ဖုန်းယွိဟန် ရှုးယခြံ၀င်းသို့ ရောက်သွားသည့်အခါတွင် ရှန်းရုန်သည် ခန်းမဆောင်ထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေကာ ခေါင်းကို ငုံ့၍ထားပြီး လက်နှစ်ဖက်ကိုလည်း ယှက်ကာထား၍ စိတ်လှုပ်ရှားနေသယောင်ရှိလေသည်။
သခင်မကြီးကတော့ ထိုင်နေကျခုံပေါ်တွင် ထိုင်နေကာ မျက်လုံးများကို မှေးစင်းကာ မှိတ်ထားလေသည်။ ဘေးတွင်တော့ ကျင်းကျန့်သည် ဒူးထောက်ကာ ထိုင်ရင်း သခင်မကြီး၏ ခြေထောက်များကို နှိပ်နယ်ပေးနေလေသည်။ သခင်မကြီးသည် အနှိပ်ခံနေရင်း ပြောလာသည်။ " အင်း ၊ ချန်ရှီကတော့ ဘယ်လို သက်သက်သာသာနေရမလဲဆိုတာကို တကယ်သိတာပဲ။ ဒီလိုမျိုး အနှိပ်ကောင်းတဲ့သူကို ဘေးနားမှာ အကြာကြီးခေါ်ထားခဲ့တာပဲ။ ညည်းကရော အဲ့လို အရည်အချင်းရှိနေရဲ့သားနဲ့ ငါ့ဆီ ဘာလို့ စောစောမလာခဲ့တာလဲ။ "
ကျင်းကျန့်သည် ၀မ်းနည်းနေသည့်ဟန်ဖြင့် ပြန်ဖြေလေသည်။ " ဒီကိုယ်လုပ်တော်က သခင်မကြီးကို တကယ်ပဲ လေးစားရိုသေမိပေမယ့် အနားထိ မလာရဲခဲ့လို့ပါ။ ဒီကိုယ်လုပ်တော်ရဲ့ မွေးဖွားရာက နိမ့်ကျတာမို့ သခင်မကြီးရဲ့ မျက်လုံးတွေ ညစ်ထေးသွားမှာကို စိုးမိလို့ပါ။ "
သခင်မကြီးသည် လူများအား ဘယ်လိုအသုံးချရမည်ကို ကောင်းကောင်းသိလေသည်။ ကျင်းကျန့်မှ ထိုသို့ပြောလာသည့်အခါတွင် အချိုသပ်ကာ သကာရည်သုတ်ထားသည့် စကားများကိုဆိုလေသည်။ " မွေးဖွားခြင်းအကြောင်းအရင်းကို ပြောရရင် ညည်းက ငါတို့ ဖုန်းအိမ်တော်က ပျိုးထောင်လာတဲ့သူမို့လို့ ညည်းအကြောင်းကို ငါတို့က သေချာသိတာပေါ့။ အပျော်အိမ်ကလာတဲ့ ဟန်ရှီလို မဟုတ်ဘူးလေ။ အဲ့တာကမှ ဖုန်းအိမ်တော်ကို တကယ်မျက်နှာပျက်စေတဲ့ကိစ္စပဲ။ "
ကျင်းကျန့်သည် သခင်မကြီး၏ စကားများကြောင့် ပျော်ရွှင်သွားတော့သည်။ လှည့်ကြည့်လိုက်သည့်အခါ ဖုန်းယွိဟန်ရောက်လာသည်ကို မြင်၍ ထရပ်ကာ " ဒုတိယသခင်မလေးကို ဂါရ၀ပြုပါတယ်။ " ဟုဆိုရင်း နှုတ်ဆက်လေသည်။
သခင်မကြီးသည်လည်း ဖုန်းယွိဟန် ရောက်လာသ ည်ကို ကြားသည့်အခါ ပြုံး၍ မျက်လုံးများကို ဖွင့်ကြည့်လေသည်။ " အားဟန် ! ပြန်လာပြီလား ။"
ဖုန်းယွိဟန်လည်း ပြုံးပြရင်း ရှေ့တိုးကာ နှုတ်ဆက်စကားဆိုလိုက်ရသည်။ " ဟုတ်ကဲ့ ၊ ဖွားဖွားကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်နော် ။ "
" ဒါပေါ့ ၊ ဖွားဖွားက စိတ်ပူနေရတာပေါ့ ၊ အားဟန်ကိုမှ စိတ်မပူရင် ဘယ်သူ့စိတ်ပူရမှာလဲ ! လာလေ ၊ မြန်မြန်လာထိုင်တော့။ " သခင်မကြီးသည် ဖုန်းယွိဟန်၏ လက်အားဆွဲကာ သူမဘေးရှိ အခင်းပျော့လေးပေါ်တွင် ထိုင်စေလေသည်။
" ကျွင်းကျူ ထျန်းကောနဲ့ လျှောက်လည်ရတာ ဘယ်လိုလဲ ၊ ပျော်ဖို့ ကောင်းရဲ့လား။ "
ဖုန်းယွိဟန် ခေါင်းညိတ်ရင်း ပြန်ဖြေပေးလိုက်သည်။ " အဆင်ပြေပါတယ် ၊ ဖွားဖွား ။ သိမ်မွေ့ခြင်းနတ်ဘုရားဆိုင်မှာ သွားစားခဲ့ပြီးတော့ နောက်ထပ် သူငယ်ချင်းတွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။ "
" အိုးးး ! " နောက်ထပ်သူငယ်ချင်းတွေ ဟူသည်ကို ကြားသည့်အခါ သခင်မကြီးသည် ထပ်မေးလေသည်။ " ဘယ်မိသားစုက မိန်းကလေးတွေတဲ့လဲ။ "
ဖုန်းယွိဟန် ပြုံးပြ၍ ဖြေပေးလိုက်သည်။ " လက်မှုပညာရှင်ပိုင်ရဲ့ မိသားစုက သခင်မလေး ပိုင်ဖူရုန်ရယ် ၊ အမတ်ချုပ်ဖုန်း အိမ်တော်က တရား၀င်သမီးဆိုတဲ့ ဖုန်းထျန်းယွီရယ် ၊ စစ်သူကြီး ဖင်းရှီအိမ်တော်က တရား၀င်သမီးဖြစ်တဲ့ ရန်ရှီဖုန်းတို့ရယ်ပါ။ "
သခင်မကြီးသည် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလေသည်။ " အင်း ၊ ကျွင်းကျူ ထျန်းကောရဲ့ သူငယ်ချင်းတွေကလည်း တကယ့်ကို အထင်ကြီးလောက်စရာ သူတွေချည်းပါလား။ စစ်သူကြီး ဖင်းနန်အိမ်တော်က တရား၀င်သမီးအကြောင်းကတေ့ာ ပြောနေဖို့တောင် မလိုတော့ပါဘူး။ အမတ်ချုပ်ဖုန်းဆိုတာကလည်း အားဟန်တို့အဖေနဲ့ ပြိုင်ဘက်လို့ပြောလို့ရပေမယ့် တို့တွေရဲ့ မိသားစုနဲ့ တစ်တန်းတည်း အတူရှိနေတဲ့သူတွေပဲလေ ။ လက်မှုပညာရှင်ပိုင်ရဲ့ သမီးကတော့.... "
သခင်မကြီးသည် ပြောနေရင်းဖြင့် ခဏရပ်သွားလေသည်။ ဖုန်းယွိဟန်ကတော့ စိတ်ရှည်စွာဖြင့်ပဲ သခင်မကြီး၏ အမြင်တွင် ဖူရုန်က ဘယ်လိုမျိုး ရှိနေသည်ကို သိရရန်စောင့်နေလေသည်။ ပိုင်ဖူရုန်တစ်ယောက် ရွှမ်ထျန်းကောတို့နှင့် ပေါင်းသင်းနိုင်ခြင်းမှာ သူမ၏ အကျင့်စရိုက်တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ဟု ဖုန်းယွိဟန် ထင်သည်။ အကျင့်တစ်ခုတည်းကြောင့်သာဆို လက်မှုပညာရှင်တစ်ယောက်ရဲ့ သမီးက မင်းသမီးတစ်ပါးနှင့် တွေ့ဆုံနိုင်စရာ အကြောင်းကိုမရှ်ိပေ။ သို့ဖြစ်၍ ဤမျှ ရင်းနှီးနေနိုင်ခြင်းသည် အခြားသော အကြောင်းအရင်းတစ်ခုရှိရပေမည်။
