ဒေါက် ဒေါက် ဒေါက်
တိတ်ဆိတ်သောအခန်းငယ်လေးထဲ
ကျယ်လောင်စွာပေါ်ထွက်လာတဲ့ တံခါးခေါက်သံနဲ့အတူ
မြင့်မိုရ်ရဲ့ အတွေးအိမ်တို့ဟာလဲ ဟိုတစ်စ ဒီတစ်စ...
မြင့်မိုရ် / ဝင်ခဲ့ပါ...
နေသော်က / အကို...
ခေါ်သံလေးကတိုးလျလျလေးပါ
မဟုတ်မှ ဒီကောင်လေး ငိုနေသည်လား...
မြင့်မိုရ် / အော် လာလေ...ထိုင်
နေသော်က / ကျွန်တော်မေးချင်တာလေးရှိလို့ပါ အကို
မြင့်မိုရ်သိတာပေါ့ ထိုကောင်လေး ဘာကိုမေးချင်နေမှန်း
မြင့်မိုရ် သဘောကျစွာပြုံးလိုက်ရင်း
မြင့်မိုရ် / ငါ့ရဲ့ အလို ဆန္ဒတွေပြည့်မြောက်ဖို့ မင်းက အများကြီးကူညီပေးခဲ့တယ် သော်က
နေသော်က အံ့သြမိပါသည်။
အကြောင်းက ငါ ဟုသုံးနှုန်းလိုက်သော အကို့ကြောင့်...
နေသော်က / ကျွန်တော်တို့ စီစဥ်ခဲ့တုန်းက ကုမ္ပဏီရှယ်ရာတွေသိမ်းဖို့မပါခဲ့ဘူးလေ အကို
တောင်းပန်ပါတယ်နော် ကျွန်တော်တို့ ဒီအနှောင်အဖွဲ့တွေကနေ
ရုန်းထွက်ကြရအောင်လား...
ကျွန်တော်လွတ်မြောက်ချင်ပြီအကို...
ကျွန်တော့်ရဲ့ ကမ္ဘာအသစ်လေးမှာ
ကျွန်တော်ရယ် အကိုရယ် ပြီးတော့
နွေးထွေးသာယာတဲ့ အိမ်လေးတစ်လုံးရယ်လေ
ကျွန်တော်...ကျွန်တော်တို့ ဒီလိုစိတ်ကူးယဥ်ခဲ့ကြတာလေး
မြင့်မိုရ် မျက်မှောင်ကျုံ့လိုက်ကာ
မြင့်မိုရ် / တိတ်စမ်း! !! ငါ့ကိုမင်းလိုအရူးလို့များထင်နေလား
အဟက် ဘာ!!! မင်းရယ် ငါရယ် အိမ်လေးရယ်ပေါ့ ဟုတ်လား
ရူးနေလိုက်! !!ငါမင်းကို ဘယ်တုန်းကမှမချစ်ခဲ့ဘူး သော်က! !!
နေသော်ကမှာ အကိုပြောသမျှ ပါးစပ်အဟောင်းသားလေးနဲ့
အံ့သြမင်သက်နေရသည်။ ထိုစကားလုံးတွေကို
ယုံလည်းမယုံကြည်နိုင်ခဲ့...
နေသော်က / * အကိုကလေ...ငါ့..ငါ့ကို မချစ်ခဲ့ဖူးဘူးတဲ့
ဒါ အကို့ပါးစပ်ကပြောနေတာ မဟုတ်ဘူးမလားဟင်
သော်က အိမ်မက် မက်နေခဲ့တာမဟုတ်လား...*
မြင့်မိုရ် / ပြီးတော့ မှတ်ထားလိုက် ငါမင်းကို အသုံးချခဲ့ရုံသက်သက်ပဲ ဒါမဲ့ မင်းရဲ့ကောင်းမွန်တဲ့
လုပ်ဆောင်ချက်တွေကြောင့် အခွင့်အရေးတစ်ခုတော့ ပေးပါ့မယ်
မင်းငါ့အနားမှာနေပြီး ငါ့ကိုငေးကြည့်ခွင့်လေ...အဟားးးဟားးး
နေသော်က / * အကိုရယ်တယ် အကိုကရယ်နေတယ်
ဒီအပြုံးကို သော်က သိပ်ကြောက်တာ အကိုရဲ့
လွန်ခဲ့တဲ့ နာရီပိုင်းကတောင်
မင်းသားမျက်နှာဖုံးစွပ်ထားတဲ့အကိုက
အခုတော့ ဘီလူးသရဲနဲ့တောင်ဆင်တူနေပါသေးတယ်
အချိန်ခဏလေးအတွင်းမှာတင်
အရာအားလုံးပြောင်းလဲသွားလိုက်တာ
သူရဲကောင်းလို့ ထင်မှတ်ခဲ့သူက အခုတော့ ရန်သူတဲ့
ရန်သူဟုတ် ထင်မှတ်ခဲ့သူကတော့...
