အဖြူရောင်ပိတ်စလေးအုပ်ထားတဲ့ လူနာခုတင်လေးက ငူငူကြီးရပ်နေတဲ့ ဒိုယောင်းအနားကနေ တရွေ့ရွေ့ ဖြတ်သွားလေသည်။
စိတ်ထဲ မှာသာအကြိမ်ကြိမ်အော်ဟစ်နေပေမယ့် လက်တွေ့မှာတော့ တကယ်ဒိုယောင်းဘာအသံမှမထွက်နိုင်ပါ။ ပျောက်ကွယ်သွားတဲ့အဖြူရောင်အရိပ်လေးကြောင့် သွေးပျက်သည့်အလား။ ပြီးမှ
"ဒိုယောင်း Hyung စိတ်အေးအေးထား''
"ဂျောင်ဝူး ရား ဂျောင်ဝူး ငါအိမ်မက်မက်နေတာလား ငါ့ကိုနှိုးပါ ဒီအိမ်မက်ကြီးငါဆက်မမက်ပါရစေနဲ့ ''
ကယောင်ကတမ်းအော်နေပြီး ဂျောင်ဝူး ရဲ့ကော်လံစကို ဆွဲနေလေသည်။
"Hyung ''
"ဟင် အစ်ကိုရော...အစ်ကိုဘယ်မှာလဲ ငါ့ကို ငါ့ကို နောက်နေတာမလား ''
"ဒိုယောင်း Hyung စိတ်အေးအေးထားပါ ''
"ငါ့အကုန်လုံးခွင့်လွှတ်တာမလို့ အစ်ကို့ကိုသာပြန်ခေါ်လာပေးပါ နော် ဂျောင်ဝူး ရား ငါတောင်းပန်ပါတယ် ''
လက်အုပ်မချီရုံတမယ် တောင်းပန်နေသည်မှာတုန်တုန်ယင်ယင်။
"အစ်ကို ကိုငါပြောစရာတွေအများကြီးရှိသေးတယ် နော် ဂျောင်ဝူး အစ်ကိုကိုမှာစရာတွေကျန်သေးတယ် ငါနောက်ဆုံးအကြိမ်ထိ အစ်ကို့ဘေးမှာနေချင်သေးတယ် ''
"....''
"အစ်ကို ငါ့အပေါ်ဘာလုပ်လုပ် ငါ့အတွက်အများကြီးထိခိုက်ရင်တောင်မှငါခွင့်လွှတ်တယ် အဲ့ဒါကြောင့် အဲ့ဒါကြောင့် မလို့ကျေးဇူးပြုပြီး အစ်ကိုကိုပြန်ခေါ်ပေးပါနော် ဂျောင်ဝူး ''
တုန်တုန်ရီရီနဲ့ပြောပြီး ကြမ်းပြင်ပေါ်သို့လဲမကျသွားခင် ထိန်းလာတဲ့ရင်ခွင့်တစ်စုံ။ ဒီအချိန်မှာ အခံစားရဆုံးလူက ထိုလူသားဖြစ်မယ်ထင်ပါရဲ့။
"Hyung သတိထားပါဦး''
"အကို သူ့ကိုခေါ်သွားလိုက်မယ်''
"ဗျာ?..အော်ဟုတ်''
ဂျောင်ဝူးထိုလူကိုကောင်းကောင်းသိတာကြောင့်ဆက်ပြီးမပြောတော့ပေ။
ထိုလူက Doyoung ကိုပွေ့ချီပြီး လူနာခန်းထဲသို့ခေါ်ဆောင်သွားလေသည်။
********
လူနာခုတင်ပေါ်မှာ သတိမေ့နေတဲ့ပုံရိပ်လေး ကျွန်တော့်ရဲ့မြတ်နိုးရာ။
ကိုကိုမင်းကိုဘယ်လိုလုပ်ပြီးအပြစ်တင်ရက်ပါ့မလဲ.....
Yoshi လက်ထဲက ထွေးစုပ်ထားတဲ့ လက်ဖုဝါးသေးသေးလေးကိုမျက်နှာမှာကပ်လိုက်သည်။
"သူ့ကိုအဲ့လောက်ချစ်တာလား ကိုကို့ကလေးလေး ကိုကိုလည်းမင်းလိုပါပဲ အင်း မင်းထက်တောင်ပိုမယ်ထင်တယ် ကိုကိုမင်းကိုသိပ်ချစ်တာ ''
"ဟို...''
