကြဘူးအမှတ်သားလဲမပေးခဲ့ကြဘူး ၃လလောက်ကြာတော့သူ့ပုံစံအစစ်ပေါ်လာတယ်လေ အဲ့တာနဲ့ပဲသိပ်မကြာဘူး တခြားသူနောက်ပါသွားတာ"
"အချစ်နဲ့လက်ထပ်တာရဲ့ကွာခြားချက်ကိုသိလား"
"ဟင့်အင်း မသိဘူး"
"love is blind and marriage is eye-openerတဲ့"
"ဟင်?"
"အချစ်ကြောင့်စုံလုံးကန်းနေတဲ့သူတေကို လက်ထပ်ခြင်းကအလင်းပြန်ဖွင့်ပေးတာလေ စချစ်တုန်းကမမြင်ခဲ့တဲ့သူ့ရဲ့ကောင်းခြင်းဆိုခြင်းတေကိုလက်ထပ်ပီးတဲ့နောက်အကုန်သိရတယ်လေ"
"မင်းလေးကတော်လိုက်တာ ဘာလို့များမင်းလေးကိုအရက်မတွေ့ခဲ့ရတာပါလိမ့်"
ဇင်းရဲ့စကားကြောင့်စတီဗင်ရဲ့နားရွက်များရဲတက်သွားတော့သည်။
.............................။💜
စတီဗင်
<Zawgyi>
"သားစတီဗင္ လာအိမ္ထဲဝင္ သားေရ! ဒီမွာသားစတီဗင္ေရာက္လာပီ ဆင္းလာပါအံုးကြယ္!"
ဇင္းသူ႔မိခင္ရဲ႕ေအာ္ေခၚသံေၾကာင့္မွန္ေ႐ွ႕ကေနထကာအျမန္ေအာက္ဆင္းလိုက္သည္။ေအာက္ထပ္ကဧည့္ခန္းသို႔ဝင္လိုက္သည္ႏွင့္ဆိုဖာေပၚတြင္ထိုင္ေနတဲ့ေကာင္ေလးကသူ႔ကိုလွည့္ၾကည့္လာသည္။မ်က္ခံုးတန္းတန္း၊ႏွာတံဆင္းဆင္းနဲ႔ ေခ်ာတယ္လဲမဟုတ္၊လွတယ္လဲမဟုတ္ပဲ ၾကည့္ေကာင္းလြန္းတဲ့သူျဖစ္သည္။ဇင္းျပံဳးျပလိုက္ေတာ့ထိုလူကလဲပါးခ်ိဳင့္ေလးေတေပၚသည္အထိျပန္ျပံဳးျပေလသည္။
*ေမာင္ထင္သားပဲ မင္းပဲျဖစ္မယ္ဆိုတာ*
"သားေလး ဒါကစတီဗင္တဲ့ STကုမၼဏီကိုဦးစီးေနတဲ့သူေလ"
"ေတြ႔ရတာဝမ္းသာပါတယ္ ကိုယ္ကဇင္းပါ"
ဇင္းလက္ဆြဲႏႈတ္ဆက္ရန္လက္ကမ္းလိုက္ေတာ့စတီဗင္ကလဲျပန္လည္ႏႈတ္ဆက္သည္။ဇင္းသြားႀကီးစိပီးရယ္ျပေနကာလက္ကိုေတာ္ေတာ္နဲ႔မလႊတ္တာေၾကာင့္..
"လက္ လက္ကိုလႊတ္ေတာ့ေလ"
"အာ sry"
သူတို႔သားရဲ႕ပံုစံကိုၾကည့္ပီးMr.ေနသန္တို႔လင္မယားကျပံဳးစိစိနဲ႔ပင္။
"ကဲ ထမင္းျပင္လို႔ပီးပီထင္တယ္ ေမေမတို့သြားရေအာင္သားေလး"
"ဟုတ္ စတီဗင္လာကိုယ္ထမင္းစားခန္းလိုက္ျပမယ္"
လက္ကုိဆြဲကာေ႐ွ႕ကေနေကာ့ေကာ့နဲ႔ထြက္သြားဇင္းေနာက္ကိုစတီဗင္ေၾကာင္ေတာင္ေတာင္ႀကီးပါသြားေတာ့သည္။
"ဒါေလးစားလို႔ေကာင္းတယ္ စားၾကည့္"
"ရပါပီ ဇင္း"
စတီဗင္ပန္းကန္ထဲတြင္ထမင္းမျမင္ရပဲဟင္းေတသာအပံုလိုက္ျဖစ္သည္အထိဇင္ကတစ္ခုပီးတစ္ခုလာထည့္ေပးေနတာေၾကာင့္ စတီဗင္တားလိုက္ရေတာ့သည္။Mr.ေနသန္တို႔လင္မယားကေတာ့သူတို႔သားလုပ္သမ်ွကိုျပံဳးျပံဳးႀကီးသာၾကည့္ေနၾကသည္။
>>>>>>>>
"ေမေမ သား စတီဗင္ကိုျခံထဲလမ္းေလ်ွာက္ဖို႔ေခၚသြားလိုက္အံုးမယ္ေနာ္"
"အင္း အင္း ခနေနအခ်ိဳပြဲစားဖို႔ေခၚလိုက္မယ္ေနာ္"
"ဟုတ္ လာစတီဗင္"
ထပ္ပီးဇင္းလက္ဆြဲေခၚရာေနာက္ကိုစတီဗင္ပါသြားျပန္သည္။ဇင္းျခံထဲမွာနွစ္ေယာက္အတူခနေလာက္လမ္းေလ်ွာက္ပီး အလွျပဳလုပ္ထားတ႔ဲဒန္းေလးေပၚတြင္ႏွစ္ေယာက္သားထိုင္လိုက္ၾကသည္။
"မင္းကAlphaေနာ္"
စတီဗင္ကစတင္ေမးလာေတာ့...
