"ဘာလို့ ဒီကိုခေါ်လာတာလဲ..."
၁၈နှစ်အရွယ်ကျောင်းUniform ဆင်တူလေး
တွေနဲ့ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်သည်
မဟုတ်တာတစ်ခုခုကြိတ်လုပ်ဖို့ကိုရည်ရွယ်နေဟန်
တူသည်။
ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်ထားတဲ့
ကောင်လေး၏စက်ဘီးအားကျောင်းဆင်းချိန်
တွင်ပိတ်တားကာ ဟန်မြစ်ကမ်းဘေးနားကို
ခေါ်လာခဲ့သည်။
"ချိိန်းတွေ့ချင်လို့လေ....ကျောင်းဆင်း
မင်းကအိမ်ပြန် ပြီးရင်စာကျက်ရော
ရည်းစားဖြစ်ပြီး ငါဘာမှလည်းမလုပ်ရဘူး"
"ဘာတွေပြောနေတာလဲ...."
"ရည်းစားဖြစ်တဲ့ညကနမ်းရတာလည်း
သိပ်မနမ်းရဲတော့ခဏလေးရယ်
ငါအသက်ပြည့်နေပြီJimin...."
"ငါမင်းအိမ်လာတယ်လေ..."
"အမေနဲ့...ငါဘာမှမလုပ်ရဲဘူး..."
"တအားဖြစ်နေတာပဲ....."
"ချစ်တာကို...."
စက်ဘီးကိုင်ထားတဲ့ကောင်လေး၏ပါးဖောင်း
ဖောင်းလေးတွေအားဖျစ်ကာအသဲယားတော့
တစ်ဖက်ကလည်းကျေနပ်စွာပြုံးသည်။
"၆နာရီတော့ပြန်ရမှာပဲငါ့အမေ့ကို
အပိုချိန်လို့လိမ်လိုက်မယ် ခဏတော့
ထိုင်လို့ရတယ်..."
"လူလိမ်လေးကို ချစ်တာ အဲ့တာလေးတွေ...."
"မင်းနဲ့ကြိုက်ပြီးထဲက
လိမ်ရတာလည်းအရမ်းများနေပြီ"
"ရည်းစားထားရင်တော့အနည်းအများလိမ်ရ
တာပဲ ဒါကပုံမှန်အခြေအနေပါ စိတ်မညစ်နဲ့.."
"မညစ်ပါဘူး..ပျော်ဖို့ကောင်းတာပဲကို.."
စက်ဘီးလေးရပ်လိုက်ကာလူရှင်းသော
နေရာအကွယ်လေးတစ်ခုတွင်အတူတူထိုင်
လိုက်ကြသည်။တိုက်ခတ်လာသောလေအေးအေး
လေးတွေနှင့်ပတ်ဝန်းကျင်သည်လှလှပပလေး။
နေဝင်ဆည်းဆာမလို့လွမ်းမောဖွယ်လည်း
ကောင်းနေခဲ့သည်။
Jeon သည် ထိုင်လိုက်သည်နှင့်Jimin
ရဲ့ပုခုံးလေးတွေအားပွေ့ဖက်လာသည်။
JiminကJeon ရင်ခွင်ထဲမရောက်တရောက်မှီတွယ်
ထားကာကျောင်းဝတ်စုံကNecktie လေးကို
ဆော့ကစားနေသည်။
"ငါတို့ကျောင်းဆင်းတိုင်းချ်ိန်းတွေ့ရအောင်Jimin"
"ဖြစ်ပါ့မလား...တစ်ယောက်ယောက်သိလို့
အိမ်ပြန်တိုင်ရင်သေမှာ ငါတို့ကလေးတွေပဲ
ရှိသေးတာလေ Jungkook..."
"မကလေးပါဘူး..အသက်ပြည့်နေပြီကို"
"ကြောက်တော့ကြောက်တယ်.."
"လူက ငါ့အင်္ကျီထဲဝင်တော့မယ်
မင်းက ပါးစပ်ကကြောက်နေတာ..."
"ချစ်တာတော့ ချစ်ပါတယ်....မင်းကို.."
"ဘယ်လောက်ချစ်လဲ...."
"အများကြီး အများကြီး...
Jungkookကိုအများကြီးချစ်တယ်..."
"Jungkookလို့ခေါ်တာ မစိမ်းနေဘူးလား
မောင် လို့မခေါ်ချင်ဘူးလား..."
"ခေါ်ရင် ဘာပေးမှာလဲ...."
"အကုန်ပေးမယ်...."
"မောင်....."
ခေါ်လိုက်သည်နှင့်
ရင်ခွင်ထဲကမျက်နှာဖူးဖူးလေးဆီငုံ့ကာ
၁၈နှစ်အရွယ်ကောင်လေးကပေးသော
အနမ်းတွေ။မျက်နှာတစ်ပြင်လုံးအနှံ့အပြား။
"များနေပြီ များနေပြီ တော်ပါတော့..."
"ငါ...မင်းကိုစချစ်တော့မယ်ဆိုထဲက
TaeHyungနဲ့အကုန်လေ့လာထားပြီးပြီ
နမ်းတာ ဘာညာအကုန်ပဲ...."
"စာမလုပ်နဲ့....အဲ့တာတွေပဲလုပ်...
အမှတ်တွေကထွက်လာရင်ရှက်စရာ"
"ငါ စာမလုပ်ချင်တော့ဘူး
အသက်မြန်မြန်ကြီးချင်တယ်
မြန်မြန်လက်ထပ်ချင်လို့..."
"ခုမှအထက်တန်းလေရူးနေလို့လား..."
