ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်

By MayBerry_115

38.9K 5.6K 148

Myanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwx... More

descriptions
chapter~> 1 (arc 1)
chapter~> 2
chapter~>3
chapter~4
chapter~>5
chapter~>6
chapter~>8
chapter~>9
chapter~>10
chapter~>11
chapter~>12
chapter~>13
chapter~>14
chapter~>15
chapter~>16 (arc-2)
chapter~>17
chapter~> 18
chapter~>19
chapter~>20
chapter ~> 21
chapter~>22
chapter~>23
chapter~> 24
chapter~> 25
chapter~26.1
chapter~>26.2 (arc 3)
chapter~>23.1

chapter~>7

1.2K 219 6
By MayBerry_115


Unicode

နျဲ့ချင်းချန်က ဒေါသထွက်နေပေမယ့် စိတ်လိုက်မာန်ပါ ဝင်မသွား‌ခဲ့‌ပေ။ 'သူခိုးကို ခိုးရာပါပစ္စည်းနှင့်တကွ ဖမ်းပါ ' 'အိမ်ထောင်ရေးဖောက်ပြန်သူကို လက်ပူးလက်ချက်မိအောင် ဖမ်းပါ' ဆိုသည့်ဆိုရိုးအတိုင်းပင်။ အခု နှစ်ယောက်က စားပွဲတစ်ခုတည်းမှာ အတူတူညစာစားနေရုံသာဖြစ်တာကြောင့် ဖမ်းမိရင်တောင် ပြင်းထန်မှာမဟုတ်ဘူး။

ထိုသို့တွေးပြီးနောက် သူ ကားပေါ်တက်ပြီး သူတို့ ဟိုတယ်ကိုသွားတဲ့အချိန် အနောက်မှ လိုက်ချောင်းဖို့ စောင့်နေလိုက်သည်။ ပြီးမှ လက်ပူးလက်ချက်မိအောင် ဖမ်းပြီး အပြစ်ပေးပစ်မယ်!

စားသောက်ဆိုင်ထဲရှိ ကုပိုင်ကတော့ သူ ရောက်နေတာကို လုံးဝသတိမထားမိပေ။ သူက မစ်ရှင်လုပ်ဖို့လာခဲ့ပေမယ့် မူလပိုင်ရှင်၏ခန္ဓာကိုယ်ထဲသို့ ဝင်လိုက်သည်နှင့် မူလပိုင်ရှင်ကဲ့သို့ သာမန်လူတစ်ယောက် ဖြစ်သွားသည်။ ဒီအချိန်မှာ သူက သဘာဝလွန် စွမ်းအားတွေအကြောင်း သိပ်မသိပါဘူး။

ဖုဇီရွှမ်နှင့် ညစာစားနေစဉ် သူတို့ကြားမှာ စကားစမြည်ပြောစရာ အကြောင်းအရာမရှိ‌သဖြင့် သူတို့ ခပ်မြန်မြန် စားလိုက်ကြသည်။ ထို့ကြောင့် နာရီဝက်မပြည့်ခင် နှစ်ယောက်သား ထမင်းစားပြီးသွားကြပြီ။

စားသောက်ဆိုင်ကနေ ဖုဇီရွှမ် ထွက်သွားသည်ကိုကြည့်ရင်း ကုပိုင်သည် ထောင့်စွန်းဝိုင်းတွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည့် နန်လီချန်ကို သူ့ဘက်က အစပြုကာ တိုက်ခိုက်သည့်အနေဖြင့် နှုတ်ဆက်တော့မည့်အချိန် လမ်းဘေးမှာရပ်ထား‌တဲ့ နန်လီချန်၏ကားကို ရိပ်ခနဲ မြင်လိုက်လေသည်။

သူ့အမြင်အာရုံတွေက စူးရှနေတာကြောင့်မဟုတ်ဘဲ တစ်ဖက်လူရဲ့ကားက အရမ်းထင်ရှားနေပြီး သူ အဲဒီဈေးကြီးတဲ့ဇိမ်ခံကားပေါ်မှာ လဝက်လောက် ထိုင်စီးခဲ့ရသဖြင့် ၎င်းက သူနှင့် အရမ်းရင်းနှီးနေသည်။

ပျော်ရွှင်သောမျက်နှာဖြင့် ကုပိုင်သည် လျင်မြန်စွာ ပြေးသွားပြီး ရင်းနှီးနေသောတံခါးကို ဆွဲဖွင့်ကာ ခုန်ဝင်လိုက်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်သည်။

" အစ်ကိုကြီး ကျွန်တော့်ကို လာကြိုတာလား? "

သူတို့ကို အိပ်ရာပေါ်မှာ အမိဖမ်းမယ်လို့ တွေးနေ‌တဲ့ ယောက်ျား၏မျက်နှာက မှောင်မည်းသွားသည်။ သို့သော် ကုပိုင်၏မျက်နှာပေါ်က အံ့ဩနေတဲ့အပြုံးလေးကို မြင်လိုက်ရသောအခါ သူ့ဒေါသတွေအားလုံး ပျောက်ကွယ်သွားပုံရသည်။

သို့သော်လည်း နျဲ့ချင်းချန်သည် သူ၏မျက်နှာထားကို ချက်ချင်း မပြင်လိုက်ပေ။ ဖုဇီရွှမ်၏ကား ထွက်သွားသည်ကိုမြင်လိုက်ရသဖြင့် ဒရိုက်ဘာကို မောင်းရန် အချက်ပြလိုက်ပြီး ကုပိုင်ကို အပြစ်‌ပေးရန် မေးမြန်းလိုက်သည်။

" အဲဒါ ဖုဇီရွှမ်မလား? မင်း လူတွေကို ထပ်ပြီး နှောက်ယှက်နေပြန်ပြီလား "

ကုပိုင်၏မျက်နှာက ဖြူဖျော့သွားပေမယ့် ချက်ချင်း ပြန်‌ကောင်းလာပြီး သူ  ခေါင်းယမ်းပြလိုက်သည်။

"မဟုတ်.. မဟုတ်ဘူး အစ်ကိုကြီး..."

"မဟုတ်ရင် မင်း အခု ဘယ်သူနဲ့ ညစာစားလာတာလဲ " 

နျဲ့ချင်းချန်သည် အေးစက်နေပြီး သူ့လေသံက အရမ်းကို ခက်ထန်နေသည်။

" အရင်ရက်တွေက မင်း အရမ်းလိမ္မာ‌နေတယ်လို့ ငါ ချီးကျူးနေခဲ့တာ။ လက်စသတ်တော့ ဟန်ဆောင်နေတာကိုး။ လုရုံချင်း... သိပ်တော်တယ်။ မင်း ငါ့ကိုတောင် အရူးလုပ်ရဲနေပြီပေါ့။ ငါ မင်းကို တကယ် ယုံကြည်ခဲ့တယ်။ မင်းက တကယ်ကို.... "

စကားလုံးတွေက တစ်ဝက်တစ်ပြတ် ရပ်တန့်သွားသည်။ ကောင်လေးက ဖြူစင်တဲ့မျက်လုံးလေးများဖြင့် ကြည့်လာပြီး ထိုမျက်လုံးများက တစ်ဖြည်းဖြည်း နီရဲလာသောကြောင့်ပင်။

ဒီအချိန်မှာ နျဲ့ချင်းချန်က အရမ်းဒေါသထွက်နေကြောင်း ကုပိုင် သိခဲ့သည်။ သူက တကယ်ကို ကိုင်တွယ်ရခက်လှသည်။ ဒေါသမထွက်တဲ့ကျားက သူ့အမွေးကို နှစ်ခါလောက် ပွတ်သပ်ပေးလိုက်ရုံနှင့် ငြိမ်သွားလိမ့်မည်။

