ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...
By Deity_YuZhang
501K 65K 1.7K
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More
Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
47
48
46
7.5K 744 42
By Deity_YuZhang
U••
[ဟယ့်မိသားစုမှလူများ]
ကိုယ်ဝန်နှစ်လရှိသောအခါ မစ္စရှန်းက ဖန်းကျင်းဗီလာသို့ ရောက်လာသည်။ အဲဒီမတိုင်ခင်က ရှန်ယွီရှန်း က အမျိုးသမီးကြီးကို ပြောထားပြီးသားဖြစ်ပြီး သူကဗြောင်ကျကျပင် ဖုံးကွယ်ထားတာမျိုးမရှိပါချေ။ အဘွားအိုသည်ကား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည့်တိုင် တစ်ချို့အရာတွေကို သာမန်လူငယ်တွေထက် ပိုမြန်မြန်ပင်လက်ခံခဲ့၏။ ဟယ့်ချန်းနင် ကို ဘီလူးတစ်ကောင်လို ဆက်ဆံမယ့်အစား သူမမ်က္လုံးထဲမွာ မျက်ရည်တွေ ပြည့်နေခဲ့သည်ပင်။ ရွန္မိသားစု၌ ဟယ့်ချန်းနင် ကဲ့သို့သော မြေးသားမက်ကောင်းကောင်းလေးရပြီး ရှန်ယွီရှန်းအတွက်လဲ ချန်းနင်နှင့် လက်ထပ်ရသည်မှာကား ကောင်းချီးတစ်ခုပင်ဖြစ်ကြောင်း ၎က ဆက်လက်ပြောခဲ့သည်။  အတိုချုပ်ပြောရလျှင် သူမသည်ကား ဝမ်းသာလွန်း၍စကားများအဆက်အစပ်မရှိပင်ပြောဆိုနေတော့၏။
ထိုအချိန်မှစပြီး ရက်အနည်းငယ်ကြာတိုင်း အဘွားကြီးသည် အရသာရှိသောအစားအစာများစွာဖြင့် ဟယ့်ချန်းနင် ကို လာတွေ့ပြီး အလွန်ကြောက်စရာကောင်းသော အော့အန်ခြင်းကို သိပြီးသည့်နောက် အော့အန်ခြင်းကို ရပ်တန့်ရန် နည်းလမ်းများစွာကို တွေးတောနေပါသေးသည်။  သို့သော် ထိုနည်းလမ်းများက ဟယ့်ချန်းနင် အတွက်အန္တရာယ်ဖြစ်စေမည်ကိုလဲစိုးရိမ်သဖြင့် မသုံးဝံ့ပြန်ချေ။  ထိုသို့သော စိတ်ဆင်းရဲစရာ အခြေအနေဖြင့် သူမသည်လည်း ဟယ့်ချန်းနင် နှင့်အတူလိုက်ပါခံစားပေးနေရတော့သည်။
ယခု ကိုယ်ဝန်သတ္တမလသို့ရောက်လာချေပြီ။ ရှန်ယွီရှန်း  အလုပ်မှထွက်ပြီး ဟယ့်ချန်းနင်အားအိမ်တွင်အဖော်ပြုပေးရင်း တတ်နိုင်သမျှနည်းမျိုးစုံနှင့်သူ့ကိုဂရုစိုက်ပေးနေတော့သည်။
ကိုယ်ဝန်သတ္တမလမှစပြီး အော့အန်ခြင်း၏ လက္ခဏာများမှာ အလွန်နည်းလာသည်။ သူနောက်ပိုင်း မအန်တော့ဘူး။ ဟယ့်ချန်းနင် ရဲ့ ခန္ဓာကိုယ်ကလဲ ပိုကောင်းလာတယ်။  ပင်ပန်းနွမ်းနယ်မှုတွေ၊ အားနည်းမှုတွေမရှိတော့တဲ့အလျောက် သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ဝဖြိုးလာကာ အစာစားချင်စိတ် ရှိလာတာနဲ့အမျှ ဗိုက်ဟာ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့နှုန်းနဲ့ ကြီးထွားလာပါတော့သည်။
ရှန်ယွီရှန်း နေ့တိုင်း စိတ်လှုပ်ရှားနေရ၏။  ဟယ့်ချန်းနင် ၏ စားသောက်နိုင်သော အစားအစာမ်ားက သိသိသာသာ တိုးလာခဲ့သည်ဖြစ်ရာ ချန်းနင်ကိုထိခိုက်စေမည်စိုးရိမ်သဖြင့် ဖြည်းဖြည်းစားဖို့၊ လျှော့စားဖို့ချော့မြူနေရ၏။ တစ်ဖက်တွင်လည်း ကလေးတွေကို လုံလောက်တဲ့အာဟာရမဖြစ်မှာကို ကြောက်တာကြောင့် ဟယ့်ချန်းနင် ပိုစားဖို့ကိုသူမျှော်လင့်မိပြန်ပါသည်။ သူ့နှလုံးသားက ဆန့်ကျင်ဘက်ဖြစ်ပြီး ရှုပ်ယှက်ခတ်နေပါ၏။
ဟယ့်ချန်းနင် ၏ ရူးမတတ်ဖောင်းကားလာသောဝမ်းဗိုက်ကို ကြည့်ပြီး သူသည် လျင်မြန်ပြီး ကြီးလွန်းလာကာ ဟယ့်ချန်းနင်ဒဏ်မခံနိုင်တော့မည်ကိုစိုးရိမ်မိသည်။ ဇနီးသည်လေး၏ မညီမ်ွေသာ ခန္ဓာကိုယ်သေးသေးလေးက သူ့ကို နေ့တိုင်း စိတ်ပူစေကာ မတ်တပ်ရပ်မိသည့်အချိန်၌ ခြေချော်ကာ လဲကျမည်ကို စိုးရိမ်နေရ၏။
သူ၏ ပါးလွှာသော ဗိုက်ကိုကြည့်လိုက်တော့ အရေပြားအောက်ရှိ အပြာရောင် သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်ရသည်ဖြစ်ရာ ရှန်ယွီရှန်း ၏မျက်ခုံးသည် ခြင်တစ်ကောင်ကိုပင်ညှစ်သတ်နိုင်လောက်သည်အထိကျုံ့နေတော့၏။ သူကစိုးရိမ်ပြီးကြောက်ရွံ့နေပါ၏။ ကလေးနှစ်ယောက်ရဲ့ အလေးချိန်ကို မခံနိုင်မှာကို သူစိုးရိမ်နေပြီး တစ်နေ့၌ ဗိုက်ကြီးကွဲထွက်သွားကာ အရာအားလုံးအဆုံးသတ်သွားမည်ကိုကြောက်နေမိပါ၏။ သူကတစ်နေ့လုံးစိတ်ရှုပ်ထွေးနေရပြီး ဟယ့်ချန်းနင် ရဲ့ ဗိုက္ကို အမှတ်မထင် အမြဲကြည့်နေမိတယ်။ ဗိုက္ကြဲသြားမွာကို ကြောက်လွန်းလို့ သူ့လက်တွေ ချွေးတွေတောင်ထွက်နေသည်လေ။
