အက်ကြောင်းကဗျာ🍂

Par ThetHmue3

589K 69.6K 28.6K

ဘယ်အက်ကြောင်းတွေကကဗျာဖြစ်လာနိုင်မှာလဲ။🪶 Plus

Intro🪶
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
🤍ဇာတ်သိမ်းပိုင်း🤍
🍂Extra🍃

အပိုင်း(၂၉)

20.9K 2.1K 1.1K
Par ThetHmue3

နေရောင်ခြည်သည်မျက်နှာပေါ်တည့်တည့်ကျ
လာတော့ သတိပြန်ဝင်လာကာနိုးလာသည်။
မနက်စောစောတစ်ခုဖြစ်လိမ့်မည်။
မနေ့ကထက် နေ့လို့ထိုင်လို့အဆင်ပြေနေပြီး
စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ
အများကြီးသက်သာနေသည်။

ခုမှပုံမှန်ParkJimin ရဲ့စိတ်နဲ့ကိုယ်ပြန်ကပ်
သွားပြီးဘေးဘီကြည့်လိုက်တော့မရင်းနှီးသော
အခန်းတစ်ခန်းပဲ။ အရှိန်မသေသောကြောက်လန့်
မှုတွေကြောင့် ရင်ထဲဒိန်းခနဲ။အမြန်အဆန်
ပြတင်းပေါက်ကနေဘယ်နေရာရောက်နေလဲ
ကြည့်ဖို့ စောင်တွေကိုဖယ်လိုက်တော့

"နိုးပြီလား....."

အကြောက်လွန်ခဲ့သူမလို့ ဘာတွေလွဲပြန်ပြီလဲ
ဟုစောင်ပုံထဲ ယောက်ယက်စခတ်ရုံပဲရှိ
သေးသည် ကြားလိုက်ရသောအသံကြောင့်
Jiminမျက်ဝန်းလေးတွေဝိုင်းစက်သွားသည်။

စားစရာတချို့ဖြင့် မနက်ခင်းနဲ့အပြိုင်
လန်းဆန်းစွာပြုံးရယ်နေသောမောင်သည်
တစ်လှမ်းချင်းစီသူ့ဆီလျှောက်လှမ်းလာနေသည်။

ပေါ့ပါးစွာပြုံးလျှက်လာနေသော
မောင့်ကိုမြင်သည်နှင့်မနေ့ကအဖြစ်အပျက်ဆိုး
တွေသည်ခေါင်းထဲတန်းစီပြန်ဝင်လာကာ
လက်ဖျားလေးတွေတုန်ခနဲ။

"အိပ်လိုက်တာ မနေ့ထဲက ...မောင်က
စိုးရိမ်နေတာ Namjoon Hyungကပုံမှန်ဆိုလို့သာ
သည်းခံနေတာ သိလား...."

မောင်က အညိုရောင်ဆံပင်လေးတွေကို
သပ်တင်ပေးရင်းနွေးနွေးထွေးထွေးဆိုသည်။

"ငါ..ဘယ်တွေရောက်နေတာလဲ...."

"ရေချယ့်တိုက်ခန်းလေ...ဆေးသွင်းပြီးထဲက
မင်းကိုမနှိုးချင်လို့ ချီခေါ်လာခဲ့တာ ညထဲကခုထိ
တစ်ရေးမှကိုမနိုးဘူး ...."

"ဘာလို့လဲ....ဘာလို့ခေါ်လာခဲ့တာလဲ"

ခပ်တင်းတင်းမျက်နှာဖြင့်မကျေမနပ်ဟန်
မောင့်ကိုကြည့်ကာအေးစက်စက်မေးလာသည်။
မျှော်လင့်ထားတဲ့အခြေအနေပါပဲလွယ်ကူနေရင်
ParkJimin ဘယ်ပီသပါ့။

အကြောက်လွန်ကာစိတ်မငြိမ်သော
အခြေအနေမှာသာသူကဟုတ်သလ်ိုလိုရှိခဲ့တယ်။
ParkJimin ဆိုတဲ့စိတ်နဲ့ကိုယ်ပြန်ကပ်လျှင်
မာန်စွယ်လေးကစလာပြီ။

"ငါ့ ချစ်သူငါ ခေါ်လာတာဘာဖြစ်လို့လဲ..."

"မင်းနဲ့ငါ အဆင်ပြေနေလို့လား...."

"ကလေး...."

Jeon အသံခပ်မာမာတွင်သူမနေ့က
Memory တွေကိုပြန်တွေးနေပုံရသည်။
ဂယောက်ဂယက်မျက်လုံးအိမ်တွေသည်
မအေးချမ်းနိုင်သေးဘူး။

"မနေ့က ငါဂယောင်ခြောက်ခြားနဲ့
ငါဘာတွေလုပ်မိ ပြောမိလဲမသိတော့ဘူး
မမှတ်မိတော့ဘူး...ငါတစ်ခုခုလုပ်မိခဲ့ရင်
နားလည်ပေးပြီး မေ့လိုက်..."

မနေ့ကကင်မင်ဂျွန်နဲ့အဖြစ်အပျက်ကို
မောင်တွေ့ရှိသွားတဲ့အပေါ်အစထဲက
သိမ်ငယ်နေရသည့်ကြားထဲ
ခုဆိုရင်ရှက်ရွံ့သည့်စိတ်တွေပါဖြစ်နေသည်။
အထင်သေးသွားမလား။ သူဟာသနားစဖွယ်
ကောင်းလွန်းလို့ကယ်တင်လာရတာမျိုးလား။

ကင်မင်ဂျွန်၏ မိန်းမရောက်လာ၍စေ့စပ်ပွဲ
ပျက်သွားရတာတွေလည်းမောင်သိနေလောက်ပြီ။
ပထွေးဖြစ်သူကိုအယုံလွယ်ပြီးဒုက္ခကြီးကြီး
ရောက်ခဲ့တဲ့ကိစ္စတွေ မောင်သိနေမှာ။
မောင့်ကိုခြေစုန်ကန်ခဲ့တာတွေ။
အဲ့ဒီစာမျက်နှာတွေကို ဝန်မခံချင်နေဘူး။
ဆိုးသွမ်းလွန်းစွာ လက်မခံချင်နေဘူး။

"ဘာလုပ်မိရမှာလဲ....ဘာမှမလုပ်မိဘူး
လုပ်မိလည်း ဘာဖြစ်ရမှာလဲ
Jimin ...တွေးတာတွေတော်ပါတော့
မောင်တောင်းပန်ပါတယ်..."

မရပ်တန့်နိုင်ခဲ့ဘူး။ သူအိပ်ရာခင်းကို
စိုက်ကြည့်ကာအများကြီးကိုတွေးနေပြန်သည်။
ထို့နောက် မောင့်ကို ယောက်ယက်ခတ်နေသော
မျက်လုံးတွေနဲ့ကြည့်လာကာ....

"မင်း ငါ့ပြဿနာတွေအကုန်သိပြီးပြီမလား
ရှက်စရာကောင်းတယ်မလား...
ငါက..ငါက အမှားတွေကိုပဲလုပ်ခဲ့တာ
ငါ့ကို ..သနားလို့ ကယ်လာပေးခဲ့တာမလား
ငါ လူတွေရဲ့ မျက်လုံးတွေ ထဲ စုတ်ပြတ်သတ်နေပြီ
မင်းက ဟိုလူနဲ့ငါ့ကိုတွေ့ခဲ့တဲ့သူဆိုတော့
ငါ့ကို ပိုရွံနေမှာပဲ....ငါ့ကို လာမထင်မသေးနဲ့နော်
ငါ ကသနားစရာမဟုတ်ဘူး....ငါ..."

အိပ်ရာနိုးနိုးချင်းကိုမငြိမ်းချမ်းနိုင်သော
အပူတွေ။သူဒါတွေကို
အချိန်တိုင်းများတွေးနေတာလား။
ပြောနေရင်းစိတ်တွေအလွန်အမင်းလှုပ်ရှားလာကာ
တဆက်ဆက်တုန်လာသည့်ခန္ဓာကိုယ်လေးအား
မောင်ကရင်ခွင်ထဲကိုဆွဲထည့်ကာခပ်တင်းတင်း
ပွေ့ဖက်လိုက်သည်။

"ဘာမှမဖြစ်ဘူး အဲ့တာတွေကပြဿနာမဟုတ်ဘူး
ပြီးသွားပြီ တော်တော့.....မောင်တောင်းပန်နေတာ
မင်းကို ဘယ်လိုတောင်းပန်ရမလဲ...
ဘယ်လိုတောင်းပန်မှ အဲ့အတွေးတွေကိုရပ်ပေးမှာလဲ...
ငါချစ်လို့ပါ ငါချစ်လို့ နောက်ထပ်လက်လွှတ်မခံ
နိုင်တော့လို့ ခေါ်လာခဲ့တာပါ အဲ့လောက်ကြီး
မဆိုးပါနဲ့ တော့Jiminရယ်...."

ဖက်ထားသောလက်တွေမှရုန်းထွက်ကာ
ပြင်းထန်သောအကြည့်တွေဖြင့်စိုက်ကြည့်
လာပြန်သည်။

"မုန်းတယ်ဆို....ငါ့ကိုမင်းအရမ်းမုန်းတယ်ဆို
ငါက မင်းအတွက် သေလူပါဆို...!!"

"အေး...မုန်းချင်တာပေါ့....မုန်းချင်တာပဲ
ရှိတာ ငါတစ်ရက်မှမုန်းလို့မရခဲ့ဘူး
မင်းစိတ်နဲ့သေမလိုလိုရူးမလိုလို
ဖြတ်သန်းခဲ့ရတဲ့ကောင် အဲ့တာတွေမင်းသိလား!!"

"မင်းပြောခဲ့တာတွေ တကယ်ဖြစ်လာတော့
ပျော်နေမှာပဲ....ငါခြေစုန်ကန်ခဲ့တာလေ
မင်းကို တွန်းထုတ်ခဲ့တာတွေလေ....
မင်းကိုစော်ကားခဲ့တာတွေလေ..
ခု ...တကယ်တွေဖြစ်လာတယ်....
မတောင်းပန်ဘူးနော် မောင်
ငါ ဘယ်တော့မှမတောင်းပန်နိုင်ဘူး....."

"ဘာလို့ခေါ်လာခဲ့တာလဲ
ငါ ဒီလောက်သောက်တလွဲတွေလုပ်နေတာ
အရှက်တွေကွဲခဲ့တာ ငါ့မှာရစရာဘာမှမရှိတော့ဘူး!!"

"Jimin လေ ငါ့ရဲ့ Jiminဖြစ်နေတယ်
မင်း..ဘာမှတလွဲတချော်တွေမလုပ်ခဲ့ပါဘူး
အတွေးတွေချော်ကုန်အောင် လုပ်ခဲ့တဲ့တရားခံက
မောင်ပါ...မောင် မပေါ့လျှော့ခဲ့ရင်
မောင် လုံလုံလောက်လောက်ချစ်ပေးနိုင်ခဲ့ရင်
မင်းကို အထီးကျန်စေပြီးအတွေးတွေမလွန်စေ
ခဲ့ရင်....ဒါတွေမဖြစ်လာဘူး..."

တိတ်ကျသွားသောအသံနှင့်ငိုနေသော
မျက်ရည်တွေပင်တန့်သွားကာမောင့်ကို
သူကြည့်လာသည်။မယုံနိုင်သလို
အံ့ဩသလို ထိုအရာတွေသည်Jiminအတွက်
အဆိုးဆုံးနာကျင်မှုတွေမလို့ ဘယ်အချိန်ပြန်တွေးတွေး
သိသိသာသာပြန်ပြန်နာတတ်ပါသည်။
မျက်လုံးတွေသည် ဝမ်းနည်းခြင်းမှ
တောက်လောင်ခြင်းတွဘက်ကိုပြောင်းလဲလာသည်။

"ဘာတွေပြောနေတာလဲ...
ငါ...ငါအဲ့လောက် မနုယွခဲ့ဘူး
မင်း ချစ်ပေးခြင်း မချစ်ပေးခြင်းအပေါ်မှာ
ရပ်တည်ခဲ့တာလို့ ထင်နေတာလား
မဟုတ်ဘူး!!!! မင်းအချစ်ကိုအဲ့လောက်ရူးခဲ့တဲ့
ကောင်လို့ မှားထင်မနေစမ်းပါနဲ့...
အဲ့လောက် ParkJimin မရူးခဲ့ဘူး
အဲ့လောက်လည်းမချစ်ခဲ့ဘူး!!!"

ရင်ခွင်ထဲက ရုန်းထွက်ကာအော်ဟစ်သောင်းကျန်း
ပြီးအိပ်ရာပေါ်ကပြေးဆင်းတော့မောင်က
ပြေးလိုက်ကာဆွဲဖမ်းထားသည်။

"လွှတ်စမ်း!!!ငါ့ကို အဲ့လောက်သောက်ရူး
ထခဲ့တဲ့ကောင်လို့ မထင်စမ်းပါနဲ့ JeonJungkookရယ်
မင်းကိုငါကရူးနေလို့အဲ့လောက်ချစ်ခဲ့ရမှာလား
မင်းဂရုမစိုက်တာနဲ့ပဲဘဝပျက်တဲ့အထိ
ဖြစ်ခဲ့ရမှာလား!!!!"

အနာပေါ်တုတ်ကျခဲ့သလိုဆက်ဆက်ခါနာသွား
ရပါသည်။ ဘယ်တော့မှဝန်မခံနိုင်ပါဘူး။
အချစ်ခံချင်ကြောင်း ဂရုစိုက်ခံခြင်းကြောင်း
နွေးထွေးမှုတွေ ယုယမှုတွေကိုသိပ်မက်မော
ကြောင်း ထိုကလေးဟာ အဆုံးအထိဝန်မခံသွား
ခဲ့ဘူး။ အော်ဟစ်သောင်းကျန်းကာ
မဟုတ်ဘူး လို့ငြင်းဆန်ရင်းနဲ့ပဲ ကြမ်းပြင်ပေါ်
ခွေခေါက်လဲကျသွားသည်။

မောင့်အတ္တတွေနဲ့ ကဗျာကိုအနားသတ်ခဲ့
တယ်ဆိုရင် ကဗျာ အစအဆုံးကို
ကြွရွစေခဲ့တာက ParkJiminရဲ့မာန်မာနတွေပဲ။

"မဟုတ်ဘူး!!ဘယ်တော့မှမဟုတ်ဘူး!!!"

"အေး...အေး....သိပြီ မဟုတ်ဘူး မင်းမဟုတ်ဘူး
ငါရမ်းသမ်းပြောမိတာ...ဟုတ်ပြီလား..
မင်း မဟုတ်ဘူး..."

ထိန်းရမလွယ်လှသောစိတ်အခြေအနေနဲ့
ရုန်းကန်နေသောခန္ဓာကိုယ်လေးကို
မောင်က ချူပ်ကာချီပိုးပြီးအိပ်ရာဆီပြန်
လာခဲ့သည်။

"လွှတ်စမ်း!!!"

အိပ်ရာပေါ်လှဲချကာလက်ဖဝါးနှစ်ဖက်ကို
မောင်ကဖိထားလိုက်ပြီး အပေါ်မှအုပ်မိုးကာ
ချူပ်ထားလိုက်တာမို့လှုပ်၍မရတော့။

"ဘာဖြစ်နေတာလဲ !! ဘာလို့အဲ့လောက်
ဆိုးနေတာလဲ....မောင် အများကြီးအဆင်ပြေ
အောင်ပြင်ဆင်ထားပေးတယ်လေ
မင်း ဆိုးနေမှဖြစ်မှာလား...."

"..........."

"မောင်..ပြန်ချစ်ချင်တဲ့စိတ်တစ်ခုပဲရှိတယ်Jimin
ကျန်တာ ဘာမှစိတ်မဝင်စားဘူး
မင်းနာကျင်ရတာတွေကိုမောင်နားလည်တယ်
မင်းဝမ်းနည်းနေတာကိုမောင်သိတယ်
ဒါပေမယ့် မောင်မင်းနားမှာရှိနေပြီလေ
ဘာကိုမှခေါင်းထဲထည့်ဖ်ို့မလိုအပ်တော့ဘူး.."

"တော်လောက်ပြီ....အဆင်မပြေမှုတွေ
တော်လောက်ပြီ ပြန်ချစ်ရအောင်
ပြန်ချစ်ကြရအောင် ကလေးရယ်...."

