ပန္းရဂံုစံအိမ္....
ေသသပ္ေတာက္ပလြန္းတဲ့ ေရႊေရာင္စာတန္းႀကီးျဖင့္ ျခံအိမ္
ႀကီးရဲ႕ ျခံဝ၌ ခန္႔ညားစြာခ်ိတ္ဆြဲထားသည့္ ပန္းရဂံုစံအိမ္ႀကီး
က အ႐ွိန္အဝါႀကီးမားထည္ဝါစြာ။
အေစခံေတြ ျခံေစာင့္ အေျမာက္အမ်ားျဖင့္ စံအိမ္အထဲကိုပင္
မဝင္ရေသးခင္မွာပင္ ျခံဝန္းက်ယ္ႀကီးရဲ႕ စိမ္းစိုလွပေသာ
ပန္းပင္မ်ားစြာနဲ႔တကြ ေသသပ္လွပတဲ့ အရိပ္ရအပင္ေတြက
စီတန္းေပါက္ေရာက္ေနသလို သန္႔႐ွင္း႐ွင္းလင္းတဲ့ျမင္ကြင္း
ေၾကာင့္လည္း စည္းကမ္းႀကီးလြန္းေပလိမ့္မည္ဟု သခြပ္႐ိုး
ျမင္ရံုနဲ႔တင္ ေကာက္ခ်က္ခ်လိုက္၏။
ေတြးမိရံုနဲ႔တင္ ဘယ္ေလာက္ခ်မ္းသာႂကြယ္ဝၿပီး ဂုဏ္သိကၡာ
႐ွိလိမ့္မလဲ၊ ဒါေတြက သခြပ္႐ိုး အတြက္ ဆန္းၾကယ္တဲ့အိမ္
မက္ေလးတစ္ခု မက္ေနျခင္းလား။
ျဖည္းျဖည္းညိမ့္ညိမ့္ေလး လွိမ့္ဝင္လာတဲ့ကားေလးက ျခံဝန္း
တံခါးႀကီးကိုအျဖတ္ စံအိမ္ႀကီးရဲ႕အိမ္ေပါက္ဝအေရာက္မွာ
ရပ္တန္႔ခ်ိန္မွာေတာ့ သခြပ္႐ိုးရဲ႕ ေျခဖ်ားလက္ဖ်ားေလးေတြ
ေအးစက္ေတာင့္ခဲသြားမတတ္ပင္။
"ကြၽီ"
"ကေလးမ...ေရာက္ၿပီ"
"ဟုတ္...ဟုတ္ကဲ့"
ဒ႐ိုင္ဘာ ဦးေလးႀကီးရဲ႕ အသံက ေတြးလက္စ အိမ္မက္
ေလးပင္ ၾကက္ေပ်ာက္ဌက္ေပ်ာက္။
တကယ္ေတာ့ ပန္းရဂံုစံအိမ္ ဆိုတဲ့ ေရႊေရာင္နာမည္ႀကီးနဲ႔
တင္ ခပ္႐ွိန္း႐ွိန္းေလး ျဖစ္မိခဲ့တာပင္။
သခြပ္႐ိုးလို ပံုတံုးလြန္းတဲ့ က်ီးမဲေလးက ျမင္ဖူးေတြ႔ဖူးတဲ့အ
ရာေတြထဲ ဤမ်ွေလာက္ ခ်မ္းသာမူဆိုတာ ၾကံဳမွမၾကံဳဖူးခဲ့
တာ။
"ဦးေလးေနာက္လိုက္ခဲ့၊ သခင္မႀကီးက ေစာင့္ေနတာ"
႐ိုး ေခါင္းေလးတဆက္ဆက္ညိမ့္ျပရင္း ခပ္ကုတ္ကုတ္ေလး
လိုက္ပါသြား၏။
ေဘးနားက လိုက္ပါလာသည့္ ေဒၚေလးႏြယ္ရဲ႕ လက္ေမာင္း
ကိုလည္း အားကိုးတႀကီးဆုပ္ကိုင္လို႔ ေၾကာက္လိုက္တာမွ
လည္းမေျပာႏွင့္၊ ေမေမႀကီးကေတာ့ အေ႐ွ႕ကဦးေဆာင္လိုက္
သြားေလရဲ႕။
အို...စံအိမ္ႀကီးကိုဝင္လိုက္တာနဲ႔တင္ ေအးစိမ့္သြားတဲ့ခံစား
မူနဲ႔အတူ ကိုယ့္မ်က္လံုးပင္အနားမေပးနိင္ေလာက္ေအာင္
က်ယ္ဝန္းလွေသာဧည့္ခန္းႀကီးနဲ႔ ေစ်းႀကီးလြန္းကာ လွပလြန္း
သည္ဟု ႐ိုး သတ္မွတ္လိုက္တဲ့ ပရိေဘာဂေတြက ေခတ္အ
ရမ္းမဆန္ေနသလို ေ႐ွးလြန္းလည္းသိပ္မက်။
သူ႔ေနရာနဲ႔သူ လူ႐ွိန္သြားေလာက္တဲ့အထိ ဆြဲေဆာင္ေနသလို
ေတာက္ေျပာင္လြန္းတဲ့ အျပင္အဆင္ေတြနဲ႔တင္မ်က္စီက်ိန္း
စရာ။
မ်ားလိုက္တဲ့ အေစခံေတြရဲ႕မ်က္လံုးအၾကည့္ေတြက သခြပ္
႐ိုးရဲ႕ ကိုယ္လံုးေလးေတာင္က်ံဳ႕ဝင္သြားေစတဲ့အထိ။
မျပံဳးမရယ္ခပ္တည္တည္အၾကည့္ေတြက လူေၾကာက္တတ္
တဲ့ သူ႔အေနနဲ႔ အားငယ္စိတ္ေလးတခုျဖတ္သန္းသြားေလ၏။
ဒီလိုေနရာမွာ ႐ွင္မႈန္းနံ႔သာ တစ္ေယာက္ ဘယ္လိုလုပ္ေန
ထိုင္ခဲ့ပါလိမ့္။
သူလို က်ီးမဲေလးကေတာ့ ေက်ာတစ္ခင္းေတာင္ ေနစရာပင္
႐ွိမွာမဟုတ္။
"သခင္မႀကီး ေစာင့္ေနတာၾကာၿပီလား႐ွင့္"
"မၾကာေသးပါဘူး၊ သူေလးက"
"သူက ကြၽန္မေျပာထားတဲ့တေယာက္ပါ၊ ဒီကိစၥေတြကို လုပ္
ေဆာင္ပါမယ္လို႔ ကြၽန္မကိုသေဘာတူကတိေပးထားပါတယ္"
"ဟုတ္...ဟုတ္ပါတယ္၊ ဒါေပမဲ့...ဘြား"
"႐ိုး...ဘာေျပာဦးမလို႔လဲ၊ ႐ိုးကိုယ္တိုင္ သေဘာတူထားၿပီး
ၿပီပဲေလ"
သခင္မႀကီး လို႔ေခၚေနတဲ့ အသက္70ေက်ာ္အရြယ္ ဘြားဟု
ႏူတ္ထြက္လိုက္မိတဲ့ သခင္မႀကီးရဲ႕မ်က္ႏွာက ႐ုပ္ရည္ႏုနယ္
သလို က်က္သေရလည္းသိပ္႐ွိ၏။
ညာဘက္ပါးျပင္မွာ စံပယ္တင္မွဲ႔ႀကီးကထင္းေနသလို ဥပဓိ
႐ုပ္သိပ္ေကာင္းလြန္းလွေလသည္။
"ဘြားကိုဘာေျပာမလို႔လဲ၊ ေျမးေလးရင္ထဲက ဘာတစ္ခုမွ
လ်ိဳ႕ဝွက္မထားပါနဲ႔၊ ဘယ္သူကိုမွလည္း ေၾကာက္ေနစရာမ
လိုဘူး"
ေၾကာက္လို႔ ေၾကာင္ေပါက္ေလးလို ကုတ္ကုတ္ေလးျဖစ္ေနၿပီ
ျဖစ္တဲ့ သခြပ္႐ိုးမွာေတာ့ မ်က္လံုးေလးပင့္တင္၊ ပါးခ်ိဳင့္ေလး
ေပၚေအာင္ မျပံဳးရဲျပံဳးရဲေလး ျပံဳးကာ ေမေမႀကီးကိုလည္း
လွမ္း၍ အကဲခတ္ရေသး၏။
"႐ိုးက သေဘာတူလက္ခံလိုက္တာမွန္ပါတယ္၊ ႐ိုးက ေယာ
ေယာက်္ားေလး ဆိုတာ သိ..သိတယ္မလားဟင္"
"သခြပ္႐ိုး!"
