Unicode..။
မော့ရဲ့အံသြခြင်းမှာ ဘာကြောင့်မှန်းမသိပျော်ရွင်မှု့တစ်စွန်းတစ်စပါနေသလိုဖြစ်နေမှန်း မော့တစ်ယောက်သိပါလေစ။
ဘွားရဲ့စကားကြောင့် ယောက်ကျားစစ်စစ်ဟုကြွေးကြော်တတ်တဲ့ မော့ စိတ်ဆိုးရမယ့်အစား အနည်းငယ်ပင်ရှက်မိသွားသည်။ မော့ ဟာ သူငယ်ချင်းဖြစ်သူနေစေးရဲ့ထိုသို့အကြောင်းတွေကိုတပ်အပ်မသိသော်ငြားရိပ်မိနေခဲ့ပြီဖြစ်လို့ ဒီကိစ္စကိုစိတ်ထဲမရှိပေ။ သို့သော် သူ့နံဘေးမှာအမြဲတမ်းအရိပ်လိုရှိနေတတ်တဲ့ ဘွားကိုတော့ တစ်ဦးတစ်ယောက်နဲ့လွဲမှားကာအထင်လွဲ၍အူတိုနေမိသည်မှာ ဘာကြောင့်မှန်း မော့ကိုယ်တိုင်စမ်းစစ်နေမိသည်။
တုန့်ပြန်မှု့မရှိ တတ်ဆိတ်နေတဲ့ မော့ကြောင့်ဘွားအနည်းငယ် စိတ်မသက်မသာဖြစ်လာသည်။သူ့ရဲ့ယုံကြည်ချက်တွေက မော့ဆီကလာတာဆိုပေမယ့် မော့ သာငြင်းပယ်လိုက်ရင်.....။
ထို့ကြောင့် ဘွား မော့မျက်နှာကိုလက်နှင့်ပင့်တင်၍ သူ့ကိုကြည့်စေကာ။
" မော့ မင်းစိတ်ဆိုးသွားတာလား ဒါမှမဟုတ်
.. မင်းကျုပ်ကိုအထင်သေးသွားတာလား "
မဝင့်မရဲပြောလာတဲ့ ဘွားရဲ့အသံသြသြတို့ကဆွဲဆောင်မှု့အပြည့်။
" ကျုပ်မင်းကိုအထင်သေးတယ်ဆိုရင် ဒါက နေစေးတို့ကိုပါသက်ရောက်တဲ့သဘောမဟုတ်လား "
" ဒါက...... မင်းတကယ် "
" ငါမင်းကိုစိတ်မဆိုးသလို အထင်လည်းမသေးပါဘူး။ လူတစ်ယောက်ကိုချစ်တဲ့နေရာမှာ ဘယ်သူမှ ချစ်ရမယ်.. ဘယ်ဖြစ်တည်မှု့နဲ့ဆိုမှ ချစ်ရမယ်လို့ကန့်သတ်ထားတာမှမဟုတ်တာ။ ငါမင်းတို့ကိုနားလည်ပါတယ် "
အပြုံးလေးနဲ့ချစ်ခြင်းသဘောတရားကိုနားလည်ကြောင်းပြောပြနေတဲ့မော့ဟာ ဘွား သူ့ကိုလှည့်ပတ်၍ဖွင့်ပြောထားခြင်းကိုရှောင်လွဲနေတာသိသာနေ၏။
မော့ စိတ်ထဲမှာရှိတဲ့အဖြေကိုကြားလိုက်ရတဲ့ ဘွား ဟာ သူ့အတွက် မျှော်လင့်ချက်လမ်းစရှိလာသလိုခံစားရပြီး သူသည်လည်းမျက်နှာထက်မထိပြုံးပြုံးနေခဲ့သည်။ သို့သော် မေးခွန်းကိုရှောင်လွဲဖို့ကြိုးစားနေတဲ့ ကောင်ဆိုးလေးကိုတော့ ခွင့်မပြုပေ။
ဘွား ရုတ်တရက် မော့ လက်ဖဝါးကိုနူးညံ့ကာကိုင်ပြီး မျက်ဝန်းတစ်စုံကိုစေ့စေ့ကြည့်လိုက်ချိန် အကြည့်ချင်းစုံရာကနေ မော့ မှင်သက်နေသည်။
" အဲ့တာဆို ကျုပ်ကိုအဖြေပေးတော့ "
" ဟမ်? "
" ဟုတ်တယ် ကျုပ်မင်းလေးကိုသဘောကျတယ်လို့ပြောပြီးပြီရော်။ မင်းဘက်ကရော ဘယ်လိုသဘောရလဲ "
" အဲ့တာက ဘာဆိုင်..."
" နေဦး "
ဘွား မော့နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်ကာ။
" မော့.. ကျုပ်မင်းကို ဒီတစ်ခါ တကယ်လေးလေးနက်နက်ပြောချင်တယ် "
ဘွား ရဲ့လေးနက်တဲ့စကားအစချီပုံကြောင့် မော့ ရင်ထဲနှလုံးခုန်နှုန်းတွေမြန်ဆန်လာ၏။
" မင်းနဲ့ကျုပ်က ငယ်ငယ်ကတည်းကအခုချိန်ထိအတူတူကြီးပြင်းလာခဲ့တာ..မင်းအပေါ်မှာ ကျုပ်မေတ္တာရှိတာထက်ပိုတဲ့ သံယောဇဥ်တွေပြောမကုန်ပါဘူးကွာ။ မင်းကိုမေတ္တာရှိတဲ့အကြောင်းပြောဖို့အတွက် ကျုပ်ဘယ်လောက်ထိသတ္တိမွေးခဲ့ရလည်း ကိုယ်တိုင်သာသိတယ်..ပြီးတော့ "
ပြောလက်စရပ်ပြီး အားငယ်တဲ့မျက်နှာမျိုးဖြစ်သွားတဲ့ ဘွား ကြောင့် မော့ စကားဝင်ထောက်၏။
" ပြီးတော့ ဘာဖြစ်လဲ "
" ကျုပ်မင်းမုန်းမှာကြောက်တယ် "
" ......... "
" ကျုပ်တို့ရဲ့ပက်သတ်မှု့ကသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်လို့ အကယ်၍ မင်းသာကျုပ်ကိုမုန်းလိုက်မယ်.. ငြင်းလိုက်မယ်ဆို ကျုပ်ခံစားနိုင်မှာမဟုတ်ဘူး "
ဘွားရဲ့ကလေးဆန်ဆန်အပီချုပ်တဲ့အကွက်ကြောင့် ဘာရယ်မဟုတ် မော့ ပြုံးရယ်မိသွားသည်။ ဘွားာက လူအေးကြီးသာပြောတာ တစ်စုံတစ်ယောက်ကိုဖွင့်ပြောတဲ့အခါ အဲ့လောက်အပြောချိုတတ်မှန်းမသိခဲ့ဘူး။ အဲ့လိုတွေးမိတော့ ဖွင့်ပြောခံရတဲ့လူနေရာမှာ မော့ မဟုတ်ပဲတစ်ခြားတစ်ယောက်ယောက်ဆိုရင်....။
အဲ့အတွေးနဲ့တင် မော့ ရင်ကိုပူလောင်လာစေသည်။
" မင်းစကားတတ်မှန်းအစကမသိခဲ့ဘူး "
" ကျုပ် မင်းတစ်ယောက်တည်းကိုပဲပြောတာပါ "
မော့ က ဘွား နဲ့ တည့်တည့်ရပ်အနေအထားကိုပြင်ယူပြီးနောက် မျက်နှာတည်တင်းစွာနဲ့ပဲ ဘွားကိုကြည့်ကာ။
" ကျုပ်က ယောက်ကျားချင်းသဘောကျတတ်သူမဟုတ်ဘူးဘွား "
" .......!! "
သွားပြီ။ မော့ သူ့ကိုလုံးဝငြင်းပစ်လိုက်ပြီပဲ။ သူဘာဆက်လုပ်ရမလဲ!!..။
မော့ ဆက်ပြောလာ၏။
" ဒါပေမယ့်...."
ဘွား သည် မော့ ပြောလာမယ့်စကားတို့ကိုအမိန့်တစ်ခုအလား နားစိုက်ထောင်ရှာ၏။
" ဒါပေမယ့် ဖွင့်ပြောလာတဲ့သူက မင်းဖြစ်နေလို့ ကျုပ်လက်ခံလိုက်မယ် "
" ..... ဘာပြောလိုက်တယ်..ကျုပ်နားကြားမှားတာလား "
" မကြားလိုက်ဘူးလား အဲ့တာဆိုလည်းနေပါစေတော့လေ "
အဲ့တော့မှ ဘွားတစ်ယောက်ပြာပြာသလဲနဲ့။
" မဟုတ်ဘူး ကြားလိုက်တယ်.. ကျုပ်ရှင်းရှင်းလင်းလင်းနဲ့ကိုကြားလိုက်တာ။ မင်း.. မင်းတကယ်ပြောတာနော်..ကျုပ်... ကျုပ်ကိုလက်ခံတယ်ဆိုတာလေ "
" အင်း "
" ဟာ.... ဝမ်း..ဝမ်းသာလိုက်တာကွာ.."
ဝမ်းသာလွန်းတဲ့ ဘွားတစ်ယောက် မော့ကိုတင်းတင်းပွေ့ဖက်ထားလိုက်သည်။ ရုတ်တရက် မော့ လန့်သွားပေမယ့် တဖက်လူပျော်ရွင်နေတာတွေ့တော့ သူလည်းပဲ ပြန်၍ပွေ့ဖက်ပေးထားလိုက်သည်။
" ကျုပ်သိပ်ဝမ်းသာတာပဲ မော့ရယ် "
" ကျုပ်တွေ့ပါတယ် "
ကျုပ်တွေ့ပါတယ် မင်းဘယ်လောက်ထိပျော်ရွင်နေလဲဆိုတာ။ တစ်ရက်တစ်ရက်ဖြစ်လာတဲ့ မင်းအပေါ်ပိုင်ဆိုင်ချင်မိတာတွေ၊ သဝန်တိုတာတွေ၊ ငါကလွဲပြီး တခြားလူဂရုစိုက်တာကိုမကြိုက်တာတွေကိုငါအကြိမ်ကြိမ်စဥ်းစားခဲ့ပြီးပြီ။ ဖွင့်ပြောရမှာ သတ္တိနည်းတဲ့သူမို့ နှုတ်ဆိတ်ခြင်းကအနိုင်ယူနေခဲ့တာပါ။
မင်းဘက်က ခြေလှမ်းစတင်နေမှတော့ ငါ့ဘက်က ဘာမလှမ်းရဲစရာရှိသလဲလေ။
* ကျုပ်လည်းမင်းကိုမေတ္တာရှိတယ် ဆိုတာသိထားပေးစမ်းပါ *
ထိုသို့နှင့် ဘွား နဲ့ မော့ တစ်ယောက်ကိုတစ်ယောက်နားလည်မှု့ရှိစွာနဲ့ပင် သူတို့နှစ်ယောက်လုံးမကျော်ဖြတ်နိုင်ဘူးလို့ထင်ခဲ့ကြတဲ့ ချစ်ခြင်းတံတိုင်းကြီးကို ရဲဝံ့စွာနဲ့ဖြတ်ကျော်နိုင်ခဲ့လေပြီ။
_______________________________________
ခက်ခဲခဲ့တဲ့ နေ့ရက်တွေကိုကျော်လွန်ပြီးတဲ့နောက်
နေ့ရက်တိုင်းကအေးချမ်းစွာပင် ထုံးစံအတိုင်းပြောင်းလဲမှု့မရှိဖြတ်သန်းနေသလို နေစေး နဲ့ ခွန်စိုင်းရဲ့ချစ်ခြင်းတွေလည်းစတိုးလို့သာ လာပါသည်။ အခုဆို ခွန်စိုင်းအနားကခွာရမှာကြောက်တတ်လာတဲ့ နေစေးဟာ တပ်စောင့်ဂိတ်တွေကိုစစ်ဆေးရာမှာတောင်မသွားချင်ဖြစ်လာတတ်သည်။ အဲ့လိုတွန့်ဆုတ်တိုင်း တိုက်တွန်းရသူမှာ ခွန်စိုင်းဖြစ်လေသည်။
" ဒီတစ်ခါတော့ ကိုယ်မလိုက်တော့ဘူးလေ။ ကိုယ်ရေးထားတဲ့စာမူတွေလည်းလက်စသတ်စရာလေးရှိနေတယ် အဲ့တာကြောင့်ပါ။ဘာပဲဖြစ်ဖြစ် ခဏလောက်လေးသွားစစ်ဆေးပြီးပြန်ခဲ့ရမှာကို "
" အဲ့တာကြောင့်ပြောတာပေါ့ ခဏလေးပဲလို့ စိုင်းဟွမ်လည်းလိုက်ခဲ့ချည်လေကွာ..မဟုတ်ရင် ကျုပ်နောက်ဆံတင်းတယ် "
" တကယ်ပြောတာ ကိုယ်ဂတိပေးတယ် အိမ်ထဲကနေ ဘယ်မှမသွားဘူး မင်းပြန်လာတာနဲ့ ကိုယ်ရှိနေစေရမယ် အိုကေလား။ လိမ်မာနော်အက်ဒွက် "
ပိုသည်ပဲပြောပြော နေစေးကတော့ ခွန်စိုင်းကိုစိတ်မချဖြစ်နေမိသည်။ နေစေးလစ်တာနဲ့လုပ်ချင်ရာလုပ်တတ်တဲ့ လူကြီးလေးက အခုလိုနေစေးမရှိရင် လျှောက်သွားဆော့နေမှာ တောထဲကိုကလေးတွေနဲ့လိုက်သွားနေမှာစိုးတယ်။ ခဏခဏအထိခိုက်ဖြစ်နေတတ်တဲ့ လူကြီးလေးမို့ နေစေးမှာ အရိပ်တကြည့်ကြည့်နှင့်ပင် ။
" ကောင်းပြီ။ အဲ့တာဆို ကျုပ်စိတ်ချမယ်နော်။ "
" စိတ်ချ "
" ဒေါ်လေးတို့နှစ်ယောက် သူ့ကိုကြည့်ထားပေး။ ကျုပ်ပြန်မလာမချင်း အိမ်ကကောင်တွေနဲ့အပြင်လျှောက်မဆော့စေနဲ့ချည် "
" အေးပါကွယ်..မင့်နှယ် လူလေးက ကလေးမှမဟုတ်တာ စိတ်ပူရန်ကော "
အကဲပိုနေတဲ့စောနေစေးအား နောက်ဖေးကဒေါ်လေးနှစ်ယောက်ကမျက်စောင်းခဲကာ ပြောရင်းပြုံးနေကြသည်။
အတန်တန်မှာထားပြီးအဆုံး အယ်ထူး နဲ့အတူနေစေးစခန်းဘက်ဆီမြင်းဒုန်းဆိုင်းစီးကားထွက်သွားတော့သည်။ ထိုမှသာ ဒေါ်လေးနှစ်ယောက်နဲ့ ခွန်စိုင်း ပြုံးရယ်ရင်း သက်ပြင်းချကြတော့သည်။