အတော်လေးကြာပြီးမှသာ သခင်မကြီးသည် သူမ၏ အမြင်များကို ထုတ်ပြောလာလေသည်။ " ပိုင်မိသားစုက လက်မှုပညာရှင် မိသားစုပဲဆိုပေမယ့် သူတို့က ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ခံကြရတဲ့သူတွေလေ ။ ယခင့်ယခင်က ဧကရီဟောင်း သက်ရှိထင်ရှားရှိနေစဥ်ကဆို ပိုဆိုးတာပေါ့။ ဧကရီဟောင်းကိုယ်တိုင်ပဲ လက်မှုပညာရှင်ပိုင်ကို ရတနာပစ္စည်းတွေလုပ်ဖို့ ခန့်ထားခဲ့တာလေ။ အဲ့ကတည်းကစပြီး လူကုံထံ အသိုင်းအ၀ိုင်းက ကတော်တွေအားလုံးက လက်မှုပညာရှင်ပိုင်ရဲ့ လက်ရာတွေကို အရမ်းသဘောကျနေကြတော့တာပဲ။ နန်းတွင်းထဲက ကြင်ယာတော်တွေလည်း အပါအ၀င်ပဲပေါ့။ ပိုင်မိသားစုက တရား၀င်သမ်ိီး ပိုင်ဖူရုန်ဆိုလည်း နန်းတွင်းထဲမှာ ကျင်းပတဲ့ ပွဲတော်တိုင်းကို နှစ်တိုင်း တက်ခွင့်ရတယ်လေ။ ဧကရာဇ်ကြီးက ကျွင်းကျူထျန်းကောကို ဘာချီးမြှင့်ချီးမြှင့် အဲ့မိန်းကလေးလည်း အတူရတယ်လေ။ အဲ့တော့ သူမကလည်း မွေးစားထားတဲ့ ကလေးတစ်ယောက်လိုပဲ ဖြစ်နေတော့တာပေါ့။ သမီးတော်ချင်လဲ့ထက်တောင် အလိုလိုက်ခံရတယ်လို့ ပြောလို့ရတယ်။ "
ဖုန်းယွိဟန် နားလည်သွားတော့သည်။ ပိုင်ဖူရုန်တစ်ယောက် တော်၀င်မိသားစုမှသူများနှင့် ငယ်စဥ်ကတည်းက ရင်းနှီးနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့၍လည်း ဆက်ဆံရေးက အတော်လေးကောင်းနေသည်မှာ အသေအချာပင်။ ချင်လဲ့၏ ယနေ့ ရန်စမှုသည် ပိုင်ဖူရုန်က သူမထက် ပို၍ အချစ်ခံနေရ၍ ဖြစ်လောက်ပေသည်။
" အားဟန် " သခင်မကြီးသည် လေးနက်စွာဖြင့် ပြောလာလေသည်။ " ဒီသခင်မလေးတွေနဲ့ တွေ့ရတဲ့ အခါမှာ သေချာလေး ဂရုစိုက်ပြီးတော့ ပေါင်းသင်းရမယ်နော်။ အားဟန်က ဖုန်းမိသားစုက ကလေးဆိုတော့ ဖုန်းမိသားစုရဲ့ ဂုဏ်သိက္ခာက အားဟန်နဲ့ တစ်တွဲတည်းဖြစ်နေမှာလေ ။ "
ဖုန်းယွိဟန် ခပ်ဖွဖွသာ ပြုံးပြလိုက်ကာ ဘာမှပြန်မဖြေလိုက်။
ဖုန်းယွိဟန်၏ ပြန်ဖြေသံကို မကြားရသည့်အခါ သခင်မကြီးသည် မကျေနပ်သော်လည်း ပါးစပ်ကို အသာအယာပိတ်ထားလိုက်ရတော့သည်။ ထို့အစား ရှုးယခြံ၀င်းသို့ ခေါ်ရသည့် အကြောင်းကိုသာ စကားစရတော့လေသည်။ " ခုနကလေးတင်ပဲ တင်းအန်းနန်းတော်က ဖိတ်စာလာပို့သွားတယ်။ နောက်သုံးရက်နေရင် မင်းသမီးကြီးတင်းအန်းက မွေးနေ့ပွဲကျင်းပမှာတဲ့လေ။ အရင်လိုပဲ ဖွားဖွားတို့အိမ်တော်ကိုလည်း လာဖိတ်တာလေ ။ "
ရွှမ်ထျန်းကော၏ ပြောစကားများကို သတိရသွား၍ ဖုန်းယွိဟန် သခင်မကြီးအား မေးလိုက်သည်။ " အရင်နှစ်တွေတုန်းကရော ဖုန်းမိသားစုက မွေးနေ့ပွဲကို သွားကြတာပဲလား။ "
သခင်မကြီးသည် သိပ်၍ ဂရုမထားသည့်ဟန်ဖြင့် ပြန်ဖြေပေးလေသည်။ " အရင်တုန်းကတော့ ဘယ်သူမှ မသွားဘူးလေ ။ လက်ဆောင်ပို့ပေးတာလောက်ပဲရှိတာ။ "
ဖုန်းယွိဟန် " ဪ " ဟုဆိုရင်း ထပ်မေးလိုက်သည်။ " ဒါဆို ဒီနှစ်ကိုတော့ ဖွားဖွားက အားဟန်နဲ့ ရှန်းရုန်ကို သွားတက်ပေးစေချင်တာလားဟင်။ "
သခင်မကြီးသည် ဖုန်းယွိဟန်၏ လက်လေးအား ကိုင်ကာ ခပ်ဖွဖွလေး ပုတ်ပေးရင်း ပြုံးပြလာလေသည်။ " အားဟန်က တကယ်ပဲ အရိပ်အကဲဖမ်းတာ မြန်လိုက်တာ။ ပုံမှန်ဆိုရင်တော့ ဖုန်းမိသားစုက ဒီလိုပွဲမျိုးတွေ တက်ရတာကို မကြိုက်ပါဘူး။ အဲ့ဒီ့ တင်းအန်းအရှင်ဆိုတာကလည်း တော်၀င်မျိုးနွယ်မဟုတ်သလို ဧကရာဇ်အရှင်ကလည်း သူတို့ကို သိပ်သဘောမကျလှဘူးလေ။ မြို့တော်ထဲက လူချမ်းသာမိသားစုတွေတောင် သူတို့ကို မျက်လုံးထဲ ထည့်ကြတာမဟုတ်ဘူး။ ဒါပေမယ့် အားဟန်က မြို့တော်မှာ မရှိတာကြာပြီဆိုတော့ မြို့တော်ထဲက သခင်မတွေ ၊ သခင်မလေးတွေနဲ့ အဆက်အဆံရှိတာက ကောင်းမလားလို့လေ။ အဲ့လိုဆို ဖုန်းမိသားစုက ဒုတိယသခင်မလေး ပြန်ရောက်နေပြီဆိုတာကိုလည်း အားလုံး သိသွားကြတာပေါ့။ "
ဖုန်းယွိဟန် သခင်မကြီး၏ စကားအား ထောက်ပေးလိုက်သည်။ " ဖွားဖွား ၊ ဒုတိယသခင်မလေးပဲ မဟုတ်ပါဘူး။ ကိုယ်လုပ်တော်ဖွားဆိုတာ ပါမှ သင့်လျော်မှာပါ။ အားဟန်ကို ဒုတိယသခင်မလေးလို့ပဲခေါ်နေလို့ အပြင်လူတွေက ပဏာမဇနီးဖွား ဒုတိယသမီးလို့ ထင်ကုန်ကြရင် မမကြီးအတွက် မကောင်းတော့ဘဲ ဖြစ်ကုန်ပါဦးမယ်။ "
သခင်မကြီးသည် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ စကားလမ်းကြောင်းလွှဲတော့သည်။ " ရှန်းရုန်ကကျတော့ အရင်တုန်းက ငယ်သေးလို့လေ ။ အခုတော့ ဆယ်နှစ်လည်း ပြည့်ပြီးပြီဆိုတော့ ဒီလိုပွဲမျိုးတွေ တက်လို့ရပြီလေ။ ဖန်းသိုက်လည်း လိုက်သွားသင့်တာဆိုပေမယ့် ဒဏ်ရာကြီးနဲ့ဆိုတော့ လိုက်လို့ ဘယ်ဖြစ်မလဲ။ " သခင်မကြီးသည် ဖန်းသိုက်၏ ဒဏ်ရာအကြောင်းကို ပြောသည့်အခါ ဖုန်းယွိဟန်ကို လှည့်ကြည့်လေသည်။ သို့သော်လည်း သူမ၏ အပြစ်ကင်းသည့် မျက်၀န်းတစ်စုံနှင့်သာ စုံလိုက်ရ၍ ရှက်သွားပြန်လေသည်။ " အဲ့တော့.... ညီမလေးကို အတွေ့အကြုံရဖို့ အပြင်ခေါ်သွားပေးတာလို့ပဲ သဘောထားလိုက်ပေါ့ ။ "
