နေသော်က မျက်လုံးများကိုစုံမှိတ်ထားကာ တစ်ယောက်သောသူကိုသာ တမ်းတမြဲ တမ်းတဆဲ...
ဝဏ္ဏ / အခုချက်ချင်းရပ်လိုက်စမ်း!!!
ဟိန်းထွက်လာသောအသံနက်ကြီးနဲ့ အတူ အားလုံးရဲ့ အကြည့်တွေက ထိုလူသားဆီကိုသာ...
ဝဏ္ဏ ထိုကောင်လေးနောက်လိုက်ရင်း
လမ်းကြားတစ်နေရာရောက်တော့
ကားဝင်လို့မရတာကြောင့် ခဏရပ်ထားခဲ့ပြီး
လမ်းကြားထဲဝင်ခဲ့ပေမဲ့ ထိုကောင်လေးက ဘယ်ရောက်သွားသည်မသိလိုက် *တော်တော်လျင်တဲ့ကောင်လေးပဲ*
ခဏလောက်ရပ်ကြည့်နေမိတုန်း
"ကယ်ကြပါ" ဆိုသည့်အသံလေးကြားလိုက်ရသည်မို့
ထိုအသံကြားရာနောက် လိုက်ခဲ့ပေမဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပြတ်ချင်စရာ
ထို့ကြောင့် ဝဏ္ဏစိတ်မထိန်းလိုက်နိုင်ပဲ အော်ဟစ်သောင်းကျန်းမိလေသည်။
ထိုအခါ ခုနက နှုတ်ခမ်းမွေးနဲ့လူကြီးက
" အဟက် ဘာထဖြစ်တာလဲ မင်းလဲ လိုချင်လို့လား ရပါတယ်ကွာ ဝေစားမျှစားပေါ့..."
ဝဏ္ဏ / မင်းစောက်ပေါက်ကို ပိတ်ထားလိုက်! !!
ဝဏ္ဏအပြောကြောင့် ထိုလူကြီးက လန့်သွားပြီး
ဒေါပွသွားသည့်ဟန်ဖြင့်...
"ကောင်းကောင်းပြောလို့မရဘူးပဲ ယျောင့်တွေ ချကွာ! !!"
သူကတော့ နေသော်က လက်ကိုမလွှတ်တမ်းဆွဲထားမြဲ...
ထိုအခါ လူ ၄ယောက်က ဝဏ္ဏကို တစ်ပြိုင်တည်း ဝင်လုံးတော့၏။
တိုက်ရည် ခိုက်ရည်ရှိသည့် ဝဏ္ဏအတွက်က
ထိုလူလေးယောက်ကို
ခဏအတွင်း မေ့လဲသွားစေ၏။
သိပ်မကြာလိုက် သော်ကလက်ကိုဆွဲထားသည့်
လူဘက်လှည့်လာပြီး...
ဝဏ္ဏ / မင်းရော ဘာဖြစ်ချင်လဲ ခြေကျိုးလက်ကျိုးလား သူတို့လို မေ့လဲသွားချင်လား
ထိုလူလဲ စိတ်တိုပြီး ခါးကြားထဲက ဓားမြောင်ကိုထုတ်လိုက်ကာ
သော်ကလည်ပင်ကို ထောက်လိုက်၏။ပြီးနောက်
"ရှေ့ ရှေ့ တိုးမလာနဲ့နော်...ငါ သူ့ကို တကယ် သတ်ပြစ်မှာ"
ဝဏ္ဏကတော့ စိတ်မလှုပ်ရှားစွာနဲ့ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆက်တိုးရင်း...
ဝဏ္ဏ / အဟက် သတ်ချင်သတ်ပြစ်လိုက်လေ
သူသေတာ ငါသေတာမှမဟုတ်တာ အနေသာကြီး...
ဝဏ္ဏ စကားကြောင့် နေသော်က မျက်လုံးပြူးရပါသည်။
နေသော်က / *ဘယ်နှယ့် ဒီလူက
လာကယ်တယ်လဲပြောသေးတယ်
သတ်ချင်သတ်ပြစ်လိုက်တဲ့
ဟိုက မူးမူးနဲ့ တကယ်လုပ်ရင် ကြားက ငါသေရဦးမယ်... *
ထို့သို့ညစ်ကျဲကျဲ တွေးမိနေတုန်း...
