ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုင်း- ၁
အပိုင်း - ၁
အပိုင်း- ၂
အပိုင်း - ၂
အပိုင်း- ၃
အပိုင်း- ၄
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း -၂၅
အပိုင်း - ၂၆
အပိုင်း - ၂၆
အပိုင်း ၂၇
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုင်း - ၃၅
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၃
1.5K 38 0
By ShwunLaeKyaw
" hello မင်္ဂ လာ ပါ "
ဝဲတဲတဲအသံလေးကြောင့် ထက်နောင် ကြာဇံသုတ်စားနေရာမှ ဆိုင်ရှေ့ဆီ အကြည့်ရောက်မိ၏။
သူထင်သည့်တိုင်း ဝါဖန့်ဖန့်မျက်ဆန်ကြည်ကြည်လေးတို့ဖြင့် ရောက်ရှိလာသူက လူမျိုးခြားလေးပင်။
အုတ်ခဲရောင် ပုဆိုးလေးကို ပုံစံမကျစွာစည်းထားရင်း ခါးပတ်လေးဖြင့် ပတ်ထားပုံက ပုဆိုးမဝတ်တတ်သေးသည့် ကလေးလေးအလား...
သို့သော်ငြား ကပိုကရိုစည်းထားသည့်ပုဆိုးလေးနှင့် ဝါဖျော့ဖျော့ရှပ်လက်တိုကို ဝတ်ဆင်ထားပုံက သူနှင်တော့ အတော်လေးကြည့်ကောင်းနေပြန်၏။
ဖြူဝင်းသောအသားအရေ၊ ဝင်းဖန့်ဖန့်မျက်လုံးတို့နှင့် ယခုဝတ်စုံလေးက သူနှင့် မည်သို့မည်ပုံ ပနံသင့်မှန်းမသိ ပနံသင့်ကာလိုက်ဖက်နေသည်ကိုဖြင့် ဝန်မခံ၍မရ။
" ဟာ Lucas လာလာ "
ထက်နောင် ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည့်အခါ လူးကပ်စ်က နူးညံ့စွာပြုံးပြရင်း ဆိုင်ထဲသို့ဝင်လာ၏။
လူမျိုးခြားလေး၏ အပြုံးက အတော်နွေးထွေးကာ လှပသည်ကိုပါတော့ သူ အသိအမှတ်မပြုမိဘဲ မနေနိုင်ပါလေ...
" ကျွန်တော် အစ်ကို နဲ့ မတွေ့ မှာ ကြောက် နေတာ "
ထက်နောင်ဆီ ဦးတည်ပြောလာသံလေးက လေသံခပ်တိုးတိုး...
လိုချင်သည့်အရာကို ရလိုက်၍ပျော်ရွှင်သွားသည့်
ကလေးတစ်ယောက်အလား ဆိုလာသူကြောင့် ထက်နောင် ရင်ထဲနွေးခနဲ...
" ဪ အစ်ကိုရှိပါတယ်ကွ အမေ ဒါ သားမနေ့ကပြောပြတဲ့ လူးကပ်စ်လေ လူးကပ်စ် ဒါက အစ်ကို့အမေပဲ ဒေါ်ပန်းရုံတဲ့ အစ်ကို့မှာ ညီမလေးတစ်ယောက် ရှိသေးပေမဲ့ ဒီအချိန် သူက ရောက်မလာသေးဘူးလေ "
ထက်နောင်က ဒေါ်ပန်းရုံနှင့် လူးကပ်စ်ကို ပျာပျာသလဲ မိတ်ဆက်ပေးရင်း အလုပ်ရှုပ်နေတော့၏။
အနောက်တိုင်းဗီဇမပျောက်သေးသည့် လူးကပ်စ်က လက်အုပ်လေးချီရင်း
" မင်္ဂ လာ ပါ Lucas Damond ဖြစ် ပါတယ် ဗျ မဲ့ရ် (mère) အဲ မိခင် က ပုဂံမြေ ကပါ ဖခင် က တော့ ပြင် သစ် လူမျိုး ပါ ဗျ "
" အေးကွယ် အဒေါ်က ဒေါ်ပန်းရုံပါ သားလေးက လူလေးက ချောတဲ့အပြင် မြန်မာစကားပြောတာ ချစ်စရာလေးကွယ် ဝင်ထိုင်လေ လာ လာ "
မနေ့က ဖျက်ခနဲမြင်လိုက်ရသည့် လူးကပ်စ်ကိုပင် ချီးကျူးနေသည့်အမေက လူးကပ်စ်၏ စကားပြောသံကို ကြားရသည့်အခါ တပြုံးပြုံးဖြင့် အတော်လေး သဘောကျနေပုံပါပင်...
တက်ကျသံဘာသာစကားဟု သတ်မှတ်ထားသည့်မြန်မာစကားကို လူးကပ်စ်က စကားသံအဖိအဖော့မရှိဘဲ စာဖတ်သည့်အလား တစ်သတ်မတ်တည်း ပြောနေသော်လည်း ထိုအသံလေးကပင် ဆွဲဆောင်မှုတစ်မျိုးဖြစ်နေ၏။
စကားလေးသည်လည်း မဟုတ်ဘဲ စကားတစ်လုံးစီကိုပီပီသသလေး ကြိုးစားပြောနေပုံက မြင်သူတိုင်းကို ပြုံးမိစေနိုင်ပြန်သည်။
" ကျေးဇူး တင် ပါတယ် ခင်ဗျ ကျွန် တော် ဒီဒေ သက ပစ္စည်း တွေ လေ့ လာချင် လို့ ဝင်လာ ခဲ့တာ ပါ ဗျ"
" ဟုတ်ပါပြီကွယ် ဒေါ်ဒေါ်တို့ဆိုင်က ကြိုဆိုပါတယ် သားလေး စိတ်ကြိုက်သာကြည့် ဘာမှမဝယ်သွားလဲ
ရတယ်နော် အားမနာတမ်းသာကြည့် သိလား "
ဖိတ်ခေါ်နေသည့် ဒေါ်ပန်းရုံအသံကလည်း ဝမ်းသာအားရ...