ဖုန်းယွိဟန်သည် ငြင်းဆိုခြင်းမပြု။ " ဟုတ်ကဲ့ပါ။ အားဟန် ညီမလေးကို ခေါ်ပြီး တင်းအန်းနန်းတော်ကို သွားပါ့မယ်။ " ကွက်တိပဲ။ သူမလည်း ရွှမ်ထျန်းမင် မီးရှို့လိုက်တဲ့ နန်းတော်က အခု ဘယ်လိုမျိုးဖြစ်နေပြီလဲဆိုတာကို ကြည့်ချင်နေတာလေ။
ဖုန်းယွ်ိဟန် လက်ခံလိုက်သည်ကို တွေ့မှသာ သခင်မကြီးသည် စိတ်သက်သာရာရသွားတော့သည်။ ဖုန်းယွိဟန်မှ သူမအား " နင်တို့ မသွားချင်တဲ့နေရာကို ငါကဘာလို့သွားရမှာလဲ။ " ဟုပြန်ပြောလာမည်ကို စိုးရိမ်နေခဲ့တာဖြစ်လေသည်။ အဲ့လိုသာဆို မျက်နှာအတော်လေး ပျက်ရတော့မည် မဟုတ်ပါလား။ တင်းအန်းနန်းတော်မှ လူများ လာသွားစဥ်က မြို့တော်မှာ ရှိမနေခဲ့တဲ့ ဒုတိယသခင်မလေး သေချာတက်ရောက်ပေးဖို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောသွားခဲ့သည်လေ။ ဘယ်လိုပဲဆိုဆို သူဆို့သည် တော်၀င်မိသားစုတစ်ပိုင်းပဲမို့ တရား၀င်သမ်ီးက သူတို့အား ဂရုမစိုက်သည်မှာ ကိစ္စမရှိသော်လည်း ကိုယ်လုပ်တော်ဖွားသမီးကပါ စိတ်ထဲမထည့်ဘူးဟုသာ သတင်းများပျံ့သွားလျှင် မကောင်းပေ။
" အ၀တ်အစားအသစ်တွေ ချုပ်ပေးဖို့ကိုလည်း ပြောထားပြီးသွားပြီ။ အခုက ဆောင်းဦးဆိုတော့ လေကလည်း အေးလာပြီလေ။ အ၀တ်တွေက နည်းနည်းထူထူလေးတွေ ဖြစ်သင့်တာပေါ့။ " သခင်မကြီးသည် ဆက်ကာပြောသည်။ " အထူးသဖြင့် အားဟန်အတွက်ပေါ့။ အိမ်တော်မှာ မရှိခဲ့တာလည်း ကြာပြီဆိုတော့ တစ်ခုခုလိုတာရှိရင် ဖွားဖွားကိုပြောနော် ! အဲ့ဒီ့ မိန်းမယုတ် ချန်းရှီလည်း မရှိတော့ဘူးဆိုတော့ တစ်ခုခုလိုတာနဲ့ ဖွားဖွားဆီလာယူလို့ရတယ်နော်။ ဖွားဖွားကို အားနာနေဖို့မလိုဘူးနော်။ "
" ဖွားဖွားက အားဟန်ကို ချစ်ခင်ပေးလို့ အားဟန် တကယ်၀မ်းသာပါတယ်။ ဒါဆို အားဟန်လည်း ဖွားဖွားကို အားနာမနေတော့ဘူးနော်။ " ဟုဆိုရင်း ရှန်းရုန်အား လှမ်းကြည့်ကာ " ဟုတ်တယ်မလား ၊ တတိယညီမလေး ။ " ဟူ၍ပါ ပြောလိုက်လေသည်။
ရှန်းရုန်သည် ဘာမှ မပြောဘဲ အကြာကြီးနေခဲ့တာဖြစ်၍ ဖုန်းယွိဟန်မှ သူမအား ခေါ်လိုက်သည့်အခါ လန့်သွားလေသည်။ ဖုန်းယွိဟန်၏ ဆိုလိုရင်းအား နားမလည်သော်ငြား သူမအား မေးလာ၍ ခေါင်းညိတ်ပြလိုက်တာက မမှားလောက်ပါဘူးဟုထင်ကာ ခေါင်းညိတ်၍ အဖြေပြန်ပေးလိုက်လေသည်။
သခင်မကြီးသည် ဖုန်းယွိဟန်၏ ရည်ရွယ်ချက်အား နားလည်၍ ထပ်ပြောရတော့သည်။ " ရှန်းရုန်လည်း အတူတူပဲနော်။ တစ်ခုခုလိုတာရှိရင် ဖွားဖွားကို ပြောနော်။ ဖွားဖွားက အားလုံးကို တန်းတူချစ်တာပါ ။ "
ရှန်းရုန်သည် ထရပ်လိုက်ကာ သခင်မကြီးအား အရိုအသေပေးရင်း " ကျေးဇူးပါ ၊ ဖွားဖွား။ " ဟုဆိုလေသည်။
ဖုန်းယွိဟန်လည်း ထရပ်လိုက်ကာ ရှန်းရုန်နည်းတူ ပြုမူရင်း " ချစ်ခင်ပေးလို့ အားဟန်က ဖွားဖွားကို ကျေးဇူးတင်ပါတယ်။ " ဟုဆိုလိုက်သည်။
သခင်မကြီးသည် ပြုံးပြကာ သူတို့အား ပြန်ထိုင်ခိုင်းလေသည်။ " အားဟန်တို့နှစ်ယောက်လုံးက ဘာပြဿနာမှ မဖြစ်စေတဲ့ လိမ္မာတဲ့ ကလေးတွေပဲ။ ဟန်ရှီမွေးထားတဲ့ တစ်ယောက်နဲ့ မတူပဲနဲ့လေ။ "
မင်းသားကိုးရှေ့တွင် လုပ်ခဲ့သည့် ဖုန်းဖန်းသိုက်၏ အပြုအမူကြောင့် သခင်မကြီးသည် သူမအား ကြည့်မရဖြစ်နေလေသည်။ ဖုန်းဖန်းသိုက်သည် စည်းကမ်းများကို မလိုက်နာတက်သည့် ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်ဖြစ်၍ နဂိုကတည်းက ချစ်ခင်ခြင်းမရှိခဲ့ ။ အစ်မတွေက နာနာခံခဲနဲ့ ရပ်နေတာကိုတောင် သူက ရှေ့ထွက်ပြီး ပွဲကချင်သေးတယ်ပေါ့လေ ။ လက်ကျိုးသွားတာမလား။ ဖြစ်တာတောင် နည်းသေးတယ်။
" ပထမသခင်မလေးကရော မသွားဘူးလားဟင်။ " တစ်ချိန်လုံး တိတ်နေခဲ့သည့် ကျင့်ကျန့်သည် ၀င်ပြောလာတော့သည်။ " သခင်မကြီး ၊ ဘာလို့ ပထမသခင်မလေးကိုပါ မသွားခိုင်းလိုက်တာလဲဟင်။ "
သခင်မကြီးသည် ကျင်းကျန့်၏ အနှိပ်အနယ်ကောင်းမှုကြောင့် သူမအား နည်းနည်းအမြင်ကြည်လာရုံရှိသေးသော်လည်း ဖုန်းချန်းယွီအကြောင်းကို ထည့်ပြောလာသည့်အခါတွင်တော့ မျက်နှာပျက်သွားတော့သည်။ " ဖုန်းမိသားစုက သခင်မလေးနှစ်ယောက်ကို လွှတ်တာက မလုံလောက်သေးလ်ို့လား။ ချန်းယွီကိုပါ သွားခိုင်းရဦးမှာလား။ တင်းအန်းနန်းတော်က ဘယ်လောက်ကောင်းနေလို့လဲ ။ "
ကျင်းကျန့်သည် အမြန်ရှင်းပြရတော့သည်။ " ဒီကိုယ်လုပ်တော်ရဲ့ စကားကို သခင်မကြီး အထင်မှားနေပါပြီ။ ဒီကိုယ်လုပ်တော်တွေးနေတာက အိမ်တော်သခင်မက ကြင်ယာတော်ယွင်ကို အပြစ်ပြုမိလို့ ပထမသခင်မလေးကို နန်းတွင်းထဲကို ငါးနှစ်တိတိ၀င်ခွင့်မပြုဘူးလို့ အမိန့်ချမှတ်ထားတာကိုပါ ! "
