Part-3

328 65 8
                                    


_______________

ဒီနေ့လည်း Jihoon ကျောင်းမလာပါ ဒီလိုနဲ့ နောက်ဆုံးနှစ်ကို ဆက်ကျဦးမည်ထင်ပါ့ရဲ့

Yoshi သက်ပြင်းချရင်းသာအတွေးရှင်းလိုက်၏။

"ကိုကို... ''

ဒိုယောင်းကိုမြင်လိုက်ရမှ Jihoon ကိုခဏမေ့ထားလိုက်ပြီး

"ပြောလေ ဒို''

"ကျွန်တော် ဒီနေ့အိမ်စောစောပြန်မလို့''

"ဘာလို့လဲ ''

"သိပ်နေမကောင်းချင်လို့ ''

"ဟုတ်လား''

Yoshi ဒိုယောင်းနှဖူးကိုစမ်းရင်း

"ကိုယ်ငွေ့ငွေ့လေးပူနေတယ် ကိုယ်အိမ်ပြန်လိုက်ပို့မယ်''

"ရပါတယ် ကိုကို ''

"မရဘူး ဒို ကိုကိုလိုက်ပို့မယ်''

"ဟုတ်...''

________________________

Yoshi Doyoung အခန်းကိုပထမဆုံးရောက်ဖူးတာဖြစ်သည်။

"အခန်းက နည်းနည်းကျဥ်းပေမယ့် ''

"ဟင့်အင်း ကိုကိုဒီအခန်းလေးကိုသဘောကျတယ်..ကိုကို့ ကလေးလိုပဲအေးချမ်းလိုက်တာ''

ဒိုယောင်းပြုံးမိသွားသည်။ ကိုကိုဟာလေ လူကိုချုပ်နေပြန်ပြီ နေမကောင်းတာတောင် ပျောက် သွားသလိုပဲ

"ဒို...ဆေးသောက်ပြီး အိပ်လိုက်နော် ကိုကို ဒိုအိပ်တဲ့ထိစောင့်မယ် ''

"ရပါတယ် ကိုကိုရယ် ပြန်လိုက်ပါလား''

"မပြန်ပါဘူး ကိုကိုစောင့်မယ်''

''ဟုတ်''

Yoshi Doyoungလက်ကိုကိုင်ပေးထားရင်း တဖက်ကဆံပင်လေးကိုခပ်ဖွဖွသပ်ရင်း အိပ်စေသည်။

_______________________

Jihoon's side

"ဒိုယောင်းဒီနေ့အလုပ်မလာဘူး ''

"Aww''

ဆိုင်က ဝန်ထမ်းတစ်ယောက်စကားကြောင့် Jihoon ဒီအတိုင်းအိမ်လိုက်သွားဖို့လိုက်လုပ်သည်။

ဒိုယောင်းတို့ကွန်ဒိုရှေ့မှာရပ်ထားတဲ့ Yoshi ကားကြောင့် နောက်ပြန်ဆုတ်ခဲ့ရသည်။

Game Over [Completed]Where stories live. Discover now