"ဘာလို႔ငါ့ေ႐ွ႕မွာ ဆူဖို႔ၾကံစည္ေနရတာလဲ၊ မိစိမ္း..သူ႔အေနနဲ႔
ဒါက ေျပာသင့္တယ္လို႔ ငါထင္မိတယ္၊ နင့္ပါးစပ္ကိုပိတ္ေန
လိုက္စမ္းပါ"
ဘြားရဲ႕ စကားတခြန္းမွာတင္ ေမေမႀကီးက ဘာမ်ွအသံမ
ထြက္လာရဲပဲ ေခါင္းသာငုတ္သြားရ၏။
အို...သခင္မႀကီးက အာဏာပါဝါသိပ္႐ွိလြန္းပါဘိ။
"နာမည္က သခြပ္႐ိုး ဟုတ္စ"
"ဟုတ္..ဟုတ္ပါတယ္"
"နာမည္ေလးကို စၾကားလိုက္ရတည္းက ထူးျခားလြန္းေတာ့
စြဲထင္ေနတာအမွန္ပဲ၊ ေျပာပါဦး...ဘယ္လိုအဓိပၸါယ္ေလးလဲ"
"ေမ..ေမေမနဲ႔ေဖ..ေဖေဖက သခြပ္ပန္းျဖဴျဖဴေလးေတြကို
တင္စားၿပီး မွည့္ထားတာတဲ့၊ သခြပ္ပန္းေလးေတြလို လူသိပ္
မသိၾကေပမဲ့ ထင္႐ွားတဲ့ပန္းေတြထက္ စြဲ..စြဲထင္ေနေအာင္
တဲ့.."
"ၾကည့္ရတာ ေျမးေလးရဲ႕မိဘေတြက သူ႔သားေလးကိုသိပ္ကို
ခ်စ္ၾကပံုပဲ၊ ေျမးက ေယာက်္ားတေယာက္ဆိုတာလည္းသိၿပီး
သားပါ၊ အမိန္႔ ျပန္လာတဲ့အထိ ခဏတာအခ်ိန္ေလးမွာပဲ ဟန္ေဆာင္ေပးရမွာပါ၊ ဘြားကိုယ္တိုင္ကလည္း လူေတြကို
သိပ္မယံုၾကည္တဲ့သူမို႔ အခက္ေတြ႔ခဲ့ရတယ္၊
ဒါေပမဲ့ ဘြားရဲ႕အသက္အရြယ္က်န္းမာေရးအေျခအေနတစ္ခု
ေၾကာင့္ အမိန္႔ရဲ႕ ေသြးသား၊ဘြားရဲ႕ ျမစ္ကေလးကိုမေသခင္
ျမင္ေတြ႔ခ်ီသြားခ်င္တာမို႔ သမီးအ႐ွင္နဲ႔လက္ဆက္ေပးခဲ့ေပမဲ့
ျမစ္ေလးကို အမိန္႔ရဲ႕သုတ္ပိုးနဲ႔သာေမြးခဲ့ရတာ၊ အမိန္႔ကေလ
သိပ္ကိုေခါင္းမာတဇြတ္ထိုးတယူသန္အားႀကီးတယ္၊သူမလုပ္
ခ်င္ရင္ဖိအားေပးလို႔မရသလို၊ သူလုပ္ခ်င္ရင္လည္း ဇြတ္တ
ရြတ္၊ သမီးအ႐ွင္ ဆံုးပါးသြားျပန္ေတာ့ သမီးအ႐ွင္ေနရာမွာ
ခဏတာဟန္ေဆာင္ဖို႔ ကမ္းလွမ္းရတာပါကြယ္၊ ဒါကလည္း
ပဲရစ္မွာပဲ အေျခခ်ေနတဲ့အမိန္႔ကို ျမစ္ေလးကိုအေၾကာင္းျပ
ၿပီး မိန္းမနဲ႔ကေလးဆီျပန္လာခိုင္းဖို႔အေၾကာင္းျပခ်က္ဆိုပါ
ေတာ့..အဟြတ္...အဟြတ္"
"ဟို..ဘြား...ဘြား သက္သာလားဟင္"
႐ိုး အေနနဲ႔ သခင္မႀကီးရဲ႕ေခ်ာင္းခ်ိဳးသံေၾကာင့္ ေျခမကိုင္မီ
လက္မကိုင္မီ ကျပာကယာေလး အေမးျပဳလိုက္၏။
ထိုအခါ ျပံဳး၍....