ဒါက သူ့ကိုယ်ပိုင် ရွှေပေါင်လုံးကြီး။ မစ်ရှင်မပြီးခင်မှာ ဒိုင်းကာပဲဖြစ်ဖြစ် မစ်ရှင်ပြီးတဲ့အခါ ရေရှည်ထမင်းစားလက်မှတ်ပဲဖြစ်ဖြစ် သူ သူ့ကို သေသေချာချာ ပြုစုပြီး သူ့ဘက်ပါလာအောင် ဆွဲခေါ်ထားရမည် ဖြစ်သည်။

ထို့ကြောင့် ကုပိုင်သည် သနားစဖွယ် အမူအရာလေး လုပ်ပြကာ နျဲ့ချင်းချန်ကို ရုတ်တရက် ဖက်လိုက်ပြီး သူ့ခေါင်းလေးကို သူ့ရင်ခွင်ထဲဝှက်ကာ တရှုံ့ရှုံ့ငိုကြွေးလိုက်သည်။

" ဝူ ဝူ အစ်ကိုကြီး၊ အဲလိုမပြောပါနဲ့။ ကျွန်တော် အနာဂတ်မှာ အစ်ကိုဖုကို ဘယ်တော့မှ လိုက်မရှာ‌တော့ဘူး၊ သူ့ကို မကြိုက်တော့ဘူးလို့ ကတိပေးပါတယ်။ သူက ဒီနေ့ ကျွန်တော့်ကို ဖြတ်ဖို့ လာခဲ့တာ။ သူက ကျွန်တော့်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူးလို့ ပြောတယ်။ သူ့ကို ထပ်မနှောက်ယှက်နဲ့တော့တဲ့... အစ်ကိုကြီး ကျွန်တော်က တအားဆိုးသွမ်းနေတာ မဟုတ်ပါဘူး။ ဘာလို့ သူက ကျွန်တော့်ကို ဒီလောက်မုန်းနေရတာလဲ။ လူတိုင်းက ကျွန်‌တော့်ကို ဘာလို့ မကြိုက်ကြတာလဲ…”

နျဲ့ချင်းချန်က သူ ငိုတာ ဒါ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ အထူးသဖြင့် ဒီလိုမျိုး သူ့ရင်ခွင်ထဲမှာ ငိုတာ။ လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲ‌ဆိုတာ လုံးဝမသိတဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့  သူက ခဏလောက် တောင့်တင်းသွားသည်။

ကုပိုင်သည် သူ့အမူအရာကို တိတ်တိတ်လေး စိုက်ကြည့်ကာ ပို၍ပင် ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်သည်။
ယောင်္ကျားတွေက လွယ်လွယ်မငိုတတ်ပေမယ့် အခု သူက မစ်ရှင်လုပ်နေတာလေ။ အဲတော့ဘာဖြစ်လဲ?

အလိုလိုက်ခံထားလို့ ဆိုးသွမ်းဟန်ဆောင်တယ်။ ချစ်စရာကောင်းမှုကို ရောင်းစားတယ်။ အလုပ်ဖြစ်တဲ့ဘယ်ဟာဖြစ်ဖြစ် လုပ်တယ်။

အပြင်ပိုင်းက မာကြောခက်ထန်ပေမယ့် စိတ်ထားနူးညံ့တဲ့ နျဲ့ချင်းချန်သည် တကယ်တော့ စိတ်နှလုံးသား အနူးညံ့ဆုံးဖြစ်သည်။

ကောင်လေးက သူ့ကို အားကိုးတကြီး ဖက်တွယ်ထားတာကို သူ ခံစားမိသည်။ ပူနွေးသော မျက်ရည်များက သူ့အဝတ်အစားပေါ်၌ ရေစိုကွက်‌ကြီး ဖြစ်လာသည်။ သူ သူ့ကို
ဆက်ပြီး မဆူရက်တော့ဘူး။ သူက ချာတိတ်လေး၏ကျောပြင်လေးကို ကိုးရိုးကားယားနိုင်စွာ ပွတ်ပေးလိုက်ပြီး သူ့ကို တောင့်တောင့်ကြီး နှစ်သိမ့်လိုက်သည်။

" ဟုတ်ပြီ၊ မငိုနဲ့တော့။ မင်းကို ဘယ်သူမှ မကြိုက်ဘူးလို့ ဘယ်သူပြောလဲ..."

" ဒါဆို အစ်ကိုကြီးက ကျွန်တော့်ကို ကြိုက်လား။ အစ်ကိုကြီးက ကျွန်တော့်ကို မုန်းမှာလား။ " 

ကုပိုင်သည် တွယ်တက်လိုက်ပြီး
ခေါင်းကို အနည်းငယ်မော့လိုက်ရာ  ကြောင်လေးတစ်ကောင်လို သနားစရာကောင်းပြီး နီရဲနေတဲ့မျက်လုံး‌‌လေးတွေ ပေါ်လာသည်။

နျဲ့ချင်းချန်သည် သူ၏သနားစဖွယ် အသွင်အပြင်‌လေးကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လှပသော လူငယ်လေး၏ မျက်ရည်စများ ပြည့်‌နေသော မျက်နှာသည် ထူးထူးခြားခြား နူးညံ့ပြီး လူတွေက သူ့ကို ကာကွယ်ပေးချင်တဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေသည်။

သူ့နှလုံးသားက ပျော့ပျောင်းလာပြီး ခေါင်းညိတ်ပြလိုက်သည်။ လုရုံချင်းကို သူ တကယ် နှစ်သက်သည်။ တကယ်တော့ သူ အရင်ကတည်းက သူ့ကို မမုန်းခဲ့ပေ။ သူ၏ တရားလွန်လာတဲ့ အပြုအမူတွေက လူတွေကို တကယ် စိတ်အနှောက်အယှက်ဖြစ်စေပြီး ခေါင်းကိုက်စေသည်။

သို့သော်လည်း လုရုံချင်း၏ ဖုဇီရွှမ်ကို
ထပ်ခါတလဲလဲ တွယ်ကပ်နေမှုကို တွေးမိတော့ သူ့မျက်ခုံးများ တွန့်ချိုးသွားပြန်သည်။ 

" လုရုံချင်း မင်း ဖုဇီရွှမ်ကို တကယ်ကြိုက်တာလား "

သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူ့လေသံထဲမှာ မနှစ်မြှို့မှုတွေ ခိုအောင်းနေသည်။

ချာတိတ်လေးက ယောက်ျားတွေကို ကြိုက်တာ သူ မပြောလိုပေမယ့် အဲဒီလူက ဖုဇီရွှမ် ဖြစ်နေတယ်။ သူက နျဲ့မိသားစုနဲ့ တော်တော်ကြာ ဆက်ဆံရေးကောင်းတဲ့မိသားစုက ဖြစ်တဲ့အပြင်
သူတို့ရဲ့သီးသန့်ဆက်ဆံရေးကလည်း ကောင်းတယ်။ တင်းကြပ်တဲ့အဖေက ကောင်လေးကို ရွံ့ရှာသွားမှာ သေချာတယ်။

ဖုဇီရွှမ်လည်း လုရုံချင်းကို သဘောကျတယ်ဆိုရင်တော့ ထားလိုက်တော့။ ဒါပေမယ့် ဆိုးတာက ဖုဇီရွှမ်မှာ ကြိုက်တဲ့လူရှိပြီး မကြာခင် စေ့စပ်တော့မှာ။