ဤနည်းဖြင့် ရှန်အဖွဲ့အစည်း၏ဥက္ကဌသည်ကား ဟယ့်ချန်းနင်၏အနောက်တွင် နေ့တိုင်း ကြောက်ရွံ့တုန်လှုပ်စွာလိုက်ပါနေရင်း လူနှစ်ယောက်ကို ကြိုးတစ်ချောင်းယူ၍ပင်ချည်ထားချင်သည့်အလား။ သို့မဟုတ် သူ့ဇနီးလေးကို သေးငယ်စေရန်ပြုလုပ်ပြီး လက်ဖဝါးပေါ်တွင် ကိုင်ထားရန် စိတ်အားထက်သန်နေသည်ပင်။ သို့မှသာသူ့မျက်စိအောက်တွင်တစ်ချိန်လုံးကောင်လေးကိုထားနိုင်မည်လေ။ သူမျက်လုံးနဲ့မြင်မနေရမချင်းသူလုံးဝစိတ်မချနိုင်ပါချေ။
ရှန်ယွီရှန်း၏ မတော်တဆအခိုက်အတန့်တွင် ကယ်တင်ရန် အဆင်သင့်ဖြစ်နေသော စိတ်ဓာတ်နှင့် ပတ်သက်၍ ဟယ့်ချန်းနင် အတွက်တော့ ဤလူသည် ကိစ္စအသေးလေးအပေါ်အလွန်အမင်းလုပ်ဆောင်နေသယောင်ပါပင်။ သူ၏ကိုယ်ခန္ဓာအကြောင်းသူရှင်းရှင်းလင်းလင်းသိ၏။ အရင်တုန်းက ရုန်းကန်ခဲ့ရပေမယ့် ကိုယ်ဝန်သတ္တမလမှာ သိသိသာသာ ပိုကောင်းလာပြီး အစာစားတဲ့အခါ မအီမသာဖြစ်တော့ပေ။ အရင်ကလို ပင်ပန်းနွမ်းနယ်မှုမရှိဘဲ တစ်နေ့လုံး အိပ်ယာထဲမှာ အိပ်နေဖို့လဲမလိုတော့ချေ။ ခြံထဲမှာ လမ်းလျှောက်ရင်းလတ်ဆတ်တဲ့လေကို ရှုရှိုက်ရတဲ့ ခံစားခ်က္က ထူးထူးခြားခြား ကောင်းမွန်လှ၏။ ဒါပေါ့ သဘာဝအားဖြင့် စိတ်ကောင်းဝင်နေတာကသူ့ကိုအစားကောင်းကောင်းဝင်စေတယ်။ ဒီသုံးလမပြည့်ခင်မှာ ကလေးတွေကို အတတ်နိုင်ဆုံး အဟာရ ဖြည့်ဆည်းပေးဖို့ သူစိတ်ကူးထားတယ်။ မွေးပြီးရင်တော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လူကြီးတွေကကောင်းကောင်း ပြုစုစောင့်ရှောက်ပေးနိုင်တယ်လေ။
သို့သော်လည်း ရှန်ယွီရှန်းမှာမူ နေ့တိုင်း ရန်သူနှင့်ရင်ဆိုင်နေရသကဲ့သို့ သတိအပြည့်အနေအထား။ ဟယ့်ချန်းနင်အတွက်  ဤလူက ရယ်စရာကောင်းလှသည်ဟုထင်မိသော်လည်း အထူးသဖြင့် သူ့ကြောင့် စိတ်ဒုက္ခရောက်နေသည်ကိုခံစားမိတော့စိတ်မကောင်းလည်ဖြစ်မိပြန်သည်။။  ကိုယ်ဝန်ကြောင့်သူခံစားခဲ့ရတာမှန်ပေမဲ့ ရှန်ယွီရှန်းအတွက်လဲဒီထက်ပိုကောင်းနေတာတော့မဟုတ်ဘူး။ သူ့ခမျာ(SYS) တနေကုန်စိတ်ပူပေးနေရပြီးသူ(HCN)ပူမှာလည်းကြောက်၊ အေးမှာလည်းကြောက်၊ ဗိုက်ဆာမှာကြောက်၊ စိတ်မသက်မသာဖြစ်မှာကြောက်နဲ့ ။ စိတ်ပူရလွန်းလို့ ထိုင်ပြီး စားစရာတစ်ခုခုအေးအေးဆေးဆေးစားဖို့တောင်မတတ်နိုင်ရှာဘူး။ သူ့စိတ်နှလုံးတစ်ခုလုံးက သူတို့သုံးယောက်ကိုပဲ အာရုံစိုက်နေတာ။ နေ့ဘက်တွေမှာဆိုရင် မတော်တဆဖြစ်မှာကြောက်လို့ သူ့လက်ကို ကိုင်ထားရင်း၊ တွဲရင်း၊ ပွေ့ဖက်ရင်းနဲ့တောက်လျှောက်အနောက်ကလိုက်အဖော်ပြုပေးမယ်။  ညဘက်ကျရင်လဲ ဟယ့်ချန်းနင် နည်းနည်းလှုပ်လိုက်တာနဲ့ သူချက်ချင်းနိုးလာလိမ့်မယ်။  ဇနီးဖြစ်သူက အိပ်ပျော်နေတဲ့ အနေအထားပြောင်းသွားတာကို မြင်ရင် ဘာမွ အမှားအယွင်းမရှိတာ သေချာတဲ့အထိ စစ်ဆေးပြီးမှသာ ဆက်အိပ်တယ်။ သူကမျက်လုံးဖွင့်ပြီးအိပ်လုနီးနီးပဲ။
လပေါင်းများစွာ ကြာပြီးနောက်မှာတော့ ဒီလူရဲ့ ကိုယ်အလေးချိန်အများကြီးကျသွားပြီး မျက်လုံးအောက်က မျက်ကွင်းညိုကလဲပုံသေဖြစ်လာခဲ့ပြီ။
ဟယ့်ချန်းနင် ရဲ့နှလုံးသားထဲစိတ်မကောင်းဖြစ်မိတာကြောင့် ဘာမွ မကြောက်ဖို့နဲ့ ဘာမတော်တဆမှမဖြစ်ဘူးဆိုတာကို ရှင်းပြချော့မြူနေရတယ်။ ဒါပေမဲ့လည်းသူက ပြောတုန်းတော့ ကတိပေးပေမယ့် အရင်အတိုင်းပြုမူနေတုန်းပဲ။ ဟယ့်ချန်းနင်လည်း ဘာမှမတတ်နိုင်တော့တဲ့အတွက် သူ့ကိုသာ လုပ်ချင်တာလုပ်ခွင့်ပေးထားရတော့တယ်။ တစ်ဖက်လူစိတ်ပူရသက်သာအောင် များများစားပြီး များများအိပ်တာကလွဲလို့သူဘာမှမတတ်နိုင်ဘူး။
ဤနေ့တွင်လည်း အနားယူရန် ဟယ့်ချန်းနင်ကို အိပ်ယာပေါ်တင်ပေးနေသည့်အချိန်၌ပင် သာ့ကျိုး က ဖုန်းဆက်လာချေ၏။
"သခင်လေး၊ ကုမ္ပဏီကို တစ်ယောက်ယောက်လာတယ်"
သာ့ကျိုး ၏အကြောင်းကို ရှန်ယွီရှန်းကောင်းကောင်းနားလည်သည်ဖြစ်ရာ အထူးအရေးကြီးသည့်ကိစ္စမဟုတ်သရွေ့  ဒီအချိန်မှာ သူ့ကို နှောင့်ယှက်မှာ မဟုတ်မှန်းသူသိသည်။ 
"သူတို့ကဘယ်သူတွေလဲ?"