Jeon သည် စကားပြောရင်းJiminလက်ကလေး
တွေကိုတစ်ချောင်းချင်းသေချာကိုင်ကာ
ကြည့်နေပြီးနောက်
"မင်းလက်ကလေးတွေကသေးသေးလေးတွေ
ခြေချောင်းလေးတွေရောပဲ...
တစ်ခုခုနဲ့ထိခိုက်သွားရင် ဒါလေးတွေက
ဒဏ်ခံနိုင်ပါ့မလား...အထူးအဆန်းလေးတွေနော်"
"မခံနိုင်ဘူး...ထိခိုက်မိရင်အရမ်းနာတယ်
ငါက လှလှလေးလေ...အရုပ်လေးနဲ့တူ
တယ်လို့တစ်ကျောင်းလုံးကပြောတာ
မင်းသိသားနဲ့..."
"အရုပ်ဖြစ်လည်း ငါပဲကိုင်မှာ..."
"ကဗျာ ဆန်ဆန်ပြောနေတာကို..."
"ငါ့ကိုနမ်းပါလား..Jimin...မင်းငါ့ကို
တစ်ခါမှမနမ်းရသေးဘူးလေ အနမ်းဦးလေး
မပေးချင်ဘူးလား..."
"တခြားသူတွေကိုဖောက်သည်ပြန်မချရင်
ပေးမယ်...."
"Private ကိစ္စတွေကိုငါကဘာပြန်ပြောရမှာလဲ
နမ်းပါ...."
"ဘယ်ကိုနမ်းရမလဲ...."
Jeon သည်သူ့ရဲ့နှုတ်ခမ်းပါးလေးကို
ထိုးပြလာသည်။နီရဲသွားသောJimin
မျက်နှာလေးသည်အနည်းငယ်အောက်သို့
ငုံ့သွားလျှက်။
"နှုတ်ခမ်းကိုတော့ငါမနမ်းရဲဘူး
ပါးလောက်လုပ်ပါလား..."
"မလေးနက်ဘူး အဲ့တာသူငယ်ချင်းလိုလို
ညီအစ်ကိုလိုလို အကုန်နမ်းနေကြတာ
မောင်က Limited Edition ပဲလိုချင်တာ..."
"မျက်လုံးမှိတ်ထား...."
"သဘော...."
မနမ်းချင်ဘဲတော့ဘယ်နေပါ့။အနမ်းဦးလေး
ကသိပ်ချစ်ရတဲ့နှုတ်ခမ်းပါးလေးဆီ
ရောက်သွားမှာ။ချစ်တဲ့သူကိုနမ်းရတာလောက်
အနုစိတ်ဆန်တဲ့ခံစားမှုမျိုးမရှိပါ။
တဖြေးဖြေးတိုးသွားကာမှဲ့နက်လေးလည်းရှိ
နေသောနှုတ်ခမ်းပါးလေးကိုဖူးကြွနေသော
နှုတ်ခမ်းတစ်စုံဖြင့်ဖိကပ်လိုက်သည်။
မောင်သည် ပြန်ခွါမှာစိုး၍အချိန်ကိုက်
ခါးလေးမှဆွဲဖက်ကာဖိကပ်ထားခဲ့သည်။
ရိုးရှင်းစွာဖိကပ်ထားရာမှ လှုပ်ရှားလာသည်က
နှုတ်ခမ်းပါးလေးတွေ။မထိတထိကနေထိထိမိမိ
စုတ်ယူသွားကာ လက်တွေသည်သေးသွယ်သော
ခန္ဓာကိုယ်လေးအားတင်းတင်းကျပ်ကျပ်ပွေ့
ဖက်လာခဲ့သည်။
ဖွဖွလေးနူးနူးညံ့ညံ့လေး။
မြစ်ပြင်တစ်ခုလုံးပန်းနုရောင်တွေသမ်းသွား
သလိုပျိူပျစ်နုနယ်သောအရွယ်လေးတွေမို့
ရင်ခုန်သံတွေတလှပ်လှပ်ပဲ။
အကြာကြီးအထိမောင်လည်းမရဲတင်းခဲ့ပါ။
နူးနူးညံ့ညံ့အနမ်းဦးလေးဖြစ်မြောက်သွား
သည်နှင့်ရှက်သွားသည်က၂ယောက်လုံးပဲ။
စိုလဲ့လဲ့နှုတ်ခမ်းဖူးဖူးလေးကိုမောင်က
ယောင်ယောင်ယမ်းယမ်းအင်္ကျီလက်ဖြင့်
သုတ်ပေးလိုက်သေးသည်။
"အိမ်ပြန်ရင်အဆူခံရမှာစိုးလို့...."
"ဘယ်သူသိမှာလဲ...."
"မသိဘူးလေ....ငါကြောက်လို့...."
ဒီတစ်ခါပွေ့ဖက်လိုက်သူကJiminပဲ။
သိပ်ချစ်တာ။အဲ့ဒီအရွယ်လေးထဲက
ရူးရူးမူးမူးဆိုတာမောင်ပဲ။
မောင့်မျက်နှာကိုပဲ တစ်ချိန်လုံးကြည့်ခဲ့တော့တာ။
အဲ့နောက်ပိုင်းတွင်နေ့တိုင်းလိုလိုကို
ကျောင်းဆင်းတာနဲ့ရောက်လာခဲ့တော့တာ။
သူတို့နှစ်ယောက်လုံးရဲ့အချစ်လမ်းခရီးအစ
နေရာလေးမို့အသက်တွေကြီးကျောင်းတွေ
ပြီးတောင်သတိရတိုင်းလာတတ်ကြသေးသည်။
တသီးတခြားနေရာလေးတစ်ခုအဖြစ်
အမှတ်တရပေါင်းများစွာရှိနေခဲ့သည်။
"ခြောက်နာရီ ထိုးတော့မယ် ..."