" အာ ! " သခင်မကြီးသည် မသိလိုက်ပါဘဲ အာမေဋိတ်သံပြုမိသွားတော့သည်။ ကျင်းကျန့်ပြောလာမှသာ ထိုကိစ္စအား သတိရသွားတာဖြစ်လေသည်။ ချန်းယွီသာ နန်းတွင်းထဲကို ငါးနှစ်တိုင်တိုင် ၀င်ခွင့်မရှိဘူးဆိုပါက နန်းတော်အပြင်တွင် တက်ရောက်နိုင်သည့် ပွဲတော်ကလည်း များများစားစား မကျန်ရှိတော့ပေ ။ တင်းအန်းနန်းတော်က ဘယ်လောက်ပင် ဆိုးဆိုး အနည်းဆုံးတော့ အိမ်တော်များထက်တော့ သာလောက်သေးလေသည်။ ထိုသို့တွေးပြီးနောက် သခင်မကြီးသည် စိတ်ပြောင်းသွားတော့သည် ။ " အထိန်းတော်ကျောက် ၊ ချန်းယွီကိုသွားခေါ်ဖို့ ပထမအဆင့် အစေခံတစ်ယောက်လောက်လွှတ်လိုက်။ "
အထိန်းတော်ကျောက်သည် အစေခံလေးအား အမြန်စေလွှတ်လိုက်လေသည် ။ သိပ်မကြာပါ ။ ဖုန်းချန်းယွီသည် သူမ၏ အစေခံနှင့်အတူ ရောက်လာလေသည်။
သူမ ဂါရ၀မပြုရသေးခင်မှာပဲ သခင်မကြီးက ပြောတော့သည်။ " ချန်းယွီ ၊ သေချာလေးပြင်ဆင်ထားလိုက်။ နောက်သုံးရက်နေရင် မင်းသမီးကြီးတင်းအန်းရဲ့ မွေးနေ့ပွဲရှိတယ်။ ဒုတိယညီမလေး နဲ့ တတိယညီမလေးတို့နဲ့ အတူလိုက်သွားလိုက် ! " ဟုပြောပြီးနောက် အထိန်းတော်ကျောက်အား " ပထမသခင်မလေးအတွက် အ၀တ်အစား အသစ်တစ်စုံချုပ်ပေးဖို့ပါ ပြောလိုက်ဦး။ " ဟုခိုင်းစေလေသည်။
" ခဏလေးပါ " ဖုန်းချန်းယွိီသည် အထိန်းတော်ကျောက်အား လှမ်းတားလေသည်။ နားမလည်သည့်ဟန်ဖြင့် သခင်မကြီးအား အမေးစကားဆို၏ ။ " ဖွားဖွား ၊ မင်းသမီးကြီးတင်းအန်းရဲ့ မွေးနေ့ပွဲက အရင်နှစ်တွေတုန်းက ချန်းယွီတက်ဖို့ မလိုတဲ့ပွဲ မဟုတ်ဘူးလား။ "
သခင်မကြီးသည် သက်ပြင်းချကာ ဆိုသည်။ " ဒီနှစ်က မတူဘူးလေ။ ညီမလေးတွေနဲ့ အတူသွားလိုက်ပါ။ စိတ်ပြေလက်ပျောက်လို့ပဲ သဘောထားလိုက်ပေါ့။ "
ဖုန်းချန်းယွီသည် မကျေမနပ်ဖြင့် ပြောပြန်သည်။ " ဘာလို့ ချန်းယွီက စိတ်ပြေလက်ပျောက်ဖြစ်ဖို့ လိုမှာပါလဲ။ ချန်းယွိိီရဲ့ စိတ်အခြေအနေက အရမ်းပဲ ကောင်းနေပါတယ်။ မပျော်မရွှင် ဖြစ်နေတာမျိုး နည်းနည်းလေးတောင် မရှိပါဘူး။ "
ကျင်းကျန့်သည် ၀င်ပြောလာလေသည်။ " ဒီကိုယ်လုပ်တော်က ပထမသခင်မလေးကို နှုတ်ဆက်ပါတယ်။ ပထမသခင်မလေး ၊ သခင်မကြီးပြောချင်တာက နန်းတော်ကိုသွားပြီး အတွေ့အကြုံလေး နည်းနည်းရအောင် လုပ်ခိုင်းချင်တဲ့ သဘောပါ။ "
ဖုန်းချန်းယွီသည် ထိုစကားများကို ကြားသည့်အခါ ပို၍ မကျေမနပ်ဖြစ်လာတော့သည်။ သူမ၏ ကြော့ရှင်းသည် မျက်ခုံးနှစ်ခုအား တွန့်ချိုးရင်း ကျင်းကျန့်အား မနှစ်မြို့သလိုကြည့်ကာ ဆိုလေသည်။ " ကျင်းကျန့် ၊ ငါက ဖုန်းအိမ်တော်က တရား၀င်သမီးပါ။ ငါတို့ ဖုန်းအိမ်တော်ကလည်း ဂုဏ်သရေရှိတဲ့ အိမ်တော်ပဲလေ ။ ဘာလို့ငါက နန်းတော်အတုအယောင် နေရာကိုသွားပြီး အတွေ့အကြုံရအောင်လုပ်ရမှာလဲ။ "
ကျင်းကျန့်သည် ဖုန်းချန်းယွီ၏ မနှစ်မြို့သည့် အကြည့်များကို လျစ်လျူရှုထားလိုက်သည်။ သူမအား နာမည်အရင်းဖြင့် ခေါ်လိုက်သည်ကိုလည်း မကြားဟန်သာဆောင်နေလိုက်ပြီး ပြုံးလျက်သာ ပြန်ပြောလေသည်။ " ဖုန်းအိမ်တော်က ဂုဏ်ကျက်သရေကြီးတာ အမှန်ပါပဲ။ ဒါပေမယ့် သခင်ကြီးက ဆူညံတာကို မကြိုက်လို့ ဘယ်တုန်းကမှ ပွဲတွေမကျင်းပခဲ့ပါဘူး။ ပထမသခင်မလေးသာ အခြားအိမ်တော်က သခင်မတွေ ၊ သခင်မလေးတွေနဲ့ တွေ့ဆုံချင်ရင် လွယ်ကူမှာမဟုတ်ပါဘူး။ "
" အမှန်ပဲ။ " သခင်မကြီးက ဆိုသည်။ " ချန်းယွီ ! သမီး မတရားသလို ခံစားနေရမယ်ဆိုတာကို ဖွားဖွားလည်း သိပါတယ်။ ဒါပေမယ့် ချန်းယွီက နန်းတော်ထဲကို ငါးနှစ်တိတ်ိ ၀င်ခွင့်မရှိဘူးလေ ! မင်းသမီးကြီး တင်းအန်းရဲ့ မွေးနေ့ပွဲကို မတက်ဘူးဆိုရင် နန်းတော်အပြင်မှာက ပွဲတော်တွေ များများစားစားရှိတာမဟုတ်ဘူးလေ။ ၀မ်ရွှမ်းနန်းတော်ကျတော့..." ဟုဆ်ိုရင်း ဖုန်းယွိဟန်အား တစ်ချက် လှမ်းကြည့်လိုက်ကာ ဆက်ပြောလေသည်။ " ညည်းအမေက သူတို့ရဲ့ မင်းသမီးကြီးနဲ့ ကျွင်းကျူကို အဲ့လောက်ထိ အပြစ်ပြုစော်ကားထားမှတော့ သွားလို့ဖြစ်မယ် မထင်ဘူးလေ ။ "
ဖုန်းချန်းယွီ၏ မျက်နှာ အမူအရာမှာ ထိန်းမရသည်အထိ ပျက်လာကာ ဖုန်းယွိဟန်အား စူးစူး၀ါး၀ါး စိုက်ကြည့်လေသည်။ သူမ ဤအခြေအနေအထိ ရောက်လာရခြင်းသည် ဖုန်းယွိဟန်၏ လုပ်ရပ်များကြောင့်သာ ဖြစ်သည်ဟု တွေးနေလေသည်။
သူမသည် ဆက်၍ ငြင်းချင်သော်လည်း ကျင်းကျန့်၏ နောက်ထပ် ပြောစကားများက်ို ကြားလိုက်ရလေသည်။ " ခုနကတုန်းက ဖိတ်စာလာပို့သွားတဲ့သူက မင်းသားခုနစ်လည်း တက်မယ်လို့ပြောသွားသလိုပဲနော်။ "
ဖုန်းချန်းယွီ၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို အရောင်တောက်လာတော့သည် !