" ကဲ လူလေး အပေါ်မှာသွားနားနေချည် ဒေါ်လေးထမင်းစားခါနီးလှမ်းအော်လိုက်မယ် "
" ဟုတ်ကဲ့ဒေါ်လေး "
ဒီနေ့ နေစေး ဂိတ်စောင့်တပ်ဆီသွားတာအပြန်ညနေခင်းစောင်းမှာမို့ ခွန်စိုင်းလည်းလုပ်စရာရှိတာလုပ်နေလိုက်သည်။ နည်းနည်းနေမြင့်တဲ့အခါ ပြတင်းပေါက်မှာ ခွန်စိုင်းထိုင်နေတုန်း ဝတ်ကောင်းစားလှဝတ်ထားသူ အပျို၊လူပျိုများပြုံးရယ်ကာ လှည်းတစ်စီးပြီးတစ်စီးထွက်သွားတာကြောင့် ပွဲတစ်ခုခုများရှိသလားလို့ ခွန်စိုင်းတွေးနေမိသည်။
ထိုစဥ် အိမ်ကငဒူးနဲ့ချွန်းဖု တို့နှစ်ယောက်ခြံထဲဝင်လာတာတွေ့တော့ ခွန်စိုင်းလှမ်းခေါ်ကာမေးကြည့်လိုက်သည်။ ငဒူးနဲ့ ချွန်းဖု က ခွန်စိုင်းဆိုသိပ်ခင်တွယ်တဲ့ကောင်လေးတွေမို့ ပြုံးရွင်ကာပင်စကားစမြည်ပြောကြသည်။
" ဒီရက်တွေမြို့ပေါ်သွားတဲ့သူတွေများသား ရွာမှာပွဲတော်ရက်ရှိလို့လား "
ထိုအခါ ချွန်းဖုကအားတတ်သရောနှင့်ပင်။
" ရှိတာပေါ့နောင်ကြီးရ။ နောင်ကြီးမေ့နေတယ်ထင်တယ် နောက်နှစ်ရက်ဆို အပျိုလူပျိုများနေ့လေဗျာ။ ဟဲဟဲ ကျုပ်တောင် ကျုပ်သဘောကျနေတဲ့ လုံမပျိုကိုမေတ္တာရှိကြောင်းသွားပြောမလို့ဗျ "
ချွန်းဖု ထိုသို့ပြောတော့ ငဒူး က တိုးတိုးရေရွတ်လိုက်သည်။ * နှာဗူးကောင် တဲ့ *
ခွန်စိုင်း ကလေးနှစ်ယောက်ကိုကြည့်ပြီးပြုံးရယ်ကာပင်
ထိုပွဲတော်ရက်ကိုသတိရသွားသည်။ ဟုတ်သား သူဒီကိုရောက်တာလဲအတော်ကြာပြီးပဲလေ။ ရုတ်တရက်ဆိုသလို ခွန်စိုင်းတစ်စုံတစ်ခုကိုအတွေးပေါက်ကာ မျက်နှာထက်ပြုံးပျော်ကာ စိတ်လှုပ်ရှားတဲ့မျက်နှာမျိုးဖြစ်သွားခဲ့သည်။
* သူတောင် ရင်ဆိုင်ရဲရင် ကိုယ်ကဘာလို့ရှေ့ဆက်လျှောက်ဖို့လမ်းမဖောက်ရဲရမှာလဲ *
--------
( နှစ်ရက်ခန့်ကြာသော်)
ဒီညနေရဲ့အလှအပဟာ ပုံမှန်ညနေခင်းတွေထက်ပင်ပို၍စည်ကားသလို မီးအလင်းရောင်သည်လည်း လင်းလင်းထင်းထင်းရှိပြီး အိမ်တိုင်းရှိလူအများအပြားပျော်ရွင်လို့နေတာကိုမြင်ရသည်။ ဒီလိုပွဲတော်ရက်ရောက်တဲ့ရက်တိုင်းမှာ ရွာရဲ့ဓလေ့တစ်ခုလို့ပြောရလောက်အောင် အားလုံးဟာ သူတို့နှင့်သက်ဆိုင်တယ်ယူဆထားခြင်းကြောင့် ခိုက်ရန်ဖြစ်ပွားခြင်းမရှိ ပျော်ရွင်မှု့သာရှိ၏။
ဒီနေ့လည်း နေစေး က အလုပ်ကိစ္စရှိတာကြောင့် နောက်ကျမယ်ပြောပြီး ခွန်စိုင်းကိုဘယ်မှမသွားစေဖို့အတန်တန်မှာကာ ထွက်သွားတော့သည်။ နေစေးသွားတာနဲ့ အောက်ထပ်က ဒေါ်လေးနှစ်ယောက်နဲ့ ကလေးနှစ်ယောက်က ခွန်စိုင်းကို မျက်စပစ်ကာ ပြုံးရယ်ပြီးအချက်ပြလာ၏။
ခွန်စိုင်းအတွက် ဒီနေ့ဟာ သူ့ဘဝမှာ အပျော်ရွင်ဆုံးနေ့ရက်လေးဖြစ်ပါစေ လို့ အတွေးနဲ့ ထူးခြားတဲ့နေ့လေးလဲဖြစ်တာကြောင့် ခွန်စိုင်းအပါအဝင် ငဒူးနဲ့ချွန်းဖု ရော ဒေါ်လေးနှစ်ယောက်ပါ အိမ်ရဲ့ခြံဝင်းတစ်ခုလုံးကိုတောထဲကပန်းတစ်ချို့ခူးယူ၍အလှဆင်နေခဲ့သည်။ ဒါ့အပြင် ပုံမှန်က မီးတုတ်နှစ်ခုထွန်းပေမယ့် ဒီနေ့မှာတော့ အိမ်မီးတွေအပြင် လမ်းမီးတုတ်တွေပါပိုမို၍ထွန်းထားရအောင်အသင့်ပြင်ထားပြီး အိမ်ရဲ့အလှကိုပေါ်လွင်စေခဲ့သည်။ ပြောရရင် အိမ်မှာနေ့ထူးနေ့မြတ်ရှိသကဲ့သို့အလှဆင်ယဥ်နေခဲ့သည်။
ခွန်စိုင်းတို့အားလုံးလုပ်ကိုင်နေကြချိန် မြောက်ဘက်ပိုင်းသွားတဲ့ အဖ ပြန်ရောက်လာခဲ့သည်။ အဖ ဟာ အိမ်ရဲ့ထူးခြားတဲ့ပုံစံကိုကြည့်ပြီးထူးဆန်းနေခဲ့သည်။
" ဟဲ့ အဆိုင်း ဘာတွေလုပ်နေတာတုန်း အိမ်မယ်တစ်ခုခုကိစ္စရှိလို့လား "
ထိုအခါ ဒေါ်လေးအဆိုင်းက ထ မပြောခင် ခွန်စိုင်းက..။
" ဒီလိုပါ အဖ "
ခွန်စိုင်း တို့စကားပြောပြီးသည်နှင့် အချိန်က ညနေ နေဝင်ချိန်ရောက်လာ၍အနည်းငယ်ပင်မှောင်ရီလာနေပြီ။ အိမ်ရဲ့အပြင်အဆင်တွေပြင်ဆင်ပြီးမကြာခင်မှာပဲ မြင်းခွားသံကြားလိုက်ရသည်။ တဖက်မှာတော့ တသ်စုံတစ်ခုကိုပဲအာရုံစိုက်တတ်တဲ့ ခွန်စိုင်းဟာ နေစေး သူ့နောက်မှာရပ်နေသည့်တိုင် သူ့မှာမသိသေးပေ။
နေစေးသည် ဒီနေ့ ပွဲတော်ရက်ရှိတယ်ဆိုတာသိသည်။ သို့သော် ဒီလိုရက်ဟာနေစေးအတွက် ထူးမခြားနားပင်။ ဒါ့အပြင် အခုလက်ရှိနေစေးဟာသက်ဆိုင်သူရှိနေပြီးတာမို့ ဒီလိုပွဲမျိုးသွားတဲ့အခါ သူ၏သက်ဆိုင်သူလက်ကိုသာတွဲ၍သွားလာဖို့ပဲမျှော်လင့်နေခဲ့သည်။ ခြံအပြင်ကနေကြည့်လိုက်ရင်တောင် သိပ်လှပနေတဲ့ ဤအိမ်ဟာနေစေးကြီးပြင်းလာတဲ့အိမ်မှဟုတ်ရဲ့လားလို့ သံသယရှိနေ၏ နေစေး ဘဝတစ်သက်တာလုံးမှာ အိမ်အားထိုသို့လှပပြီး ထူးခြားတဲ့ပုံစံမျိုးလေးဆင်ယဥ်ထားခြင်းကိုတစ်ခူဖူးမှမလုပ်ခဲ့ပေ။ နေစေး ခြံထဲဝင်ဝင်ချင်းမှာမြင်လိုက်ရတဲ့ ချစ်ရသူကြောင့် နေစေးကြည့်ရင်းကြည်နူးရသည်။ ဒီလူကြီးလေးရောက်လာပြီးနောက်ပိုင်း နေစေးရဲ့ဘဝအရာရာပြောင်းလဲသွားခဲ့ပြီလေ ဒီအိမ်ပြောင်းလဲတာလောက်တော့ပြောမနေတော့ပါဘူး။
နေစေး က ခွန်စိုင်းသတိမထားမိချိန်မှာ သူ့အနားသို့ခြေတလှမ်းချင်းလျှောက်လာနေခဲ့သည်။ အဲ့အချိန်မှာ ခုံမြင့်ပေါ်တတ်ပြီး သစ်ပင်ကိုင်းကိုအလှဆင်နေတဲ့ ခွန်စိုင်းဟာ လှုပ်လှုပ်ယဲ့ယဲ့နဲ့ပြုတ်ကျတော့မှာကိုမြင်တော့ နေစေးအပြေးတစ်ပိုင်းသွားကာ ခွန်စိုင်း ခါးကိုပွေ့လျှက် စိုးရိမ်သွားရသည်။
" ကိုယ့်ကိုကိုယ်ဂရုစိုက်မှပေါ့ "
" အက်ဒွက်ပြန်လာပြီ "
" အင်း "
" ဘယ်လိုလုပ်မမှီတာကိုအတင်းတတ်နေသလဲစိုင်းဟွမ်။ ချော်လဲရင် ဘယ့်နှယ့်လုပ်မလဲ "
ဆူပူသလိုလေးပြောတဲ့ နေစေးကြောင့် ခွန်စိုင်းစိတ်ထဲလုံခြုံနွေးထွေးလာကာ သူ့လက်နှစ်ဖက်နဲ့ နေစေးမျက်နှာကိုဆွဲယူ၍ပါးပြင်ကိုအနမ်းပေးလိုက်သည်။
" ကိုယ့်ကိုဆူနေတာလား "
ရုတ်တရက်ကြီး အနမ်းပေးခံလိုက်ရတဲ့ နေစေးတစ်ယောက်အံသြရင်း ချစ်စရာကောင်းတဲ့ သူ့ရဲ့မြတ်နိုးရာလေးကိုသာကြည့်နေမိသည်။
" မဆူရက်ပါဘူးဗျာ။ ကျုပ်က ခင်ဗျားလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပါ "
" အင်းပါ ကိုယ့်ကိုအောက်ချပေးဦး "
အဲ့တော့မှ နေစေး ခွန်စိုင်းကိုအောက်မချပေးချင်ပဲချပေးလိုက်ရသည်။ ပြီးနောက် ခြံဝင်းတစ်ခုလုံးကိုကြည့်ကာ။
" ဘာတွေပြင်ဆင်နေတာတုန်း "
" ကိုယ်မင်းအတွက်အံအားသင့်စရာလေးတစ်ခုပြင်ဆင်ထားတယ် "
" ...ဘာများလဲ "
နေစေးရဲ့အမေးကို ခွန်စိုင်းက ခပ်ပြုံးပြုံးနဲ့ပင် မဖြေပဲ။
" ကိုယ်တစ်ခုလောက်မေးလို့ရမလား "
မီးတုတ်ရဲ့အလင်းရောင်ဟာ တောက်ပတဲ့မျက်ဝန်းလေးဆီရောင်ပြန်နေသည့်အလား လှပစွာ နေစေးကိုကြည့်နေပုံက အသည်းယားဖွယ်။ နေစေး ခွန်စိုင်းရဲ့ခါးကိုလက်တစ်ခက်နဲ့ဖက်ကာ သူ့အနားတိုးကပ်စေပြီးနောက် ကျန်လက်တဖက်က ခွန်စိုင်းနှဖူးနားကချွေးစက်လေးတွေသုတ်ပေးနေ၏။
" ကြိုက်တာမေး "
" ကိုယ်က..မင်းမသိအောင်တစ်စုံတစ်ခုလုပ်ထားတယ်ဆိုရင် မင်းသိသွားတဲ့အခါ ကိုယ့်ကိုစိတ်ဆိုးမှာလားဟင် "
ခွန်စိုင်းစကားကြောင့် ချွေးစလေးတွေသုတ်ပေးနေတဲ့ နေစေးလက်တဖက်ရပ်တန်းကာ အကဲခတ်တဲ့အကြည့်တို့နဲ့ ခွန်စိုင်းကိုကြည့်လာ၏ ထို့နောက် တည်ငြိမ်တဲ့အသံနှင့်ပင်။
" ကျုပ်ကိုခွဲသွားမယ့်ကိစ္စမျိုးကလွဲရင် ကျန်တဲ့ကိစ္စ ဘယ်အရာမဆို ခင်ဗျားလေးလုပ်ပိုင်ခွင့်ရှိတယ်။ ကျုပ်က ကျုပ်ဧည့်သည်လေးကို ဘယ်တော့မှစိတ်ဆိုးမှာမဟုတ်ဘူး "
" အိုကေ..ဒါဆို ကိုယ်အဲ့လိုပဲမှတ်ထားလိုက်မယ်နော် "
ထိုသို့ပြောရင်းခွန်စိုင်းကမျက်စိတစ်ဖက်မှိတ်ပြလိုက်ပုံက နေစေးအားတမင်ဆွဲဆောင်နေသကဲ့သို့ နေစေး အသည်းထဲယားကျိကျိဖြစ်သွား၏။ ဒီလူကြီးလေး လူကိုဘယ်လိုသတ်ရမလဲသိသည်။
" ဒါနဲ့ ဘာကိစ္စလဲကျုပ်ကိုမပြောသေးဘူးနော် "
" ဒါက လျှို့ဝှက်ချက်.. "
" ကောင်းပြီ။ ကျုပ်စောင့်နေမယ်။ "
" အင်း ။ အခုရေသွားချိုးတော့ချည်။ "
" ခင်ဗျားလေးကရော မချိုးသေးဘူးလား "
" ကိုယ်ဒါလေးပြီးရင် ချိုးမယ် "
နေစေးက ခွန်စိုင်းသူကိုယ်တိုင်လုပ်ချင်တာမှန်သမျှ အန္တာရယ်မရှိသ၍ကန့်ကွက်တာမျိုးမရှိဘူး။ ခွန်စိုင်းစကားနားထောင်၍ ရေချိုးဖို့သွားရန်ခြေလှမ်းပြင်ပြီးမှ နောက်ပြန်လှည့်လာကာ။
" ပြွတ်.."
