"မင်း ကုန်ကျစရိတ်ဘယ်လောက်များနေပြီထင်လဲ ParkJihoon အခုလည်းဘာလိုအဲ့လောက်အများကြီးတောင်းရတာလဲ မင်းဘာတွေလုပ်နေတာလဲ''
"ကျွန်တော်ပြန်ဆပ်မှာပါ Appa''
Jihoon appa 'ကျစ်' တချက်စုပ်သပ်လိုက်သည်။ ပြန်ဆပ်စေချင်လို့မဟုတ်။ ဒီကလေးအရင်ကနဲ့အတူ Company လုပ်ငန်းတချို့ပါဝင်လုပ်ပြီး အရာရာလေးနက်တက်စပြုလာပြီ။ ဒါပေမယ့် ဒါလောက်ငွေတွေအများကြီးတောင်းတာ ဘယ်နေရာမှာသုံးပစ်တာလဲသိချင်၍ပင်။ ဒါကိုပြောမှာမဟုတ်တဲ့သူက ချေးသလိုသာဆိုနေပါတော့လား
"အခုဘာတွေလုပ်နေတာလဲ Jihoon''
"ကျွန်တော်...နိုင်ငံခြားခဏထွက်ချင်လို့ပါ''
"...''
Jihoon appa မျက်ခုံးပင့်လိုက်မိသည်။
"ဘာအတွက်လဲ''
"ဒီအတိုင်း..''
မျက်နှာကြီးအဲ့လောက်သုန်မှုန်နေတာပျော်ပွဲစားထွက်တာတော့မဖြစ်နိုင်။ အင်းနောက်ယောင်ခံလိုက်ရင်ဖြစ်တာပဲလေ။ Jihoon Appa ဘာမှဆက်မပြောတော့ဘဲ သဘောတူလိုက်ရသည်။
****
လူမနေတာကြာတော့ဖုန်တောင်အနည်းငယ်တက်ချင်နေပြီဖြစ်တဲ့အခန်းငယ်။ ဒိုယောင်းအခန်းပတ်ပတ်လည်ကြည့်ရင်းသက်ပြင်းတချချ။
အိပ်ခန်း ဧည့်ခန်း မီးဖိုချောင်အကုန်တစ်ဆက်ထဲ ဖြစ်တာပြီး တစ်ယောက်ထဲအဖို့တော့ကျဥ်းတဲ့ထဲမပါတဲ့အခန်းလေးပင်။
ထိုစဥ်
"Tinn'' bell
အိမ်ရှေ့ကBell သံကြောင့် ဒိုယောင်းကျောထဲစိမ့်သွားရသည်။ ဒီချိန်ကြီး ဒီအခန်းကို ဘယ်သူကများ....မဟုတ်မှ
အကိုအိမ်မှာမရှိတဲ့ချိန်ထွက်လာတာဖြစ်သလို အကိုကလည်းဒီချိန်အိမ်ပြန်မရောက်နိုင်။ ဒါဆိုဖြစ်နိုင်တာတစ်ယောက်ထဲရှိသည်။
ဟင့်အင် ရင်မဆိုင်နိုင်သေးဘူး
Bell ဆက်မနှိပ်တော့ပဲ ပွင့်လာသောတံခါးကြောင့် Doyoung ကျောက်ရုပ်ပမာရပ်နေမိလိုက်သည်။ တံခါးဘက်တော့လှည့်မကြည့်သေး။
"...ဒို..''
နူးနူးညံညံခေါ်လိုက်သည်မှာလေပြေလေးလိုပင်။ ဒီအသံကိုမကြားခဲ့ရသည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲလေ ။ ဒါပေမယ့်...
ဒိုယောင်းပင်မသိလိုက်ခင်မှာပဲ မျက်ရည်တွေက ဒလဟောကျဆင်းလာလေသည်။
"ဒိုယောင်း..''
ဒိုယောင်း မျက်ရည်တွေကိုဖိသုတ်ရင်း တံခါးရှိရာဘက်လှည့်လိုက်သည်။
မျက်ရည်ရစ်ဝိုင်းနေတဲ့ကိုကိုရဲ့မျက်လုံးထဲမှာကျွန်တော့်ကိုလွမ်းနေတဲ့ပုံရိပ်တွေအပြည့်။ ကျွန်တော်က ကိုကို့အလွမ်းတွေဒီလိုလက်ခံဖို့တန်ရဲ့လား
Yoshi က Doyoung ဆီပြေးလာပြီးတင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။
"ဘာလို့ ဒီတောအတွင်းကိုကို့ကိုမဆက်သွယ်ခဲ့တာလဲ ဘယ်ရောက်နေခဲ့ရတာလဲ ကိုကိုမင်းကိုဘယ်လောက်ထိစိတ်ပူ....''