"ဟုတ်လား ပြန်မယ်လေ..."
ခပ်မြန်မြန်ထကာကျောပိုးအိတ်ကိုယ်စီ
လွယ်လျှက် မောင်ကစက်ဘီးနင်းဖို့
ပြင်ဆင်လိုက်သည်။ခါးဆီကိုသိုင်းဖက်
လာသောလက်ကလေးတွေနှင့်ကျောပြင်
ဆီမှီလာသောခေါင်းလုံးလုံးလေး။
"နင်းပြီနော်....ဖက်ထားပါ..."
"ဟုတ်ကဲ့...."
လွမ်းမောဖွယ်နေဝင်ချ်ိန်မှာစက်ဘီးလေးတစ်စီး
ဖြင့်ကျောင်းသားလေးနှစ်ယောက်၏ရယ်မောသံ
လေးတွေ အပြုံးလှလှလေးတွေသည်မြစ်ကမ်း
တစ်လျှောက် လက်ဆက်စွာပဲ....။
~~~~~~
မူးဝေဝေနှင့်တစ်ညလုံးသွားထိုင်ချင်သော
နေရာသည် အနမ်းဦးတွေ မွေးဖွားရာနေရာ
အပြင်တခြားဘယ်ရှိမှာလဲ။မောင်ဟာစီးကရက်
တစ်လိပ်ဖွာလျှက် ရောက်ရင်တော့အော်ငို
လိုက်တော့မည်ဟုပြင်ဆင်ကာလျှောက်လာခဲ့သည်။
ကျောင်းသားလေးနှစ်ယောက်၏တီတီတာတာ
ပြောသံလေးများသည်ဒီနေရာမှာမဆိတ်သုန်း
သေးပါ။ပြေးလွှားပျော်ရွှင်ခဲ့သောပုံရိပ်လေး
တွေသည်အသက်ဝင်နေဆဲပဲ။ဘယ်လောက်စိတ်နာနာ
နောက်ဆုံးတော့လည်းရောက်လာခဲ့ရတာပဲ။
မြစ်ကမ်းဘေးဆီရောက်တဲ့အခါJeonထက်
အရင်ရောက်ကာထိုင်နေသောပုံရိပ်လေး။
မြစ်ရေပြင်ကိုငေးကာအေးအေးလူလူပဲ။
ပုလင်းတစ်ခုချကာ ထိုင်နေသည်။
အနည်းငယ်ရင်ခုန်သွားရသည်ဆိုတာ
မငြင်းပါဘူး။သူဘယ်လိုမှမထင်ထားသော
အခြေအနေလေ။ ကိုယ့်လိုပဲသတိများရနေလို့
လားဆိုတဲ့အတွေးသည်မောင့်မျက်ဝန်းတွေကို
တောက်ပသွားစေသည်။
ခြေလှမ်းတစ်လှမ်းJimin ဆီလှမ်းသွားဖို့
ပြင်လိုက်ချိန်တွင်အချိန်ကိုက်ပေါ်လာသော
လူတစ်ယောက်သည် Jiminဆီလျှောက်လာကာ
Coatအင်္ကျီတစ်ထည်ခြုံပေးလိုက်သောပုံရိပ်။
ပြီးတော့အတူတူထိုင်လိုက်ကြသည်။
သေချာပေါက်ကင်မင်ဂျွန်ပဲ။
မောင့်ခြေလှမ်းတွေတိခနဲရပ်သွားခဲ့သည်။
ထိုမြင်ကွင်းအားမယုံနိုင်စွာကြည့်နေပြီး
နှလုံးခုန်သံတွေမြန်လာခဲ့သည်။
ကင်မင်ဂျွန်နဲ့သူအတူတူရှိနေတာမမှားပါဘူး။
အပြစ်လည်းမတင်ပါဘူး။ဒါပေမယ့်ဒီနေရာမှာ
လာထိုင်နေကြတာကျ မများလွန်းဘူးလား။
"Hyung ဘာလာလုပ်တာလဲ...."
"စိတ်မချလို့ လိုက်ကြည့်နေတာထင်တဲ့အတိုင်း
အေးစိမ့်နေတာကို လေစိမ်းတွေတိုက်နေတယ်လေ
Min..."
စေ့စပ်ပွဲနီးလာလေလုံးဝမလွတ်လပ်လာ
တော့လေပဲ။ကင်မင်ဂျွန်စိုးရိမ်တာကလူကိုမဟုတ်
စီစဉ်ထားသောPlanတွေအတိမ်းအစောင်းဖြစ်မှာ
စိုး၍Jiminနားလူပေါင်းများစွာလွှတ်ထားခဲ့သည်။
ထို့ကြောင့်ဘယ်သွားသွားသူသိနေတာပဲ။
"ရတယ်...ကျွန်တော်ဘာမှမဖြစ်ဘူး
ပြန်ပါလား...တစ်ယောက်ထဲနေချင်လို့ပါ..."
"ဘာဖြစ်နေတာလဲ...မင်းနဲ့ကိုယ်က
သူစိမ်းမလို့လား တစ်ခါတလေအေးအေးလူလူ
ထိုင်ပြီး အနာဂါတ်အတွက်တိုင်ပင်ကြမယ်လေ..."
"ဒီနေရာမှာတော့ မတိုင်ပင်ပါရစေနဲ့
ကျွန်တော် ခဏပဲထိုင်မှာပါပြန်တော့မှာ ...."