လုရုံချင်းက သူ့ကို ဆက်ပြီး ကပ်တွယ်နေမယ်ဆိုရင် လူငယ်လေးရဲ့တစ်ဖက်သတ်အချစ်က ကြေကွဲစရာ အဖြစ်ဆိုးကြီးဖြစ်သွားမှာပဲ သူ စိုးရိမ်တယ်။ ပြီးတော့ လုရုံချင်းရဲ့အရင်စရိုက်က အင်မတန် ဆိုးရွားတယ်။ သူ ပေါက်ကရတွေ လျှောက်မလုပ်ဘူးလို့ မပြောနိုင်ဘူး။

ဤအချက်ကို တွေးကြည့်ပြီးနောက် နျဲ့ချင်းချန်မှာ အနည်းငယ် စိတ်ပူသွားပြီး သူ့နှလုံးသားထဲတွင် အမည်မသိခံစားချက်အချို့နှင့်အတူ သူ ထပ်မေးလိုက်သည်။

" မင်း ဖုဇီရွှမ်ကို တကယ်ကြိုက်တာလား "

" ကျွန်တော်..."

ကုပိုင်သည် နျဲ့ချင်းချန်၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကိုကြည့်ကာ အနည်းငယ်တွေး‌တော၍ ခေါင်းညိမ့်ပြလိုက်သည်။

" ဘာလို့လဲဆို​တော့ ကျွန်တော် အရင်တုန်းက ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရတယ်။ အဲဒီအချိန်တုန်းက ဇီရွှမ်ကောက ဝူကျန်းကျန်းက လာကြိုရင်း ကျွန်တော့်ကို ခဏခဏ အိမ်ပြန်ပို့ပေးခဲ့တာလေ "

လုရုံချင်းသည် မိန်းကလေးများထက်ပင် သေးသွယ်လှပပြီး မိန်းမဆန်သော အသွင်အပြင်ကြောင့် ငယ်စဉ်ကတည်းက မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။ တကယ်တော့ ယောက်ျားလေးတွေက အရမ်းရိုးရှင်းတဲ့အ‌တွေးရှိသည်။ ဒီကောင်စုတ်လေးက အခြောက်ကလေးနဲ့တူလို့ သူ့ကို ငိုတဲ့အထိ အနိုင်ကျင့်ရတာ ပျော်စရာကောင်းတယ်လို့ သူတို့ ထင်ကြသည်။

သို့သော် ဤအရာက လုရုံချင်းအပေါ် အရိပ်မည်းကြီးတစ်ခုလို စွဲထင်နေပြီး အထီးကျန်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သူ့စရိုက်သည် ပို၍ပင် မှုန်မှိုင်းလာပြီး ပုံမှန်ထက် ဆက်ဆက်ထိမခံ ဖြစ်လာသည်။ အခြားသူများက တစ်ခါတစ်ရံ ပေးအပ်လာသော ကြင်နာမှုသည် သူ့ကို အမြဲအမှတ်ရ‌စေပြီး အထင်ကြီးစေမည်ဖြစ်သည်။ သူလည်း အလားတူပင်။ သူရဲ့ပထမဆုံးအချစ်က ဖုဇီရွှမ် ဖြစ်နေတာ အံ့သြစရာမရှိပါဘူး။

ကုပိုင်၏ ပျော်ရွှင်စွာ ပြောပြနေတဲ့ အမူအရာကိုကြည့်ပြီး ပြောမပြတတ်အောင် စိတ်မသက်မသာခံစားနေရပေမယ့် သူ့မှာ သံသယတွေ ရှိနေသေးသည်။

" လုရုံချင်း မင်း ကျောင်းသွားတဲ့အခါ ဒရိုက်ဘာမရှိဘူးလား။ မင်းက ဘယ်လိုလုပ် ဝိုင်းအနိုင်ကျင့်ခံရတာလဲ "

လုရုံချင်းသည် နျဲ့မိသားစု၏သွေးသားအရင်းချာ မဟုတ်သော်လည်း သူ့ဘဝက သခင်လေး‌တစ်ယောက်ကဲ့သို့ ဆက်ဆံခံရသည်။ ကျောင်းသွားလျှင် ကျွမ်းကျင်တဲ့ဒရိုက်ဘာရှိသလို သူ့ကို ဂရုစိုက်ပေးဖို့ နာနီတစ်ယောက်လည်း ရှိသည်။ ကျောင်းအပြန်လမ်းမှာ သူတို့က သူ့ကို ဘယ်လိုလုပ် ဝိုင်းအနိုင်ကျင့်နိုင်မှာလဲ?

မျက်နှာသာရ‌အောင် လုပ်ဖို့ ဒီလိုကောင်းတဲ့ အခွင့်အရေးကို ကုပိုင်က သေချာပေါက် လက်လွှတ်မခံခဲ့ပါဘူး။ သူ့မျက်လုံးများက အံ့အားသင့်သွားကာ နျဲ့ချင်းချန်ကို သနားစရာကောင်းသော အမူအရာလေးဖြင့် ကြည့်လိုက်သည်။

“ အဲဒီနေ့က အစ်ကိုကြီးရဲ့ မွေးနေ့လေ။ ကျွန်တော်က ကိုယ့်ဘာသာကိုယ် လက်ဆောင်သွားဝယ်ပြီး အစ်ကိုကြီးကို စပရိုက်လုပ်ဖို့ အိမ်ကို စောစောပြန်လာချင်တာ။ ရလဒ်အနေနဲ့ ကျွန်တော့်ကို ခဏခဏ ပြဿနာရှာတဲ့သူတွေရဲ့ အဖမ်းခံလိုက်ရတယ်။ ကျွန်တော် ဘာမှမဝယ်လိုက်ရတဲ့အပြင် အိမ်ကို တော်တော်လေး နောက်ကျမှပြန်ရောက်ခဲ့တာ... "

ကုပိုင်၏ပြောပြချက်တွေက နျဲ့ချင်းချန်၏မှတ်ဉာဏ်ကို လှုံ့ဆော်ပေးခဲ့သည်။ အဲဒီလိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးတယ်ဆိုတာ သူ ယောင်ဝါးဝါး မှတ်မိနေသည်။ အဲဒါက သူ့ရဲ့ဘယ်နှနှစ်ပြည့်မွေးနေ့တုန်းကလဲပဲ။

နျဲ့ဖေဖေက သူ့အတွက် မွေးနေ့ပွဲကျင်းပရန် အရမ်းအလုပ်ရှုပ်နေသော်လည်း သူကိုယ်တိုင်က မွေးနေ့ပွဲလုပ်ဖို့ ပျင်းရိ‌နေသည်။ မွေးနေ့တိုင်းက ပုံမှန်ပဲ။ ဘာထူးခြားမှုမှမရှိဘူး။ သူက ရုံချင်း မှတ်မိနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

လုရုံချင်း တော်တော်နောက်ကျမှ အိမ်ပြန်လာတာကို သူ မှတ်မိတယ်။ ဒါပေမယ့် သူတို့ကြားမှာ အသက်၁၀နှစ်နီးပါး ကွာတာမို့ မျိုးဆက်ကွာဟမှုကြောင့် သူ ကောင်လေးနဲ့ စကားပြောတာရှားတယ်။ ကောင်လေး အိမ်ပြန်နောက်ကျတဲ့အခါ အခြေခံအားဖြင့်တော့ သူက ဘာအကြောင်းပြချက်မှ မတောင်းခဲ့ဘူး။

ဒါကိုတွေးမိတော့ နျဲ့ချင်းချန်၏နှလုံးသားက အပြစ်မကင်းတဲ့စိတ်တွေ ပြည့်သွားသည်။

သူ့ရင်ခွင်ထဲကလူကို ပွေ့ဖက်ဖို့ လက်ဆန့်ထုတ်လိုက်ရင်း နျဲ့ချင်းချန်၏ ချောမောတဲ့မျက်နှာက အနည်းငယ်စိတ်မကောင်းဖြစ်သွားပြီး ကုပိုင်၏မျက်နှာလေးကို ဖွ‌ဖွလေးပွတ်ကာ နူးညံ့စွာ ပြောလိုက်သည်။

" ရုံချင်း၊ အရင်က အစ်ကို မင်းကို တအားပစ်ထားမိခဲ့တယ်။ နောင်အနာဂတ်မှာ အစ်ကို မင်းအပေါ် ကောင်းပါ့မယ်..."