Yoshi တီးတိုးရေရွတ်နေစဥ် နောက်ကအသံတစ်ခုကြောင့် လှည့်ကြည့်လိုက်လေသည်။ Duty ကုတ်အဖြူနေလေးနဲ့ရပ်နေတဲ့ Dr kim မျက်နှာတော့မကောင်းပါ။
" လူနာအခြေနေလာကြည့်တာပါ ''
"အော်...'' Yoshi အော်တစ်လုံးသာဆို၍ထိုင်နေတဲ့နေရာက ထပေးလိုက်လေသည်။
Dr Kim က ခုတင်ပေါ်မှာ သတိမေ့နေတဲ့ ဒိုယောင်းကို စမ်းသပ်နေရင်း
"ခံစားရတယ်မလား ''
"....''
"ဒီခံစားချက်တွေကိုကျွန်တော်ကောင်းကောင်းသိပါတယ် ''
"အင်း.... ''
"ဒါပေမယ့် လည်းအဆင်ပြေသွားမှာပါ ''
"တစ်ယောက်က ...''
Yoshi ဆက်မပြောလာသေး ဆက်ပြောဖို့အားယူနေရသည်။
"တစ်ယောက်က အချစ်ဆုံးသူငယ်ချင်း အမှားတွေအများကြီးလုပ်ခဲ့တဲ့လူဆိုးကောင် ဟက်ဟက် ''
Yoshi ပြောပြီး မျက်နှာအနည်းငယ်မော့လိုက်ပြီး မျက်ခွံအောက်ကို ထိန်းထားတဲ့မျက်ရည်တွေမကျစေရန် လက်မနဲ့ပါဆွဲပွတ်လိုက်သည်။
ထိုစကားအဆုံးမှာတော့ Kyu လှုပ်ရှားမှုအားလုံးရပ်တန့်သွားသည်။
"....''
"တစ်ယောက်ကတော့... ''
Yoshi ဆက်မပြောနိုင်တော့တဲ့ပုံပင်။ Kyu သိပါသည် သူဘယ်လောက်ခံစားရမလဲဆိုတာ။ဒီအချိန်မှာဘယ်လိုနှစ်သိမ့်မှုမှဖြေသာနိုင်မည်မဟုတ်။ သူ့လောက်မဟုတ်ပေမယ့် ကျွန်တော်လည်းခံစားနေရတဲ့သူပါပဲ ။ ဖြစ်နိုင်ရင် သူ့ရဲ့ခံစားချက်တွေတောင်မျှဝေယူပေးလိုက်ချင်တာ....
".....''
အချိန်ကိုက်ရွာလာတဲ့မိုးက ခံစားချက်နဲ့လူတွေကိုလှောင်နေသလိုပင်။
ဒီချိန်ဆို မင်းဘယ်လိုနေမလဲ Jihoonahနောင်တရောရနေမှာလား။
ဟက် မင်းက အဆုံးထိလူဆိုးပဲနော် အင်းဒါပေမယ့်ငါခွင့်လွှတ်တယ် ငါ့သူငယ်ချင်းက အစကတည်းက လူဆိုးကောင်ပဲလေ ။ ဘာလို့ဒီလိုတွေလျှောက်လုပ်ရတာလဲဆိုပြီး လက်သီးနဲ့အကြိမ်ကြိမ်ထိုးပြစ်ချင်သေးတာ။ ငါ့စိတ်ကျေနပ်တဲ့မင်းကိုထိုးမယ် ပြီးရင်ငါတို့ကအရင်တိုင်းပဲအချစ်ဆုံးသူငယ်ချင်းတွေပြန်ဖြစ်ကြမယ်လေ.... ဘာလို့များ ဘာလို့များ ငါ့ကိုနှုတ်ဆက်စကားတစ်ခွန်းမပြောဘဲ ထွက်သွားနိုင်ရတာလဲ ParkJihoon မင်းကအဆုံးထိ တစ်ကိုယ်ကောင်းဆန်တုန်းပဲနော်။
*************************
<<<<One week later>>>>
အပြင်ဘက်ကိုအသက်မပါစွာကြည့်နေတဲ့ကောင်းလေးတစ်ယောက်။ အုံ့မှိုင်းမှိုင်းရာသီဥတုက ထိုကောင်လေးစိတ်နဲ့တစ်ထပ်တည်းဖြစ်လိမ့်မည်။
"Doyoung တစ်ခုခုစားတော့မလား''
"...''
မည့်သည့်အသံမှမပြုခေါင်းသာယမ်းပြလာသည်မလို့ Yoshi ထိုကောင်လေးဘေးတွင်ဝင်ထိုင်လိုက်သည်။
"ရာသီဥတုက မိုးရွာမယ်ထင်လား ''
"အင်း... ကိုကို.''