သာ့ကျိုး က မျက်မှောင်ကြုတ်ကာဆို၏။
"သူတို့ပြောတာက သူတို့ရဲ့ မျိုးရိုးနာမည်က 'ဟယ့်'တဲ့ "
ရှန်ယွီရှန်း က မျက်မှောင်အသာကြုတ်သွားချေ၏။
"သူတို့ဘာပြောလဲ?"
"သူက သခင်လေးနင် ကို တွေ့ချင်တယ်လို့ ပြောတယ်"
"သူတို့ကဘယ်လိုပုံစံလဲ?"
"အသက်လေးဆယ်လောက်ရှိပြီ၊ သူ့အနားမှာ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက် ရှိတယ်။ အဲဒီလူက အခု ကုမ္ပဏီမှာ ရောက်နေပြီ၊ သခင်လေး"
ထိုအချိန်၌ ရှန်ယွီရှန်းက ဟယ့်ချန်းနင် ကို အပြင်လူများနှင့်တွေ့ဆုံစေဖို့ မလိုလားပေ။ မျိုးရိုးဟယ့်နဲ့လူတွေ? သူခန့်မှန်းတာ မှန်တယ်ဆိုရင် အဲ့တာက ဟယ့်ချန်းနင် ရဲ့ မိခင် မိသားစုပဲ ဖြစ်သင့်တယ်။ အဲ့လူတွေက သူနဲ့ မဆက္သြယ္တာ အနှစ် ၂၀ ကျော်ပြီ။  ဒီလိုအချိန်မျိုးမှ သူတို့က တံခါးဝရောက်လာတယ်။  သူတို့ကဒီတိုင်း အကြောင်းပြချက်မရှိပဲ ဆွေမျိုးစပ်ဖို့ရောက်လာတယ်ဆိုတာသူမယုံဘူး။
"သူတို့ကိုပြန်လွှတ်လိုက်"
သခင်လေးနင်ကို သခင်လေးက ဘယ်လောက် ဂရုစိုက်သလဲဆိုတာ မျက်စိအမြင်ရှိတဲ့သူတိုင်း အဲဒါကို မြင်နိုင်တယ်၊ အထူးသဖြင့် ဒီအချိန်မှာပေါ့။
"ဟုတ်ကဲ့ သခင်လေး"
ဟယ့်ချန်းနင် မွာ ကိုယ်ဝန်ရှိနေတယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်ကစလို့ ရှန်ယွီရှန်း ၊ မဒမ်ရှန် နဲ့ ပိုင်မော့တို့စုံတွဲအပြင် အဲဒီအကြောင်းကို သိတဲ့လူအနည်းငယ်ကတော့ ရှန်ယွီရှန်းရဲ့လူတွေပဲရှိတယ်။  သေချာပေါက်အန်တီချင်နဲ့ တျခား အစေခံတွေလည်း ရှိတာပေါ့။ ကျန်တဲ့အိမ်ဟောင်းကခေါ်လာတဲ့လူတွေအပါအဝင် အားလုံးကို ရှန်ယွီရှန်း မွ နှင်ထုတ်ခဲ့တာပင်။
ဤရက်ပိုင်းများ၌ ဖန်းကျင်းဗီလာ အပြင်ဘက်တွင် ယုံကြည်စိတ်ချရသောလူအနည်းငယ်သာ ပင်မအိမ်ကို ဝင်ရောက်နိုင်သည်။ ဟယ့်ချန်းနင် ၏ကိုယ်ဝန်ကို မည်သည့်နည်းနှင့်မျှ ပေါက်ကြားခံလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဟယ့်မိသားစုက ဤအချိန်တွင် တစ်ယောက်ယောက်ကို တွေ့လာရခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း? မင်းရဲ့ ဆွေမျိုးတွေကို အသိအမှတ်ပြုချင်တာလား? ဒါမှမဟုတ် တခြားရည်ရွယ်ချက်ရှိနေသေးတာလား? သို့သော် သူတို့၏ရည်ရွယ်ချက်သည် မည်သို့ပင်ရှိစေကာမူ ဟယ့်ချန်းနင် နှင့်ကလေးများကို အာရုံစိုက်ရန်ပင် မကြိုးစားသင့်ချေ။
ဟယ့်မိသားစုက သာ့ကျိုးနှင်ထုတ်တာခံရပြီးနောက်တွင် ကုမ္ပဏီသို့ တစ်ခါမျှပြန်ပေါ်မလာတော့ချေ။ အဖြစ်ပျက်များပြီးသွားသည်ဟု ထင်ခဲ့သော်လည်း ဟယ့်မိသားစု၏အနေအထားက အံ့အားသင့်စရာဖြစ်ကြောင်း သိသာထင်ရှားစွာ သူတို့သည်ကား ဖန်းကျင်းဗီလာကိုရှာဖွေတွေ့ရှိပြီး တံခါးအပြင်ဘက်တွင် ဟယ့်ချန်းနင် ကိုတွေ့ရန် တောင်းဆိုလာကြတော့သည်။
အိပ်ခန်းထဲမှာ ဟယ့်ချန်းနင် ကမျက်တောင်လေးပုတ်ခတ်၏။
"ဟယ့်မိသားစုက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီကို လာကြတယ်လို့ ခင်ဗျားပြောတယ်၊ အခုသူတို့က အိမ်ကိုလာကြပြန်ပြီ?"