" အစ်ကိုကြီးက ကျွန်တော့်အပေါ် အမြဲကောင်း‌ပေးပြီး ချစ်ပေးမှာလား "

ကုပိုင်က မျက်တောင်ခတ်လိုက်ပြီး အထောက်အပံ့ကို ဆက်ရှာလိုက်သည်။

နျဲ့ချင်းချန်၏နှလုံးသားက ပရမ်းပတာဖြစ်သွားပြီး သူ့မျက်နှာလေးကို ပွတ်သပ်ကာ သူ့အေးတိအေးစက်မျက်နှာမှာ နူးညံ့တဲ့အရိပ်အယောင်တွေ ပေါ်လာပြီး အလိုလိုက်သည့်အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်လေး၏ဖြူဖွေးနူးညံ့သည့် အသားအရည်က လူတွေကို လက်လွှတ်လိုက်ရန် တွန့်ဆုတ်စေသည်။

သူ မနေနိုင်ဘဲ ကောင်လေး၏နဖူးကို ခေါင်းငုံ့ပြီး နမ်းလိုက်သည်။ အမ်းး သူ့လက်က ချောမွေ့တဲ့အထိအတွေ့လိုပဲ  ခံစားချက်က တကယ်ကို ကောင်းတယ်!

" အစ်ကိုကြီး... "

ကုပိုင်က ရုတ်တရက်အနမ်းကြောင့် ကြက်သေသေသွားသည်။

" အမ်း၊ ဘာဖြစ်လို့လဲ"

နျဲ့ချင်းချန်က စိတ်အခြေအနေကောင်းနေတာကြောင့် ကောင်လေး၏ဆံပင်များကို ထပ်ပြီးပွတ်သပ်လိုက်ကာ သူ တိုဟူးစား‌နေမိတာကို လုံးဝသတိမထားဘဲ ခေါင်းငုံ့ပြီး ထပ်နမ်းလိုက်သည်။

‌အတွင်းရေးမှူးချန်က သူ့ညီလေးကို ကုမ္ပဏီသို့ နောက်ဆုံးတစ်ခေါက် ခေါ်လာတုန်းက သူလည်း ဒီလိုပဲ လုပ်နေတာကို သူ တွေ့လိုက်သည်။ သူက သူ့ညီလေးရဲ့ဆံပင်နဲ့မျက်နှာလေးကို ပွတ်သပ်နမ်းရှုံ့နေခဲ့တာ။ သူတို့နှစ်ယောက် ဆက်ဆံရေးက အရမ်းကောင်းတယ်။

သူ့အတွင်းရေးမှူးရဲ့ ညီလေးက အသက် ၅ နှစ်ပဲ ရှိသေးတယ်ဆိုတဲ့အချက်ကို သူ အလိုအလျောက် လျစ်လျူရှုလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ညီငယ်လေးတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား?

ဒါကိုတွေးရင်း နျဲ့ချင်းချန်က သူ့ကို ထပ်နမ်းလိုက်သည်။

ကုပိုင်က မှင်သက်နေရာမှ နိုးထလာပေမယ့် သူ မယုံကြည်နိုင်သေးဘူး။ သူ့နှလုံးသား အလွန်အမင်း တုန်လှုပ်နေတယ်။ ချီး သူ သူ့ကို ကွေးအောင်လုပ်လိုက်မိတာလား?

သူသည် မူလပိုင်ရှင်၏ လှပသောမျက်နှာလေးကို ထိလိုက်ပြီးနောက်  ကောင်းကင်နှင့်မြေကြီးကို လုံးလုံးလျားလျား တုန်လှုပ်သွားစေနိုင်သည့် အဖြောင့်‌တွေကိုတောင် ဖြားယောင်းနိုင်သော သူ၏ညှို့ချက်ပြင်းသော မျက်လုံးလေးများကို တွေးတောကြည့်မိသည်။

အချိန်အတော်ကြာပြီးနောက် ကုပိုင်သည် နျဲ့ချင်းချန်ပေါ်မှာ တိတ်တိ‌တ်လေး ပြန်ဆင်းလိုက်ပြီး စကားမပြောတော့ချေ။ သူ့ကံက အမြဲတမ်း မကောင်းတတ်ဘူး။ ဘာလုပ်ရမလဲ?

-----------------------------

Zawgyi

ႏ်ဲ႕ခ်င္းခ်န္က ေဒါသထြက္ေနေပမယ့္ စိတ္လိုက္မာန္ပါ ဝင္မသြား‌ခဲ့‌ေပ။ 'သူခိုးကို ခိုးရာပါပစၥည္းႏွင့္တကြ ဖမ္းပါ ' 'အိမ္ေထာင္ေရးေဖာက္ျပန္သူကို လက္ပူးလက္ခ်က္မိေအာင္ ဖမ္းပါ' ဆိုသည့္ဆို႐ိုးအတိုင္းပင္။ အခု ႏွစ္ေယာက္က စားပြဲတစ္ခုတည္းမွာ အတူတူညစာစားေန႐ုံသာျဖစ္တာေၾကာင့္ ဖမ္းမိရင္ေတာင္ ျပင္းထန္မွာမဟုတ္ဘူး။

ထိုသို႔ေတြးၿပီးေနာက္ သူ ကားေပၚတက္ၿပီး သူတို႔ ဟိုတယ္ကိုသြားတဲ့အခ်ိန္ အေနာက္မွ လိုက္ေခ်ာင္းဖို႔ ေစာင့္ေနလိုက္သည္။ ၿပီးမွ လက္ပူးလက္ခ်က္မိေအာင္ ဖမ္းၿပီး အျပစ္ေပးပစ္မယ္!

