KinnPorsche (Myanmar Translat...

By NaNa-DH

99.8K 7K 385

KinnPorsche မြန်မာဘာသာပြန်ပါ . Book 1 to 4 ထိ ရှိပါမယ် . KinnPorsche ျမန္မာဘာသာျပန္ပါ . Book 1 to 4 ထိ ရွိပါ... More

Intro
Book (1) : 00
Book (1) : 01
Book (1) : 02
Book (1) : 03
Book (1) : 04(A)
Book (1) : 04(B)
Book (1) : 05
Book (1) : 06 (A)
Book (1) : 06(B)
Book (1) : 07(A)
Book (1) : 07(B)
Book (1) : 08(A)
Book (1) : 08(B)
Book (1) : 09(A)
Book (1) : 09(B)
Book (1) : 10(A)
Book (1) : 10(B)
Book (1) : 11(A)
Book (1) : 11(B)
Book (1) : 12(A)
Book (1) : 12(B)
Book (1) : 13(B)
Book (1) : 14(A)
Book (1) : 14(B)
Book (1) : 14(C)
Book (1) : 15(A)
Book (1) : 15(B)
Book (1) : 15(C) 🚨
Book (1) : 16(A)🚨
Book (1) : 16(B)
Book (1) : 16(C)
Book (1) : Final (A)🚨
Book (1) : Final(B)
Book (2) : 18(A)
Book (2) : 18(B)
Book (2) : 18(C)
Book (2) : 19(A)
Book(2) : 19(B)
Book(2) : 19(C)
Book (2) : 20(A)
Book (2) : 20(B)
Book (2) : 20(C)
Book (2) : 21(A)
Book(2) : 21(B)
Book(2) : 21(C)
Book (2) : 22(A) 💡
Book(2) : 22(B)
Book (2) : 22(C)
Book(2) : 22(D)
No update
Book (2) : 23(A)🚨
Book(2) : 23(B) 🚨
Book(2) : 23(C)
Book(2) : 24(A)🚨
Book(2) : 24(B)🚨
Book(2) : 24(C)
Book(2) : 25(A)
Book(2) : 25(B)
Book(2) : 25(C)
Book(2) : 25(D)🚨
Book(2) : 26(A)
About Update
Book(2) : 26(B)
Book(2) : 27(A)
Book(2) :27(B)
Book(2) : 27(C)
Book(2) : 28(A)
Book(2) : 28(B)
Book(2) : 28(C)
Book(2) : 29(A)
Book(2) : 29(B)
Book(2) : 29(C)
Book(2) : Final (A)
Book(2) : Final(B)
Book(2) : Final(C)
Book(3) : 31(A)
Book(3) : 31(B)
Book(3) : 32(A)
Book(3) : 32(B)
Book(3) : 32(C)
Book(3) : 33(A) 🚨
Book(3) : 33(B)🚨
Book(3) : 34(A)
Book(3) : 34(B)
Book(3) : 35(A)
Book(3) : 35(B)
Book(3) : 35(C)
Book(3) : Final(A)
Book(3) : Final(B)
Book(3) : Final(C)
Book(4) : 37(A)
Book(4) : 37(B)
Book(4) : 37(C)
Book(4) : 37(D)
Book(4) : 38(A)
Book(4) : 38(B)
Book(4) : 39(A)
Book(4) : 39(B)
Book(4) : 40(A)
Book(4) : 40(B)
Book(4) : 41
Book(4) : 42
Book(4) : 43
Book(4) : The End(Unicode)
Book(4) : The End(Zawgyi)
Special Ending(Uni+Zaw)
နှစ်ကူးလက်ဆောင်(Uni+Zaw)
နှစ်ကူးလက်ဆောင် Winner

Book (1) : 13(A)

674 68 3
By NaNa-DH

Chapter 13-A : Omen
(ကြိုတင် နိမိတ်ပြခြင်း)

နေရာတစ်ခုတွင် >>

"သူက အခုချိန်မှာတော့ အိမ်တော်တစ်ခုလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်... အထူးသဖြင့် သခင်လေးKinn ရဲ့ အာရုံစိုက်ခြင်းကို ရထားသူပါ"

ဆိုဖာတွင် သက်သောင့်သက်သာထိုင်ကာ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်နေသော လူရွယ်လေးရဲ့ ရှေ့တွင် ခပ်လျှို့လျှ်ို့ ရပ်ရင်း သူ* အစီရင်ခံလိုက်သည်..

"အဲ့ဒီတစ်ယောက်က လက်ရဲဇက်ရဲ နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း အပြည့်ရှိနေတဲ့သူ မဟုတ်လား? စိတ်ဝင်စားခံရတာ မဆန်းပါဖူး"
သစ်အယ်သီးပုံနှုတ်ခမ်းလွှာကနေ စကားလုံးတွေနဲ့အတူ ဆေးလိပ်ငွေ့ဖြူဖြူတွေ တလူလူ ထွက်နေသည်...

"ဟုတ်ပါတယ်ခင်ဗျ"
သူ* ပါးစပ်ကိုတင်းတင်းစေ့ထားရင်း နာနာခံခံပဲ ပြန်ဖြေလိုက်သည်...

"အဲ့တစ်ယောက်က... အရသာရှိလောက်မယ်ထင်တယ်... မင်းကော ဘယ်လိုထင်လဲ??"
ဩရှရှ အသံပိုင်ရှင်က သူ့ရှေ့တွင် အနက်ရောင်ဝတ်စုံပြည့်ဖြင့် ရပ်နေသော သက်တော်စောင့်ကို စိတ်လှုပ်ရှားနေသည့်ပုံဖြင့် လှမ်းမေးလိုက်၏...

"အဲ့ဒါကတော့... ယောကျာ်းအစစ်တစ်ယောက်ရဲ့ အရသာ အပြည့်အဝရလိမ့်မယ်လို့တော့ ထင်မိပါတယ်"
သူ* ပြန်ဖြေလိုက်တယ်... သူ့ရှေ့မှာ ရှိနေတဲ့ လူရွယ်က ခန့်မှန်းရသိပ်ခက်တဲ့လူမျိုး... အပြင်ပန်းမှာတော့ အမူအရာကောင်းတွေ၊ အပြုံးတွေဖောဖောသီသီထုတ်သုံးတတ်ပေမဲ့ အတွင်းပိုင်းမှာတော့ အလွန်အေးစက်ကြမ်းကြုတ်တဲ့ လူမျိုးမို့...

"Kinn ရဲ့ အကြိုက်တွေကို လည်း ငါရိုးနေပီ"
လူရွယ် က ကုန်ခါနီးနေပီဖြစ်သော စီးကရက်တို ကို ဆေးလိပ်ပြာဖန်ခွက်ထဲ ပစ်ထဲ့လိုက်သည်... သူ ဟာ Kinn ဘယ်နေ့ညမှာ ဘယ်သူ့ကိုခေါ်အိပ်တယ်ဆိုတာကအစ သိနေတဲ့လူ... တစ်ခါတစ်လေ တချို့ကောင်လေးတွေကို Kinn ခေါ်မအိပ်ခင် သူက အရင်အိပ်ပစ်ပီး သူ့အကျကို Kinn ကို ကျွေးသည့်သဘောမျိုးလည်း လုပ်တတ်သည်...
Kinn သာ သိရင် ဘယ်လောက်တောင် ရင်ခံ လိုက်မလဲ??
အခုကိစ္စမှာ - သူနဲ့ Kinn သာ အကြိုက်တူတယ်ဆိုရင် စိတ်ညစ်လွန်းလို့သေမှာပဲ... Kinn အပေါ်ကို အသက်တောင်ပေးပီး သစ္စာခံနေတဲ့လူတွေ ပုံနေတာကိုလည်း စိတ်ထဲမယ် ချဉ်တယ်...

"ဘာဆက်လုပ်ချင်ပါသလဲဗျ??"

"Kinn က အဲ့တစ်ယောက်ကို လိုချင်နေတယ်မလား??"
လူရွယ်က အေးစက်စက်အသံဖြင့် မေးတယ်...

"ကျွန်တော်မြင်မိသလောက်ကတော့ အဲ့သလိုဖြစ်ဖို့ များပါတယ်"
သူ* ဒီအမေးကိုဖြေဖို့ မျက်မှောင်ကြုတ်ပီး သေချာ စဉ်းစားလိုက်ရသည်...

"ငါဆိုလည်း အဲ့တစ်ယောက်ကို ကြွေမိမယ်ထင်တယ်... ငါဘယ်လိုတွေကို ပိုကြိုက်တတ်လဲဆိုတာ မင်းသိတဲ့အတိုင်းပဲ"
ပြောနေသည့် အသံခပ်နက်နက် နဲ့ ဆန့်ကျင်ဖက် လူရွယ်ရဲ့ မျက်နှာပေါ်မှာတော့ အပြုံးချိုချို တစ်ပွင့်...
ဒီစကားဝိုင်းကို သူအတော်လေး စိတ်ဝင်စားနေမိတယ်... အထူးသဖြင့် အဲ့တစ်ယောက် အကြောင်းပါနေလို့...
စမြင်မြင်မိချင်းကတည်းက သူ စိတ်ဝင်စားခဲ့မိတာ... သန်မာပီး မာန်မာနကြီးတယ်... သူ ဟာ ယောကျာ်းလေးတွေကိုပဲ ကြိုက်တာမှန်ပေမဲ့ ဘော်ဒီတောင့်တောင့်လှလှ နဲ့ ယောကျာ်းအစစ်တစ်ယောက်အနံ့ ရနေတာမျိုးကို ပိုနှစ်သက်တယ်... Kinn ကြိုက်သလိုမျိုး ပိန်ပိန်ပါးပါး ပျော့နွဲ့နွဲ့တွေကို သူ တကယ် စိတ်ထဲမတွေ့...

"သခင်လေး လုပ်ချင်တာကိုသာ ကျွန်တော့်ကို ပြောပါ"
သက်တော်စောင့် ကတော့ ဒီအကြောင်းကြီးပဲ ဝေ့နေတာကို စိတ်ကုန်နေပီ...

လူရွယ်က သက်ပြင်းချပီး -
"သူသွားသမျှနေရာအကုန်လိုက်၊ သူဘာလုပ်တယ်၊ Kinn က သူနဲ့ပတါသက်ရင် ဘယ်လောက်အထိ တုံ့ပြန်မှုရှိတယ်ဆိုတာတွေကို လိုက်ကြည့်... Kinn က သူ့ကို နှစ်သက်လေလေ... ငါက ငါ့အပိုင်ဖြစ်လာအောင်ပိုကြိုးစားလေလေ ပဲ"
ပုံမှန်ဆို စိတ်ဝင်စားရုံအဆင့်တင်ပဲ ဖြစ်နိုင်ပေမဲ့ အခုကျတော့ Kinn ကပါ နှစ်သက်နေတယ်ဆိုတော့... မတရားတွေ လိုချင်နေမိပီ!!! ဆုံးရှူံးနာကျင်ရသည့် ခံစားချက်ကို Kinn ကိုပေးမယ်...