အနီးအနားမှ ဆိုင်အချို့ကလည်း မျက်ဆန်ဝါဝါနှင့် ခပ်ချောချော နိုင်ငံခြားသားလေးအား နှစ်လိုစွာငေးမောနေကြ၏။
လူးကပ်စ်ဆိုသည့် လူမျိုးခြားလေးက ထိုကဲ့သို့လည်း ချစ်မွေးပါလွန်းလှသည်။
" အနံ့ ဒီ အနံ့ကလေ "
" ဟင်! "
ဆိုင်ထဲဝင်ဝင်ချင်း ဆိုလာသည့် လူးကပ်စ်စကားကြောင့် ထက်နောင်နှင့် ဒေါ်ပန်းရုံပါ မျက်လုံးများပြူးသွားရ၏။
လူးကပ်စ်ကမူ နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ရင်း ဆိုင်တွင်ချိတ်ထားသည့် စံကားဝါပန်းကုံးလေးများကို လက်ညှိုးထိုးရင်း
" ဒီ ပန်းပွင့် ဆီက အနံ့ မနေ့ က တည်းက ဒီ တောင်ပေါ် တက်ခဲ့ တဲ့ တစ်လျှောက် လုံးလဲ ဒီ အနံ့ ရ တယ် နေပါ ဦး အဲဒီ ရေမွှေး ရနံ့ကို ကျွန်တော် သိတယ်"
ပုပ္ပားမှ စံကားဝါရနံ့ကို ထူးဆန်းစွာ လေ့လာနေသည့် အာဂသွေးနှောလေးပါပင်...
ဒေါ်ပန်းရုံကမူ စံကားဝါပန်းလေးကို သေသေချာချာထိကိုင်ကြည့်နေရင်း တွေးတွေးဆဆလေး ဆိုလာသည့် ကောင်လေးကိုကြည့်ကာ အရယ်မရပ်ပါလေတော့...
ထက်နောင်လည်း ရယ်မောကာ ခေါင်းတညိတ်ညိတ်လုပ်ရင်း
" ဪ လူးကပ်စ်က စံကားဝါပန်းရနံ့ကို ပြောနေတာပဲ ဒီပန်းက စံကားဝါပန်းတဲ့ လူးကပ်စ်ရဲ့ သူက သိပ်မွှေးတာကြောင့် ရေမွှေးအပြင် အခြားအမွှေးနံ့သာပစ္စည်း ထုတ်တဲ့နေရာမှာလဲ သုံးကြတယ်လေ "
" စံကား ဝါ "
သူ့စကားကို နောက်မှလိုက်ရွတ်ကြည့်နေသည့် လူမျိုးခြားလေးရယ်ပါ...
" ဟုတ်တယ် လူးကပ်စ်ရဲ့ စံကားဝါလို့ခေါ်တယ် အရှေ့တောင်အာရှမှာ ပေါက်ရောက်တတ်တဲ့ Magnolia Champaca မျိုးစိတ်ဝင် yellow- champac ဆိုတဲ့ ပန်းတစ်မျိုးပေါ့ "
" ဒါကြောင့် ထင် တယ် ဒီ ပန်းကို ပြင် သစ်မှာ ကျွန်တော် တစ် ကြိမ်မှ မ မြင် ဖူး ဘူး ဒါထက် အစ်ကို က အဲဒီ ရေမွှေး သုံးတာ လားဗျ "
" ဟေ "
မျက်ဆန်ဝါလေး၏အမေးကို ထက်နောင် ရုတ်တရက် ကြောင်အသွားမိ၏။
" မ မနေ့က အစ်ကို့ ဆီက ဒီရနံ့ ရလိုက် လို့လေ အဲဒါ "
ထိုအခါမှ ထက်နောင် ဟက်ခနဲရယ်ချမိရင်း
" ဪ အဲဒါလား အစ်ကိုက ရေမွှေးမသုံးဖြစ်ပါဘူး ဒီဘက်မှာက စံကားဝါတွေသိပ်ပေါတော့ စံကားဝါတွေကောက်ပြီး လျှော်ဖွပ်ပြီးတဲ့အင်္ကျီတွေကြား ညှပ်ထားလိုက်တာလေ သူ့ရနံ့က အင်္ကျီမှာ လာစွဲနေတာ "
" အာ အဲလိုလား hand made perfumeပေါ့ ဒီပန်း အကြောင်း ရော ပြော ပြလို့ ရလား ခင်ဗျ "
" သိပ်ရတာပေါ့ ဒီပန်းမျိုးနွယ်က ဟောဒီ စံကားဝါအပြင် စံကားဖြူ၊ စံကားစိမ်း၊ စံကားရွှေ၊ စံကားနီရယ်လို့လဲ ရှိသေးပေမဲ့ ဒီပုပ္ပားမြေမှာတော့ စကားဝါပန်းက အပေါဆုံးပဲ ဒီမြေမှာ စံကားဝါပန်းတွေ သိပ်ပေါတာမို့ စံကားဝါမြေလို့တောင် ခေါ်ကြတယ်လေ "
" စံကား ဖြူ၊ စံကား စိမ်း၊ စံကား ရွှေ အင်း...ပြီးတော့ ဘာတဲ့ စံကား နီ အဲ့ အဲဒါ တွေက ရော သူ့လို ပဲလား "
သူ့စကားကို ငြိမ်ငြိမ်လေး နားထောင်နေသည့် ကောင်လေးက မျက်မှောင်လေးကုတ်ရင်း စူးစမ်းလာပြန်၏။
သူပြောသည့်ပန်းနာမည်များကို တစ်ခုချင်း အတိအကျ လိုက်မှတ်နိုင်သည့် လူမျိုးခြားလေးက ဉာဏ်အတော်ထက်မည့်ပုံလေးပင်...