စားေသာက္ဆိုင္ထဲ႐ွိ ကုပိုင္ကေတာ့ သူ ေရာက္ေနတာကို လုံးဝသတိမထားမိေပ။ သူက မစ္႐ွင္လုပ္ဖို႔လာခဲ့ေပမယ့္ မူလပိုင္႐ွင္၏ခႏၶာကိုယ္ထဲသို႔ ဝင္လိုက္သည္ႏွင့္ မူလပိုင္႐ွင္ကဲ့သို႔ သာမန္လူတစ္ေယာက္ ျဖစ္သြားသည္။ ဒီအခ်ိန္မွာ သူက သဘာဝလြန္ စြမ္းအားေတြအေၾကာင္း သိပ္မသိပါဘူး။

ဖုဇီ႐ႊမ္ႏွင့္ ညစာစားေနစဥ္ သူတို႔ၾကားမွာ စကားစျမည္ေျပာစရာ အေၾကာင္းအရာမ႐ွိ‌သျဖင့္ သူတို႔ ခပ္ျမန္ျမန္ စားလိုက္ၾကသည္။ ထို႔ေၾကာင့္ နာရီဝက္မျပည့္ခင္ ႏွစ္ေယာက္သား ထမင္းစားၿပီးသြားၾကၿပီ။

စားေသာက္ဆိုင္ကေန ဖုဇီ႐ႊမ္ ထြက္သြားသည္ကိုၾကည့္ရင္း ကုပိုင္သည္ ေထာင့္စြန္းဝိုင္းတြင္ အခ်ိန္အေတာ္ၾကာ ထိုင္ေနခဲ့သည့္ နန္လီခ်န္ကို သူ႕ဘက္က အစျပဳကာ တိုက္ခိုက္သည့္အေနျဖင့္ ႏႈတ္ဆက္ေတာ့မည့္အခ်ိန္ လမ္းေဘးမွာရပ္ထား‌တဲ့ နန္လီခ်န္၏ကားကို ရိပ္ခနဲ ျမင္လိုက္ေလသည္။

သူ႕အျမင္အာ႐ုံေတြက စူး႐ွေနတာေၾကာင့္မဟုတ္ဘဲ တစ္ဖက္လူရဲ႕ကားက အရမ္းထင္႐ွားေနၿပီး သူ အဲဒီေဈးႀကီးတဲ့ဇိမ္ခံကားေပၚမွာ လဝက္ေလာက္ ထိုင္စီးခဲ့ရသျဖင့္ ၎က သူႏွင့္ အရမ္းရင္းႏွီးေနသည္။

ေပ်ာ္႐ႊင္ေသာမ်က္ႏွာျဖင့္ ကုပိုင္သည္ လ်င္ျမန္စြာ ေျပးသြားၿပီး ရင္းႏွီးေနေသာတံခါးကို ဆြဲဖြင့္ကာ ခုန္ဝင္လိုက္ၿပီး အံ့ဩတႀကီး ေအာ္ဟစ္လိုက္သည္။

" အစ္ကိုႀကီး ကြၽန္ေတာ္႕ကို လာႀကိဳတာလား? "

သူတို႔ကို အိပ္ရာေပၚမွာ အမိဖမ္းမယ္လို႔ ေတြးေန‌တဲ့ ေယာက်္ား၏မ်က္ႏွာက ေမွာင္မည္းသြားသည္။ သို႔ေသာ္ ကုပိုင္၏မ်က္ႏွာေပၚက အံ့ဩေနတဲ့အျပဳံးေလးကို ျမင္လိုက္ရေသာအခါ သူ႕ေဒါသေတြအားလုံး ေပ်ာက္ကြယ္သြားပုံရသည္။

သို႔ေသာ္လည္း ႏ်ဲ႕ခ်င္းခ်န္သည္ သူ၏မ်က္ႏွာထားကို ခ်က္ခ်င္း မျပင္လိုက္ေပ။ ဖုဇီ႐ႊမ္၏ကား ထြက္သြားသည္ကိုျမင္လိုက္ရသျဖင့္ ဒ႐ိုက္ဘာကို ေမာင္းရန္ အခ်က္ျပလိုက္ၿပီး ကုပိုင္ကို အျပစ္‌ေပးရန္ ေမးျမန္းလိုက္သည္။

" အဲဒါ ဖုဇီ႐ႊမ္မလား? မင္း လူေတြကို ထပ္ၿပီး ေႏွာက္ယွက္ေနျပန္ၿပီလား "

ကုပိုင္၏မ်က္ႏွာက ျဖဴေဖ်ာ့သြားေပမယ့္ ခ်က္ခ်င္း ျပန္‌ေကာင္းလာၿပီး သူ  ေခါင္းယမ္းျပလိုက္သည္။

"မဟုတ္.. မဟုတ္ဘူး အစ္ကိုႀကီး..."

"မဟုတ္ရင္ မင္း အခု ဘယ္သူနဲ႔ ညစာစားလာတာလဲ " 

ႏ်ဲ႕ခ်င္းခ်န္သည္ ေအးစက္ေနၿပီး သူ႕ေလသံက အရမ္းကို ခက္ထန္ေနသည္။

" အရင္ရက္ေတြက မင္း အရမ္းလိမၼာ‌ေနတယ္လို႔ ငါ ခ်ီးက်ဴးေနခဲ့တာ။ လက္စသတ္ေတာ့ ဟန္ေဆာင္ေနတာကိုး။ လု႐ုံခ်င္း... သိပ္ေတာ္တယ္။ မင္း ငါ့ကိုေတာင္ အ႐ူးလုပ္ရဲေနၿပီေပါ့။ ငါ မင္းကို တကယ္ ယုံၾကည္ခဲ့တယ္။ မင္းက တကယ္ကို.... "

စကားလုံးေတြက တစ္ဝက္တစ္ျပတ္ ရပ္တန္႔သြားသည္။ ေကာင္ေလးက ျဖဴစင္တဲ့မ်က္လုံးေလးမ်ားျဖင့္ ၾကည့္လာၿပီး ထိုမ်က္လုံးမ်ားက တစ္ျဖည္းျဖည္း နီရဲလာေသာေၾကာင့္ပင္။

ဒီအခ်ိန္မွာ ႏ်ဲ႕ခ်င္းခ်န္က အရမ္းေဒါသထြက္ေနေၾကာင္း ကုပိုင္ သိခဲ့သည္။ သူက တကယ္ကို ကိုင္တြယ္ရခက္လွသည္။ ေဒါသမထြက္တဲ့က်ားက သူ႕အေမြးကို ႏွစ္ခါေလာက္ ပြတ္သပ္ေပးလိုက္႐ုံႏွင့္ ၿငိမ္သြားလိမ့္မည္။

ဒါက သူ႕ကိုယ္ပိုင္ ေ႐ႊေပါင္လုံးႀကီး။ မစ္႐ွင္မၿပီးခင္မွာ ဒိုင္းကာပဲျဖစ္ျဖစ္ မစ္႐ွင္ၿပီးတဲ့အခါ ေရ႐ွည္ထမင္းစားလက္မွတ္ပဲျဖစ္ျဖစ္ သူ သူ႕ကို ေသေသခ်ာခ်ာ ျပဳစုၿပီး သူ႕ဘက္ပါလာေအာင္ ဆြဲေခၚထားရမည္ ျဖစ္သည္။

ထို႔ေၾကာင့္ ကုပိုင္သည္ သနားစဖြယ္ အမူအရာေလး လုပ္ျပကာ ႏ်ဲ႕ခ်င္းခ်န္ကို ႐ုတ္တရက္ ဖက္လိုက္ၿပီး သူ႕ေခါင္းေလးကို သူ႕ရင္ခြင္ထဲဝွက္ကာ တ႐ႈံ႕႐ႈံ႕ငိုေႂကြးလိုက္သည္။