"နားလည်ရအမြဲခက်တာပဲ...အဲ့လိုခက်နေတာ
လေးကလည်းကိုယ့်ကိုဆွဲဆောင်နေတာလား
မပြောတတ်ဘူး..."
"ဒီနေရာလေးက လှသားပဲ
Min လည်း ညမီးရောင်တွေနဲ့ပိုလှနေတယ်"
လူကြီးလူကောင်းသူဌေးကြီးကမက်မက်မောမော
ဟန်ဖြင့်Jimin မျက်နှာလေးအားဘေးတိုက်
ငေးနေသည်။
"Hyung မပြန်ဘူးဆိုရင် ကျွန်တော်
ပြန်တော့မယ်..."
"နေပါ....မင်းဒီနေရာလေးကိုသဘောကျလို့
ထိုင်နေတာ ကိုယ်အဲ့လောက်မပိတ်ပင်ပါဘူး..
ကိုယ်ပြန်ပါ့မယ်..."
ပြောလို့အဆင်ပြေတာမို့Jimin ကကင်မင်ဂျွန်
အားပြန်ကြည့်လာပြီးယဲ့ယဲ့လေးပြုံးပြသည်။
"ကျေးဇူးတင်ပါတယ်...."
Jimin သူ့ကိုစိတ်လိုလက်ရပြုံးပြတာ
ဒီတစ်ခါပဲ။ဒါတောင်အပြည့်အဝမဟုတ်။
တဝက်တပျက်သို့သော်ငေးသွားရသည်။
ငွေကြေးတွေလည်းမက်သလိုဒီအလှလေး
ကိုလည်းမမက်ဘဲနဲ့တော့ခက်ခက်ခဲခဲတွေ
လျှောက်လှမ်းနေမှာမဟုတ်။
ဆက်ခနဲမျက်နှာလေးနားကပ်သွား
လိုက်တော့ပြူးကျယ်သွားသော
မျက်လုံးလေးတွေ။
ကမ္ဘာကိုသုံးစိတ်စိတ်ပြီးအမှုန့်ချေပစ်ရင်
တောင်ဒီဒေါသတွေကိုအကင်းသေမှာ
မဟုတ်။ လုပ်လို့ရတဲ့နေရာတွေအများကြီး
ဘာလို့များ ဒီနေရာလေးမှာဒီလိုလာလုပ်ရက်တာလဲသူ။
မျက်လုံးတွေကိုမှိတ်လိုက်ကာမျက်နှာတစ်ခုလုံး
အားလက်တွေဖြင့်အုပ်လျှက်မငိုမိအောင်
မနည်းထိန်းလိုက်ရသည်။
စိတ်ဆိုးလိုက်တာ....သူ့လူနဲ့သူဘာဖြစ်လဲဆိုလည်း
ကျွန်တော်စိတ်ဆိုးလိုက်တာ။ နာကျင်လိုက်တာ။
ရက်စက်တတ်တာသိပေမယ့်အဲ့လောက်လို့
မထင်ခဲ့ဘူး။ ParkJimin ကကမ္ဘာ့အရက်စက်ဆုံးပဲ။
ဆက်ခနဲလှည့်ပစ်လိုက်သောမျက်နှာ
ကြောင့်ကင်မင်ဂျွန်ရည်ရွယ်ရာကိုရပ်လိုက်ရသည်။
"ကျွန်တော်အဆင်မပြေဘူး..Hyung.."
ငြင်းဆိုခြင်းအပေါ်သည်းခံရမည်။ကိုယ်က
လူကြီးလူကောင်းဆိုတဲ့Image ကိုတော့
ဒီကောင်လေးမျက်လုံးထဲအပျက်မခံနိုင်။
အချိန်တန်မနမ်းချင်လည်းနမ်းရမှာပဲ။
"အင်း ဖြေးဖြေးပေါ့...ကိုယ်နားလည်ပါတယ်.."
ကင်မင်ဂျွန်ဘာကိုမှဖိအားမပေးတော့။
စကားအစတွေရှာကာအချိန်ခဏတော့
ပြောနေသေးသည်။Jimin ဘက်က
စိတ်ဝင်စားသည့်ဟန်လုံးဝမပြတဲ့အဆုံး
"ကိုယ်ပြန်တော့မယ်..."
"ဟုတ်...ကောင်းကောင်းပြန်ပါ"
ကင်မင်ဂျွန်သည် ပြုံးယဲ့ယဲ့ဖြင့်
ပွယောင်းယောင်းအညိုရောင်
ဆံပင်လေးတွေကိုထိကိုင်နှုတ်ဆက်ကာ
လှည့်ပြန်လာခဲ့သည်။အပြုံးတွေသည်
လှည့်လိုက်သည်နှင့်တိခနဲပျောက်သွားကာ
အနက်ကားကြီးပေါ်သို့တည်တည်တင်းတင်း
တက်သွားခဲ့သည်။
Jiminလည်းပြဿနာသိပ်မဖြစ်သွား၍
ကိုယ့်အတွေးတွေနဲ့ကိုယ်ဆက်လွင့်ဖို့
ဆိုဂျူတစ်ကျိုက်မော့လိုက်သည်။
"ParkJimin...."
ရုတ်တရက်မို့လန့်သွားကာ
သောက်နေသောပုလင်းပြုတ်ကျသွား
ပြီးမော့ကြည့်တော့ နီရဲနေသောမျက်လုံးတစ်စုံ။
ဒေါသထွက်နေသောလူသည်ဘယ်အချိန်ထဲက
ရောက်နေခဲ့တာလဲ။
"JungKook...."