ရင်ခွင်သေးသေးလေးထဲမောင်က
ပြိုလဲကျလာသည်။ ခေါင်းလျှော်ထားပုံရတဲ့
မွှေးပျံ့ပျံ့ခေါင်းလျှော်ရည်နံ့ဟာသင်းခနဲ။
ခေတ္တတိတ်ဆိတ်သွားကာမောင်က
တောင်းဆိုနေပေမယ့်Jimin ကတော့
အသက်ရှုသံတွေပြင်းထန်နေဆဲ။

သိပ်ခက်ခဲလွန်းတဲ့Character ပါ။
သနားစဖွယ်အဖြစ်ဇာတ်သွင်းကာသူ့ကို
ဂရုဏာသက်တာဖြစ်မှာစိုးလို့ သနားစရာကောင်း
အောင် ကြောက်လန့်နေသည့်စိတ်သည်
မွန်းကျပ်မှုပေါင်းများစွာနဲ့။

"ငါအများကြီးဆိုးသွမ်းခဲ့တာ..
မင်းပြန်ချစ်ချင်တာကို
အလွယ်တကူလက်ခံပေးရမှာလား.."

သူကရန်ဆောင်နေသေးသည်။ကိုယ်ကဆိုးခဲ့လို့
ဆိုလည်းထား အောက်ကျမပေးချင်တဲ့
ဗိုလ်ကျစိုးမိုးချင်စိတ်သည်အမြဲတမ်းတသမတ်။
ဒါလည်းကျွန်တော့်အပေါ်ပဲ။
ParkJimin ကတစ်မျိုးလေး။

မောင်သည်ခပ်တည်တည်မျက်အိမ်တွေကိုရင်ခွင်ထဲ
မှောက်ကျနေရာကထကာ ကြည့်လာသည်။

"လက်ခံပေးရမှာပေါ့...
လွမ်းနေတာ....ငါဘယ်လောက်လွမ်းနေခဲ့ရလဲ
မင်းသိရဲ့လား...ငါတစ်ရက်မှမေ့လို့မရခဲ့တာတွေ
မင်းသိရဲ့လား....ငါ့ကိုထပ် မရက်စက်ပါနဲ့တော့...
ငါမပြတ်နိုင်လို့ပါ Jiminရယ်....
ဘယ်သူမှားမှား မှားချင်တဲ့သူမှား
ဘယ်သူပိုဆိုးခဲ့ ဆိုးခဲ့ ထားလိုက်ပါတော့...."

မောင့်မျက်ရည်တွေသည် အတိုင်းအဆမရှိ
ဆိုက်တိုက်ကျကာငိုတော့ တစ်ဖက်ကအနည်းငယ်
ငြိမ်သက်သွားသည်။ငိုကြွေးနေသောမောင့်ကို
ယောက်ယက်ခတ်နေသောမျက်လုံးတွေနဲ့စိုက်ကြည့်
ရင်းမျက်အိမ်တွေငြိမ်လာကာအသက်ရှုသံတွေမှန်
လာသည်။မောင်ချစ်နေသေးတာပဲ။

မရက်စက်နိုင်ပါဘူး။ကျွန်တော်ဘယ်လိုများထပ်
ရက်စက်နိုင်မှာလဲ...ကျွန်တော်မှာဆ်ိုးဝါးခြင်း
တွေအများကြီးရှိခဲ့လို့ကြိုကန်ကျောက်ခဲ့တဲ့သဘောပါ။
သနားလို့ ဂရုဏာသက်လို့ မဖြစ်သာလို့
ဆိုတဲ့အကြောင်းပြချက်တွေနဲ့ခေါ်လာခံရမှာကို
စိုးရိမ်ခဲ့တာပါ။ အချစ်ကြောင့်ပဲဖြစ်ချင်တာ။
မောင့် မျက်ရည်တွေဟာ အချစ်ကိုစကားပြေပြန်
ပြနေတော့ တော်သေးတာပေါ့လို့တ်ိတ်တဆိတ်
တွေးမိပြီး စိတ်တွေနည်းနည်းငြိမ်သက်သွားသည်။

"မောင့် ကို ချစ်သေးတယ်မလား...
ကလေး မောင့်ကို နည်းနည်းလေးတော့
ချစ်သေးတယ်မလား..."

"ငါ့ ကို လွှတ်ပေး....ငါ့ကိုဒီလိုတွေမလုပ်နဲ့"

မောင်သည် ချက်ချင်းလက်တွေကိုလွှတ်ပေးလိုက်
ကာရင်ခွင်ထဲသိမ်းကျုံးထည့်လျှက်ပွေ့ဖက်ထား
လိုက်သည်။

"မေးနေတယ်လေ....ချစ်သေးလားလို့..."

"နောက်မှ...နောက်မှဆက်ပြောရအောင်
မျက်နှာသစ်ရမယ်...."

"မရဘူး ...ငါ့ကိုပြန်ဖြေပြီးမှ ကျန်တာလုပ်.."

"ငါ့မှာ အဖြေမရှိဘူး..."

ဒေါသသမားကြီး၏သက်ပြင်းချသံသည်
ခပ်ကျယ်ကျယ်။

"ငါ တောင်းလည်းတောင်းပန်ပြီးပြီ
သေသေချာချာလည်းညှိနှိုင်းပြီးပြီ
ဟိုခွေး၂ကောင်ကိုလည်းတစစီလုပ်ခဲ့ပြီးပြီ
ကိစ္စတွေအားလုံးပြီးဆုံးနေပြီ
ခိုးလည်းခိုးပြေးလာခဲ့ပြီးပြီ ငါမင်းကိုပိုင်နေပြီ
အတူတူနေပြီးယူဖို့ပဲကျန်တော့တယ်...မင်းဘာကိစ္စ
ဒီအက်ကြောင်းကိုပြန်မဆက်ချင်နေရတာလဲ"

"မဆက်ချင်လို့..."

မနေ့ကတော့သွေးရူးသွေးတန်းနဲ့
အရှိကိုအရှိအတိုင်းဘာတွေလုပ်မိလဲမသိပေမယ့်
ခုပုံမှန်စိတ်နဲ့ကျ ၂နှစ်ကျော်လောက်ပြတ်သားထား
တဲ့ရည်းစားဆိုတော့ ချက်ချင်းကြီးပြန်ဆက်ရမှာ
တစ်မျိုးပဲ။ရှက်သလိုလို ကိုယ့်ဘက်ကအရမ်းကြီး
လိုအပ်လွန်းနေမလားလို့လည်းထင်မြင်သွားမှာ
စိုးသည်။ သူချစ်နေသေးတာပဲဆိုတဲ့စိတ်နဲ့
ပျော်လာတာကလည်းနှလုံးသားထဲထိန်းလို့မရ။
Jiminကတော့ Jiminဆိုတဲ့အတိုင်း
အနည်းငယ်နားလည်ရခက်စမြဲ။

"ငါ...စိတ်မရှည်တော့ဘူး...Jimin..."

"အဲ့တာနဲ့များ ပြန်ချစ်ချင်မနေနဲ့...စိတ်ကဘယ်အချိန်
မှမရှည် အ!!!..."

မောင်သည်မြန်မြန်ဆန်ဆန်ပဲ
ပါးနှစ်ဖက်ကိုဆွဲယူကာဖူးကြွနေတဲ့နှုတ်ခမ်း
တွေကိုအရှိန်ပြင်းပြင်းစုပ်ယူလိုက်သည်။
ချိုအီနေတာပဲ.....။ရူးရူးမူးမူးစွဲလန်းခဲ့ရတဲ့
နှုတ်ခမ်းတွေ..။ဆာလောင်မွတ်သိပ်မှုတွေနဲ့
အတူ အရိုင်းဆန်စွာနမ်းတော့ ဂယောင်ဂယမ်း
လက်တွေက င်္အကျီစတွေကိုလာဆွဲနေတယ်။

သူ့စိတ်တွေနဲ့သူ့ဟာသူတိုင်ပတ်နေတဲ့အပေါ်
ကျွန်တော်လိုက်တိုင်ပတ်နေဖို့အချိန်မရှိဘူး။
နောက်မှတဖြေးဖြေးချင်းပြန်ယုယပေးရမယ့်
ပန်းပွင့်လေးတွေလိုJimin နှလုံးသားကို
ကျွန်တော်ပြန်ပျိုးထောင်မယ်။
ခုတော့ တကယ်ကိုစိတ်မရှည်တော့တာ။

မငြင်းဆိုပါဘူး။သူရောဘယ်လောက်လွမ်းနေလဲ
ဆိုတာသူပြန်တုံ့ပြန်နေတဲ့အရှိန်နဲ့တင်သိသာတယ်။
ဘာလိုအပ်မှာလဲ။ချစ်ခဲ့ကြတာ၇နှစ် ပြန်အဆင်ပြေ
တော့လည်းဒီလိုပဲအနည်းငယ်အော်ဟစ်ဆူညံပြီး
ညှိမရတော့တဲ့အဆုံး အသားကုန်နမ်းပစ်လိုက်တယ်။

"မောင်....မောင် တော်ပြီ...."

လည်တိုင်တွေအထိ မောင်ကနယ်ချဲ့လာတော့
တားဆီးလာပြီ။သူနေမှမကောင်းသေးတာပဲ။
နည်းနည်းလေးကြမ်းရုံနဲ့ပြန်ဖြူဖျော့သွားတော့
စိတ်တော့မကောင်း။

"ပြော....ချစ်တယ်လို့ ပြော....."

မောင်ဟာ လည်တိုင်တစ်နေရာကိုခပ်ပြင်းပြင်း
စုပ်ယူလိုက်ပြီး ခါးကျဉ်းကျဉ်းလေးကိုသူ့ဘက်
ကိုဆွဲကပ်လိုက်တဲ့အခါတစ်ဖက်ကခေါင်းလေး
မော့သွားသည်။

"ဘယ်လိုတွေဖြစ်နေတာလဲ...."

"အဖြေမရှိရင်....မင်းတစ်ကိုယ်လုံးမှာ
မောင့်ကိုက်ရာတွေအပြည့်ရှိသွားလိမ့်မယ်...
ပြော ချစ်လား...."

"တော် တော့ ဆို......"

ဆက်ခနဲအင်္ကျီထဲဝင်လာခဲ့သောလက်ချောင်းတွေ
တူရိယာတစ်ခုလိုကျွမ်းကျင်စွာလှုပ်ရှား
လာသည်။ မောင့်အယုအယကအမြဲတမ်းဆန်းသစ်ဆဲ။
အလွန်အကျွံကိုသာယာမြဲပဲ။ဘယ်နှနှစ်ဆင်းသက်ရ
ဆင်းသက်ရ မိလို့မဝတဲ့ရူးရူးမိုက်မိုက်ထောင်ချောက်။

"Jimin....."

လက်ခံလိုက်ရမှာကိုမျက်နှာပူလို့ရှောင်ဖယ်ရာက
သူ့ပညာရပ်တွေကြားပို၍မျက်နှာပူစရာတွေ
ဖြစ်လာလိမ့်မည်။ရည်းစားဟောင်းနဲ့ပထမဆုံး
ပြန်ပေါင်းထုတ်ခြင်းမှာ မထိန်းနိုင်ခဲ့ပါဘူးဆို
ကြားမကောင်း။ မောင်ဟာအလွန်ဆိုးဆိုး။

စကားနဲ့ညှိနှိုင်း၍မနိုင်နင်းလာလျှင်
မောင့်ရဲ့ဖြေရှင်းပုံက ၁၈နှစ်အရွယ်တုန်းက
အတိုင်း ။ တခြားအကြောင်းပြချက်တွေမဟုတ်ဘဲ
မောင် တကယ်ချစ်သေးလို့ ဆိုတာနှလုံးသားထဲက
သေချာစွာခံစားခဲ့ရပြီးပြီမို့ သိပ်ဆိုးလို့မကောင်း
တော့ဘူးလေ။

"ချစ်...တယ်....တော်တော့ ...ရပ်တော့...."

လျှောက်နမ်းနေရာမှ
ညွှတ်ကိုင်းသွားတဲ့နှုတ်ခမ်းပါးတွေဟာ
ဂုဏ်ယူဟန်အပြည့်။လှုပ်ရှားမှုတွေရပ်သွားကာ
မျက်နှာချင်းဆိုင်သေသေချာချာကြည့်လာသည်။
ဒါသည် ဇာတ်ပေါင်းခန်းတွေရဲ့အထာတစ်မျိူးပဲ။

ခပ်ကြာကြာစိုက်ကြည့်နေတာမို့အထူးတလည်
မောင့်ဆီကရင်ခုန်ဖွယ်ရာစကားတစ်ခွန်းကျလာ
မည်ကိုစောင့်နေလိုက်သည်။ရင်ခုန်သံတွေ
သည်ထိန်းမရအောင်ကသောင်းကနင်း။
ကြာကြာပြိုင်ကြည့်ဖို့မတတ်နိုင်တော့၍ခေါင်းလေး
နည်းနည်းငုံ့သွားရသည်။

မောင်သည်ပြုံးယဲ့ယဲ့နှုတ်ခမ်းတွေနဲ့
ပါးတစ်ဖက်ကိုဖွဖွလေးထိကိုင်လာပြီးနောက်
အက်ရှရှအသံဖြင့်ပြောလာခဲ့သောစကား။

"လိမ္မာလိုက်တဲ့ ညှောင်စိန်လေး...."

မောင်ကပြုံးနေပေမယ့်ချက်ချင်းနှုတ်ခမ်း
ဆူသွားသူသည်မောင့်ကိုစူးခနဲကြည့်လာသည်။
နာမည်ပြောင်လေးအသက်ဝင်လာတော့
ညှောင်စိန်လေးကိုသိပ်သဘောမကျခဲ့သူက
မျက်စောင်းထ်ိုးကာအိပ်ရာပေါ်ကဆင်းသွားတော့သည်။

"ဘယ်လဲ.....နေဦးလေ ငါချစ်လို့မပြီးသေးဘူး..."

ထွက်သွားသူနောက်မောင်ကပြေးလိုက်ကာ
ခါးသေးသေးလေးကနေအရုပ်လေးလိုဆွဲမ
တော့ ရိုက်ပုတ်နေသောလက်ကလေးတွေသည်
ကြမ်းကြမ်းတမ်းတမ်း။

"ငါ့ကို အဲ့နာမည်မခေါ်နဲ့....."

"အေး မခေါ်ဘူး....မခေါ်ဘူး....
ယောင်ထွက်သွားတာ....."

မကြည်မလင်မျက်နှာလေးကိုမောင်က
ကြည်ကြည်လင်လင်ပြုံးပြကာတုံ့ပြန်တော့
တစ်ဖက်ကမနေန်ိုင်တော့။မသိမသာလေး
ပြုံးလာပြီး မောင့်ပုခုံးတွေပေါ်ခေါင်းလေး
ဖွက်ပစ်လိုက်တော့သည်။

မောင် ကဖူးကြွနေသောမျက်နှာပေါ်က
မျက်ရည်စတွေပေကျံနေတာတွေအားလုံးအား
သုတ်ပေးလိုက်ကာ

"မနက်စာ စားရအောင်...ပြီးရင်
ဆေးသွားပြရမယ်...မောင်နှလုံးအထူးကု
ပါရဂူတစ်ယောက်နဲ့ချိတ်ပြီးပြီ...."

"ပါရဂူ...ငါ့အခြေအနေက အရမ်းဆိုးလို့လား"

ငြိုးငယ်စွာသူမေးလာသည်။
ဆိုးတာပေါ့။ညိုနေတဲ့မျက်ဝန်းတွေနဲ့
ဖြူဖျော့ဖျော့သဏ္ဍာန်ဟာအားရစရာမရှိပါ။
ရောဂါနဲ့နှိပ်စက်မှုကိုအပြင်းအထန်ခံစားနေရ
ကြောင်းပေါ်လွင်ပါသည်။ခုတောင်နည်းနည်း
လေးပဲပင်ပန်းရသေးတယ် သူမောပန်းနေပြီ။
ဒါပေမယ့်ကျွန်တော်ကJeonJungkookဖြစ်နေတယ်။

တောက်ပတဲ့မျက်ဝန်းလေးတွေပြန်မြင်ရဖို့
ပြည့်ဝစွာအသက်ရှုနိုင်ဖ်ို့။
ပန်းနုရောင်လေးပြန်သမ်းစေဖို့
ကျွန်တော့်နှလုံးသားအစားထိုးပေးရမယ်ဆိုလည်း
ချက်ချင်းထုတ်ပေးနိုင်တဲ့ကောင်လေ။

မကြောက်ပါဘူး သူသာအနားနားရှိ
ဘယ်လောကဓံ ဘယ်ပြဿနာ
ဘယ်အခက်အခဲကိုမှမကြောက်ဘူး။
ဒါကိုလည်းဖြေရှင်းမှာ။
ParkJiminက JeonJungkookရဲ့ဘဝ။

"မဟုတ်ပါဘူး ငါပြမှာ...မင်းကိုချစ်ရတာ
နှလုံးသားတွေမနိုင်နင်းတော့လို့ကုသဖို့လိုလာလို့"

"အရူးကောင်....."