အင်းလေ နောင်တဆိုတာမျိုးက နောင်မှရတက်စမြဲပဲကို...*
သော်ကခေါင်းထဲရှုပ်ယှက်ခက်ကာ
ပြောင်းပြန်လည်နေတဲ့ လောကကြီးကို ဟားတိုက်လိုက်ချင်ပါသည်။
ဘာလို့များ သူတော်ကောင်းကိုမှ ရန်သူထင်မှတ်စေရတာလဲဟူ၍...
မြင့်မိုရ် / အခုတော့ ငါဘာလို့ ရှယ်ရာတွေသိမ်းလိုက်တာလဲ မင်းသိပြီနော်
နေသော်က / အကိုက လူယုတ်မာပဲ!!!ဘာလို့ ကျွန်တော့်ရဲ့ အချစ်ကိုများ အသုံးချရက်ရတာလဲ...ဘာလိုများ ချစ်တယ်ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ပြောထွက်ခဲ့ရတာလဲ
မြင့်မိုရ် / အဟားးဟားးးး သေချာလဲ ပြန်စဥ်စားကြည့်ပါဦး
ငါမင်းကိုဘယ်အချိန်တုန်းကများ ချစ်တယ် ပြောဖူးလို့လဲ
စဖွင့်ပြောထဲက ချစ်တယ်လို့ တခွန်းမှမပါခဲ့ဘူး နေသော်က! !!
နေသော်က / * ဟုတ်တာပေါ့ အရင်ထဲက သော်ကဘက်ကပဲစပြီး ချစ်တယ်ပြောခဲ့တာကြီးပါပဲ အကိုဟာ လိမ်တဲ့ညာတဲ့နေရာမှာ တဖက်ကမ်းခပ် ကျွမ်းကြီးသူကြီးပါပဲ *
သော်ကမျက်ရည်တွေဟာ တားလို့မရစီးလို့မရပါပဲ အဆက်မပြတ်ကျနေခဲ့တယ်
နေသော်က / * သော်ကဖြစ်နိုင်ရင် ဒီနေရာကနေ လေ လိုပျောက်ကွယ်သွားပြစ်ချင်တယ်...
မရှိတော့ဘူး ဘာမှမရှိတော့ဘူး သော်ကမှာ ဘာမှမရှိတော့ပါဘူး အကိုရယ်...
သော်က ချစ်ရတဲ့အကိုက သော်က ကိုလိမ်တယ်
ဒါကလဲ ဝဋ်ပြန်လည်တာဖြစ်ပါလိမ့်မယ် .....
ဘာလို့ဆို သော်က ကိုချစ်တဲ့မောင့်ကိုလည်း
သော်ကလိမ်ထားခဲ့တာမို့ ...
ဝဋ်ဆိုတာ နောက်ဘဝကို တကယ်မကူးဘူးပဲ... *
နေသော်က မျက်ရည်တွေ ကျနေရင်း
အရူးတစ်ယောက်လို အော်ရယ်ကာ
ထိုအခန်းထဲကနေ ပြေးထွက်သွားခဲ့တယ်...
သူဘာမှမသိချင်တော့ဘူး ပျော်ရွှင်ရမယ် ထင်လို့ ရွေးချယ်ခဲ့တဲ့ လမ်းက သူ့ကိုသေစေနိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့
ဆူးတွေခင်းကျင်းထားခဲ့တယ်... ဒါကိုတောင်မသိပါပဲ
ရဲရဲလျောက်လှမ်းခဲ့တယ်
အခုတော့ သူ့ခြေဖဝါးမှာ သွေးစွန်းနေခဲ့ပြီ...
နေသော်က / တောင်းပန်ပါတယ် မောင်
ငါ့မှာ တောင်းပန်စကားကလွဲလို့
မင်းအတွက်ပြောစရာမရှိတော့ဘူးး
ငါတကယ် တောင်းပန်ပါတယ် မောင်ရယ်...
............................................................................
လွင်မင်းဦးတစ်ယောက် အိမ်ရောက်ရောက်ခြင်း ရေချိုးခန်းထဲတန်းဝင်ကာ အဝတ်အစားတောင်မချွတ်နိုင်ပါပဲ
ရေဘဲလ်ကိုဖွင့်ချလိုက်မိသည်။ထို့နောက် မျက်လုံးအစုံတို့ကို
မှိတ်ထားလိုက်မိတော့ ပေါ်လာတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ရဲ့ မျက်နှာ...
လွင်မင်းဦး / အားးး သွားကွာ သွားကွာ !!!