ဘေးဆိုင်မှ ဆိုင်ရှင်အချို့ကပင် ထက်နောင်အား တတွတ်တွတ်မေးရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည့် လူးကပ်စ်အား သဘောကျစရာအရုပ်လေးအလား ပြုံးရယ်ရင်းငေးကြည့်နေကြတော့သည်။
ပန်းအကြောင်း သဘောတကျမေးမြန်းနေသည့် လူမျိုးခြားလေးကို သူ ခေါင်းညိတ်ပြမိရင်း
" အင်း ဆိုပါတော့ နည်းနည်းတော့ ကွာတာရှိကြပေမဲ့ ဒီအမျိုးနွယ်ဝင်မို့ အတော်တူကြတာပေါ့ ပွင့်ချပ်အရောင်အလိုက် ခေါ်ကြတာပါပဲ "
" ပွင့် ချပ် "
" ဪ ပွင့်ချပ်ဆိုတာက petal ကိုပြောတာ ဒီပန်းက ပွင့်ချပ်အရောင်အလိုက် ပန်းအမည်ကွဲသွားတာလေ အင်း color of petalအရပေါ့ အဖြူ၊ အစိမ်း၊ အနီဆိုတာ အရောင်တွေဆိုတာတော့ သိတယ်မဟုတ်လား အခု ပန်းတွေကိုလည်း အင်္ဂလိပ်လိုပြောရရင် white champaca, green champaca, golden champacaနဲ့ red champaca လို့ခေါ်ကြတာပေါ့ "
လူးကပ်စ်က စကားဝါပွင့်လေးကို အသာအယာထိကိုင်ကြည့်ရင်း
" ဟုတ် ကဲ့ ကျွန်တော် နားလည် ပါပြီ စံကား ဝါက တကယ် လှတယ် နော် ကျွန်တော်က ပျော်ရွှင်ခြင်းလို့ အမည်ရတဲ့ အဝါရောင် ကို သဘော အကျဆုံး ပဲလေ ဒီတော့ ဒီပန်း အမျိုး အစား ထဲမှာလဲ စံကား ဝါကိုပဲ ပိုကြိုက် မိမယ် ထင်ပါတယ် "
ထက်နောင် လူမျိုးခြားလေးကို ပြုံးပြရင်း ခေါင်းညိတ်မိ၏။
အဝါရောင်က ပျော်ရွှင်ခြင်းဆိုတာ တကယ်ဟုတ်မှာ...
မင်းရောက်လာကတည်းက ဒီလူ့ဘဝထဲပျော်ရွှင်ခြင်းတွေ အကန့်အသတ်မဲ့ တစ်ဟုန်ထိုးဝင်လာလိုက်ပုံများ အံ့အားသင့်စရာ မဟုတ်လား...
" အင်း မြန်မာတွေကလဲ စံကားပန်းမျိုးစိတ်တွေထဲ စံကားဝါကို ပိုအလေးထားတယ် ပိုသဘောကျကြတယ် လူးကပ်စ်ရဲ့ အစ်ကိုတို့ မြန်မာလရဲ့ ဒုတိယလဖြစ်တဲ့ ကဆုန်လရဲ့ ရာသီပန်းကိုတောင် ဟောဒီက စံကားဝါပန်းအဖြစ် သတ်မှတ်ခဲ့ကြတာလေ "
" ဒါဆို ကျွန်တော် က မြန်မာ လူမျိုးမို့ စံကား ဝါ ကြိုက်တာ ထင်တယ် ဒီ ပန်းက အနံ့ ကောင်း တယ် နော် "
" ဟေ "
ခပ်တည်တည်ပြောချလာသည့် ကောင်လေးက အမေ့ထံမှ အာမေဋိတ်ကြောင့် မျက်ဆန်ဝါလေးများ ဝိုင်းစက်သွားရင်း
" ဟို ကျွန်တော် ပြော တာ မှား သွား လို့ လားဗျ"
" မမှားပါဘူး သား ပြောတာ မှားတယ်တော့ မဟုတ်ပေမဲ့ ပန်းကို အနံ့ကောင်းတယ်ဆိုတာထက် မွှေးတယ်ပြောရတယ်လေ အင်း မွှေးပျံ့တယ်ပေါ့ကွယ် "
အမေကပါ ရယ်ရယ်မောမော ဝင်ရှင်းပြမှ ထိုကောင်လေးက ခေါင်းလေးတညိတ်ညိတ်ဖြင့်
" အာ အဲဒီ လို လားဗျ ဒါ လေး တွေက ရော ဘာကြောင့် ပုလင်း ထဲ ထည့်ပြီး ရေ နဲ့ နှစ် ထားရ တာလဲ ဗျ ပန်းက ပျက် စီး မသွား ဘူး လား"
ယခုမှပင် ဖန်ပုလင်းလေးများထဲမှ စံကားဝါပန်းများကို မြင်သွားပုံရကာ စံကားဝါပုလင်းလေးများရှေ့ရပ်ရင်း စပ်စုနေသော လူမျိုးခြားလေးပင်...