"ဘြားကသက္သာေအာင္ေနေပမဲ့ ဇယာက အခ်ိန္ေႏွာင္းေန
ၿပီေလ၊ ၾကည့္ပါဦး ရယ္လိုက္ရင္ေပၚလာတဲ့ပါးခ်ိဳင့္ေလးနဲ႔
သိပ္ကိုခ်စ္ဖို႔ေကာင္းပါဘိ၊ ေယာက်္ားေလးေပမဲ့ ကပို႔ကယို႔
ေလး ဆြဲေဆာင္မူ႐ွိသလို ဆံႏြယ္႐ွည္ေတြနဲ႔ တမ်ိဳးစြဲေစမိ
တယ္"
အို...သခင္မႀကီးကေတာ့ သူ႔ကိုၾကည့္ၿပီး တျပံဳးျပံဳးနဲ႔ေလသံ
ေအးေအးေလးနဲ႔ၫႊန္းလိုက္ေပမဲ့ ႐ိုးကေတာ့ သိမ့္ငယ္စိတ္
ေလးဝင္မိျပန္တယ္။
စဥ္းစားၾကည့္ရင္ ႐ိုးက ႐ွင္မႈန္းနံ႔သာ ရဲ႕ကစားေဖာ္မိန္းက
ေလးအျဖစ္ ငယ္စဥ္တည္းက ႀကီးျပင္းခဲ့ရတာ။ ကိုယ္တိုင္
ေယာက်္ားတေယာက္ေပမဲ့ သူ႔အိမ္ကထမင္းစားေတာ့သူခိုင္း
တာလုပ္၊ သူေစရာသြားၿပီး အေဖာ္အေပါင္းအသင္းမ႐ွိ အထီး
က်န္ေနတဲ့ အ႐ွင္ရဲ႕နံေဘးမွာ အခိုင္းအေစမိန္းကေလးလို
ဆံႏြယ္႐ွည္ေတြထားခဲ့ရတာေလ။
အဝတ္အစားေတာင္မွ ႐ိုးဝတ္တတ္သလိုဝတ္ပါရေစလို႔ဘယ္
ေလာက္ေတာင္ေျပာခဲ့ရလဲ။ ငယ္စဥ္က မိန္းကေလးလိုေန
ခိုင္းျပန္ေတာ့ ႐ိုးမွာေလ ငိုလိုက္ရတာ။
ျဖစ္နိင္ရင္ ေမေမတို႔ဇာတိ ရြာေလးကိုပဲ႐ိုးျပန္ခ်င္ေတာ့တယ္။
ဟိုမွာ အမ်ိဳးအေဆြဘႀကီးတို႔လင္မယား႐ွိတာမို႔ ေမေမႀကီး
တို႔ေက်းဇူးဆပ္ၿပီးရင္ေတာ့ ႐ိုးျပန္ေကာင္းျပန္နိင္ေကာင္းပါရဲ႕။
"ခ်ီစမ္းပါဦး...တတံုးတခဲႀကီး..အမိန္႔နဲ႔သိပ္ကိုတူတာ"
လက္ထဲသို႔ လာထည့္ေပးတဲ့ ရက္သားအရြယ္သမီးေလးက
ဖြံဖြံထြားထြားႀကီး အသားေလးေတြဝင္းမြတ္ျဖဴစင္လို႔၊ သူဝတ္
ထားတဲ့ ႐ွပ္အက်ီအကြက္ခပ္ႏြမ္းႏြမ္းေလးဝတ္ထားတဲ့ သူ႔ရဲ႕
ရင္ခြင္နဲ႔ေတာင္ မတန္မရာ။
"႐ိုး...႐ိုး..မ..မခ်ီတတ္ဘူး"
"ဘြား...အမိန္႔ျပန္လာလို႔ အကုန္သိကုန္ရင္ပို႐ႈပ္မေနဘူး
လား...တိမ္လႊာေတာ့ စိုးရိမ္မိတယ္"
မ်က္လႊာေလးပင့္လို႔ေမာ့ၾကည့္လိုက္ေလေတာ့ သူနဲ႔အသက္
မတိမ္းမယိမ္းေကာင္မေလးတေယာက္၊ ဝတ္ပံုစားပံုကခ်မ္း
သာမူကိုထင္ဟပ္ေနသလို ခုနက သမီးေလးကိုေခၚလာရင္း
ပါလာသည့္ပံုပင္။ အခန္းထဲတြင္ေတာ့ ခုနလူမ်ားအျပင္
ထိုမိန္းကေလးနဲ႔တကြ ေနာက္ထပ္ က်က္သေရ႐ွိေသာ အန္
တီႀကီးႏွစ္ေယာက္ႏွင့္ ဦးေလးအရြယ္ႏွစ္ေယာက္။
"ေမေမရယ္...မခ်ီတတ္ပဲမခ်ီခိုင္းေနပါနဲ႔လား၊ သူကေယာ
က်္ားေလးမို႔ ကေလးမခ်ီတတ္ဘာညာနဲ႔ ပန္းရံုတို႔ဘာသာ
ပဲထိန္းေပးပါမယ္၊ သမီးတိမ္လႊာလည္း႐ွိေနတာပဲေလ"
"ညီမေလးပန္းရံု ေမေမရဲ႕စကားနဲ႔ လုပ္ေဆာင္ေပးတဲ့အရာ
ေတြကိုအထြဋ္မတတ္ပါနဲ႔လား၊ ၿပီးေတာ့ ေျမးမေလးကမမရဲ႕
သားအမိန္႔စည္းရဲ႕ကေလး၊ သူ႔အဘြားအရင္းျဖစ္တဲ့မမေတာင္
ၿငိမ္ေနတာကို ဘာေတြေရာင့္တတ္ေနတာလဲကြယ္"
႐ိုး ေတြးလိုက္သည္က ႐ိုး႐ိုးေလး၊ တအိမ္လံုးက အမိန္႔စည္း
ကို အမိန္႔ဟုပဲ ေခၚဆိုၾကသည့္အထိ အမိန္႔စည္းဆိုသူက
သိပ္ကိုအေရးေပးခံရသည့္သူတေယာက္။
"အူဝဲ...အူဝဲ"
"ကေလးကိုဘယ္လိုလုပ္လိုက္တာလဲ၊ ကေလးအေမျဖစ္ဖို႔
အရည္အခ်င္းမ႐ွိလိုက္တာ၊ Sorry...နင္က မိန္းကေလးမွ
မဟုတ္တာပဲ"
"တိတ္..တိတ္ေနာ္သမီးေလး..ဟို...႐ိုး..႐ိုး..ျပန္..ျပန္ေပး
လိုက္ရမလားဟင္"
အစတည္းက လူေၾကာက္တတ္၊ လူအရမ္းမ်ားရင္ စကားအ
ထစ္အေငါ့ျဖစ္တတ္တဲ့သူ႔မွာ သမီးေလးကပါထငိုေတာ့ ရင္ပူ
သြားတာအမွန္ပင္။
"႐ိုးလို႔မသံုးႏႈန္းနဲ႔ေတာ့၊ ဒီေန႔ကစၿပီး အ႐ွင္လို႔ပဲကိုယ့္ကိုကိုယ္
သံုးႏႈန္းရမယ္၊ ျမစ္ေလးကလည္း ႐ိုးနဲ႔အမိန္႔ရဲ႕သမီးလို႔ပဲစိတ္
ထဲေတြးထား၊ ပန္းရဂံုစံအိမ္ႀကီးမွာ ဒီလ်ိဳ႕ဝွက္ခ်က္ကိုဒီအခန္း
ထဲကလူေတြအျပင္ ေပါက္ေရာက္မွာမဟုတ္လို႔ မစိုးရိမ္ေလနဲ႔
ေအး....ငါ့ရဲ႕စကားကိုေသြဖယ္ရင္ေတာ့ ငါ့အဆိုးမဆိုၾကနဲ႔
ေပါ့...ျမတ္ပန္းရဂံု ဆိုတဲ့မိန္းမကေသခါနီးအဘြားႀကီးေပမဲ့
အာဏာေတာ့မက်ေသးဘူး"
ထိုအခါမွ အကုန္ၿငိမ္က်သြားသလို သမီးေလးမွာလည္း သူ႔ရဲ႕
တလႈပ္လႈပ္ ေခ်ာ့ျမဴမူေၾကာင့္ ၿငိမ္သက္သြားေလ၏။
တကယ္ေတာ့ ႐ိုးရဲ႕ဘဝက ေဒါင္းေယာင္ေဆာင္ေလတဲ့က်ီးမဲ
ေလးပါပင္။
သမီးေလးနာမည္က....ဆုလဲ့ေတာ္ဝင္တဲ့ေလ။
................