[T/N : ခုနက စာပြန်စစ်နေရင်း မှားပြီး publish လုပ်လိုက်မ်ိလို့ပါ ။ weekend မှာ update မရှိပါဘူးနော် စောင့်နေကြမှာစိုးလို့ပါ ။ နောက်အပတ်မှ ပြန်တွေ့ကြပါမယ်နော်။ ]
*******
ျဖစ္ေအာင္လုပ္
ဖုန္းယြိဟန္ ရႈးယၿခံ၀င္းသို႔ ေရာက္သြားသည့္အခါတြင္ ရွန္းရုန္သည္ ခန္းမေဆာင္ထဲရိွ ကုလားထိုင္ေပၚတြင္ ထိုင္ေနကာ ေခါင္းကို ငံု႔၍ထားၿပီး လက္ႏွစ္ဖက္ကိုလည္း ယွက္ကာထား၍ စိတ္လႈပ္ရွားေနသေယာင္ရိွေလသည္။
သခင္မႀကီးကေတာ့ ထိုင္ေနက်ခံုေပၚတြင္ ထိုင္ေနကာ မ်က္လံုးမ်ားကို ေမွးစင္းကာ မိွတ္ထားေလသည္။ ေဘးတြင္ေတာ့ က်င္းက်န္႔သည္ ဒူးေထာက္ကာ ထိုင္ရင္း သခင္မႀကီး၏ ေျခေထာက္မ်ားကို ႏိွပ္နယ္ေပးေနေလသည္။ သခင္မႀကီးသည္ အႏိွပ္ခံေနရင္း ေျပာလာသည္။ " အင္း ၊ ခ်န္ရွီကေတာ့ ဘယ္လို သက္သက္သာသာေနရမလဲဆိုတာကို တကယ္သိတာပဲ။ ဒီလိုမ်ိဳး အႏိွပ္ေကာင္းတဲ့သူကို ေဘးနားမွာ အၾကာႀကီးေခၚထားခဲ့တာပဲ။ ညည္းကေရာ အဲ့လို အရည္အခ်င္းရိွေနရဲ့သားနဲ႔ ငါ့ဆီ ဘာလို႔ ေစာေစာမလာခဲ့တာလဲ။ "
က်င္းက်န္႔သည္ ၀မ္းနည္းေနသည့္ဟန္ျဖင့္ ျပန္ေျဖေလသည္။ " ဒီကိုယ္လုပ္ေတာ္က သခင္မႀကီးကို တကယ္ပဲ ေလးစားရိုေသမိေပမယ့္ အနားထိ မလာရဲခဲ့လို႔ပါ။ ဒီကိုယ္လုပ္ေတာ္ရဲ့ ေမြးဖြားရာက နိမ့္က်တာမို႔ သခင္မႀကီးရဲ့ မ်က္လံုးေတြ ညစ္ေထးသြားမွာကို စိုးမိလို႔ပါ။ "
သခင္မႀကီးသည္ လူမ်ားအား ဘယ္လိုအသံုးခ်ရမည္ကို ေကာင္းေကာင္းသိေလသည္။ က်င္းက်န္႔မွ ထိုသို႔ေျပာလာသည့္အခါတြင္ အခ်ိဳသပ္ကာ သကာရည္သုတ္ထားသည့္ စကားမ်ားကိုဆိုေလသည္။ " ေမြးဖြားျခင္းအေၾကာင္းအရင္းကို ေျပာရရင္ ညည္းက ငါတို႔ ဖုန္းအိမ္ေတာ္က ပ်ိဳးေထာင္လာတဲ့သူမို႔လို႔ ညည္းအေၾကာင္းကို ငါတို႔က ေသခ်ာသိတာေပါ့။ အေပ်ာ္အိမ္ကလာတဲ့ ဟန္ရွီလို မဟုတ္ဘူးေလ။ အဲ့တာကမွ ဖုန္းအိမ္ေတာ္ကို တကယ္မ်က္ႏွာပ်က္ေစတဲ့ကိစၥပဲ။ "
က်င္းက်န္႔သည္ သခင္မႀကီး၏ စကားမ်ားေၾကာင့္ ေပ်ာ္ရႊင္သြားေတာ့သည္။ လွည့္ၾကည့္လိုက္သည့္အခါ ဖုန္းယြိဟန္ေရာက္လာသည္ကို ျမင္၍ ထရပ္ကာ " ဒုတိယသခင္မေလးကို ဂါရ၀ျပဳပါတယ္။ " ဟုဆိုရင္း ႏႈတ္ဆက္ေလသည္။
သခင္မႀကီးသည္လည္း ဖုန္းယြိဟန္ ေရာက္လာသ ည္ကို ၾကားသည့္အခါ ၿပံဳး၍ မ်က္လံုးမ်ားကို ဖြင့္ၾကည့္ေလသည္။ " အားဟန္ ! ျပန္လာၿပီလား ။"
ဖုန္းယြိဟန္လည္း ၿပံဳးျပရင္း ေရ႔ွတိုးကာ ႏႈတ္ဆက္စကားဆိုလိုက္ရသည္။ " ဟုတ္ကဲ့ ၊ ဖြားဖြားကို စိတ္ပူေအာင္ လုပ္မိလို႔ ေတာင္းပန္ပါတယ္ေနာ္ ။ "
" ဒါေပါ့ ၊ ဖြားဖြားက စိတ္ပူေနရတာေပါ့ ၊ အားဟန္ကိုမွ စိတ္မပူရင္ ဘယ္သူ႔စိတ္ပူရမွာလဲ ! လာေလ ၊ ျမန္ျမန္လာထိုင္ေတာ့။ " သခင္မႀကီးသည္ ဖုန္းယြိဟန္၏ လက္အားဆြဲကာ သူမေဘးရိွ အခင္းေပ်ာ့ေလးေပၚတြင္ ထိုင္ေစေလသည္။
" ကြၽင္းက်ူ ထ်န္းေကာနဲ႔ ေလ်ွာက္လည္ရတာ ဘယ္လိုလဲ ၊ ေပ်ာ္ဖို႔ ေကာင္းရဲ့လား။ "
ဖုန္းယြိဟန္ ေခါင္းညိတ္ရင္း ျပန္ေျဖေပးလိုက္သည္။ " အဆင္ေျပပါတယ္ ၊ ဖြားဖြား ။ သိမ္ေမြ့ျခင္းနတ္ဘုရားဆိုင္မွာ သြားစားခဲ့ၿပီးေတာ့ ေနာက္ထပ္ သူငယ္ခ်င္းေတြနဲ႔လည္း ေတြ့ခဲ့ပါေသးတယ္။ "
" အိုးးး ! " ေနာက္ထပ္သူငယ္ခ်င္းေတြ ဟူသည္ကို ၾကားသည့္အခါ သခင္မႀကီးသည္ ထပ္ေမးေလသည္။ " ဘယ္မိသားစုက မိန္းကေလးေတြတဲ့လဲ။ "
ဖုန္းယြိဟန္ ၿပံဳးျပ၍ ေျဖေပးလိုက္သည္။ " လက္မႈပညာရွင္ပိုင္ရဲ့ မိသားစုက သခင္မေလး ပိုင္ဖူရုန္ရယ္ ၊ အမတ္ခ်ဳပ္ဖုန္း အိမ္ေတာ္က တရား၀င္သမီးဆိုတဲ့ ဖုန္းထ်န္းယြီရယ္ ၊ စစ္သူႀကီး ဖင္းရွီအိမ္ေတာ္က တရား၀င္သမီးျဖစ္တဲ့ ရန္ရွီဖုန္းတို႔ရယ္ပါ။ "
သခင္မႀကီးသည္ ေခါင္းတညိတ္ညိတ္ျဖင့္ ေျပာေလသည္။ " အင္း ၊ ကြၽင္းက်ူ ထ်န္းေကာရဲ့ သူငယ္ခ်င္းေတြကလည္း တကယ့္ကို အထင္ႀကီးေလာက္စရာ သူေတြခ်ည္းပါလား။ စစ္သူႀကီး ဖင္းနန္အိမ္ေတာ္က တရား၀င္သမီးအေၾကာင္းကေတ့ာ ေျပာေနဖို႔ေတာင္ မလိုေတာ့ပါဘူး။ အမတ္ခ်ဳပ္ဖုန္းဆိုတာကလည္း အားဟန္တို႔အေဖနဲ႔ ၿပိဳင္ဘက္လို႔ေျပာလို႔ရေပမယ့္ တို႔ေတြရဲ့ မိသားစုနဲ႔ တစ္တန္းတည္း အတူရိွေနတဲ့သူေတြပဲေလ ။ လက္မႈပညာရွင္ပိုင္ရဲ့ သမီးကေတာ့.... "
သခင္မႀကီးသည္ ေျပာေနရင္းျဖင့္ ခဏရပ္သြားေလသည္။ ဖုန္းယြိဟန္ကေတာ့ စိတ္ရွည္စြာျဖင့္ပဲ သခင္မႀကီး၏ အျမင္တြင္ ဖူရုန္က ဘယ္လိုမ်ိဳး ရိွေနသည္ကို သိရရန္ေစာင့္ေနေလသည္။ ပိုင္ဖူရုန္တစ္ေယာက္ ရႊမ္ထ်န္းေကာတို႔ႏွင့္ ေပါင္းသင္းႏိုင္ျခင္းမွာ သူမ၏ အက်င့္စရိုက္တစ္ခုတည္းေၾကာင့္ေတာ့ မျဖစ္ႏိုင္ဟု ဖုန္းယြိဟန္ ထင္သည္။ အက်င့္တစ္ခုတည္းေၾကာင့္သာဆို လက္မႈပညာရွင္တစ္ေယာက္ရဲ့ သမီးက မင္းသမီးတစ္ပါးႏွင့္ ေတြ့ဆံုႏိုင္စရာ အေၾကာင္းကိုမရွ္ိေပ။ သို႔ျဖစ္၍ ဤမ်ွ ရင္းႏွီးေနႏိုင္ျခင္းသည္ အျခားေသာ အေၾကာင္းအရင္းတစ္ခုရိွရေပမည္။