" ဝူ ဝူ အစ္ကိုႀကီး၊ အဲလိုမေျပာပါနဲ႔။ ကြၽန္ေတာ္ အနာဂတ္မွာ အစ္ကိုဖုကို ဘယ္ေတာ့မွ လိုက္မ႐ွာ‌ေတာ့ဘူး၊ သူ႕ကို မႀကိဳက္ေတာ့ဘူးလို႔ ကတိေပးပါတယ္။ သူက ဒီေန႔ ကြၽန္ေတာ္႕ကို ျဖတ္ဖို႔ လာခဲ့တာ။ သူက ကြၽန္ေတာ့္ကို ဘယ္တုန္းကမွ မႀကိဳက္ခဲ့ဘူးလို႔ ေျပာတယ္။ သူ႕ကို ထပ္မေႏွာက္ယွက္နဲ႔ေတာ့တဲ့... အစ္ကိုႀကီး ကြၽန္ေတာ္က တအားဆိုးသြမ္းေနတာ မဟုတ္ပါဘူး။ ဘာလို႔ သူက ကြၽန္ေတာ္႕ကို ဒီေလာက္မုန္းေနရတာလဲ။ လူတိုင္းက ကြၽန္‌ေတာ္႕ကို ဘာလို႔ မႀကိဳက္ၾကတာလဲ…”

ႏ်ဲ႕ခ်င္းခ်န္က သူ ငိုတာ ဒါ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္းပင္။ အထူးသျဖင့္ ဒီလိုမ်ိဳး သူ႕ရင္ခြင္ထဲမွာ ငိုတာ။ လူေတြကို ဘယ္လိုႏွစ္သိမ့္ရမလဲ‌ဆိုတာ လုံးဝမသိတဲ့ အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔  သူက ခဏေလာက္ ေတာင့္တင္းသြားသည္။

ကုပိုင္သည္ သူ႕အမူအရာကို တိတ္တိတ္ေလး စိုက္ၾကည့္ကာ ပို၍ပင္ ျပင္းျပင္းထန္ထန္ ငိုေႂကြးလိုက္သည္။
ေယာက်ၤားေတြက လြယ္လြယ္မငိုတတ္ေပမယ့္ အခု သူက မစ္႐ွင္လုပ္ေနတာေလ။ အဲေတာ့ဘာျဖစ္လဲ?

အလိုလိုက္ခံထားလို႔ ဆိုးသြမ္းဟန္ေဆာင္တယ္။ ခ်စ္စရာေကာင္းမႈကို ေရာင္းစားတယ္။ အလုပ္ျဖစ္တဲ့ဘယ္ဟာျဖစ္ျဖစ္ လုပ္တယ္။

အျပင္ပိုင္းက မာေၾကာခက္ထန္ေပမယ့္ စိတ္ထားႏူးညံ့တဲ့ ႏ်ဲ႕ခ်င္းခ်န္သည္ တကယ္ေတာ့ စိတ္ႏွလုံးသား အႏူးညံ့ဆုံးျဖစ္သည္။

ေကာင္ေလးက သူ႕ကို အားကိုးတႀကီး ဖက္တြယ္ထားတာကို သူ ခံစားမိသည္။ ပူေႏြးေသာ မ်က္ရည္မ်ားက သူ႕အဝတ္အစားေပၚ၌ ေရစိုကြက္‌ႀကီး ျဖစ္လာသည္။ သူ သူ႕ကို
ဆက္ၿပီး မဆူရက္ေတာ့ဘူး။ သူက ခ်ာတိတ္ေလး၏ေက်ာျပင္ေလးကို ကိုး႐ိုးကားယားႏိုင္စြာ ပြတ္ေပးလိုက္ၿပီး သူ႕ကို ေတာင့္ေတာင့္ႀကီး ႏွစ္သိမ့္လိုက္သည္။

" ဟုတ္ၿပီ၊ မငိုနဲ႔ေတာ့။ မင္းကို ဘယ္သူမွ မႀကိဳက္ဘူးလို႔ ဘယ္သူေျပာလဲ..."

" ဒါဆို အစ္ကိုႀကီးက ကြၽန္ေတာ့္ကို ႀကိဳက္လား။ အစ္ကိုႀကီးက ကြၽန္ေတာ္႕ကို မုန္းမွာလား။ " 

ကုပိုင္သည္ တြယ္တက္လိုက္ၿပီး
ေခါင္းကို အနည္းငယ္ေမာ့လိုက္ရာ  ေၾကာင္ေလးတစ္ေကာင္လို သနားစရာေကာင္းၿပီး နီရဲေနတဲ့မ်က္လုံး‌‌ေလးေတြ ေပၚလာသည္။

ႏ်ဲ႕ခ်င္းခ်န္သည္ သူ၏သနားစဖြယ္ အသြင္အျပင္‌ေလးေၾကာင့္ အနည္းငယ္ စိတ္လႈပ္႐ွားသြားသည္။ လွပေသာ လူငယ္ေလး၏ မ်က္ရည္စမ်ား ျပည့္‌ေနေသာ မ်က္ႏွာသည္ ထူးထူးျခားျခား ႏူးညံ့ၿပီး လူေတြက သူ႕ကို ကာကြယ္ေပးခ်င္တဲ့ ခံစားခ်က္ကို ျဖစ္ေပၚလာေစသည္။

သူ႕ႏွလုံးသားက ေပ်ာ့ေပ်ာင္းလာၿပီး ေခါင္းညိတ္ျပလိုက္သည္။ လု႐ုံခ်င္းကို သူ တကယ္ ႏွစ္သက္သည္။ တကယ္ေတာ့ သူ အရင္ကတည္းက သူ႕ကို မမုန္းခဲ့ေပ။ သူ၏ တရားလြန္လာတဲ့ အျပဳအမူေတြက လူေတြကို တကယ္ စိတ္အေႏွာက္အယွက္ျဖစ္ေစၿပီး ေခါင္းကိုက္ေစသည္။

သို႔ေသာ္လည္း လု႐ုံခ်င္း၏ ဖုဇီ႐ႊမ္ကို
ထပ္ခါတလဲလဲ တြယ္ကပ္ေနမႈကို ေတြးမိေတာ့ သူ႕မ်က္ခုံးမ်ား တြန္႔ခ်ိဳးသြားျပန္သည္။ 

" လု႐ုံခ်င္း မင္း ဖုဇီ႐ႊမ္ကို တကယ္ႀကိဳက္တာလား "

သူကိုယ္တိုင္ေတာင္ သတိမထားမိလိုက္ဘဲ သူ႕ေလသံထဲမွာ မႏွစ္ၿမႇိဳ႕မႈေတြ ခိုေအာင္းေနသည္။

ခ်ာတိတ္ေလးက ေယာက်္ားေတြကို ႀကိဳက္တာ သူ မေျပာလိုေပမယ့္ အဲဒီလူက ဖုဇီ႐ႊမ္ ျဖစ္ေနတယ္။ သူက ႏ်ဲ႕မိသားစုနဲ႔ ေတာ္ေတာ္ၾကာ ဆက္ဆံေရးေကာင္းတဲ့မိသားစုက ျဖစ္တဲ့အျပင္
သူတို႔ရဲ႕သီးသန္႔ဆက္ဆံေရးကလည္း ေကာင္းတယ္။ တင္းၾကပ္တဲ့အေဖက ေကာင္ေလးကို ႐ြံ႕႐ွာသြားမွာ ေသခ်ာတယ္။

ဖုဇီ႐ႊမ္လည္း လု႐ုံခ်င္းကို သေဘာက်တယ္ဆိုရင္ေတာ့ ထားလိုက္ေတာ့။ ဒါေပမယ့္ ဆိုးတာက ဖုဇီ႐ႊမ္မွာ ႀကိဳက္တဲ့လူ႐ွိၿပီး မၾကာခင္ ေစ့စပ္ေတာ့မွာ။