"ပြောလေ''
"ကျွန်တော့်ကိုစိတ်မဆိုးဘူးလား''
Yoshi ကပြုံးရင်း ဒိုယောင်းခေါင်းကိုခပ်ဖွဖွပုတ်လိုက်သည်။
"Doyoung ရွေးချယ်မှုဘာမဆို ကိုကိုလက်ခံနိုင်ပါတယ် ''
"ကျွန်တော်က မကောင်းတဲ့သူပါ နောက်တစ်ခါ ကျွန်တော့်ထက်ပိုကောင်းတဲ့သူနဲ့တွေ့ရမယ်လို့ကျွန်တော်ယုံတယ် ''
"အင်း...''
Yoshi စိတ်မပါတဲ့အပြုံးတစ်ခုသာဆင်မြန်းထားလိုက်သည်။ မဖြစ်နိုင်တော့ပေမယ့် ဒိုယောင်းဆီက စကား တစ်ခွန်းကို အခုထိမျှော်လင့်နေမိသေးတာ
"ကျွန်တော်တောင်းပန်ပါတယ် ကိုကို အရာအားလုံးအတွက် ပြီးတော့ အစ်ကို့အတွက်ရော...... ''
"ဟင့်အင်း ကိုကိုအကုန်ခွင့်လွှတ်ပြီးသား''
Doyoung ပိုလို့ပင်စိတ်မသက်သာရပါ ကိုကို ရယ်...
"ဒါနဲ့ ကျွန်တော်ဘယ်တော့ဆေးရုံဆင်းရမှာတဲ့လဲ ''
"အဲ့ အဲ့ဒါက ....''
"ကျွန်တော်ဘာမှမဖြစ်တော့ပါဘူး ကိုကို ''
ဘာမှမဖြစ်ဘူးပြောနေတဲ့သူရဲ့မျက်နှာ သွေးမရှိသကဲ့သို့ ဖြူဖတ်ဖတ် မျက်တွင်းတွေများသိသိသာသာချောင်ကျနေသည်။ Yoshi သိတာပေါ့ ဒီကောင်လေးနေမကောင်းဘူးဆိုတာ ။ ဒါပေမယ့် သူ့ဝေဒနါတွေကိုမပြောပြဘဲ ဆရာဝန်တွေထိတောင် လိုက်ပိတ်ထားတာလေ။ တကယ်မစိုးရိမ်ဘူးဆိုရင်လိမ်တာပဲ ဖြစ်မှာပါ။ ပြီးတော့ခုတလော စိတ်မအေးနိုင် ရင်ထဲတစ်ခုခုလေးနေသေးသည်။ Jihoon စိတ်ကြောင့်လား တစ်ခုခုကြောင့်လားတော့မပြောတတ်။
ထိုစဥ်
ကျွီ ....
တံခါးဖွင့်သံကြောင့် Doyoung Yoshi ရောနောက်လှည့်ကြည့်လိုက်သည်။
"ဟို... လူနာ သက်သာရဲ့လား''
Doyoung ထို ဆရာဝန်လေးကိုကောင်းကောင်းသိပါသည်။ ပြီးတော့ သူ့မျက်လုံးထဲက ခံစားချက်တွေရော ။ ဒိုယောင်းဒီအချိန်ထွက်သွားရင်တောင် ကိုကို့ကို စိတ်ချရလောက်ပြီထင်ပါတယ်
"အော်ဟုတ် ကိုကို ကျွန်တော်သန့်စင်ခန်း ခဏသွားဦးမယ်နော် ''
"အမ် အင်း''
လူနာမရှိတဲ့အခန်းထဲမှာ ကျန်ခဲ့တဲ့နှစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးပြနေကြပြီးအမ်းတမ်းတမ်းဖြင့်သာ~~~~
*************
1 month later
တအုန်းအုန်းရွာနေသောမိုးက ကျနေသောပါးပြင်ပေါ်ကမျက်ရည်တွေကိုသယ်ဆောင်သွားမည်ထင်ပါတယ်။
ဘေးချင်းယှဥ်ထားတဲ့ အုတ်ဂူလေးနှစ်ခုပေါ်က ပန်းစီးလေးတွေရော ဒီမိုးဒဏ်ကိုခံနိုင်မယ်မထင်။
ထိုရှေ့မှာ ဒူးထောက်ပြီး မည်သည့်အကာကွယ်မှမပါဘဲ နေနေခဲ့သည့်သူတစ်ယောက်။
မိုးကအငြိုးနဲ့ရွာနေသလိုပိုကြမ်းတမ်းလာပေမယ့် ထိုလူကတော့တုပ်တုပ်မျှမလှုပ်ပါ။