"ဟုတ်ကဲ့ပါ"
သက်တော်စောင့်က စိတ်ပင်ပန်းသည့်ဟန် သက်ပြင်းချသည်... ဒီလုပ်ရပ်က ပင်မစံအိမ်တော် အပေါ် သစ္စာဖောက်သည့် လုပ်ရပ်ဆိုပေမဲ့လို့ သူ့သခင်လေးအနားကနေ ဟိုအကောင်ကို ခွါထုတ်နိုင်မယ်ဆ်ုရင်တော့... ရဲရဲကြီး သစ္စာဖောက်လုပ်ပစ်မည်...
"အခု ကျွန်တော်တို့ လုပ်ငန်း ကိစ္စဆွေးနွေးကြမလား??! ဝယ်သူအသစ်နဲ့ ဆေးတွေကို ကျွန်တော့်ဖက်က လှမ်းချိတ်ပေးထားပီးပီ... သခင်လေးဖက်က လမ်းကြောင်းရှင်းတာနဲ့ အချက်ပြပေးဖို့ပဲ လိုတော့တယ်"

"အင်း... လမ်းကြောင်း ၂ခုတော့ တွေ့ထားတယ်... ဒါပေမဲ့ ဒီတစ်ခါကို လမ်းကြောင်း များများသုံးချင်တယ်... ရဲတွေဖက်က ခုတစ်လော ပျင်းရိပျင်းတွဲ့နဲ့ လျော့ရဲနေကြတယ်"

၂ယောက်သား အချိန်တစ်ခုကြာသည်အထိ လုပ်ငန်းကိစ္စတွေ ဆွေးနွေးကြပီးနောက်မှာတော့ လမ်းခွဲကာ ကိုယ်စီ ကိုယ်စီ ဘဝအမှန်ထဲ ပြန်လာခဲ့ကြသည်...

(t/n : အပေါ်က ၂ယောက် စကားပြောမှာ သူတို့က ဘယ်သူတွေဆိုတာ ဖွက်ထားတယ်နော်🌚 ဒါပေမဲ့ သိလောက်ကြမယ်ထင်ရဲ့🤭 ဇာတ်လမ်းက လူစုံဖို့ နီးလာပါပီ😫)

Porsche's Pov

"Porsche!!! ခွေးကောင်!!! မင်းလုပ်တာ ငါ့တစ်ကိုယ်လုံးကြက်သီးမွှေးညင်းတွေတောင် ထောင်ထလာပီကွ!!!"

Porsche က Tem ရဲ့ ပုခုံးကိုသိုင်းထက်ပီး လည်ပင်းကို နှာတရှုံ့ရှုံ့နဲ့ အနံ့သွားခံတော့ Tem က ထဆဲခြင်း...

"ငါ့ကို ခဏလေး ထပ်လုပ်ခွင့်ပြုပါ"
ကျွန်တော် ငြင်သာနူးညံ့တဲ့ အသံလေးဖြင့် ပြောလိုက်သည်... သစ်သားစားပွဲဝိုင်းတစ်ခုမှာ သူငယ်ချင်းတွေ ဝိုင်းထိုင်နေကြစဉ် ကျွန်တော် စမ်းသပ်မှုတစ်ခုကို ထလုပ်လိုက်တော့ အော်တဲ့သူကအော်၊ ထပြေးတဲ့သူက ထပြေးနဲ့ ပွက်လောတွေ ရိုက်ကုန်သည်...

"ချီး!! MotherF**Ker Porsche!!! မင်းထပ်လုပ်ချင်ပေမဲ့ ငါကတော့ မခံချင်ဖူးဟေ့!!"
Tem က ကျွန်တော့်ကို တွန်းထုတ်ပစ်သည်...

"မင်းပုံစံက ထူးဆန်းနေတယ်သိလား Porsche??"
Pete က ဝင်ပြောလာသည်...
မနေ့ညက ကတိအတိုင်း Pete ကို တက္ကသိုလ်ဆီ ခေါ်လာခဲ့ရသည်... Pete က လိုက်ရှုပ်တာတွေ မရှိပဲ အဖြူရောင်ရှပ် နဲ့ ဘောင်းဘီအရှည်ကိုတောင် ကျောင်းသားတွေလို ဝတ်လာခဲ့၏...

"မင်းဘယ်လို ခံစားရမလဲဆိုတာ ငါက သိချင်လို့ပါ Tem ရာ! မင်းကလည်း လာပါ!!"
ကျွန်တော် Tem ရဲ့ လက်တွေကိုရှောင်ပီး သူ့ကို ထပ်ဆွဲခေါ်ဖို့ လုပ်တော့ Tem က Pete ရဲ့ အနားကိုသာ ပြေးကပ်သွားသည်...

ကျွန်တော့်သူငယ်ချင်းတွေနဲ့ Pete နဲ့က ဂျေးရဲ့ဘားမှာ သွားသောက်ခဲ့ကြကတည်းက ရင်းနှီးပီး ခင်ခဲ့ကြပီ... ဒီနေ့လည်း Pete က ကောင်မလေးတွေကို ရှိူးချင်လို့ ကျောင်းလိုက်လာမယ်ဆိုတဲ့အကြောင်း ကြိုပြောပြထားခဲ့တယ်..

"Tem... မင်းကို ငါအခုလို လည်ပင်းကိုနမ်းတော့ .. မင်းဘယ်လိုခံစားရလဲ??"

Tem ရဲ့ မျက်နှာက ကြောက်လန့်နေရာမှ ခေါင်းရှုပ်တဲ့ ပုံစံကိုပြောင်းသွားပီး သူ့အကြည့်တွေက ပလာစတာ ကပ်ထားသော ကျွန်တော့်လည်ပင်းဆီသို့ ဒိုင်း ကနဲ... အကြည့်လုံးဝ မခွါတော့...

"What the F**K!! ဘာလာကြည့်နေတာလဲ??"
ကျွန်တော့်လည်ပင်းမှာ ပလာစတာကပ်ထားတာ ၃ နေရာ... ကိုက်ရာအတွက် တစ်ခု၊ စုပ်နမ်းထားသည့်နေရာတွေအတွက် ၂ခု နဲ့...

"ဘယ်သူက မင်းကို ဒီအနေအထားရောက်ရတဲ့အထိ စုပ် ခဲ့တာလဲ??"
Tem က ပြန်မေးလာသည်...

"ဘယ်သူ က ဘာကို?? ငါ့ဟာငါ ကပ်ချင်လို့ကပ်ထားတာပါဟ!!"
စားပွဲအောက်က ကျွန်တော့်ခြေထောက်တွေက ဂဏှာမငြိမ် တဆက်ဆက် ဒူးလှုပ်နေမိပီ... မျက်နှာကလည်း ချက်ချင်း သွေးဆုတ်ဖြူလျော်စပြုနေပါပီ...

"ဟုတ်တာပေါ့ ဟုတ်တာပေါ့... ငါက ယုံတာပေါ့... မင်းအခုတစ်လော စိတ်ဆတ်နေတာကကော... ဘာ့ကြောင့်လဲ??"

"ဘာ့...ဘာ့ကြောင့်.. မှ မဟုတ်ပါဖူး!! ခွေးကောင်!!"
စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ကြိုးစားနေပေမဲ့ Pete က အဓိပ္ပါယ်ပါပါအပြုံးကြီး ဆင်မြန်းရင်း ကျွန်တော့်ကို ကြည့်နေတယ်...

"ဘာလဲ??"
ကျွန်တော်က သူ့ကို မျက်လုံးတွေကျဉ်းပီး ပြန်ကြည့်လိုက်တော့ Pete က ထမေးလာ၏...
"မင်းဘာဖြစ်နေတာလဲ?? မေးချင်နေတာ ဘာညာ ရှိရင်တိုက်ရိုက် ထမေးပစ်လေ... မင်းအခုလို ရူးကြောင်ကြောင်တွေ လုပ်နေတာကမှ အခြေအနေပိုဆိုးစေတာကွ...ဟားဟားဟား"
Pete က ရီမောရင်း Tem ကို တစ်ခုခု တီးတိုးကပ်ပြောပြန်သည်... သေချာပေါက် ကျွန်တော် Armရဲ့ ဂွကြားကို သွားကိုင်ခဲ့တဲ့ ကိစ္စပဲနေမှာ...

"ပါးစပ်ပိတ်!!"

"မင်း... အရသာအကြိုက်တွေပြောင်းသွားတာလား??"
Jom ကပါ ထမေးလာခဲ့ပီ...သူကပဲဆက်ပီး -
"လုပ်စမ်းပါ Porsche ... ဒါကရှက်စရာကိစ္စမှမဟုတ်တာကြီးကိုကွာ... ငါတို့တွေအကုန် ပွင့်လင်းမြင်သာမှုရှိကြပါတယ်ဟ... Tem ဆို အခုလေးတင် Kinn က ဘယ်လိုတွေချောကြောင်း သရေတမြားမြားနဲ့ ပြောနေတာ"

Jom က Kinn ရဲ့ နာမည်ကို ထဲ့ပြောလာတော့ ကျွန်တော် ခဏငြိမ်ကျသွားပီး အသိပြန်ဝင်လာမှ -
"ခွေးသားလေး!! ငါ ဘာမှ အကြိုက်မပြောင်းဖူး!! အခုချိန်ထိ ရင်ကြီးတဲ့ဆော် လေးတွေကိုပဲကြိုက်တုန်း!!!"
(t/n : အင်းပါ ဖောရှ့် ရယ်.. ဇွတ်နော်🥲)

"မင်း ငါ့ရဲ့ boss, သခင်လေးKinn ကို ကြွေနေတာလား Tem??"
Pete က Tem ကိုမေးတယ်...
Tem ဘာမှမဖြေနိူင်ခင် ကျွန်တော်က Kinn ပါနေသော စကားဝိုင်းကို မဆက်ချင်တာမို့ ကြားဝင်ကာ -
"အတန်းသွားပီး စာသင်ကြစို့!!"
ကိုယ့်ကိုကိုယ်လည်း စိတ်ရှုပ်မိတယ်!! ဘာလို့ အဲ့ခွေးကောင် Kinn နာမည်ကြားတာနဲ့ ကပေါက်တိကပေါက်ချာတွေ ထဖြစ်လာရလဲဆိုတာကို!!!
"Pete ... မင်းကတော့ ကျောင်းပတ်လျှောက်ပီး လိုက်ကြည့်လည်းရတယ်၊ ဗ်ုက်ဆာရင် မုန့်ဆိုင်တန်းက ဟိုနားလေးမှာ... အတန်းချိန်ပီးတာနဲ့ အဲ့ကို ငါလာခေါ်ပေးမယ်"

"ဒီပတ်ပတ်လည်တွေမှာ မိန်းမချောလေး တွေ ပေါတယ်လား??"
Pete က ဘယ်ညာ ပတ်ကြည့်ရင်း မေးသည်...

"ဒီပတ်ဝန်းကျင်မှာတော့ မိန်းမချောတွေ တွေ့ရမှာမဟုတ်ဖူး... ငါတို့ဌာနက အားကစားသိပ္ပံဆိုတော့ ကျား တွေချည်းပဲ... မိန်းမချောလေးတွေ အပုံလိုင်ကြီးတွေ့ချင်ရင်တော့ - အနုပညာဌာနဖက်ကိုသာသွား..."
Jom က ခပ်လှမ်းလှမ်းမှာရှိနေတဲ့ အဆောက်အအုံတစ်ခုကို ညွှန်ပြပေးတယ်...

"မိုက်စ်!! အဲ့ကို ငါသွားပီ!!"
Pete က တက်ကြွစွါဖြင့် Jom ညွှန်ပြလိုက်သော ဖက်ကို ထွက်သွားခဲ့၏...

အခန်းရှိရာဖက်ကို သွားရင်း တွေးမိတယ် - မာဖီးယားအိမ်တော်မှာသာ Pete လို သူငယ်ချင်းမရှိခဲ့ရင် ငါတော့ ဘယ်လိုလုပ်မလဲ???
ဒဏ်ရာကို ဆေးထဲ့ပေး၊ ပတ်တီးပတ်ပေး၊ ညအိပ်စောင့်ပေး ခဲ့တာ Pete ချည်းပဲ...