စကားမဆုံးခင်ပဲ ရင်ဘက်ကိုအတင်းတွန်းပြီးရုန်းနေတဲ့သူကြောင့် Yoshi စကားရပ်သွားလေသည်။
"ဒို..ဘာဖြစ်လို့''
"ကျွန် ကျွန်တော့်ကိုသိလို့လား''
ဒီစကားကို ကိုကို့ မျက်နှာတည့်တည့်ကြည့်ပြီးပြောရင် ကျွန်တော်ငိုမိနေဦးမှာထင်တယ်။
"....''
ရုတ်တရက် တိတ်ဆိတ်သွားတဲ့အခန်းလေးက အချိန်တွေအကုန်လုံးရပ်တန့်ပြစ်လိုက်သလိုပင်။
"ဒို..ကိုကို ကိုနောက်နေတာလား''
Yoshi က Doyoung ပုခုံးတွေကိုဆုပ်ကိုင်ပြီးပြောလိုက်သည်။
"ကျွန်တော်ကိုခွင့်ပြုပါဦး''
ဆက်ပြီးတောင့်မခံနိုင်တော့ဘူး ကိုကို့ရှေ့မှာမငိုချင်တာကြောင့် ဒိုယောင်းကျောခိုင်းထွက်သွားဖို့အပြင် လက်ကောက်ဝတ်ကိုလှမ်းဆွဲလာတဲ့လိုက်တစ်စုံ
"ဒီတောအတွင်းအတွေးပေါင်းစုံနဲ့အရူးလိုဖြစ်နေခဲ့ရတာ ကိုကို့ ကိုအခုလိုဆက်ဆံမှဖြစ်မှာလား''
". ...''
"ဘာကြောင့်လဲကိုကိုမသိဘူး သိလည်းမသိချင်ဘူး ဒါပေမယ့်.... ''
"ကျွန်တော်ခဗျားကိုမသိဘူး''
"ဒိုယောင်း!!''
"ကျွန်တော့်ကိုခွင့်ပြုပါဦး ''
Yoshi က Doyoung လက်ကိုလွှတ်မပေး။ တကယ်နားလည်ရခက်လိုက်တာ ဘာလို့ရှောင်နေပြီး ခုလိုတွေ့တော့လည်း ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ
Yoshi Doyoung ကိုဆွဲလှည့်ပြီးမျက်နှာချင်းဆိုင်အနေထားပြောင်းလိုက်သည်။
"ဘာလို့လဲ Doyoung ကိုကိုတို့ကြား ဘာအဆင်မပြေစရာများရှိခဲ့လို့လား ကိုကိုဘာတွေများ.. ''
"ဟင့်အင်း!''
ဒိုယောင်းအလျင်မြန်ပဲတားလိုက်ရသည်။ ကိုကို ကိုအားနာတယ် ကိုကို့အပြစ်လို့ခံစားနေရတာတွေ ကျွန်တော်ဘယ်လိုစိတ်နဲ့များနားထောင်ပေးရမှာလား ဟင့်အင်း ။
"ဒို....''
ဒိုယောင်းကခေါင်းမော့မလာတော့ပေမယ့် တစ်ချက်တချက်တုန်တက်သွားတဲ့ငိုနေတဲ့ကိုယ်လေးက ငိုနေသည်ဆိုတာမပြောလည်းသိသည်။
Yoshi ခပ်ဖွဖွ ဒိုယောင်းကိုယ်လေးကိုရင်ထဲဆွဲသွင်းပြီး ကျောပြင်လေးကိုပုတ်ပေးလိုက်တော့ ထွက်ကျလာတော့ စကားတစ်ခွန်းက
"တောင်းပန်ပါတယ်'' တဲ့ ဘာအတွက်လဲ ဘာကြောင့်လဲ မေးပြစ်လိုက်ချင်သည်။ တောင်းပန်တယ်ဆိုတဲ့စကားအစား အများကြီးလွမ်းနေခဲ့တဲ့ဆိုတဲ့စကားသာ ကြားချင်ခဲ့တာ ။
ဒိုယောင်းအတော်တန်ကြာငိုပြီးနောက် Yoshi ရင်ထဲက ရုန်းထွက်လိုက်လေသည်။
ထို့နောက် ဆိုဖာပေါ်မှာထိုင်နေခဲ့ကြပြီး တိတ်ဆိတ်လျက်။
"ဒို အခုဘယ်မှာနေနေတာလဲ ''
"...''
