part-8

283 60 9
                                    

လေပြေအေးအေးမျက်နှာပေါ်ဖြတ်သွားပေမယ့်။ စိတ်ထဲမှာတော့တကယ်မအေးနိုင်။

ParkJihoon မဟုတ်တဲ့အတိုင်းပဲ တဇွတ်ထိုးလုပ်ဖို့တွေဝေနေခဲ့မိသည်။

ပိုင်ဆိုင်ချင်တယ် ဒိုယောင်းကို တကယ်ပိုင်ဆိုင်ချင်တယ် ဒါပေမယ့်ဘာလို့များရှေ့ဆက်ဖို့ခက်နေရတာလဲ

Jihoon နှုတ်ခမ်းမှာတေ့ထားတဲ့ဆေးလိပ်ကိုခွာလိုက်ပြီး အငွေ့တစ်ချက်မှုတ်ထုတ်လိုက်သည်။

ဒီချိန်မှာတခြားအရာတွေထက် ဒိုယောင်းကိုပိုင်ဆိုင်ချင်တဲ့ခံစားချက်ကပိုပြင်းပြနေသည်။

______________________________

At night

Jihoon အိမ်မပြန်ဖြစ်တာကြာပြီ။ Appa ရဲ့အပန်းဖြေအိမ်မှာပဲတစ်ယောက်ထဲနေနေခဲ့တာ။ မခံစားဖူးတဲ့ခံစားချက်တွေနဲ့မွန်းကြပ်နေခဲ့လို့။အမှောင်ကျနေတဲ့ အခန်းထဲမှာ ဘီယာ ပုလင်းကိုမော့လျက် ။စိတ်အပန်းဖြေ ဖို့အကောင်းဆုံးကဒီ ယမကာအရည်တွေပဲရှိသည်။

ကြမ်းပြင်မှာ ပုလင်းခွံတွေပျံ့ကျဲလျက် တော်တော်များနေပြီဖြစ်၏။

ထို့နောက်Jihoon လမ်းပင်အနိုင်နိုင်လျှောက်နေရပေမယ့် စားပွဲပေါ်က ကားသော့ကို ဆွဲယူပြီးအပြင်ထွက်ဖို့ပြင်လိုက်၏။

*************************

မြို့ပြင်ဘက်ဆိုတော့ကားသိပ်မရှိတာကြောင့်
လမ်းတစ်ခုလုံးကို ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်နဲ့ Paji ကား တစ်းလမ်းလုံးကိုနေရာယူနေသည်။

ထိုစဥ် မျက်နှာချင်းဆိုင်မှ လာနေသောကားမီးရောင်တစ်ခု။
ကွေ့ဝိုက်မောင်းနေသော Paji အရှိန်လျှော့ချိန်မရလိုက် မူးနေလို့လည်းပါတာပေါ့။

အနီးကပ်မှ ဘရိတ်အသည်းသန်ဆွဲလိုက်ရပေမယ့်မျက်နှာချင်းဆိုင်ကားကတော့ Jihoon ကားကိုရှောင်ရင်း လမ်းဘေးက သစ်ပင်ဆီဦးတည်သွားလေသည်။

"ဒိန်းးးးးးးး''

Jihoon ခြေမကိုင်မိလိုက်မကိုင်မိ ကားပေါ်မှာဒီအတိုင်းသာ ထိုင်နေမိတော့သည်။ ခဏကြာမှသတိပြန်လည်လာပြီး ကားပေါ်ကဆင်းလိုက်၏။

Game Over [Completed]Where stories live. Discover now