ကျောင်းကိုလာခါနီးတော့ သေနတ်မှန်ထားသည့်ကိစ္စ Tem နဲ့ Jom ကိုမပြောမိရန် Pete ကို မှာထားရသည်... ဒီအရူး၂ယောက်ရဲ့ မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို ကျွန်တော်ဖြေရမှာ ပျင်းလွန်းလို့... ကျောင်းဝတ်စုံကလည်း လက်ရှည်မို့ အေးဆေးပါပဲ...

🍇

အတန်းချိန်ပီးသည်နှင့် Pete ကို ဖုန်းဆက်ခေါ်လိုက်သည်..
Pete က ပြုံးဖြီးနေသော မျက်နှာဖြင့် မုန့်ဆိုင်တန်းတွေဖက်ကနေ ထွက်လာသည်...
Pete အတော် စန်းပွင့်ခဲ့ပုံရသည်...

"ဟေး... အခြေအနေ???"
ကျွန်တော် မေးလိုက်တော့ -

"မိန်းကလေးတွေ နှစ်တန်းလောက် ငါ့ဆီမှာ တန်းစီနေကြရတယ်"
Pete က ဂုဏ်ယူစွါဖြင့်ဖြေ၏...

ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်လည်း ကောင်မလေးရှာဖို့လိုနေပီ... ဂျပန်ကား တွေနဲ့ ဖြေလျော့နေရတာ အိုခေတယ် ဆိုပေမဲ့ တကယ့်လက်တွေ့မိန်းကလေးနဲ့ အိပ်ရတာလောက်တော့ အရသာမရှိဖူးပေါ့...

"အိမ်တော် ပြန်ချင်ပီလား?? ငါလိုက်ပို့ပေးမယ်လေ"
ကျွန်တော်တို့ ၂ယောက် ကျောင်းကို ကျွန်တော့်ဆိုင်ကယ်နဲ့ လာခဲ့ကြခြင်း... အစက Pete ကို ကားယူချင်ယူခဲ့လို့ပြောပေမဲ့ သူကကို ဆိုင်ကယ်စီးချင်ပါတယ်တဲ့လေ...

"အတူပြန်ကြမယ်လေ... အနီးနားက တစ်နေရာမှာ ဝင်စားပီးမှ"
Pete က ကျွန်တော့်ကို 'မင်း ဘာကြံနေလဲ ငါသိပါတယ်' ဆိုသည့် အကြည့်ကြီးဖြင့် ပြန်ကြည့်လာသည်...

"ဗိုက်ဆာနေရင် မုန့်ဆိုင်တန်းမှာ စားနေတာမဟုတ်ဖူး... ငါ့ဆီ ပြန်လာနေသေး"

"ကျောင်းထဲမနေချင်တော့ဖူး... စျေးဝယ်စင်တာ သွားပတ်ပီးမှ အဲ့ထဲမှာစားရအောင်...ဒီနေ့က ခွင့်ရက်ဆိုတော့ တစ်နေကုန်အားနေတယ်လေ"

F**King Pete!!! မင်းသာ လက်ဝှေ့ ဘောက်ဆာ သမား မဟုတ်ရင် ငါမင်းကို ဆော်ချင်နေပီ!!!

"အိုခေ.. သွားကြတာပေါ့... ငါလည်း ဗှိုက်ဆာနေပီ"
သက်ပြင်းချပီးသာ အရှုံးပေးလက်မြှောက်လိုက်ရတော့သည်...

သူငယ်ချင်း၂ယောက်ကလည်း Pete ရဲ့ အစီအစဉ်ကို သဘောပီး စျေးဝယ်စင်တာကို လိုက်ခဲ့ကြမည်... Pete နဲ့ ကျွန်တော်က ဆိုင်ကယ်နဲ့၊ Jom က Tem ရဲ့ကားနဲ့ ပါလာသည်...

🍎

စျေးဝယ်စင်တာ ကိုရောက်တော့ ကျွန်တော်အသာလေး သူတို့ ၃ယောက်နောက်ကနေ လိုက်ခဲ့လိုက်သည်... ယောကျာ်းသား အများစုတွေအတိုင်း ကျွန်တော်က စျေးဝယ်စင်တာကိုလာပီးလျှောက်ပတ်နေရတာထပ် အပြင်ကဆိုင်တွေကိုပဲ သဘောကျတယ်... ကျွန်တော့် သူငယ်ချင်းတွေကတော့ လူစုံတက်စုံ တစ်ခါတစ်ရံ လိုက်ပတ်သွားရတာ ပျော်ဖို့ကောင်းတယ်တဲ့...

"ဘာစားကြမှာလဲ?? မြန်မြန်လုပ်ကြပါဟ!!"

"ဘာလို့လောနေရတာလဲ Porsche?? အိမ်တော်ကနေ ထွက်ရတဲ့အချိန်လေးကို အပြည့်အဝခံစားစမ်းပါ... အထူးသဖြင့် ငါတိူ့ရဲ့ boss တွေကို မမြင်ရတာနဲ့တင် စိတ်ချမ်းသာနေပီ"

Pete ပြောတာ မှန်တယ်ဆိုပေမဲ့ ကျွန်တော်ကတော့ တန်ဖိုးရှိတဲ့ အချိန်ကို အိမ်ကိုပဲ တန်းပြန်ပီး အိပ်ပစ်ချင်မိသည်... အခုလိုကြီး လျှောက်ပတ်နေရတာက အချိန်ကုန် လူပန်းလွန်းလို့..

"ဟိုဆိုင်မှာစားကြရအောင်"
တွေ့ရာဆိုင်တစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်... တကယ်တော့ ဒီလို ကဖေးဆိုင်မျိုးမှာ ဝင်စားရတာကို သဘောမတွေ့ဖူး... လမ်းဘေးမှာ ထမင်းနဲ့ဟင်း တွဲလျက်၊ ပုံစား ဆိုတဲ့ဟာလေးတွေနဲ့ဆိုရင်ကို အိုခေနေပီ...

ဖြစ်ချင်တော့ ကျွန်တော်ရွေးလိုက်တဲ့ ဆိုင်က - MoMo Paradise ဆိုတဲ့ ဂျပန်ရိုးရာ ဆူရှီ နဲ့ ဟော့ပေါ့ဆိုင်... ဘတ်ရာကျော်လောက်ပဲ ဝယ်ကျွေးဖို့မှန်းထားပေမဲ့ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်ပီး အစားတစ်နပ်အတွက် ထောင်ကျော် ရှင်းရတော့မည်...
ရင်ထဲအောင့်သက်သက်ဖြစ်မိပေမဲ့ မထူးတော့သည်မို့ စားကြည့်ရုံပေါ့...

"အိုး Pete ပါလား??? ဒီမှာ ဘာလုပ်နေတာလဲ??"

ရင်းနှီးတဲ့အသံတစ်ခု နောက်ကျောဆီကနေ ထွက်လာသည့်အချိန် .. ကျောရိုးထဲစိမ့်ခနဲပဲ...

"သခင်လေးKinn!! မင်္ဂလာပါဗျ"
Pete က ချက်ချင်းမတ်တပ်ရပ်ကာ သူ့boss ကို နှုတ်ဆက်သည်... သူ့boss က ကျောင်းသားဝတ်စုံဝတ်ထားပီး အနောက်မှာ မြင်ဖူးနေကျ သူ့သူငယ်ချင်း၃ယောက်ပါ ပါလာသည်...

Kinn က အပြုံးရေးရေးလေးဖြင့် ကျွန်တော်တို့ ဝိုင်းဆီ လျှောက်လာ၏...
"တိုက်ဆိုင်ချက်ပဲနော်"
Kinn က ကျွန်တော့်ကိုကြည့်ပီးပြောလာပေမဲ့ ကျွန်တော်ကတော့ မျက်နှာကို ချက်ချင်းလွှဲပစ်သည်...
"ဒီကို ဘယ်လိုကနေဘယ်လို ရောက်လာတာလဲ Pete??"

"အိုး.. ဒီနေ့က ကျွန်တော့်ရဲ့ခွင့်ရက်ဆိုတော့ Porsche နဲ့အတူ ကျောင်းကိုလိုက်လည်ပီး ကောင်မလေးတွေ လိုက်ကြည့်နေတာပါဗျ"
Pete က ရီရီမောမောနဲ့ သူ့boss မေးတာတွေကို ပြန်ဖြေနေသည်...
Tem နဲ့ Jom ကလည်း Kinn ရဲ့သူငယ်ချင်းတွေလက်ပြနှုတ်ဆက်နေတာကို ပြန်နှုတ်ဆက်နေတယ်... Kinn တို့အဖွဲ့က တတိယနှစ်တွေ ဖြစ်ပုံရပီး ကျွန်တော်တို့ကတော့ ဒုတိယနှစ် သမားတွေပါ.. ဒါပေမဲ့ ကျွန်တော်ကတော့ စီနီယာ၊ဂျူနီယာ ဘာအာရုံမှမထား၊ နှုတ်လည်း မနှုတ်ဆက်...
လုံးဝပဲ !!

"Time...မင်းဒီဆိုင်မှာ စားချင်တယ်လို့ ပြောဖူးသလားလို့??"
Kinn က သူ့သူငယ်ချင်းကို လှည့်မေးတော့ ဟိုတစ်ယောက် ကလည်း ခေါင်းငြိမ့်ပြ၏...

"ငါလည်း ငါ့သက်တော်စောင့်တွေနဲ့ မထင်မှတ်ပဲ လာတွေ့နေတယ်ဆိုတော့... တစ်ဝိုင်းထဲ အတူစားကြရအောင်... ငါ ဒကာခံမယ်"
Kinn ရဲ့ စကားအဆုံး ကျွန်တော်မျက်မှောင်ကြုတ်မိပီး သူ့ကို လှည့်ကြည့်လိုက်မိတယ်...

"ကျေးဇူးပါ"
Tem, Jom, Pete ၃ယောက်သားက ညီညီညာညာ တစ်ပြိုင်ထဲကို ကျေးဇူးတင်စကားဆိုလာကြတော့ ကျွန်တော့်မှာ ဘာမှဝင်ပြောပိုင်ခွင့်ကို မရှိတော့... ဒါပေမဲ့ ဒီမျိုးမစစ်ကောင် နဲ့ မျက်နှာချင်းဆိုင် အကြာကြီးထိုင်နေရဖို့ကတော့ ... ကျွန်တော့်အတွက် ဘယ်လိုမှ အလုပ်ဖြစ်မည်မဟုတ်...
တခြားတစ်နေရာကို ရှာရမည်...

"ဘယ်သွားမလို့လဲ???"
ကျွန်တော်ဝိုင်းကနေ ထထွက်တော့ Kinn က မေးလာသည်...

"ဘယ်သွားသွား မင်း အပူတစ်ပြားမှ မပါဖူး"
ပက်ခနဲ ပြန်လှည့်ပြောပစ်သည်...

"ဟေး... ငါတို့တွေအတူတူ စားကြမလို့ မဟုတ်ဖူးလား???"

"မစားဖူး"
မျက်နှာကို အတတ်နိုင်ဆုံး မျက်နှာသေလုပ်ပီး အရှေ့ကလူ ဘာမှ မရိပ်မိအောင် သတိထားနေရသည်...

"အတူတူစားကြရအောင်ပါ... ငါဝယ်ကျွေးမှာလေ"
Kinn ရဲ့ မျက်နှာအမူအရာက ဖတ်မရ.. သူ့အသံကတော့ နဲနဲလောနေသည့်ပုံ...