ပန်းများ နွမ်းခြောက်မသွားနိုင်လားဟု မေးချင်သည်ကို မြန်မာစကားကို လိပ်ပတ်လည်အောင် မတတ်သည့်အခါ မပျက်စီးဘူးလားဟု ဖြစ်သွားကြောင်း ထက်နောင် တပ်အပ်သိလိုက်ပါ၏။
" ဒါက ဒီစံကားဝါရဲ့ ထူးခြားချက်ပဲ လူးကပ်စ်ရဲ့ သူက ခုလိုဖန်ပုလင်းထဲ ရေနဲ့စိမ်ထားရင် ဆယ်နှစ်ကျော်ကြာရင်တောင် အပွင့်က ညှိုးနွမ်းမသွားတဲ့အပြင် မွှေးရနံ့လဲ ပျောက်မသွားဘူးလေ "
" အဟုတ် လား အခြား ပန်း တွေဆို ပျက် အဲ အစ်ကို ပြောတာ ဘယ်လို "
" ညှိုးနွမ်း "
လူးကပ်စ်က ဖန်ပုလင်းလေးကိုယူကြည့်ကာ အထူးအဆန်းသဖွယ် မျက်ဆန်ဝါဝါလေးများ ဝိုင်းစက်နေအောင် ကြည့်နေရင်းမှ
" အင်း ညှိုးနွမ်း တာ အဲလို ဖြစ်သွား မှာ ကို နော် ပုလင်းထဲ ရေနဲ့ ထည့်ထား တာကို ဘာမှ မပြောင်း လဲ ဘူး ပေါ့ ထူး ဆန်း လိုက်တာ "
" ရေက ရိုးရိုးရေမဟုတ်ဘဲ ကျောက်ချဉ်ကျိုထားတဲ့
ရေနဲ့စိမ်ထားတာ ဆိုတာပါ ထည့်ပြောလေသားရဲ့ "
" ကျောက် ချဉ် အဲဒါ ကရော ဘာ လဲ အစ်ကို "
ဒေါ်ပန်းရုံစကားကြောင့် လူးကပ်စ် မျက်လုံးလေးများက စံကားဝါပုလင်းထံမှ အကြည့်ခွာရင်း ကျောက်ချဉ်ဆိုသည်ကို သိချင်စွာမေးလာပြန်၏။
" ဪ ကျောက်ချဉ်ဆိုတာ alumကိုခေါ်တာ ရေကိုကြည်စေတဲ့ အစိုင်အခဲလေးလေ လူးကပ်စ်လဲ သိတယ်မဟုတ်လား alumကို "
" ဟုတ် ကဲ့ "
" ဒီပုလင်းထဲရေက alumကို ရေထဲအရည်ပျော်ကျတဲ့အထိထည့်ကျိုပြီးမှ အဲဒီရေကို ဒီစံကားဝါကိုစိမ်ဖို့ အသုံးပြုထားတာ လူးကပ်စ်ရဲ့ ဘယ်လိုပဲ ကျောက်ချဉ်ရေဖြစ်ဖြစ် စံကားဝါအပြင် ဘယ်ပန်းကိုမှ ဒီလိုထားလို့မရပါဘူးလေ စံကားဝါမို့ရတာ မပျက်မယွင်းဘဲ တာရှည်ခံတာကိုက စံကားဝါရဲ့ ထူးခြားချက်မို့ပါ "
" ထောက်ခံ ပါ တယ် "
" ဟေ "
လက်ကလေးကို ရုတ်တရက်မြောက်ရင်း ထဆိုလာသူလေးကြောင့် ထက်နောင် အံ့အားသင့်သွားရချိန် လူးကပ်စ်က မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း
" အစ်ကို မှန်တယ် စံကား ဝါ မဟုတ် တဲ့ ဘယ် ပန်း ကမှ ဒီလို ကြာ ကြာ မနေ ဘူးလေ အစ်ကိုက ပန်း အကြောင်း အများကြီး သိတာပဲနော် ဒီပန်းရဲ့ message ကိုရော သိလားဟင် "
" ဟင် "
" ဒီပန်းရဲ့ message ဒါမှ မဟုတ် meaningခေါ်တာ လား ကျွန်တော် မမေးတတ်လို့ "
" လူးကပ်စ်မေးချင်တာကို ကိုယ်သိပါတယ် အဖြေကိုမသိတာ လူးကပ်စ်က ဒီပန်းလေးရဲ့ ရည်ညွှန်းတဲ့ပန်းစကားကို သိချင်နေတာ ဟုတ်တယ်ဟုတ် "
" ဟုတ်ကဲ့ "
ခေါင်းလေးညိတ်ပြလာသည့် ကောင်လေးကို သူရယ်ပြလိုက်ရင်း
" တကယ်တော့ ဒီစံကားဝါရဲ့ ပန်းစကားကိုတော့ အစ်ကိုမသိဘူးရယ် အစ်ကိုရှာဖတ်ကြည့်ပြီး နောက်မှ ထပ်တွေ့ကြတဲ့အခါ သေချာပေါက် အပြည့်အစုံလေး ပြောပြပါမယ် အခုတော့ လူးကပ်စ် သဘောကျရင် ဒီပုလင်းလေးကို အစ်ကိုလက်ဆောင်ပေးမယ်လေ "
" ဟာ မဟုတ်တာ ကျွန်တော် ဝယ်ပါ့ မယ် "
" အစ်ကိုက စေတနာနဲ့ ပေးတာလေ မငြင်းရဘူး လူးကပ်စ်ရဲ့ ဒီစံကားဝါပုလင်းလေးတွေကလဲ တန်ဖိုးသိပ်မကြီးတာမို့ အားမနာပါနဲ့ "
" တကယ် လား ဗျ အဲလို ဆို ကျေးဇူးတင် စွာ လက်ခံ လိုက် ပါ့ မယ် တန်ဖိုးလဲ ထားပါ့ မယ်ဗျ ကျွန်တော် ဒီပြင် ပစ္စည်းတွေ ဝယ်မှာ ကိုတော့ မငြင်း ပါနဲ့ဗျ "
စံကားဝါ ဖန်ပုလင်းလေးကို တယုတယကိုင်နေသည့် ကောင်ငယ်လေး၏ ပုံရိပ်လေးက ကျွန်တော် မြင်ဖူးသမျှထဲ အလှဆုံးသက်ရှိပန်းချီကားရယ်ပါ
ကျွန်တော် ပေးမိတာ စံကားဝါဖန်ပုလင်းလေးပေမဲ့
သူကတော့ ချစ်ခြင်းမေတ္တာတွေကိုပါ ခိုးယူသွားလေရဲ့
ဖန်ပုလင်းလေးထဲက စံကားဝါပန်းကသာ ကျွန်တော့်နှလုံးသားဆိုရင် သူ့အချစ်ရေစင်နဲ့မှ လန်းဆန်းတော့မှာ အသေအချာ...