"အင္း ကိုယ္ကalpha မင္းေလးကomegaေတာ့မျဖစ္ႏိုင္ဘူး"
"ဟုတ္တယ္ ငါကbeta"
"ကိုယ့္ကိုလက္ထပ္ဖို႔သေဘာတူတာ မင္းေလးမိဘေတတိုက္တြန္းလို႔လား"
"သူတို႔ကမတိုက္တြန္းပါဘူး ဒီတိုင္းပဲငါ့ကိုအသိေပးတာကိုငါမျငင္းျဖစ္တာပါ"
"ဘာလို႔လဲကိုယ္တို႔ကျမင္ေတာင္မျမင္ဖူးဘူးေလ"
"ငါသူတို႔စကားကိုငယ္ငယ္ထဲကနားေထာင္လာတာ သူတို႔ကငါ့အတြက္အေကာင္းဆံုးေတပဲလုပ္ေပးခဲ့တာေလ ခုကိစၥမွာလဲသူတို႔ေကာင္းမယ္ထင္လို႔စီစဥ္ၾကတာကိုငါကဘာလို႔ုျငင္းရမွာလဲ"
"ဟင့္ မမိုက္လိုက္တာ ဒါဆိုမင္ေလးကအခ်စ္မပါတဲ့အိမ္ေထာင္ေရးကိုလက္ခံေတာ့မွာေပါ့"
"အခ်စ္ပါသည္ျဖစ္ေစမပါသည္ျဖစ္ေစ ငါလက္ခံပီးသားအိမ္ေထာင္တစ္ခုကိုတည္ျမဲေအာင္ထိန္းသိမ္းမွာပါ"
"....."
"ငါမင္းအေၾကာင္းၾကားတယ္ မင္းရဲ႕အရင္အိမ္ေထာင္အေၾကာင္း"
"အင္း ကိုယ္ကအခ်စ္ေရးကံမေကာင္းခဲ့ဘူးေလ အိမ္ေထာင္က်တယ္သာေျပာတာပါ ကိုယ္တို႔ႏွစ္ေယာက္ကလက္ထပ္စာခ်ဳပ္မွာပဲႏွစ္ဦးသေဘာတူလက္မွတ္ထိုးခဲ့ၾကတာ အသိသက္ေသလဲမ႐ွိဘူးႏွစ္ေယာက္ထဲပဲ ပီးေတာ့ကိုယ္တို႔အတူတူလဲမေနခဲ့ၾကဘူးအမွတ္သားလဲမေပးခဲ့ၾကဘူး ၃လေလာက္ၾကာေတာ့သူ႔ပံုစံအစစ္ေပၚလာတယ္ေလ အဲ့တာနဲ႔ပဲသိပ္မၾကာဘူး တျခားသူေနာက္ပါသြားတာ"
"အခ်စ္နဲ႔လက္ထပ္တာရဲ႕ကြာျခားခ်က္ကိုသိလား"
"ဟင့္အင္း မသိဘူး"
"love is blind and marriage is eye-openerတဲ့"
"ဟင္?"
"အခ်စ္ေၾကာင့္စံုလံုးကန္းေနတဲ့သူေတကို လက္ထပ္ျခင္းကအလင္းျပန္ဖြင့္ေပးတာေလ စခ်စ္တုန္းကမျမင္ခဲ့တဲ့သူ႔ရဲ႕ေကာင္းျခင္းဆိုျခင္းေတကိုလက္ထပ္ပီးတဲ့ေနာက္အကုန္သိရတယ္ေလ"
"မင္းေလးကေတာ္လိုက္တာ ဘာလို႔မ်ားမင္းေလးကိုအရက္မေတြ႔ခဲ့ရတာပါလိမ့္"
ဇင္းရဲ႕စကားေၾကာင့္စတီဗင္ရဲ႕နားရြက္မ်ားရဲတက္သြားေတာ့သည္။
.............................။💜
စတီဗင္