"အဲ့ဒါကြောင့်မို့ကို မစားချင်တော့တာ"
ကျွန်တော်တီးတိုးပြန်ဖြေမိသည်...
သူ ဘာကြောင့် ကျွန်တော့်ကို အတင်းလိုက်ကပ်နေမှန်း အခုထိ အဖြေကမပေါ်သေးဖူး... အရင်လုပ်ရပ်တွေရဲ့ အဖြေ အခုထိ ရှာမရသေးတာကို နောက်ထပ် ခေါင်းရှုပ်မဲ့ အပြုအမူတွေ ထပ်အလာခံလို့ မဖြစ်...

"ပုံမှန်ဆို ငါပိုက်ဆံတွေ အများကြီးထွက်ရရင် မင်းကပျော်နေတတ်တဲ့သူပါ... အခုလည်း မင်းကို ဒီဆိုင်ကစျေးအကြီးဆုံးဟာတွေချည်း ဝယ်ကျွေးမယ်လေ"
Kinn က ပြောရင်းနဲ့ အရှေ့ကိုတိုးလာတော့ ကျွန်တော် နောက်ဆုတ်ရပြန်သည်..

ဘာလို့ သူက ငါ့အနားကို အတင်းတွေ ကပ်လာရပြန်တာလဲ!!!
တကယ် လန့်နေပီ!!

"ငါ မင်းနဲ့ အတူမစားချင်ဖူး"
ကျွန်တော် ငြင်းနေဆဲ...

"လာပါ... အမြန်ထိုင်ပီး စားစရာမှာတော့"
ရုတ်တရက် Pete က ကျွန်တော့်ကိုပုခုံးကနေ ဆွဲဖက်ကာ နေရာမှာပြန်ထိုင်စေသည်... ကျွန်တော်အားကုန်သုံးရုန်းကြည့်ပေမဲ့ မရ... Pete ကလည်း အနီးကွက် အချုပ်တိုက်ကွက်တွေမှာကောင်းသလို ဆိုင်ထဲကလူတွေကလည်း 'ဘာတွေလဲ' ဆိုပီး ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပီ...

ဖြစ်နိုင်တာကတော့ Kinn ရဲ့ ထင်းထွက်နေသော ချောမော သန့်ပြန့်နေမှုကြောင့် - ဒီလူက ဘယ်သူလေးလဲ?? ဟု သိချင်နေကြသည့်ပုံ...
အမျိုးသမီးဝန်ထမ်းတစ်ယောက် မီနူးစာအုပ်တွေကိုင်ပီး ရောက်လာချိန်မှာတော့ Kinn က ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ခုံမှာ စွတ်ခနဲ ဝင်ထိုင်လာကာ -
"ငါ...မဟုတ်သေးဖူး... အဟမ်း... တကယ်လို့ မင်း ငြိမ်ငြိမ်လေး ထိုင်မစားဖူးဆိုရင်... ငါ မင်းခြေထောက်တွေကို အခုလို ဖိညပ်ထားပစ်မှာ"
Kinn က စားပွဲအောက်ကနေ ကျွန်တော့်ခြေထောက်၂ချောင်းကို လှုပ်မရအောင် ချုပ်ထား၏...

Damn!!! ဒီကောင်လည်ချက်ပဲ!!!
ကျွန်တော်ပဲ အရှူံးပေးလိုက်ရသည်... ကျွန်တော်တို့ ပြေလည်သွားပီးဆိုမှ ကျန်တဲ့ လူတွေက စားပွဲဝိုင်းမှာ အသီးသီး ဝင်ထိုင်ကြကာ Kinn ရဲ့ သူငယ်ချင်းတွေကတော့ အစားအသောက်တွေကို ကျွမ်းကျင်စွါ မှာ နေကြသည်...

Kinn နဲ့ အတူ ပါလာကြသော ဒီနေ့အတွက်တာဝန်ကျ သက်တော်စောင့်တွေကတော့ ကျွန်တော်တို့နဲ့ကပ်လျက်ဝိုင်းမှာ သီးသန့်ဝိုင်းထိုင်ကြ၏...

အစားအသောက်တွေ ရောက်လာဖို့ စောင့်ဆိုင်းနေကြစဉ် Kinn က သူ့ဖုန်းကို ငုံ့ဆော့နေရင်းကနေမော့ကြည့်လာပီး -
"ဒီနေ့ဆေးသောက်ပီးပီလား??"

ချီး!!! Tem နဲ့ Jom ကို ဒီကိစ္စဝှက်ထားရပါတယ်ဆိုမှ ကြားသွားကြတော့မှာပဲ!!!
ဆေး ဆိုမှ - အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေ့က Kinn ကျွန်တော့်ကို လက်လွတ်စပါယ် ကိုယ့်ကိုကိုယ် ဂရုမစိုက် လို့ဆိုပီး အတင်း အော်ဆူနေခဲ့တာတွေကိုတောင် ပြန်သတိရမိတယ်...

"ပါးစပ်ပိတ်... မင်းက တအားလျှာရှည်တာပဲ"
ထိုင်ခုံကို မှီထိုင်ထားနေရာကနေ ရှေ့ကို အမြန်ကိုင်းပီး လက်တွေမြှောက်ကာ Kinn ကို အသံခပ်အုပ်အုပ်ဖြင့် အမြန်တားရသည်...
Kinn က ကျွန်တော်ဖြစ်ပျက်နေသည့်ပုံကို လည်ချောင်းသံဖြင့်သာ ခပ်ဟဟ ရီ၏...

Kinn ကို ဒါတွေကြောင့် ကြောက်တာ... သူက ကျွန်တော် သတိမထားမိတဲ့အချိန်တွေမှာ မမြင်ရတဲ့ အကွက်တွေနဲ့ တိုက်ခိုက်၊ စနောက်တတ်လို့ပဲ...
သူက တကယ့်ကို စိတ္တဇကောင်ကြီးရယ် ပါ...

"အစားအသောက်လေးတွေ ချခွင့်ပြုပါရှင်"
ဝန်ထမ်းကောင်မလေး တွေ ရောက်လာပီး ဟော့ပေါ့ဟင်းရည်အိုး နဲ့ အထူးမှာထားတဲ့ ဝက်သား၊ အမဲသားလွှာတွေ လာချပေးသည်... ဘူဖေးဆိုင်လည်းဖြစ်တာမို့ ကျွန်တော့်သူငယ်ချင်းတွေကတော့ ဆိုင်အနှံ့ စားချင်တာတွေ ထယူကြသည်... လတ်ဆတ်တဲ့ အသား၊ ဟင်းသီးဟင်းရွက်တွေက အိုးထဲမှာ အချက်ခံကြဖို့ ကြိုက်ရာကောက်ထဲ့ပါပဲ...

"စားကြစို့"

Pete က အသားတစ်ချ်ု့နဲ့ အရွက်တချ်ု့ ကို အကင်ပြားပေါ် တင်ပီး ကင်နေပြန်၏... ကျွန်တော်မငြင်းနိုင်ပါဖူး - အနံ့လေးက တကယ်ကို မွှေးနေတာပဲ!!!
ဒါမျိုးအကောင်းစားလေးတွေ ကျွန်တော် တစ်ခါမှ မစားဖူးဘူးဗျ...

Kinn က ကျွန်တော့်ကိုကြည့်ပီး -
"ရော့ ဒီအသားလေးစားကြည့်"
ကင်ထားတဲ့အသားဖက် တချို့ကို ကျွန်တော့်ပန်းကန်ထဲ ထဲ့လာပေးသည်...

"ငါ့မှာ လက်ပါ ပါတယ်"
ကျွန်တော်တီးတိုးလေးပဲ ရေရွတ်ပြောရင်း ဘေးနားမှာ ချထားတဲ့ တူတစ်စုံကို ကိုင်ကာ ထဲ့ပေးထားသော အသားကို ညှပ်ယူလိုက်သည်...
ပါးစပ်ထဲမထဲ့ခင် အသားကင်ကို တို့စားရန်ဆောစ့် ရှာ လိုက်၏... စားပွဲတစ်ခုလုံး ဆောစ့် နဲ့တူတဲ့ ပန်းကန် တစ်ခွက် မှမတွေ့...
တခြားသူတွေကိုကြည့်လိုက်တော့ - သူ့တို့က အသားကင်တွေကို ကြက်ဥ အစိမ်း နဲ့ ခလောက်ပီး ဒီတိုင်း ပါးစပ်ထဲ ထဲ့စားနေကြတယ်...

"ဒါက ဂျပန်ရိုးရာဆိုင်လေ... ဒီ ဆူခီယာခီ က ကြက်ဥနဲ့ပဲ နှစ်စားရတာ"
Kinn က ရှင်းပြလာတယ်...

ဒါပေမဲ့ ကြက်ဥပန်းကန် နဲ့ ကျွန်တော်နဲ့က အဝေးကြီး....

"ငါ့ ကြက်ဥပန်းကန် ထဲ နှစ်စားလိုက်လေ... ငါ့ ဥ တွေက မညှီဖူး"

//အဟွတ်... ဟွတ်...//
ဘေးနားမှာ စားနေတဲ့ Pete .. ရုတ်တရက်ထသီးတော့သည်... ကျွန်တော် Pete ကို ထူးဆန်းစွါလှည့်ကြည့်ရင်း Kinn ကိုလည်း ပြန်ကြည့်ကာ .. 'မင်း ဥ တွေ က ဘာဖြစ်တယ်???'
ဘာတွေလား???

"အဲ့ဒါကြီးကိုမစားချင်ပါဖူး"
ဒီအတိုင်းပဲ အသားကင်ကို ပါးစပ်ထဲထဲ့ပီးကောက်ဝါးလိုက်တော့သည်... ဒါလည်း အသားက ကောင်းနေတာပဲ...
ကြက်ဥ အစိမ်းထဲတော့ နှစ်မစားနိုင်ပါဖူး!! အစီမ်းတွေစားပီး ဝမ်းလျှော ကုန်ရင် ဘယ်လိုလုပ်မလဲ!!!

🍇🍒🍎🍑
Japanese HotPot

Note : Decemberလ ဟော့ပေါ့တွေ လုပ်စားလို့ကောင်းမဲ့အချိန် အမြန်ရောက်ချင်နေပီ🥲 ထမင်းစားပီးမှ လာ tran တာကိုတောင် အခုဗိုက်ပြန်ဆာလာလို့ သွားရှာစားရတော့မယ်😵😑

Zawgyi

Chapter 13-A : Omen
(ႀကိဳတင္ နိမိတ္ျပျခင္း)

ေနရာတစ္ခုတြင္ >>

"သူက အခုခ်ိန္မွာေတာ့ အိမ္ေတာ္တစ္ခုလုံးရဲ့ အာ႐ုံစိုက္ျခင္းကို ခံေနရပါတယ္... အထူးသျဖင့္ သခင္ေလးKinn ရဲ့ အာ႐ုံစိုက္ျခင္းကို ရထားသူပါ"

ဆိုဖာတြင္ သက္ေသာင့္သက္သာထိုင္ကာ ေဆးလိပ္ေငြ႕ေတြ မွုတ္ထုတ္ေနေသာ လူရြယ္ေလးရဲ့ ေရွ႕တြင္ ခပ္လၽွို႔လၽွ္ို႔ ရပ္ရင္း သူ* အစီရင္ခံလိုက္သည္..