သူ့ဇနီးလေးကို နို့တစ်ဇွန်းခွံ့ပေးပြီး ပါးစပ်လေးကို သုတ်ပေးနေသည့် ရှန်ယွီရှန်း က ဟယ့်မိသားစု၏ လာလည်မှုကို စိတ်မရှည်တော့ပါချေ။
"Baby သူတို့ကို တွေ့ချင်လား"
ဟယ့်ချန်းနင် ခေါင်းခါလိုက်သည်။ 
"အခုတွေ့လို့ အဆင်မပြေတာကိုမပြောနဲ့ဦး အဆင်ပြေရင်တောင် ကျွန်တော်သူတို့နဲ့မဆုံချင်ဘူး"
သူကောင်လေးရဲ့ပါးကို နမ်းလိုက်ချေသည်။
"ကောင်းပြီ ဒါကမင်းအပေါ်ပဲမူတည်တာမို့လို့ ကိုယ့်ကိုသာအပ်ထားလိုက်"
လသာဆောင် နေရောင်ထိုင်ခင်းပေါ်တွင် အိပ်ရန် ဇနီးဖြစ်သူကို ကူညီပြီးနောက် စောင်တစ်ထည်နှင့် အုပ္ကာ ရေတစ်ခွက်နှင့် အဆာပြေမုန့်များကို သူ့ဘေးတွင် ထားခဲ့ချေသည်။ ထို့နောက် ရှောင်ဝူ ကို သတိထားရန် ညွှန်ကြားရင်းဖြင့် ရှန်ယွီရှန်းသည်ကား အောက်ထပ်သို့ မဆင်းမီ ဤအရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်းပင်။
ဧည့်ခန်း ဆိုဖာပေါ်မှာ လူနှစ်ယောက် ထိုင်နေ၏။  တစ်ယောက်က အသက်လေးဆယ်ကျော်၊ နောက်တစ်ယောက်ကတော့ အသက်နှစ်ဆယ်ကျော်လောက်ရှိမည်ထင်သည်။
ရှန်ယွီရှန်း ဆင်းလာပြီး ထိုင်ဖို့ တည့်တည့် လျှောက်လာလိုက်၏။ ရှည်လျားသော ခြေတံများကို တစ်ဖက်နှင့်တစ်ဖက် သဘာဝအတိုင်း ချိတ်ထားလျက်။ သူ့မျက်နှာတွင် အမူအယာမရွိ၊ သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်ဖြင့် ထိုင်နေသည့် လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူစကားပြောသည့်အချိန်၌ နွေးထွေးမှုတစ်စွန်းတစ်စပင်မရှိချေ။
"မင်းတို့နှစ်ယောက်က ဘယ္သူလဲ?"
ဟယ့်မင်ဖန် သည် မျက်ခုံးများကို ပင့်ကာ သူ့ရှေ့က လူငယ္ကို ကြည့်လိုက်သည်။ ဓားနှင့်တူသော သုံးဖက်မြင်သွင်ပြင်များ ပါ၀င်သည့် လူငယ်၏မျက်နှာသည် တင်းမာပြီး တည်တံ့သည်၊ သူ့ရုပ်သွင်က သွယ်လျပြီး ဖြောင့်စင်းသည်၊ အထူးသဖြင့် သူ၏ စိတ်နေစိတ်ထားနှင့်အမူအရာကအဆင့်အတန်းရှိလှချေ၏။ အမှန်တကယ်ပင် သူသည်ကား မိသားစုကြီးမှ မွေးမြူထားသော အမွေဆက်ခံသူဖြစ်သည့်အလျောက် သာမန်လူများနှင့် မယှဉ်နိုင်သောခံစားချက်မျိုးကိုပေးစွမ်း၏။ တမင်တကာ အရှိန်အဝါထုတ်မထားရင်တောင် ဘေးမှာ ထိုင်ရုံနဲ့ တခြားသူတွေက သူ့ရဲ့တည်ရှိမှုကို လျစ်လျူရှုဖို့မဖြစ်နိုင်ချေ။ ဟယ့်မိသားစုရဲ့ ပါတနာဖြစ်ဖို့ ထိုက်တန်ပါပေတယ်။
သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီးနောက် သူ့အမူအရာက နူးညံ့ယဉ်ကျေးစွာဖြင့်ဆိုလာ၏။
"မစ္စတာရှန်၊နှောင့်ယှက်မှုတွေ အများကြီးဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး၊  ကျုပ်မျိုးရိုးကဟယ့်ပါ ဒါကေတာ့ ကျုပ်ရဲ့တူ ဟယ့်ကျွင်းရှန်းပါ"
ဟယ့်ကျွင်းရှန်းကနှုတ်ဆက်ရန်အတွက်သူ့ကိုယ်သူအနည်းငယ်မတ်လိုက်သော်လည်း ရှန်ယွီရှန်း က သူ့ကိုအကြည့်တစ်ချက်ပင်မပေး၊ ထိုအစား သူ့မျက်လုံးတွေက ဟယ့်မင်ဖန် ကိုသာ ကြည့်နေသည် ။
အပြုအမူ၊ အသရေရှိပုံနှင့် နူးညံ့ပုံတို့ကတော့ ဟယ့်မိသားစုအတိုင်းပါပင်။
"ပြောစရာရှိတာသာပြော "
သို့သော်လည်း ရှန်ယွီရှန်း က သူတို့ကိုအချိန်ပေးနေဖို့ စိတ်မရှည်လှသည်ပင်။
ရှန်ယွီရှန်း ၏ စိတ်မရှည်သောလေသံကို ကြားလိုက်ရပြီးသည့်နောက် ဟယ့်မင်ဖန် ကစိတ်ထဲမထားဘဲဆို၏။
"ဒါကဒီလိုပါ...၊ ကျုပ်တူ ဟယ့်ချန်းနင်ကိုတွေ့ဖို့ ဒီကိုလာခဲ့တာ"
"စိတ်မကောင်းပါဘူး Mr.ဟယ့် ၊ ငါ့လက်တွဲဖော်က ဟယ့်ချန်းနင် လို့ခေါ်တာတော့အမှန်ပဲ၊ ဒါပေမယ့် မင်းပြောတဲ့ မင်းရဲ့တူမဟုတ်ဘူး၊ တောင်းပန်ပါတယ်" 
ရှန်ယွီရှန်း ကဧည့်သည်များကိုပြန်သွားရန်တစ်ချက်လွှတ်အမိန့်ထုတ်နေခြင်းပါပင်။
ဟယ့်မင်ဖန် မျက်မှောင်ကြုတ်လိုက်မိ၏။ 
"မစ္စတာရှန်း၊ ကျုပ်တို့သာမသေချာရင် မင်းတံခါးရှေ့ကိုရောက်လာမှာတောင်မဟုတ်ဘူး။"
ရှန်ယွီရှန်း ၏မျက်နှာထားကအမူအရာမဲ့ဆဲပါပင်။ 
"ကျုပ်သိသလောက် ကျုပ်ယောက္ခမက တစ်ကောင်ကြွက်လေ။ ဒီလိုဆိုရင် သူ့မိသားစုအကြောင်း ပြောစရာကိုမရှိဘူး။ အဲ့လိုပဲထပ်ပြောရမယ်ဆိုရင်တော့ ကျုပ်ရဲ့ဇနီးမှာလဲ သဘာဝက်က်ပဲ ဘိုးဘွားမိသားစုဆိုတာမျိုး မရွိဘူး"
ဟယ့်မင်ဖန် မျက်နှာကနစ်မြုပ်သွားချေသည်။ 
"မစ္စတာရှန်း ဟယ့်မိသားစုရဲ့ကိစ္စတွေက အရမ်းရှုပ်ထွေးတယ်... စကားအချို့လောက်နဲ့ရှင်းပြလို့ရတဲ့အရာတွေမဟုတ်ဘူး"
"ဒါတွေက ကျုပ်နဲ့ဘာမှမဆိုင်ဘူးလေ သဘာဝက်က်ပဲ ကျုပ်ချစ်သူနဲ့လဲဘာမှမဆိုင်ဘူး"
"မင်း..." 