မောင်က တစ်ချိန်လုံးချီပိုးထားကာ
တိုက်ခန်းကျဉ်းကျဉ်းလေးထဲ
ရယ်မောနေခဲ့တယ်။ပြန်ဆုံဆည်းခဲ့ခြင်းတစ်ခုဟာ
သိပ်လှလှပပတော့မဟုတ်ခဲ့ပေမယ့်
အင်အားပြင်းတဲ့အချစ်တွေနဲ့ မလှပခြင်းတွေကို
ဖုံးကွယ်နိုင်ခဲ့တယ်။

သူ့ခံစားချက်လေးတွေနဲ့သူ
နှုတ်ခမ်းကလိုအပ်ကြောင်း
သိပ်အများကြီးဝန်မခံရဲခဲ့သော်ငြား
မောင့်ကို မလွှတ်စတမ်းကိုဖက်တွယ်
ထားခဲ့တဲ့လက်ကလေးတွေဟာ
သိပ်တင်းတင်းကျပ်ကျပ်။

မနက်စာစားရန်စားပွဲဆီကိုခေါ်သွားခဲ့ပြီး
မောင်ကစားပွဲပေါ်ကိုချီပိုးတင်လိုက်ကာ
မနက်စာပြင်ဆင်မလိုလိုနှင့်
နူးနူးညံ့ညံ့အနမ်းတစ်ခုက်ိုစတင်ခဲ့တော့တယ်။
မရိုင်းပြတော့တဲ့ ပြန်ဆုံစည်းခြင်းအနမ်းတွေဟာ
ပန်းတွေပွင့်သွားနိုင်သည်အထိချိုမြိန်နေခဲ့သည်။

"ဘယ်တော့မှမခွဲတော့ဘူးနော်..."

တိုးရှရှစကားတစ်ခွန်းဆိုပြီးသည့်နောက်
မောင်ဟာ ထပ်မံနှုတ်ခမ်းတွေကိုခစားလာပြန်သည်။
၂နှစ်စာအနမ်းအချိန်တွေ ၂နှစ်စာအလွမ်းတွေကို
ဘယ်အချ်ိန်ထိချေပနေမလဲမသိ။
မောင့်လည်တိုင်တွေကို လက်နှစ်ဖက်ယှက်ကာ
လိလိမ္မာမ္မာပြန်တုံ့ပြန်နေသောနှုတ်ခမ်းတွေသည်
မောင်သွားရင်သွားသလောက်လွင့်လွင့်မျောမျော။

နှုတ်ခမ်းချင်းကြားကနားပိတ်ချင်စရာ
အသံတချို့ဟာအခန်းထဲတွင်အရပ်မနားပျံ့နှံ့
နေသည်။ ပြန်ဆုံဆည်းခြင်းအနမ်းတွေဟာ
ရှည်လျားလွန်းလိုက်တာ....။

ဤမနက်ခင်းလေးကစပြီး လှစေချင်တော့တာပဲ။

~~~~~~~~
3 Days Later....။

"ယူပြီး..ပြန်တော့ ငါ့မျက်စိရှေ့နောက်ထပ်ပေါ်
မလာနဲ့"

"နင်ငါ့ဘဝကိုငွေနဲ့တကယ်တန်ဖိုးဖြတ်ခဲ့တာပဲ
ကင်မင်ဂျွန်....."

"ဆိုပါတော့....."

Mask တပ်ထားရသောချောပေ့မိုက်ပေ့
မျက်နှာသည် ဒီလောက်မြင်မကောင်းတောင်
သူဟာမလျှော့သေးဘူး။
မျက်လုံးတွေဟာ မိုက်ရိုင်းနေဆဲပဲ။

"ရပါတယ် ငါယူသွားလိုက်မယ်...
နင့်ရှေ့လည်းငါထပ်ပေါ်မလာတော့ပါဘူး..."

"ကောင်းပြီ....ထပ်ပေါ်လာရင်လည်းသတ်ပစ်မှာ
အဲ့တာသေချာတယ်..."

"ကြောက်လိုက်တာ..."

"ထွက်သွား နင့်ကြောင့်အရာအားလုံး
ပျက်ဆီးကုန်တာ...ကျက်သရေမဲ့တယ်..."

မိန်းမတစ်ယောက်ရဲ့ရွေးချယ်မှုသည်
တစ်ချက်မျှမှားသွားရုံနဲ့တစ်ခါတလေ
အလျှော်အစားတွေလည်းကြီးတတ်သည်။

ယုံကြည်မှုတွေ..ပေးဆပ်မှုတွေ
မလုပ်ရက်လောက်ပါဘူးလို့နောက်ဆုံးအချိန်အထိ
တိတ်တဆိတ်မျှော်လင့်ခဲ့မိတာတွေ။
ဝဲတက်လာသောမျက်ရည်တွေကိုအကျမခံခဲ့။
မျက်တောင်ရှည်ရှည်တွေဖြင့်ခေါက်သိမ်းလိုက်သည်။

"သူဌေး သူတို့ရှိတဲ့နေရာကို ကျွန်တော်တို့
သိပါပြီ...."

ကင်မင်ဂျွန်သည် ခြောက်ခြားဖွယ်ရာ
အပြုံးတစ်ချက်ပြုံးသွားခဲ့သည်။

"တော်လိုက်တာ....."

"နင် ဘာလုပ်နေတာလဲ သွားတော့..."

သူမ အပေါစားမိန်းမမဟုတ်ဘူး။
ကမ္ဘာတစ်ခြမ်းမှာဒီယောကျ်ားကိုသိပ်ချစ်ပြီး
ဒီယောကျ်ားနဲ့အချိန်တွေအများကြီးကို
ဖြတ်သန်းခဲ့တယ်။လမ်းဘေးကအတန်းအစားလို
နှင်ထုတ်ခံလိုက်ရတဲ့Feeling သည်လက်ဖျားတွေ
တုန်ရီသည်အထိနာကျင်ပါသည်။

"အေး သွားမယ်...."

မိန်းကလေးသည်စားပွဲပေါ်ကချက်လက်မှတ်
အားဆွဲယူပြီးကင်မင်ဂျွန်အား
တစ်ချက်စိုက်ကြည့်ကာထွက်သွားခဲ့သည်။

သိပ်အဆင်မပြေသေးသောကျန်းမာရေး
အခြေအနေကိုမမှုပါ။ တစ်ကိုယ်လုံးကိုစုတ်ပြတ်
သတ်သွားစေသည့် JeonJungkookကို
နည်းနည်းလေးမှမကျေနပ်။
လိုချင်လွန်းလို့နည်းပေါင်းစုံသုံးကာ
ယူခဲ့ရသော ParkJiminကိုလက်လွှတ်ခဲ့ရတာကို
လည်းခံပြင်းသည်။

သတိရရချင်းမှာပဲ ဘဝမှာတစ်ခါမကြုံခဲ့ဖူးသော
နာကျင်မှုနဲ့ရုပ်ပျက်ဆင်းပျက်မျက်နှာကြောင့်
ဒေါသသည်အသားတွေပင်တုန်သည်။
ပြန်သတ်ရမှက်ုကျေနပ်နိုင်မည့်စိတ်၏အလောင်
သည်ဆေးရုံပေါ်မှာတောင်မနေနိုင်ခဲ့ပါ။

ကင်မင်ဂျွန် ဆိုတာအလွယ်တကူမပြိုလဲတတ်
လို့ ရာဇဝင်တွင်အောင်ချစ်ကြတဲ့လူတွေကြား
ဗီလိန်လုပ်နေတာ။

နောက်တစ်နိုင်ငံကူးတောင်လွယ်လွယ်လေး
သိနိုင်သောသူ့လက်တံတွေမှာ ဒါသည်ကလေး
ဆန်လွန်းသောအကွက်တစ်ကွက်ပဲ။

ဒီတစ်ခါကတော့ နှစ်ယောက်လုံးကို
လက်စသတ်ပစ်မည့်အစီအစဉ်ဖြစ်သည်။
ဘယ်တစ်ယောက်က်ိုမှခွင့်မလွှတ်နိုင်ဘူး။
သူ့မှာ ဘာမှလည်းမရှိတော့ဘူး။
လူတောလည်းမတ်ိုး ဘဝလည်းပျက်မယ့်
အတူတူ ၂ယောက်လုံးကိုဆွဲချသွားဖို့အသင့်ပဲ။

ပျော်လို့ရတဲ့အချိန်တွေမှာပျော်ထားလိုက်ကြပါဦး။

~~~~~~~~။

ရေချယ်တို့စီစဉ်ပေးထားတဲ့အတိုင်း
အခြေအနေတွေမတည်မငြိမ်မချင်း
တိုက်ခန်းမှာ နှစ်ယောက်ထဲ မျက်စိပိတ်
နားပိတ် ဖုန်းပိတ် တံခါးပိတ်နေနေခဲ့သည်။
ပြဿနာတွေရှိလို့ ကင်မင်ဂျွန့်ရန်ကိုရှောင်ရန်
ခဏတဖြုတ်ပြေးနေရသော်ငြား ဒီလိုနေရတာကို
မောင်သိပ်ကြိုက်နေပါ၏။

ခေတ္တခဏနေပြီး ဘဝအစစ်ထဲပြန်ဝင်ရမှာ
သိသော်လည်း ခိုးပြေးခဲ့သောညားခါစအတွဲလေး
တွေလို ရင်ခုန်သံတွေသည် နာရီတိုင်းမှာမရိုးနိုင်။
ဒါတောင်၇နှစ်လောက်အတူတူရှိခဲ့ဖူးတာ။
မတူဘူး ခံစားချက်က ဘာနဲ့မှကိုမတူဘူး။

အိပ်လိုက် စားလိုက် ပြန်အိပ်လိုက်
သတိရတိုင်းသူ့ကိုကွေ့ပတ်ရှောင်​ကာ
ပြတင်းပေါက်နားအမြဲထိုင်ဘာတွေလွမ်းနေမှန်း
မသိသောဂျစ်ကန်ကန်လေးကို
သွားစလိုက် အသဲယားလိုက် ချစ်လိုက်နှင့်
မောင့် မှာ မအားလပ်။

သူငယ်ချင်းတွေကလည်းတာဝန်ကျေစွာ
အားလုံးနောက်မှSupporting အကောင်းဆုံး
ပေးနေသည်။

"သားကြီး မင်းတို့ အိုကေစိုပြေရဲ့လား..."

"စိုပြေပါတယ်...."

"ဘယ်နှရက်တောင် အောင်းနေမှာလဲ
အားလုံးပြေလည်နေပြီပဲ ငါတ်ို့စကွက်
Hoseok ဆိုင်မှာ လူပြန်စုံရအောင်..."

"နေပါဦး ထယ်ရာ ငါဒီလိုနေရတာ
ကြိုက်နေတယ်နှစ်ယောက်ထဲ အေးဆေးပဲ
ငါ့ကိုသိပ်အကပ်မခံတာကလွဲရင်
မိုက်တယ်...."

"အကပ်မခံဘူးလား
အေး..နည်းနည်းတော့ရှိန်နေမှာပေါ့ကွာ
သူ့မှာ အခြေအနေတွေလည်းရှိခဲ့တော့...
နားလည်ပေးလိုက်ပါ..."

"ပေးပါတယ်...ပြန်ချစ်ပေးတာကိုပဲ
ကျေးဇူးဆယ်ကမ္ဘာစာနေ့တိုင်းတင်နေရတာ
ငါ့ကို မချစ်တော့ဘူးဆိုတာ မဟုတ်ဘူးသိလားထယ်
သူစိတ်ဆိုးလို့ပြောခဲ့တာ .."

"အေးပါကွာ....ကြားရတာငိုချင်လိုက်တာ
ချစ်ချစ်ခင်ခင်နေကြနော် ငါနဲ့အစ်ကို့လို..."

"ဒါပဲ ...ဒါပဲ ပြတင်းပေါက်မှာလွမ်းပြီးတော့
ငါ့ဆီလာနေပြီ..."

"အေး Bro Fighting SeeYou.."

မောင်သည်ဖုန်းချလိုက်ပြီးတစ်ဖက်ကဘာလေး
လာပြောမလဲကိုသေချာလေးစောင့်ဆိုင်းနေလိုက်သည်။

"မောင် ငါပျင်းတယ်....ဟိုနားဒီနားသွားရအောင်
စျေးလေးဘာလေးမဝယ်ချင်ဘူးလား..."

"မင်း နေလို့ကောင်းလို့လား...
အပြင်မှာအေးနေတယ်..."

"ဘယ်လောက်အထိဒီလိုကြီးနေနေရမှာလဲ
နေရမယ်ဆိုရင်လည်း မုန့် ဘာညာအပြည့်အစုံ
နဲ့ကျ ပိုအဆင်ပြေတာပေါ့..."

"အဲ့ပြတင်းပေါက်မှာသွားငြိမ်နေတာ
မုန့်ထွက်စားဖို့ကိုသွားတွေးနေတာလား..."

"မတွေးရဘူးလား....
ငါစားချင်လို့ငါတွေးတာလေ"

"သွားမယ် သွားမယ်....
၂ယောက်ထဲအေးအေးဆေးဆေးကိုသူ့မှာ
မပျော်ရွှင်ဘူးဖြစ်နေတယ်..."

"ပျော်ပါတယ်....အစားသိပ်မစားနိုင်တာငါ
လချီနေပြီ...စားချင်စိတ်တွေအိပ်ချင်စိတ်တွေ
အကုန်ပျောက်နေတာ ခုစားချင်လာလို့ပါ...
ငါ့ကို ပြဿနာတွေများတယ်ဆိုပြီးမငြိုငြင်ပါနဲ့
တကယ်လို့...."

"မောင့် ကိုကြည့် ကလေးကြိုက်တဲ့ဟာသ
ကားလေးလေ Season 2အကုန်Downပြီးပြီ
ညကျ အတူတူရယ်ရအောင်...နော်..."

လက်တွေကိုခပ်တင်းတင်းဆုပ်ကိုင်လ်ိုက်
တာကြောင့်Jimin စကားတွေရပ်တန့်သွားသည်။
မောင်သည် မျက်လုံးတွေကိုစိုက်ကြည့်လျှက်
အတွေးတွေမလွန်ကြူးစေရန် ဒီဘက်ဟာသဆီ
ကို လွှမ်းမိုးကာခေါ်ယူနေသည်။

ကလေးလေး၏မျက်လုံးတွေသည်မောင့်ရဲ့
လွှမ်းမိုးမှုတွေအောက်ပြဿနာတွေကိုတွေးနေရာမှ
ဟာသတွေဆီကိုရောက်လာသည်။
"ဟင့်အင်းမတွေးရဘူးခုရပ်"ဆိုတဲ့ပြတ်ရှခြင်း
တွေကြောင့် မတွေးရဲတော့ဘဲ ထိုအတွေးတွေသည်
မောင့်ရဲ့အာဏာစက်တွင်ထွက်ပြေးသွားကြတော့သည်။
မောင့်ကို ကြောက်ရတာ သိပ်အန္တရာယ်ကင်းပါတယ်။

"၄ပိုင်းလားမသိဘူး..."

"ဟုတ်တယ် ၄ပိုင်း ခုစားချင်စိတ်ရှိတာ
မှန်သမျှမောင် ဝယ်ကျွေးမယ် လာသွားရအောင်..."

လက်ဖောင်းဖောင်းလေးတွေအားဆုပ်ကိုင်ကာ
လိုအပ်တာယူလျှက်အခန်းတံခါးကိုဖွင့်လိုက်သည်
နှင့်အခန်းရှေ့တည့်တည့်မှာရောက်နေသော
လူတစ်ယောက်။

ရုတ်တရက်မို့၂ယောက်လုံးအံ့အားသင့်နေတုန်း
လူ၂ယောက်လောက်သည်မောင့်အားအခန်းထဲ
သို့ကန်ကျောက်ပစ်လိုက်သည်။

"သောက်ရမ်းပျော်နေတဲ့ပုံပဲ..."