"အဲ့ဒီတစ္ေယာက္က လက္ရဲဇက္ရဲ နဲ႔ ကိုယ့္ကိုကိုယ္ ယုံၾကည္မွုလည္း အျပည့္ရွိေနတဲ့သူ မဟုတ္လား? စိတ္ဝင္စားခံရတာ မဆန္းပါဖူး"
သစ္အယ္သီးပုံႏွုတ္ခမ္းလႊာကေန စကားလုံးေတြနဲ႔အတူ ေဆးလိပ္ေငြ႕ျဖဴျဖဴေတြ တလူလူ ထြက္ေနသည္...

"ဟုတ္ပါတယ္ခင္ဗ်"
သူ* ပါးစပ္ကိုတင္းတင္းေစ့ထားရင္း နာနာခံခံပဲ ျပန္ေျဖလိုက္သည္...

"အဲ့တစ္ေယာက္က... အရသာရွိေလာက္မယ္ထင္တယ္... မင္းေကာ ဘယ္လိုထင္လဲ??"
ဩရွရွ အသံပိုင္ရွင္က သူ႔ေရွ႕တြင္ အနက္ေရာင္ဝတ္စုံျပည့္ျဖင့္ ရပ္ေနေသာ သက္ေတာ္ေစာင့္ကို စိတ္လွုပ္ရွားေနသည့္ပုံျဖင့္ လွမ္းေမးလိုက္၏...

"အဲ့ဒါကေတာ့... ေယာက်ာ္းအစစ္တစ္ေယာက္ရဲ့ အရသာ အျပည့္အဝရလိမ့္မယ္လို႔ေတာ့ ထင္မိပါတယ္"
သူ* ျပန္ေျဖလိုက္တယ္... သူ႔ေရွ႕မွာ ရွိေနတဲ့ လူရြယ္က ခန့္မွန္းရသိပ္ခက္တဲ့လူမ်ိဳး... အျပင္ပန္းမွာေတာ့ အမူအရာေကာင္းေတြ၊ အျပဳံးေတြေဖာေဖာသီသီထုတ္သုံးတတ္ေပမဲ့ အတြင္းပိုင္းမွာေတာ့ အလြန္ေအးစက္ၾကမ္းၾကဳတ္တဲ့ လူမ်ိဳးမို႔...

"Kinn ရဲ့ အႀကိဳက္ေတြကို လည္း ငါရိုးေနပီ"
လူရြယ္ က ကုန္ခါနီးေနပီျဖစ္ေသာ စီးကရက္တို ကို ေဆးလိပ္ျပာဖန္ခြက္ထဲ ပစ္ထဲ့လိုက္သည္... သူ ဟာ Kinn ဘယ္ေန႔ညမွာ ဘယ္သူ႔ကိုေခၚအိပ္တယ္ဆိုတာကအစ သိေနတဲ့လူ... တစ္ခါတစ္ေလ တခ်ိဳ႕ေကာင္ေလးေတြကို Kinn ေခၚမအိပ္ခင္ သူက အရင္အိပ္ပစ္ပီး သူ႔အက်ကို Kinn ကို ေကၽြးသည့္သေဘာမ်ိဳးလည္း လုပ္တတ္သည္...
Kinn သာ သိရင္ ဘယ္ေလာက္ေတာင္ ရင္ခံ လိုက္မလဲ??
အခုကိစၥမွာ - သူနဲ႔ Kinn သာ အႀကိဳက္တူတယ္ဆိုရင္ စိတ္ညစ္လြန္းလို႔ေသမွာပဲ... Kinn အေပၚကို အသက္ေတာင္ေပးပီး သစၥာခံေနတဲ့လူေတြ ပုံေနတာကိုလည္း စိတ္ထဲမယ္ ခ်ဥ္တယ္...

"ဘာဆက္လုပ္ခ်င္ပါသလဲဗ်??"

"Kinn က အဲ့တစ္ေယာက္ကို လိုခ်င္ေနတယ္မလား??"
လူရြယ္က ေအးစက္စက္အသံျဖင့္ ေမးတယ္...

"ကၽြန္ေတာ္ျမင္မိသေလာက္ကေတာ့ အဲ့သလိုျဖစ္ဖို႔ မ်ားပါတယ္"
သူ* ဒီအေမးကိုေျဖဖို႔ မ်က္ေမွာင္ၾကဳတ္ပီး ေသခ်ာ စဥ္းစားလိုက္ရသည္...

"ငါဆိုလည္း အဲ့တစ္ေယာက္ကို ေႂကြမိမယ္ထင္တယ္... ငါဘယ္လိုေတြကို ပိုႀကိဳက္တတ္လဲဆိုတာ မင္းသိတဲ့အတိုင္းပဲ"
ေျပာေနသည့္ အသံခပ္နက္နက္ နဲ႔ ဆန့္က်င္ဖက္ လူရြယ္ရဲ့ မ်က္ႏွာေပၚမွာေတာ့ အျပဳံးခ်ိဳခ်ိဳ တစ္ပြင့္...
ဒီစကားဝိုင္းကို သူအေတာ္ေလး စိတ္ဝင္စားေနမိတယ္... အထူးသျဖင့္ အဲ့တစ္ေယာက္ အေၾကာင္းပါေနလို႔...
စျမင္ျမင္မိခ်င္းကတည္းက သူ စိတ္ဝင္စားခဲ့မိတာ... သန္မာပီး မာန္မာနႀကီးတယ္... သူ ဟာ ေယာက်ာ္းေလးေတြကိုပဲ ႀကိဳက္တာမွန္ေပမဲ့ ေဘာ္ဒီေတာင့္ေတာင့္လွလွ နဲ႔ ေယာက်ာ္းအစစ္တစ္ေယာက္အနံ႔ ရေနတာမ်ိဳးကို ပိုႏွစ္သက္တယ္... Kinn ႀကိဳက္သလိုမ်ိဳး ပိန္ပိန္ပါးပါး ေပ်ာ့ႏြဲ႕ႏြဲ႕ေတြကို သူ တကယ္ စိတ္ထဲမေတြ႕...

"သခင္ေလး လုပ္ခ်င္တာကိုသာ ကၽြန္ေတာ့္ကို ေျပာပါ"
သက္ေတာ္ေစာင့္ ကေတာ့ ဒီအေၾကာင္းႀကီးပဲ ေဝ့ေနတာကို စိတ္ကုန္ေနပီ...

လူရြယ္က သက္ျပင္းခ်ပီး -
"သူသြားသမၽွေနရာအကုန္လိုက္၊ သူဘာလုပ္တယ္၊ Kinn က သူနဲ႔ပတါသက္ရင္ ဘယ္ေလာက္အထိ တုံ႔ျပန္မွုရွိတယ္ဆိုတာေတြကို လိုက္ၾကည့္... Kinn က သူ႔ကို ႏွစ္သက္ေလေလ... ငါက ငါ့အပိုင္ျဖစ္လာေအာင္ပိုႀကိဳးစားေလေလ ပဲ"
ပုံမွန္ဆို စိတ္ဝင္စား႐ုံအဆင့္တင္ပဲ ျဖစ္နိုင္ေပမဲ့ အခုက်ေတာ့ Kinn ကပါ ႏွစ္သက္ေနတယ္ဆိုေတာ့... မတရားေတြ လိုခ်င္ေနမိပီ!!! ဆုံးရွူံးနာက်င္ရသည့္ ခံစားခ်က္ကို Kinn ကိုေပးမယ္...

"ဟုတ္ကဲ့ပါ"
သက္ေတာ္ေစာင့္က စိတ္ပင္ပန္းသည့္ဟန္ သက္ျပင္းခ်သည္... ဒီလုပ္ရပ္က ပင္မစံအိမ္ေတာ္ အေပၚ သစၥာေဖာက္သည့္ လုပ္ရပ္ဆိုေပမဲ့လို႔ သူ႔သခင္ေလးအနားကေန ဟိုအေကာင္ကို ခြါထုတ္နိုင္မယ္ဆ္ုရင္ေတာ့... ရဲရဲႀကီး သစၥာေဖာက္လုပ္ပစ္မည္...
"အခု ကၽြန္ေတာ္တို႔ လုပ္ငန္း ကိစၥေဆြးေႏြးၾကမလား??! ဝယ္သူအသစ္နဲ႔ ေဆးေတြကို ကၽြန္ေတာ့္ဖက္က လွမ္းခ်ိတ္ေပးထားပီးပီ... သခင္ေလးဖက္က လမ္းေၾကာင္းရွင္းတာနဲ႔ အခ်က္ျပေပးဖို႔ပဲ လိုေတာ့တယ္"

"အင္း... လမ္းေၾကာင္း ၂ခုေတာ့ ေတြ႕ထားတယ္... ဒါေပမဲ့ ဒီတစ္ခါကို လမ္းေၾကာင္း မ်ားမ်ားသုံးခ်င္တယ္... ရဲေတြဖက္က ခုတစ္ေလာ ပ်င္းရိပ်င္းတြဲ႕နဲ႔ ေလ်ာ့ရဲေနၾကတယ္"

၂ေယာက္သား အခ်ိန္တစ္ခုၾကာသည္အထိ လုပ္ငန္းကိစၥေတြ ေဆြးေႏြးၾကပီးေနာက္မွာေတာ့ လမ္းခြဲကာ ကိုယ္စီ ကိုယ္စီ ဘဝအမွန္ထဲ ျပန္လာခဲ့ၾကသည္...

(t/n : အေပၚက ၂ေယာက္ စကားေျပာမွာ သူတို႔က ဘယ္သူေတြဆိုတာ ဖြက္ထားတယ္ေနာ္🌚 ဒါေပမဲ့ သိေလာက္ၾကမယ္ထင္ရဲ့🤭 ဇာတ္လမ္းက လူစုံဖို႔ နီးလာပါပီ😫)

Porsche's Pov

"Porsche!!! ေခြးေကာင္!!! မင္းလုပ္တာ ငါ့တစ္ကိုယ္လုံးၾကက္သီးေမႊးညင္းေတြေတာင္ ေထာင္ထလာပီကြ!!!"

Porsche က Tem ရဲ့ ပုခုံးကိုသိုင္းထက္ပီး လည္ပင္းကို ႏွာတရွုံ႔ရွုံ႔နဲ႔ အနံ႔သြားခံေတာ့ Tem က ထဆဲျခင္း...

"ငါ့ကို ခဏေလး ထပ္လုပ္ခြင့္ျပဳပါ"
ကၽြန္ေတာ္ ျငင္သာႏူးညံ့တဲ့ အသံေလးျဖင့္ ေျပာလိုက္သည္... သစ္သားစားပြဲဝိုင္းတစ္ခုမွာ သူငယ္ခ်င္းေတြ ဝိုင္းထိုင္ေနၾကစဥ္ ကၽြန္ေတာ္ စမ္းသပ္မွုတစ္ခုကို ထလုပ္လိုက္ေတာ့ ေအာ္တဲ့သူကေအာ္၊ ထေျပးတဲ့သူက ထေျပးနဲ႔ ပြက္ေလာေတြ ရိုက္ကုန္သည္...

"ခ်ီး!! MotherF**Ker Porsche!!! မင္းထပ္လုပ္ခ်င္ေပမဲ့ ငါကေတာ့ မခံခ်င္ဖူးေဟ့!!"
Tem က ကၽြန္ေတာ့္ကို တြန္းထုတ္ပစ္သည္...

"မင္းပုံစံက ထူးဆန္းေနတယ္သိလား Porsche??"
Pete က ဝင္ေျပာလာသည္...
မေန႔ညက ကတိအတိုင္း Pete ကို တကၠသိုလ္ဆီ ေခၚလာခဲ့ရသည္... Pete က လိုက္ရွုပ္တာေတြ မရွိပဲ အျဖဴေရာင္ရွပ္ နဲ႔ ေဘာင္းဘီအရွည္ကိုေတာင္ ေက်ာင္းသားေတြလို ဝတ္လာခဲ့၏...