"အမိန္႔...မင္းမနက္ျဖန္ ျမန္မာနိင္ငံကို ျပန္ေတာ့မယ္ဆို"
"သိရဲ႕သားနဲ႔ထပ္ေမးေနရေအာင္ အားယားေနလား"
"မဟုတ္ပါဘူးကြာ၊ ဒီည ေနာက္ဆံုးညအျဖစ္အျပတ္ကဲၾက
ရေအာင္လို႔ေမးတာပါ...မင္းကလည္းစိတ္ႀကီးပဲ"
အမိန္႔စည္းရဲ႕ အက်င့္က သိရဲ႕သားနဲ႔ျပန္ေမးတာေလာက္
အျမင္ကပ္တာမ႐ွိသလို၊ တခြန္းေျပာထားပါရက္ မထံုတေတး
နဲ႔ ႏံု႔ႏံု႔အအ လုပ္ျပေနရင္လည္း ေစာက္သည္းေပါက္တာမ႐ွိ။
"အဲ့ေတာ့ လီးျဖစ္လား၊မင္းေတာ္ေတာ္ ေစာက္စကားမ်ားတဲ့
ႏြားပဲ"
သူ႔ကို႐ိုင္းတယ္လို႔ေျပာရင္ အမိန္႔စည္းက သြားစြယ္ေလးေတြ
ေပၚတဲ့ထိ ဟက္ဟက္ပက္ပက္နဲ႔ကိုရယ္ေမာစရာျဖစ္ေနမည္။
ငယ္စဥ္တည္းက ပဲရစ္မွာ ႐ွင္သန္ႀကီးျပင္းလာခဲ့ၿပီး ဥာဏ္
ေကာင္းလြန္းလို႔ စာေတာ္ၿပီးပညာထူးခြၽန္ေသာေၾကာင့္လူလိမ္
မာေလးလို႔အေတြးမမွားႏွင့္။ စာက်က္ရင္ေတာင္ သူစိတ္ပါမွ
ထလုပ္တတ္တဲ့သူမ်ိဳး။
သို႔ေပမဲ့....
ခ်မ္းသာႂကြယ္ဝလြန္းတဲ့ ဘြားေအရဲ႕ ဂုဏ္သိကၡာ႐ွိမူေတြ
နဲ႔ အာဏာထိေရာက္မူေတြေၾကာင့္ ျခေသၤ့ကို ၿဂိဳလ္တပ္ေပး
တာထက္ပင္ဆိုးလြန္းေပသည္။
အသက္18ႏွစ္ေက်ာ္တဲ့လူငယ္ေလးျဖစ္ေပမဲ့ သန္မာထြား
ႀကိဳင္းတဲ့ခႏၶာကိုယ္တည္ေဆာက္မူေတြေၾကာင့္ေကာ ႐ွည္မား
တဲ့အရပ္အေမာင္းႏွင့္ ဘယ္ဘက္မ်က္ခံုးေဘး၌ ထင္႐ွားတဲ့
မွဲ႔နက္ေလး၊ ရယ္လိုက္ရင္ခြၽန္ျမတဲ့ သြားစြယ္ျဖဴျဖဴေလးေတြ
တစ္ခ်က္ရယ္လိုက္တိုင္း ႏႈတ္ခမ္းေထာင့္ကိုလ်ွာေလးနဲ႔ထိုး
ကာရယ္တတ္တဲ့ အမိန္႔စည္းရဲ႕အျပဳအမူတိုင္းက ရင္ခြင္
က်ယ္ႀကီးထဲ ခိုဝင္နားခ်င္တဲ့ ပ်ိဳမဒီတိုင္းကဒူးနဲ႔ေဒး။
ဒါကိုလည္း အမိန္႔စည္းက ေကာင္းေကာင္းႀကီးအသံုးခ်ကာ
ေစာ္ေတြလွည့္ပတ္ေပြ႔ေအာင္ထား၏။
႐ွိေသး၏။ ထိုအရာက ေနာက္တေယာက္အသစ္ထပ္တြဲတိုင္း
ရည္းစားေဟာင္းကို အသစ္ရေနၿပီလို႔ ခပ္တည္တည္ပင္ေျပာ
ျပတတ္ျခင္း။
"အဟတ္...သူတို႔စိတ္ႀကိဳက္ေနရေအာင္ ငါ့လီးေလာက္
ေတာင္တန္ဖိူးမထားဘူး"
ယခုလည္း အသက္18ပဲ႐ွိေသးတဲ့ တစ္ဦးတည္းေသာေယာ
က်္ားေလးျဖစ္တဲ့ေျမးေလးကို အတင္းစာခ်ဳပ္နဲ႔အိမ္ေထာင္ခ်
ေပးၿပီး ေစာစီးစြာကေလးယူတယ္တဲ့ေလ။
ေမြးလာေတာ့လည္း မိန္းကေလး၊ အမိန္႔စည္းတို႔မ်ိဳး႐ိုးက
က်ိန္စာႀကီးတစ္ခုလို ထံုးစံတစ္ခု႐ွိ၏။
"မင္းရဲ႕ကေလးက မိန္းကေလးဆို၊ မင္းတို႔မ်ိဳး႐ိုးကမိန္းက
ေလးေမြးၿပီဆိုရင္"
"ေဟ်ာင့္...မင္းေစာက္စကားမရစ္ေနနဲ႔"
"မင္းတို႔မ်ိဳး႐ိုးက မိန္းကေလးေမြးရင္ ကေလးေသရင္ေသ၊မ
ေသရင္ ကေလးအေမေသတယ္မလား၊ အဲ့ႏွစ္ခုလံုးမွမျဖစ္
ရင္ေတာ့ ေနာက္ထပ္ေမြးလာသမ်ွ မိန္းကေလးေတြခ်ည္းပဲဆို
တာ၊ မင္းေတာင္မွ တစ္ဦးတည္းေသာေမြးလာတဲ့ေယာက်္ား
ေလးမို႔ ဘြားျမတ္က သိပ္ခ်စ္တာ"
ဒါႀကီးကို အမိန္႔စည္းအေနနဲ႔ မယံုခ်င္ေပမဲ့လည္း သူတို႔မ်ိဳး
႐ိုးမွာ ထံုးစံတစ္ခုက်ိန္စာတစ္ခုမ်ားလားမေျပာတတ္။
သားေယာက်္ားေလးေမြးဖြားလာဖို႔ သိပ္ကံနည္းလြန္းတဲ့ မ်ိဳး႐ိုး
တစ္ခု၊ မိန္းကေလးေမြးဖြားလာရင္ ထိုကေလးကေသရင္ေသ
မေသရင္ကေလးအေမကဆံုးပါးေလ၏။ ကံေကာင္းလို႔ဘာမ်ွ
မျဖစ္ရင္လည္း ထပ္ေမြးလာသမ်ွမိန္းကေလးေတြခ်ည္း။
မယံုဘူးဟုေျပာလို႔မရ အမိန္႔စည္းရဲ႕အေဒၚ ျမတ္ပန္းရံုသည္
လည္းမိန္းကေလးေမြးဖြားရာ ကေလးမွာေမြးၿပီးခ်င္းဆံုးပါး
သြားတာေၾကာင့္ ခံစားခဲ့ရ၏။
ထိုေနာက္မွာ ေယာက်္ားျဖစ္သူဘက္ကတူမေလးတိမ္လႊာကို
သမီးအမွတ္ျဖင့္သာေမြးစားလိုက္ကာ စိတ္ေျဖလိုက္ရ၏။
သခင္မႀကီးျမတ္ပန္းရဂံုရဲ႕ ယခုလက္႐ွိမ်ိဳးဆက္မွာေတာ့
သားေယာက်္ားေလးက အမိန္႔စည္းတစ္ေယာက္တည္းသာ။
ထိုေၾကာင့္ သူအိမ္ေထာင္ျပဳပါက ရင္ေသြး မဟုတ္ရင္ ဇနီး
ဆံုးပါးသြားမလားဟု ေတြးမိခဲ့ဖူး၏။
သို႔ေပမဲ့ ဒါေတြကို အမိန္႔စည္းက သိပ္ၿပီးယံုၾကည္တတ္တဲ့သူ
မဟုတ္လို႔ စိတ္ထဲတကူးတကမွတ္ထားေလာက္တဲ့ထိအေရး
မပါ။
ပဲရစ္မွာ႐ွိေနတဲ့ ေနာက္ဆံုးညကေတာ့ အျပတ္ကဲလိုက္မိသ
လို ရန္ပြဲေတြလည္းဆက္တိုက္၊ မေၾကာက္မရြံ႔တတ္တဲ့ အမိန္႔
စည္းကေတာ့ ဂ႐ုပင္မစိုက္စြာ ဘာမွမျဖစ္သူလို ျမန္မာနိင္ငံ
သို႔ ျပန္လာခဲ့လိုက္ေလ၏။
သူရဲ႕ရည္ရြယ္ခ်က္က ကေလးအေမျဖစ္သူကို ကြာ႐ွင္းျပတ္စဲ
ဖို႔ပင္။ ဘယ္ႏွယ္ဗ်ာ...အခုမွအသက္ျပည့္ရံု႐ွိေသး ကေလးအ
ေဖအျဖစ္မေနနိင္ေပါင္။
ကေလးတေယာက္ရတာနဲ႔ ကြာ႐ွင္းရမယ္လို႔ကတိေပးၿပီးသား
မို႔အမိန္႔စည္းအတြက္ျပသနာေတာ့မ႐ွိလွ။
ေလယဥ္ဆိုက္ေရာက္လို႔ ျမန္မာနိင္ငံသို႔ေျခခ်လိုက္ကာ
အသက္ကိုဝေအာင္႐ႈၿပီး ႏႈတ္ခမ္းေထာင့္နားသို႔လ်ွာေလးထိုး
၍ သြားစြယ္ေလးေတြေပၚတဲ့ထိျပံဳးလိုက္ၿပီးေနာက္။
"မင္းကို ကြာ႐ွင္းဖို႔ ငါလာၿပီ"
✨✨✨✨✨✨
Upေပးလိုက္ၿပီေနာ္....