ရုတ်တရက် အပေါ်မှာမိုးလာသော အနက်ရောင်ထီးတစ်ခု ဘယ်သူပါလဲဆိုတာမသိချင်တော့သလို စိတ်လည်းမဝင်စားပါ ။
"Yoshi shi မိုးတွေအရမ်းစိုနေပြီ ပြန်ရအောင်နော် ''
ထီးမိုးပေးတဲ့ပိုင်ရှင်က Yoshi ပုခုံးတစ်ဖက်ပေါ်လက်တင်ပြီးပြောလာပေမယ့် Yoshi ပုတ်သာချလိုက်မိသည်။
ဟင့်အင်း မပြန်ဘူး ဒီနားကနေတစ်လှမ်းမှခွာမှာမဟုတ်ဘူး
"ထီးပိုင်ရှင်သက်ပြင်းသာချမိတော့သည်။
ဒီမှာထိုင်နေတာ တစ်နေ့လုံးနီးပါး ဘာမှလည်းမစားသလို နည်းနည်းမှလည်းမလှုပ်မရပ်...ဘယ်လောက်ခံစားနေရမလဲဆိုတာ သိပါသည်။ ဒါပေမယ့်လည်းပေါ့ ဒီတိုင်း ရပ်မကြည့်နိုင်။
"မနက်မှပြန်လာရအောင် အခုက မိုးအရမ်းရွာ ''
"မပြန်ဘူးလို့ပြောနေတယ်လေ! !! ခဗျားသိလားကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတာ ''
"အင်းကျွန်တော်ကောင်းကောင်းသိတယ်''
"ဟင့်အင်း ဘယ်သူမှသိမှာမဟုတ်ဘူး ...အားးးးး ''
မိုးသံကိုတောင်ဖောက်ထွင်းပြစ်လိုက်တဲ့အော်သံကြီးက အနည်းငယ်စိတ်ပြေနိုင်မယ်ဆို စိတ်ကြိုက်တာအော်ပြစ်လိုက်ပါ.......
ခဏကြာမှ မိုးစဲစပြုပြီး ဒူးထောက်ထားတဲ့ကိုယ်လေးလည်း မြေပြင်ပုံသို့ လုံးလုံးယားယားခွေကျသွားလေသည်။
Doyoung အခု Jihoon နဲ့တွေ့ပြီးပျော်နေမှာလား ။ မင်းသာပျော်မယ်ဆိုရင် မင်းရွေးချယ်မှုတိုင်းကို ကိုကိုလက်ခံနိုင်ပါတယ်နာကျင်နေရမယ်ဆိုရင်တောင်......
Doyoung က အရမ်းနူးညံ့တဲ့ကောင်လေးမလို့ သူ့အပေါ်တအားအနိုင်မယူဖို့လည်းမှာလိုက်ချင်သေးတာ မင်းလည်းချစ်တယ်မလား Jihoonah ~ ပြီးတော့ နောက်ထပ်ဆုံဖြစ်ခဲ့ကြရင် ငါတို့အချစ်ဆုံးသူငယ်ချင်းပဲထပ်ဖြစ်ကြရအောင်နော် မင်းလိုချင်တဲ့ဘယ်အရာကိုမဆိုဖြည့်ဆည်းပေးမှာမလို့ ငါ့ကို အခုလိုအစောကြီးတော့ထားမသွားပါနဲ့ ~~
************
End ><
AN/
-အဆုံးထိဖတ်ပေးတဲ့ reader သဲလေးတွေကိုကျေးဇူးတင်ပါတယ်နော် HE လေးဖြစ်မသွားခဲ့တာ ဆောတီးပါ 😬 အစကတည်းက SEအတွက်ပဲစဥ်းစားခဲ့တာမလို့ ဇာတ်လမ်းက နည်းနည်းတော့ပေါ့တယ်မလား အပိုင်းရှည်ရေးရင် အဲ့လိုပဲ ကမောက်ကမတွေဖြစ်ကုန်လို့တကယ်အားနာရပါတယ် :((
အဲ့ကြားထဲက ဖတ်ပေးတဲ့သူတိုင်းကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ရှင် Next one ရေးဖြစ်ရင် သေချာလေးရေးနိုင်အောင်ကြိုးစားပါ့မယ်
~~~~~~~~~~~~~~~~~~~~~~~~