ဒိုယောင်းကပြန်မဖြေလာတာကြောင့် Yoshi သက်ပြင်းချရင်းသာ။ဒိုယောင်းလက်ကိုခပ်ဖွဖွကိုင်ရင်း
"ဘာအဆင်မပြေစရာရှိလဲမသိပေမယ့် ဘာကိစ္စမဆို ကိုကို့ကိုပြောလို့ရတယ် ကိုကိုတို့က ချစ်သူတွေပဲမလား ဒို''
ထိုအခါမှမျက်ရည်အဝိုင်းသားနဲ့ကြည့်လာတဲ့ဒိုယောင်းကို အပြုံးနဲ့သာတုန့်ပြန်ပေးလိုက်သည်။
"ဒို ဘာဖြစ်ချင်လဲ ''
"ကိုကို... ''
"အင်းပြောလေ''
"ကျွန်တော်..ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က အဟွတ်ဟွတ်ဟွတ် ''
ရုတ်တရက် ဆိုးလာသောချောင်းကိုဒိုယောင်းလက်နဲ့အုပ်ထားလိုက်မိသည်။ ချောင်းဆိုတာရပ်သွားတော့ Yoshi ဒိုယောင်းလက်ကို ဇွက်ခနဲဆွဲယူလိုက်သည်။
"သွေးတွေ? ဘာဖြစ်တာလဲ ဒိုယောင်း''
ဒိုယောင်းလက်ကိုရုတ်ရင်းသာ အကြည့်လွှဲထားလိုက်သည်။
"ဒီ..ဒီအတိုင်း နေမကောင်းတာ''
"ဒီတိုင်းနေမကောင်းတာကသွေးပါစရာလိုလို့လား ဒိုယောင်း ကိုကို့ကိုကြည့်''
ဒိုယောင်းမရဲတရဲ ပြန်ကြည့်လိုက်တော့ စိုးရိမ်စိတ်အပြည့်နဲ့ကိုကိုကမျက်မှောင်ကြီးကြုပ်လို့။
"ဘာဖြစ်လို့လဲ''
ဒိုယောင်းက နှုတ်ခမ်းစေ့စေ့ပိတ်ထားရင်ပြန်မဖြေလာ။
"ကိုကို ကို တောင်ပြောမပြနိုင်တော့ဘူးလား''
"ကျွန်တော် ဒီတိုင်းနေမကောင်းဖြစ်တာပါ''
ကိုယ့်အခြေကိုသိနေပြီမလို့ ကိုကို့ကိုဒီကိစ္စအတွက်ပါထပ်ပြီးအပူမပေးချင်တော့ပါ။
"ဒိုယောင်း... ''
"ကျွန်တော် အဆင်ပြေပါတယ် ''
Yoshi Doyoung ပုခုံးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး
"ဒိုယောင်း မင်းဘာတွေလုပ်နေခဲ့တာလဲ ''
"တောင်းပန်ပါတယ် ကိုကို''
"တောင်းပန်ခိုင်းနေတာမဟုတ်ဘူး ငါ ငါ သိချင်တာ ...ကျစ်!!''
Yoshi မချင့်မရဲစိတ်နဲ့ ဒေါသစိတ်ကရောထွေးလျှက်။ စိတ်ထဲရှိသမျှပေါက်ကွဲပြစ်လိုက်ချင်ပေမယ့် မျက်ရည်သီဝိုင်းနေတဲ့ရှေ့ကကောင်လေးကြောင့်လက်လျှော့လိုက်ရသည်။
******
"ParkJihoon ''
Jihoon ကားပါကင်ထဲဝင်ဝင်ချင်းအသံတစ်ခုကြောင့်ခြေလှမ်းတွေရပ်တန့်သွား၏။
"ဘာလဲ''
"မင်းအခုတလောပျောက်ချက်သားကောင်းလှချည်လား''
"ကျစ် ငါ့ဘာငါအေးအေးဆေးဆေးပေးနေလို့မရဘူးလား''
"ဟက် အေးအေးဆေးဆေးနေချင်တာလား?''
". .''