ထိုလူရဲ့ လျင်မြန်လွန်းတဲ့ လက်တွေက နှုတ်ခမ်းမွေးနဲ့ လူကို ဘယ်လို ဘယ်လိုလုပ်လိုက်သည်မသိ စားမြှောင်လဲ ပြုတ်ကျသွားကာ သူလဲ ထိုလူ့လက်မှလွတ်လာ၏။
ပြီးနောက် ထိုနှုတ်ခမ်းမွေးနဲ့လူကို လက်တစ်ဖက်ထဲနဲ့ ချုပ်ထားလိုက်တာများ အရုပ်ကိုင်ထားသည့်အလား...
ဝဏ္ဏ / ပြောစမ်း !!!
နောက်ခါ ဒီလိုအလုပ်တွေ လုပ်ဦးမလား ဟမ်! !!
နှုတ်ခမ်းမွေးနဲ့ လူ / မ မလုပ်တော့ပါဘူး ချမ်း ချမ်းသာပေးပါ...
ဝဏ္ဏ / နောက်ခါ ငါနဲ့ ထပ်မဆုံစေနဲ့ တောက်စ်! !!
ထိုသို့ပြောပြီး လွှတ်ပေးလိုက်တာနဲ့
တချိုးတည်းပြေးပါတော့သည်။
ဝဏ္ဏလဲ အင်္ကျီကို သေချာပြင်ဝတ်လိုက်ပြီး
ဝဏ္ဏ / မင်းထပ်ပြီး အဝါပြုတာခံချင်ရင် နေခဲ့.!!!
ဝဏ္ဏ ထိုသို့ပြောမှ ခပ်တည်တည်လေးဖြစ်နေတဲ့သူလဲ
အသိဝင်လာကာ...
နေသော်က / ဟို ဟို ကျွန်တော်အကိုနဲ့ လိုက်ခဲ့လို့မရဘူးလား
ဝဏ္ဏ / မင်းကိုဘယ်သူက မလိုက်နဲ့ပြောနေလို့လဲ လာခဲ့!!!
ထိုသို့ပြောကာ သူ့လက်ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားတဲ့လူနောက် နေသော်ကလဲ ရပ်ကန်ရပ်ကန်နဲ့ ပါတော်မူသွားလေသည်။
လမ်းကြားထဲက ထွက်တာနဲ့ ကားအနက်တစ်စီးဆီဦးတည်နေတဲ့
ထိုလူကြောင့် နေသော်က ခြေစုံရပ်နေမိပြန်သည်။
ထိုအခါ အဲ့လူက လှည့်ကြည့်လာပြီး...
ဝဏ္ဏ / ဘာဖြစ်ရပြန်တာလဲ! !!
နေသော်က / ဟို ဟို ခုနက ကျွန်တော့်နောက် လိုက်နေတာ
အကိုလား...
ဝဏ္ဏ မျက်မှောင်ကျုံ့ပြီး ခပ်တည်တည်နဲ့ ကြည့်လိုက်တော့
ကိုယ်ကို နှစ်ဆကျုံ့ထားသည့် ကောင်လေးက တကယ်ကြောက်နေသည့်ဟန်မို့...
ဝဏ္ဏ / ဟူးးး ဟုတ်တယ် ငါမင်းနောက် လိုက်လာတာ...
စားသောက်ဆိုင်မှာတုန်းကတည်းက မင်းကို သတိထားမိတာ...
ဝဏ္ဏ ထိုသို့ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့
ကြည့်လာတဲ့ ကောင်လေးကြောင့်
ဝဏ္ဏ / ဟင်းးးး ဟုတ်တယ် အကို မင်းကို အကူအညီပေးချင်လို့...
ထိုအခါ နေသော်က ဘက်က တဖန် မျက်မှောင်ကျုံ့သွားပြီး...
နေသော်က / နေပါဦး အကိုက ကျွန်တော့်ကို ကူညီချင်ရအောင် ကျွန်တော့်ကိုသိလို့လား...
နေသော်က အမေးကြောင့် ဝဏ္ဏ တစ်ယောက်
တိုင်ပတ်သွားလေသည်။
မသိဘူးဆိုရင်လဲ ဒီကောင်လေးက အကူအညီကို
လက်ခံမယ်မထင်
သိတယ်ဆိုရင်လဲ ယုံမှာမဟုတ်...