Uni
ပန်းရဂုံစံအိမ်....
သေသပ်တောက်ပလွန်းတဲ့ ရွှေရောင်စာတန်းကြီးဖြင့် ခြံအိမ်
ကြီးရဲ့ ခြံဝ၌ ခန့်ညားစွာချိတ်ဆွဲထားသည့် ပန်းရဂုံစံအိမ်ကြီး
က အရှိန်အဝါကြီးမားထည်ဝါစွာ။
အစေခံတွေ ခြံစောင့် အမြောက်အများဖြင့် စံအိမ်အထဲကိုပင်
မဝင်ရသေးခင်မှာပင် ခြံဝန်းကျယ်ကြီးရဲ့ စိမ်းစိုလှပသော
ပန်းပင်များစွာနဲ့တကွ သေသပ်လှပတဲ့ အရိပ်ရအပင်တွေက
စီတန်းပေါက်ရောက်နေသလို သန့်ရှင်းရှင်းလင်းတဲ့မြင်ကွင်း
ကြောင့်လည်း စည်းကမ်းကြီးလွန်းပေလိမ့်မည်ဟု သခွပ်ရိုး
မြင်ရုံနဲ့တင် ကောက်ချက်ချလိုက်၏။
တွေးမိရုံနဲ့တင် ဘယ်လောက်ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာ
ရှိလိမ့်မလဲ၊ ဒါတွေက သခွပ်ရိုး အတွက် ဆန်းကြယ်တဲ့အိမ်
မက်လေးတစ်ခု မက်နေခြင်းလား။
ဖြည်းဖြည်းညိမ့်ညိမ့်လေး လှိမ့်ဝင်လာတဲ့ကားလေးက ခြံဝန်း
တံခါးကြီးကိုအဖြတ် စံအိမ်ကြီးရဲ့အိမ်ပေါက်ဝအရောက်မှာ
ရပ်တန့်ချိန်မှာတော့ သခွပ်ရိုးရဲ့ ခြေဖျားလက်ဖျားလေးတွေ
အေးစက်တောင့်ခဲသွားမတတ်ပင်။
"ကျွီ"
"ကေလးမ...ရောက်ပြီ"
"ဟုတ်...ဟုတ်ကဲ့"
ဒရိုင်ဘာ ဦးလေးကြီးရဲ့ အသံက တွေးလက်စ အိမ်မက်
လေးပင် ကြက်ပျောက်ဌက်ပျောက်။
တကယ်တော့ ပန်းရဂုံစံအိမ် ဆိုတဲ့ ရွှေရောင်နာမည်ကြီးနဲ့
တင် ခပ်ရှိန်းရှိန်းလေး ဖြစ်မိခဲ့တာပင်။
သခွပ်ရိုးလို ပုံတုံးလွန်းတဲ့ ကျီးမဲလေးက မြင်ဖူးတွေ့ဖူးတဲ့အ
ရာတွေထဲ ဤမျှလောက် ချမ်းသာမူဆိုတာ ကြုံမှမကြုံဖူးခဲ့
တာ။
"ဦးလေးနောက်လိုက်ခဲ့၊ သခင်မကြီးက စောင့်နေတာ"
ရိုး ခေါင်းလေးတဆက်ဆက်ညိမ့်ပြရင်း ခပ်ကုတ်ကုတ်လေး
လိုက်ပါသွား၏။
ဘေးနားက လိုက်ပါလာသည့် ဒေါ်လေးနွယ်ရဲ့ လက်မောင်း
ကိုလည်း အားကိုးတကြီးဆုပ်ကိုင်လို့ ကြောက်လိုက်တာမှ
လည်းမပြောနှင့်၊ မေမေကြီးကတော့ အရှေ့ကဦးဆောင်လိုက်
သွားလေရဲ့။
အို...စံအိမ်ကြီးကိုဝင်လိုက်တာနဲ့တင် အေးစိမ့်သွားတဲ့ခံစား
မူနဲ့အတူ ကိုယ့်မျက်လုံးပင်အနားမပေးနိင်လောက်အောင်
ကျယ်ဝန်းလှသောဧည့်ခန်းကြီးနဲ့ ဈေးကြီးလွန်းကာ လှပလွန်း
သည်ဟု ရိုး သတ်မှတ်လိုက်တဲ့ ပရိဘောဂတွေက ခေတ်အ
ရမ်းမဆန်နေသလို ရှေးလွန်းလည်းသိပ်မကျ။
သူ့နေရာနဲ့သူ လူရှိန်သွားလောက်တဲ့အထိ ဆွဲဆောင်နေသလို
တောက်ပြောင်လွန်းတဲ့ အပြင်အဆင်တွေနဲ့တင်မျက်စီကျိန်း
စရာ။
များလိုက်တဲ့ အစေခံတွေရဲ့မျက်လုံးအကြည့်တွေက သခွပ်
ရိုးရဲ့ ကိုယ်လုံးလေးတောင်ကျုံ့ဝင်သွားစေတဲ့အထိ။
မပြုံးမရယ်ခပ်တည်တည်အကြည့်တွေက လူကြောက်တတ်
တဲ့ သူ့အနေနဲ့ အားငယ်စိတ်လေးတခုဖြတ်သန်းသွားလေ၏။
ဒီလိုနေရာမှာ ရှင်မှုန်းနံ့သာ တစ်ယောက် ဘယ်လိုလုပ်နေ
ထိုင်ခဲ့ပါလိမ့်။
သူလို ကျီးမဲလေးကတော့ ကျောတစ်ခင်းတောင် နေစရာပင်
ရှိမှာမဟုတ်။
"သခင်မကြီး စောင့်နေတာကြာပြီလားရှင့်"
"မကြာသေးပါဘူး၊ သူလေးက"
"သူက ကျွန်မပြောထားတဲ့တယောက်ပါ၊ ဒီကိစ္စတွေကို လုပ်
ဆောင်ပါမယ်လို့ ကျွန်မကိုသဘောတူကတိပေးထားပါတယ်"
"ဟုတ်...ဟုတ်ပါတယ်၊ ဒါပေမဲ့...ဘြား"
"ရိုး...ဘာပြောဦးမလို့လဲ၊ ရိုးကိုယ်တိုင် သဘောတူထားပြီး
ပြီပဲလေ"
သခင်မကြီး လို့ခေါ်နေတဲ့ အသက်70ကျော်အရွယ် ဘြားဟု
နူတ်ထွက်လိုက်မိတဲ့ သခင်မကြီးရဲ့မျက်နှာက ရုပ်ရည်နုနယ်
သလို ကျက်သရေလည်းသိပ်ရှိ၏။
ညာဘက်ပါးပြင်မှာ စံပယ်တင်မှဲ့ကြီးကထင်းနေသလို ဥပဓိ
ရုပ်သိပ်ကောင်းလွန်းလှလေသည်။
"ဘွားကိုဘာပြောမလို့လဲ၊ မြေးလေးရင်ထဲက ဘာတစ္ခုမွ
လျို့ဝှက်မထားပါနဲ့၊ ဘယ်သူကိုမှလည်း ကြောက်နေစရာမ
လိုဘူး"
ကြောက်လို့ ကြောင်ပေါက်လေးလို ကုတ်ကုတ်လေးဖြစ်နေပြီ
ဖြစ်တဲ့ သခွပ်ရိုးမှာတော့ မျက်လုံးလေးပင့်တင်၊ ပါးချိုင့်လေး
ပေါ်အောင် မပြုံးရဲပြုံးရဲလေး ပြုံးကာ မေမေကြီးကိုလည်း
လှမ်း၍ အကဲခတ်ရသေး၏။
"ရိုးက သဘောတူလက်ခံလိုက်တာမှန်ပါတယ်၊ ရိုးက ယော
ယောကျ်ားလေး ဆိုတာ သိ..သိတယ်မလားဟင်"
"သခွပ်ရိုး!"