" ဟာ.. "
" ကျုပ်ရဲ့အမောပြေလေး "
နေစေးသည် ခွန်စိုင်းလက်မောင်းကိုလှမ်းဆွဲ၍ နှုတ်ခမ်းတစ်စုံကို ငုံစုပ်ပြီးနမ်းလိုက်တာကြောင့် ခွန်စိုင်းရှက်သွားရသည်။ ဒီလူဆိုးကောင်က ဘယ်တော့မဆိုအရမ်းရမ်းပဲ။ ခွန်စိုင်းသူ့နှုတ်ခမ်းလေးကိုလက်နဲ့အုပ်ကိုင်ပြီး မျက်နှာလေးနီရဲလျှက် ပြုံး၍ကျန်နေခဲ့သည်။
နေစေးအပြင်ကပြန်ရောက်ကတည်းက ညစာစားပြီးချိန်ထိ အိမ်ရှိလူကြီးတွေရဲ့မျက်နှာမှာခန့်မှန်းရခက်တဲ့အပြုံးတို့ရှိနေကြသည်။ ဒါ့အပြင် နေစေး ရေချိုးပြီးချိန်မှာ ခွန်စိုင်းဟာ နေစေးအတွက်တကူးတက အကျီလက်ရှည်နှင့်ရိုးရာချည်ထည်ပုဆိုးကိုထုတ်ပေးပြီးဝတ်ခိုင်းခဲ့သည်။ ဘာကြောင့်မှန်းမသိ နေစေးဝတ်ခဲ့ပေမယ့် တကယ်တမ်းမှာ ထိုဝတ်စုံဟာ ခွန်စိုင်းနဲ့ဆင်တူဖြစ်နေတာကြောင့် နေစေးမှာပျော်နေခဲ့ရသေးသည်။
ဒီနေ့ည အိမ်ရဲ့လှလှပပပြင်ဆင်မှု့ကြောင့် ရွာရှိအိမ်နီးနားချင်းတစ်ချို့လည်း နေစေးအိမ်ကိုကွက်ကြည့်ကွက်ကြည့်လုပ်ကြသော် ဘယ်သူမှတော့မစပ်စုရဲချေ။ အဖ အပါအဝင်အိမ်မှာရှိတဲ့ အမျိုးမျိုးထူးဆန်းနေတဲ့ လူကြီးတွေကြောင့် နေစေးသည်သူအိမ်မှာမရှိချိန် ကိစ္စတစ်ခုခုရှိခဲ့သလားမပြောတတ်ပေ။ ထိုသို့တွေးနေတုန်း အိမ်အပြင်ကနေ ဘွား နဲ့ မော့တို့သပ်ရပ်စွာဝတ်စားပြီး သူတို့နောက်တွင်အသက်ကြီးကြီးလူအိုတစ်ဦးပါလာခဲ့သည်။ ဘွား နဲ့ မော့တို့နဲ့ ဒီညနေတင်အတူတူကိစ္စတစ်ချို့လုပ်ပြီးနေစေး ပြန်လာခဲ့တာ သူတို့ဒီညနေအိမ်လာမယ်လို့လည်းမပြောတာကြောင့် နေစေးစိတ်ထဲ ပွဲတော်လာလှည့်တယ်ပဲထင်မှတ်နေ၏။
" ဗျို့ အဖ ကျုပ်ရောက်ပြီနော့ "
" အေးဗျာ ကျုပ်လည်းမျှော်နေတာရော်။ ကဲကဲ အပေါ်ထပ်ဆီသွားကြမယ် လူစုံပြီလားဝေ့။ လူလေးဘယ်မတုန်း "
အဖ မေးတော့ ဒေါ်လေးအဆိုင်းက။
" လူလေး အပေါ်ခဏတတ်သွားတယ်ရယ် "
" အဲ့တာဆို ညည်းတို့လဲ လာတော့ချည်။ "
" ဟုတ်ကဲ့ "
အဖရဲ့စကားအဆုံး အဒေါ်တွေနဲ့အတူ ထိုလူအိုကြီးပါအိမ်ပေါ်တတ်ရန်ထဟန်ပြင်တော့ ဘာမှမသိတဲ့ နေစေးတစ်ယောက်သာ ရေနွေးခွက်ကိုင်လျှက် စိတ်ရှုတ်ထွေးတဲ့အမူအရာနှင့်ပြည့်နေသည်။
" အဖ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်လို့လား။ ပြီးတော့ စိုင်းဟွမ် နဲ့ဘာကိစ္စရှိလို့တုန်း "
နေစေးက ဒီစကားဝိုင်းမှာ ခွန်စိုင်းနာမည်ပါလာကတည်းက စိုးရိမ်စိတ်ဝင်နေခဲ့သူဖြစ်သည်။
သူ့ဧည့်သည်လေးနဲ့ပက်သတ်ရင်အမှားမခံ အထိခိုက်မခံနိုင်တဲ့ သူ့သားရေခဲတုံးကိုကြည့်ပြီး အဖ ခေါင်းခါကာ။
" အဲ့တာတွေအိမ်ပေါ်ရောက်ရင် မင်းသိမပေါ့ကွာ.. ကဲ စောင့်နေတာနဲ့အချိန်တောင်ကျော်တော့မယ် မြန်မြန် "
ထိုသို့ပြောပြီး အဖ က အပေါ်ထပ်ကိုတတ်သွားပြီးနောက်.. နောက်ကနေ ဒေါ်လေးတို့က ရွေရောင်ရှိသော ကွမ်းအစ် နှင့် ငွေရောင်ရှိသော လက်ဖက်စုံ တို့အားကိုင်၍တတ်လိုက်သွားတော့သည်။
နေစေးသည်အိမ်မှာကိစ္စတစ်ခုခုရှိပေမယ့်သူ့ကိုမပြောပဲထားတာကြောင့်သိချင်နေမိသည်။ဒါ့အပြင် ဒီကိစ္စမှာ ခွန်စိုင်းပါ ပါတာကြောင့် နေစေးပို၍သိချင်ပါ၏။ ဘွားတို့က နေစေးပုခုံးကိုပုတ်ကာ။
" ဘာရပ်လုပ်နေတာလဲ အပေါ်သွားရအောင်လေ နောက်ကျတော့မယ် "
" နေပါဦး မင်းတို့ဒီညနေအိမ်လာမယ်ဆိုတာ ဘာလို့ကျုပ်ကိုမပြောတာတုန်း။မေးရဦးမယ်..အိမ်မှာကိစ္စတစ်ခုခုရှိတာ မင်းတို့သိနှင့်ပြီးသားလား "
နေစေးရဲ့ဆက်တိုက်မေးခွန်းတွေကိုဘွားကခေါင်းရှောင်ကာ မချိတင်ကဲပြုံးရင်းသာ။
" ကဲပါကွာ မင်းမလည်း မေးခွန်းတွေကများလှချည်ရော်။ အိမ်ပေါ်ရောက်တော့သိမှာပဲလေကွာ "
ဘွား တို့နှစ်ယောက်လုံးကသူ့အားကြို၍မပြောချင်မှန်းသိတော့ နေစေးထပ်မမေးတော့ပေ။ ထိုအချိန်အခုမှ အပြင်ကအသည်းသန်ပြန်လာတဲ့ ချွန်းဖု နဲ့ငဒူးသည်လည်း လူချောသဖွယ်ပြင်ဆင်မှု့ကြောင့် ဒီကောင်လေးတွေ အပြင်မှာ လူပျိုမလှည့်သေးဘူးလားဟုထင်ကာမေးမိသည်။
" မင်းတို့ကရောဘာလို့ ရွာထဲမသွားလည်ပဲ အိမ်ပြန်လာတာတုန်း "
ထိုအခါ ငဒူးက စပ်ဖြဲဖြဲနဲ့ပြုံးရယ်ကာ..။
" ဟာ နောင်ကြီးနေစေးကလည်းဗျာ ဒီရက်က ရွာထဲလူပျိုလှည့်တာထက်အရေးကြီးတဲ့ကိစ္စကို ကျုပ်တို့မယ်လက်လွတ်မခံနိုင်ပေါင် ဟဲဟဲ ဟုတ်တယ်မလား ချွန်းဖု "
" ဒါပေါ့ကွ..အပေါ်မယ် အဖတို့လူစုံနေလောက်ပြီ.. နောင်ကြီးကျုပ်တို့အပေါ်သွားလိုက်ဦးမယ်နော် "
ကလေးနှစ်ယောက်အိမ်ပေါ်တတ်ပြီးနောက် နေစေးတို့လည်းတတ်လာခဲ့တော့သည်။ အိမ်ပေါ်တွင် အိမ်ဦးဘုရားခန်း၌အဖ နှင့်ဒေါ်လေးတို့နှစ်ယောက်အဓိကထား၍ထိုင်နေပြီး ဘွားတို့ခေါ်လာသော လူအိုကြီးမှာ သူ့လွယ်အိတ်ထဲပါလာသည့်ထင် ပစ္စည်းတစ်ချို့အားထုတ်ကာဘေးမှာထား၍အဖနဲ့စကားပြောနေကြသည်။ ထိုစဥ် နေစေးရဲ့မျက်ဝန်းတစ်စုံက အဖတို့အရှေ့မှ ရိုသေစွာထိုင်နေတဲ့ ခွန်စိုင်းကိုတွေ့လိုက်ရတော့မှင်သက်ကာ သူ့ရှေ့မှ လူကြီးလေးကိုမြတ်နိုးစွာငေးမောကြည့်နေမိတော့သည်။
ညနေကရေချိုးပြီးဝတ်စားထားတာဟာ နေစေးနဲ့အတူတူပဲဆိုသော်ငြားဒီရွာရဲ့ဓလေ့ရိုးရာဝတ်စုံလေးကိုဝတ်ဆင်ကာ အများကြီးချယ်သထားခြင်းမရှိသောလည်း နဂိုဖြူဝင်းတဲ့အသားရည်ဟာ အမှောင်ထဲကလရောင်အလင်းကဲ့သို့ ထိုးထင်းစွာလှပနေပြီး ကြယ်ကလေးတွေတောက်ပနေတဲ့မျက်ဝန်းလေးတစ်စုံနဲ့လှမ်းကြည့်ကာ ပြုံးရယ်ပြနေ၏ ထိုအပြုံးကြောင့် ပို၍ထင်ရှားစွာပေါ်လာတဲ့ မျက်ဝန်းအောက်ဘက်ထောင့်ကမှဲ့နက်လေးက ချစ်စဖွယ်။
နေစေး သည် ခွန်စိုင်းဝတ်ထားတဲ့ အနီနဲ့အနက်ဖောက်၍ လိုက်ဖက်သပ်ရပ်စွာချုပ်ထားတဲ့ ရိုးရာဝတ်စုံလေးကြောင့် သူ့ကိုယ်သူလည်းပြန်ကြည့်ကာ ဒီဝတ်စုံဟာ ဘယ်နေရာမှာအသုံးလိုမှဝတ်ရမယ်ဆိုတာ သတိရလိုက်တော့ ဆတ်ခနဲပင် သူ့နှလုံးသားအခုန်မြန်လာခဲ့မိသည်။
အဖကလူအိုကြီးနဲ့စကားပြောနေရင်း နေစေးအခုထိမထိုင်သေးတာမြင်တော့ပြောလာသည်။
" ဝေ့ အက်ဒွက် ဘာလုပ်နေတာတုန်း ဒီမယ်လာထိုင်ချည်လေ "
အဖ ပြောပြီးနောက် ဘွား က နေစေးပုခုံးကိုတွန်းကာသတိပေးလိုက်တော့မှ နေစေး သတိဝင်ကာ ခွန်စိုင်းအနားမှာဝင်ထိုင်လိုက်သည်။ နေစေးဟာ ရိုးရာဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ဆံပင်ကိုသပ်ရပ်စွာစည်းနှောင်ထားပြီးလွတ်လပ်တဲ့ပုံစံနဲ့နေစေးဟာ သူ့ရဲ့အေးစက်တဲ့စရိုက်နဲ့ကွဲပြားပြီး နီးကပ်ရလွယ်ကူတဲ့အနေအထားမှာရှိသည်။ ဒါကြောင့် ခေါ်လာတဲ့ လူအိုကြီးမှာ ဦးဆောင်သူစောနေစေးကြီးအား စကားပြောဖို့အတော်အားယူနေရာက စိတ်သက်သာရာနည်းနည်းရသွားခဲ့သည်။
လူအိုကြီးစကားမစတင်ခင်မှာ အဖက ဦးစွာပြောလာခဲ့သည်။
" လူစုံပြီဆိုတော့ အဓိကအကြောင်းအရာကိုပြောကြရအောင်။ ကဲ အက်ဒွက် "
" ဟုတ်ကဲ့ "
" ဒီနေ့က ဒို့ရွာရဲ့ဓလေ့ထုံးတမ်းဖြစ်တဲ့ လူပျိုအပျိုပွဲတော်ရက်ဆိုတာ မင်းသိပါတယ် "
" ကျုပ်သိပါတယ် "
" အဲ့တော့ အဖ ပြောချင်တာက ဒီက လူလေးခွန်စိုင်းဟွမ် က မင်းကို လူကြီးတွေရှေ့မှာလက်ချည်ပွဲအတွက်ကမ်းလှမ်းလာတယ် အဲ့ကိစ္စ မင်းသဘောတူသလား "
" ......... "
ဘယ်လို!! ..?
