ParkJihoonဆိုတာအစကတည်းကိုယ်ပိုင်တဲ့ပစ္စည်း တခြားသူနဲ့မျှသုံးရမှာမလိုလားတဲ့သူ။ ကိုယ်မပိုင်တော့မှန်းသိရင် အဲ့အရာကိုစွန့်လွှတ်ပစ်တတ်တဲ့သူ။ အဲ့အစားတန်ရာတန်းကြေးတော့ပြန်ယူတတ်၏။
နောက်တစ်ခုက တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်။တစ်ခုခုအလိုမကျရင်ဘာမှမတွေးတော့ပဲစိတ်ထင်တိုင်းသာလုပ်တက်သည့်တဇွတ်ထိုးသမားဆိုလည်းမမှား။
စိတ်ထင်တိုင်းလုပ်နေတဲ့ Jihoon အတွက်တော့ ဘယ်အရာမှအလေးထားရကောင်းမှန်းမသိခဲ့ပါ။
_____________________________
''hmm?မင်းကျောင်းလာတယ်?''
တပတ်တရက်တောင်ပုံမှန် ကျောင်းမလာတက်တဲ့တက္ကသိုလ်ကျောင်းသားကြီး ParkJihoon ကိုမြင်တော့ Yoshinori သရဲမြင်လိုက်ရသလိုပင်။
"ဟက် မင်းကလည်းငါ့မြင်တာအဲ့လောက်လန့်ရလား ''
Jihoon ပြောပြီး Yoshi ဘေးဝင်ထိုင်လိုက်သည်။ ထိုအခါYoshi က Jihoon နှဖူးပေါ်လက်တင်ကြည့်ရင်း
"မင်းနေမှကောင်းပါတယ်နော် ဟိုတရက်ကမှကျောင်းလာထားတာမလား''
သူများတွေ နေမကောင်းရင်အိမ်ပြန်တယ် သူကျမှပြောင်းပြန်
"မဟုတ်ဘူး ပါးပါးက ငါကျောင်းပျက်တဲ့ကိစ္စတွေဘယ်လိုသိသွားလဲမသိဘူး ကောနေလို့ ''
" ဖြစ်ရမယ်''
"အတန်းချိန်တက်မှာလား Yoshi ''
"ငါမတက်လို့မရဘူး babe ဆူလိမ့်မယ် ''
"မင်းကလည်း...''
Jihoonခေါင်းခါရင်းသာ
အထက်တန်းကျောင်းသားဘဝကတည်းကဆိုးဖော်ဆိုးဖက် Yoshi က အခုDoyoung ဆိုတဲ့ကောင်လေးနဲ့မှ သိသိသာသာလိမ္မာသွားတာလေ။
အဲ့အချက်ကို Jihoonသိပ်သဘောမတွေ့ပေ သူ့အပိုင်ကိုတခြားသူလုယူသွားသလိုမျိုးခံစားရသည်။သို့ပေမယ့်လည်းJihoon စိတ်မပါပေမယ့်အတန်းချိန်ပြီးအောင်တော့သင်ခဲ့လိုက်သည်။
အတန်းချိန်ပြီးတော့
"Yoshi ငါတို့ Canteen သွားကြမလား''
"ဆောတီး ဟိုမှာ..''
Yoshi က အတန်းအပြင်ဘက်ကိုမေးငေါ့ပြရင်း Doyoung ကိုထိုးပြသည်။
သူ့babe စောင့်နေသည်မလို့ အမြန်ပင်ပြေးထွက်သွားလေသည်။
YOU ARE READING
Game Over [Completed]
Fanfictionဘာလို့ပိုင်ဆိုင်ချင်ရတာလဲလို့မေးရင် သေချာပေါက်အဖြေက မုန်းလို့။ အရံလူဖြစ်ရတာမုန်းလို့ လူပိုဖြစ်ရတာမကြိုက်လို့။ဒါပေမယ့် အခုကရော သတိမထားလိုက်မိခင်မှာပဲ နာကျင်ရတယ် ဒီရင်ဘက်တစ်နေရာ က အောင့်သပ်သပ်ခံစားချက်တွေ။ သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ အဲ့ထူးဆန်းတဲ့ခံစားချက...