လု႐ုံခ်င္းက သူ႕ကို ဆက္ၿပီး ကပ္တြယ္ေနမယ္ဆိုရင္ လူငယ္ေလးရဲ႕တစ္ဖက္သတ္အခ်စ္က ေၾကကြဲစရာ အျဖစ္ဆိုးႀကီးျဖစ္သြားမွာပဲ သူ စိုးရိမ္တယ္။ ၿပီးေတာ့ လု႐ုံခ်င္းရဲ႕အရင္စ႐ိုက္က အင္မတန္ ဆိုး႐ြားတယ္။ သူ ေပါက္ကရေတြ ေလွ်ာက္မလုပ္ဘူးလို႔ မေျပာႏိုင္ဘူး။

ဤအခ်က္ကို ေတြးၾကည့္ၿပီးေနာက္ ႏ်ဲ႕ခ်င္းခ်န္မွာ အနည္းငယ္ စိတ္ပူသြားၿပီး သူ႕ႏွလုံးသားထဲတြင္ အမည္မသိခံစားခ်က္အခ်ိဳ႕ႏွင့္အတူ သူ ထပ္ေမးလိုက္သည္။

" မင္း ဖုဇီ႐ႊမ္ကို တကယ္ႀကိဳက္တာလား "

" ကြၽန္ေတာ္..."

ကုပိုင္သည္ ႏ်ဲ႕ခ်င္းခ်န္၏ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းမ်ားကိုၾကည့္ကာ အနည္းငယ္ေတြး‌ေတာ၍ ေခါင္းညိမ့္ျပလိုက္သည္။

" ဘာလို႔လဲဆို​ေတာ့ ကြၽန္ေတာ္ အရင္တုန္းက ေက်ာင္းမွာ အၿမဲအႏိုင္က်င့္ခံရတယ္။ အဲဒီအခ်ိန္တုန္းက ဇီ႐ႊမ္ေကာက ဝူက်န္းက်န္းက လာႀကိဳရင္း ကြၽန္ေတာ့္ကို ခဏခဏ အိမ္ျပန္ပို႔ေပးခဲ့တာေလ "

လု႐ုံခ်င္းသည္ မိန္းကေလးမ်ားထက္ပင္ ေသးသြယ္လွပၿပီး မိန္းမဆန္ေသာ အသြင္အျပင္ေၾကာင့္ ငယ္စဥ္ကတည္းက မၾကာခဏ အႏိုင္က်င့္ခံခဲ့ရသည္။ တကယ္ေတာ့ ေယာက်္ားေလးေတြက အရမ္း႐ိုး႐ွင္းတဲ့အ‌ေတြး႐ွိသည္။ ဒီေကာင္စုတ္ေလးက အေျခာက္ကေလးနဲ႔တူလို႔ သူ႕ကို ငိုတဲ့အထိ အႏိုင္က်င့္ရတာ ေပ်ာ္စရာေကာင္းတယ္လို႔ သူတို႔ ထင္ၾကသည္။

သို႔ေသာ္ ဤအရာက လု႐ုံခ်င္းအေပၚ အရိပ္မည္းႀကီးတစ္ခုလို စြဲထင္ေနၿပီး အထီးက်န္မႈကို ျဖစ္ေပၚေစသည္။ ထို႔ေၾကာင့္ သူ႕စ႐ိုက္သည္ ပို၍ပင္ မႈန္မိႈင္းလာၿပီး ပုံမွန္ထက္ ဆက္ဆက္ထိမခံ ျဖစ္လာသည္။ အျခားသူမ်ားက တစ္ခါတစ္ရံ ေပးအပ္လာေသာ ၾကင္နာမႈသည္ သူ႕ကို အၿမဲအမွတ္ရ‌ေစၿပီး အထင္ႀကီးေစမည္ျဖစ္သည္။ သူလည္း အလားတူပင္။ သူရဲ႕ပထမဆုံးအခ်စ္က ဖုဇီ႐ႊမ္ ျဖစ္ေနတာ အံ့ၾသစရာမ႐ွိပါဘူး။

ကုပိုင္၏ ေပ်ာ္႐ႊင္စြာ ေျပာျပေနတဲ့ အမူအရာကိုၾကည့္ၿပီး ေျပာမျပတတ္ေအာင္ စိတ္မသက္မသာခံစားေနရေပမယ့္ သူ႕မွာ သံသယေတြ ႐ွိေနေသးသည္။

" လု႐ုံခ်င္း မင္း ေက်ာင္းသြားတဲ့အခါ ဒ႐ိုက္ဘာမ႐ွိဘူးလား။ မင္းက ဘယ္လိုလုပ္ ဝိုင္းအႏိုင္က်င့္ခံရတာလဲ "

လု႐ုံခ်င္းသည္ ႏ်ဲ႕မိသားစု၏ေသြးသားအရင္းခ်ာ မဟုတ္ေသာ္လည္း သူ႕ဘဝက သခင္ေလး‌တစ္ေယာက္ကဲ့သို႔ ဆက္ဆံခံရသည္။ ေက်ာင္းသြားလွ်င္ ကြၽမ္းက်င္တဲ့ဒ႐ိုက္ဘာ႐ွိသလို သူ႕ကို ဂ႐ုစိုက္ေပးဖို႔ နာနီတစ္ေယာက္လည္း ႐ွိသည္။ ေက်ာင္းအျပန္လမ္းမွာ သူတို႔က သူ႕ကို ဘယ္လိုလုပ္ ဝိုင္းအႏိုင္က်င့္ႏိုင္မွာလဲ?

မ်က္ႏွာသာရ‌ေအာင္ လုပ္ဖို႔ ဒီလိုေကာင္းတဲ့ အခြင့္အေရးကို ကုပိုင္က ေသခ်ာေပါက္ လက္လႊတ္မခံခဲ့ပါဘူး။ သူ႕မ်က္လုံးမ်ားက အံ့အားသင့္သြားကာ ႏ်ဲ႕ခ်င္းခ်န္ကို သနားစရာေကာင္းေသာ အမူအရာေလးျဖင့္ ၾကည့္လိုက္သည္။

“ အဲဒီေန႔က အစ္ကိုႀကီးရဲ႕ ေမြးေန႔ေလ။ ကြၽန္ေတာ္က ကိုယ့္ဘာသာကိုယ္ လက္ေဆာင္သြားဝယ္ၿပီး အစ္ကိုႀကီးကို စပ႐ိုက္လုပ္ဖို႔ အိမ္ကို ေစာေစာျပန္လာခ်င္တာ။ ရလဒ္အေနနဲ႔ ကြၽန္ေတာ့္ကို ခဏခဏ ျပႆနာ႐ွာတဲ့သူေတြရဲ႕ အဖမ္းခံလိုက္ရတယ္။ ကြၽန္ေတာ္ ဘာမွမဝယ္လိုက္ရတဲ့အျပင္ အိမ္ကို ေတာ္ေတာ္ေလး ေနာက္က်မွျပန္ေရာက္ခဲ့တာ... "

ကုပိုင္၏ေျပာျပခ်က္ေတြက ႏ်ဲ႕ခ်င္းခ်န္၏မွတ္ဉာဏ္ကို လႈံ႕ေဆာ္ေပးခဲ့သည္။ အဲဒီလိုအျဖစ္အပ်က္မ်ိဳး ျဖစ္ခဲ့ဖူးတယ္ဆိုတာ သူ ေယာင္ဝါးဝါး မွတ္မိေနသည္။ အဲဒါက သူ႕ရဲ႕ဘယ္ႏွႏွစ္ျပည့္ေမြးေန႔တုန္းကလဲပဲ။