"ဒီနေရာက....မင်းနောက်တစ်ယောက်
နဲ့ချိန်းတွေ့ဖို့ အရမ်းအဆင်ပြေတဲ့နေရာဖြစ်နေခဲ့
တာလား..."
"ငါရှင်းပြမယ် Jungkook.."
"မလိုဘူး...ငါ့ကိုဘာကိစ္စကိုမှ
မင်းရှင်းပြဖို့မလိုဘူး မင်းလုပ်ခဲ့တာမှန်သမျှက
သိသိသာသာရှင်းရှင်းလင်းလင်းတွေကြီးပဲ..
ခုလည်း မင်းလက်ထပ်မယ့်ကောင်နဲ့
မင်းအေးဆေးတွေ့နေတာ ငါအနေနဲ့ ဘာမှဝင်ပါ
ဖို့မလိုဘူးဆိုတာ ငါသိတယ် ဒါပေမယ့်
နေရာ ဒီနေရာ....ဒီနေရာ..."
"မင်း ထင်ချင်ရာတွေဆွဲယူမတွေးပါနဲ့
ငါ လည်း ဒီနေရာကို မေ့မနေဘူး..."
"ဒါပေါ့ မမေ့လို့ပေါ့....မင်းကောင်ခေါ်ပြီး
လာသာယာရဲနေတာ..."
"မဟုတ်ဘူးလို့ ငါပြောနေတယ်လေ!!!!"
"ထွက်သွား!!ဒီနေရာကိုနောက်ထပ်
မင်းဘယ်တော့မှမလာနဲ့ မင်းနဲ့မတန်နေဘူး
အဲ့တာမင်းသိလား.."
"......."
"ဒီနေရာမှာ ငါတို့စချစ်ခဲ့ကြတယ်
ဒီနေရာမှာ ငါတို့ အနမ်းတွေအများကြီး
ဖန်တီးခဲ့ကြတယ် ၁၈နှစ်၁၉နှစ်အသက်၂၀
ကျော်တဲ့အထိ ဒီနေရာမှာ အရာအားလုံးပဲ။
မင်းအားလုံးငါ့ဆီကယူသွားတယ်
ငါ့အချစ်တွေ ငါ့အိမ်မက်တွေ ငါ့အနာဂါတ်တွေ
ငါ့ဆီမှာကျန်ခဲ့တာ ဒီနေရာတစ်ခုပဲ
ဒီနေရာအပေါ်မှာတော့လာမညစ်ညမ်းပါနဲ့တော့"
"မင်းပဲနာကျင်ခဲ့တာမဟုတ်ဘူး!!!
မင်းပဲတစ်ချ်ိန်လုံးဇာတ်နာမနေစမ်းပါနဲ့!!!"
"ငါ့ကို လာမအော်နဲ့..ParkJimin
မင်းဘဝ မင်းကြိုက်တဲ့နေရာမှာ
မင်းလုပ်ချင်တာကိုလုပ်...
ဒီနေရာမှာတော့ လာမလုပ်နဲ့
ငါသေသေချာချာသတိပေးပြီးပြီနော်...."
သူထိုးသောလက်ညိုးသည်အမြဲတမ်း
နာကျင်ရတာပဲ။
"အေး! မလာဘူး...ဘယ်တော့မှမလာဘူး
မတန်ဘူး သိတယ် သိလ်ို့မလာတော့ဘူး
လောင်မနေနဲ့တော့...မင်းပါးစပ်ကိုပိတ်လိုက်တော့"
"မင်း...မင်းမှာ...နှလုံးသားမရှိတော့ဘူး
လား...ငါတို့ဘယ်လောက်မုန်းမုန်းလေ
ဒီလိုလာမလုပ်ရဘူးဆိုတာမစဉ်းစား
တတ်တော့ဘူးလား...ဟမ်..."
"ငါကအမြဲဦးနှောက်မရှိနေတာလေ
မင်းကပဲအမြဲတော်ခဲ့တတ်ခဲ့တာမလား
အဲ့တော့ ဖြည့်တွေးလိုက်ပေါ့..."
မောင်သည် မြင်မိရာမြင်ရာဆိုဂျူပုလင်း
ကန်ကျောက်ပစ်လ်ိုက်သည်။
"မကျေနပ်နေလည်း မင်းနဲ့ငါဘာမှမဆိုင်
တော့လို့ မင်းစိတ်ကျေနပ်အောင်
ငါလိုက်ရှင်းနေမှာမဟုတ်ဘူး..Jungkook
ငါမမှားဘူးဆိုတာ သေချာလို့ နည်းနည်း
လေးတောင်မှလည်း အောက်ကျမပေးနိုင်ဘူး
လုပ်ချင်တာလုပ်လို့ရတယ်.."
အဲ့ဒီအချိုးအဲ့ဒီမျက်လုံးတွေသည်ဘယ်တော့မှ
မပြောင်းလဲ။သေလောက်အောင်လွဲချော်ခဲ့ပါစေ
ဦးဘယ်သူတစ်ဦးတစ်ယောက်ရှေ့မှာမှတုန်လှုပ်
မှုကိုသူမပြ။သူ့ဟာသူကြိတ်အဆင်မပြေ၍
သေဆုံးရင်သာသေဆုံးသွားလိမ့်မည်။
ငါဒုက္ခရောက်နေပါတယ် ငါ့ပြဿနာတွေက
ဘယ်လိုပါဟုပြောမယ့်မျက်လုံးမျိုးတွေမဟုတ်ပါ။
"ဒီနေရာက ၁၈နှစ်အရွယ် ငါ့ကလေးလေးရဲ့
စိတ်ဝိဥာဉ်ကို ချစ်လွန်းလို့အားနာလွန်းလို့
ငါအလျှော့ပေးလိုက်မယ်...