"မင္းဘယ္လို ခံစားရမလဲဆိုတာ ငါက သိခ်င္လို႔ပါ Tem ရာ! မင္းကလည္း လာပါ!!"
ကၽြန္ေတာ္ Tem ရဲ့ လက္ေတြကိုေရွာင္ပီး သူ႔ကို ထပ္ဆြဲေခၚဖို႔ လုပ္ေတာ့ Tem က Pete ရဲ့ အနားကိုသာ ေျပးကပ္သြားသည္...

ကၽြန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ Pete နဲ႔က ေဂ်းရဲ့ဘားမွာ သြားေသာက္ခဲ့ၾကကတည္းက ရင္းႏွီးပီး ခင္ခဲ့ၾကပီ... ဒီေန႔လည္း Pete က ေကာင္မေလးေတြကို ရွိူးခ်င္လို႔ ေက်ာင္းလိုက္လာမယ္ဆိုတဲ့အေၾကာင္း ႀကိဳေျပာျပထားခဲ့တယ္..

"Tem... မင္းကို ငါအခုလို လည္ပင္းကိုနမ္းေတာ့ .. မင္းဘယ္လိုခံစားရလဲ??"

Tem ရဲ့ မ်က္ႏွာက ေၾကာက္လန့္ေနရာမွ ေခါင္းရွုပ္တဲ့ ပုံစံကိုေျပာင္းသြားပီး သူ႔အၾကည့္ေတြက ပလာစတာ ကပ္ထားေသာ ကၽြန္ေတာ့္လည္ပင္းဆီသို႔ ဒိုင္း ကနဲ... အၾကည့္လုံးဝ မခြါေတာ့...

"What the F**K!! ဘာလာၾကည့္ေနတာလဲ??"
ကၽြန္ေတာ့္လည္ပင္းမွာ ပလာစတာကပ္ထားတာ ၃ ေနရာ... ကိုက္ရာအတြက္ တစ္ခု၊ စုပ္နမ္းထားသည့္ေနရာေတြအတြက္ ၂ခု နဲ႔...

"ဘယ္သူက မင္းကို ဒီအေနအထားေရာက္ရတဲ့အထိ စုပ္ ခဲ့တာလဲ??"
Tem က ျပန္ေမးလာသည္...

"ဘယ္သူ က ဘာကို?? ငါ့ဟာငါ ကပ္ခ်င္လို႔ကပ္ထားတာပါဟ!!"
စားပြဲေအာက္က ကၽြန္ေတာ့္ေျခေထာက္ေတြက ဂဏွာမၿငိမ္ တဆက္ဆက္ ဒူးလွုပ္ေနမိပီ... မ်က္ႏွာကလည္း ခ်က္ခ်င္း ေသြးဆုတ္ျဖဴေလ်ာ္စျပဳေနပါပီ...

"ဟုတ္တာေပါ့ ဟုတ္တာေပါ့... ငါက ယုံတာေပါ့... မင္းအခုတစ္ေလာ စိတ္ဆတ္ေနတာကေကာ... ဘာ့ေၾကာင့္လဲ??"

"ဘာ့...ဘာ့ေၾကာင့္.. မွ မဟုတ္ပါဖူး!! ေခြးေကာင္!!"
စိတ္ကိုအတတ္နိုင္ဆုံးၿငိမ္ေအာင္ႀကိဳးစားေနေပမဲ့ Pete က အဓိပၸါယ္ပါပါအျပဳံးႀကီး ဆင္ျမန္းရင္း ကၽြန္ေတာ့္ကို ၾကည့္ေနတယ္...

"ဘာလဲ??"
ကၽြန္ေတာ္က သူ႔ကို မ်က္လုံးေတြက်ဥ္းပီး ျပန္ၾကည့္လိုက္ေတာ့ Pete က ထေမးလာ၏...
"မင္းဘာျဖစ္ေနတာလဲ?? ေမးခ်င္ေနတာ ဘာညာ ရွိရင္တိုက္ရိုက္ ထေမးပစ္ေလ... မင္းအခုလို ႐ူးေၾကာင္ေၾကာင္ေတြ လုပ္ေနတာကမွ အေျခအေနပိုဆိုးေစတာကြ...ဟားဟားဟား"
Pete က ရီေမာရင္း Tem ကို တစ္ခုခု တီးတိုးကပ္ေျပာျပန္သည္... ေသခ်ာေပါက္ ကၽြန္ေတာ္ Armရဲ့ ဂြၾကားကို သြားကိုင္ခဲ့တဲ့ ကိစၥပဲေနမွာ...

"ပါးစပ္ပိတ္!!"

"မင္း... အရသာအႀကိဳက္ေတြေျပာင္းသြားတာလား??"
Jom ကပါ ထေမးလာခဲ့ပီ...သူကပဲဆက္ပီး -
"လုပ္စမ္းပါ Porsche ... ဒါကရွက္စရာကိစၥမွမဟုတ္တာႀကီးကိုကြာ... ငါတို႔ေတြအကုန္ ပြင့္လင္းျမင္သာမွုရွိၾကပါတယ္ဟ... Tem ဆို အခုေလးတင္ Kinn က ဘယ္လိုေတြေခ်ာေၾကာင္း သေရတျမားျမားနဲ႔ ေျပာေနတာ"

Jom က Kinn ရဲ့ နာမည္ကို ထဲ့ေျပာလာေတာ့ ကၽြန္ေတာ္ ခဏၿငိမ္က်သြားပီး အသိျပန္ဝင္လာမွ -
"ေခြးသားေလး!! ငါ ဘာမွ အႀကိဳက္မေျပာင္းဖူး!! အခုခ်ိန္ထိ ရင္ႀကီးတဲ့ေဆာ္ ေလးေတြကိုပဲႀကိဳက္တုန္း!!!"
(t/n : အင္းပါ ေဖာရွ့္ ရယ္.. ဇြတ္ေနာ္🥲)

"မင္း ငါ့ရဲ့ boss, သခင္ေလးKinn ကို ေႂကြေနတာလား Tem??"
Pete က Tem ကိုေမးတယ္...
Tem ဘာမွမေျဖနိူင္ခင္ ကၽြန္ေတာ္က Kinn ပါေနေသာ စကားဝိုင္းကို မဆက္ခ်င္တာမို႔ ၾကားဝင္ကာ -
"အတန္းသြားပီး စာသင္ၾကစို႔!!"
ကိုယ့္ကိုကိုယ္လည္း စိတ္ရွုပ္မိတယ္!! ဘာလို႔ အဲ့ေခြးေကာင္ Kinn နာမည္ၾကားတာနဲ႔ ကေပါက္တိကေပါက္ခ်ာေတြ ထျဖစ္လာရလဲဆိုတာကို!!!
"Pete ... မင္းကေတာ့ ေက်ာင္းပတ္ေလၽွာက္ပီး လိုက္ၾကည့္လည္းရတယ္၊ ဗ္ုက္ဆာရင္ မုန့္ဆိုင္တန္းက ဟိုနားေလးမွာ... အတန္းခ်ိန္ပီးတာနဲ႔ အဲ့ကို ငါလာေခၚေပးမယ္"

"ဒီပတ္ပတ္လည္ေတြမွာ မိန္းမေခ်ာေလး ေတြ ေပါတယ္လား??"
Pete က ဘယ္ညာ ပတ္ၾကည့္ရင္း ေမးသည္...

"ဒီပတ္ဝန္းက်င္မွာေတာ့ မိန္းမေခ်ာေတြ ေတြ႕ရမွာမဟုတ္ဖူး... ငါတို႔ဌာနက အားကစားသိပၸံဆိုေတာ့ က်ား ေတြခ်ည္းပဲ... မိန္းမေခ်ာေလးေတြ အပုံလိုင္ႀကီးေတြ႕ခ်င္ရင္ေတာ့ - အႏုပညာဌာနဖက္ကိုသာသြား..."
Jom က ခပ္လွမ္းလွမ္းမွာရွိေနတဲ့ အေဆာက္အအုံတစ္ခုကို ညႊန္ျပေပးတယ္...

"မိုက္စ္!! အဲ့ကို ငါသြားပီ!!"
Pete က တက္ႂကြစြါျဖင့္ Jom ညႊန္ျပလိုက္ေသာ ဖက္ကို ထြက္သြားခဲ့၏...

အခန္းရွိရာဖက္ကို သြားရင္း ေတြးမိတယ္ - မာဖီးယားအိမ္ေတာ္မွာသာ Pete လို သူငယ္ခ်င္းမရွိခဲ့ရင္ ငါေတာ့ ဘယ္လိုလုပ္မလဲ???
ဒဏ္ရာကို ေဆးထဲ့ေပး၊ ပတ္တီးပတ္ေပး၊ ညအိပ္ေစာင့္ေပး ခဲ့တာ Pete ခ်ည္းပဲ...

ေက်ာင္းကိုလာခါနီးေတာ့ ေသနတ္မွန္ထားသည့္ကိစၥ Tem နဲ႔ Jom ကိုမေျပာမိရန္ Pete ကို မွာထားရသည္... ဒီအ႐ူး၂ေယာက္ရဲ့ ေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ကို ကၽြန္ေတာ္ေျဖရမွာ ပ်င္းလြန္းလို႔... ေက်ာင္းဝတ္စုံကလည္း လက္ရွည္မို႔ ေအးေဆးပါပဲ...

🍇

အတန္းခ်ိန္ပီးသည္ႏွင့္ Pete ကို ဖုန္းဆက္ေခၚလိုက္သည္..
Pete က ျပဳံးၿဖီးေနေသာ မ်က္ႏွာျဖင့္ မုန့္ဆိုင္တန္းေတြဖက္ကေန ထြက္လာသည္...
Pete အေတာ္ စန္းပြင့္ခဲ့ပုံရသည္...

"ေဟး... အေျခအေန???"
ကၽြန္ေတာ္ ေမးလိုက္ေတာ့ -

"မိန္းကေလးေတြ ႏွစ္တန္းေလာက္ ငါ့ဆီမွာ တန္းစီေနၾကရတယ္"
Pete က ဂုဏ္ယူစြါျဖင့္ေျဖ၏...

ရိုးရိုးသားသားဝန္ခံရရင္ ကၽြန္ေတာ္လည္း ေကာင္မေလးရွာဖို႔လိုေနပီ... ဂ်ပန္ကား ေတြနဲ႔ ေျဖေလ်ာ့ေနရတာ အိုေခတယ္ ဆိုေပမဲ့ တကယ့္လက္ေတြ႕မိန္းကေလးနဲ႔ အိပ္ရတာေလာက္ေတာ့ အရသာမရွိဖူးေပါ့...

"အိမ္ေတာ္ ျပန္ခ်င္ပီလား?? ငါလိုက္ပို႔ေပးမယ္ေလ"
ကၽြန္ေတာ္တို႔ ၂ေယာက္ ေက်ာင္းကို ကၽြန္ေတာ့္ဆိုင္ကယ္နဲ႔ လာခဲ့ၾကျခင္း... အစက Pete ကို ကားယူခ်င္ယူခဲ့လို႔ေျပာေပမဲ့ သူကကို ဆိုင္ကယ္စီးခ်င္ပါတယ္တဲ့ေလ...

"အတူျပန္ၾကမယ္ေလ... အနီးနားက တစ္ေနရာမွာ ဝင္စားပီးမွ"
Pete က ကၽြန္ေတာ့္ကို 'မင္း ဘာႀကံေနလဲ ငါသိပါတယ္' ဆိုသည့္ အၾကည့္ႀကီးျဖင့္ ျပန္ၾကည့္လာသည္...