အသံနဲ့တင်လှုပ်ရှားကြောက်လန့်လာသော
စိတ်သည်သွေးတွေအားလုံးကိုပူလောင်
သွားစေကာမလှုပ်နိုင်တော့။သူစိတ်ကျန်းမာရေးလည်း
မကောင်းသလို ခန္ဓာကိုယ်ကျန်းမာရေးလည်း
မကောင်းပါ။ဘောင်အစွန်းမှာတင်ထားရတဲ့
ဖန်ခွက်လေးတစ်လုံးလိုမနည်းထိန်းသိမ်းနေရတာမျိုး။

"ခွေးသတောင်းစား!!!!"

မောင်သည် ချက်ချင်းပြန်ထကာကင်မင်ဂျွန်
အားတစ်ခုခုပြေးလုပ်ရန်ပြေးလာချိန်တွင်
ကင်မင်ဂျွန်သည် ညွှတ်ကိုင်းသွားသော
နှုတ်ခမ်းတွေနဲ့အတူ Jiminအားဆွဲခေါ်လိုက်ကာ
လည်တိုင်တည့်တည့်ကိုထောက်လာသော
ဓားသည် မောင့်မျက်လုံးတွေကိုပြာသွားစေသည်။

"တောင်းပန်စမ်း....ငါတောင်းပန်ခံဖို့လာတာ
မင်းငါ့ကိုလုပ်ခဲ့သမျှကို ဒူးထောက်ပြီး
ရိုရိုကျိုးကျိုးတောင်းပန် မလုပ်ရင်
မျက်စိရှေ့တည့်တည့်တင် ငါသတ်ပြမယ်..."

"လွှတ်စမ်း!!!ခွေးလိုကောင်!!! မထိနဲ့နော်
သူ့ကိုမထိနဲ့...."

"မထိစေချင်ရင် ခိုင်းတာလုပ်
ငါလိုကောင်ကို ဒီလိုလုပ်သွားပြီးအေးဆေး
သာယာရဲနေတာ သိပ်သတ္တိရှိတာပဲJeonJungkook"

"လွှတ်ပေးလိုက်စမ်း!!!သွေးတစ်စထွက်တာ
နဲ့မင်း အသေပဲ..."

"လေကျယ်နိုင်သေးတာလား..
ParkJimin ကငါ့လက်ထဲမှာနော်
လူရော အသက်ရော ...ဒူးထောက်စမ်း!!!!!"

ကင်မင်ဂျွန်သည် ဘေးကလူ၂ယောက်အား
မျက်စပစ်ပြလိုက်တဲ့အခါထိုလူတွေသည်
မောင့်အားဒူးထောက်ကျသွားအောင်အတင်းအကျပ်
လုပ်ယူသည်။ဒါပေမယ့်မလွယ်ကူခဲ့ဘဲ
ပြင်းထန်သောတုံ့ပြန်မှုတွေနဲ့အတူဆူညံနေသည်။

"မင်း လည်းကြည့်ရမယ်...
မင်းရဲ့သိပ်အားကိုးအားထားပြုတဲ့ကောင်
ငါရှေ့ဘယ်လိုရှုံးပြမလဲဆိုတာ
ငါ့ကိုသိပ်လျှော့တွက်လွန်းတာပဲ ParkJimin"

"ရှုံးနေတာ မင်းလေ ခွေးကောင်ရဲ့...
ငါလည်ပင်းကိုဓားထောက်နေလို့
ငါကြောက်နေပြီလို့ ထင်မှတ်နေမှာပဲ
JeonJungkook သာငါ့အနားနားမှာရှိနေရင်
ဘာကိုမှငါစောက်ဂရုစိုက်စရာမလိုဘူးဆိုတာ
ငါသေသေချာချာသိတယ်...."

"ဟေ့ကောင်တွေ တော်တော့...."

လူ၃ယောက်လောက်ချူပ်ကိုင်ထားသော
အခြေအနေမှာ ၂ယောက်လုံးလုံးဝအန္တရာယ်
မကင်းတော့ဘူးဆိုတာမောင်တွက်မိလိုက်သည်။
သူငယ်ချင်းတွေလည်းအနားနားမရှိ။
တိုက်ခန်းထဲဖြစ်ပျက်နေတာတွေကိုအပြင်က
ဘယ်သူကရိပ်မိနိုင်မှာလဲ။လူအင်အားအများကြီး
ကိုမောင်မကြောက်ပေမယ့် ကင်မင်ဂျွန်လက်ထဲမှာ
Jimin ရောက်နေတာက သူ့ကိုလှုပ်လို့မရစေခဲ့ပါ။
ထိုအရာကကြောက်စရာအကောင်းဆုံးပဲ။

"သတ်လိုက်...."

ငွေရှိနေသရွေ့ ဒီလိုလုပ်ရပ်တွေဟာမဆန်းတော့။
ဒီလိုပဲဆူးခလုတ်တွေကိုလက်စဖျောက်ခဲ့တာပဲ။
ဒီကောင်က သူ့ကိုနာကျင်စေလို့ပို၍ပင်သတ်ချင်စရာ
ကောင်းနေပါသည်။

"သေချာကြည့်နော် မင်းကြောက်လာမှာ
သေချာတယ်....."

လူ၃ယောက်လောက်ချူပ်ထားသည့်ကြားက
မလှုပ်ရှားနိုင်တော့သည့်အချိန်တွင် ကင်မင်ဂျွန်
၏လူယုံတော်ကောင်သည် ထက်ရှနေသော
ဓားတစ်လက်အားဆွဲထုတ်လာကာJeonဆီကို
လျှောက်လှမ်းသွားတော့သည်။

"မလုပ်နဲ့!!!!!မလုပ်ပါနဲ့!!!!!."

ဓားကိုဆွဲမြှောက်လိုက်သောအချိန်တွင်
ကင်မင်ဂျွန်သည်အားရစွာပြုံးရယ်သွား
တော့သည်။

အုန်း....။

Jimin ကမ္ဘာပျက်ပြီဟုခံစားလိုက်ရသော
အချ်ိန်တွင်ပြင်းထန်သောရိုက်ချက်တစ်ခုနှင့်အတူ
ကင်မင်ဂျွန်သည်ပြိုလဲကျသွားသည်။
လည်ပင်းကဓားလည်းမရှိတော့သလို
မောင့်ကိုသတ်တော့မည့်ကောင်၏
လက်ကိုစိုက်ဝင်နေသောဓားမြောင်တစ်လက်။

"အားးးးးး"

ဘယ်သူရောက်လာတာလဲဟုအလန့်တကြား
လှည့်ကြည့်လိုက်ချိန်တွင် သံတုတ်တစ်ချောင်း
ပုခုံးပေါ်တင်ကာ မှိုင်းပြနေသောKimSeokJin ။

"JinHyung!!!!"

Jinသည် ပီကေတစ်ခုအားခပ်ဖြေးဖြေးဝါးလျှက်
လဲနေသောကင်မင်ဂျွန်၏ရင်ဘက်ပေါ်ကို
ခြေထောက်ဖြင့်နင်းလိုက်သည်။

"သောက်ရူးလေး...မင်းဘယ်အချိန်
အခေါင်းထဲက ထွက်လာမလဲစောင့်နေတာ
နောက်ဆုံးတော့ တွေ့ရပြီပေါ့..."

"မင်း....မင်း ဘာကောင်လဲ
ဘာလာရှုပ်တာလဲ!!!"

"ငါ...KimSeokJin"

"ဖယ်စမ်း!!!!"

Jinရဲ့ခြေထောက်ကိုတွန်းဖယ်ကာရုန်းထွက်
တော့ ပိုပြီးဖိထားလိုက်သည်။
ထွီခနဲထွေးထုတ်လိုက်သောပီကေသည်
လဲကျနေသောလူ၏မျက်နှာတည့်တည့်သို့။

"KimSeokJin ကိုကျောလို့မရဘူး
အနိုင်ယူလို့မရဘူး..
နာကျင်အောင်လုပ်လို့မရဘူး
မင်းရဲ့ ကျက်သရေမဲ့မျက်နှာပျက်ဆီးသွား
တာကို ဒီလောက်စပ်စပ်ခါအောင်နာနေရင်
ငါ့ခေါင်းက တန်ဖိုးဖြတ်လို့မရတဲ့
ဥာဏ်ပညာတွေနေ့တိုင်းကွန့်မြူးနေတာ
မြည်းစမ်းလိုက်ပါဦး သောက်ရူးကောင်..."

အုန်းးးးး။

လက်စွဲတော်တုတ်ဖြင့်လက်စားချေ
ရိုက်ချက်တစ်ခုသည် ရက်ရက်စက်စက်။
တစ်ချက်ပဲရိုက်ဖို့စဉ်းစားလာတာပါ။
မတရားတာတွေလည်းမလုပ်ချင်ဘူး။

ဒါပေမယ့်လည်း JungKook ကိုတောင်
လူအားကိုးနဲ့သတ်မည့်အထိ သောက်ရူးထရဲ
တော့မကျေနပ်ချင်။ ဓားနဲ့ရွယ်ခဲ့သော
ကောင်ဆီသွားကာ လက်မှာစိုက်နေသော
ဓားမြှောင်ကို ပိုနက်အောင်စိုက်ချတော့
အော်သံသည်စီခနဲ။

"အားးးးးး"

"ခေါင်းဆောင်..အောက်မှာ ရဲတွေလာနေပြီ..."

"ကျစ်....အရေးအကြောင်းဆိုလာရှုပ်ကြပြီ
ငါပြေးတော့မယ် Jungkook....
ဘာမှမဖြစ်ဘူး ဒီကောင်မသေဘူးစိတ်မပူနဲ့
သိလား...."

"သေရင်ရော သေရင်ရော..."

JungKook က ယုံကြည်စွာခေါင်းငြိမ့်ပြပေမယ့်
အပြစ်အစားခံရမှာကြောက်နေတဲ့Jungkook
ရင်ခွင်ထဲကသူနဲ့ဟိုတုန်းထဲကသိပ်မတည့်
သောကောင်လေးက လာကယ်တာတောင်
ကျေးဇူးမတင်ခဲ့ပါ။

"သေတော့လည်းအေးတာပေါ့...ငါသွားပြီ"

"JinHyung!!!"

မြန်ဆန်ချက်သည် စက္ကန့်ပိုင်းအတွင်းမှာ
လူတွေရော လက်နက်တွေရော အကုန်အပျောက်။

ရဲတွေဝင်လာခဲ့ကြပြီးကင်မင်ဂျွန်အား
ဆွဲထူကာ လက်ထိပ်ခတ်လိုက်ကြသည်။
ဘာမှမပြောမဆိုတန်းလက်ထိပ်ခတ်လိုက်
တာကြောင့် အံ့ဩစရာတော့အနည်းငယ်ကောင်းသည်။

"ဘာလုပ်တာလဲ!!!ငါဘာလုပ်လို့ငါ့ကို
လက်ထိပ်ခတ်တာလဲ...ဒါငါ့အသိတွေ
ငါတို့ စကားပြောရင်းအခြေအတင်ဖြစ်တာ
မင်းတို့ ပါဝင်ဖို့မလိုဘူး..ငါဘာပြစ်မှုမှကျူးလွန်
မထားဘူး..."

"ကင်မင်ဂျွန်ကို တရားမဝင်မှောင်ခိုလုပ်ငန်း
လုပ်ကိုင်မှုမူးယစ်ဆေးဝါးသုံးစွဲမှု ကာမလိမ်လည်မှု
တွေနဲ့ ဖမ်းပါတယ်...."

"ဘာ!!!!!"

"သက်သေအပြည့်အစုံလည်းကျွန်တော်တို့
လက်ထဲရှိနေပြီမလို့ ပြောချင်တာကိုစခန်းရောက်
ရင်ပြောပါ..."

"သက်သေ...သက်သေ...ဘယ်ကသက်သေ
တွေလဲ...!!!!!"

ဒေါက်ဖိနပ်သံတစ်ခုသည်
လေယာဉ်ကွင်းထဲစည်းချက်မှန်မှန်။
ခရီးဆောင်အိတ်တစ်ခုကိုဆွဲကာ
နေကာမျက်မှန်တစ်လက်ကိုလှလှလေးတပ်လိုက်သည်။

ချစ်လို့ မင်းဘယ်လောက်ဆိုးဆိုး
မင်းရဲ့ယုတ်မာမှုတွေကိုအချစ်တွေနဲ့
နှစ်ပေါင်းများစွာ ငါသိမ်းဆည်းပေးထားခဲ့တယ်။

ချစ်လို့..လူဆိုးတစ်ယောက်ဆိုရင်တောင်
ငါ့အချစ်ကိုမစော်ကားသရွေ့
လူကောင်းလေးလို ယုယပေးခဲ့တယ်။

မိန်းမတစ်ယောက်ရဲ့နှလုံးသားက
အင်မတန်ရှုပ်ထွေးပါတယ်။

ချစ်လို့..နင်ဟာ သေဒဏ်ပဲ...ဒါလင်။
ကံကောင်းလို့လွဲရင်တောင်
ငါကမဖြစ်ဖြစ်အောင်တွန်းပို့ဦးမှာမလို့
နောက်ဘဝများမှာ ဘယ်တော့မှ
မ်ိန်းမတစ်ယောက်ရဲ့ အချစ်နဲ့ဘဝကို
ထပ်မစော်ကားမိစေနဲ့။