ဟယ့်မင်ဖန်သီးသွားကာ စကားတစ်ခွန်းမှပင် ပြန်မပြောနိုင်တော့ချေ။
ဟယ့်ကျွင်းရှန်း သည်ကား ငယ်သေးသည်မို့ အထိန်းအကွပ်မဲ့သွားရန်လွယ်လှသည်။ သူ့ဦးလေးက ရှန်ယွီရှန်း ကြောင့် စကားမပြောဘဲနေတာမြင်တော့ သူအရမ်းစိတ်ဆိုးသွားပြီး သူ့စကားသံက ပိုတင်းမာသွားကာ ဒေါသသံပါလာ၏။
"မစ္စတာရှန်း...ကျုပ်တို့ဒီကိုလာတာ ဟယ့်ချန်းနင်ကိုတွေ့ဖို့ပဲ ဒီစကားပြောမယ်ဆိုရင်တောင်သူကိုယ်တိုင်ပဲကျုပ်တို့ကိုလာပြောခွင့်ပေးလိုက်ပါ"
ရှန်ယွီရှန်း ၏ အေးစက်သော မ်က္လုံးမ်ားက ဟယ့်ကျွင်းရှန်း ကို ခဏလောက် စိုက်ကြည့်ကာ...
"မင်းက ငါ့ကိုလာအမိန့်ပေးရအောင် ဘာအဆင့်ရှိလို့လဲ?"
ဟယ့်ကျွင်းရှန်း သည် ရှန်ယွီရှန်းရဲ့အေးစက်စွာစိုက်ကြည့်မှုကြောင့် ကျောရိုးတစ်လျှောက် ချွေးအေးများထွက်လာကာ စိတ်မသက်မသာဖြစ်မှုကြောင့် သူ့လည်စည်းကိုဆွဲထုတ်လိုက်ချေသည်။ 
"ကျွန်တော်က ဟယ့်ချန်းနင် ရဲ့ဝမ်းကွဲပါ။"
"မင်းရဲ့ IQ က ဘယ်အဆင့်လဲ? ငါပါးစပ်ကထွက်တဲ့စကားတွေကိုတောင် နားမလည်ဘူးလား?"
ဟယ့်ကျွင်းရှန်း ၏ မ်က္လုံးမ်ား ပြူးကျယ်သွားကာ..
"မင်း???"
လေထုက တင်းတင်းမာမာဖြစ်လာသည်မို့ ဟယ့်မင်ဖန် သည် သူ့တန်ဖိုးကို စွန့်လွှတ်ကာ စကားထပ်ပြောဖို့ကြိုးစားရတော့သည်။
"မစ္စတာရှန်း ကျုပ်တို့က ချန်းနင်ကိုတွေ့ချင်ရုံပါပဲ တျခားဘာမွမရွိပါဘူး"
"တောင်းပန်ပါတယ် ဒါပေမဲ့ ကျုပ်ချစ်သူက သူ့ကို မြင်ချင်တဲ့သူတိုင်းကို တွေ့ပေးရမဲ့သူမျိုးမဟုတ်ဘူး" 
သူက လက်ဝှေ့ယမ်းပြပြီးနောက်ဆို၏။
"ရှောင်ချီ... ဧည့်သည်တွေကို ပြန်ပို့လိုက်တော့" 
ထို့နောက် ရှန်ယွီရှန်း က အပေါ်ထပ်သို့ တိုက်ရိုက်တက်လာခဲ့တော့သည်။
လက်ဖက်ရည်ပူပူလေးတစ်ခွက်တောင် မသောက်ခဲ့ရတဲ့ ဟယ့်မင်ဖန် နဲ့ ဟယ့်ကျွင်းရှန်း က ဗီလာထဲကေန ဒီလိုပဲမောင်းထုတ်ခံလိုက်ရပါတော့သည်။
ဟော်တယ်မှာတော့ ဟယ့်ကျွင်းရှန်း က ဆိုဖာပေါ်မှာ ထိုင်ရင်း အသက်ပင်မရှုနိုင်တော့ချေ။
"ဘယ်လိုသောက်ကျိုးနည်းတာလဲ! ဒီကေလးက ကြင်နာမှုကိုဘယ်လိုလက်ခံရမလဲ တကယ္မသိတာပဲ... ငါတို့က သူ့ကို လေးလေးစားစားနဲ့ သိက္ခာရှိရှိလာတွေ့ခဲ့တာ၊ ဒါပေမယ့် သူကတော့အထက်စီးကြီးနဲ့.. အဘိုးကသူ့ကိုလာတွေ့ဖို့ပြောထားတာကြောင့်သာမဟုတ်ရင် ဒီသခင်လေးကသူ့ကိုဂရုတောင်စိုက်မနေဘူး။ ပြီးတော့အဲ့ဒီ ရှန်ယွီရှန်း က တကယ့်ကို မာနကြီးပြီး မောက်မာလွန်းတယ်။ သူကရှန်မိသားစုရဲ့သခင်လေးဖြစ်တော့ရောဘာဖြစ်လဲ? ဟယ့်မိသားစုနဲ့ယှဉ်လာရင် သူကငါတို့ဖိနပ်ကိုသယ်ပေးဖို့တောင်မတန်ဘူး"
နောက်ဆုံးတွင်တော့ ဟယ့်မင်ဖန် ကအတွေ့အကြုံများစွာရှိပြီးသည်ဖြစ်ရာ တည်ငြိမ်နေဆဲပါပင်။
"အဲ့လို မပြောနဲ့... ရွန္မိသားစုက ထင်သလောက် အပေါ်ယံတော့ မဟုတ္ဘူး။ ရှန်အဖွဲ့အစည်းကလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မိသားစု လုပ်ငန်းလေးတစ်ခုပဲ ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာက အတော်လေးကြီးတယ်ပြောရမယ်။ ဒါပေမဲ့ ရွန္မိသားစုကို ကမ္ဘာကအသိအမှတ်ပြုဖို့အတွက် သူတို့ကရှန်အဖွဲ့အစည်းတစ်ခုထဲကိုမှီခိုနေတာမဟုတ်ဘူး"
ဟယ့်ကျွင်းရှန်း အံ့ဩသွားသည်။ တစ်ချို့အရာတွေက သူ့အသက်အရွယ်နဲ့ အေနအထားအရ မသိသင့်တာတွေရှိနေဆဲပင်။
"ဒုတိယဦးလေး ဘာကိုဆိုလိုတာလဲ?"