ထွက်သွားစမ်း ငါ့အတွေးတွေထဲကနေ..!!!!!
"ကျွန်တော် ကိုကို့ ကိုချစ်တယ်..."
လွင်မင်းဦး / မချစ်ဘူး! !!ထွက်သွားစမ်း! !!
ထို့နောက် ရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်ချကာ ဒူးနှစ်ဖက်ပေါ် ခေါင်းတင်ရင်း ရှိုက်ကြီးတငင် ငိုချပြစ်လိုက်လေသည်။
ရေဘဲလ်ထဲကနေ ရေတွေဟာလဲ ကျနေဆဲ ...
ထို့နောက်တော့ အတွေးတွေက အတိတ်တစ်နေရာဆီ...
မြင့်မိုရ် / အကိုက ကျွန်တော့ကိုကျောင်းဆက်ထားပေးမယ် ဟုတ်လား...
အံ့သြဝမ်းသာဖြစ်နေတဲ့ ဒီကောင်လေးရဲ့
မျက်ဝန်းလှလှလေးကို သူမမေ့နိုင်ခဲ့...
လွင်မင်းဦးတစ်ယောက် ရယ်ကျဲကျဲလုပ်ရင်း
လွင်မင်းဦး / ဟုတ်တယ် အဲ့တာကြောင့် အခုချိန်ကစပြီး အလုပ်လုပ်စရာမလိုတော့ဘူး...
မြင့်မိုရ် / ကျေး ကျေးဇူးအများကြီးတင်ပါ် အကို
ထိုင်ရှိခိုးမတက် ကျေးဇူးတင်ကြောင်းပြောနေတဲ့
ကောင်လေးတစ်ယောက် ...
ပြီးတော့ ပိုင်ရှင်ကိုယ်တိုင်မသိပါပဲ အပြုံးပန်းတွေဝေနေတဲ့
ကောင်လေးတစ်ယောက်နဲ့...
ကော်ဖီနံ့သင်းနေတဲ့ ဆိုင်လေးတစ်ဆိုင်...ပြီးတော့
အဖြူရောင်ကော်ဖီခွက်လေးနှစ်ခွက်...
သိပ့်ကို ကြည်နူးစရာကောင်းခဲ့တယ်...
ထို့နောက် လွင်မင်းဦးရဲ့ မျက်ဝန်းထဲကိုမြင်ကွင်းတစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ် ဇာတ်ကားတစ်ကားထိုင်ကြည့်နေသလိုမျိုး...
မြင့်မိုရ် / အကိုရေ အကို...ဟာ နေမကောင်းဘူးလား
နေမကောင်းရင်လဲ အနားယူလိုက်ပါလား အကိုရယ်
ဘာလို့ ကလေးတွေ အဆော့မက်သလို အလုပ်ကိုမက်နေရတာလဲ
လွင်မင်းဦး တစ်ယောက် ဖျားနေတဲ့ ကြားကပြုံးမိပါသေးသည်။
ထိုကောင်လေးရဲ့ ဂရုစိုက်မှုတွေကြောင့်လား ...
ဂရုနာဒေါသနဲ့ဆူပူမှုတွေကြောင့်လားဆိုတာတော့ သူကိုယ်တိုင်လဲ မသိပါ
ဘာလိုအလုပ်မက်ရတာလဲတဲ့...
*"မင်းကသူ့ကိုကျောင်းထားပေးချင်ရအောင်
မင်းပိုက်ဆံဘယ်နှပြားရှာနိုင်လို့လဲ ဟမ် !!!
ပြောစမ်း လွင်မင်းဦး..."
"အေးလေ ဘယ်က ကလေကဝမှန်းမသိတာကိုများ သားရယ် "
"သား ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ် ဝင်လုပ်ပါ့မယ် ဒယ်ဒီ နဲ့ မာမီ"
"ဘာ!!" "ဘယ်လို!!"*
မိဘစကားကို အမြဲ အရွဲ့တိုက်ကာ ကျစ်ကန်ကန်နေလာခဲ့တဲ့ သူက
ဒယ်ဒီကိုယ်တိုင် သူ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ပြောတုန်းကတောင်
ငြင်းခဲ့တဲ့သူက ထိုကောင်လေးကြောင့်...
အတိတ်ဖြင့် ချည်နှောင်လိုက်တဲ့ ကြိုးငယ်လေးဟာ အခုတော့...
...........................................................................
အတိတ်လှလှလေးတွေက
သဲသောင်ပြင်ပေါ်ကျန်ခဲ့တဲ့ ခြေရာတွေလို
လှိုင်းတိုက်စားတိုင်း ပျောက်ကွယ်သွားမှာမျိုးတော့
မဟုတ်ခဲ့ဘူးလေ...
ကိုးကိုး
( နှလုံးသားဖြင့် သီကုံးသည် )