နေစေး သူ့နားသူမယုံကြည်နိုင်သလို ဆတ်ခနဲ့ ခွန်စိုင်းဘက်ဆီလှည့်ကြည့်မိတော့ ရှက်ရဲတဲ့မျက်နှာလေးနဲ့ခေါင်းငုံ့ကာအပြစ်လုပ်ထားမိတဲ့ကလေးငယ်လေးလိုပြုမှုနေတာ သိပ်ချစ်ဖို့ကောင်းနေသည်။ ခွန်စိုင်းကသူ့အတွက် ဒီလိုပြင်ဆင်မှု့တွေလုပ်ထားတယ် ဒီလိုမျိုးသတ္တိရှိစွာနဲ့ လူကြီးသူမ တွေကိုဖွင့်ပြောခဲ့တယ်ဆိုတဲ့အသိကြောင့် နေစေး ချက်ချင်းပင် ခွန်စိုင်းအားပွေ့ဖက်နမ်းရှိုက်ချင်မိခဲ့သည်။ နေစေးဟာ စိတ်ရှုတ်ရှားမှု့တို့ကြောင့် နှလုံးခုန်မြန်ဆန်လာကာ ထိုနှလုံးသားဆီကအသံပင် ခွန်စိုင်းအတိုင်းသားကြားနေခဲ့ရသည်။
ခွန်စိုင်းအားစိုက်ကြည့်နေပြီးအပြုံးတို့ဖြစ်တည်နေတဲ့ နေစေးဟာ သူ့အဖြေစကားကိုစောင့်နေတဲ့ အဖ နဲ့လူအများတို့ကိုမေ့လျှော့လျှက်ရှိနေ၏။
မတတ်သာတဲ့အဆုံး အဖ က ချောင်းဟန့်ကာ..။
" အဟန့်.. အက်ဒွက်.. "
အဲ့တော့မှ နေစေး မျက်နှာတည်ငြိမ်ချင်ယောင်ဆောင်ကာ အဖ နှင့်ဒေါ်လေးတို့အပြင် လူအိုကြီးဘက်ပါလှည့်ကာ။
" ကျုပ် ဦးဆောင်သူစောနေစေး ( ခေါ် ) အက်ဒွက်.. ခွန်စိုင်းဟွမ်ရဲ့ကမ်းလှမ်းမှု့ကိုလက်ခံပါတယ် "
" ရေးးးး ဒါမှ နောင်ကြီးကွ! !! "
နေစေးရဲ့အဖြေအဆုံးမှာ ကလေးနှစ်ယောက်ဖြစ်တဲ့ ငဒူး နဲ့ချွန်းဖုတို့က ဝမ်းသာအားရနှင့်အော်ကာ ဝစီမှုတ်သံနဲ့စတော့ ဘွား နဲ့မော့တို့အပြင်ဒေါ်လေးတို့ကပါဝိုင်း၍အော်ဘာပေး လက်ခုတ်သံတို့ကျယ်လောင်ကာအပြုံးကိုယ်စီဖြင့်လက်ခံကြသည်။ နေစေးသည်လည်းပြုံး၍ပင် ခွန်စိုင်းလက်ကလေးကိုမသိမသာဆုတ်ကိုင်လျှက် ပြုံး၍နေ၏။
ထိုအခါ အဖ က အားလုံးကိုလက်ကာပြကာ..။
" ဒါဆို လူအိုကြီး..ကျုပ်သားနဲ့ ကျုပ်သမက်ရဲ့လက်ချည်ပွဲလေးစလိုက်ကြမလား"
" ဒါပေါ့ဗာ ဒါပေါ့..အမ်းး လူလေးရဲ့မိဘအုပ်ထိန်းသူနေရာကနေ ဘယ်သူပါမတုန်း "
လူအိုကြီးပြောတော့ အဖ က ခွန်စိုင်းကိုကြည့်ပြီးပြုံးပြကာ ဒေါ်လေးအဆိုင်းကိုကြည့်သည်။
" လူလေးရဲ့မိခင်နေရာက ကျုပ်ရှိပါတယ်။ လူလေးက ကျုပ်တို့ရဲ့သားလေးဆိုလည်းမမှားပါဘူးရယ် "
" ကောင်းတယ်..ကောင်းတယ်..ကဲ ဒါဆို ကျုပ်ပြင်လိုက်တော့မနော့ "
လူအိုကြီးပြောပြီးနောက် ရွာရဲ့ဓလေ့လုပ်ရိုးလုပ်စဥ်အတိုင်းပင် နေစေးနဲ့ခွန်စိုင်းအား လက်ချည်ပွဲရဲ့ဓလေ့ရိုးရာတို့ကိုပြုလုပ်ပေးတော့သည်။
အချိန်တစ်ချို့ကြာမြင့်ပြီးနောက်...နေစေး နဲ့ ခွန်စိုင်းတို့နှစ်ယောက်လုံး အဖ နဲ့ ဒေါ်လေးတို့ကိုမိဘနေရာထားပြီး ကန်တော့ကြတော့သည်။
" လူလေးတို့လျှောက်မယ့်လမ်း သာယာဖြောင့်ဖြူးပါစေနော့ "
" ပေးတဲ့ဆုနဲ့ပြည့်ပါစေ အဖ "×2
အဖ သည် သူ့ရှေ့ရှိ လူငယ်လေးနှစ်ဦးအားကြည့်ပြီးခေါင်းညှိမ့်သည်။ တစ်ချို့အရာတွေက ကံစီမံရာအတိုင်းဖြစ်ပျက်သွားခဲ့တာမို့ တတ်နိုင်တာဘာမှမရှိလေဘူး။ တစ်သက်လုံးက ကျောက်တုံးတစ်တုံးလို နေစေးက အဝေးတစ်နယ်သား ဒီလူလေးအပေါ်မေတ္တာသက်ဝင်ခြင်းမှာလည်း သူတို့တတ်နိုင်တာ ပံ့ပိုးပေးနိုင်ယုံပဲလေ။ ဒါက ဖူးစာ လို့ပြောလို့ရသလို ရေစက် ဆိုလည်းမမှားပေဘူး။
အဖ သည် နေစေးနဲ့ ခွန်စိုင်းလည်ပင်းမှာရှိတဲ့ သူ့နဲ သူ့ဇနီး တို့ရဲ့ အမှတ်အသား..သို့မဟုတ် ဦးဆောင်သူရဲ့ကြင်ဖက် အမှတ်အသားတစ်ခုဖြစ်တဲ့ အဆွယ်လေးကိုကြည့်ပြီး ဇနီးသည်ကိုတောင်အမှတ်ရမိသည်။
အခြေအနေတွေအားလုံးပြီးစီးပြီးနောက်မှာ ဒေါ်လေးတို့နှစ်ယောက်ကသိမ်းဆည်းစရာရှိတာသိမ်းဆည်းပြီး လူအိုကြီး ကိုတော့ ငဒူး နဲ့ချွန်းဖုတို့က လိုက်ပို့သည်။ အိမ်ရဲ့ဧည့်ခန်းတွင် အဖ .. ဘွားနဲ့မော့တို့အပြင် ခွန်စိုင်းတို့အတွဲ ထိုက်နေကြသည်။ ခွန်စိုင်းသည် သူနဲ့ နေစေးတို့ရဲ့ပက်သတ်မှု့ကိုလူသိရှင်ကြားဖွင့်ပြောပြီးနောက် အခုလိုတွေစီစဥ်ခဲ့ပေမယ့် အခုပွဲပြီးသွားတဲ့အခါမှာတော့ အနည်းငယ်မျက်နှာပူမိသည်။
" ကျွန်တော် ဘဘကြီးကိုတစ်ခုလောက်ခွင့်တောင့်ချင်လို့ပါ "
" အိမ်း... ဘဘကြီး တွေဘာတွေခေါ်မနေစမ်းပါနဲ့ကွယ်.. အဖ လို့ပဲခေါ်နော့လူလေး "
အဖ ပြောတော့ ခွန်စိုင်းကနေစေးအားတစ်ချက်ကြည့်ကာ။
" ဟုတ်ကဲ့ အဖ ။ "
" လူလေးဘာခွင့်တောင်းချင်လို့လဲကွဲ့ "
" ဒီလိုပါ..ကျွန်တော်အိမ်မပြန်ဖြစ်တာလဲကြာပြီဆိုတော့ မေမေကလည်းစိတ်ပူပြီးအိမ်ပြန်လာစေချင်နေတယ် "
ခွန်စိုင်းစကားပြောပြီးတာနှင့် အဖ က နေစေးကိုကြည့်ကာ အကဲခတ်လိုက်သည်။ နေစေးကခွန်စိုင်းစကားမဆုံးသေးပေမယ့် မျက်နှာကသဘောမကျချင်သည့်ပုံစံမျိုး။
သို့ပေမယ့် ခွန်စိုင်းကအားလုံးရဲ့အကဲခတ်တဲ့အကြည့်တွေကြားကစကားဆက်သည်။
" ကျွန်တော်အိမ်ပြန်ဖို့လိုတယ်..ဒါ့ကြောင့် ကျွန်တော်နဲ့အတူ အက်ဒွက်ကိုပါရန်ကုန်လိုက်ဖို့ခွင့်ပြုပေးဖို့ခွင့်တောင်းချင်လို့ပါ "
" ဟေ....! "
အဖ ကိုယ်တိုင်ကမထင်ထားတဲ့စကားဖြစ်တာကြောင့် အံသြသွားတာတော့အမှန်ပင်။ နံဘေးမှာရှိနေတဲ့ ဘွားနဲ့မော့ကိုယ်တိုင်လည်းနေစေးအတွက်ဝမ်းသာနေမိတော့သည်။ အားလုံးကတောင်ဝမ်းသာနေမှတော့ နေစေးကိုယ်တိုင်ရဲ့ဝမ်းသာမှု့ကအတိုင်းထက်အလွန်ပေါ့။
" ကောင်းပြီ။ အဖ ခွင့်မပြုစရာအကြောင်းမရှိဘူးရော် အခုဆို လူလေးကနေစေးရဲ့ကြင်ဖက်ဖြစ်သွားပြီရော် ။ နေစေးရော ဘယ်လိုသဘောထားရှိတုန်း "
အားလုံးကနေစေးကိုကြည့်နေပေမယ့် နေစေးကတော့ သူ့မြတ်နိုးရာလေးကိုသာကြည့်နေရင်းပြောလာသည်။
" သူရှိတဲ့အရပ်ဘယ်နေရာမဆို ကျုပ်လိုက်ဖို့အသင့်ပါပဲ။ "
ပြောပြီးတာနှင့် ခွန်စိုင်းနဲ့နေစေးတို့တစ်ယောက်မျက်ဝန်းထဲတစ်ယောက်ပုံမြင်ရသည်အထိ နားလည်မှု့ရှိစွာနှင့် အပြန်အလှန် ပြုံးပြကြသည်။
* ကျုပ်အတွက် ခင်ဗျားလေးရင်းထားတဲ့အရာက တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်တာမို့ ကျုပ်တသက်လုံး ခင်ဗျားလေးကိုတန်ဖိုးထားပြီး ချစ်သွားပါ့မယ် စိုင်းဟွမ် *
______________________________________________
#VOTE & Cm ✌
#December - 23 - 2022
#MoeWathan 🦋
______________________________________________
Zawgyi
ေမာ့ရဲ႕အံၾသျခင္းမွာ ဘာေၾကာင့္မွန္းမသိေပ်ာ္႐ြင္မႈ႕တစ္စြန္းတစ္စပါေနသလိုျဖစ္ေနမွန္း ေမာ့တစ္ေယာက္သိပါေလစ။
ဘြားရဲ႕စကားေၾကာင့္ ေယာက္က်ားစစ္စစ္ဟုေႂကြးေၾကာ္တတ္တဲ့ ေမာ့ စိတ္ဆိုးရမယ့္အစား အနည္းငယ္ပင္ရွက္မိသြားသည္။ ေမာ့ ဟာ သူငယ္ခ်င္းျဖစ္သူေနေစးရဲ႕ထိုသို႔အေၾကာင္းေတြကိုတပ္အပ္မသိေသာ္ျငားရိပ္မိေနခဲ့ၿပီျဖစ္လို႔ ဒီကိစၥကိုစိတ္ထဲမရွိေပ။ သို႔ေသာ္ သူ႕နံေဘးမွာအၿမဲတမ္းအရိပ္လိုရွိေနတတ္တဲ့ ဘြားကိုေတာ့ တစ္ဦးတစ္ေယာက္နဲ႕လြဲမွားကာအထင္လြဲ၍အူတိုေနမိသည္မွာ ဘာေၾကာင့္မွန္း ေမာ့ကိုယ္တိုင္စမ္းစစ္ေနမိသည္။
တုန႔္ျပန္မႈ႕မရွိ တတ္ဆိတ္ေနတဲ့ ေမာ့ေၾကာင့္ဘြားအနည္းငယ္ စိတ္မသက္မသာျဖစ္လာသည္။သူ႕ရဲ႕ယုံၾကည္ခ်က္ေတြက ေမာ့ဆီကလာတာဆိုေပမယ့္ ေမာ့ သာျငင္းပယ္လိုက္ရင္.....။
ထို႔ေၾကာင့္ ဘြား ေမာ့မ်က္ႏွာကိုလက္ႏွင့္ပင့္တင္၍ သူ႕ကိုၾကည့္ေစကာ။
" ေမာ့ မင္းစိတ္ဆိုးသြားတာလား ဒါမွမဟုတ္
.. မင္းက်ဳပ္ကိုအထင္ေသးသြားတာလား "
မဝင့္မရဲေျပာလာတဲ့ ဘြားရဲ႕အသံၾသၾသတို႔ကဆြဲေဆာင္မႈ႕အျပည့္။
" က်ဳပ္မင္းကိုအထင္ေသးတယ္ဆိုရင္ ဒါက ေနေစးတို႔ကိုပါသက္ေရာက္တဲ့သေဘာမဟုတ္လား "
" ဒါက...... မင္းတကယ္ "
" ငါမင္းကိုစိတ္မဆိုးသလို အထင္လည္းမေသးပါဘူး။ လူတစ္ေယာက္ကိုခ်စ္တဲ့ေနရာမွာ ဘယ္သူမွ ခ်စ္ရမယ္.. ဘယ္ျဖစ္တည္မႈ႕နဲ႕ဆိုမွ ခ်စ္ရမယ္လို႔ကန႔္သတ္ထားတာမွမဟုတ္တာ။ ငါမင္းတို႔ကိုနားလည္ပါတယ္ "
အၿပဳံးေလးနဲ႕ခ်စ္ျခင္းသေဘာတရားကိုနားလည္ေၾကာင္းေျပာျပေနတဲ့ေမာ့ဟာ ဘြား သူ႕ကိုလွည့္ပတ္၍ဖြင့္ေျပာထားျခင္းကိုေရွာင္လြဲေနတာသိသာေန၏။
ေမာ့ စိတ္ထဲမွာရွိတဲ့အေျဖကိုၾကားလိုက္ရတဲ့ ဘြား ဟာ သူ႕အတြက္ ေမွ်ာ္လင့္ခ်က္လမ္းစရွိလာသလိုခံစားရၿပီး သူသည္လည္းမ်က္ႏွာထက္မထိၿပဳံးၿပဳံးေနခဲ့သည္။ သို႔ေသာ္ ေမးခြန္းကိုေရွာင္လြဲဖို႔ႀကိဳးစားေနတဲ့ ေကာင္ဆိုးေလးကိုေတာ့ ခြင့္မျပဳေပ။
ဘြား ႐ုတ္တရက္ ေမာ့ လက္ဖဝါးကိုႏူးညံ့ကာကိုင္ၿပီး မ်က္ဝန္းတစ္စုံကိုေစ့ေစ့ၾကည့္လိုက္ခ်ိန္ အၾကည့္ခ်င္းစုံရာကေန ေမာ့ မွင္သက္ေနသည္။
" အဲ့တာဆို က်ဳပ္ကိုအေျဖေပးေတာ့ "
" ဟမ္? "
" ဟုတ္တယ္ က်ဳပ္မင္းေလးကိုသေဘာက်တယ္လို႔ေျပာၿပီးၿပီေရာ္။ မင္းဘက္ကေရာ ဘယ္လိုသေဘာရလဲ "
" အဲ့တာက ဘာဆိုင္..."