အေတာ္ေလးၾကာၿပီးမွသာ သခင္မႀကီးသည္ သူမ၏ အျမင္မ်ားကို ထုတ္ေျပာလာေလသည္။ " ပိုင္မိသားစုက လက္မႈပညာရွင္ မိသားစုပဲဆိုေပမယ့္ သူတို႔က ဧကရာဇ္ရဲ့ မ်က္ႏွာသာေပးမႈကို ခံၾကရတဲ့သူေတြေလ ။ ယခင့္ယခင္က ဧကရီေဟာင္း သက္ရိွထင္ရွားရိွေနစဥ္ကဆို ပိုဆိုးတာေပါ့။ ဧကရီေဟာင္းကိုယ္တိုင္ပဲ လက္မႈပညာရွင္ပိုင္ကို ရတနာပစၥည္းေတြလုပ္ဖို႔ ခန္႔ထားခဲ့တာေလ။ အဲ့ကတည္းကစၿပီး လူကံုထံ အသိုင္းအဝိုင္းက ကေတာ္ေတြအားလံုးက လက္မႈပညာရွင္ပိုင္ရဲ့ လက္ရာေတြကို အရမ္းသေဘာက်ေနၾကေတာ့တာပဲ။ နန္းတြင္းထဲက ၾကင္ယာေတာ္ေတြလည္း အပါအ၀င္ပဲေပါ့။ ပိုင္မိသားစုက တရား၀င္သမ္ီး ပိုင္ဖူရုန္ဆိုလည္း နန္းတြင္းထဲမွာ က်င္းပတဲ့ ပြဲေတာ္တိုင္းကို ႏွစ္တိုင္း တက္ခြင့္ရတယ္ေလ။ ဧကရာဇ္ႀကီးက ကြၽင္းက်ူထ်န္းေကာကို ဘာခ်ီးျမႇင့္ခ်ီးျမႇင့္ အဲ့မိန္းကေလးလည္း အတူရတယ္ေလ။ အဲ့ေတာ့ သူမကလည္း ေမြးစားထားတဲ့ ကေလးတစ္ေယာက္လိုပဲ ျဖစ္ေနေတာ့တာေပါ့။ သမီးေတာ္ခ်င္လဲ့ထက္ေတာင္ အလိုလိုက္ခံရတယ္လို႔ ေျပာလို႔ရတယ္။ "
ဖုန္းယြိဟန္ နားလည္သြားေတာ့သည္။ ပိုင္ဖူရုန္တစ္ေယာက္ ေတာ္၀င္မိသားစုမွသူမ်ားႏွင့္ ငယ္စဥ္ကတည္းက ရင္းႏွီးႏိုင္ခဲ့သည္မွာ မထူးဆန္းေတာ့ေပ။ ငယ္ငယ္ကတည္းက ရင္းႏွီးခဲ့၍လည္း ဆက္ဆံေရးက အေတာ္ေလးေကာင္းေနသည္မွာ အေသအခ်ာပင္။ ခ်င္လဲ့၏ ယေန့ ရန္စမႈသည္ ပိုင္ဖူရုန္က သူမထက္ ပို၍ အခ်စ္ခံေနရ၍ ျဖစ္ေလာက္ေပသည္။
" အားဟန္ " သခင္မႀကီးသည္ ေလးနက္စြာျဖင့္ ေျပာလာေလသည္။ " ဒီသခင္မေလးေတြနဲ႔ ေတြ့ရတဲ့ အခါမွာ ေသခ်ာေလး ဂရုစိုက္ၿပီးေတာ့ ေပါင္းသင္းရမယ္ေနာ္။ အားဟန္က ဖုန္းမိသားစုက ကေလးဆိုေတာ့ ဖုန္းမိသားစုရဲ့ ဂုဏ္သိကၡာက အားဟန္နဲ႔ တစ္တြဲတည္းျဖစ္ေနမွာေလ ။ "
ဖုန္းယြိဟန္ ခပ္ဖြဖြသာ ၿပံဳးျပလိုက္ကာ ဘာမျွပန္မေျဖလိုက္။
ဖုန္းယြိဟန္၏ ျပန္ေျဖသံကို မၾကားရသည့္အခါ သခင္မႀကီးသည္ မေက်နပ္ေသာ္လည္း ပါးစပ္ကို အသာအယာပိတ္ထားလိုက္ရေတာ့သည္။ ထို႔အစား ရႈးယၿခံ၀င္းသို႔ ေခၚရသည့္ အေၾကာင္းကိုသာ စကားစရေတာ့ေလသည္။ " ခုနကေလးတင္ပဲ တင္းအန္းနန္းေတာ္က ဖိတ္စာလာပို႔သြားတယ္။ ေနာက္သံုးရက္ေနရင္ မင္းသမီးႀကီးတင္းအန္းက ေမြးေန့ပြဲက်င္းပမွာတဲ့ေလ။ အရင္လိုပဲ ဖြားဖြားတို႔အိမ္ေတာ္ကိုလည္း လာဖိတ္တာေလ ။ "
ရႊမ္ထ်န္းေကာ၏ ေျပာစကားမ်ားကို သတိရသြား၍ ဖုန္းယြိဟန္ သခင္မႀကီးအား ေမးလိုက္သည္။ " အရင္ႏွစ္ေတြတုန္းကေရာ ဖုန္းမိသားစုက ေမြးေန့ပြဲကို သြားၾကတာပဲလား။ "
သခင္မႀကီးသည္ သိပ္၍ ဂရုမထားသည့္ဟန္ျဖင့္ ျပန္ေျဖေပးေလသည္။ " အရင္တုန္းကေတာ့ ဘယ္သူမွ မသြားဘူးေလ ။ လက္ေဆာင္ပို႔ေပးတာေလာက္ပဲရိွတာ။ "
ဖုန္းယြိဟန္ " ဪ " ဟုဆိုရင္း ထပ္ေမးလိုက္သည္။ " ဒါဆို ဒီႏွစ္ကိုေတာ့ ဖြားဖြားက အားဟန္နဲ႔ ရွန္းရုန္ကို သြားတက္ေပးေစခ်င္တာလားဟင္။ "
သခင္မႀကီးသည္ ဖုန္းယြိဟန္၏ လက္ေလးအား ကိုင္ကာ ခပ္ဖြဖြေလး ပုတ္ေပးရင္း ၿပံဳးျပလာေလသည္။ " အားဟန္က တကယ္ပဲ အရိပ္အကဲဖမ္းတာ ျမန္လိုက္တာ။ ပံုမွန္ဆိုရင္ေတာ့ ဖုန္းမိသားစုက ဒီလိုပြဲမ်ိဳးေတြ တက္ရတာကို မႀကိဳက္ပါဘူး။ အဲ့ဒီ့ တင္းအန္းအရွင္ဆိုတာကလည္း ေတာ္၀င္မ်ိဳးႏြယ္မဟုတ္သလို ဧကရာဇ္အရွင္ကလည္း သူတို႔ကို သိပ္သေဘာမက်လွဘူးေလ။ ၿမိဳ႔ေတာ္ထဲက လူခ်မ္းသာမိသားစုေတြေတာင္ သူတို႔ကို မ်က္လံုးထဲ ထည့္ၾကတာမဟုတ္ဘူး။ ဒါေပမယ့္ အားဟန္က ၿမိဳ႔ေတာ္မွာ မရိွတာၾကာၿပီဆိုေတာ့ ၿမိဳ႔ေတာ္ထဲက သခင္မေတြ ၊ သခင္မေလးေတြနဲ႔ အဆက္အဆံရိွတာက ေကာင္းမလားလို႔ေလ။ အဲ့လိုဆို ဖုန္းမိသားစုက ဒုတိယသခင္မေလး ျပန္ေရာက္ေနၿပီဆိုတာကိုလည္း အားလံုး သိသြားၾကတာေပါ့။ "
ဖုန္းယြိဟန္ သခင္မႀကီး၏ စကားအား ေထာက္ေပးလိုက္သည္။ " ဖြားဖြား ၊ ဒုတိယသခင္မေလးပဲ မဟုတ္ပါဘူး။ ကိုယ္လုပ္ေတာ္ဖြားဆိုတာ ပါမွ သင့္ေလ်ာ္မွာပါ။ အားဟန္ကို ဒုတိယသခင္မေလးလို႔ပဲေခၚေနလို႔ အျပင္လူေတြက ပဏာမဇနီးဖြား ဒုတိယသမီးလို႔ ထင္ကုန္ၾကရင္ မမႀကီးအတြက္ မေကာင္းေတာ့ဘဲ ျဖစ္ကုန္ပါၪီးမယ္။ "
သခင္မႀကီးသည္ ရွက္ကိုးရွက္ကန္းျဖစ္သြားကာ စကားလမ္းေၾကာင္းလႊဲေတာ့သည္။ " ရွန္းရုန္ကက်ေတာ့ အရင္တုန္းက ငယ္ေသးလို႔ေလ ။ အခုေတာ့ ဆယ္ႏွစ္လည္း ျပည့္ၿပီးၿပီဆိုေတာ့ ဒီလိုပြဲမ်ိဳးေတြ တက္လို႔ရၿပီေလ။ ဖန္းသိုက္လည္း လိုက္သြားသင့္တာဆိုေပမယ့္ ဒဏ္ရာႀကီးနဲ႔ဆိုေတာ့ လိုက္လို႔ ဘယ္ျဖစ္မလဲ။ " သခင္မႀကီးသည္ ဖန္းသိုက္၏ ဒဏ္ရာအေၾကာင္းကို ေျပာသည့္အခါ ဖုန္းယြိဟန္ကို လွည့္ၾကည့္ေလသည္။ သို႔ေသာ္လည္း သူမ၏ အျပစ္ကင္းသည့္ မ်က္၀န္းတစ္စံုႏွင့္သာ စံုလိုက္ရ၍ ရွက္သြားျပန္ေလသည္။ " အဲ့ေတာ့.... ညီမေလးကို အေတြ့အႀကံဳရဖို႔ အျပင္ေခၚသြားေပးတာလို႔ပဲ သေဘာထားလိုက္ေပါ့ ။ "