တစ်ယောက်နဲ့တစ်ယောက်နဲ့ဒီထက်ပိုပြီး
မုန်းမသွားချင်တော့လို့
ငါမင်းကိုဘာမှမလုပ်နိုင်တော့ပါဘူး"
စိတ်မလျှော့နိုင်။ဒါပေမယ့်မောင်ကစိတ်ကို
ကြိုးစားလျှော့ကာဘာမှမလုပ်မိအောင်
အတတ်နိုင်ဆုံးထိန်းနေခဲ့သည်။တွေ့ခဲ့ရသော
ကင်မင်ဂျွန်၏မျက်နှာတိုးကပ်လာသော
အမှုဟာပြန်တွေးပြန်ငရဲပဲ။ဆက်မကြည့်နိုင်၍
ဘာဆက်ဖြစ်မှန်းမသိသော်ငြားဒါသည်တွေးရုံနဲ့
ရှင်းလင်းသောပြကွက်ပါပဲ။
"ကျေးဇူးတင်ပါတယ်...."
ခပ်ပေါ့ပေါ့ဟန်ဖြင့်မထီသလိုမျက်နှာပေးနှင့်
အတူခုထိုင်ထားသောဖိနပ်အားပြန်စီးကာ
ထွက်သွားသောပုံစံသည်စိတ်ကိုဘယ်လိုမှလျှော့
၍မရ။နည်းနည်းလေးသာငါတော့မှားသွားပါတယ်
ဆိုရင်ကျေနပ်လို့ရပေမယ့် ဤပုံစံသည်
သိပ်အသဲယားစရာကောင်းမနေဘူးလား။
ဒီနေရာကအမှတ်တရတွေ ဆယ်ကျော်သက်
ကျောင်းသားလေးနှစ်ယောက်ရဲ့အပြစ်ကင်းတဲ့
Memory လေးတွေကိုသူစော်ကားလိုက်သလိုပဲ။
"ParkJimin!!!"
"ဘာလဲ....!!!"
ကျောခိုင်းသွားသူ၏ဆောင့်အောင့်ပြန်ထူးကာ
နောက်ပြန်လှည့်လာသောအချ်ိန်တွင်
မောင်သည် မလုပ်နိုင်တော့ဘူးဟုဆုံးဖြတ်ခဲ့
ပေမယ့်လွှတ်လည်းမပေးနိုင်။ခြေလှမ်းကျဲ
ကြီးတွေဖြင့်လျှောက်သွားလိုက်ပြီးနောက်
ပါးနှစ်ဖက်အားကြမ်းကြမ်းတမ်းတမ်းဆွဲယူလျှက်
အမြဲတမ်းအကြောတင်းနိုင်လွန်းနေသောနှုတ်ခမ်း
တစ်ခုလုံးကိုကြမ်းတမ်းစွာသိမ်းပိုက်ပစ်လိုက်သည်။
အနိုင်ကျင့်ခြင်းနည်းပေါင်းများစွာထဲက
ဒီနည်းသည် ခန္ဓာကိုယ်မနာပေမယ့်
စိတ်အများကြီးအနာတရဖြစ်သွားစေသော
နည်းမလား။အကြင်နာမပါသောအနမ်းတွေသည်
မောင့်အနိုင်ယူခြင်းလက်နက်လှလှတွေပဲ။
ရိုက်ပစ်လိုက်တာထက် ဒီကလေးဆက်ဆက်ခါ
အောင်နာကျင်သွားဖို့သေချာပါသည်။
အင်အားသုံးခြင်းနှင့်မောင့်လက်တွေပေါ်က
သွေးကြောတွေဟာပါးနှစ်ဖက်ပေါ်မှာသိသိသာသာ
ထင်ထင်ရှားရှား။သေမတတ်ထုရိုက်နေသော
လက်တွေကိုနည်းနည်းလေးတောင်မှမဖြုံပါ။
ParkJiminကဒီလိုအကြောတင်းပြရင်
JeonJungkook ကဒီလိုအကြောလျှော့ပေးတတ်
တယ်ဆိုတာလည်းတစ်ချက်မမေ့ရ။
ချိုသလားခါးသလားမသိအငမ်းမရ
နမ်းမိခဲ့သောနှုတ်ခမ်းတွေ။
မနမ်းရတာ၂နှစ်ကျော်။ဒေါသတွေနဲ့အနိုင်ကျင့်
ခဲ့တာမှန်ပေမယ့်ထိတွေ့လိုက်ရတော့လည်း
မြစ်ထဲခုန်ချချင်စရာပဲ။ ဒေါသတွေအမုန်းတရား
တွေနာကျည်းချက်တွေကြားက ဒါလေးကို
သူမပိုင်ရတော့ဘူးဆိုတဲ့စိတ်သည်
တစ်ဖက်မှာလည်းရင်ကွဲနာကျနေရသည်။
ရင်ဘက်ကိုထုရိုက်ရင်းကကုတ်ဆွဲလာ
သောလက်သည်းလေးတွေသည်အရင်လို
ပြတ်ရှတုန်း။ ရုန်းလေနစ်လေနွံလို
လှုပ်လေနမ်းလေမောင်ဟာ ခံစားချက်ဋေကဋာဖြင့်။
ရှိုက်သံလေးတစ်ချက်ထွက်လာသည်။
ရုန်းကန်နေသောလက်ကလေးတွေအားလျှော့
သွားသည်။ခြေထောက်တွေခွေယိုင်လဲကာ
ပြိုလဲကျလာသည်။သေချာပေါက်ငိုပြီဆိုတာ
သိတော့မှမောင်က လွှတ်ပေးသည်။
မတ်တပ်မရပ်နိုင်တော့ မျက်နှာတစ်ခုလုံး
ကိုလက်ဖြင့်အုပ်ကာခြေပစ်လက်ပစ်ကို
ပြိုလဲကျသွားခဲ့ပြီ။
"ငါ့ ဒေါသက ဆွလို့ကောင်းတဲ့အရာ
မဟုတ်ဘူးဆိုတာ သိပြီမလား..."