" ေနဦး "
ဘြား ေမာ့ႏႈတ္ခမ္းေပၚသို႔ လက္ညွိုးေလးတင္ကာ။
" ေမာ့.. က်ဳပ္မင္းကို ဒီတစ္ခါ တကယ္ေလးေလးနက္နက္ေျပာခ်င္တယ္ "
ဘြား ရဲ႕ေလးနက္တဲ့စကားအစခ်ီပုံေၾကာင့္ ေမာ့ ရင္ထဲႏွလုံးခုန္ႏႈန္းေတြျမန္ဆန္လာ၏။
" မင္းနဲ႕က်ဳပ္က ငယ္ငယ္ကတည္းကအခုခ်ိန္ထိအတူတူႀကီးျပင္းလာခဲ့တာ..မင္းအေပၚမွာ က်ဳပ္ေမတၱာရွိတာထက္ပိုတဲ့ သံေယာဇဥ္ေတြေျပာမကုန္ပါဘူးကြာ။ မင္းကိုေမတၱာရွိတဲ့အေၾကာင္းေျပာဖို႔အတြက္ က်ဳပ္ဘယ္ေလာက္ထိသတၱိေမြးခဲ့ရလည္း ကိုယ္တိုင္သာသိတယ္..ၿပီးေတာ့ "
ေျပာလက္စရပ္ၿပီး အားငယ္တဲ့မ်က္ႏွာမ်ိဳးျဖစ္သြားတဲ့ ဘြား ေၾကာင့္ ေမာ့ စကားဝင္ေထာက္၏။
" ၿပီးေတာ့ ဘာျဖစ္လဲ "
" က်ဳပ္မင္းမုန္းမွာေၾကာက္တယ္ "
" ......... "
" က်ဳပ္တို႔ရဲ႕ပက္သတ္မႈ႕ကသူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးျဖစ္လို႔ အကယ္၍ မင္းသာက်ဳပ္ကိုမုန္းလိုက္မယ္.. ျငင္းလိုက္မယ္ဆို က်ဳပ္ခံစားနိုင္မွာမဟုတ္ဘူး "
ဘြားရဲ႕ကေလးဆန္ဆန္အပီခ်ဳပ္တဲ့အကြက္ေၾကာင့္ ဘာရယ္မဟုတ္ ေမာ့ ၿပဳံးရယ္မိသြားသည္။ ဘြားာက လူေအးႀကီးသာေျပာတာ တစ္စုံတစ္ေယာက္ကိုဖြင့္ေျပာတဲ့အခါ အဲ့ေလာက္အေျပာခ်ိဳတတ္မွန္းမသိခဲ့ဘူး။ အဲ့လိုေတြးမိေတာ့ ဖြင့္ေျပာခံရတဲ့လူေနရာမွာ ေမာ့ မဟုတ္ပဲတစ္ျခားတစ္ေယာက္ေယာက္ဆိုရင္....။
အဲ့အေတြးနဲ႕တင္ ေမာ့ ရင္ကိုပူေလာင္လာေစသည္။
" မင္းစကားတတ္မွန္းအစကမသိခဲ့ဘူး "
" က်ဳပ္ မင္းတစ္ေယာက္တည္းကိုပဲေျပာတာပါ "
ေမာ့ က ဘြား နဲ႕ တည့္တည့္ရပ္အေနအထားကိုျပင္ယူၿပီးေနာက္ မ်က္ႏွာတည္တင္းစြာနဲ႕ပဲ ဘြားကိုၾကည့္ကာ။
" က်ဳပ္က ေယာက္က်ားခ်င္းသေဘာက်တတ္သူမဟုတ္ဘူးဘြား "
" .......!! "
သြားၿပီ။ ေမာ့ သူ႕ကိုလုံးဝျငင္းပစ္လိုက္ၿပီပဲ။ သူဘာဆက္လုပ္ရမလဲ!!..။
ေမာ့ ဆက္ေျပာလာ၏။
" ဒါေပမယ့္...."
ဘြား သည္ ေမာ့ ေျပာလာမယ့္စကားတို႔ကိုအမိန့္တစ္ခုအလား နားစိုက္ေထာင္ရွာ၏။
" ဒါေပမယ့္ ဖြင့္ေျပာလာတဲ့သူက မင္းျဖစ္ေနလို႔ က်ဳပ္လက္ခံလိုက္မယ္ "
" ..... ဘာေျပာလိုက္တယ္..က်ဳပ္နားၾကားမွားတာလား "
" မၾကားလိုက္ဘူးလား အဲ့တာဆိုလည္းေနပါေစေတာ့ေလ "
အဲ့ေတာ့မွ ဘြားတစ္ေယာက္ျပာျပာသလဲနဲ႕။
" မဟုတ္ဘူး ၾကားလိုက္တယ္.. က်ဳပ္ရွင္းရွင္းလင္းလင္းနဲ႕ကိုၾကားလိုက္တာ။ မင္း.. မင္းတကယ္ေျပာတာေနာ္..က်ဳပ္... က်ဳပ္ကိုလက္ခံတယ္ဆိုတာေလ "
" အင္း "
" ဟာ.... ဝမ္း..ဝမ္းသာလိုက္တာကြာ.."
ဝမ္းသာလြန္းတဲ့ ဘြားတစ္ေယာက္ ေမာ့ကိုတင္းတင္းေပြ႕ဖက္ထားလိုက္သည္။ ႐ုတ္တရက္ ေမာ့ လန့္သြားေပမယ့္ တဖက္လူေပ်ာ္႐ြင္ေနတာေတြ႕ေတာ့ သူလည္းပဲ ျပန္၍ေပြ႕ဖက္ေပးထားလိုက္သည္။
" က်ဳပ္သိပ္ဝမ္းသာတာပဲ ေမာ့ရယ္ "
" က်ဳပ္ေတြ႕ပါတယ္ "
က်ဳပ္ေတြ႕ပါတယ္ မင္းဘယ္ေလာက္ထိေပ်ာ္႐ြင္ေနလဲဆိုတာ။ တစ္ရက္တစ္ရက္ျဖစ္လာတဲ့ မင္းအေပၚပိုင္ဆိုင္ခ်င္မိတာေတြ၊ သဝန္တိုတာေတြ၊ ငါကလြဲၿပီး တျခားလူဂ႐ုစိုက္တာကိုမႀကိဳက္တာေတြကိုငါအႀကိမ္ႀကိမ္စဥ္းစားခဲ့ၿပီးၿပီ။ ဖြင့္ေျပာရမွာ သတၱိနည္းတဲ့သူမို႔ ႏႈတ္ဆိတ္ျခင္းကအနိုင္ယူေနခဲ့တာပါ။
မင္းဘက္က ေျခလွမ္းစတင္ေနမွေတာ့ ငါ့ဘက္က ဘာမလွမ္းရဲစရာရွိသလဲေလ။
* က်ဳပ္လည္းမင္းကိုေမတၱာရွိတယ္ ဆိုတာသိထားေပးစမ္းပါ *
ထိုသို႔ႏွင့္ ဘြား နဲ႕ ေမာ့ တစ္ေယာက္ကိုတစ္ေယာက္နားလည္မႈ႕ရွိစြာနဲ႕ပင္ သူတို႔ႏွစ္ေယာက္လုံးမေက်ာ္ျဖတ္နိုင္ဘူးလို႔ထင္ခဲ့ၾကတဲ့ ခ်စ္ျခင္းတံတိုင္းႀကီးကို ရဲဝံ့စြာနဲ႕ျဖတ္ေက်ာ္နိုင္ခဲ့ေလၿပီ။
_______________________________________
ခက္ခဲခဲ့တဲ့ ေန႕ရက္ေတြကိုေက်ာ္လြန္ၿပီးတဲ့ေနာက္
ေန႕ရက္တိုင္းကေအးခ်မ္းစြာပင္ ထုံးစံအတိုင္းေျပာင္းလဲမႈ႕မရွိျဖတ္သန္းေနသလို ေနေစး နဲ႕ ခြန္စိုင္းရဲ႕ခ်စ္ျခင္းေတြလည္းစတိုးလို႔သာ လာပါသည္။ အခုဆို ခြန္စိုင္းအနားကခြာရမွာေၾကာက္တတ္လာတဲ့ ေနေစးဟာ တပ္ေစာင့္ဂိတ္ေတြကိုစစ္ေဆးရာမွာေတာင္မသြားခ်င္ျဖစ္လာတတ္သည္။ အဲ့လိုတြန့္ဆုတ္တိုင္း တိုက္တြန္းရသူမွာ ခြန္စိုင္းျဖစ္ေလသည္။
" ဒီတစ္ခါေတာ့ ကိုယ္မလိုက္ေတာ့ဘူးေလ။ ကိုယ္ေရးထားတဲ့စာမူေတြလည္းလက္စသတ္စရာေလးရွိေနတယ္ အဲ့တာေၾကာင့္ပါ။ဘာပဲျဖစ္ျဖစ္ ခဏေလာက္ေလးသြားစစ္ေဆးၿပီးျပန္ခဲ့ရမွာကို "
" အဲ့တာေၾကာင့္ေျပာတာေပါ့ ခဏေလးပဲလို႔ စိုင္းဟြမ္လည္းလိုက္ခဲ့ခ်ည္ေလကြာ..မဟုတ္ရင္ က်ဳပ္ေနာက္ဆံတင္းတယ္ "
" တကယ္ေျပာတာ ကိုယ္ဂတိေပးတယ္ အိမ္ထဲကေန ဘယ္မွမသြားဘူး မင္းျပန္လာတာနဲ႕ ကိုယ္ရွိေနေစရမယ္ အိုေကလား။ လိမ္မာေနာ္အက္ဒြက္ "
ပိုသည္ပဲေျပာေျပာ ေနေစးကေတာ့ ခြန္စိုင္းကိုစိတ္မခ်ျဖစ္ေနမိသည္။ ေနေစးလစ္တာနဲ႕လုပ္ခ်င္ရာလုပ္တတ္တဲ့ လူႀကီးေလးက အခုလိုေနေစးမရွိရင္ ေလွ်ာက္သြားေဆာ့ေနမွာ ေတာထဲကိုကေလးေတြနဲ႕လိုက္သြားေနမွာစိုးတယ္။ ခဏခဏအထိခိုက္ျဖစ္ေနတတ္တဲ့ လူႀကီးေလးမို႔ ေနေစးမွာ အရိပ္တၾကည့္ၾကည့္ႏွင့္ပင္ ။
" ေကာင္းၿပီ။ အဲ့တာဆို က်ဳပ္စိတ္ခ်မယ္ေနာ္။ "
" စိတ္ခ် "
" ေဒၚေလးတို႔ႏွစ္ေယာက္ သူ႕ကိုၾကည့္ထားေပး။ က်ဳပ္ျပန္မလာမခ်င္း အိမ္ကေကာင္ေတြနဲ႕အျပင္ေလွ်ာက္မေဆာ့ေစနဲ႕ခ်ည္ "
" ေအးပါကြယ္..မင့္ႏွယ္ လူေလးက ကေလးမွမဟုတ္တာ စိတ္ပူရန္ေကာ "
အကဲပိုေနတဲ့ေစာေနေစးအား ေနာက္ေဖးကေဒၚေလးႏွစ္ေယာက္ကမ်က္ေစာင္းခဲကာ ေျပာရင္းၿပဳံးေနၾကသည္။
အတန္တန္မွာထားၿပီးအဆုံး အယ္ထူး နဲ႕အတူေနေစးစခန္းဘက္ဆီျမင္းဒုန္းဆိုင္းစီးကားထြက္သြားေတာ့သည္။ ထိုမွသာ ေဒၚေလးႏွစ္ေယာက္နဲ႕ ခြန္စိုင္း ၿပဳံးရယ္ရင္း သက္ျပင္းခ်ၾကေတာ့သည္။
" ကဲ လူေလး အေပၚမွာသြားနားေနခ်ည္ ေဒၚေလးထမင္းစားခါနီးလွမ္းေအာ္လိုက္မယ္ "
" ဟုတ္ကဲ့ေဒၚေလး "
ဒီေန႕ ေနေစး ဂိတ္ေစာင့္တပ္ဆီသြားတာအျပန္ညေနခင္းေစာင္းမွာမို႔ ခြန္စိုင္းလည္းလုပ္စရာရွိတာလုပ္ေနလိုက္သည္။ နည္းနည္းေနျမင့္တဲ့အခါ ျပတင္းေပါက္မွာ ခြန္စိုင္းထိုင္ေနတုန္း ဝတ္ေကာင္းစားလွဝတ္ထားသူ အပ်ိဳ၊လူပ်ိဳမ်ားၿပဳံးရယ္ကာ လွည္းတစ္စီးၿပီးတစ္စီးထြက္သြားတာေၾကာင့္ ပြဲတစ္ခုခုမ်ားရွိသလားလို႔ ခြန္စိုင္းေတြးေနမိသည္။
ထိုစဥ္ အိမ္ကငဒူးနဲ႕ခြၽန္းဖု တို႔ႏွစ္ေယာက္ၿခံထဲဝင္လာတာေတြ႕ေတာ့ ခြန္စိုင္းလွမ္းေခၚကာေမးၾကည့္လိုက္သည္။ ငဒူးနဲ႕ ခြၽန္းဖု က ခြန္စိုင္းဆိုသိပ္ခင္တြယ္တဲ့ေကာင္ေလးေတြမို႔ ၿပဳံး႐ြင္ကာပင္စကားစျမည္ေျပာၾကသည္။
" ဒီရက္ေတြၿမိဳ႕ေပၚသြားတဲ့သူေတြမ်ားသား ႐ြာမွာပြဲေတာ္ရက္ရွိလို႔လား "
ထိုအခါ ခြၽန္းဖုကအားတတ္သေရာႏွင့္ပင္။
" ရွိတာေပါ့ေနာင္ႀကီးရ။ ေနာင္ႀကီးေမ့ေနတယ္ထင္တယ္ ေနာက္ႏွစ္ရက္ဆို အပ်ိဳလူပ်ိဳမ်ားေန႕ေလဗ်ာ။ ဟဲဟဲ က်ဳပ္ေတာင္ က်ဳပ္သေဘာက်ေနတဲ့ လုံမပ်ိဳကိုေမတၱာရွိေၾကာင္းသြားေျပာမလို႔ဗ် "