ႏ်ဲ႕ေဖေဖက သူ႕အတြက္ ေမြးေန႔ပြဲက်င္းပရန္ အရမ္းအလုပ္႐ႈပ္ေနေသာ္လည္း သူကိုယ္တိုင္က ေမြးေန႔ပြဲလုပ္ဖို႔ ပ်င္းရိ‌ေနသည္။ ေမြးေန႔တိုင္းက ပုံမွန္ပဲ။ ဘာထူးျခားမႈမွမ႐ွိဘူး။ သူက ႐ုံခ်င္း မွတ္မိေနလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။

လု႐ုံခ်င္း ေတာ္ေတာ္ေနာက္က်မွ အိမ္ျပန္လာတာကို သူ မွတ္မိတယ္။ ဒါေပမယ့္ သူတို႔ၾကားမွာ အသက္၁၀ႏွစ္နီးပါး ကြာတာမို႔ မ်ိဳးဆက္ကြာဟမႈေၾကာင့္ သူ ေကာင္ေလးနဲ႔ စကားေျပာတာ႐ွားတယ္။ ေကာင္ေလး အိမ္ျပန္ေနာက္က်တဲ့အခါ အေျခခံအားျဖင့္ေတာ့ သူက ဘာအေၾကာင္းျပခ်က္မွ မေတာင္းခဲ့ဘူး။

ဒါကိုေတြးမိေတာ့ ႏ်ဲ႕ခ်င္းခ်န္၏ႏွလုံးသားက အျပစ္မကင္းတဲ့စိတ္ေတြ ျပည့္သြားသည္။

သူ႕ရင္ခြင္ထဲကလူကို ေပြ႕ဖက္ဖို႔ လက္ဆန္႔ထုတ္လိုက္ရင္း ႏ်ဲ႕ခ်င္းခ်န္၏ ေခ်ာေမာတဲ့မ်က္ႏွာက အနည္းငယ္စိတ္မေကာင္းျဖစ္သြားၿပီး ကုပိုင္၏မ်က္ႏွာေလးကို ဖြ‌ဖြေလးပြတ္ကာ ႏူးညံ့စြာ ေျပာလိုက္သည္။

" ႐ုံခ်င္း၊ အရင္က အစ္ကို မင္းကို တအားပစ္ထားမိခဲ့တယ္။ ေနာင္အနာဂတ္မွာ အစ္ကို မင္းအေပၚ ေကာင္းပါ့မယ္..."

" အစ္ကိုႀကီးက ကြၽန္ေတာ့္အေပၚ အၿမဲေကာင္း‌ေပးၿပီး ခ်စ္ေပးမွာလား "

ကုပိုင္က မ်က္ေတာင္ခတ္လိုက္ၿပီး အေထာက္အပံ့ကို ဆက္႐ွာလိုက္သည္။

ႏ်ဲ႕ခ်င္းခ်န္၏ႏွလုံးသားက ပရမ္းပတာျဖစ္သြားၿပီး သူ႕မ်က္ႏွာေလးကို ပြတ္သပ္ကာ သူ႕ေအးတိေအးစက္မ်က္ႏွာမွာ ႏူးညံ့တဲ့အရိပ္အေယာင္ေတြ ေပၚလာၿပီး အလိုလိုက္သည့္အျပဳံးျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ ေကာင္ေလး၏ျဖဴေဖြးႏူးညံ့သည့္ အသားအရည္က လူေတြကို လက္လႊတ္လိုက္ရန္ တြန္႔ဆုတ္ေစသည္။

သူ မေနႏိုင္ဘဲ ေကာင္ေလး၏နဖူးကို ေခါင္းငုံ႔ၿပီး နမ္းလိုက္သည္။ အမ္းး သူ႕လက္က ေခ်ာေမြ႕တဲ့အထိအေတြ႕လိုပဲ  ခံစားခ်က္က တကယ္ကို ေကာင္းတယ္!

" အစ္ကိုႀကီး... "

ကုပိုင္က ႐ုတ္တရက္အနမ္းေၾကာင့္ ၾကက္ေသေသသြားသည္။

" အမ္း၊ ဘာျဖစ္လို႔လဲ"

ႏ်ဲ႕ခ်င္းခ်န္က စိတ္အေျခအေနေကာင္းေနတာေၾကာင့္ ေကာင္ေလး၏ဆံပင္မ်ားကို ထပ္ၿပီးပြတ္သပ္လိုက္ကာ သူ တိုဟူးစား‌ေနမိတာကို လုံးဝသတိမထားဘဲ ေခါင္းငုံ႔ၿပီး ထပ္နမ္းလိုက္သည္။

‌အတြင္းေရးမႉးခ်န္က သူ႕ညီေလးကို ကုမၸဏီသို႔ ေနာက္ဆုံးတစ္ေခါက္ ေခၚလာတုန္းက သူလည္း ဒီလိုပဲ လုပ္ေနတာကို သူ ေတြ႕လိုက္သည္။ သူက သူ႕ညီေလးရဲ႕ဆံပင္နဲ႔မ်က္ႏွာေလးကို ပြတ္သပ္နမ္း႐ႈံ႕ေနခဲ့တာ။ သူတို႔ႏွစ္ေယာက္ ဆက္ဆံေရးက အရမ္းေကာင္းတယ္။

သူ႕အတြင္းေရးမႉးရဲ႕ ညီေလးက အသက္ ၅ ႏွစ္ပဲ ႐ွိေသးတယ္ဆိုတဲ့အခ်က္ကို သူ အလိုအေလ်ာက္ လ်စ္လ်ဴ႐ႈလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ညီငယ္ေလးေတြ အားလုံးက အတူတူပဲ မဟုတ္ဘူးလား?

ဒါကိုေတြးရင္း ႏ်ဲ႕ခ်င္းခ်န္က သူ႕ကို ထပ္နမ္းလိုက္သည္။

ကုပိုင္က မွင္သက္ေနရာမွ ႏိုးထလာေပမယ့္ သူ မယုံၾကည္ႏိုင္ေသးဘူး။ သူ႕ႏွလုံးသား အလြန္အမင္း တုန္လႈပ္ေနတယ္။ ခ်ီး သူ သူ႕ကို ေကြးေအာင္လုပ္လိုက္မိတာလား?

သူသည္ မူလပိုင္႐ွင္၏ လွပေသာမ်က္ႏွာေလးကို ထိလိုက္ၿပီးေနာက္  ေကာင္းကင္ႏွင့္ေျမႀကီးကို လုံးလုံးလ်ားလ်ား တုန္လႈပ္သြားေစႏိုင္သည့္ အေျဖာင့္‌ေတြကိုေတာင္ ျဖားေယာင္းႏိုင္ေသာ သူ၏ညိႇဳ႕ခ်က္ျပင္းေသာ မ်က္လုံးေလးမ်ားကို ေတြးေတာၾကည့္မိသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ကုပိုင္သည္ ႏ်ဲ႕ခ်င္းခ်န္ေပၚမွာ တိတ္တိ‌တ္ေလး ျပန္ဆင္းလိုက္ၿပီး စကားမေျပာေတာ့ေခ်။ သူ႕ကံက အၿမဲတမ္း မေကာင္းတတ္ဘူး။ ဘာလုပ္ရမလဲ?

-----------------------------

Continue Reading

You'll Also Like

40K 5.3K 39
Genres: Fantasy/ Horror/School life *Trigger Warning*
2.5M 325K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
250K 43.1K 78
ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