ချက်လက်မှတ်တစ်ခုအားစမတ်တကျလမ်း
လျှောက်နေရင်းမှလေထဲကိုလွှင့်ပစ်လိုက်သည်။
ခြယ်သထားသောမျက်လုံးတွေမှမျက်ရည်
တစ်စက်စီးဆင်းသွားတဲ့အခါ လှလှပပလေး
သုတ်လိုက်ပြီး လေယာဉ်ပေါ်တက်သွားခဲ့တော့သည်။

~~~~~~~။

ေနေရာင္ျခည္သည္မ်က္ႏွာေပၚတည့္တည့္က်
လာေတာ့ သတိျပန္ဝင္လာကာနိုးလာသည္။
မနက္ေစာေစာတစ္ခုျဖစ္လိမ့္မည္။
မေန႔ကထက္ ေန႔လို႔ထိုင္လို႔အဆင္ေျပေနၿပီး
စိတ္ပိုင္းဆိုင္ရာေရာ ခႏၶာကိုယ္ပိုင္းဆိုင္ရာပါ
အမ်ားႀကီးသက္သာေနသည္။

ခုမွပုံမွန္ParkJimin ရဲ့စိတ္နဲ႔ကိုယ္ျပန္ကပ္
သြားၿပီးေဘးဘီၾကည့္လိုက္ေတာ့မရင္းႏွီးေသာ
အခန္းတစ္ခန္းပဲ။ အရွိန္မေသေသာေၾကာက္လန့္
မွုေတြေၾကာင့္ ရင္ထဲဒိန္းခနဲ။အျမန္အဆန္
ျပတင္းေပါက္ကေနဘယ္ေနရာေရာက္ေနလဲ
ၾကည့္ဖို႔ ေစာင္ေတြကိုဖယ္လိုက္ေတာ့

"နိုးၿပီလား....."

အေၾကာက္လြန္ခဲ့သူမလို႔ ဘာေတြလြဲျပန္ၿပီလဲ
ဟုေစာင္ပုံထဲ ေယာက္ယက္စခတ္႐ုံပဲရွိ
ေသးသည္ ၾကားလိုက္ရေသာအသံေၾကာင့္
Jiminမ်က္ဝန္းေလးေတြဝိုင္းစက္သြားသည္။

စားစရာတခ်ိဳ႕ျဖင့္ မနက္ခင္းနဲ႔အၿပိဳင္
လန္းဆန္းစြာျပဳံးရယ္ေနေသာေမာင္သည္
တစ္လွမ္းခ်င္းစီသူ႔ဆီေလၽွာက္လွမ္းလာေနသည္။

ေပါ့ပါးစြာျပဳံးလၽွက္လာေနေသာ
ေမာင့္ကိုျမင္သည္ႏွင့္မေန႔ကအျဖစ္အပ်က္ဆိုး
ေတြသည္ေခါင္းထဲတန္းစီျပန္ဝင္လာကာ
လက္ဖ်ားေလးေတြတုန္ခနဲ။

"အိပ္လိုက္တာ မေန႔ထဲက ...ေမာင္က
စိုးရိမ္ေနတာ Namjoon Hyungကပုံမွန္ဆိုလို႔သာ
သည္းခံေနတာ သိလား...."

ေမာင္က အညိဳေရာင္ဆံပင္ေလးေတြကို
သပ္တင္ေပးရင္းေႏြးေႏြးေထြးေထြးဆိုသည္။

"ငါ..ဘယ္ေတြေရာက္ေနတာလဲ...."

"ေရခ်ယ့္တိုက္ခန္းေလ...ေဆးသြင္းၿပီးထဲက
မင္းကိုမႏွိုးခ်င္လို႔ ခ်ီေခၚလာခဲ့တာ ညထဲကခုထိ
တစ္ေရးမွကိုမနိုးဘူး ...."

"ဘာလို႔လဲ....ဘာလို႔ေခၚလာခဲ့တာလဲ"

ခပ္တင္းတင္းမ်က္ႏွာျဖင့္မေက်မနပ္ဟန္
ေမာင့္ကိုၾကည့္ကာေအးစက္စက္ေမးလာသည္။
ေမၽွာ္လင့္ထားတဲ့အေျခအေနပါပဲလြယ္ကူေနရင္
ParkJimin ဘယ္ပီသပါ့။

အေၾကာက္လြန္ကာစိတ္မၿငိမ္ေသာ
အေျခအေနမွာသာသူကဟုတ္သလ္ိုလိုရွိခဲ့တယ္။
ParkJimin ဆိုတဲ့စိတ္နဲ႔ကိုယ္ျပန္ကပ္လၽွင္
မာန္စြယ္ေလးကစလာၿပီ။

"ငါ့ ခ်စ္သူငါ ေခၚလာတာဘာျဖစ္လို႔လဲ..."

"မင္းနဲ႔ငါ အဆင္ေျပေနလို႔လား...."

"ကေလး...."

Jeon အသံခပ္မာမာတြင္သူမေန႔က
Memory ေတြကိုျပန္ေတြးေနပုံရသည္။
ဂေယာက္ဂယက္မ်က္လုံးအိမ္ေတြသည္
မေအးခ်မ္းနိုင္ေသးဘူး။

"မေန႔က ငါဂေယာင္ေျခာက္ျခားနဲ႔
ငါဘာေတြလုပ္မိ ေျပာမိလဲမသိေတာ့ဘူး
မမွတ္မိေတာ့ဘူး...ငါတစ္ခုခုလုပ္မိခဲ့ရင္
နားလည္ေပးၿပီး ေမ့လိုက္..."

မေန႔ကကင္မင္ဂၽြန္နဲ႔အျဖစ္အပ်က္ကို
ေမာင္ေတြ႕ရွိသြားတဲ့အေပၚအစထဲက
သိမ္ငယ္ေနရသည့္ၾကားထဲ
ခုဆိုရင္ရွက္ရြံ႕သည့္စိတ္ေတြပါျဖစ္ေနသည္။
အထင္ေသးသြားမလား။ သူဟာသနားစဖြယ္
ေကာင္းလြန္းလို႔ကယ္တင္လာရတာမ်ိဳးလား။

ကင္မင္ဂၽြန္၏ မိန္းမေရာက္လာ၍ေစ့စပ္ပြဲ
ပ်က္သြားရတာေတြလည္းေမာင္သိေနေလာက္ၿပီ။
ပေထြးျဖစ္သူကိုအယုံလြယ္ၿပီးဒုကၡႀကီးႀကီး
ေရာက္ခဲ့တဲ့ကိစၥေတြ ေမာင္သိေနမွာ။
ေမာင့္ကိုေျခစုန္ကန္ခဲ့တာေတြ။
အဲ့ဒီစာမ်က္ႏွာေတြကို ဝန္မခံခ်င္ေနဘူး။
ဆိုးသြမ္းလြန္းစြာ လက္မခံခ်င္ေနဘူး။

"ဘာလုပ္မိရမွာလဲ....ဘာမွမလုပ္မိဘူး
လုပ္မိလည္း ဘာျဖစ္ရမွာလဲ
Jimin ...ေတြးတာေတြေတာ္ပါေတာ့
ေမာင္ေတာင္းပန္ပါတယ္..."

မရပ္တန့္နိုင္ခဲ့ဘူး။ သူအိပ္ရာခင္းကို
စိုက္ၾကည့္ကာအမ်ားႀကီးကိုေတြးေနျပန္သည္။
ထို႔ေနာက္ ေမာင့္ကို ေယာက္ယက္ခတ္ေနေသာ
မ်က္လုံးေတြနဲ႔ၾကည့္လာကာ....

"မင္း ငါ့ျပႆနာေတြအကုန္သိၿပီးၿပီမလား
ရွက္စရာေကာင္းတယ္မလား...
ငါက..ငါက အမွားေတြကိုပဲလုပ္ခဲ့တာ
ငါ့ကို ..သနားလို႔ ကယ္လာေပးခဲ့တာမလား
ငါ လူေတြရဲ့ မ်က္လုံးေတြ ထဲ စုတ္ျပတ္သတ္ေနၿပီ
မင္းက ဟိုလူနဲ႔ငါ့ကိုေတြ႕ခဲ့တဲ့သူဆိုေတာ့
ငါ့ကို ပိုရြံေနမွာပဲ....ငါ့ကို လာမထင္မေသးနဲ႔ေနာ္
ငါ ကသနားစရာမဟုတ္ဘူး....ငါ..."

အိပ္ရာနိုးနိုးခ်င္းကိုမၿငိမ္းခ်မ္းနိုင္ေသာ
အပူေတြ။သူဒါေတြကို
အခ်ိန္တိုင္းမ်ားေတြးေနတာလား။
ေျပာေနရင္းစိတ္ေတြအလြန္အမင္းလွုပ္ရွားလာကာ
တဆက္ဆက္တုန္လာသည့္ခႏၶာကိုယ္ေလးအား
ေမာင္ကရင္ခြင္ထဲကိုဆြဲထည့္ကာခပ္တင္းတင္း
ေပြ႕ဖက္လိုက္သည္။

"ဘာမွမျဖစ္ဘူး အဲ့တာေတြကျပႆနာမဟုတ္ဘူး
ၿပီးသြားၿပီ ေတာ္ေတာ့.....ေမာင္ေတာင္းပန္ေနတာ
မင္းကို ဘယ္လိုေတာင္းပန္ရမလဲ...
ဘယ္လိုေတာင္းပန္မွ အဲ့အေတြးေတြကိုရပ္ေပးမွာလဲ...
ငါခ်စ္လို႔ပါ ငါခ်စ္လို႔ ေနာက္ထပ္လက္လႊတ္မခံ
နိုင္ေတာ့လို႔ ေခၚလာခဲ့တာပါ အဲ့ေလာက္ႀကီး
မဆိုးပါနဲ႔ ေတာ့Jiminရယ္...."

ဖက္ထားေသာလက္ေတြမွ႐ုန္းထြက္ကာ
ျပင္းထန္ေသာအၾကည့္ေတြျဖင့္စိုက္ၾကည့္
လာျပန္သည္။

"မုန္းတယ္ဆို....ငါ့ကိုမင္းအရမ္းမုန္းတယ္ဆို
ငါက မင္းအတြက္ ေသလူပါဆို...!!"

"ေအး...မုန္းခ်င္တာေပါ့....မုန္းခ်င္တာပဲ
ရွိတာ ငါတစ္ရက္မွမုန္းလို႔မရခဲ့ဘူး
မင္းစိတ္နဲ႔ေသမလိုလို႐ူးမလိုလို
ျဖတ္သန္းခဲ့ရတဲ့ေကာင္ အဲ့တာေတြမင္းသိလား!!"

"မင္းေျပာခဲ့တာေတြ တကယ္ျဖစ္လာေတာ့
ေပ်ာ္ေနမွာပဲ....ငါေျခစုန္ကန္ခဲ့တာေလ
မင္းကို တြန္းထုတ္ခဲ့တာေတြေလ....
မင္းကိုေစာ္ကားခဲ့တာေတြေလ..
ခု ...တကယ္ေတြျဖစ္လာတယ္....
မေတာင္းပန္ဘူးေနာ္ ေမာင္
ငါ ဘယ္ေတာ့မွမေတာင္းပန္နိုင္ဘူး....."

"ဘာလို႔ေခၚလာခဲ့တာလဲ
ငါ ဒီေလာက္ေသာက္တလြဲေတြလုပ္ေနတာ
အရွက္ေတြကြဲခဲ့တာ ငါ့မွာရစရာဘာမွမရွိေတာ့ဘူး!!"

"Jimin ေလ ငါ့ရဲ့ Jiminျဖစ္ေနတယ္
မင္း..ဘာမွတလြဲတေခ်ာ္ေတြမလုပ္ခဲ့ပါဘူး
အေတြးေတြေခ်ာ္ကုန္ေအာင္ လုပ္ခဲ့တဲ့တရားခံက
ေမာင္ပါ...ေမာင္ မေပါ့ေလၽွာ့ခဲ့ရင္
ေမာင္ လုံလုံေလာက္ေလာက္ခ်စ္ေပးနိုင္ခဲ့ရင္
မင္းကို အထီးက်န္ေစၿပီးအေတြးေတြမလြန္ေစ
ခဲ့ရင္....ဒါေတြမျဖစ္လာဘူး..."

တိတ္က်သြားေသာအသံႏွင့္ငိုေနေသာ
မ်က္ရည္ေတြပင္တန့္သြားကာေမာင့္ကို
သူၾကည့္လာသည္။မယုံနိုင္သလို
အံ့ဩသလို ထိုအရာေတြသည္Jiminအတြက္
အဆိုးဆုံးနာက်င္မွုေတြမလို႔ ဘယ္အခ်ိန္ျပန္ေတြးေတြး
သိသိသာသာျပန္ျပန္နာတတ္ပါသည္။
မ်က္လုံးေတြသည္ ဝမ္းနည္းျခင္းမွ
ေတာက္ေလာင္ျခင္းတြဘက္ကိုေျပာင္းလဲလာသည္။

"ဘာေတြေျပာေနတာလဲ...
ငါ...ငါအဲ့ေလာက္ မႏုယြခဲ့ဘူး
မင္း ခ်စ္ေပးျခင္း မခ်စ္ေပးျခင္းအေပၚမွာ
ရပ္တည္ခဲ့တာလို႔ ထင္ေနတာလား
မဟုတ္ဘူး!!!! မင္းအခ်စ္ကိုအဲ့ေလာက္႐ူးခဲ့တဲ့
ေကာင္လို႔ မွားထင္မေနစမ္းပါနဲ႔...
အဲ့ေလာက္ ParkJimin မ႐ူးခဲ့ဘူး
အဲ့ေလာက္လည္းမခ်စ္ခဲ့ဘူး!!!"

ရင္ခြင္ထဲက ႐ုန္းထြက္ကာေအာ္ဟစ္ေသာင္းက်န္း
ၿပီးအိပ္ရာေပၚကေျပးဆင္းေတာ့ေမာင္က
ေျပးလိုက္ကာဆြဲဖမ္းထားသည္။

"လႊတ္စမ္း!!!ငါ့ကို အဲ့ေလာက္ေသာက္႐ူး
ထခဲ့တဲ့ေကာင္လို႔ မထင္စမ္းပါနဲ႔ JeonJungkookရယ္
မင္းကိုငါက႐ူးေနလို႔အဲ့ေလာက္ခ်စ္ခဲ့ရမွာလား
မင္းဂ႐ုမစိုက္တာနဲ႔ပဲဘဝပ်က္တဲ့အထိ
ျဖစ္ခဲ့ရမွာလား!!!!"

အနာေပၚတုတ္က်ခဲ့သလိုဆက္ဆက္ခါနာသြား
ရပါသည္။ ဘယ္ေတာ့မွဝန္မခံနိုင္ပါဘူး။
အခ်စ္ခံခ်င္ေၾကာင္း ဂ႐ုစိုက္ခံျခင္းေၾကာင္း
ေႏြးေထြးမွုေတြ ယုယမွုေတြကိုသိပ္မက္ေမာ
ေၾကာင္း ထိုကေလးဟာ အဆုံးအထိဝန္မခံသြား
ခဲ့ဘူး။ ေအာ္ဟစ္ေသာင္းက်န္းကာ
မဟုတ္ဘူး လို႔ျငင္းဆန္ရင္းနဲ႔ပဲ ၾကမ္းျပင္ေပၚ
ေခြေခါက္လဲက်သြားသည္။

ေမာင့္အတၱေတြနဲ႔ ကဗ်ာကိုအနားသတ္ခဲ့
တယ္ဆိုရင္ ကဗ်ာ အစအဆုံးကို
ႂကြရြေစခဲ့တာက ParkJiminရဲ့မာန္မာနေတြပဲ။

"မဟုတ္ဘူး!!ဘယ္ေတာ့မွမဟုတ္ဘူး!!!"

"ေအး...ေအး....သိၿပီ မဟုတ္ဘူး မင္းမဟုတ္ဘူး
ငါရမ္းသမ္းေျပာမိတာ...ဟုတ္ၿပီလား..
မင္း မဟုတ္ဘူး..."

ထိန္းရမလြယ္လွေသာစိတ္အေျခအေနနဲ႔
႐ုန္းကန္ေနေသာခႏၶာကိုယ္ေလးကို
ေမာင္က ခ်ဴပ္ကာခ်ီပိုးၿပီးအိပ္ရာဆီျပန္
လာခဲ့သည္။

"လႊတ္စမ္း!!!"

အိပ္ရာေပၚလွဲခ်ကာလက္ဖဝါးႏွစ္ဖက္ကို
ေမာင္ကဖိထားလိုက္ၿပီး အေပၚမွအုပ္မိုးကာ
ခ်ဴပ္ထားလိုက္တာမို႔လွုပ္၍မရေတာ့။

"ဘာျဖစ္ေနတာလဲ !! ဘာလို႔အဲ့ေလာက္
ဆိုးေနတာလဲ....ေမာင္ အမ်ားႀကီးအဆင္ေျပ
ေအာင္ျပင္ဆင္ထားေပးတယ္ေလ
မင္း ဆိုးေနမွျဖစ္မွာလား...."

"..........."

"ေမာင္..ျပန္ခ်စ္ခ်င္တဲ့စိတ္တစ္ခုပဲရွိတယ္Jimin
က်န္တာ ဘာမွစိတ္မဝင္စားဘူး
မင္းနာက်င္ရတာေတြကိုေမာင္နားလည္တယ္
မင္းဝမ္းနည္းေနတာကိုေမာင္သိတယ္
ဒါေပမယ့္ ေမာင္မင္းနားမွာရွိေနၿပီေလ
ဘာကိုမွေခါင္းထဲထည့္ဖ္ို႔မလိုအပ္ေတာ့ဘူး.."

"ေတာ္ေလာက္ၿပီ....အဆင္မေျပမွုေတြ
ေတာ္ေလာက္ၿပီ ျပန္ခ်စ္ရေအာင္
ျပန္ခ်စ္ၾကရေအာင္ ကေလးရယ္...."

ရင္ခြင္ေသးေသးေလးထဲေမာင္က
ၿပိဳလဲက်လာသည္။ ေခါင္းေလၽွာ္ထားပုံရတဲ့
ေမႊးပ်ံ႕ပ်ံ႕ေခါင္းေလၽွာ္ရည္နံ႔ဟာသင္းခနဲ။
ေခတၱတိတ္ဆိတ္သြားကာေမာင္က
ေတာင္းဆိုေနေပမယ့္Jimin ကေတာ့
အသက္ရွုသံေတြျပင္းထန္ေနဆဲ။

သိပ္ခက္ခဲလြန္းတဲ့Character ပါ။
သနားစဖြယ္အျဖစ္ဇာတ္သြင္းကာသူ႔ကို
ဂ႐ုဏာသက္တာျဖစ္မွာစိုးလို႔ သနားစရာေကာင္း
ေအာင္ ေၾကာက္လန့္ေနသည့္စိတ္သည္
မြန္းက်ပ္မွုေပါင္းမ်ားစြာနဲ႔။

"ငါအမ်ားႀကီးဆိုးသြမ္းခဲ့တာ..
မင္းျပန္ခ်စ္ခ်င္တာကို
အလြယ္တကူလက္ခံေပးရမွာလား.."

သူကရန္ေဆာင္ေနေသးသည္။ကိုယ္ကဆိုးခဲ့လို႔
ဆိုလည္းထား ေအာက္က်မေပးခ်င္တဲ့
ဗိုလ္က်စိုးမိုးခ်င္စိတ္သည္အျမဲတမ္းတသမတ္။
ဒါလည္းကၽြန္ေတာ့္အေပၚပဲ။
ParkJimin ကတစ္မ်ိဳးေလး။

ေမာင္သည္ခပ္တည္တည္မ်က္အိမ္ေတြကိုရင္ခြင္ထဲ
ေမွာက္က်ေနရာကထကာ ၾကည့္လာသည္။