"ဗိုက္ဆာေနရင္ မုန့္ဆိုင္တန္းမွာ စားေနတာမဟုတ္ဖူး... ငါ့ဆီ ျပန္လာေနေသး"

"ေက်ာင္းထဲမေနခ်င္ေတာ့ဖူး... ေစ်းဝယ္စင္တာ သြားပတ္ပီးမွ အဲ့ထဲမွာစားရေအာင္...ဒီေန႔က ခြင့္ရက္ဆိုေတာ့ တစ္ေနကုန္အားေနတယ္ေလ"

F**King Pete!!! မင္းသာ လက္ေဝွ႕ ေဘာက္ဆာ သမား မဟုတ္ရင္ ငါမင္းကို ေဆာ္ခ်င္ေနပီ!!!

"အိုေခ.. သြားၾကတာေပါ့... ငါလည္း ဗွိုက္ဆာေနပီ"
သက္ျပင္းခ်ပီးသာ အရွုံးေပးလက္ေျမႇာက္လိုက္ရေတာ့သည္...

သူငယ္ခ်င္း၂ေယာက္ကလည္း Pete ရဲ့ အစီအစဥ္ကို သေဘာပီး ေစ်းဝယ္စင္တာကို လိုက္ခဲ့ၾကမည္... Pete နဲ႔ ကၽြန္ေတာ္က ဆိုင္ကယ္နဲ႔၊ Jom က Tem ရဲ့ကားနဲ႔ ပါလာသည္...

🍎

ေစ်းဝယ္စင္တာ ကိုေရာက္ေတာ့ ကၽြန္ေတာ္အသာေလး သူတို႔ ၃ေယာက္ေနာက္ကေန လိုက္ခဲ့လိုက္သည္... ေယာက်ာ္းသား အမ်ားစုေတြအတိုင္း ကၽြန္ေတာ္က ေစ်းဝယ္စင္တာကိုလာပီးေလၽွာက္ပတ္ေနရတာထပ္ အျပင္ကဆိုင္ေတြကိုပဲ သေဘာက်တယ္... ကၽြန္ေတာ့္ သူငယ္ခ်င္းေတြကေတာ့ လူစုံတက္စုံ တစ္ခါတစ္ရံ လိုက္ပတ္သြားရတာ ေပ်ာ္ဖို႔ေကာင္းတယ္တဲ့...

"ဘာစားၾကမွာလဲ?? ျမန္ျမန္လုပ္ၾကပါဟ!!"

"ဘာလို႔ေလာေနရတာလဲ Porsche?? အိမ္ေတာ္ကေန ထြက္ရတဲ့အခ်ိန္ေလးကို အျပည့္အဝခံစားစမ္းပါ... အထူးသျဖင့္ ငါတိူ႔ရဲ့ boss ေတြကို မျမင္ရတာနဲ႔တင္ စိတ္ခ်မ္းသာေနပီ"

Pete ေျပာတာ မွန္တယ္ဆိုေပမဲ့ ကၽြန္ေတာ္ကေတာ့ တန္ဖိုးရွိတဲ့ အခ်ိန္ကို အိမ္ကိုပဲ တန္းျပန္ပီး အိပ္ပစ္ခ်င္မိသည္... အခုလိုႀကီး ေလၽွာက္ပတ္ေနရတာက အခ်ိန္ကုန္ လူပန္းလြန္းလို႔..

"ဟိုဆိုင္မွာစားၾကရေအာင္"
ေတြ႕ရာဆိုင္တစ္ခုကိုလက္ညႇိုးထိုးျပလိုက္တယ္... တကယ္ေတာ့ ဒီလို ကေဖးဆိုင္မ်ိဳးမွာ ဝင္စားရတာကို သေဘာမေတြ႕ဖူး... လမ္းေဘးမွာ ထမင္းနဲ႔ဟင္း တြဲလ်က္၊ ပုံစား ဆိုတဲ့ဟာေလးေတြနဲ႔ဆိုရင္ကို အိုေခေနပီ...

ျဖစ္ခ်င္ေတာ့ ကၽြန္ေတာ္ေရြးလိုက္တဲ့ ဆိုင္က - MoMo Paradise ဆိုတဲ့ ဂ်ပန္ရိုးရာ ဆူရွီ နဲ႔ ေဟာ့ေပါ့ဆိုင္... ဘတ္ရာေက်ာ္ေလာက္ပဲ ဝယ္ေကၽြးဖို႔မွန္းထားေပမဲ့ အခုေတာ့ ကိုယ့္ရွူးကိုယ္ပတ္ပီး အစားတစ္နပ္အတြက္ ေထာင္ေက်ာ္ ရွင္းရေတာ့မည္...
ရင္ထဲေအာင့္သက္သက္ျဖစ္မိေပမဲ့ မထူးေတာ့သည္မို႔ စားၾကည့္႐ုံေပါ့...

"အိုး Pete ပါလား??? ဒီမွာ ဘာလုပ္ေနတာလဲ??"

ရင္းႏွီးတဲ့အသံတစ္ခု ေနာက္ေက်ာဆီကေန ထြက္လာသည့္အခ်ိန္ .. ေက်ာရိုးထဲစိမ့္ခနဲပဲ...

"သခင္ေလးKinn!! မဂၤလာပါဗ်"
Pete က ခ်က္ခ်င္းမတ္တပ္ရပ္ကာ သူ႔boss ကို ႏွုတ္ဆက္သည္... သူ႔boss က ေက်ာင္းသားဝတ္စုံဝတ္ထားပီး အေနာက္မွာ ျမင္ဖူးေနက် သူ႔သူငယ္ခ်င္း၃ေယာက္ပါ ပါလာသည္...

Kinn က အျပဳံးေရးေရးေလးျဖင့္ ကၽြန္ေတာ္တို႔ ဝိုင္းဆီ ေလၽွာက္လာ၏...
"တိုက္ဆိုင္ခ်က္ပဲေနာ္"
Kinn က ကၽြန္ေတာ့္ကိုၾကည့္ပီးေျပာလာေပမဲ့ ကၽြန္ေတာ္ကေတာ့ မ်က္ႏွာကို ခ်က္ခ်င္းလႊဲပစ္သည္...
"ဒီကို ဘယ္လိုကေနဘယ္လို ေရာက္လာတာလဲ Pete??"

"အိုး.. ဒီေန႔က ကၽြန္ေတာ့္ရဲ့ခြင့္ရက္ဆိုေတာ့ Porsche နဲ႔အတူ ေက်ာင္းကိုလိုက္လည္ပီး ေကာင္မေလးေတြ လိုက္ၾကည့္ေနတာပါဗ်"
Pete က ရီရီေမာေမာနဲ႔ သူ႔boss ေမးတာေတြကို ျပန္ေျဖေနသည္...
Tem နဲ႔ Jom ကလည္း Kinn ရဲ့သူငယ္ခ်င္းေတြလက္ျပႏွုတ္ဆက္ေနတာကို ျပန္ႏွုတ္ဆက္ေနတယ္... Kinn တို႔အဖြဲ႕က တတိယႏွစ္ေတြ ျဖစ္ပုံရပီး ကၽြန္ေတာ္တို႔ကေတာ့ ဒုတိယႏွစ္ သမားေတြပါ.. ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ စီနီယာ၊ဂ်ဴနီယာ ဘာအာ႐ုံမွမထား၊ ႏွုတ္လည္း မႏွုတ္ဆက္...
လုံးဝပဲ !!

"Time...မင္းဒီဆိုင္မွာ စားခ်င္တယ္လို႔ ေျပာဖူးသလားလို႔??"
Kinn က သူ႔သူငယ္ခ်င္းကို လွည့္ေမးေတာ့ ဟိုတစ္ေယာက္ ကလည္း ေခါင္းၿငိမ့္ျပ၏...

"ငါလည္း ငါ့သက္ေတာ္ေစာင့္ေတြနဲ႔ မထင္မွတ္ပဲ လာေတြ႕ေနတယ္ဆိုေတာ့... တစ္ဝိုင္းထဲ အတူစားၾကရေအာင္... ငါ ဒကာခံမယ္"
Kinn ရဲ့ စကားအဆုံး ကၽြန္ေတာ္မ်က္ေမွာင္ၾကဳတ္မိပီး သူ႔ကို လွည့္ၾကည့္လိုက္မိတယ္...

"ေက်းဇူးပါ"
Tem, Jom, Pete ၃ေယာက္သားက ညီညီညာညာ တစ္ၿပိဳင္ထဲကို ေက်းဇူးတင္စကားဆိုလာၾကေတာ့ ကၽြန္ေတာ့္မွာ ဘာမွဝင္ေျပာပိုင္ခြင့္ကို မရွိေတာ့... ဒါေပမဲ့ ဒီမ်ိဳးမစစ္ေကာင္ နဲ႔ မ်က္ႏွာခ်င္းဆိုင္ အၾကာႀကီးထိုင္ေနရဖို႔ကေတာ့ ... ကၽြန္ေတာ့္အတြက္ ဘယ္လိုမွ အလုပ္ျဖစ္မည္မဟုတ္...
တျခားတစ္ေနရာကို ရွာရမည္...

"ဘယ္သြားမလို႔လဲ???"
ကၽြန္ေတာ္ဝိုင္းကေန ထထြက္ေတာ့ Kinn က ေမးလာသည္...

"ဘယ္သြားသြား မင္း အပူတစ္ျပားမွ မပါဖူး"
ပက္ခနဲ ျပန္လွည့္ေျပာပစ္သည္...

"ေဟး... ငါတို႔ေတြအတူတူ စားၾကမလို႔ မဟုတ္ဖူးလား???"

"မစားဖူး"
မ်က္ႏွာကို အတတ္နိုင္ဆုံး မ်က္ႏွာေသလုပ္ပီး အေရွ႕ကလူ ဘာမွ မရိပ္မိေအာင္ သတိထားေနရသည္...

"အတူတူစားၾကရေအာင္ပါ... ငါဝယ္ေကၽြးမွာေလ"
Kinn ရဲ့ မ်က္ႏွာအမူအရာက ဖတ္မရ.. သူ႔အသံကေတာ့ နဲနဲေလာေနသည့္ပုံ...

"အဲ့ဒါေၾကာင့္မို႔ကို မစားခ်င္ေတာ့တာ"
ကၽြန္ေတာ္တီးတိုးျပန္ေျဖမိသည္...
သူ ဘာေၾကာင့္ ကၽြန္ေတာ့္ကို အတင္းလိုက္ကပ္ေနမွန္း အခုထိ အေျဖကမေပၚေသးဖူး... အရင္လုပ္ရပ္ေတြရဲ့ အေၿဖ အခုထိ ရွာမရေသးတာကို ေနာက္ထပ္ ေခါင္းရွုပ္မဲ့ အျပဳအမူေတြ ထပ္အလာခံလို႔ မျဖစ္...

"ပုံမွန္ဆို ငါပိုက္ဆံေတြ အမ်ားႀကီးထြက္ရရင္ မင္းကေပ်ာ္ေနတတ္တဲ့သူပါ... အခုလည္း မင္းကို ဒီဆိုင္ကေစ်းအႀကီးဆုံးဟာေတြခ်ည္း ဝယ္ေကၽြးမယ္ေလ"
Kinn က ေျပာရင္းနဲ႔ အေရွ႕ကိုတိုးလာေတာ့ ကၽြန္ေတာ္ ေနာက္ဆုတ္ရျပန္သည္..