ဖုန္းယြိဟန္သည္ ျငင္းဆိုျခင္းမျပဳ။ " ဟုတ္ကဲ့ပါ။ အားဟန္ ညီမေလးကို ေခၚၿပီး တင္းအန္းနန္းေတာ္ကို သြားပါ့မယ္။ " ကြက္တိပဲ။ သူမလည္း ရႊမ္ထ်န္းမင္ မီးရိႈ႔လိုက္တဲ့ နန္းေတာ္က အခု ဘယ္လိုမ်ိဳးျဖစ္ေနၿပီလဲဆိုတာကို ၾကည့္ခ်င္ေနတာေလ။
ဖုန္းယြ္ိဟန္ လက္ခံလိုက္သည္ကို ေတြ့မွသာ သခင္မႀကီးသည္ စိတ္သက္သာရာရသြားေတာ့သည္။ ဖုန္းယြိဟန္မွ သူမအား " နင္တို႔ မသြားခ်င္တဲ့ေနရာကို ငါကဘာလို႔သြားရမွာလဲ။ " ဟုျပန္ေျပာလာမည္ကို စိုးရိမ္ေနခဲ့တာျဖစ္ေလသည္။ အဲ့လိုသာဆို မ်က္ႏွာအေတာ္ေလး ပ်က္ရေတာ့မည္ မဟုတ္ပါလား။ တင္းအန္းနန္းေတာ္မွ လူမ်ား လာသြားစဥ္က ၿမိဳ႔ေတာ္မွာ ရိွမေနခဲ့တဲ့ ဒုတိယသခင္မေလး ေသခ်ာတက္ေရာက္ေပးဖို႔ ေမ်ွာ္လင့္ပါတယ္ဆိုၿပီး ေျပာသြားခဲ့သည္ေလ။ ဘယ္လိုပဲဆိုဆို သူဆို႔သည္ ေတာ္၀င္မိသားစုတစ္ပိုင္းပဲမို႔ တရား၀င္သမ္ီးက သူတို႔အား ဂရုမစိုက္သည္မွာ ကိစၥမရိွေသာ္လည္း ကိုယ္လုပ္ေတာ္ဖြားသမီးကပါ စိတ္ထဲမထည့္ဘူးဟုသာ သတင္းမ်ားပ်ံ့သြားလ်ွင္ မေကာင္းေပ။
" အ၀တ္အစားအသစ္ေတြ ခ်ဳပ္ေပးဖို႔ကိုလည္း ေျပာထားၿပီးသြားၿပီ။ အခုက ေဆာင္းၪီးဆိုေတာ့ ေလကလည္း ေအးလာၿပီေလ။ အ၀တ္ေတြက နည္းနည္းထူထူေလးေတြ ျဖစ္သင့္တာေပါ့။ " သခင္မႀကီးသည္ ဆက္ကာေျပာသည္။ " အထူးသျဖင့္ အားဟန္အတြက္ေပါ့။ အိမ္ေတာ္မွာ မရိွခဲ့တာလည္း ၾကာၿပီဆိုေတာ့ တစ္ခုခုလိုတာရိွရင္ ဖြားဖြားကိုေျပာေနာ္ ! အဲ့ဒီ့ မိန္းမယုတ္ ခ်န္းရွီလည္း မရိွေတာ့ဘူးဆိုေတာ့ တစ္ခုခုလိုတာနဲ႔ ဖြားဖြားဆီလာယူလို႔ရတယ္ေနာ္။ ဖြားဖြားကို အားနာေနဖို႔မလိုဘူးေနာ္။ "
" ဖြားဖြားက အားဟန္ကို ခ်စ္ခင္ေပးလို႔ အားဟန္ တကယ္၀မ္းသာပါတယ္။ ဒါဆို အားဟန္လည္း ဖြားဖြားကို အားနာမေနေတာ့ဘူးေနာ္။ " ဟုဆိုရင္း ရွန္းရုန္အား လွမ္းၾကည့္ကာ " ဟုတ္တယ္မလား ၊ တတိယညီမေလး ။ " ဟူ၍ပါ ေျပာလိုက္ေလသည္။
ရွန္းရုန္သည္ ဘာမွ မေျပာဘဲ အၾကာႀကီးေနခဲ့တာျဖစ္၍ ဖုန္းယြိဟန္မွ သူမအား ေခၚလိုက္သည့္အခါ လန္႔သြားေလသည္။ ဖုန္းယြိဟန္၏ ဆိုလိုရင္းအား နားမလည္ေသာ္ျငား သူမအား ေမးလာ၍ ေခါင္းညိတ္ျပလိုက္တာက မမွားေလာက္ပါဘူးဟုထင္ကာ ေခါင္းညိတ္၍ အေျဖျပန္ေပးလိုက္ေလသည္။
သခင္မႀကီးသည္ ဖုန္းယြိဟန္၏ ရည္ရြယ္ခ်က္အား နားလည္၍ ထပ္ေျပာရေတာ့သည္။ " ရွန္းရုန္လည္း အတူတူပဲေနာ္။ တစ္ခုခုလိုတာရိွရင္ ဖြားဖြားကို ေျပာေနာ္။ ဖြားဖြားက အားလံုးကို တန္းတူခ်စ္တာပါ ။ "
ရွန္းရုန္သည္ ထရပ္လိုက္ကာ သခင္မႀကီးအား အရိုအေသေပးရင္း " ေက်းဇူးပါ ၊ ဖြားဖြား။ " ဟုဆိုေလသည္။
ဖုန္းယြိဟန္လည္း ထရပ္လိုက္ကာ ရွန္းရုန္နည္းတူ ျပဳမူရင္း " ခ်စ္ခင္ေပးလို႔ အားဟန္က ဖြားဖြားကို ေက်းဇူးတင္ပါတယ္။ " ဟုဆိုလိုက္သည္။
သခင္မႀကီးသည္ ၿပံဳးျပကာ သူတို႔အား ျပန္ထိုင္ခိုင္းေလသည္။ " အားဟန္တို႔ႏွစ္ေယာက္လံုးက ဘာျပႆနာမွ မျဖစ္ေစတဲ့ လိမၼာတဲ့ ကေလးေတြပဲ။ ဟန္ရွီေမြးထားတဲ့ တစ္ေယာက္နဲ႔ မတူပဲနဲ႔ေလ။ "
မင္းသားကိုးေရ႔ွတြင္ လုပ္ခဲ့သည့္ ဖုန္းဖန္းသိုက္၏ အျပဳအမူေၾကာင့္ သခင္မႀကီးသည္ သူမအား ၾကည့္မရျဖစ္ေနေလသည္။ ဖုန္းဖန္းသိုက္သည္ စည္းကမ္းမ်ားကို မလိုက္နာတက္သည့္ ကိုယ္လုပ္ေတာ္ဖြား သမီးတစ္ေယာက္ျဖစ္၍ နဂိုကတည္းက ခ်စ္ခင္ျခင္းမရိွခဲ့ ။ အစ္မေတြက နာနာခံခဲနဲ႔ ရပ္ေနတာကိုေတာင္ သူက ေရ႔ွထြက္ၿပီး ပြဲကခ်င္ေသးတယ္ေပါ့ေလ ။ လက္က်ိဳးသြားတာမလား။ ျဖစ္တာေတာင္ နည္းေသးတယ္။
" ပထမသခင္မေလးကေရာ မသြားဘူးလားဟင္။ " တစ္ခ်ိန္လံုး တိတ္ေနခဲ့သည့္ က်င့္က်န္႔သည္ ၀င္ေျပာလာေတာ့သည္။ " သခင္မႀကီး ၊ ဘာလို႔ ပထမသခင္မေလးကိုပါ မသြားခိုင္းလိုက္တာလဲဟင္။ "
သခင္မႀကီးသည္ က်င္းက်န္႔၏ အႏိွပ္အနယ္ေကာင္းမႈေၾကာင့္ သူမအား နည္းနည္းအျမင္ၾကည္လာရံုရိွေသးေသာ္လည္း ဖုန္းခ်န္းယြီအေၾကာင္းကို ထည့္ေျပာလာသည့္အခါတြင္ေတာ့ မ်က္ႏွာပ်က္သြားေတာ့သည္။ " ဖုန္းမိသားစုက သခင္မေလးႏွစ္ေယာက္ကို လႊတ္တာက မလံုေလာက္ေသးလ္ို႔လား။ ခ်န္းယြီကိုပါ သြားခိုင္းရၪီးမွာလား။ တင္းအန္းနန္းေတာ္က ဘယ္ေလာက္ေကာင္းေနလို႔လဲ ။ "
က်င္းက်န္႔သည္ အျမန္ရွင္းျပရေတာ့သည္။ " ဒီကိုယ္လုပ္ေတာ္ရဲ့ စကားကို သခင္မႀကီး အထင္မွားေနပါၿပီ။ ဒီကိုယ္လုပ္ေတာ္ေတြးေနတာက အိမ္ေတာ္သခင္မက ၾကင္ယာေတာ္ယြင္ကို အျပစ္ျပဳမိလို႔ ပထမသခင္မေလးကို နန္းတြင္းထဲကို ငါးႏွစ္တိတိ၀င္ခြင့္မျပဳဘူးလို႔ အမိန္႔ခ်မွတ္ထားတာကိုပါ ! "