ဟယ့်မင်ဖန် က သူ့ကို စိုက်ကြည့်နေ၏။ သူ့ရဲ့ဒီတူလေးက နည်းနည်း မာနကြီးကာ ဟယ့်မိသားစုအတွင်းမှသူ၏ဂုဏ်ပုဒ်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျက်စိထဲမထားချေ။  ဒီနေ့မှာတော့ အပြင်လောကမှာ သူ့ထက်အများကြီးသာတဲ့လူတွေရှိတယ်ဆိုတဲ့အမှန်တရားကို ပြောပြမှဖြစ်တော့မယ်။
"ရှန်မိသားစုရဲ့မျိုးရိုးကနှစ်တစ်ရာကျော်သက်တမ်းရှိနေပြီမိသားစု အမွေအနှစ်က ဟယ်မိသားစုထက်တောင် ခိုင်မာသည်။ ရှန်မိသားစုရဲ့ဘိုးဘေးတွေက ရှေးမင်းဆက်တွေထဲက နန်းတွင်းအမှုထမ်းတွေ။ သူတို့ရဲ့အာဏာက လူတစ်သောင်းနီးပါးရဲ့အထက်မှာရှိတယ်။ ဒါပေမဲ့သူတို့ရဲ့ဘိုးဘေးက တော်တော်ဉာဏ်ပြေးတယ်... ဧကရာဇ္က သူ့အာဏာကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှ သံသယဖြစ်လာမှာကိုသိတယ်။ 'အရမ်းအဝေးကိုသွားလွန်းတာက ဘယ်မှမသွားတာနည်းတူ အန္တရာယ်များတယ်' ဆိုတဲ့မူဝါဒအတိုင်းပဲသူက သူ့အာဏာတွေကို တဖြည်းဖြည်းလျှော့ချပြီး နောင်လာနောက်သား မျိုးဆက်သစ်မြေးတွေကိုလဲ သခင်ကိုဘယ်တော့မှ မလွှမ်းမိုးမိဖို့(ပုန်မကန်ဖို့)သတိပေးထားတယ်။ အဲ့တာမှသူ့ရဲ့မျိုးဆက်တွေကိုမထိခိုက်စေမှာ"
လက်ဖက်ရည်တစ်ငုံသောက်ပြီးသည့်နောက်မှ သူကဆက်ဆိုသည်။ 
"နောက်ဆုံးကျတော့ ရှန်မျိုးဆက်ရဲ့သားတွေ မြေးတွေက မျိုးဆက်နှစ်ဆက်အပြီးမှာသူတို့ရဲ့အာဏာတွေအကုန်ရုတ်သိမ်းလိုက်နိုင်ပြီးစီးပွားရေးစလုပ်ကြတော့တယ်။ မင်းဆက်တွေအများကြီးဖြတ်သန်းလာခဲ့ပေမဲ့ ရှန်မျိုးဆက်က မကျဆင်းသွားရုံသာမကဘူး အဓွန့်ရှည်တည်တံ့ပြီးရပ်တန့်လို့မရအောင်အင်အားကြီးလာကြတော့တာပဲ"
"အာဏာဗဟိုကေန နုတ်ထွက်ပြီး စီးပွားရေးအသွင်ပြောင်းလာပေမယ့် သူတို့ရဲ့ဘိုးဘေးတွေက အရမ်းတော်တယ်။ တိုင်းပြည်ရဲ့ ပိုင်ရှင် ဘယ်သူဖြစ်ပါစေ၊ တိုင်းပြည်အတွက် ဘယ်လောက်ပဲ အကျိုးပြုနေပါစေ သူတို့ကို အသုံးချဖို့၊ ဂုတ်သွေးစုပ်တာမျိုးလုပ်ဖို့ခက်အောင် ကာကွယ်ပေးထားခဲ့တယ်။  သူတို့ရဲ့ဘိုးဘေးတွေက သူတို့မိသားစုကို ကာကွယ်ဖို့ ကိုယ်ပိုင်လျှို့ဝှက်အာဏာကို ထူထောင်ထားခဲ့ကြပြီးသားလေ..."
ဟယ့်ကျွင်းရှန်း က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းပြီး အာရုံစိုက်နားထောင်နေသည်ဖြစ်ရာ သူ့ဦးလေးအား တခဏမျှမျက်တောင်မခတ် စိုက်ကြည့်ရင်း နောက်ထပ် ပြောလာဖို့မျှော်လင့်နေဟန်ဖြင့်။
ဟယ့်မင်ဖန် က သူ့လည်ချောင်းကို ရှင်းထုတ်ပြီးနောက်ဆို၏။
"မျိုးဆက်ပေါင်းများစွာ လည်ပတ်ပြီးနောက်ပိုင်း ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားက နိုင်ငံတော်ရဲ့ စက်ယန္တရားတွေနဲ့ ပြိုင်ဆိုင်နိုင်လောက်အောင် အစွမ်းထက်လာတယ်။ရလဒ်တစ်ခုအနေနဲ့ အဲ့တာက ရှန်မျိုးနွယ်ကို မရေမတွက်နိုင်တဲ့ အကျပ်အတည်းပေါင်းများစွာကို လွတ်မြောက်အောင် ကူညီပေးခဲ့ပြီး ဒီနေ့ထိရှန်မျိုးနွယ်ကို ရှင်သန်စေခဲ့တာပဲ"
"ရွန္မိသားစုမွာ ဒီမျိုးဆက်ရဲ့ အမွေဆက်ခံသူအနေနဲ့ ရှန်ယွီရှန်း က ဒီစွမ်းအားကို ကျွမ်းကျင်နေပြီဆိုတာ ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ရင် ရှန်အဖွဲ့အစည်းကို ရှစ်နှစ်အတွင်း လက်ရှိအခြေအနေထိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆိုတာမဖြစ်နိုင်ဘူး။"
ဟယ့်ကျွင်းရှန်း သူ့နောက်ကျောတစ်ခုလုံးချမ်းစိမ့်သွားသည်ကိုခံစားလိုက်ရပြီးနောက် မသိစိတ္က တံတွေး မျိုချလိုက်မိ၏။ 
"ဒါပေမယ့် ရွန္မိသားစုမွာ ဒီလို အင်အားကြီးမားတဲ့အစွမ်းရှိတယ်ဆိုရင် ရှန်ယွီရှန်း ရဲ့ အဖေလက်ထဲမှာတုန်းက ရှန်အဖွဲ့အစည်းကဘာလို့မိသားစုစီးပွားရေးလုပ်ငန်းလေးတစ်ခုအပြင်မပိုခဲ့တာလဲ? သူက စီးပွားရေးလောကကို ပိုကောင်းအောင်လုပ်ဖို့ ဒီစွမ်းအားကို သုံးမွာမဟုတ္ဘူးလား? ဘာလို့သူ့သားလက်ထဲရောက်မှကောင်းလာတာလဲ?"