" ဒါထက် ဒါလေး တွေက ရောဗျ "
လူးကပ်စ်က စံကားဝါဖန်ပုလင်းလေးကို လက်ကပိုက်ရင်း အဆင်ဒီဇိုင်းစုံဖြင့် ဝါးလက်ကောက်လေးများကို သဘောတကျ စူးစမ်းလာပြန်၏။
" ဪ ဒါကလား ဝါးလက်ကောက်လေ "
" ဝါး အာ ခဏ ခဏလေး အဲ့ ဒါကို ကျွန်တော် သိတယ် ဝါးအပင် ပေါက်လေးကို ချက်စား လို့ ရတယ်လေ ဟုတ်တယ်နော် မှန်တယ်မဟုတ်လား "
လူမျိုးခြားလေး၏ စကားသံအဆုံး ထက်နောင်တို့ဆိုင်ခန်းလေးအပြင် အခြားဆိုင်ခန်းအချို့တွင်ပါ တဘောတကျ ရယ်သံတို့ဖုံးလွှမ်းသွားရ၏။
လူးကပ်စ်က ခေါင်းလေးပုရင်း လျှာလေးပါထုတ်ကာ
" ဟို ဟို ကျွန်တော် မှား သွားပြန် ပြီ လား "
" မမှားဘူး လူးကပ်စ်ပြောတာ လုံးဝမမှားပါဘူး ဒါက လူးကပ်စ်ပြောတဲ့ အပင်ပါပဲ ဒါပေမဲ့ ဝါးအပင်ပေါက်လို့မခေါ်ရဘူး အစ်ကိုတို့ဆီမှာ မျှစ်လို့ခေါ်တာ မျှစ်ကို လူးကပ်စ်ပြောသလို ကြော်စား ချက်စားကြတာပေါ့ "
" မျှစ် အဲဒီလို ခေါ်တယ် ပေါ့ ကျွန်တော် သိထားတာ bamboo- shootမို့ ဝါး အပင် ပေါက် ပဲ ခေါ် မယ် ထင်နေတာ အဲဒီလို မဟုတ် ဘူးလား မြန်မာ စကား က တကယ် ခက်ခဲ တယ် နော်"
" အင်း မြန်မာစကားက မရိုးရှင်းလှဘူး လူးကပ်စ်ရဲ့ လူးကပ်စ်ပြောတဲ့ bamboo- shootကိုပဲ ဒီမှာတော့ ဝါးစို့၊ ဝါးအပင်ပေါက် အဲဒီလိုမခေါ်ကြဘဲ မျှစ် လို့ခေါ်ကြတယ်လေ ဝါးရဲ့ အသုံးဝင်ပုံကိုတော့ လူးကပ်စ် ကြားဖူးတယ်မဟုတ်လား "
ထိုအခါမှ လူးကပ်စ်က ခေါင်းလေးညိတ်ပြရင်း
" အဲ ဒါတော့ ကျွန်တော် သိ ပါ တယ် ခြင်းတွေ၊ ထီးတွေ လုပ်တာ မြင်ဖူး တယ်လေ လက်ကောက်တော့ တကယ် မ မြင်ဖူးဘူး "
" အင်း ဒီမှာတော့ ဝါးကို ဝါးလက်ကောက်၊ ဝါးရေခွက်အပြင် ဝါးယပ်တောင်လို ပစ္စည်းလေးတွေကအစ ဖန်တီးကြတယ်လူးကပ်စ်ရဲ့ ဟောဒီကခွက်ကလေးဆိုရင်လဲ ဝါးရေခွက်လေးလေ "
ထက်နောင် ဝါးရေခွက်လေးကိုပြမိတော့ ဝါးရေခွက်လေးကို ကိုင်ကြည့်ရင့် အံ့အားသင့်နေသည့် လူမျိုးခြားလေးက ပါးစပ်အဟောင်းသားပင်...
" ဒီ ရေခွက် က လဲ ဝါးနဲ့ လုပ် ထားတာ လား အဲဒီလို ရ တယ်ပေါ့ နော် တကယ် ထူးဆန်း လိုက် တာ "
" ဟော ဆိုင်ကို ဧည့်သည်ရောက်နေတာလား "
ထိုအခိုက် နီနီက ပြောပြောဆိုဆို ဝင်ရောက်လာရာ စကားစကိုဖြတ်ရင်း မိတ်ဆက်ပေးလိုက်ရ၏။
" လူးကပ်စ် ဒါက အစ်ကို့ညီမလေ ရဲသွေးနီနီတဲ့ နီနီ သူကတော့ ပြင်သစ်မြန်မာကပြားလေး လူးကပ်စ်တဲ့ "
" လူးကပ်စ်ဒါမွန်ပါ တွေ့ ရတာ ဝမ်း သာပါ တယ်ဗျ "
" ဟုတ်ကဲ့ နီနီပါရှင့် ဒါထက် ဒီကအစ်ကိုက မြန်မာစကားကို ကောင်းကောင်းပြောတတ်တာပဲနော် မြန်မာနာမည်ရောရှိလားဟင် "
နီနီ့အမေးကြောင့် ထက်နောင် မျက်ခုံးပင့်တက်သွားမိ၏။
ထိုမေးခွန်းက သူ သိချင်သော်လည်း လူးကပ်စ်ကို မမေးဖြစ်ခဲ့သည့် မေးခွန်းပင်...