ခြၽန္းဖု ထိုသို႔ေျပာေတာ့ ငဒူး က တိုးတိုးေရ႐ြတ္လိုက္သည္။ * ႏွာဗူးေကာင္ တဲ့ *
ခြန္စိုင္း ကေလးႏွစ္ေယာက္ကိုၾကည့္ၿပီးၿပဳံးရယ္ကာပင္
ထိုပြဲေတာ္ရက္ကိုသတိရသြားသည္။ ဟုတ္သား သူဒီကိုေရာက္တာလဲအေတာ္ၾကာၿပီးပဲေလ။ ႐ုတ္တရက္ဆိုသလို ခြန္စိုင္းတစ္စုံတစ္ခုကိုအေတြးေပါက္ကာ မ်က္ႏွာထက္ၿပဳံးေပ်ာ္ကာ စိတ္လႈပ္ရွားတဲ့မ်က္ႏွာမ်ိဳးျဖစ္သြားခဲ့သည္။
* သူေတာင္ ရင္ဆိုင္ရဲရင္ ကိုယ္ကဘာလို႔ေရွ႕ဆက္ေလွ်ာက္ဖို႔လမ္းမေဖာက္ရဲရမွာလဲ *
--------
( ႏွစ္ရက္ခန့္ၾကာေသာ္)
ဒီညေနရဲ႕အလွအပဟာ ပုံမွန္ညေနခင္းေတြထက္ပင္ပို၍စည္ကားသလို မီးအလင္းေရာင္သည္လည္း လင္းလင္းထင္းထင္းရွိၿပီး အိမ္တိုင္းရွိလူအမ်ားအျပားေပ်ာ္႐ြင္လို႔ေနတာကိုျမင္ရသည္။ ဒီလိုပြဲေတာ္ရက္ေရာက္တဲ့ရက္တိုင္းမွာ ႐ြာရဲ႕ဓေလ့တစ္ခုလို႔ေျပာရေလာက္ေအာင္ အားလုံးဟာ သူတို႔ႏွင့္သက္ဆိုင္တယ္ယူဆထားျခင္းေၾကာင့္ ခိုက္ရန္ျဖစ္ပြားျခင္းမရွိ ေပ်ာ္႐ြင္မႈ႕သာရွိ၏။
ဒီေန႕လည္း ေနေစး က အလုပ္ကိစၥရွိတာေၾကာင့္ ေနာက္က်မယ္ေျပာၿပီး ခြန္စိုင္းကိုဘယ္မွမသြားေစဖို႔အတန္တန္မွာကာ ထြက္သြားေတာ့သည္။ ေနေစးသြားတာနဲ႕ ေအာက္ထပ္က ေဒၚေလးႏွစ္ေယာက္နဲ႕ ကေလးႏွစ္ေယာက္က ခြန္စိုင္းကို မ်က္စပစ္ကာ ၿပဳံးရယ္ၿပီးအခ်က္ျပလာ၏။
ခြန္စိုင္းအတြက္ ဒီေန႕ဟာ သူ႕ဘဝမွာ အေပ်ာ္႐ြင္ဆုံးေန႕ရက္ေလးျဖစ္ပါေစ လို႔ အေတြးနဲ႕ ထူးျခားတဲ့ေန႕ေလးလဲျဖစ္တာေၾကာင့္ ခြန္စိုင္းအပါအဝင္ ငဒူးနဲ႕ခြၽန္းဖု ေရာ ေဒၚေလးႏွစ္ေယာက္ပါ အိမ္ရဲ႕ၿခံဝင္းတစ္ခုလုံးကိုေတာထဲကပန္းတစ္ခ်ိဳ႕ခူးယူ၍အလွဆင္ေနခဲ့သည္။ ဒါ့အျပင္ ပုံမွန္က မီးတုတ္ႏွစ္ခုထြန္းေပမယ့္ ဒီေန႕မွာေတာ့ အိမ္မီးေတြအျပင္ လမ္းမီးတုတ္ေတြပါပိုမို၍ထြန္းထားရေအာင္အသင့္ျပင္ထားၿပီး အိမ္ရဲ႕အလွကိုေပၚလြင္ေစခဲ့သည္။ ေျပာရရင္ အိမ္မွာေန႕ထူးေန႕ျမတ္ရွိသကဲ့သို႔အလွဆင္ယဥ္ေနခဲ့သည္။
ခြန္စိုင္းတို႔အားလုံးလုပ္ကိုင္ေနၾကခ်ိန္ ေျမာက္ဘက္ပိုင္းသြားတဲ့ အဖ ျပန္ေရာက္လာခဲ့သည္။ အဖ ဟာ အိမ္ရဲ႕ထူးျခားတဲ့ပုံစံကိုၾကည့္ၿပီးထူးဆန္းေနခဲ့သည္။
" ဟဲ့ အဆိုင္း ဘာေတြလုပ္ေနတာတုန္း အိမ္မယ္တစ္ခုခုကိစၥရွိလို႔လား "
ထိုအခါ ေဒၚေလးအဆိုင္းက ထ မေျပာခင္ ခြန္စိုင္းက..။
" ဒီလိုပါ အဖ "
ခြန္စိုင္း တို႔စကားေျပာၿပီးသည္ႏွင့္ အခ်ိန္က ညေန ေနဝင္ခ်ိန္ေရာက္လာ၍အနည္းငယ္ပင္ေမွာင္ရီလာေနၿပီ။ အိမ္ရဲ႕အျပင္အဆင္ေတြျပင္ဆင္ၿပီးမၾကာခင္မွာပဲ ျမင္းခြားသံၾကားလိုက္ရသည္။ တဖက္မွာေတာ့ တသ္စုံတစ္ခုကိုပဲအာ႐ုံစိုက္တတ္တဲ့ ခြန္စိုင္းဟာ ေနေစး သူ႕ေနာက္မွာရပ္ေနသည့္တိုင္ သူ႕မွာမသိေသးေပ။
ေနေစးသည္ ဒီေန႕ ပြဲေတာ္ရက္ရွိတယ္ဆိုတာသိသည္။ သို႔ေသာ္ ဒီလိုရက္ဟာေနေစးအတြက္ ထူးမျခားနားပင္။ ဒါ့အျပင္ အခုလက္ရွိေနေစးဟာသက္ဆိုင္သူရွိေနၿပီးတာမို႔ ဒီလိုပြဲမ်ိဳးသြားတဲ့အခါ သူ၏သက္ဆိုင္သူလက္ကိုသာတြဲ၍သြားလာဖို႔ပဲေမွ်ာ္လင့္ေနခဲ့သည္။ ၿခံအျပင္ကေနၾကည့္လိုက္ရင္ေတာင္ သိပ္လွပေနတဲ့ ဤအိမ္ဟာေနေစးႀကီးျပင္းလာတဲ့အိမ္မွဟုတ္ရဲ႕လားလို႔ သံသယရွိေန၏ ေနေစး ဘဝတစ္သက္တာလုံးမွာ အိမ္အားထိုသို႔လွပၿပီး ထူးျခားတဲ့ပုံစံမ်ိဳးေလးဆင္ယဥ္ထားျခင္းကိုတစ္ခူဖူးမွမလုပ္ခဲ့ေပ။ ေနေစး ၿခံထဲဝင္ဝင္ခ်င္းမွာျမင္လိုက္ရတဲ့ ခ်စ္ရသူေၾကာင့္ ေနေစးၾကည့္ရင္းၾကည္ႏူးရသည္။ ဒီလူႀကီးေလးေရာက္လာၿပီးေနာက္ပိုင္း ေနေစးရဲ႕ဘဝအရာရာေျပာင္းလဲသြားခဲ့ၿပီေလ ဒီအိမ္ေျပာင္းလဲတာေလာက္ေတာ့ေျပာမေနေတာ့ပါဘူး။
ေနေစး က ခြန္စိုင္းသတိမထားမိခ်ိန္မွာ သူ႕အနားသို႔ေျခတလွမ္းခ်င္းေလွ်ာက္လာေနခဲ့သည္။ အဲ့အခ်ိန္မွာ ခုံျမင့္ေပၚတတ္ၿပီး သစ္ပင္ကိုင္းကိုအလွဆင္ေနတဲ့ ခြန္စိုင္းဟာ လႈပ္လႈပ္ယဲ့ယဲ့နဲ႕ျပဳတ္က်ေတာ့မွာကိုျမင္ေတာ့ ေနေစးအေျပးတစ္ပိုင္းသြားကာ ခြန္စိုင္း ခါးကိုေပြ႕လွ်က္ စိုးရိမ္သြားရသည္။
" ကိုယ့္ကိုကိုယ္ဂ႐ုစိုက္မွေပါ့ "
" အက္ဒြက္ျပန္လာၿပီ "
" အင္း "
" ဘယ္လိုလုပ္မမွီတာကိုအတင္းတတ္ေနသလဲစိုင္းဟြမ္။ ေခ်ာ္လဲရင္ ဘယ့္ႏွယ့္လုပ္မလဲ "
ဆူပူသလိုေလးေျပာတဲ့ ေနေစးေၾကာင့္ ခြန္စိုင္းစိတ္ထဲလုံၿခဳံေႏြးေထြးလာကာ သူ႕လက္ႏွစ္ဖက္နဲ႕ ေနေစးမ်က္ႏွာကိုဆြဲယူ၍ပါးျပင္ကိုအနမ္းေပးလိုက္သည္။
" ကိုယ့္ကိုဆူေနတာလား "
႐ုတ္တရက္ႀကီး အနမ္းေပးခံလိုက္ရတဲ့ ေနေစးတစ္ေယာက္အံၾသရင္း ခ်စ္စရာေကာင္းတဲ့ သူ႕ရဲ႕ျမတ္နိုးရာေလးကိုသာၾကည့္ေနမိသည္။
" မဆူရက္ပါဘူးဗ်ာ။ က်ဳပ္က ခင္ဗ်ားေလးတစ္ခုခုျဖစ္သြားမွာစိုးရိမ္လို႔ပါ "
" အင္းပါ ကိုယ့္ကိုေအာက္ခ်ေပးဦး "
အဲ့ေတာ့မွ ေနေစး ခြန္စိုင္းကိုေအာက္မခ်ေပးခ်င္ပဲခ်ေပးလိုက္ရသည္။ ၿပီးေနာက္ ၿခံဝင္းတစ္ခုလုံးကိုၾကည့္ကာ။
" ဘာေတြျပင္ဆင္ေနတာတုန္း "
" ကိုယ္မင္းအတြက္အံအားသင့္စရာေလးတစ္ခုျပင္ဆင္ထားတယ္ "
" ...ဘာမ်ားလဲ "
ေနေစးရဲ႕အေမးကို ခြန္စိုင္းက ခပ္ၿပဳံးၿပဳံးနဲ႕ပင္ မေျဖပဲ။
" ကိုယ္တစ္ခုေလာက္ေမးလို႔ရမလား "
မီးတုတ္ရဲ႕အလင္းေရာင္ဟာ ေတာက္ပတဲ့မ်က္ဝန္းေလးဆီေရာင္ျပန္ေနသည့္အလား လွပစြာ ေနေစးကိုၾကည့္ေနပုံက အသည္းယားဖြယ္။ ေနေစး ခြန္စိုင္းရဲ႕ခါးကိုလက္တစ္ခက္နဲ႕ဖက္ကာ သူ႕အနားတိုးကပ္ေစၿပီးေနာက္ က်န္လက္တဖက္က ခြန္စိုင္းႏွဖူးနားကေခြၽးစက္ေလးေတြသုတ္ေပးေန၏။
" ႀကိဳက္တာေမး "
" ကိုယ္က..မင္းမသိေအာင္တစ္စုံတစ္ခုလုပ္ထားတယ္ဆိုရင္ မင္းသိသြားတဲ့အခါ ကိုယ့္ကိုစိတ္ဆိုးမွာလားဟင္ "
ခြန္စိုင္းစကားေၾကာင့္ ေခြၽးစေလးေတြသုတ္ေပးေနတဲ့ ေနေစးလက္တဖက္ရပ္တန္းကာ အကဲခတ္တဲ့အၾကည့္တို႔နဲ႕ ခြန္စိုင္းကိုၾကည့္လာ၏ ထို႔ေနာက္ တည္ၿငိမ္တဲ့အသံႏွင့္ပင္။
" က်ဳပ္ကိုခြဲသြားမယ့္ကိစၥမ်ိဳးကလြဲရင္ က်န္တဲ့ကိစၥ ဘယ္အရာမဆို ခင္ဗ်ားေလးလုပ္ပိုင္ခြင့္ရွိတယ္။ က်ဳပ္က က်ဳပ္ဧည့္သည္ေလးကို ဘယ္ေတာ့မွစိတ္ဆိုးမွာမဟုတ္ဘူး "
" အိုေက..ဒါဆို ကိုယ္အဲ့လိုပဲမွတ္ထားလိုက္မယ္ေနာ္ "
ထိုသို႔ေျပာရင္းခြန္စိုင္းကမ်က္စိတစ္ဖက္မွိတ္ျပလိုက္ပုံက ေနေစးအားတမင္ဆြဲေဆာင္ေနသကဲ့သို႔ ေနေစး အသည္းထဲယားက်ိက်ိျဖစ္သြား၏။ ဒီလူႀကီးေလး လူကိုဘယ္လိုသတ္ရမလဲသိသည္။
" ဒါနဲ႕ ဘာကိစၥလဲက်ဳပ္ကိုမေျပာေသးဘူးေနာ္ "
" ဒါက လွ်ို႔ဝွက္ခ်က္.. "
" ေကာင္းၿပီ။ က်ဳပ္ေစာင့္ေနမယ္။ "
" အင္း ။ အခုေရသြားခ်ိဳးေတာ့ခ်ည္။ "
" ခင္ဗ်ားေလးကေရာ မခ်ိဳးေသးဘူးလား "
" ကိုယ္ဒါေလးၿပီးရင္ ခ်ိဳးမယ္ "
ေနေစးက ခြန္စိုင္းသူကိုယ္တိုင္လုပ္ခ်င္တာမွန္သမွ် အႏၲာရယ္မရွိသ၍ကန့္ကြက္တာမ်ိဳးမရွိဘူး။ ခြန္စိုင္းစကားနားေထာင္၍ ေရခ်ိဳးဖို႔သြားရန္ေျခလွမ္းျပင္ၿပီးမွ ေနာက္ျပန္လွည့္လာကာ။
" ႁပြတ္.."