" အာ ! " သခင္မႀကီးသည္ မသိလိုက္ပါဘဲ အာေမဋိတ္သံျပဳမိသြားေတာ့သည္။ က်င္းက်န္႔ေျပာလာမွသာ ထိုကိစၥအား သတိရသြားတာျဖစ္ေလသည္။ ခ်န္းယြီသာ နန္းတြင္းထဲကို ငါးႏွစ္တိုင္တိုင္ ၀င္ခြင့္မရိွဘူးဆိုပါက နန္းေတာ္အျပင္တြင္ တက္ေရာက္ႏိုင္သည့္ ပြဲေတာ္ကလည္း မ်ားမ်ားစားစား မက်န္ရိွေတာ့ေပ ။ တင္းအန္းနန္းေတာ္က ဘယ္ေလာက္ပင္ ဆိုးဆိုး အနည္းဆံုးေတာ့ အိမ္ေတာ္မ်ားထက္ေတာ့ သာေလာက္ေသးေလသည္။ ထိုသို႔ေတြးၿပီးေနာက္ သခင္မႀကီးသည္ စိတ္ေျပာင္းသြားေတာ့သည္ ။ " အထိန္းေတာ္ေက်ာက္ ၊ ခ်န္းယြီကိုသြားေခၚဖို႔ ပထမအဆင့္ အေစခံတစ္ေယာက္ေလာက္လႊတ္လိုက္။ "
အထိန္းေတာ္ေက်ာက္သည္ အေစခံေလးအား အျမန္ေစလႊတ္လိုက္ေလသည္ ။ သိပ္မၾကာပါ ။ ဖုန္းခ်န္းယြီသည္ သူမ၏ အေစခံႏွင့္အတူ ေရာက္လာေလသည္။
သူမ ဂါရ၀မျပဳရေသးခင္မွာပဲ သခင္မႀကီးက ေျပာေတာ့သည္။ " ခ်န္းယြီ ၊ ေသခ်ာေလးျပင္ဆင္ထားလိုက္။ ေနာက္သံုးရက္ေနရင္ မင္းသမီးႀကီးတင္းအန္းရဲ့ ေမြးေန့ပြဲရိွတယ္။ ဒုတိယညီမေလး နဲ႔ တတိယညီမေလးတို႔နဲ႔ အတူလိုက္သြားလိုက္ ! " ဟုေျပာၿပီးေနာက္ အထိန္းေတာ္ေက်ာက္အား " ပထမသခင္မေလးအတြက္ အ၀တ္အစား အသစ္တစ္စံုခ်ဳပ္ေပးဖို႔ပါ ေျပာလိုက္ၪီး။ " ဟုခိုင္းေစေလသည္။
" ခဏေလးပါ " ဖုန္းခ်န္းယြီသည္ အထိန္းေတာ္ေက်ာက္အား လွမ္းတားေလသည္။ နားမလည္သည့္ဟန္ျဖင့္ သခင္မႀကီးအား အေမးစကားဆို၏ ။ " ဖြားဖြား ၊ မင္းသမီးႀကီးတင္းအန္းရဲ့ ေမြးေန့ပြဲက အရင္ႏွစ္ေတြတုန္းက ခ်န္းယြီတက္ဖို႔ မလိုတဲ့ပြဲ မဟုတ္ဘူးလား။ "
သခင္မႀကီးသည္ သက္ျပင္းခ်ကာ ဆိုသည္။ " ဒီႏွစ္က မတူဘူးေလ။ ညီမေလးေတြနဲ႔ အတူသြားလိုက္ပါ။ စိတ္ေျပလက္ေပ်ာက္လို႔ပဲ သေဘာထားလိုက္ေပါ့။ "
ဖုန္းခ်န္းယြီသည္ မေက်မနပ္ျဖင့္ ေျပာျပန္သည္။ " ဘာလို႔ ခ်န္းယြီက စိတ္ေျပလက္ေပ်ာက္ျဖစ္ဖို႔ လိုမွာပါလဲ။ ခ်န္းယြိီရဲ့ စိတ္အေျခအေနက အရမ္းပဲ ေကာင္းေနပါတယ္။ မေပ်ာ္မရႊင္ ျဖစ္ေနတာမ်ိဳး နည္းနည္းေလးေတာင္ မရိွပါဘူး။ "
က်င္းက်န္႔သည္ ၀င္ေျပာလာေလသည္။ " ဒီကိုယ္လုပ္ေတာ္က ပထမသခင္မေလးကို ႏႈတ္ဆက္ပါတယ္။ ပထမသခင္မေလး ၊ သခင္မႀကီးေျပာခ်င္တာက နန္းေတာ္ကိုသြားၿပီး အေတြ့အႀကံဳေလး နည္းနည္းရေအာင္ လုပ္ခိုင္းခ်င္တဲ့ သေဘာပါ။ "
ဖုန္းခ်န္းယြီသည္ ထိုစကားမ်ားကို ၾကားသည့္အခါ ပို၍ မေက်မနပ္ျဖစ္လာေတာ့သည္။ သူမ၏ ေၾကာ့ရွင္းသည္ မ်က္ခံုးႏွစ္ခုအား တြန္႔ခ်ိဳးရင္း က်င္းက်န္႔အား မႏွစ္ၿမိဳ႔သလိုၾကည့္ကာ ဆိုေလသည္။ " က်င္းက်န္႔ ၊ ငါက ဖုန္းအိမ္ေတာ္က တရား၀င္သမီးပါ။ ငါတို႔ ဖုန္းအိမ္ေတာ္ကလည္း ဂုဏ္သေရရိွတဲ့ အိမ္ေတာ္ပဲေလ ။ ဘာလို႔ငါက နန္းေတာ္အတုအေယာင္ ေနရာကိုသြားၿပီး အေတြ့အႀကံဳရေအာင္လုပ္ရမွာလဲ။ "
က်င္းက်န္႔သည္ ဖုန္းခ်န္းယြီ၏ မႏွစ္ၿမိဳ႔သည့္ အၾကည့္မ်ားကို လ်စ္လ်ူရႈထားလိုက္သည္။ သူမအား နာမည္အရင္းျဖင့္ ေခၚလိုက္သည္ကိုလည္း မၾကားဟန္သာေဆာင္ေနလိုက္ၿပီး ၿပံဳးလ်က္သာ ျပန္ေျပာေလသည္။ " ဖုန္းအိမ္ေတာ္က ဂုဏ္က်က္သေရႀကီးတာ အမွန္ပါပဲ။ ဒါေပမယ့္ သခင္ႀကီးက ဆူညံတာကို မႀကိဳက္လို႔ ဘယ္တုန္းကမွ ပြဲေတြမက်င္းပခဲ့ပါဘူး။ ပထမသခင္မေလးသာ အျခားအိမ္ေတာ္က သခင္မေတြ ၊ သခင္မေလးေတြနဲ႔ ေတြ့ဆံုခ်င္ရင္ လြယ္ကူမွာမဟုတ္ပါဘူး။ "
" အမွန္ပဲ။ " သခင္မႀကီးက ဆိုသည္။ " ခ်န္းယြီ ! သမီး မတရားသလို ခံစားေနရမယ္ဆိုတာကို ဖြားဖြားလည္း သိပါတယ္။ ဒါေပမယ့္ ခ်န္းယြီက နန္းေတာ္ထဲကို ငါးႏွစ္တိတ္ိ ၀င္ခြင့္မရိွဘူးေလ ! မင္းသမီးႀကီး တင္းအန္းရဲ့ ေမြးေန့ပြဲကို မတက္ဘူးဆိုရင္ နန္းေတာ္အျပင္မွာက ပြဲေတာ္ေတြ မ်ားမ်ားစားစားရိွတာမဟုတ္ဘူးေလ။ ၀မ္ရႊမ္းနန္းေတာ္က်ေတာ့..." ဟုဆ္ိုရင္း ဖုန္းယြိဟန္အား တစ္ခ်က္ လွမ္းၾကည့္လိုက္ကာ ဆက္ေျပာေလသည္။ " ညည္းအေမက သူတို႔ရဲ့ မင္းသမီးႀကီးနဲ႔ ကြၽင္းက်ူကို အဲ့ေလာက္ထိ အျပစ္ျပဳေစာ္ကားထားမွေတာ့ သြားလို႔ျဖစ္မယ္ မထင္ဘူးေလ ။ "
ဖုန္းခ်န္းယြီ၏ မ်က္ႏွာ အမူအရာမွာ ထိန္းမရသည္အထိ ပ်က္လာကာ ဖုန္းယြိဟန္အား စူးစူးဝါးဝါး စိုက္ၾကည့္ေလသည္။ သူမ ဤအေျခအေနအထိ ေရာက္လာရျခင္းသည္ ဖုန္းယြိဟန္၏ လုပ္ရပ္မ်ားေၾကာင့္သာ ျဖစ္သည္ဟု ေတြးေနေလသည္။
သူမသည္ ဆက္၍ ျငင္းခ်င္ေသာ္လည္း က်င္းက်န္႔၏ ေနာက္ထပ္ ေျပာစကားမ်ားက္ို ၾကားလိုက္ရေလသည္။ " ခုနကတုန္းက ဖိတ္စာလာပို႔သြားတဲ့သူက မင္းသားခုနစ္လည္း တက္မယ္လို႔ေျပာသြားသလိုပဲေနာ္။ "
ဖုန္းခ်န္းယြီ၏ မ်က္လံုးမ်ားမွာ ခ်က္ခ်င္းဆိုသလို အေရာင္ေတာက္လာေတာ့သည္ !
[T/N : ခုနက စာျပန္စစ္ေနရင္း မွားၿပီး publish လုပ္လိုက္မ္ိလို႔ပါ ။ weekend မွာ update မရိွပါဘူးေနာ္ ေစာင့္ေနၾကမွာစိုးလို႔ပါ ။ ေနာက္အပတ္မွ ျပန္ေတြ့ၾကပါမယ္ေနာ္။ ]
*******