" အာ ရှိတယ် ဗျ ကမ္ဘာ ပြင်သစ် ဘာသာနဲ့ ဆိုရင်
Damondက worldမို့ မြန်မာ ဘာသာဆို ကမ္ဘာလို့ ခေါ်လို့ ရတယ်လို့် ပဲရ်က ပြော ဖူးတယ် "
" ကမ္ဘာ အင်း နာမည်က တစ်မျိုး "
" လှပါတယ် လှတယ် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိတဲ့ နာမည်လေးလဲ ငါတောင်ကြိုက်တယ် "
အနည်းငယ်ဆန်းသည့် နာမည်ကြောင့် နီနီ့ထံမှ မှတ်ချက်ထွက်မည့်ဆဲဆဲ သူ အလျင်စလို ဝင်ပြောလိုက်သည့်အခါ ညီမငယ်က သူ့ကို အံ့အားသင့်စွာကြည့်လာသည်။
" ကျေးဇူး ပါ ဗျ "
သူ့စကားအဆုံး မျက်လုံးလေးများ မှိတ်ကျသွားသည်အထိ ကျေနပ်ပျော်ရွှင်သွားသည့် လူမျိုးခြားလေးကြောင့် စကားဖြတ်ပြောရကျိုးနပ်သည်ဟု ခံစားလိုက်မိသူက ရဲသွေးထက်နောင်ပါပင်...
တကယ်လည်း ကမ္ဘာဆိုသည့် စကားလုံးလေးက မည်မျှလှပလိုက်သလဲလေ...
ပုပ္ပားတွင် သူ့ သီးခြားကမ္ဘာငယ်လေးကို ရှာတွေ့ခဲ့မှန်း ထက်နောင်တစ်ယောက် သူကိုယ်တိုင်ပင် မသိခဲ့...
ဟုတ်သည်။
ကမ္ဘာ...သူ့ရဲ့ကမ္ဘာ
ပျော်စရာတွေ ဆောင်ကျဉ်းလာသည့် အဝါဖျော့ဖျော့ ကမ္ဘာငယ်လေး...
" ဒါဆို ကိုကို ပုဂံဘက်သွားတော့မလား ဒီမှာ ထမင်းချိုင့်နဲ့ စာတိုက်ကိုပို့ရမဲ့ ပစ္စည်းတွေပါလာပြီသိလား "
" ဪ အေး အေး "
သူ့အပျော်က တာရှည်မခံလိုက်...
နီနီသတိပေးမှ အယောင်ယောင်အမှားမှား ခေါင်းညိတ်ရသည်။
အရောင်ဖျော့သွားသည့် မျက်ဆန်ဝါလေးတစ်စုံက သူ့ကိုငေးကြည့်ရင်း
" ဟုတ်သား အစ်ကို က ပုဂံကို သွားရ မှာကို ကျွန်တော် မေ့နေ လိုက်တာ ဒါဆို တောင် ကလပ်ပေါ် အစ်ကို့ကို ခေါ်မလို့ ဟာကို အခု မရ တော့ ဘူးပဲ "
" မဟုတ်တာ အစ်ကိုက နီနီ ဆိုင်ကိုရောက်မှသွားနေကြပါ ဘာမှမဖြစ်ဘူး ဒါဆို လူးကပ်စ် အေးအေးဆေးဆေးပဲ လေ့လာနော် အမေနဲ့ နီနီရှိသားပဲ ဟုတ်လား "
" ဟုတ် ကဲ့ ကျေးဇူး ပါ အစ်ကို "
" နီနီ ဒါဆို အစ်ကိုသွားမယ် လူးကပ်စ်ကို ဒီဝါးလက်ကောက်တွေအကြောင်းနဲ့ သူသိချင်တာ နည်းနည်းပြောပြလိုက် သိလား အားကိုးမယ်နော် "
ထိုနေ့က e-bikeကလေးဖြင့် ပုဂံဘက်ဆီရောက်လာခဲ့သည့်တိုင် သူ့စိတ်အစဉ်က ပုပ္ပား၌ကျန်ရစ်ခဲ့လေ၏။
မဟုတ်သေး...
ပုပ္ပားတွင်ဆိုသည်ထက် မျက်ဆန်ဝါလေးတစ်စုံထံ ကျန်ခဲ့သည်ဆိုပါက ပိုမှန်လိမ့်မည်သာ...
ညနေ ဆိုင်ကိုပြန်ရောက်သည်နှင့် ထက်နောင် မေးမိသည်မှာ တစ်စုံတစ်ယောက်အကြောင်းပင်...
" ဪ နိုင်ငံခြားကောင်လေးလား မနက်ကတည်းက တောင်ကလပ်ပေါ် တက်သွားလေရဲ့ ခုထိ ပြန်မရောက်သေးဘူးထင်တယ် ပစ္စည်းတော်တော်များများလဲ ငွေရှင်းထားခဲ့တာ ဝင်မှမယူသေးပဲ "
ထက်နောင် ခေါင်းတညိတ်ညိတ်လုပ်ရင်း မျက်လုံးတို့က ပွဲလဲထားဟန်တူသည့် မှည့်ဝင်းနေသော ငှက်ပျောဖီးအချို့ဆီရောက်သွားခိုက် အကြံတစ်ခုက ခေါင်းထဲဝင်လာ၏။
" အမေရေ ကျွန်တော် တောင်ပေါ်တက်လိုက်အုံးမယ် "
" ဟေ ညနေပဲ နေကျနေပြီသားရယ် တောင်ကလပ်ပေါ် ဘာလုပ်ဖို့တုံး "
ထက်နောင် ရှေ့ဘက်မှ ငှက်ပျောဖီးသုံးဖီးလုံးကို တောင်းလေးထဲကောက်ထည့်ရင်း
" အဟမ်း မျောက်စာ မျောက်စာတက်ကျွေးမလို့ ဒီမှာ ငှက်ပျောပွဲအကျတွေလေ"
" ဟဲ့ ဟဲ့ အဲဒီငှက်ပျောသီးတွေက သားညီမနီနီ ကလေးတွေကို ကျွေးမလို့ဆိုပြီးပြောနေတာ သားရဲ့"
" ဟုတ်တယ်လေ ကိုကိုပဲ အရင်ရက်ကတော့ ငှက်ပျောပွဲမှည့်ရင် ကလေးတွေကို ကြော်ကျွေးရအောင်ဆိုပြီးတော့ "
ဒေါ်ပန်းရုံအပြင် သူ့အသံကိုကြားသွားပုံရသည့် နီနီကပါ ဆိုင်အတွင်းထဲမှ ကမန်းကတန်းလှမ်းအော်လာ၏။
နီနီ့စကားကြောင့် ငှက်ပျောဖီးများထည့်ထားသည့် တောင်းကို မ ချီရင်း ထက်နောင် လက်တွန့်သွားရသည်။
အမှန်တကယ်လည်း ယခင်ရက်များက ညဘက်စာကျက်ရင်း ကလေးများ ဗိုက်ဆာနေသည်ကို သတိထားမိ၍ ငှက်ပျောပွဲအကျကို ကလေးများအား ကြော်ကျွေးကြရန် သူ အကြံပေးမိခြင်းပင်...