ဖြောင်းးး။
လည်ထွက်သွားသောမျက်နှာသည်
အေးအေးလူလူပါပဲ။ဒီထက်ပိုနာကျင်စရာ
မရှိ။
"မင်းကိုမုန်းတယ်....JeonJungkook"
"ငါရော...မင်းတစ်ယောက်ထဲမဟုတ်ပါဘူး"
မျက်နှာတစ်ခုလုံးကိုစေ့စေ့စပ်စပ်ကို
သူမော့ကြည့်လာသည်။ငိုမယ်ထင်တာ။
မငိုခဲ့ဘူးသူ။နှုတ်ခမ်းထောင့်သည်
သွေးစို့ခဲ့တဲ့အထိလွန်လွန်ကြူးကြူး။
ထို့နောက်တွန်းတိုက်ကာထွက်သွားခဲ့တော့သည်။
ကျွန်တော်သူဘယ်လိုပြန်သွားလဲ
လှည့်မကြည့်တော့ဘူး။အဲ့ဒီနေရာမှာ
ကျွန်တော့်ရဲ့ကြီးမားလှသောအတ္တ
ဘယ်သော်အခါမှမထိန်းနိုင်သောဒေါသတွေနဲ့ပဲ
ငြ်ိမ်သက်စွာရပ်နေခဲ့သည်။
ကားပေါ်မြန်မြန်တက်ကာခပ်မြန်မြန်ပဲ
မောင်းထွက်သွားလိုက်သည်။
စိတ်ဆိုးမနေဘူး။ ဘယ်လိုမှစိတ်ဆိုးလို့
မရနေဘူး။ နောက်ဆုံးသောနေ့တစ်နေ့ကို
မရောက်ခင် ဘယ်လိုနမ်းနမ်း အနမ်းတစ်ခု
တော့ မတန်ဘူးပြောလည်း လိုချင်နေတာ။
ကျွန်တော်ဆိုးခဲ့လို့၁၈နှစ်အရွယ်တုန်းက
အနမ်းလှလှလေးမျိုး
ဒီနေရာမှာထပ်ရဖို့ မမျှော်လင့်ရဲခဲ့ပေမယ့်
မောင် ဘယ်လိုနမ်းနမ်း နမ်းခဲ့တာပဲမလား။
ချစ်လို့နမ်းနမ်း
မုန်းလို့နမ်းနမ်း
အနမ်းက အနမ်းပဲမလား။
Jungkook ကျွန်တော့်ကိုနမ်းခဲ့ပြီလေ
အကြင်နာတွေ အချစ်တွေမပါခဲ့တော့တာပဲ
ရှိတာပါ။ အကြောတင်းတဲ့ကောင်မို့
အဆင်ပြေတယ်။
တစ်နေရာအရောက်ကားရပ်လိုက်ကာ
ကားတံခါးဖွင့်လျှက် ထိုးအန်ခြင်းသည်
ဆိုးဆိုးဝါးဝါး။ စိတ်တွေလှုပ်ရှားရတာများ
လွန်းလာလျှင်ဖြစ်တတ်သောသဘောပါပဲ။
အန်တာနဲ့ရောကာကျောပြင်တွေပါ
လှုပ်ခတ်လာခြင်းသည်သူငိုနေတာလား။
ရှိုက်သံသေးသေးလေးထွက်လာတော့
ငိုနေကြောင်းအတည်ပြု၍ရပါသည်။
ဒါပေမယ့်ငိုနေပါသည်ဟုမရေးရဲပါ။
သူ အန်နေသည်ဟုပဲသတ်မှတ်လိုက်ပါ၏။
"Jimin.....Jiminမလား နင်ဘာဖြစ်နေတာလဲ.."
ပုခုံးတွေကိုလာထိကိုင်လာသောလက်တစ်ဖက်။
သေချာပေါက်ရေချယ်ပါပဲ။အန်နေမှန်းသိတဲ့အခါ
ရေချယ်ကကျောပြင်တွေကိုဖိနှိပ်ပေးလာသည်။
"ရေချယ်......."
လှည့်ကြည့်လာသောJimin ပုံစံသည်
အလွန်ကိုဆိုးဆိုးဝါးဝါးပါပဲ။
သူမအများကြီးလန့်သွားရသည်။
"ဘာဖြစ်လို့လဲ....တစ်ခုခုဖြစ်လာတာလား..."
"ဘာမှမဖြစ်ဘူး...."
ပြန်ရောက်လာထဲကကျော့ကျော့မော့မော့နှင့်
အရာရာအဆင်ပြေနေသောJiminသည်
နားမလည်နိုင်စရာဆိုးဝါးနေပြန်သည်။
"အခြေအနေမကောင်းရင် ငါ့အိမ်လိုက်ခဲ့လေ
နင်သောက်တာများသွားတယ်ထင်တယ်..."
"ရပါတယ်...ဟုတ်တယ်နည်းနည်းများသွားလို့
ခုအန်ထုတ်လ်ိုက်တာ အဆင်ပြေသွားပြီ
ငါပြန်တော့မယ်...."