"လက္ခံေပးရမွာေပါ့...
လြမ္းေနတာ....ငါဘယ္ေလာက္လြမ္းေနခဲ့ရလဲ
မင္းသိရဲ့လား...ငါတစ္ရက္မွေမ့လို႔မရခဲ့တာေတြ
မင္းသိရဲ့လား....ငါ့ကိုထပ္ မရက္စက္ပါနဲ႔ေတာ့...
ငါမျပတ္နိုင္လို႔ပါ Jiminရယ္....
ဘယ္သူမွားမွား မွားခ်င္တဲ့သူမွား
ဘယ္သူပိုဆိုးခဲ့ ဆိုးခဲ့ ထားလိုက္ပါေတာ့...."

ေမာင့္မ်က္ရည္ေတြသည္ အတိုင္းအဆမရွိ
ဆိုက္တိုက္က်ကာငိုေတာ့ တစ္ဖက္ကအနည္းငယ္
ၿငိမ္သက္သြားသည္။ငိုေႂကြးေနေသာေမာင့္ကို
ေယာက္ယက္ခတ္ေနေသာမ်က္လုံးေတြနဲ႔စိုက္ၾကည့္
ရင္းမ်က္အိမ္ေတြၿငိမ္လာကာအသက္ရွုသံေတြမွန္
လာသည္။ေမာင္ခ်စ္ေနေသးတာပဲ။

မရက္စက္နိုင္ပါဘူး။ကၽြန္ေတာ္ဘယ္လိုမ်ားထပ္
ရက္စက္နိုင္မွာလဲ...ကၽြန္ေတာ္မွာဆ္ိုးဝါးျခင္း
ေတြအမ်ားႀကီးရွိခဲ့လို႔ႀကိဳကန္ေက်ာက္ခဲ့တဲ့သေဘာပါ။
သနားလို႔ ဂ႐ုဏာသက္လို႔ မျဖစ္သာလို႔
ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ေခၚလာခံရမွာကို
စိုးရိမ္ခဲ့တာပါ။ အခ်စ္ေၾကာင့္ပဲျဖစ္ခ်င္တာ။
ေမာင့္ မ်က္ရည္ေတြဟာ အခ်စ္ကိုစကားေျပျပန္
ျပေနေတာ့ ေတာ္ေသးတာေပါ့လို႔တ္ိတ္တဆိတ္
ေတြးမိၿပီး စိတ္ေတြနည္းနည္းၿငိမ္သက္သြားသည္။

"ေမာင့္ ကို ခ်စ္ေသးတယ္မလား...
ကေလး ေမာင့္ကို နည္းနည္းေလးေတာ့
ခ်စ္ေသးတယ္မလား..."

"ငါ့ ကို လႊတ္ေပး....ငါ့ကိုဒီလိုေတြမလုပ္နဲ႔"

ေမာင္သည္ ခ်က္ခ်င္းလက္ေတြကိုလႊတ္ေပးလိုက္
ကာရင္ခြင္ထဲသိမ္းက်ဳံးထည့္လၽွက္ေပြ႕ဖက္ထား
လိုက္သည္။

"ေမးေနတယ္ေလ....ခ်စ္ေသးလားလို႔..."

"ေနာက္မွ...ေနာက္မွဆက္ေျပာရေအာင္
မ်က္ႏွာသစ္ရမယ္...."

"မရဘူး ...ငါ့ကိုျပန္ေျဖၿပီးမွ က်န္တာလုပ္.."

"ငါ့မွာ အေျဖမရွိဘူး..."

ေဒါသသမားႀကီး၏သက္ျပင္းခ်သံသည္
ခပ္က်ယ္က်ယ္။

"ငါ ေတာင္းလည္းေတာင္းပန္ၿပီးၿပီ
ေသေသခ်ာခ်ာလည္းညႇိႏွိုင္းၿပီးၿပီ
ဟိုေခြး၂ေကာင္ကိုလည္းတစစီလုပ္ခဲ့ၿပီးၿပီ
ကိစၥေတြအားလုံးၿပီးဆုံးေနၿပီ
ခိုးလည္းခိုးေျပးလာခဲ့ၿပီးၿပီ ငါမင္းကိုပိုင္ေနၿပီ
အတူတူေနၿပီးယူဖို႔ပဲက်န္ေတာ့တယ္...မင္းဘာကိစၥ
ဒီအက္ေၾကာင္းကိုျပန္မဆက္ခ်င္ေနရတာလဲ"

"မဆက္ခ်င္လို႔..."

မေန႔ကေတာ့ေသြး႐ူးေသြးတန္းနဲ႔
အရွိကိုအရွိအတိုင္းဘာေတြလုပ္မိလဲမသိေပမယ့္
ခုပုံမွန္စိတ္နဲ႔က် ၂ႏွစ္ေက်ာ္ေလာက္ျပတ္သားထား
တဲ့ရည္းစားဆိုေတာ့ ခ်က္ခ်င္းႀကီးျပန္ဆက္ရမွာ
တစ္မ်ိဳးပဲ။ရွက္သလိုလို ကိုယ့္ဘက္ကအရမ္းႀကီး
လိုအပ္လြန္းေနမလားလို႔လည္းထင္ျမင္သြားမွာ
စိုးသည္။ သူခ်စ္ေနေသးတာပဲဆိုတဲ့စိတ္နဲ႔
ေပ်ာ္လာတာကလည္းႏွလုံးသားထဲထိန္းလို႔မရ။
Jiminကေတာ့ Jiminဆိုတဲ့အတိုင္း
အနည္းငယ္နားလည္ရခက္စျမဲ။

"ငါ...စိတ္မရွည္ေတာ့ဘူး...Jimin..."

"အဲ့တာနဲ႔မ်ား ျပန္ခ်စ္ခ်င္မေနနဲ႔...စိတ္ကဘယ္အခ်ိန္
မွမရွည္ အ!!!..."

ေမာင္သည္ျမန္ျမန္ဆန္ဆန္ပဲ
ပါးႏွစ္ဖက္ကိုဆြဲယူကာဖူးႂကြေနတဲ့ႏွုတ္ခမ္း
ေတြကိုအရွိန္ျပင္းျပင္းစုပ္ယူလိုက္သည္။
ခ်ိဳအီေနတာပဲ.....။႐ူး႐ူးမူးမူးစြဲလန္းခဲ့ရတဲ့
ႏွုတ္ခမ္းေတြ..။ဆာေလာင္မြတ္သိပ္မွုေတြနဲ႔
အတူ အရိုင္းဆန္စြာနမ္းေတာ့ ဂေယာင္ဂယမ္း
လက္ေတြက အၤက်ီစေတြကိုလာဆြဲေနတယ္။

သူ႔စိတ္ေတြနဲ႔သူ႔ဟာသူတိုင္ပတ္ေနတဲ့အေပၚ
ကၽြန္ေတာ္လိုက္တိုင္ပတ္ေနဖို႔အခ်ိန္မရွိဘူး။
ေနာက္မွတေျဖးေျဖးခ်င္းျပန္ယုယေပးရမယ့္
ပန္းပြင့္ေလးေတြလိုJimin ႏွလုံးသားကို
ကၽြန္ေတာ္ျပန္ပ်ိဳးေထာင္မယ္။
ခုေတာ့ တကယ္ကိုစိတ္မရွည္ေတာ့တာ။

မျငင္းဆိုပါဘူး။သူေရာဘယ္ေလာက္လြမ္းေနလဲ
ဆိုတာသူျပန္တုံ႔ျပန္ေနတဲ့အရွိန္နဲ႔တင္သိသာတယ္။
ဘာလိုအပ္မွာလဲ။ခ်စ္ခဲ့ၾကတာ၇ႏွစ္ ျပန္အဆင္ေျပ
ေတာ့လည္းဒီလိုပဲအနည္းငယ္ေအာ္ဟစ္ဆူညံၿပီး
ညႇိမရေတာ့တဲ့အဆုံး အသားကုန္နမ္းပစ္လိုက္တယ္။

"ေမာင္....ေမာင္ ေတာ္ၿပီ...."

လည္တိုင္ေတြအထိ ေမာင္ကနယ္ခ်ဲ့လာေတာ့
တားဆီးလာၿပီ။သူေနမွမေကာင္းေသးတာပဲ။
နည္းနည္းေလးၾကမ္း႐ုံနဲ႔ျပန္ျဖဴေဖ်ာ့သြားေတာ့
စိတ္ေတာ့မေကာင္း။

"ေျပာ....ခ်စ္တယ္လို႔ ေျပာ....."

ေမာင္ဟာ လည္တိုင္တစ္ေနရာကိုခပ္ျပင္းျပင္း
စုပ္ယူလိုက္ၿပီး ခါးက်ဥ္းက်ဥ္းေလးကိုသူ႔ဘက္
ကိုဆြဲကပ္လိုက္တဲ့အခါတစ္ဖက္ကေခါင္းေလး
ေမာ့သြားသည္။

"ဘယ္လိုေတြျဖစ္ေနတာလဲ...."

"အေျဖမရွိရင္....မင္းတစ္ကိုယ္လုံးမွာ
ေမာင့္ကိုက္ရာေတြအျပည့္ရွိသြားလိမ့္မယ္...
ေျပာ ခ်စ္လား...."

"ေတာ္ ေတာ့ ဆို......"

ဆက္ခနဲအကၤ်ီထဲဝင္လာခဲ့ေသာလက္ေခ်ာင္းေတြ
တူရိယာတစ္ခုလိုကၽြမ္းက်င္စြာလွုပ္ရွား
လာသည္။ ေမာင့္အယုအယကအျမဲတမ္းဆန္းသစ္ဆဲ။
အလြန္အကၽြံကိုသာယာျမဲပဲ။ဘယ္ႏွႏွစ္ဆင္းသက္ရ
ဆင္းသက္ရ မိလို႔မဝတဲ့႐ူး႐ူးမိုက္မိုက္ေထာင္ေခ်ာက္။

"Jimin....."

လက္ခံလိုက္ရမွာကိုမ်က္ႏွာပူလို႔ေရွာင္ဖယ္ရာက
သူ႔ပညာရပ္ေတြၾကားပို၍မ်က္ႏွာပူစရာေတြ
ျဖစ္လာလိမ့္မည္။ရည္းစားေဟာင္းနဲ႔ပထမဆုံး
ျပန္ေပါင္းထုတ္ျခင္းမွာ မထိန္းနိုင္ခဲ့ပါဘူးဆို
ၾကားမေကာင္း။ ေမာင္ဟာအလြန္ဆိုးဆိုး။

စကားနဲ႔ညႇိႏွိုင္း၍မနိုင္နင္းလာလၽွင္
ေမာင့္ရဲ့ေျဖရွင္းပုံက ၁၈ႏွစ္အရြယ္တုန္းက
အတိုင္း ။ တျခားအေၾကာင္းျပခ်က္ေတြမဟုတ္ဘဲ
ေမာင္ တကယ္ခ်စ္ေသးလို႔ ဆိုတာႏွလုံးသားထဲက
ေသခ်ာစြာခံစားခဲ့ရၿပီးၿပီမို႔ သိပ္ဆိုးလို႔မေကာင္း
ေတာ့ဘူးေလ။

"ခ်စ္...တယ္....ေတာ္ေတာ့ ...ရပ္ေတာ့...."

ေလၽွာက္နမ္းေနရာမွ
ညႊတ္ကိုင္းသြားတဲ့ႏွုတ္ခမ္းပါးေတြဟာ
ဂုဏ္ယူဟန္အျပည့္။လွုပ္ရွားမွုေတြရပ္သြားကာ
မ်က္ႏွာခ်င္းဆိုင္ေသေသခ်ာခ်ာၾကည့္လာသည္။
ဒါသည္ ဇာတ္ေပါင္းခန္းေတြရဲ့အထာတစ္မ်ိဴးပဲ။

ခပ္ၾကာၾကာစိုက္ၾကည့္ေနတာမို႔အထူးတလည္
ေမာင့္ဆီကရင္ခုန္ဖြယ္ရာစကားတစ္ခြန္းက်လာ
မည္ကိုေစာင့္ေနလိုက္သည္။ရင္ခုန္သံေတြ
သည္ထိန္းမရေအာင္ကေသာင္းကနင္း။
ၾကာၾကာၿပိဳင္ၾကည့္ဖို႔မတတ္နိုင္ေတာ့၍ေခါင္းေလး
နည္းနည္းငုံ႔သြားရသည္။

ေမာင္သည္ျပဳံးယဲ့ယဲ့ႏွုတ္ခမ္းေတြနဲ႔
ပါးတစ္ဖက္ကိုဖြဖြေလးထိကိုင္လာၿပီးေနာက္
အက္ရွရွအသံျဖင့္ေျပာလာခဲ့ေသာစကား။

"လိမၼာလိုက္တဲ့ ေညႇာင္စိန္ေလး...."

ေမာင္ကျပဳံးေနေပမယ့္ခ်က္ခ်င္းႏွုတ္ခမ္း
ဆူသြားသူသည္ေမာင့္ကိုစူးခနဲၾကည့္လာသည္။
နာမည္ေျပာင္ေလးအသက္ဝင္လာေတာ့
ေညႇာင္စိန္ေလးကိုသိပ္သေဘာမက်ခဲ့သူက
မ်က္ေစာင္းထ္ိုးကာအိပ္ရာေပၚကဆင္းသြားေတာ့သည္။

"ဘယ္လဲ.....ေနဦးေလ ငါခ်စ္လို႔မၿပီးေသးဘူး..."

ထြက္သြားသူေနာက္ေမာင္ကေျပးလိုက္ကာ
ခါးေသးေသးေလးကေနအ႐ုပ္ေလးလိုဆြဲမ
ေတာ့ ရိုက္ပုတ္ေနေသာလက္ကေလးေတြသည္
ၾကမ္းၾကမ္းတမ္းတမ္း။

"ငါ့ကို အဲ့နာမည္မေခၚနဲ႔....."

"ေအး မေခၚဘူး....မေခၚဘူး....
ေယာင္ထြက္သြားတာ....."

မၾကည္မလင္မ်က္ႏွာေလးကိုေမာင္က
ၾကည္ၾကည္လင္လင္ျပဳံးျပကာတုံ႔ျပန္ေတာ့
တစ္ဖက္ကမေနန္ိုင္ေတာ့။မသိမသာေလး
ျပဳံးလာၿပီး ေမာင့္ပုခုံးေတြေပၚေခါင္းေလး
ဖြက္ပစ္လိုက္ေတာ့သည္။

ေမာင္ ကဖူးႂကြေနေသာမ်က္ႏွာေပၚက
မ်က္ရည္စေတြေပက်ံေနတာေတြအားလုံးအား
သုတ္ေပးလိုက္ကာ

"မနက္စာ စားရေအာင္...ၿပီးရင္
ေဆးသြားျပရမယ္...ေမာင္ႏွလုံးအထူးကု
ပါရဂူတစ္ေယာက္နဲ႔ခ်ိတ္ၿပီးၿပီ...."

"ပါရဂူ...ငါ့အေျခအေနက အရမ္းဆိုးလို႔လား"

ၿငိဳးငယ္စြာသူေမးလာသည္။
ဆိုးတာေပါ့။ညိဳေနတဲ့မ်က္ဝန္းေတြနဲ႔
ျဖဴေဖ်ာ့ေဖ်ာ့သ႑ာန္ဟာအားရစရာမရွိပါ။
ေရာဂါနဲ႔ႏွိပ္စက္မွုကိုအျပင္းအထန္ခံစားေနရ
ေၾကာင္းေပၚလြင္ပါသည္။ခုေတာင္နည္းနည္း
ေလးပဲပင္ပန္းရေသးတယ္ သူေမာပန္းေနၿပီ။
ဒါေပမယ့္ကၽြန္ေတာ္ကJeonJungkookျဖစ္ေနတယ္။

ေတာက္ပတဲ့မ်က္ဝန္းေလးေတြျပန္ျမင္ရဖို႔
ျပည့္ဝစြာအသက္ရွုနိုင္ဖ္ို႔။
ပန္းႏုေရာင္ေလးျပန္သမ္းေစဖို႔
ကၽြန္ေတာ့္ႏွလုံးသားအစားထိုးေပးရမယ္ဆိုလည္း
ခ်က္ခ်င္းထုတ္ေပးနိုင္တဲ့ေကာင္ေလ။

မေၾကာက္ပါဘူး သူသာအနားနားရွိ
ဘယ္ေလာကဓံ ဘယ္ျပႆနာ
ဘယ္အခက္အခဲကိုမွမေၾကာက္ဘူး။
ဒါကိုလည္းေျဖရွင္းမွာ။
ParkJiminက JeonJungkookရဲ့ဘဝ။

"မဟုတ္ပါဘူး ငါျပမွာ...မင္းကိုခ်စ္ရတာ
ႏွလုံးသားေတြမနိုင္နင္းေတာ့လို႔ကုသဖို႔လိုလာလို႔"

"အ႐ူးေကာင္....."

ေမာင္က တစ္ခ်ိန္လုံးခ်ီပိုးထားကာ
တိုက္ခန္းက်ဥ္းက်ဥ္းေလးထဲ
ရယ္ေမာေနခဲ့တယ္။ျပန္ဆုံဆည္းခဲ့ျခင္းတစ္ခုဟာ
သိပ္လွလွပပေတာ့မဟုတ္ခဲ့ေပမယ့္
အင္အားျပင္းတဲ့အခ်စ္ေတြနဲ႔ မလွပျခင္းေတြကို
ဖုံးကြယ္နိုင္ခဲ့တယ္။

သူ႔ခံစားခ်က္ေလးေတြနဲ႔သူ
ႏွုတ္ခမ္းကလိုအပ္ေၾကာင္း
သိပ္အမ်ားႀကီးဝန္မခံရဲခဲ့ေသာ္ျငား
ေမာင့္ကို မလႊတ္စတမ္းကိုဖက္တြယ္
ထားခဲ့တဲ့လက္ကေလးေတြဟာ
သိပ္တင္းတင္းက်ပ္က်ပ္။

မနက္စာစားရန္စားပြဲဆီကိုေခၚသြားခဲ့ၿပီး
ေမာင္ကစားပြဲေပၚကိုခ်ီပိုးတင္လိုက္ကာ
မနက္စာျပင္ဆင္မလိုလိုႏွင့္
ႏူးႏူးညံ့ညံ့အနမ္းတစ္ခုက္ိုစတင္ခဲ့ေတာ့တယ္။
မရိုင္းျပေတာ့တဲ့ ျပန္ဆုံစည္းျခင္းအနမ္းေတြဟာ
ပန္းေတြပြင့္သြားနိုင္သည္အထိခ်ိဳၿမိန္ေနခဲ့သည္။

"ဘယ္ေတာ့မွမခြဲေတာ့ဘူးေနာ္..."

တိုးရွရွစကားတစ္ခြန္းဆိုၿပီးသည့္ေနာက္
ေမာင္ဟာ ထပ္မံႏွုတ္ခမ္းေတြကိုခစားလာျပန္သည္။
၂ႏွစ္စာအနမ္းအခ်ိန္ေတြ ၂ႏွစ္စာအလြမ္းေတြကို
ဘယ္အခ်္ိန္ထိေခ်ပေနမလဲမသိ။
ေမာင့္လည္တိုင္ေတြကို လက္ႏွစ္ဖက္ယွက္ကာ
လိလိမၼာမၼာျပန္တုံ႔ျပန္ေနေသာႏွုတ္ခမ္းေတြသည္
ေမာင္သြားရင္သြားသေလာက္လြင့္လြင့္ေမ်ာေမ်ာ။

ႏွုတ္ခမ္းခ်င္းၾကားကနားပိတ္ခ်င္စရာ
အသံတခ်ိဳ႕ဟာအခန္းထဲတြင္အရပ္မနားပ်ံ႕ႏွံ့
ေနသည္။ ျပန္ဆုံဆည္းျခင္းအနမ္းေတြဟာ
ရွည္လ်ားလြန္းလိုက္တာ....။

ဤမနက္ခင္းေလးကစၿပီး လွေစခ်င္ေတာ့တာပဲ။