" အဟမ်း ဟို အဲဒါအရင်ရက်က ပြောတာလေ အခု ငှက်ပျောငှက်ပျောသီးတွေကလဲ အမှည့်လွန်နေပြီဟ ကလေးတွေကို ကျွေးမနေပါနဲ့တော့ဟာ တောင်ပေါ်က မျောက်လေးတွေပဲ ကျွေးလိုက်မယ်သိလား "
" ဟောတော် ငါကြည့်မိတာတော့ ငှက်ပျောသီးက မနေ့ကမှ ဝင်းရောင်လာတာပါ ကိုကိုရယ် ခုနေ့ပဲ ဗြုန်းစားကြီး အမှည့်လွန်ရတယ်လို့ ဘာပဲဖြစ်ဖြစ် ကြော်လို့ရတာပဲဟယ် ငှက်ပျောသီးမုန့်ဖုတ်လဲရတာပဲ "
အငယ်မက အံ့ဩတကြီးရေရွတ်ရင်း ကလေးများအား မုန့်လုပ်ကျွေးရန်သာ တာစူနေတော့၏။"
" ဟာ ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးက အမှည့်လွန်နေပါပြီဆိုနေ ဒီကောင်မလေးတော့ လူကြီးပြောနေရင် နားမလည်ဘူး ကလေးတွေက ငှက်ပျောသီးမဟုတ်လဲ စားစရာတွေမှ ပေါလို့ "
" မဟုတ်ဘူး ကိုကိုရဲ့ ညီမလေးက ဒီနေ့ ငှက်ပျောသီးကြော်ကျွေးမယ်လို့ ကလေးတွေကို ပြောထားပြီးသားရယ် အဲဒါကြောင့် "
" ဒါဖြင့်လဲ မျောက်လူသားတွေအတွက် အပြန်ကျမှ ငှက်ပျောကော်ပြန့်ဖြစ်ဖြစ် ဝင်ဝယ်လိုက် ဒါက မျောက်အစစ်တွေအတွက်ဟေ့ ဒါပဲ "
ထက်နောင် ပြောပြောဆိုဆိုဖြင့် တောင်ပေါ်ဆီ အပြေးတက်သွားလိုက်သည်။
အမှည့်လွန်နေပြီဟု မတရားခေါင်းစဉ်အတပ်ခံလိုက်ရသည့် ဝင်းရောင်သန်းစငှက်ပျောသီးတို့ကတော့ သူ့လက်ထဲ ပါသွားခဲ့လေပြီ။
တောင်ကလပ်ပေါ်အရောက် ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်မိသည့်အခါ လူးကပ်စ်က သူ့ပန်းချီပစ္စည်းများအား သိမ်းဆည်းနေသည်ကို မြင်လိုက်ရ၏။
" လူးကပ်စ် "
" ဪ အစ်ကို "
လူးကပ်စ်က ပစ္စည်းများသိမ်းရင်း သူ့မူပိုင်မျက်လုံးလေးများ မှိတ်ကျသွားသည်အထိ ရယ်ပြလာ၏။
" စောပါသေးတယ်ကွ ပစ္စည်းတွေသိမ်းပြီး ပြန်တော့မလို့လား "
သူ့စကားကြောင့် လူးကပ်စ်က ပန်းချီကားကို မေးဆက်ပြလိုက်ရင်း
" ပုံက ဆွဲပြီးသွားပြီလေ အစ်ကိုရဲ့ "
ထိုအခါမှ လူးကပ်စ် ပန်းချီကားကို သူကြည့်မိ၏။
ဟုတ်ပါရဲ့...
တောင်အောက်ဘက်မြင်ကွင်း ပန်းချီကားလေးက လှပစွာလက်စသတ်ထားပြီပဲ...
လက်ရာမြောက်သည့် ပန်းချီကားလေးကိုကြည့်ရင်း သူ့ရင်ထဲ အဘယ်ကြောင့် ဝမ်းနည်းသွားရပါလိမ့်...
" ဟုတ်သားနော် တကယ် ပြီးသွားပြီပဲ "
ထက်နောင်အသံက အဖျားတွင် တုန်ယင်လှိုက်ခါသွား၏။
ထိုအခိုက် လူးကပ်စ်က တောင်းထဲမှ ငှက်ပျောသီးများကို မြင်သွားကာ
" ဒါထက် ဒီ အသီး တွေ က "
" ဪ ဒါတွေလား ဟိုကောင်တွေဖို့လေ လာ လူးကပ်စ် ကိုယ်တို့ ဟိုဘက်မှာ သွားကျွေးရအောင် "
နှစ်ယောက်သားလက်ထဲမှ ငှက်ပျောသီးများကို မြင်သည်နှင့် အုပ်လိုက်ရောက်ရှိလာသော မျောက်များကြောင့် ငှက်ပျောဖီးသုံးဖီးမှာ စက္ကန့်ပိုင်းအတွင်း အစပျောက်သွားရသည်။
ငှက်ပျောသီး မစားလိုက်ရသည့်မျောက်များကလည်း ဒုနှင့် ဒေးပင်...