Jihoon မျက်မှောင်ကြုတ်လျက်သား စိတ်ရှုပ်နေဟန်။ ရန်မဖြစ်ချင်တော့လို့ Bar club နဲ့ကင်းဝေနေသည်မှာအတော်ကြာခဲ့ပြီ ဒါကိုတကူးတက လာရန်ရှာပေးတဲ့ကောင်တွေနဲ့တော့ခက်သားပဲ။
Jihoon ဆက်နားမထောင်ဘဲထွက်သွားဖို့အလုပ်။
"ဟိုနေ့က ကိစ္စ မင်းလုပ်တာမလား''
"ဘာကိစ္စ?''
"ဟက် ....မင်းဖြတ်လုသွားတာလေ''
Jihoon သူတို့ပြောနေတဲ့ကိစ္စကိုတကယ်မသိ။ ဒီကောင်တွေကတော့အာရုံပဲ။
"မင်းတို့ဘာပြောနေတာလဲငါမသိဘူးသေချာတာက ငါမဟုတ်ဘူး''
"မင်းမဟုတ်တဲ့အတိုင်းပါလား ParkJihoon နောက်ဆုံးတစ်ခေါက်ကတည်းက ကြောက်သွားပြီလား ကြောက်ရင်လည်းခိုးချောင်ခိုဝှက်နည်းနဲ့တော့မတိုက်နဲ့ကွာ ''
"ဘာ!!''
ခိုးချောင်ခိုးဝှက်? အဲ့လိုလုပ်ဖို့ ParkJihoon တို့က ဝါသနာကိုမပါတာ။ Appa တရားခံလိုစစ်မေးနေလို့စိတ်ရှုပ်ရတဲ့ထဲ ဒီမှာလည်း လာစွပ်စွဲနေပြန်သည်။ Jihoon သည်းမခံနိုင်တော့တဲ့အဆုံး
"ခွပ်''
သူ့ရှေ့က ကောင်ကိုအားကုန်သုံးပြီးပြစ်ထိုးလိုက်လေသည်။ တစ်ချက်နဲ့တင် ကြမ်းပြင်နဲ့ကျန်မျက်နှာတခြမ်းမိတ်ဆက်သွားတော့ သွေးတွေကလည်းအလိမ့်လိမ့်ထွက်လာ၏။
"အာရုံပဲဟက်''
Jihoon ဒီတိုင်းထားပြီးထွက်သွားဖို့အလုပ် နောက်ကနေအရှိန်နဲ့ပြေးလာတဲ့လူတစ်ယောက်
"ဇွပ်!!''
Jihoon ဗိုက်နေရာကိုလက်နဲ့စမ်းမိလိုက်သည်။ ထွက်နေသောသွေးတွေနဲ့အတူ စိုက်ဝင်နေသောဓားတစ်ချောင်း။
အားတင်းထားပါလျက်နဲ့ ဘယ်လိုမှမရ အမြင်အာရုံတွေကွယ်ပျောက်ပြီး ကြမ်းပြင်ပေါ်သို့ခွေကျသွားလေသည်။
******
"Ti. Ti. .ti. .'' Ph ringtone
Doyoung စားပွဲပေါ်ကဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး
"အင်းဂျောင်ဝူး... ''
". .''
"အစ်ကို အစ်ကိုဘာဖြစ်လို့လဲ''
". ..''
"ဘာ!!!''
အစ်ကိုဆိုတဲ့အသံအကြားမှာတော့ Yoshi က Doyoung ဘက်လှည့်ကြည့်လာလိုက်သည်။ ကိုကို ဘယ်လိုထင်ထင်မတက်နိုင်တော့ပါ။ အစ်ကို ဆေးရုံမှာဆိုတဲ့အသံကြားတော့ ဒိုယောင်း ရင်ထဲ ပြိုကျကုန်ပြီဖြစ်သည်။
ရုတ်တရက် ထ ထွက်သွားဖို့လုပ်တဲ့ ဒိုယောင်းကို Yoshi လက်လှမ်းဆွဲထားလိုက်သည်။
"ဘယ်ကိုလဲ''
"တောင်းပန်ပါတယ် ကိုကို''
ပြောပြီးအတင်းရုန်းထွက်သွားတဲ့သူကြောင့် Yoshi ဒီတိုင်းသာကျန်ခဲ့တော့သည်။
"သူအပြေးသွားခဲ့ပေမယ့် ငါ့အတွက်တော့ ရောက်မလာခဲ့ဘူးပဲ ''