~~~~~~~~
3 Days Later....။

"ယူၿပီး..ျပန္ေတာ့ ငါ့မ်က္စိေရွ႕ေနာက္ထပ္ေပၚ
မလာနဲ႔"

"နင္ငါ့ဘဝကိုေငြနဲ႔တကယ္တန္ဖိုးျဖတ္ခဲ့တာပဲ
ကင္မင္ဂၽြန္....."

"ဆိုပါေတာ့....."

Mask တပ္ထားရေသာေခ်ာေပ့မိုက္ေပ့
မ်က္ႏွာသည္ ဒီေလာက္ျမင္မေကာင္းေတာင္
သူဟာမေလၽွာ့ေသးဘူး။
မ်က္လုံးေတြဟာ မိုက္ရိုင္းေနဆဲပဲ။

"ရပါတယ္ ငါယူသြားလိုက္မယ္...
နင့္ေရွ႕လည္းငါထပ္ေပၚမလာေတာ့ပါဘူး..."

"ေကာင္းၿပီ....ထပ္ေပၚလာရင္လည္းသတ္ပစ္မွာ
အဲ့တာေသခ်ာတယ္..."

"ေၾကာက္လိုက္တာ..."

"ထြက္သြား နင့္ေၾကာင့္အရာအားလုံး
ပ်က္ဆီးကုန္တာ...က်က္သေရမဲ့တယ္..."

မိန္းမတစ္ေယာက္ရဲ့ေရြးခ်ယ္မွုသည္
တစ္ခ်က္မၽွမွားသြား႐ုံနဲ႔တစ္ခါတေလ
အေလၽွာ္အစားေတြလည္းႀကီးတတ္သည္။

ယုံၾကည္မွုေတြ..ေပးဆပ္မွုေတြ
မလုပ္ရက္ေလာက္ပါဘူးလို႔ေနာက္ဆုံးအခ်ိန္အထိ
တိတ္တဆိတ္ေမၽွာ္လင့္ခဲ့မိတာေတြ။
ဝဲတက္လာေသာမ်က္ရည္ေတြကိုအက်မခံခဲ့။
မ်က္ေတာင္ရွည္ရွည္ေတြျဖင့္ေခါက္သိမ္းလိုက္သည္။

"သူေဌး သူတို႔ရွိတဲ့ေနရာကို ကၽြန္ေတာ္တို႔
သိပါၿပီ...."

ကင္မင္ဂၽြန္သည္ ေျခာက္ျခားဖြယ္ရာ
အျပဳံးတစ္ခ်က္ျပဳံးသြားခဲ့သည္။

"ေတာ္လိုက္တာ....."

"နင္ ဘာလုပ္ေနတာလဲ သြားေတာ့..."

သူမ အေပါစားမိန္းမမဟုတ္ဘူး။
ကမၻာတစ္ျခမ္းမွာဒီေယာက်္ားကိုသိပ္ခ်စ္ၿပီး
ဒီေယာက်္ားနဲ႔အခ်ိန္ေတြအမ်ားႀကီးကို
ျဖတ္သန္းခဲ့တယ္။လမ္းေဘးကအတန္းအစားလို
ႏွင္ထုတ္ခံလိုက္ရတဲ့Feeling သည္လက္ဖ်ားေတြ
တုန္ရီသည္အထိနာက်င္ပါသည္။

"ေအး သြားမယ္...."

မိန္းကေလးသည္စားပြဲေပၚကခ်က္လက္မွတ္
အားဆြဲယူၿပီးကင္မင္ဂၽြန္အား
တစ္ခ်က္စိုက္ၾကည့္ကာထြက္သြားခဲ့သည္။

သိပ္အဆင္မေျပေသးေသာက်န္းမာေရး
အေျခအေနကိုမမွုပါ။ တစ္ကိုယ္လုံးကိုစုတ္ျပတ္
သတ္သြားေစသည့္ JeonJungkookကို
နည္းနည္းေလးမွမေက်နပ္။
လိုခ်င္လြန္းလို႔နည္းေပါင္းစုံသုံးကာ
ယူခဲ့ရေသာ ParkJiminကိုလက္လႊတ္ခဲ့ရတာကို
လည္းခံျပင္းသည္။

သတိရရခ်င္းမွာပဲ ဘဝမွာတစ္ခါမၾကဳံခဲ့ဖူးေသာ
နာက်င္မွုနဲ႔႐ုပ္ပ်က္ဆင္းပ်က္မ်က္ႏွာေၾကာင့္
ေဒါသသည္အသားေတြပင္တုန္သည္။
ျပန္သတ္ရမွက္ုေက်နပ္နိုင္မည့္စိတ္၏အေလာင္
သည္ေဆး႐ုံေပၚမွာေတာင္မေနနိုင္ခဲ့ပါ။

ကင္မင္ဂၽြန္ ဆိုတာအလြယ္တကူမၿပိဳလဲတတ္
လို႔ ရာဇဝင္တြင္ေအာင္ခ်စ္ၾကတဲ့လူေတြၾကား
ဗီလိန္လုပ္ေနတာ။

ေနာက္တစ္နိုင္ငံကူးေတာင္လြယ္လြယ္ေလး
သိနိုင္ေသာသူ႔လက္တံေတြမွာ ဒါသည္ကေလး
ဆန္လြန္းေသာအကြက္တစ္ကြက္ပဲ။

ဒီတစ္ခါကေတာ့ ႏွစ္ေယာက္လုံးကို
လက္စသတ္ပစ္မည့္အစီအစဥ္ျဖစ္သည္။
ဘယ္တစ္ေယာက္က္ိုမွခြင့္မလႊတ္နိုင္ဘူး။
သူ႔မွာ ဘာမွလည္းမရွိေတာ့ဘူး။
လူေတာလည္းမတ္ိုး ဘဝလည္းပ်က္မယ့္
အတူတူ ၂ေယာက္လုံးကိုဆြဲခ်သြားဖို႔အသင့္ပဲ။