သူတို့နှစ်ယောက်အနီး မျောက်များက ဝိုင်းကြီးပတ်ပတ်လှည့်ကာ အစာထပ်တောင်းနေကြသည်မှာ တကွီကွီညံလျှက်...
အနားမှ မျောက်များကို သဘောတကျ ကြည့်နေသည့် ကောင်လေးအား ထက်နောင်ငေးကြည့်ရင်း
" လူးကပ်စ် "
" ဗျ "
" မျောက်ချစ်တတ်လား "
" ဟုတ်ကဲ့ "
" မျောက်ရော မွေးချင်လား "
" ဟင့် အင်း မျောက်ချီး က သိပ် နံတယ် "
" ဟေ "
လူမျိုးခြားလေး၏ အဖြေကြောင့် ထက်နောင် ခေါင်းတစ်ခါခါနှင့်သာ ရယ်မောလိုက်မိတော့သည်။
" အစ်ကို့ကို မင်း လိပ်စာပေးမလား "
" ဗျာ "
" လူးကပ်စ် အခုနေတဲ့ ပုဂံကလိပ်စာလေ အစ်ကိုက ပုဂံကိုရောက်ဖြစ်တော့ လူးကပ်စ်ဆီ စံကားဝါပန်းတွေ ဝင်ပေးရမလား "
သူ့စကားကြောင့် သွေးနှောကောင်လေးမျက်နှာက လပြည့်ဝန်းပမာ ဝင်းလက်သွားရင်း
" တ ကယ်လား အစ်ကို "
" ဒါပေါ့ကွ တစ်ပတ်တစ်ကြိမ်တော့ အစ်ကို သေချာပေါက်ဝင်ပေးဖို့ ကတိပေးနိုင်ပါတယ် လူးကပ်စ်လဲ စံကားဝါရနံ့ကြိုက်တော့ အဝတ်တွေကြား ညှပ်ထားလို့ရတာပေါ့ "
ထက်နောင်က ကိုယ့်အတွေးနှင့်ကိုယ် ပြောမိခြင်းဖြစ်သည်။
ထိုကောင်လေး စံကားဝါရနံ့ကို မမေ့စေလို...
ထို့ထက်ကတော့ စံကားဝါမြေမှ ကိုယ့်ကို ပို၍ပင် မမေ့စေလိုပါလေ...
" ဟုတ်ကဲ့ ဒါဆို Myanmar's Bagan Hotel ကို သိတယ် မဟုတ် လား အစ်ကို အဲ ဒီကို လာခဲ့ နော် "
လူးကပ်စ်စကားကြောင့် ထက်နောင် မျက်ခုံးပင့်တက်သွားရသည်။
မြန်မာ့ပုဂံအမည်နှင့် hotelက မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးသည့် နာမည်ရ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးဖြစ်ကြောင်း သူ သိနေပါ၏။
သို့သော် သူထင်ထားမိသည်က လူမျိုးခြားလေးမိခင်က ပုဂံသားဟုသိထား၍ ဆွေမျိုးအိမ်၊ သို့မဟုတ် ကိုယ်ပိုင်အိမ်တွင်နေမည်ဟု ထင်ထားမိခြင်းသာ...
" ဟင် ဟိုတယ်လား လူးကပ်စ်က ပုဂံမှာပဲနေတော့မယ်ဆို အာ နေရာရှာမရသေး ဒါမှမဟုတ် အိမ်မဆောက်ရသေးတာလား "
" မဟုတ် ပါ ဘူး ဗျ Myanmar's Baganက ကျွန်တော့် အိမ်ပဲ လေ အစ်ကို ရဲ့ "
ထိုအခါမှ ရုတ်တရက်တွေးလိုက်မိသည့် မြန်မာ့ပုဂံ၏ပိုင်ရှင် ပုဂံသားဆိုသူ...
" ဟေ ဒါဆို မြန်မာ့ပုဂံရဲ့ owner ဒေါ်‌ထွေးရီမော်က "
" ဟာ အစ်ကို က မဲ့ရ်ကို သိ တယ်လား အဲလေ သူက ကျွန်တော့် အ အမေပါ "
" သိတာပေါ့ကွ ပုဂံရဲ့ အကြီးဆုံးဟိုတယ်စာရင်းဝင်ဖြစ်ပြီး လပိုင်းနဲ့တင် reviewsတွေ တအားကောင်းတဲ့ ဟိုတယ်တစ်ခုပဲဟာ "
" ကျေးဇူး တင် ပါတယ် ဗျ "
ထိုနေ့က ပုပ္ပားတောင်ကလပ်ထက်၌ မျောက်ကလေးများကို ငေးကြည့်နေသည့်ကောင်လေးနှင့် ထိုကောင်လေးကို ငေးကြည့်နေသည့် ကောင်လေးတစ်ဦး ရှိခဲ့လေသည်။
6.12.22
Tuesday
ရွှန်းလဲ့ကျော်
စံကားဖြူ
စံကားစိမ်း
စံကားဝါ
စံကား​ရွှေ
စံကားနီ
ဝါးလက်​​ကောက်​၊ ဝါး​ရေခွက်
#All pic crd
#pic from pinterest and facebook
Continue Reading
You'll Also Like
91.4K 9.5K 35
အခြားသူတွေအတွက် ကမ္ဘာကြီးက လုံးလား ပြားလား မသိပေမဲ့ ဘေဘီ့ကမ္ဘာကြီးက လုံးတယ်ဗျ။ ငါတို့ ကမ္ဘာကြီးက အလုံး။ ကမ္ဘာကြီးရဲ့ အချစ်စွမ်းအားကြောင့် ရပ်တည်နိုင်တာ...
103K 7.4K 71
အချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။
1.1M 61.4K 50