လူငယ်တစ်ယောက်၏ အတွေးအမြင်မှာ မိုက်မဲနေဆဲပါပင်။
"စီးပွားရေးသမားတိုင်းက ဒီအာဏာကို အမွေဆက်ခံဖို့ အရည်အချင်းမပြည့်မီဘူး၊ မဟုတ်ရင် ရှန်မျိုးနွယ်စုဟာ သမိုင်းရဲ့ရှည်လျားတဲ့ ဒီမြစ်ထဲ ပျောက်ကွယ်သွားတော့မှာပေါ့"
သူကဟယ့်ကျွင်းရှန်းကို တစ်ချက်ကြည့်လိုက်လေသည်။ 
"မိသားစုရဲ့အာဏာပိုင်တွေက ပိုတင်းကျပ်တဲ့ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်တဲ့ သွေးသံရဲရဲပျိုးထောင်ခြင်းတွေလုပ်ကြလိမ့်မယ်။ အဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကိုပဲ အသိအမှတ်ပြုဖို့ အရည်အချင်းပြည့်မီတယ်လို့သတ်မှတ်တာ။ တစ်ချို့ဆက်ခံသူတွေဆိုရင် အသိအမှတ်ပြုမခံရသေးပဲတောင်အရွေးခံလိုက်ရတာတွေရှိသေးတယ်။ ဘာလို့လဲဆိုတော့ အရည်အချင်းနဲ့ဉာဏ်ရည်က ရွေးတဲ့နေရာမှာအဓိကအချက်မို့လို့ပဲ။ သူတို့တွေကပဲ ရွန္မိသားစုကို ဆက်လက်ရှင်သန်ဖို့ ဦးဆောင်ဦးရွက်ပြုပြီး အဲ့အာဏာကိုတည်စေမှာ။ အရည်အချင်းပြည့်ဝပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တဲ့လူပေါ်လာတဲ့အချိန်မှာ သူတို့ကသူတို့ဘာသာထွက်လာပြီးသခင်ကိုအလုပ်အကျွေးပြုကြလိမ့်မယ်။ အဲ့နောက်တော့ရှန်မိသားစုအတွက်ဆက်ပြီးအမှုထမ်းကြတာပေါ့"
ဟယ့်ကျွင်းရှန်း ၏ပါးစပ်နှင့်လျှာများ အနည်းငယ် ခြောက်သွားပြီး...
"ဒါဆို ဒုတိယဦးလေးပြောနေတာက ရှန်ယွီရှန်းက ရှန်မျိုးရိုးရဲ့ လက်ရှိသခင်အစစ်တင်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရဲ့ပိုင်ရှင်လည်း ဖြစ်တယ်ပေါ့"
ဟယ့်မင်ဖန် သည် ယနေ့ ရှန်ယွီရှန်း နှင့် တွေ့သောအခါ မြင်ကွင်းကို သတိရမိသည်။ သူက အသက် 30 အရွယ် လူငယ်တစ်ဦးဖြစ်နေပေမဲ့ စီးပွားရေးလောကမှာ ပြတ်ပြတ်သားသား ရပ်တည်နေစေနိုင်ဖို့ ဘယ်လောက်တောင်ပြင်းထန်ခိုင်လုံတဲ့ဆုံးဖြတ်ချက်တွေကိုချတတ်တဲ့လူမှန်းသိသာ၏။ သူ့ရဲ့တည်ငြိမ်တဲ့အမူအရာက တခြားသူတွေအနေနဲ့ လျစ်လျူရှုဖို့မဖြစ်နိုင်တဲ့ အစွမ်းမျိုးကိုပိုင်ထားလေတယ်။ စီးပွားရေးလောကမှာ နှစ်အတော်ကြာနေခဲ့တဲ့ ဝါရင့်နယ်ပယ်က လူတစ်ဦးကို ဒီလိုအရှိန်အဝါနဲ့ မြင်တွေ့ရရင် အံ့သြစရာမဟုတ်ပေမယ့် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးမှာ ဒီလို ကြောက်စရာကောင်းတဲ့ အရှိန်အဟုန် ပေါ်လာဖို့ဆိုတာတော့ မလွယ်လှဘူးလေ။  ဒါကပိုပြီးရှုပ်ထွေးလာခဲ့ပြီ။
"ငါတော့အဲ့လိုပဲ ထင်တာပဲ။"
ဟယ့်ကျွင်းရှန်း ၏ စိတ်၌ ပြန်၍တွေးတောနေမိသည်။  ရှန်ယွီရှန်း က သူ့ကိုကြည့်တဲ့အကြည့်အကြောင်းတွေးမိတော့ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။  သူ့မျက်လုံးများက အနည်းငယ် ကြောက်စရာကောင်းသည်ကတော့အမှန်ပင်။ 
"ဒုတိယဦးလေးပြောတာ မှန်ပါတယ်။"
နှစ်ယောက်စလုံး တိတ်ဆိတ်နေခဲ့သည်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ဟယ့်ချန်းနင် ကိုတွေ့ဖို့ပဲ။ အဘိုးအိုက ဟယ့်ချန်းနင် ကို လူကိုယ်တိုင်တွေ့ခိုင်းတယ်။ အဘိုးအို၏ ရည်ရွယ်ချက်ကို သူတို့ မခန့်မှန်းနိုင်သော်လည်း ဟယ့်မိသားစုတွင် မည်သူမျှ အဘိုးအို၏ စကားကို လျစ်လျူရှုရန် မဝံ့ရဲကြပေ။ ဒီလူက ဟယ့်မိသားစု၏ ကျောရိုးဖြစ်သည်။ သူမရှိရင် ဟယ့်မိသားစုက ဘာမှမဟုတ်နေဘူး။
ဟယ့်ကျွင်းရှန်း ကညှိုးငယ်စွာဆို၏။
"ဒုတိယဦးလေး၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ? အဘိုးခိုင်းတာကိုကျွန်တော်တို့ မလုပ်နိုင်မှာစိုးတယ်။ ရှန်ယွီရှန်းက ဟယ့်ချန်းနင် ကို သေမလိုကာကွယ်ပေးထားတာ။ သူ့ကိုတွေ့ဖို့ဆိုတာ ကျွန်တော်တို့ကောင်းကင်ဘုံကိုတက်ရတာထက်တောင်ခက်ဦးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဘိုးကိုဘယ်လိုပြန်ပြောရမှာလဲ?"