" ဟာ.. "
" က်ဳပ္ရဲ႕အေမာေျပေလး "
ေနေစးသည္ ခြန္စိုင္းလက္ေမာင္းကိုလွမ္းဆြဲ၍ ႏႈတ္ခမ္းတစ္စုံကို ငုံစုပ္ၿပီးနမ္းလိုက္တာေၾကာင့္ ခြန္စိုင္းရွက္သြားရသည္။ ဒီလူဆိုးေကာင္က ဘယ္ေတာ့မဆိုအရမ္းရမ္းပဲ။ ခြန္စိုင္းသူ႕ႏႈတ္ခမ္းေလးကိုလက္နဲ႕အုပ္ကိုင္ၿပီး မ်က္ႏွာေလးနီရဲလွ်က္ ၿပဳံး၍က်န္ေနခဲ့သည္။
ေနေစးအျပင္ကျပန္ေရာက္ကတည္းက ညစာစားၿပီးခ်ိန္ထိ အိမ္ရွိလူႀကီးေတြရဲ႕မ်က္ႏွာမွာခန့္မွန္းရခက္တဲ့အၿပဳံးတို႔ရွိေနၾကသည္။ ဒါ့အျပင္ ေနေစး ေရခ်ိဳးၿပီးခ်ိန္မွာ ခြန္စိုင္းဟာ ေနေစးအတြက္တကူးတက အက်ီလက္ရွည္ႏွင့္ရိုးရာခ်ည္ထည္ပုဆိုးကိုထုတ္ေပးၿပီးဝတ္ခိုင္းခဲ့သည္။ ဘာေၾကာင့္မွန္းမသိ ေနေစးဝတ္ခဲ့ေပမယ့္ တကယ္တမ္းမွာ ထိုဝတ္စုံဟာ ခြန္စိုင္းနဲ႕ဆင္တူျဖစ္ေနတာေၾကာင့္ ေနေစးမွာေပ်ာ္ေနခဲ့ရေသးသည္။
ဒီေန႕ည အိမ္ရဲ႕လွလွပပျပင္ဆင္မႈ႕ေၾကာင့္ ႐ြာရွိအိမ္နီးနားခ်င္းတစ္ခ်ိဳ႕လည္း ေနေစးအိမ္ကိုကြက္ၾကည့္ကြက္ၾကည့္လုပ္ၾကေသာ္ ဘယ္သူမွေတာ့မစပ္စုရဲေခ်။ အဖ အပါအဝင္အိမ္မွာရွိတဲ့ အမ်ိဳးမ်ိဳးထူးဆန္းေနတဲ့ လူႀကီးေတြေၾကာင့္ ေနေစးသည္သူအိမ္မွာမရွိခ်ိန္ ကိစၥတစ္ခုခုရွိခဲ့သလားမေျပာတတ္ေပ။ ထိုသို႔ေတြးေနတုန္း အိမ္အျပင္ကေန ဘြား နဲ႕ ေမာ့တို႔သပ္ရပ္စြာဝတ္စားၿပီး သူတို႔ေနာက္တြင္အသက္ႀကီးႀကီးလူအိုတစ္ဦးပါလာခဲ့သည္။ ဘြား နဲ႕ ေမာ့တို႔နဲ႕ ဒီညေနတင္အတူတူကိစၥတစ္ခ်ိဳ႕လုပ္ၿပီးေနေစး ျပန္လာခဲ့တာ သူတို႔ဒီညေနအိမ္လာမယ္လို႔လည္းမေျပာတာေၾကာင့္ ေနေစးစိတ္ထဲ ပြဲေတာ္လာလွည့္တယ္ပဲထင္မွတ္ေန၏။
" ဗ်ိဳ႕ အဖ က်ဳပ္ေရာက္ၿပီေနာ့ "
" ေအးဗ်ာ က်ဳပ္လည္းေမွ်ာ္ေနတာေရာ္။ ကဲကဲ အေပၚထပ္ဆီသြားၾကမယ္ လူစုံၿပီလားေဝ့။ လူေလးဘယ္မတုန္း "
အဖ ေမးေတာ့ ေဒၚေလးအဆိုင္းက။
" လူေလး အေပၚခဏတတ္သြားတယ္ရယ္ "
" အဲ့တာဆို ညည္းတို႔လဲ လာေတာ့ခ်ည္။ "
" ဟုတ္ကဲ့ "
အဖရဲ႕စကားအဆုံး အေဒၚေတြနဲ႕အတူ ထိုလူအိုႀကီးပါအိမ္ေပၚတတ္ရန္ထဟန္ျပင္ေတာ့ ဘာမွမသိတဲ့ ေနေစးတစ္ေယာက္သာ ေရေႏြးခြက္ကိုင္လွ်က္ စိတ္ရႈတ္ေထြးတဲ့အမူအရာႏွင့္ျပည့္ေနသည္။
" အဖ အိမ္မွာ ကိစၥတစ္ခုခုျဖစ္လို႔လား။ ၿပီးေတာ့ စိုင္းဟြမ္ နဲ႕ဘာကိစၥရွိလို႔တုန္း "
ေနေစးက ဒီစကားဝိုင္းမွာ ခြန္စိုင္းနာမည္ပါလာကတည္းက စိုးရိမ္စိတ္ဝင္ေနခဲ့သူျဖစ္သည္။
သူ႕ဧည့္သည္ေလးနဲ႕ပက္သတ္ရင္အမွားမခံ အထိခိုက္မခံနိုင္တဲ့ သူ႕သားေရခဲတုံးကိုၾကည့္ၿပီး အဖ ေခါင္းခါကာ။
" အဲ့တာေတြအိမ္ေပၚေရာက္ရင္ မင္းသိမေပါ့ကြာ.. ကဲ ေစာင့္ေနတာနဲ႕အခ်ိန္ေတာင္ေက်ာ္ေတာ့မယ္ ျမန္ျမန္ "
ထိုသို႔ေျပာၿပီး အဖ က အေပၚထပ္ကိုတတ္သြားၿပီးေနာက္.. ေနာက္ကေန ေဒၚေလးတို႔က ေ႐ြေရာင္ရွိေသာ ကြမ္းအစ္ ႏွင့္ ေငြေရာင္ရွိေသာ လက္ဖက္စုံ တို႔အားကိုင္၍တတ္လိုက္သြားေတာ့သည္။
ေနေစးသည္အိမ္မွာကိစၥတစ္ခုခုရွိေပမယ့္သူ႕ကိုမေျပာပဲထားတာေၾကာင့္သိခ်င္ေနမိသည္။ဒါ့အျပင္ ဒီကိစၥမွာ ခြန္စိုင္းပါ ပါတာေၾကာင့္ ေနေစးပို၍သိခ်င္ပါ၏။ ဘြားတို႔က ေနေစးပုခုံးကိုပုတ္ကာ။
" ဘာရပ္လုပ္ေနတာလဲ အေပၚသြားရေအာင္ေလ ေနာက္က်ေတာ့မယ္ "
" ေနပါဦး မင္းတို႔ဒီညေနအိမ္လာမယ္ဆိုတာ ဘာလို႔က်ဳပ္ကိုမေျပာတာတုန္း။ေမးရဦးမယ္..အိမ္မွာကိစၥတစ္ခုခုရွိတာ မင္းတို႔သိႏွင့္ၿပီးသားလား "
ေနေစးရဲ႕ဆက္တိုက္ေမးခြန္းေတြကိုဘြားကေခါင္းေရွာင္ကာ မခ်ိတင္ကဲၿပဳံးရင္းသာ။
" ကဲပါကြာ မင္းမလည္း ေမးခြန္းေတြကမ်ားလွခ်ည္ေရာ္။ အိမ္ေပၚေရာက္ေတာ့သိမွာပဲေလကြာ "
ဘြား တို႔ႏွစ္ေယာက္လုံးကသူ႕အားႀကိဳ၍မေျပာခ်င္မွန္းသိေတာ့ ေနေစးထပ္မေမးေတာ့ေပ။ ထိုအခ်ိန္အခုမွ အျပင္ကအသည္းသန္ျပန္လာတဲ့ ခြၽန္းဖု နဲ႕ငဒူးသည္လည္း လူေခ်ာသဖြယ္ျပင္ဆင္မႈ႕ေၾကာင့္ ဒီေကာင္ေလးေတြ အျပင္မွာ လူပ်ိဳမလွည့္ေသးဘူးလားဟုထင္ကာေမးမိသည္။
" မင္းတို႔ကေရာဘာလို႔ ႐ြာထဲမသြားလည္ပဲ အိမ္ျပန္လာတာတုန္း "
ထိုအခါ ငဒူးက စပ္ၿဖဲၿဖဲနဲ႕ၿပဳံးရယ္ကာ..။
" ဟာ ေနာင္ႀကီးေနေစးကလည္းဗ်ာ ဒီရက္က ႐ြာထဲလူပ်ိဳလွည့္တာထက္အေရးႀကီးတဲ့ကိစၥကို က်ဳပ္တို႔မယ္လက္လြတ္မခံနိုင္ေပါင္ ဟဲဟဲ ဟုတ္တယ္မလား ခြၽန္းဖု "
" ဒါေပါ့ကြ..အေပၚမယ္ အဖတို႔လူစုံေနေလာက္ၿပီ.. ေနာင္ႀကီးက်ဳပ္တို႔အေပၚသြားလိုက္ဦးမယ္ေနာ္ "
ကေလးႏွစ္ေယာက္အိမ္ေပၚတတ္ၿပီးေနာက္ ေနေစးတို႔လည္းတတ္လာခဲ့ေတာ့သည္။ အိမ္ေပၚတြင္ အိမ္ဦးဘုရားခန္း၌အဖ ႏွင့္ေဒၚေလးတို႔ႏွစ္ေယာက္အဓိကထား၍ထိုင္ေနၿပီး ဘြားတို႔ေခၚလာေသာ လူအိုႀကီးမွာ သူ႕လြယ္အိတ္ထဲပါလာသည့္ထင္ ပစၥည္းတစ္ခ်ိဳ႕အားထုတ္ကာေဘးမွာထား၍အဖနဲ႕စကားေျပာေနၾကသည္။ ထိုစဥ္ ေနေစးရဲ႕မ်က္ဝန္းတစ္စုံက အဖတို႔အေရွ႕မွ ရိုေသစြာထိုင္ေနတဲ့ ခြန္စိုင္းကိုေတြ႕လိုက္ရေတာ့မွင္သက္ကာ သူ႕ေရွ႕မွ လူႀကီးေလးကိုျမတ္နိုးစြာေငးေမာၾကည့္ေနမိေတာ့သည္။
ညေနကေရခ်ိဳးၿပီးဝတ္စားထားတာဟာ ေနေစးနဲ႕အတူတူပဲဆိုေသာ္ျငားဒီ႐ြာရဲ႕ဓေလ့ရိုးရာဝတ္စုံေလးကိုဝတ္ဆင္ကာ အမ်ားႀကီးခ်ယ္သထားျခင္းမရွိေသာလည္း နဂိုျဖဴဝင္းတဲ့အသားရည္ဟာ အေမွာင္ထဲကလေရာင္အလင္းကဲ့သို႔ ထိုးထင္းစြာလွပေနၿပီး ၾကယ္ကေလးေတြေတာက္ပေနတဲ့မ်က္ဝန္းေလးတစ္စုံနဲ႕လွမ္းၾကည့္ကာ ၿပဳံးရယ္ျပေန၏ ထိုအၿပဳံးေၾကာင့္ ပို၍ထင္ရွားစြာေပၚလာတဲ့ မ်က္ဝန္းေအာက္ဘက္ေထာင့္ကမွဲ႕နက္ေလးက ခ်စ္စဖြယ္။
ေနေစး သည္ ခြန္စိုင္းဝတ္ထားတဲ့ အနီနဲ႕အနက္ေဖာက္၍ လိုက္ဖက္သပ္ရပ္စြာခ်ဳပ္ထားတဲ့ ရိုးရာဝတ္စုံေလးေၾကာင့္ သူ႕ကိုယ္သူလည္းျပန္ၾကည့္ကာ ဒီဝတ္စုံဟာ ဘယ္ေနရာမွာအသုံးလိုမွဝတ္ရမယ္ဆိုတာ သတိရလိုက္ေတာ့ ဆတ္ခနဲပင္ သူ႕ႏွလုံးသားအခုန္ျမန္လာခဲ့မိသည္။
အဖကလူအိုႀကီးနဲ႕စကားေျပာေနရင္း ေနေစးအခုထိမထိုင္ေသးတာျမင္ေတာ့ေျပာလာသည္။
" ေဝ့ အက္ဒြက္ ဘာလုပ္ေနတာတုန္း ဒီမယ္လာထိုင္ခ်ည္ေလ "
အဖ ေျပာၿပီးေနာက္ ဘြား က ေနေစးပုခုံးကိုတြန္းကာသတိေပးလိုက္ေတာ့မွ ေနေစး သတိဝင္ကာ ခြန္စိုင္းအနားမွာဝင္ထိုင္လိုက္သည္။ ေနေစးဟာ ရိုးရာဝတ္စုံကိုသပ္ရပ္စြာဝတ္ဆင္ထားၿပီး ဆံပင္ကိုသပ္ရပ္စြာစည္းေႏွာင္ထားၿပီးလြတ္လပ္တဲ့ပုံစံနဲ႕ေနေစးဟာ သူ႕ရဲ႕ေအးစက္တဲ့စရိုက္နဲ႕ကြဲျပားၿပီး နီးကပ္ရလြယ္ကူတဲ့အေနအထားမွာရွိသည္။ ဒါေၾကာင့္ ေခၚလာတဲ့ လူအိုႀကီးမွာ ဦးေဆာင္သူေစာေနေစးႀကီးအား စကားေျပာဖို႔အေတာ္အားယူေနရာက စိတ္သက္သာရာနည္းနည္းရသြားခဲ့သည္။
လူအိုႀကီးစကားမစတင္ခင္မွာ အဖက ဦးစြာေျပာလာခဲ့သည္။
" လူစုံၿပီဆိုေတာ့ အဓိကအေၾကာင္းအရာကိုေျပာၾကရေအာင္။ ကဲ အက္ဒြက္ "
" ဟုတ္ကဲ့ "
" ဒီေန႕က ဒို႔႐ြာရဲ႕ဓေလ့ထုံးတမ္းျဖစ္တဲ့ လူပ်ိဳအပ်ိဳပြဲေတာ္ရက္ဆိုတာ မင္းသိပါတယ္ "
" က်ဳပ္သိပါတယ္ "
" အဲ့ေတာ့ အဖ ေျပာခ်င္တာက ဒီက လူေလးခြန္စိုင္းဟြမ္ က မင္းကို လူႀကီးေတြေရွ႕မွာလက္ခ်ည္ပြဲအတြက္ကမ္းလွမ္းလာတယ္ အဲ့ကိစၥ မင္းသေဘာတူသလား "
" ......... "
ဘယ္လို!! ..?