"ဘာလို့ငါ့ရှေ့မှာ ဆူဖို့ကြံစည်နေရတာလဲ၊ မိစိမ်း..သူ့အနေနဲ့
ဒါက ပြောသင့်တယ်လို့ ငါထင်မိတယ်၊ နင့်ပါးစပ်ကိုပိတ်နေ
လိုက်စမ်းပါ"
ဘွားရဲ့ စကားတခွန်းမှာတင် မေမေကြီးက ဘာမ်ွအသံမ
ထြက္လာရဲပဲ ခေါင်းသာငုတ်သွားရ၏။
အို...သခင်မကြီးက အာဏာပါဝါသိပ်ရှိလွန်းပါဘိ။
"နာမည်က သခွပ်ရိုး ဟုတ္စ"
"ဟုတ်..ဟုတ်ပါတယ်"
"နာမည်လေးကို စကြားလိုက်ရတည်းက ထူးခြားလွန်းတော့
စွဲထင်နေတာအမှန်ပဲ၊ ပြောပါဦး...ဘယ်လိုအဓိပ္ပါယ်လေးလဲ"
"မေ..မေမေနဲ့ဖေ..ဖေဖေက သခွပ်ပန်းဖြူဖြူလေးတွေကို
တင်စားပြီး မှည့်ထားတာတဲ့၊ သခွပ်ပန်းလေးတွေလို လူသိပ်
မသိကြပေမဲ့ ထင်ရှားတဲ့ပန်းတွေထက် စြဲ..စွဲထင်နေအောင်
တဲ့.."
"ကြည့်ရတာ မြေးလေးရဲ့မိဘတွေက သူ့သားလေးကိုသိပ်ကို
ချစ်ကြပုံပဲ၊ မြေးက ယောကျ်ားတယောက်ဆိုတာလည်းသိပြီး
သားပါ၊ အမိန့် ပြန်လာတဲ့အထိ ခဏတာအချိန်လေးမှာပဲ ဟန်ဆောင်ပေးရမှာပါ၊ ဘွားကိုယ်တိုင်ကလည်း လူတွေကို
သိပ်မယုံကြည်တဲ့သူမို့ အခက်တွေ့ခဲ့ရတယ်၊
ဒါပေမဲ့ ဘွားရဲ့အသက်အရွယ်ကျန်းမာရေးအခြေအနေတစ်ခု
ကြောင့် အမိန့်ရဲ့ သွေးသား၊ဘွားရဲ့ မြစ်ကလေးကိုမသေခင်
မြင်တွေ့ချီသွားချင်တာမို့ သမီးအရှင်နဲ့လက်ဆက်ပေးခဲ့ပေမဲ့
မြစ်လေးကို အမိန့်ရဲ့သုတ်ပိုးနဲ့သာမွေးခဲ့ရတာ၊ အမိန့်ကလေ
သိပ်ကိုခေါင်းမာတဇွတ်ထိုးတယူသန်အားကြီးတယ်၊သူမလုပ်
ချင်ရင်ဖိအားပေးလို့မရသလို၊ သူလုပ်ချင်ရင်လည်း ဇြတ္တ
ရွတ်၊ သမီးအရှင် ဆုံးပါးသွားပြန်တော့ သမီးအရှင်နေရာမှာ
ခဏတာဟန်ဆောင်ဖို့ ကမ်းလှမ်းရတာပါကွယ်၊ ဒါကလည်း
ပဲရစ်မှာပဲ အခြေချနေတဲ့အမိန့်ကို မြစ်လေးကိုအကြောင်းပြ
ပြီး မိန်းမနဲ့ကလေးဆီပြန်လာခိုင်းဖို့အကြောင်းပြချက်ဆိုပါ
တော့..အဟွတ်...အဟွတ်"
"ဟို..ဘြား...ဘြား သက်သာလားဟင်"
ရိုး အနေနဲ့ သခင်မကြီးရဲ့ချောင်းချိုးသံကြောင့် ခြေမကိုင်မီ
လက်မကိုင်မီ ကပြာကယာလေး အမေးပြုလိုက်၏။
ထိုအခါ ပြုံး၍....