ဟယ့်မင်ဖန် က မျက်ခုံးမွှေးတွေကို ပွတ်သပ်ရင်းဆို၏။
"ငါ့ကိုပြောစမ်းပါကွာ မင်းအဘိုးရဲ့ သဘောထားအစစ်အမှန်ကတကယ်ပဲဘာလဲ?"
ရိုးရှင်းတဲ့ တွေ့ဆုံမှုကို ဒီလောက် ရှုပ်ထွေးဖို့ မမျှော်လင့်ထားခဲ့ပါချေ။ သူတို့ အပြင်မထွက်ခင် အဖိုးအိုက ထပ်ခါတလဲလဲ ရှင်းပြနေတာ အံ့သြစရာ မရှိတော့ပါဘူး။ သူက ရှန်ယွီရှန်းရှေ့မှာ နှိမ့်ချပြီး ယဉ်ကျေးသိမ်မွေ့ရမယ်၊ မာနမကြီးရဘူး။ ထို့အပြင်၊ ဟယ့်ချန်းနင် ကိုတွေ့သောအခါ ထိတ်လန့်ခြင်းနှင့် သံသယစိတ်တို့အပြည့်မျက်နှာထားမျိူး မပြရဘူးအစရှိသည်ဖြင့်။ သူဘာကိုမှမမြင်သလိုဟန်ဆောင်ရင်း ဟယ့်ချန်းနင်အစစ် ဟုတ်မဟုတ်သာအတည်ပြုပေးဖို့၎င်းကမှာကြားခဲ့၏။
အဘိုးအို၏ မှာကြားချက်က အလွန်ရှုပ်ထွေးသော်လည်း ယခုတော့ သူက မည်သူကိုမျှ မတွေ့ရတော့သည်မို့ ဘာမှပြောစရာလဲမရှိတော့ပါချေ။
°°
Z••
[ဟယ့္မိသားစုမွလူမ်ား]
"သူတို့ကဘယ်သူတွေလဲ?"
"သူတို့ဘာပြောလဲ?"
"ဟုတ်ကဲ့ သခင်လေး"
ဟယ့်ချန်းနင် မှာ ကိုယ်ဝန်ရှိနေတယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်ကစလို့ ရှန်ယွီရှန်း ၊ မဒမ်ရှန် နဲ့ ပိုင်မော့တို့စုံတွဲအပြင် အဲဒီအကြောင်းကို သိတဲ့လူအနည်းငယ်ကတော့ ရှန်ယွီရှန်းရဲ့လူတွေပဲရှိတယ်။  သေချာပေါက်အန်တီချင်နဲ့ တခြား အစေခံတွေလည်း ရှိတာပေါ့။ ကျန်တဲ့အိမ်ဟောင်းကခေါ်လာတဲ့လူတွေအပါအဝင် အားလုံးကို ရှန်ယွီရှန်း မှ နှင်ထုတ်ခဲ့တာပင်။
"မင်းတို့နှစ်ယောက်က ဘယ်သူလဲ?"
"မစ္စတာရှန်၊နှောင့်ယှက်မှုတွေ အများကြီးဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး၊  ကျုပ်မျိုးရိုးကဟယ့်ပါ ဒါကတော့ ကျုပ်ရဲ့တူ ဟယ့်ကျွင်းရှန်းပါ"
"ပြောစရာရှိတာသာပြော "
"ဒါတွေက ကျုပ်နဲ့ဘာမှမဆိုင်ဘူးလေ သဘာဝကျကျပဲ ကျုပ်ချစ်သူနဲ့လဲဘာမှမဆိုင်ဘူး"
"မင်း..." 
ရှန်ယွီရှန်း ၏ အေးစက်သော မျက်လုံးများက ဟယ့်ကျွင်းရှန်း ကို ခဏလောက် စိုက်ကြည့်ကာ...
ဟယ့်ကျွင်းရှန်း ၏ မျက်လုံးများ ပြူးကျယ်သွားကာ..
"မင်း???"
"မစ္စတာရှန်း ကျုပ်တို့က ချန်းနင်ကိုတွေ့ချင်ရုံပါပဲ တခြားဘာမှမရှိပါဘူး"
လက်ဖက်ရည်ပူပူလေးတစ်ခွက်တောင် မသောက်ခဲ့ရတဲ့ ဟယ့်မင်ဖန် နဲ့ ဟယ့်ကျွင်းရှန်း က ဗီလာထဲကနေ ဒီလိုပဲမောင်းထုတ်ခံလိုက်ရပါတော့သည်။
ဟယ့်ကျွင်းရှန်း သူ့နောက်ကျောတစ်ခုလုံးချမ်းစိမ့်သွားသည်ကိုခံစားလိုက်ရပြီးနောက် မသိစိတ်က တံတွေး မျိုချလိုက်မိ၏။ 
"ဒါပေမယ့် ရှန်မိသားစုမှာ ဒီလို အင်အားကြီးမားတဲ့အစွမ်းရှိတယ်ဆိုရင် ရှန်ယွီရှန်း ရဲ့ အဖေလက်ထဲမှာတုန်းက ရှန်အဖွဲ့အစည်းကဘာလို့မိသားစုစီးပွားရေးလုပ်ငန်းလေးတစ်ခုအပြင်မပိုခဲ့တာလဲ? သူက စီးပွားရေးလောကကို ပိုကောင်းအောင်လုပ်ဖို့ ဒီစွမ်းအားကို သုံးမှာမဟုတ်ဘူးလား? ဘာလို့သူ့သားလက်ထဲရောက်မှကောင်းလာတာလဲ?"
°°
Continue Reading
You'll Also Like
687K 42.2K 30
A love contest between a boy who likes to kick football and a little doctor.
772K 64.6K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.3M 94.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.