နေသော်က / ဒီလောက်ထိ ကူညီပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ
ဒါတို ခွင့်ပြုပါဦး...
ပြောပြီးလှည့်ထွက်သွားဖို့ပြင်နေတဲ့ ထိုကောင်လေးကြောင့်
ဝဏ္ဏ / မင်းဒီလိုအချိန်ကြီး တစ်ယောက်တည်းလျောက်သွားရဲလို့လား ခုနကလိုကာင်တွေနဲ့ ထပ်တွေ့ရင်ဘယ်လိုလုပ်မလဲ...
နေသော်က / ကျွန်တော် လူပြတ်တဲ့ နေရာကို ထပ်သွားမှာမဟုတ်တော့ဘူး
သူ့ကိုတောင်လှည့်မကြည့်ပဲ ပြန်ဖြေနေတဲ့ကောက်လေးက
တကယ်ကို အကူအညီမယူလိုဟန်...
ဝဏ္ဏ လဲ ကြံရာမရတဲ့အဆုံး...
ဝဏ္ဏ / ငါ ငါဒဏ်ရာရထားတယ်...
ထိုသို့ပြောတော့ လှည့်ကြည့်လာတဲ့ကောက်လေးရဲ့မျက်ဝန်းတွေက မဖြစ်နိုင်တာဆိုတဲ့ အကြည့်မျိုးနဲ့...
ဝဏ္ဏ / တကယ်ပြောနေတာ...ဒီမှာကြည့်...
သူပြတဲ့နေရာကိုကြည့်လိုက်တော့...
တကယ်ပဲ ဓားဒဏ်ရာမို့
နေသော်က လန့်သွားကာ
နေသော်က / တကယ် တကယ်ကြီးလား...
အနားကိုအပြေးရောက်လာပြီးပြူးတူးပြဲတဲနဲ့ လက်ဖျံနားက ဒဏ်ရာကို လာထိကိုင်လာတဲ့ လက်နုနုနွေးနွေးလေးကြောင့်
ဝဏ္ဏ ရင်ထဲ နွေးထွေးသွားရပြန်သည်။
ဝဏ္ဏ / ဟုတ်ပါတယ်ဆို...
နေသော်က / အဲ့ဆို ဘာလို့ခုနက ဘာမှမဖြစ်သလို နေ,နေတာလဲ
ဝဏ္ဏ / ခုနက သွေးပူနေတုန်းမို့ မနာတာ အခုကနာနေပြီ
နေသော်က / ကျစ်!!! များမယ်ထင်တယ်
သွေးတွေအရမ်းထွက်နေပြီ
ဆေးခန်းအရင်သွားကြမယ်
ဝဏ္ဏလဲလက်ခံလိုက်ကာ ကားမောင်သူနေရာမှာဝင်ထိုင်တော့
မီးမျက်စောင်းလေးနဲ့ထိုးလာသည်။
ဝဏ္ဏကမေးစပ်ပြကာ ဘာလဲလို့မေးတော့
ထိုအကောင်ပေါက်က " သူမောင်းမယ် ဖယ် "ဆိုပဲ...
ကားမောင်းတော့လဲ မျက်မှောင်လေးကျုံ့ထားကာ
တည်တည်ငြိမ်ငြိမ်လေးမောင်းနေသည်မို့
ဒီကောင်လေး တကယ်ပဲကားမောင်းတက်တယ်ဆိုတာ
ယုံလိုက်မိတော့သည်။
ဆေးခန်းမှာ တစ်နာရီလောက်ကြာသွားပြီး...
ဝဏ္ဏနေတဲ့ တိုက်ခန်းကို ရောက်လာတော့ ထိုကောင်လေးက
သေချာဂရုစိုက်ရှာတာမို့ ဝဏ္ဏတစ်ယောက် သူလေးမသိအောင် ပြုံးနေမိပါသေးသည်။
သူ့အတွက် ထိုဒဏ်ရာလောက်က စာမဖွဲ့လိုပေမဲ့
ဒီကောင်လေးကိုတော့ အနားရောက်အောင်
ဆွဲခေါ်နိုင်ခဲ့သည်မဟုတ်လား...
❇❇❇❇❇❇❇❇✳❇❇❇❇❇❇❇❇❇❇❇❇❇❇❇