"ဘွားကသက်သာအောင်နေပေမဲ့ ဇယာက အချိန်နှောင်းနေ
ပြီလေ၊ ကြည့်ပါဦး ရယ်လိုက်ရင်ပေါ်လာတဲ့ပါးချိုင့်လေးနဲ့
သိပ်ကိုချစ်ဖို့ကောင်းပါဘိ၊ ယောကျ်ားလေးပေမဲ့ ကပို့ကယို့
လေး ဆွဲဆောင်မူရှိသလို ဆံနွယ်ရှည်တွေနဲ့ တမျိုးစွဲစေမိ
တယ်"
အို...သခင်မကြီးကတော့ သူ့ကိုကြည့်ပြီး တပြုံးပြုံးနဲ့လေသံ
အေးအေးလေးနဲ့ညွှန်းလိုက်ပေမဲ့ ရိုးကတော့ သိမ့်ငယ်စိတ်
လေးဝင်မိပြန်တယ်။
စဉ်းစားကြည့်ရင် ရိုးက ရှင်မှုန်းနံ့သာ ရဲ့ကစားဖော်မိန်းက
လေးအဖြစ် ငယ်စဉ်တည်းက ကြီးပြင်းခဲ့ရတာ။ ကိုယ်တိုင်
ယောကျ်ားတယောက်ပေမဲ့ သူ့အိမ်ကထမင်းစားတော့သူခိုင်း
တာလုပ်၊ သူစေရာသွားပြီး အဖော်အပေါင်းအသင်းမရှိ အထီး
ကျန်နေတဲ့ အရှင်ရဲ့နံဘေးမှာ အခိုင်းအစေမိန်းကလေးလို
ဆံနွယ်ရှည်တွေထားခဲ့ရတာလေ။
အဝတ်အစားတောင်မှ ရိုးဝတ်တတ်သလိုဝတ်ပါရစေလို့ဘယ်
လောက်တောင်ပြောခဲ့ရလဲ။ ငယ်စဉ်က မိန်းကလေးလိုနေ
ခိုင်းပြန်တော့ ရိုးမှာလေ ငိုလိုက်ရတာ။
ဖြစ်နိင်ရင် မေမေတို့ဇာတိ ရွာလေးကိုပဲရိုးပြန်ချင်တော့တယ်။
ဟိုမွာ အမျိုးအဆွေဘကြီးတို့လင်မယားရှိတာမို့ မေမေကြီး
တို့ကျေးဇူးဆပ်ပြီးရင်တော့ ရိုးပြန်ကောင်းပြန်နိင်ကောင်းပါရဲ့။
"ချီစမ်းပါဦး...တတုံးတခဲကြီး..အမိန့်နဲ့သိပ်ကိုတူတာ"
လက်ထဲသို့ လာထည့်ပေးတဲ့ ရက်သားအရွယ်သမီးလေးက
ဖွံဖွံထွားထွားကြီး အသားလေးတွေဝင်းမွတ်ဖြူစင်လို့၊ သူဝတ်
ထားတဲ့ ရှပ်အကျီအကွက်ခပ်နွမ်းနွမ်းလေးဝတ်ထားတဲ့ သူ့ရဲ့
ရင်ခွင်နဲ့တောင် မတန္မရာ။
"ရိုး...ရိုး..မ..မချီတတ်ဘူး"
"ဘြား...အမိန့်ပြန်လာလို့ အကုန်သိကုန်ရင်ပိုရှုပ်မနေဘူး
လား...တိမ်လွှာတော့ စိုးရိမ်မိတယ်"
မျက်လွှာလေးပင့်လို့မော့ကြည့်လိုက်လေတော့ သူနဲ့အသက်
မတိမ်းမယိမ်းကောင်မလေးတယောက်၊ ဝတ်ပုံစားပုံကချမ်း
သာမူကိုထင်ဟပ်နေသလို ခုနက သမီးလေးကိုခေါ်လာရင်း
ပါလာသည့်ပုံပင်။ အခန်းထဲတွင်တော့ ခုနလူများအပြင်
ထိုမိန်းကလေးနဲ့တကွ နောက်ထပ် ကျက်သရေရှိသော အန်
တီကြီးနှစ်ယောက်နှင့် ဦးလေးအရွယ်နှစ်ယောက်။
"မေမေရယ်...မချီတတ်ပဲမချီခိုင်းနေပါနဲ့လား၊ သူကေယာ
ကျ်ားလေးမို့ ကလေးမချီတတ်ဘာညာနဲ့ ပန်းရုံတို့ဘာသာ
ပဲထိန်းပေးပါမယ်၊ သမီးတိမ်လွှာလည်းရှိနေတာပဲလေ"
"ညီမလေးပန်းရုံ မေမေရဲ့စကားနဲ့ လုပ်ဆောင်ပေးတဲ့အရာ
တွေကိုအထွဋ်မတတ်ပါနဲ့လား၊ ပြီးတော့ မြေးမလေးကမမရဲ့
သားအမိန့်စည်းရဲ့ကလေး၊ သူ့အဘွားအရင်းဖြစ်တဲ့မမတောင်
ငြိမ်နေတာကို ဘာတွေရောင့်တတ်နေတာလဲကွယ်"
ရိုး တွေးလိုက်သည်က ရိုးရိုးလေး၊ တအိမ်လုံးက အမိန့်စည်း
ကို အမိန့်ဟုပဲ ခေါ်ဆိုကြသည့်အထိ အမိန့်စည်းဆိုသူက
သိပ်ကိုအရေးပေးခံရသည့်သူတယောက်။
"အူဝဲ...အူဝဲ"
"ကေလးကိုဘယ္လိုလုပ္လိုက္တာလဲ၊ ကလေးအမေဖြစ်ဖို့
အရည်အချင်းမရှိလိုက်တာ၊ Sorry...နင်က မိန်းကလေးမှ
မဟုတ္တာပဲ"
"တိတ်..တိတ်နော်သမီးလေး..ဟို...ရိုး..ရိုး..ပြန်..ပြန်ပေး
လိုက်ရမလားဟင်"
အစတည်းက လူကြောက်တတ်၊ လူအရမ်းများရင် စကားအ
ထစ်အငေါ့ဖြစ်တတ်တဲ့သူ့မှာ သမီးလေးကပါထငိုတော့ ရင်ပူ
သွားတာအမှန်ပင်။
"ရိုးလို့မသုံးနှုန်းနဲ့တော့၊ ဒီနေ့ကစပြီး အရှင်လို့ပဲကိုယ့်ကိုကိုယ်
သုံးနှုန်းရမယ်၊ မြစ်လေးကလည်း ရိုးနဲ့အမိန့်ရဲ့သမီးလို့ပဲစိတ်
ထဲတွေးထား၊ ပန်းရဂုံစံအိမ်ကြီးမှာ ဒီလျို့ဝှက်ချက်ကိုဒီအခန်း
ထဲကလူတွေအပြင် ပေါက်ရောက်မှာမဟုတ်လို့ မစိုးရိမ်လေနဲ့
အေး....ငါ့ရဲ့စကားကိုသွေဖယ်ရင်တော့ ငါ့အဆိုးမဆိုကြနဲ့
ပေါ့...မြတ်ပန်းရဂုံ ဆိုတဲ့မိန်းမကသေခါနီးအဘွားကြီးပေမဲ့
အာဏာတော့မကျသေးဘူး"
ထိုအခါမွ အကုန်ငြိမ်ကျသွားသလို သမီးလေးမှာလည်း သူ့ရဲ့
တလှုပ်လှုပ် ချော့မြူမူကြောင့် ငြိမ်သက်သွားလေ၏။
တကယ်တော့ ရိုးရဲ့ဘဝက ဒေါင်းယောင်ဆောင်လေတဲ့ကျီးမဲ
လေးပါပင်။
သမီးလေးနာမည်က....ဆုလဲ့တော်ဝင်တဲ့လေ။
................
"အမိန့်...မင်းမနက်ဖြန် မြန်မာနိင်ငံကို ပြန်တော့မယ်ဆို"
"သိရဲ့သားနဲ့ထပ်မေးနေရအောင် အားယားနေလား"
"မဟုတ်ပါဘူးကွာ၊ ဒီည နောက်ဆုံးညအဖြစ်အပြတ်ကဲကြ
ရအောင်လို့မေးတာပါ...မင်းကလည်းစိတ်ကြီးပဲ"
အမိန့်စည်းရဲ့ အကျင့်က သိရဲ့သားနဲ့ပြန်မေးတာလောက်
အမြင်ကပ်တာမရှိသလို၊ တခွန်းပြောထားပါရက် မထုံတတေး
နဲ့ နုံ့နုံ့အအ လုပ်ပြနေရင်လည်း စောက်သည်းပေါက်တာမရှိ။
"အဲ့တော့ လီးဖြစ်လား၊မင်းတော်တော် စောက်စကားများတဲ့
နွားပဲ"
သူ့ကိုရိုင်းတယ်လို့ပြောရင် အမိန့်စည်းက သွားစွယ်လေးတွေ
ပေါ်တဲ့ထိ ဟက်ဟက်ပက်ပက်နဲ့ကိုရယ်မောစရာဖြစ်နေမည်။
ငယ်စဉ်တည်းက ပဲရစ်မှာ ရှင်သန်ကြီးပြင်းလာခဲ့ပြီး ဉာဏ်
ကောင်းလွန်းလို့ စာတော်ပြီးပညာထူးချွန်သောကြောင့်လူလိမ်
မာလေးလို့အတွေးမမှားနှင့်။ စာကျက်ရင်တောင် သူစိတ်ပါမှ
ထလုပ်တတ်တဲ့သူမျိုး။
သို့ပေမဲ့....