ေပ်ာ္လို႔ရတဲ့အခ်ိန္ေတြမွာေပ်ာ္ထားလိုက္ၾကပါဦး။

~~~~~~~~။

ေရခ်ယ္တို႔စီစဥ္ေပးထားတဲ့အတိုင္း
အေျခအေနေတြမတည္မၿငိမ္မခ်င္း
တိုက္ခန္းမွာ ႏွစ္ေယာက္ထဲ မ်က္စိပိတ္
နားပိတ္ ဖုန္းပိတ္ တံခါးပိတ္ေနေနခဲ့သည္။
ျပႆနာေတြရွိလို႔ ကင္မင္ဂၽြန့္ရန္ကိုေရွာင္ရန္
ခဏတျဖဳတ္ေျပးေနရေသာ္ျငား ဒီလိုေနရတာကို
ေမာင္သိပ္ႀကိဳက္ေနပါ၏။

ေခတၱခဏေနၿပီး ဘဝအစစ္ထဲျပန္ဝင္ရမွာ
သိေသာ္လည္း ခိုးေျပးခဲ့ေသာညားခါစအတြဲေလး
ေတြလို ရင္ခုန္သံေတြသည္ နာရီတိုင္းမွာမရိုးနိုင္။
ဒါေတာင္၇ႏွစ္ေလာက္အတူတူရွိခဲ့ဖူးတာ။
မတူဘူး ခံစားခ်က္က ဘာနဲ႔မွကိုမတူဘူး။

အိပ္လိုက္ စားလိုက္ ျပန္အိပ္လိုက္
သတိရတိုင္းသူ႔ကိုေကြ႕ပတ္ေရွာင္​ကာ
ျပတင္းေပါက္နားအျမဲထိုင္ဘာေတြလြမ္းေနမွန္း
မသိေသာဂ်စ္ကန္ကန္ေလးကို
သြားစလိုက္ အသဲယားလိုက္ ခ်စ္လိုက္ႏွင့္
ေမာင့္ မွာ မအားလပ္။

သူငယ္ခ်င္းေတြကလည္းတာဝန္ေက်စြာ
အားလုံးေနာက္မွSupporting အေကာင္းဆုံး
ေပးေနသည္။

"သားႀကီး မင္းတို႔ အိုေကစိုေျပရဲ့လား..."

"စိုေျပပါတယ္...."

"ဘယ္ႏွရက္ေတာင္ ေအာင္းေနမွာလဲ
အားလုံးေျပလည္ေနၿပီပဲ ငါတ္ို႔စကြက္
Hoseok ဆိုင္မွာ လူျပန္စုံရေအာင္..."

"ေနပါဦး ထယ္ရာ ငါဒီလိုေနရတာ
ႀကိဳက္ေနတယ္ႏွစ္ေယာက္ထဲ ေအးေဆးပဲ
ငါ့ကိုသိပ္အကပ္မခံတာကလြဲရင္
မိုက္တယ္...."

"အကပ္မခံဘူးလား
ေအး..နည္းနည္းေတာ့ရွိန္ေနမွာေပါ့ကြာ
သူ႔မွာ အေျခအေနေတြလည္းရွိခဲ့ေတာ့...
နားလည္ေပးလိုက္ပါ..."

"ေပးပါတယ္...ျပန္ခ်စ္ေပးတာကိုပဲ
ေက်းဇူးဆယ္ကမၻာစာေန႔တိုင္းတင္ေနရတာ
ငါ့ကို မခ်စ္ေတာ့ဘူးဆိုတာ မဟုတ္ဘူးသိလားထယ္
သူစိတ္ဆိုးလို႔ေျပာခဲ့တာ .."

"ေအးပါကြာ....ၾကားရတာငိုခ်င္လိုက္တာ
ခ်စ္ခ်စ္ခင္ခင္ေနၾကေနာ္ ငါနဲ႔အစ္ကို႔လို..."

"ဒါပဲ ...ဒါပဲ ျပတင္းေပါက္မွာလြမ္းၿပီးေတာ့
ငါ့ဆီလာေနၿပီ..."

"ေအး Bro Fighting SeeYou.."

ေမာင္သည္ဖုန္းခ်လိုက္ၿပီးတစ္ဖက္ကဘာေလး
လာေျပာမလဲကိုေသခ်ာေလးေစာင့္ဆိုင္းေနလိုက္သည္။

"ေမာင္ ငါပ်င္းတယ္....ဟိုနားဒီနားသြားရေအာင္
ေစ်းေလးဘာေလးမဝယ္ခ်င္ဘူးလား..."

"မင္း ေနလို႔ေကာင္းလို႔လား...
အျပင္မွာေအးေနတယ္..."

"ဘယ္ေလာက္အထိဒီလိုႀကီးေနေနရမွာလဲ
ေနရမယ္ဆိုရင္လည္း မုန့္ ဘာညာအျပည့္အစုံ
နဲ႔က် ပိုအဆင္ေျပတာေပါ့..."

"အဲ့ျပတင္းေပါက္မွာသြားၿငိမ္ေနတာ
မုန့္ထြက္စားဖို႔ကိုသြားေတြးေနတာလား..."

"မေတြးရဘူးလား....
ငါစားခ်င္လို႔ငါေတြးတာေလ"

"သြားမယ္ သြားမယ္....
၂ေယာက္ထဲေအးေအးေဆးေဆးကိုသူ႔မွာ
မေပ်ာ္ရႊင္ဘူးျဖစ္ေနတယ္..."

"ေပ်ာ္ပါတယ္....အစားသိပ္မစားနိုင္တာငါ
လခ်ီေနၿပီ...စားခ်င္စိတ္ေတြအိပ္ခ်င္စိတ္ေတြ
အကုန္ေပ်ာက္ေနတာ ခုစားခ်င္လာလို႔ပါ...
ငါ့ကို ျပႆနာေတြမ်ားတယ္ဆိုၿပီးမၿငိဳျငင္ပါနဲ႔
တကယ္လို႔...."

"ေမာင့္ ကိုၾကည့္ ကေလးႀကိဳက္တဲ့ဟာသ
ကားေလးေလ Season 2အကုန္Downၿပီးၿပီ
ညက် အတူတူရယ္ရေအာင္...ေနာ္..."

လက္ေတြကိုခပ္တင္းတင္းဆုပ္ကိုင္လ္ိုက္
တာေၾကာင့္Jimin စကားေတြရပ္တန့္သြားသည္။
ေမာင္သည္ မ်က္လုံးေတြကိုစိုက္ၾကည့္လၽွက္
အေတြးေတြမလြန္ၾကဴးေစရန္ ဒီဘက္ဟာသဆီ
ကို လႊမ္းမိုးကာေခၚယူေနသည္။

ကေလးေလး၏မ်က္လုံးေတြသည္ေမာင့္ရဲ့
လႊမ္းမိုးမွုေတြေအာက္ျပႆနာေတြကိုေတြးေနရာမွ
ဟာသေတြဆီကိုေရာက္လာသည္။
"ဟင့္အင္းမေတြးရဘူးခုရပ္"ဆိုတဲ့ျပတ္ရွျခင္း
ေတြေၾကာင့္ မေတြးရဲေတာ့ဘဲ ထိုအေတြးေတြသည္
ေမာင့္ရဲ့အာဏာစက္တြင္ထြက္ေျပးသြားၾကေတာ့သည္။
ေမာင့္ကို ေၾကာက္ရတာ သိပ္အႏၲရာယ္ကင္းပါတယ္။

"၄ပိုင္းလားမသိဘူး..."

"ဟုတ္တယ္ ၄ပိုင္း ခုစားခ်င္စိတ္ရွိတာ
မွန္သမၽွေမာင္ ဝယ္ေကၽြးမယ္ လာသြားရေအာင္..."

လက္ေဖာင္းေဖာင္းေလးေတြအားဆုပ္ကိုင္ကာ
လိုအပ္တာယူလၽွက္အခန္းတံခါးကိုဖြင့္လိုက္သည္
ႏွင့္အခန္းေရွ႕တည့္တည့္မွာေရာက္ေနေသာ
လူတစ္ေယာက္။

႐ုတ္တရက္မို႔၂ေယာက္လုံးအံ့အားသင့္ေနတုန္း
လူ၂ေယာက္ေလာက္သည္ေမာင့္အားအခန္းထဲ
သို႔ကန္ေက်ာက္ပစ္လိုက္သည္။

"ေသာက္ရမ္းေပ်ာ္ေနတဲ့ပုံပဲ..."

အသံနဲ႔တင္လွုပ္ရွားေၾကာက္လန့္လာေသာ
စိတ္သည္ေသြးေတြအားလုံးကိုပူေလာင္
သြားေစကာမလွုပ္နိုင္ေတာ့။သူစိတ္က်န္းမာေရးလည္း
မေကာင္းသလို ခႏၶာကိုယ္က်န္းမာေရးလည္း
မေကာင္းပါ။ေဘာင္အစြန္းမွာတင္ထားရတဲ့
ဖန္ခြက္ေလးတစ္လုံးလိုမနည္းထိန္းသိမ္းေနရတာမ်ိဳး။

"ေခြးသေတာင္းစား!!!!"

ေမာင္သည္ ခ်က္ခ်င္းျပန္ထကာကင္မင္ဂၽြန္
အားတစ္ခုခုေျပးလုပ္ရန္ေျပးလာခ်ိန္တြင္
ကင္မင္ဂၽြန္သည္ ညႊတ္ကိုင္းသြားေသာ
ႏွုတ္ခမ္းေတြနဲ႔အတူ Jiminအားဆြဲေခၚလိုက္ကာ
လည္တိုင္တည့္တည့္ကိုေထာက္လာေသာ
ဓားသည္ ေမာင့္မ်က္လုံးေတြကိုျပာသြားေစသည္။

"ေတာင္းပန္စမ္း....ငါေတာင္းပန္ခံဖို႔လာတာ
မင္းငါ့ကိုလုပ္ခဲ့သမၽွကို ဒူးေထာက္ၿပီး
ရိုရိုက်ိဳးက်ိဳးေတာင္းပန္ မလုပ္ရင္
မ်က္စိေရွ႕တည့္တည့္တင္ ငါသတ္ျပမယ္..."

"လႊတ္စမ္း!!!ေခြးလိုေကာင္!!! မထိနဲ႔ေနာ္
သူ႔ကိုမထိနဲ႔...."

"မထိေစခ်င္ရင္ ခိုင္းတာလုပ္
ငါလိုေကာင္ကို ဒီလိုလုပ္သြားၿပီးေအးေဆး
သာယာရဲေနတာ သိပ္သတၱိရွိတာပဲJeonJungkook"

"လႊတ္ေပးလိုက္စမ္း!!!ေသြးတစ္စထြက္တာ
နဲ႔မင္း အေသပဲ..."

"ေလက်ယ္နိုင္ေသးတာလား..
ParkJimin ကငါ့လက္ထဲမွာေနာ္
လူေရာ အသက္ေရာ ...ဒူးေထာက္စမ္း!!!!!"

ကင္မင္ဂၽြန္သည္ ေဘးကလူ၂ေယာက္အား
မ်က္စပစ္ျပလိုက္တဲ့အခါထိုလူေတြသည္
ေမာင့္အားဒူးေထာက္က်သြားေအာင္အတင္းအက်ပ္
လုပ္ယူသည္။ဒါေပမယ့္မလြယ္ကူခဲ့ဘဲ
ျပင္းထန္ေသာတုံ႔ျပန္မွုေတြနဲ႔အတူဆူညံေနသည္။

"မင္း လည္းၾကည့္ရမယ္...
မင္းရဲ့သိပ္အားကိုးအားထားျပဳတဲ့ေကာင္
ငါေရွ႕ဘယ္လိုရွုံးျပမလဲဆိုတာ
ငါ့ကိုသိပ္ေလၽွာ့တြက္လြန္းတာပဲ ParkJimin"

"ရွုံးေနတာ မင္းေလ ေခြးေကာင္ရဲ့...
ငါလည္ပင္းကိုဓားေထာက္ေနလို႔
ငါေၾကာက္ေနၿပီလို႔ ထင္မွတ္ေနမွာပဲ
JeonJungkook သာငါ့အနားနားမွာရွိေနရင္
ဘာကိုမွငါေစာက္ဂ႐ုစိုက္စရာမလိုဘူးဆိုတာ
ငါေသေသခ်ာခ်ာသိတယ္...."

"ေဟ့ေကာင္ေတြ ေတာ္ေတာ့...."

လူ၃ေယာက္ေလာက္ခ်ဴပ္ကိုင္ထားေသာ
အေျခအေနမွာ ၂ေယာက္လုံးလုံးဝအႏၲရာယ္
မကင္းေတာ့ဘူးဆိုတာေမာင္တြက္မိလိုက္သည္။
သူငယ္ခ်င္းေတြလည္းအနားနားမရွိ။
တိုက္ခန္းထဲျဖစ္ပ်က္ေနတာေတြကိုအျပင္က
ဘယ္သူကရိပ္မိနိုင္မွာလဲ။လူအင္အားအမ်ားႀကီး
ကိုေမာင္မေၾကာက္ေပမယ့္ ကင္မင္ဂၽြန္လက္ထဲမွာ
Jimin ေရာက္ေနတာက သူ႔ကိုလွုပ္လို႔မရေစခဲ့ပါ။
ထိုအရာကေၾကာက္စရာအေကာင္းဆုံးပဲ။

"သတ္လိုက္...."

ေငြရွိေနသေရြ႕ ဒီလိုလုပ္ရပ္ေတြဟာမဆန္းေတာ့။
ဒီလိုပဲဆူးခလုတ္ေတြကိုလက္စေဖ်ာက္ခဲ့တာပဲ။
ဒီေကာင္က သူ႔ကိုနာက်င္ေစလို႔ပို၍ပင္သတ္ခ်င္စရာ
ေကာင္းေနပါသည္။

"ေသခ်ာၾကည့္ေနာ္ မင္းေၾကာက္လာမွာ
ေသခ်ာတယ္....."

လူ၃ေယာက္ေလာက္ခ်ဴပ္ထားသည့္ၾကားက
မလွုပ္ရွားနိုင္ေတာ့သည့္အခ်ိန္တြင္ ကင္မင္ဂၽြန္
၏လူယုံေတာ္ေကာင္သည္ ထက္ရွေနေသာ
ဓားတစ္လက္အားဆြဲထုတ္လာကာJeonဆီကို
ေလၽွာက္လွမ္းသြားေတာ့သည္။

"မလုပ္နဲ႔!!!!!မလုပ္ပါနဲ႔!!!!!."

ဓားကိုဆြဲေျမႇာက္လိုက္ေသာအခ်ိန္တြင္
ကင္မင္ဂၽြန္သည္အားရစြာျပဳံးရယ္သြား
ေတာ့သည္။

အုန္း....။

Jimin ကမၻာပ်က္ၿပီဟုခံစားလိုက္ရေသာ
အခ်္ိန္တြင္ျပင္းထန္ေသာရိုက္ခ်က္တစ္ခုႏွင့္အတူ
ကင္မင္ဂၽြန္သည္ၿပိဳလဲက်သြားသည္။
လည္ပင္းကဓားလည္းမရွိေတာ့သလို
ေမာင့္ကိုသတ္ေတာ့မည့္ေကာင္၏
လက္ကိုစိုက္ဝင္ေနေသာဓားေျမာင္တစ္လက္။

"အားးးးးး"

ဘယ္သူေရာက္လာတာလဲဟုအလန့္တၾကား
လွည့္ၾကည့္လိုက္ခ်ိန္တြင္ သံတုတ္တစ္ေခ်ာင္း
ပုခုံးေပၚတင္ကာ မွိုင္းျပေနေသာKimSeokJin ။

"JinHyung!!!!"

Jinသည္ ပီေကတစ္ခုအားခပ္ေျဖးေျဖးဝါးလၽွက္
လဲေနေသာကင္မင္ဂၽြန္၏ရင္ဘက္ေပၚကို
ေျခေထာက္ျဖင့္နင္းလိုက္သည္။

"ေသာက္႐ူးေလး...မင္းဘယ္အခ်ိန္
အေခါင္းထဲက ထြက္လာမလဲေစာင့္ေနတာ
ေနာက္ဆုံးေတာ့ ေတြ႕ရၿပီေပါ့..."

"မင္း....မင္း ဘာေကာင္လဲ
ဘာလာရွုပ္တာလဲ!!!"

"ငါ...KimSeokJin"

"ဖယ္စမ္း!!!!"

Jinရဲ့ေျခေထာက္ကိုတြန္းဖယ္ကာ႐ုန္းထြက္
ေတာ့ ပိုၿပီးဖိထားလိုက္သည္။
ထြီခနဲေထြးထုတ္လိုက္ေသာပီေကသည္
လဲက်ေနေသာလူ၏မ်က္ႏွာတည့္တည့္သို႔။

"KimSeokJin ကိုေက်ာလို႔မရဘူး
အနိုင္ယူလို႔မရဘူး..
နာက်င္ေအာင္လုပ္လို႔မရဘူး
မင္းရဲ့ က်က္သေရမဲ့မ်က္ႏွာပ်က္ဆီးသြား
တာကို ဒီေလာက္စပ္စပ္ခါေအာင္နာေနရင္
ငါ့ေခါင္းက တန္ဖိုးျဖတ္လို႔မရတဲ့
ဥာဏ္ပညာေတြေန႔တိုင္းကြန့္ျမဴးေနတာ
ျမည္းစမ္းလိုက္ပါဦး ေသာက္႐ူးေကာင္..."

အုန္းးးးး။

လက္စြဲေတာ္တုတ္ျဖင့္လက္စားေခ်
ရိုက္ခ်က္တစ္ခုသည္ ရက္ရက္စက္စက္။
တစ္ခ်က္ပဲရိုက္ဖို႔စဥ္းစားလာတာပါ။
မတရားတာေတြလည္းမလုပ္ခ်င္ဘူး။

ဒါေပမယ့္လည္း JungKook ကိုေတာင္
လူအားကိုးနဲ႔သတ္မည့္အထိ ေသာက္႐ူးထရဲ
ေတာ့မေက်နပ္ခ်င္။ ဓားနဲ႔ရြယ္ခဲ့ေသာ
ေကာင္ဆီသြားကာ လက္မွာစိုက္ေနေသာ
ဓားေျမႇာင္ကို ပိုနက္ေအာင္စိုက္ခ်ေတာ့
ေအာ္သံသည္စီခနဲ။

"အားးးးးး"

"ေခါင္းေဆာင္..ေအာက္မွာ ရဲေတြလာေနၿပီ..."

"က်စ္....အေရးအေၾကာင္းဆိုလာရွုပ္ၾကၿပီ
ငါေျပးေတာ့မယ္ Jungkook....
ဘာမွမျဖစ္ဘူး ဒီေကာင္မေသဘူးစိတ္မပူနဲ႔
သိလား...."

"ေသရင္ေရာ ေသရင္ေရာ..."

JungKook က ယုံၾကည္စြာေခါင္းၿငိမ့္ျပေပမယ့္
အျပစ္အစားခံရမွာေၾကာက္ေနတဲ့Jungkook
ရင္ခြင္ထဲကသူနဲ႔ဟိုတုန္းထဲကသိပ္မတည့္
ေသာေကာင္ေလးက လာကယ္တာေတာင္
ေက်းဇူးမတင္ခဲ့ပါ။

"ေသေတာ့လည္းေအးတာေပါ့...ငါသြားၿပီ"

"JinHyung!!!"

ျမန္ဆန္ခ်က္သည္ စကၠန့္ပိုင္းအတြင္းမွာ
လူေတြေရာ လက္နက္ေတြေရာ အကုန္အေပ်ာက္။

ရဲေတြဝင္လာခဲ့ၾကၿပီးကင္မင္ဂၽြန္အား
ဆြဲထူကာ လက္ထိပ္ခတ္လိုက္ၾကသည္။
ဘာမွမေျပာမဆိုတန္းလက္ထိပ္ခတ္လိုက္
တာေၾကာင့္ အံ့ဩစရာေတာ့အနည္းငယ္ေကာင္းသည္။

"ဘာလုပ္တာလဲ!!!ငါဘာလုပ္လို႔ငါ့ကို
လက္ထိပ္ခတ္တာလဲ...ဒါငါ့အသိေတြ
ငါတို႔ စကားေျပာရင္းအေျခအတင္ျဖစ္တာ
မင္းတို႔ ပါဝင္ဖို႔မလိုဘူး..ငါဘာျပစ္မွုမွက်ဴးလြန္
မထားဘူး..."

"ကင္မင္ဂၽြန္ကို တရားမဝင္ေမွာင္ခိုလုပ္ငန္း
လုပ္ကိုင္မွုမူးယစ္ေဆးဝါးသုံးစြဲမွု ကာမလိမ္လည္မွု
ေတြနဲ႔ ဖမ္းပါတယ္...."

"ဘာ!!!!!"

"သက္ေသအျပည့္အစုံလည္းကၽြန္ေတာ္တို႔
လက္ထဲရွိေနၿပီမလို႔ ေျပာခ်င္တာကိုစခန္းေရာက္
ရင္ေျပာပါ..."

"သက္ေသ...သက္ေသ...ဘယ္ကသက္ေသ
ေတြလဲ...!!!!!"

ေဒါက္ဖိနပ္သံတစ္ခုသည္
ေလယာဥ္ကြင္းထဲစည္းခ်က္မွန္မွန္။
ခရီးေဆာင္အိတ္တစ္ခုကိုဆြဲကာ
ေနကာမ်က္မွန္တစ္လက္ကိုလွလွေလးတပ္လိုက္သည္။

ခ်စ္လို႔ မင္းဘယ္ေလာက္ဆိုးဆိုး
မင္းရဲ့ယုတ္မာမွုေတြကိုအခ်စ္ေတြနဲ႔
ႏွစ္ေပါင္းမ်ားစြာ ငါသိမ္းဆည္းေပးထားခဲ့တယ္။

ခ်စ္လို႔..လူဆိုးတစ္ေယာက္ဆိုရင္ေတာင္
ငါ့အခ်စ္ကိုမေစာ္ကားသေရြ႕
လူေကာင္းေလးလို ယုယေပးခဲ့တယ္။

မိန္းမတစ္ေယာက္ရဲ့ႏွလုံးသားက
အင္မတန္ရွုပ္ေထြးပါတယ္။

ခ်စ္လို႔..နင္ဟာ ေသဒဏ္ပဲ...ဒါလင္။
ကံေကာင္းလို႔လြဲရင္ေတာင္
ငါကမျဖစ္ျဖစ္ေအာင္တြန္းပို႔ဦးမွာမလို႔
ေနာက္ဘဝမ်ားမွာ ဘယ္ေတာ့မွ
မ္ိန္းမတစ္ေယာက္ရဲ့ အခ်စ္နဲ႔ဘဝကို
ထပ္မေစာ္ကားမိေစနဲ႔။

ခ်က္လက္မွတ္တစ္ခုအားစမတ္တက်လမ္း
ေလၽွာက္ေနရင္းမွေလထဲကိုလႊင့္ပစ္လိုက္သည္။
ျခယ္သထားေသာမ်က္လုံးေတြမွမ်က္ရည္
တစ္စက္စီးဆင္းသြားတဲ့အခါ လွလွပပေလး
သုတ္လိုက္ၿပီး ေလယာဥ္ေပၚတက္သြားခဲ့ေတာ့သည္။

~~~~~~~။

Continuer la Lecture

Vous Aimerez Aussi

188K 17.4K 40
လူတိုင်းကလူလိမ်တွေချည်းဘဲ..ကျွန်တော်ကအဲ့ထဲပါတယ်..ကိုယ့်ကိုယ်ကိုလိမ်ခဲ့တယ်..ခုကျွန်တော်မလိမ်ချင်တော့ရုံဘဲ..အမှန်တရား..တစ်ခုကိုပြောပြလိုက်တယ် ""သူမင်းက...
285K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
766K 106K 64
သံသရာတစ်လျှောက်လုံးရဲ့နှင်းဆီနီနီ
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...