ေနေစး သူ႕နားသူမယုံၾကည္နိုင္သလို ဆတ္ခနဲ႕ ခြန္စိုင္းဘက္ဆီလွည့္ၾကည့္မိေတာ့ ရွက္ရဲတဲ့မ်က္ႏွာေလးနဲ႕ေခါင္းငုံ႕ကာအျပစ္လုပ္ထားမိတဲ့ကေလးငယ္ေလးလိုျပဳမႈေနတာ သိပ္ခ်စ္ဖို႔ေကာင္းေနသည္။ ခြန္စိုင္းကသူ႕အတြက္ ဒီလိုျပင္ဆင္မႈ႕ေတြလုပ္ထားတယ္ ဒီလိုမ်ိဳးသတၱိရွိစြာနဲ႕ လူႀကီးသူမ ေတြကိုဖြင့္ေျပာခဲ့တယ္ဆိုတဲ့အသိေၾကာင့္ ေနေစး ခ်က္ခ်င္းပင္ ခြန္စိုင္းအားေပြ႕ဖက္နမ္းရွိုက္ခ်င္မိခဲ့သည္။ ေနေစးဟာ စိတ္ရႈတ္ရွားမႈ႕တို႔ေၾကာင့္ ႏွလုံးခုန္ျမန္ဆန္လာကာ ထိုႏွလုံးသားဆီကအသံပင္ ခြန္စိုင္းအတိုင္းသားၾကားေနခဲ့ရသည္။
ခြန္စိုင္းအားစိုက္ၾကည့္ေနၿပီးအၿပဳံးတို႔ျဖစ္တည္ေနတဲ့ ေနေစးဟာ သူ႕အေျဖစကားကိုေစာင့္ေနတဲ့ အဖ နဲ႕လူအမ်ားတို႔ကိုေမ့ေလွ်ာ့လွ်က္ရွိေန၏။
မတတ္သာတဲ့အဆုံး အဖ က ေခ်ာင္းဟန့္ကာ..။
" အဟန့္.. အက္ဒြက္.. "
အဲ့ေတာ့မွ ေနေစး မ်က္ႏွာတည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ အဖ ႏွင့္ေဒၚေလးတို႔အျပင္ လူအိုႀကီးဘက္ပါလွည့္ကာ။
" က်ဳပ္ ဦးေဆာင္သူေစာေနေစး ( ေခၚ ) အက္ဒြက္.. ခြန္စိုင္းဟြမ္ရဲ႕ကမ္းလွမ္းမႈ႕ကိုလက္ခံပါတယ္ "
" ေရးးးး ဒါမွ ေနာင္ႀကီးကြ! !! "
ေနေစးရဲ႕အေျဖအဆုံးမွာ ကေလးႏွစ္ေယာက္ျဖစ္တဲ့ ငဒူး နဲ႕ခြၽန္းဖုတို႔က ဝမ္းသာအားရႏွင့္ေအာ္ကာ ဝစီမႈတ္သံနဲ႕စေတာ့ ဘြား နဲ႕ေမာ့တို႔အျပင္ေဒၚေလးတို႔ကပါဝိုင္း၍ေအာ္ဘာေပး လက္ခုတ္သံတို႔က်ယ္ေလာင္ကာအၿပဳံးကိုယ္စီျဖင့္လက္ခံၾကသည္။ ေနေစးသည္လည္းၿပဳံး၍ပင္ ခြန္စိုင္းလက္ကေလးကိုမသိမသာဆုတ္ကိုင္လွ်က္ ၿပဳံး၍ေန၏။
ထိုအခါ အဖ က အားလုံးကိုလက္ကာျပကာ..။
" ဒါဆို လူအိုႀကီး..က်ဳပ္သားနဲ႕ က်ဳပ္သမက္ရဲ႕လက္ခ်ည္ပြဲေလးစလိုက္ၾကမလား"
" ဒါေပါ့ဗာ ဒါေပါ့..အမ္းး လူေလးရဲ႕မိဘအုပ္ထိန္းသူေနရာကေန ဘယ္သူပါမတုန္း "
လူအိုႀကီးေျပာေတာ့ အဖ က ခြန္စိုင္းကိုၾကည့္ၿပီးၿပဳံးျပကာ ေဒၚေလးအဆိုင္းကိုၾကည့္သည္။
" လူေလးရဲ႕မိခင္ေနရာက က်ဳပ္ရွိပါတယ္။ လူေလးက က်ဳပ္တို႔ရဲ႕သားေလးဆိုလည္းမမွားပါဘူးရယ္ "
" ေကာင္းတယ္..ေကာင္းတယ္..ကဲ ဒါဆို က်ဳပ္ျပင္လိုက္ေတာ့မေနာ့ "
လူအိုႀကီးေျပာၿပီးေနာက္ ႐ြာရဲ႕ဓေလ့လုပ္ရိုးလုပ္စဥ္အတိုင္းပင္ ေနေစးနဲ႕ခြန္စိုင္းအား လက္ခ်ည္ပြဲရဲ႕ဓေလ့ရိုးရာတို႔ကိုျပဳလုပ္ေပးေတာ့သည္။
အခ်ိန္တစ္ခ်ိဳ႕ၾကာျမင့္ၿပီးေနာက္...ေနေစး နဲ႕ ခြန္စိုင္းတို႔ႏွစ္ေယာက္လုံး အဖ နဲ႕ ေဒၚေလးတို႔ကိုမိဘေနရာထားၿပီး ကန္ေတာ့ၾကေတာ့သည္။
" လူေလးတို႔ေလွ်ာက္မယ့္လမ္း သာယာေျဖာင့္ျဖဴးပါေစေနာ့ "
" ေပးတဲ့ဆုနဲ႕ျပည့္ပါေစ အဖ "×2
အဖ သည္ သူ႕ေရွ႕ရွိ လူငယ္ေလးႏွစ္ဦးအားၾကည့္ၿပီးေခါင္းညွိမ့္သည္။ တစ္ခ်ိဳ႕အရာေတြက ကံစီမံရာအတိုင္းျဖစ္ပ်က္သြားခဲ့တာမို႔ တတ္နိုင္တာဘာမွမရွိေလဘူး။ တစ္သက္လုံးက ေက်ာက္တုံးတစ္တုံးလို ေနေစးက အေဝးတစ္နယ္သား ဒီလူေလးအေပၚေမတၱာသက္ဝင္ျခင္းမွာလည္း သူတို႔တတ္နိုင္တာ ပံ့ပိုးေပးနိုင္ယုံပဲေလ။ ဒါက ဖူးစာ လို႔ေျပာလို႔ရသလို ေရစက္ ဆိုလည္းမမွားေပဘူး။
အဖ သည္ ေနေစးနဲ႕ ခြန္စိုင္းလည္ပင္းမွာရွိတဲ့ သူ႕နဲ သူ႕ဇနီး တို႔ရဲ႕ အမွတ္အသား..သို႔မဟုတ္ ဦးေဆာင္သူရဲ႕ၾကင္ဖက္ အမွတ္အသားတစ္ခုျဖစ္တဲ့ အဆြယ္ေလးကိုၾကည့္ၿပီး ဇနီးသည္ကိုေတာင္အမွတ္ရမိသည္။
အေျခအေနေတြအားလုံးၿပီးစီးၿပီးေနာက္မွာ ေဒၚေလးတို႔ႏွစ္ေယာက္ကသိမ္းဆည္းစရာရွိတာသိမ္းဆည္းၿပီး လူအိုႀကီး ကိုေတာ့ ငဒူး နဲ႕ခြၽန္းဖုတို႔က လိုက္ပို႔သည္။ အိမ္ရဲ႕ဧည့္ခန္းတြင္ အဖ .. ဘြားနဲ႕ေမာ့တို႔အျပင္ ခြန္စိုင္းတို႔အတြဲ ထိုက္ေနၾကသည္။ ခြန္စိုင္းသည္ သူနဲ႕ ေနေစးတို႔ရဲ႕ပက္သတ္မႈ႕ကိုလူသိရွင္ၾကားဖြင့္ေျပာၿပီးေနာက္ အခုလိုေတြစီစဥ္ခဲ့ေပမယ့္ အခုပြဲၿပီးသြားတဲ့အခါမွာေတာ့ အနည္းငယ္မ်က္ႏွာပူမိသည္။
" ကြၽန္ေတာ္ ဘဘႀကီးကိုတစ္ခုေလာက္ခြင့္ေတာင့္ခ်င္လို႔ပါ "
" အိမ္း... ဘဘႀကီး ေတြဘာေတြေခၚမေနစမ္းပါနဲ႕ကြယ္.. အဖ လို႔ပဲေခၚေနာ့လူေလး "
အဖ ေျပာေတာ့ ခြန္စိုင္းကေနေစးအားတစ္ခ်က္ၾကည့္ကာ။
" ဟုတ္ကဲ့ အဖ ။ "
" လူေလးဘာခြင့္ေတာင္းခ်င္လို႔လဲကြဲ႕ "
" ဒီလိုပါ..ကြၽန္ေတာ္အိမ္မျပန္ျဖစ္တာလဲၾကာၿပီဆိုေတာ့ ေမေမကလည္းစိတ္ပူၿပီးအိမ္ျပန္လာေစခ်င္ေနတယ္ "
ခြန္စိုင္းစကားေျပာၿပီးတာႏွင့္ အဖ က ေနေစးကိုၾကည့္ကာ အကဲခတ္လိုက္သည္။ ေနေစးကခြန္စိုင္းစကားမဆုံးေသးေပမယ့္ မ်က္ႏွာကသေဘာမက်ခ်င္သည့္ပုံစံမ်ိဳး။
သို႔ေပမယ့္ ခြန္စိုင္းကအားလုံးရဲ႕အကဲခတ္တဲ့အၾကည့္ေတြၾကားကစကားဆက္သည္။
" ကြၽန္ေတာ္အိမ္ျပန္ဖို႔လိုတယ္..ဒါ့ေၾကာင့္ ကြၽန္ေတာ္နဲ႕အတူ အက္ဒြက္ကိုပါရန္ကုန္လိုက္ဖို႔ခြင့္ျပဳေပးဖို႔ခြင့္ေတာင္းခ်င္လို႔ပါ "
" ေဟ....! "
အဖ ကိုယ္တိုင္ကမထင္ထားတဲ့စကားျဖစ္တာေၾကာင့္ အံၾသသြားတာေတာ့အမွန္ပင္။ နံေဘးမွာရွိေနတဲ့ ဘြားနဲ႕ေမာ့ကိုယ္တိုင္လည္းေနေစးအတြက္ဝမ္းသာေနမိေတာ့သည္။ အားလုံးကေတာင္ဝမ္းသာေနမွေတာ့ ေနေစးကိုယ္တိုင္ရဲ႕ဝမ္းသာမႈ႕ကအတိုင္းထက္အလြန္ေပါ့။
" ေကာင္းၿပီ။ အဖ ခြင့္မျပဳစရာအေၾကာင္းမရွိဘူးေရာ္ အခုဆို လူေလးကေနေစးရဲ႕ၾကင္ဖက္ျဖစ္သြားၿပီေရာ္ ။ ေနေစးေရာ ဘယ္လိုသေဘာထားရွိတုန္း "
အားလုံးကေနေစးကိုၾကည့္ေနေပမယ့္ ေနေစးကေတာ့ သူ႕ျမတ္နိုးရာေလးကိုသာၾကည့္ေနရင္းေျပာလာသည္။
" သူရွိတဲ့အရပ္ဘယ္ေနရာမဆို က်ဳပ္လိုက္ဖို႔အသင့္ပါပဲ။ "
ေျပာၿပီးတာႏွင့္ ခြန္စိုင္းနဲ႕ေနေစးတို႔တစ္ေယာက္မ်က္ဝန္းထဲတစ္ေယာက္ပုံျမင္ရသည္အထိ နားလည္မႈ႕ရွိစြာႏွင့္ အျပန္အလွန္ ၿပဳံးျပၾကသည္။
* က်ဳပ္အတြက္ ခင္ဗ်ားေလးရင္းထားတဲ့အရာက တန္ဖိုးမျဖတ္နိုင္ေလာက္ေအာင္ အဖိုးထိုက္တာမို႔ က်ဳပ္တသက္လုံး ခင္ဗ်ားေလးကိုတန္ဖိုးထားၿပီး ခ်စ္သြားပါ့မယ္ စိုင္းဟြမ္ *
______________________________________________
#VOTE & Cm ✌
#December - 23 - 2022
#MoeWathan 🦋
______________________________________________