ချမ်းသာကြွယ်ဝလွန်းတဲ့ ဘွားအေရဲ့ ဂုဏ်သိက္ခာရှိမူတွေ
နဲ့ အာဏာထိရောက်မူတွေကြောင့် ခြငေ်္သ့ကို ဂြိုလ်တပ်ပေး
တာထက်ပင်ဆိုးလွန်းပေသည်။
အသက်18နှစ်ကျော်တဲ့လူငယ်လေးဖြစ်ပေမဲ့ သန္မာထြား
ကြိုင်းတဲ့ခန္ဓာကိုယ်တည်ဆောက်မူတွေကြောင့်ကော ရှည်မား
တဲ့အရပ်အမောင်းနှင့် ဘယ်ဘက်မျက်ခုံးဘေး၌ ထင်ရှားတဲ့
မှဲ့နက်လေး၊ ရယ်လိုက်ရင်ချွန်မြတဲ့ သွားစွယ်ဖြူဖြူလေးတွေ
တစ်ချက်ရယ်လိုက်တိုင်း နှုတ်ခမ်းထောင့်ကိုလျှာလေးနဲ့ထိုး
ကာရယ်တတ်တဲ့ အမိန့်စည်းရဲ့အပြုအမူတိုင်းက ရင်ခွင်
ကျယ်ကြီးထဲ ခိုဝင်နားချင်တဲ့ ပျိုမဒီတိုင်းကဒူးနဲ့ဒေး။
ဒါကိုလည်း အမိန့်စည်းက ကောင်းကောင်းကြီးအသုံးချကာ
စော်တွေလှည့်ပတ်ပွေ့အောင်ထား၏။
ရှိသေး၏။ ထိုအရာက နောက်တယောက်အသစ်ထပ်တွဲတိုင်း
ရည်းစားဟောင်းကို အသစ်ရနေပြီလို့ ခပ်တည်တည်ပင်ပြော
ပြတတ်ခြင်း။
"အဟတ်...သူတို့စိတ်ကြိုက်နေရအောင် ငါ့လီးလောက်
တောင်တန်ဖိူးမထားဘူး"
ယခုလည်း အသက်18ပဲရှိသေးတဲ့ တစ်ဦးတည်းသောယော
ကျ်ားလေးဖြစ်တဲ့မြေးလေးကို အတင်းစာချုပ်နဲ့အိမ်ထောင်ချ
ပေးပြီး စောစီးစွာကလေးယူတယ်တဲ့လေ။
မွေးလာတော့လည်း မိန်းကလေး၊ အမိန့်စည်းတို့မျိုးရိုးက
ကျိန်စာကြီးတစ်ခုလို ထုံးစံတစ်ခုရှိ၏။
"မင်းရဲ့ကလေးက မိန်းကလေးဆို၊ မင်းတို့မျိုးရိုးကမိန်းက
လေးမွေးပြီဆိုရင်"
"ဟျောင့်...မင်းစောက်စကားမရစ်နေနဲ့"
"မင်းတို့မျိုးရိုးက မိန်းကလေးမွေးရင် ကလေးသေရင်သေ၊မ
သေရင် ကေလးအေမေသတယ္မလား၊ အဲ့နှစ်ခုလုံးမှမဖြစ်
ရင်တော့ နောက်ထပ်မွေးလာသမျှ မိန်းကလေးတွေချည်းပဲဆို
တာ၊ မင်းတောင်မှ တစ်ဦးတည်းသောမွေးလာတဲ့ယောကျ်ား
လေးမို့ ဘွားမြတ်က သိပ္ခ်စ္တာ"
ဒါကြီးကို အမိန့်စည်းအနေနဲ့ မယုံချင်ပေမဲ့လည်း သူတို့မျိုး
ရိုးမှာ ထုံးစံတစ်ခုကျိန်စာတစ်ခုများလားမပြောတတ်။
သားယောကျ်ားလေးမွေးဖွားလာဖို့ သိပ်ကံနည်းလွန်းတဲ့ မျိုးရိုး
တစ္ခု၊ မိန်းကလေးမွေးဖွားလာရင် ထိုကလေးကသေရင်သေ
မသေရင်ကလေးအမေကဆုံးပါးလေ၏။ ကံကောင်းလို့ဘာမျှ
မဖြစ်ရင်လည်း ထပ်မွေးလာသမျှမိန်းကလေးတွေချည်း။
မယုံဘူးဟုပြောလို့မရ အမိန့်စည်းရဲ့အဒေါ် မြတ်ပန်းရုံသည်
လည်းမိန်းကလေးမွေးဖွားရာ ကလေးမှာမွေးပြီးချင်းဆုံးပါး
သွားတာကြောင့် ခံစားခဲ့ရ၏။
ထိုနောက်မှာ ယောကျ်ားဖြစ်သူဘက်ကတူမလေးတိမ်လွှာကို
သမီးအမှတ်ဖြင့်သာမွေးစားလိုက်ကာ စိတ်ဖြေလိုက်ရ၏။
သခင်မကြီးမြတ်ပန်းရဂုံရဲ့ ယခုလက်ရှိမျိုးဆက်မှာတော့
သားယောကျ်ားလေးက အမိန့်စည်းတစ်ယောက်တည်းသာ။
ထိုကြောင့် သူအိမ်ထောင်ပြုပါက ရင်သွေး မဟုတ်ရင် ဇနီး
ဆုံးပါးသွားမလားဟု တွေးမိခဲ့ဖူး၏။
သို့ပေမဲ့ ဒါတွေကို အမိန့်စည်းက သိပ်ပြီးယုံကြည်တတ်တဲ့သူ
မဟုတ်လို့ စိတ်ထဲတကူးတကမှတ်ထားလောက်တဲ့ထိအရေး
မပါ။
ပဲရစ်မှာရှိနေတဲ့ နောက်ဆုံးညကတော့ အပြတ်ကဲလိုက်မိသ
လို ရန်ပွဲတွေလည်းဆက်တိုက်၊ မကြောက်မရွံ့တတ်တဲ့ အမိန့်
စည်းကတော့ ဂရုပင်မစိုက်စွာ ဘာမွမျဖစ္သူလို မြန်မာနိင်ငံ
သို့ ပြန်လာခဲ့လိုက်လေ၏။
သူရဲ့ရည်ရွယ်ချက်က ကေလးအေမျဖစ္သူကို ကွာရှင်းပြတ်စဲ
ဖို့ပင်။ ဘယ်နှယ်ဗျာ...အခုမှအသက်ပြည့်ရုံရှိသေး ကေလးအ
ဖေအဖြစ်မနေနိင်ပေါင်။
ကလေးတယောက်ရတာနဲ့ ကွာရှင်းရမယ်လို့ကတိပေးပြီးသား
မို့အမိန့်စည်းအတွက်ပြသနာတော့မရှိလှ။
လေယဉ်ဆိုက်ရောက်လို့ မြန်မာနိင်ငံသို့ခြေချလိုက်ကာ
အသက်ကိုဝအောင်ရှုပြီး နှုတ်ခမ်းထောင့်နားသို့လျှာလေးထိုး
၍ သွားစွယ်လေးတွေပေါ်တဲ့ထိပြုံးလိုက်ပြီးနောက်။
"မင်းကို ကွာရှင်းဖို့ ငါလာပြီ"
Upပေးလိုက်ပြီနော်....