ဘာလို႔ သူက ငါ့အနားကို အတင္းေတြ ကပ္လာရျပန္တာလဲ!!!
တကယ္ လန့္ေနပီ!!

"ငါ မင္းနဲ႔ အတူမစားခ်င္ဖူး"
ကၽြန္ေတာ္ ျငင္းေနဆဲ...

"လာပါ... အျမန္ထိုင္ပီး စားစရာမွာေတာ့"
႐ုတ္တရက္ Pete က ကၽြန္ေတာ့္ကိုပုခုံးကေန ဆြဲဖက္ကာ ေနရာမွာျပန္ထိုင္ေစသည္... ကၽြန္ေတာ္အားကုန္သုံး႐ုန္းၾကည့္ေပမဲ့ မရ... Pete ကလည္း အနီးကြက္ အခ်ဳပ္တိုက္ကြက္ေတြမွာေကာင္းသလို ဆိုင္ထဲကလူေတြကလည္း 'ဘာေတြလဲ' ဆိုပီး ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနၾကပီ...

ျဖစ္နိုင္တာကေတာ့ Kinn ရဲ့ ထင္းထြက္ေနေသာ ေခ်ာေမာ သန့္ျပန့္ေနမွုေၾကာင့္ - ဒီလူက ဘယ္သူေလးလဲ?? ဟု သိခ်င္ေနၾကသည့္ပုံ...
အမ်ိဳးသမီးဝန္ထမ္းတစ္ေယာက္ မီႏူးစာအုပ္ေတြကိုင္ပီး ေရာက္လာခ်ိန္မွာေတာ့ Kinn က ကၽြန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ခုံမွာ စြတ္ခနဲ ဝင္ထိုင္လာကာ -
"ငါ...မဟုတ္ေသးဖူး... အဟမ္း... တကယ္လို႔ မင္း ၿငိမ္ၿငိမ္ေလး ထိုင္မစားဖူးဆိုရင္... ငါ မင္းေျခေထာက္ေတြကို အခုလို ဖိညပ္ထားပစ္မွာ"
Kinn က စားပြဲေအာက္ကေန ကၽြန္ေတာ့္ေျခေထာက္၂ေခ်ာင္းကို လွုပ္မရေအာင္ ခ်ဳပ္ထား၏...

Damn!!! ဒီေကာင္လည္ခ်က္ပဲ!!!
ကၽြန္ေတာ္ပဲ အရွူံးေပးလိုက္ရသည္... ကၽြန္ေတာ္တို႔ ေျပလည္သြားပီးဆိုမွ က်န္တဲ့ လူေတြက စားပြဲဝိုင္းမွာ အသီးသီး ဝင္ထိုင္ၾကကာ Kinn ရဲ့ သူငယ္ခ်င္းေတြကေတာ့ အစားအေသာက္ေတြကို ကၽြမ္းက်င္စြါ မွာ ေနၾကသည္...

Kinn နဲ႔ အတူ ပါလာၾကေသာ ဒီေန႔အတြက္တာဝန္က် သက္ေတာ္ေစာင့္ေတြကေတာ့ ကၽြန္ေတာ္တို႔နဲ႔ကပ္လ်က္ဝိုင္းမွာ သီးသန့္ဝိုင္းထိုင္ၾက၏...

အစားအေသာက္ေတြ ေရာက္လာဖို႔ ေစာင့္ဆိုင္းေနၾကစဥ္ Kinn က သူ႔ဖုန္းကို ငုံ႔ေဆာ့ေနရင္းကေနေမာ့ၾကည့္လာပီး -
"ဒီေန႔ေဆးေသာက္ပီးပီလား??"

ခ်ီး!!! Tem နဲ႔ Jom ကို ဒီကိစၥဝွက္ထားရပါတယ္ဆိုမွ ၾကားသြားၾကေတာ့မွာပဲ!!!
ေဆး ဆိုမွ - အဲ့ဒီတိုက္ပြဲျဖစ္တဲ့ေန႔က Kinn ကၽြန္ေတာ့္ကို လက္လြတ္စပါယ္ ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္ လို႔ဆိုပီး အတင္း ေအာ္ဆူေနခဲ့တာေတြကိုေတာင္ ျပန္သတိရမိတယ္...

"ပါးစပ္ပိတ္... မင္းက တအားလၽွာရွည္တာပဲ"
ထိုင္ခုံကို မွီထိုင္ထားေနရာကေန ေရွ႕ကို အျမန္ကိုင္းပီး လက္ေတြေျမႇာက္ကာ Kinn ကို အသံခပ္အုပ္အုပ္ျဖင့္ အျမန္တားရသည္...
Kinn က ကၽြန္ေတာ္ျဖစ္ပ်က္ေနသည့္ပုံကို လည္ေခ်ာင္းသံျဖင့္သာ ခပ္ဟဟ ရီ၏...

Kinn ကို ဒါေတြေၾကာင့္ ေၾကာက္တာ... သူက ကၽြန္ေတာ္ သတိမထားမိတဲ့အခ်ိန္ေတြမွာ မျမင္ရတဲ့ အကြက္ေတြနဲ႔ တိုက္ခိုက္၊ စေနာက္တတ္လို႔ပဲ...
သူက တကယ့္ကို စိတၱဇေကာင္ႀကီးရယ္ ပါ...

"အစားအေသာက္ေလးေတြ ခ်ခြင့္ျပဳပါရွင္"
ဝန္ထမ္းေကာင္မေလး ေတြ ေရာက္လာပီး ေဟာ့ေပါ့ဟင္းရည္အိုး နဲ႔ အထူးမွာထားတဲ့ ဝက္သား၊ အမဲသားလႊာေတြ လာခ်ေပးသည္... ဘူေဖးဆိုင္လည္းျဖစ္တာမို႔ ကၽြန္ေတာ့္သူငယ္ခ်င္းေတြကေတာ့ ဆိုင္အႏွံ့ စားခ်င္တာေတြ ထယူၾကသည္... လတ္ဆတ္တဲ့ အသား၊ ဟင္းသီးဟင္းရြက္ေတြက အိုးထဲမွာ အခ်က္ခံၾကဖို႔ ႀကိဳက္ရာေကာက္ထဲ့ပါပဲ...

"စားၾကစို႔"

Pete က အသားတစ္ခ်္ု႔နဲ႔ အရြက္တခ်္ု႔ ကို အကင္ျပားေပၚ တင္ပီး ကင္ေနျပန္၏... ကၽြန္ေတာ္မျငင္းနိုင္ပါဖူး - အနံ႔ေလးက တကယ္ကို ေမႊးေနတာပဲ!!!
ဒါမ်ိဳးအေကာင္းစားေလးေတြ ကၽြန္ေတာ္ တစ္ခါမွ မစားဖူးဘူးဗ်...

Kinn က ကၽြန္ေတာ့္ကိုၾကည့္ပီး -
"ေရာ့ ဒီအသားေလးစားၾကည့္"
ကင္ထားတဲ့အသားဖက္ တခ်ိဳ႕ကို ကၽြန္ေတာ့္ပန္းကန္ထဲ ထဲ့လာေပးသည္...

"ငါ့မွာ လက္ပါ ပါတယ္"
ကၽြန္ေတာ္တီးတိုးေလးပဲ ေရရြတ္ေျပာရင္း ေဘးနားမွာ ခ်ထားတဲ့ တူတစ္စုံကို ကိုင္ကာ ထဲ့ေပးထားေသာ အသားကို ညႇပ္ယူလိုက္သည္...
ပါးစပ္ထဲမထဲ့ခင္ အသားကင္ကို တို႔စားရန္ေဆာစ့္ ရွာ လိုက္၏... စားပြဲတစ္ခုလုံး ေဆာစ့္ နဲ႔တူတဲ့ ပန္းကန္ တစ္ခြက္ မွမေတြ႕...
တျခားသူေတြကိုၾကည့္လိုက္ေတာ့ - သူ႔တို႔က အသားကင္ေတြကို ၾကက္ဥ အစိမ္း နဲ႔ ခေလာက္ပီး ဒီတိုင္း ပါးစပ္ထဲ ထဲ့စားေနၾကတယ္...

"ဒါက ဂ်ပန္ရိုးရာဆိုင္ေလ... ဒီ ဆူခီယာခီ က ၾကက္ဥနဲ႔ပဲ ႏွစ္စားရတာ"
Kinn က ရွင္းျပလာတယ္...

ဒါေပမဲ့ ၾကက္ဥပန္းကန္ နဲ႔ ကၽြန္ေတာ္နဲ႔က အေဝးႀကီး....

"ငါ့ ၾကက္ဥပန္းကန္ ထဲ ႏွစ္စားလိုက္ေလ... ငါ့ ဥ ေတြက မညႇီဖူး"

//အဟြတ္... ဟြတ္...//
ေဘးနားမွာ စားေနတဲ့ Pete .. ႐ုတ္တရက္ထသီးေတာ့သည္... ကၽြန္ေတာ္ Pete ကို ထူးဆန္းစြါလွည့္ၾကည့္ရင္း Kinn ကိုလည္း ျပန္ၾကည့္ကာ .. 'မင္း ဥ ေတြ က ဘာျဖစ္တယ္???'
ဘာေတြလား???

"အဲ့ဒါႀကီးကိုမစားခ်င္ပါဖူး"
ဒီအတိုင္းပဲ အသားကင္ကို ပါးစပ္ထဲထဲ့ပီးေကာက္ဝါးလိုက္ေတာ့သည္... ဒါလည္း အသားက ေကာင္းေနတာပဲ...
ၾကက္ဥ အစိမ္းထဲေတာ့ ႏွစ္မစားနိုင္ပါဖူး!! အစီမ္းေတြစားပီး ဝမ္းေလၽွာ ကုန္ရင္ ဘယ္လိုလုပ္မလဲ!!!

🍇🍒🍎🍑

Note : Decemberလ ေဟာ့ေပါ့ေတြ လုပ္စားလို႔ေကာင္းမဲ့အခ်ိန္ အျမန္ေရာက္ခ်င္ေနပီ🥲 ထမင္းစားပီးမွ လာ tran တာကိုေတာင္ အခုဗိုက္ျပန္ဆာလာလို႔ သြားရွာစားရေတာ့မယ္😵😑

Continue Reading

You'll Also Like

2.9K 143 40
Wangyib(U&Z) တိုင္းျပည္(၁၈)ျပည္ေထာင္။ဇဗၺဴဒိပ္ကၽြန္းတြင္တည္ရွိၿပီးကုန္းတြင္းပိုင္းက်သည့္တိုင္းျပည္မ်ားျဖစ္သည္။ပင္လယ္ျပင္ႏွင့္အလွမ္းေဝးသည့္ထိုတိုင္...
71.4K 5K 22
နှစ်ယောက်လုံးကိုချစ်တယ်
17.3K 1.8K 53
ငါျပန္လည္မေမြးဖြာလာခင္တုန္းက ငါအခ်စ္ကိုေတာင္းတဖူးတယ္။ငါလိုခ်င္တဲ့အခ်စ္ဆိုတဲ့အရာရဖို့ မ်ိဳးစံုျကိဳးစားခဲ့ဖူးတယ္။ ဒါေပမယ့္ ငါရခဲ့တာေတြကပိုက္ဆံ၊ တန္းဖို...
28.3K 3.1K 36
Title _ ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း ဝိဉာဏ်ကူးပြောင်းပြီးနောက်မှာ ဧကရာဇ်ရဲ့အမိန့်ကြောင့်သရဲကိုလက်ထပ်ဖို့ဖြစ်လာတဲ့ကျိ...