ဆံပင်တွေအားသပ်တင်လိုက်ကာ
အင်္ကျီအားပုံစံအနည်းငယ်ပြန်ချ၍
ကားပေါ်ပြန်တက်သွားသည်။
ရေချယ်သည် ဒီပုံစံမှာတစ်ခုမှမူမမှန်နေဘူး
ဆိုတာကိုသိလိုက်ရသည်။
Jungkook ကအဆင်မပြေနေတာသိသာပေမယ့်
Jimin ကအဆင်ပြေနေတာလား
မပြေနေတာလား။ခန့်မှန်းဖို့လုံးဝကိုခက်လိုက်တာ။
မျက်ရည်တွေဘာတွေအကုန်အစင်သုတ်
လိုက်ပြီးတစ်လမ်းလုံးပြင်းရှတဲ့အနမ်းတစ်ခုကို
ပဲအပြန်ပြန်အလှန်လှန်တွေးနေခဲ့မိသည်။
မောင်တော့စိတ်တွေဆိုးကျန်ခဲ့မှာပဲ။
တစ်သက်တာလမ်းခွဲခြင်းအတွက်
အနမ်းဦးလေးပေးခဲ့ရတဲ့နေရာမှာ
အဆုံးသတ်အနမ်းလေးပြန်ရခဲ့တာ
မနာဘူးလားမေးရင် ကျွန်တော်မနာပါဘူး။
သို့သော်...မျက်ရည်စီးကြောင်းတစ်ခုသည်
မငိုဘဲ ကျဆင်းသွားခဲ့ပါ၏။
~~~~~~~~~
တူသည်။
ခေါ်လာခဲ့သည်။
"ချိန်းတွေ့ချင်လို့လေ....ကျောင်းဆင်း
"ဘာတွေပြောနေတာလဲ...."
"ငါမင်းအိမ်လာတယ်လေ..."
"တအားဖြစ်နေတာပဲ....."
"ချစ်တာကို...."
ထိုင်လို့ရတယ်..."
ကောင်းနေခဲ့သည်။
ဆော့ကစားနေသည်။
"ငါတို့ကျောင်းဆင်းတိုင်းခ်ျိန်းတွေ့ရအောင်Jimin"
ရှိသေးတာလေ Jungkook..."
"ကြောက်တော့ကြောက်တယ်.."
"ဘယ်လောက်ချစ်လဲ...."
"အများကြီး အများကြီး...
"ခေါ်ရင် ဘာပေးမှာလဲ...."
"အကုန်ပေးမယ်...."
"မောင်....."
ခေါ်လိုက်သည်နှင့်
နမ်းတာ ဘာညာအကုန်ပဲ...."
ကြည့်နေပြီးနောက်
မင်းသိသားနဲ့..."
မပေးချင်ဘူးလား..."
ပေးမယ်...."
နမ်းပါ...."
"ဘယ်ကိုနမ်းရမလဲ...."
ထိုးပြလာသည်။နီရဲသွားသောJimin
ငုံ့သွားလျှက်။
ပါးလောက်လုပ်ပါလား..."
"မျက်လုံးမှိတ်ထား...."
"သဘော...."
နှုတ်ခမ်းပါးလေးတွေ။မထိတထိကနေထိထိမိမိ
ဖက်လာခဲ့သည်။
သလိုပျိုပျစ်နုနယ်သောအရွယ်လေးတွေမို့
သုတ်ပေးလိုက်သေးသည်။
"ဘယ်သူသိမှာလဲ...."
သိပ်ချစ်တာ။အဲ့ဒီအရွယ်လေးထဲက
"ဟုတ်လား ပြန်မယ်လေ..."
ပြင်ဆင်လိုက်သည်။ခါးဆီကိုသိုင်းဖက်
"နင်းပြီနော်....ဖက်ထားပါ..."
"ဟုတ်ကဲ့...."
လွမ်းမောဖွယ်နေဝင်ခ်ျိန်မှာစက်ဘီးလေးတစ်စီး
~~~~~~
တွေသည်အသက်ဝင်နေဆဲပဲ။ဘယ်လောက်စိတ်နာနာ
တောက်ပသွားစေသည်။
အပြစ်လည်းမတင်ပါဘူး။ဒါပေမယ့်ဒီနေရာမှာ
"Hyung ဘာလာလုပ်တာလဲ...."
Min..."
မပြောတတ်ဘူး..."
"ဒီနေရာလေးက လှသားပဲ
ငေးနေသည်။
ပြန်တော့မယ်..."
ကိုယ်ပြန်ပါ့မယ်..."
"ကျေးဇူးတင်ပါတယ်...."
မျက်လုံးလေးတွေ။
မနည်းထိန်းလိုက်ရသည်။
ပြောနေသေးသည်။Jimin ဘက်က
"ကိုယ်ပြန်တော့မယ်..."
လှည့်ပြန်လာခဲ့သည်။အပြုံးတွေသည်
တက်သွားခဲ့သည်။
"ParkJimin...."
ရောက်နေခဲ့တာလဲ။
"JungKook...."
တာလား..."
နေရာ ဒီနေရာ....ဒီနေရာ..."
လာသာယာရဲနေတာ..."
အဲ့တာမင်းသိလား.."
"......."
မင်းပဲတစ်ခ်ျိန်လုံးဇာတ်နာမနေစမ်းပါနဲ့!!!"
နာကျင်ရတာပဲ။
မတန်ဘူး သိတယ် သိလို့မလာတော့ဘူး
တတ်တော့ဘူးလား...ဟမ်..."
ကန်ကျောက်ပစ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...."
"ParkJimin!!!"
"ဘာလဲ....!!!"
နောက်ပြန်လှည့်လာသောအခ်ျိန်တွင်
ထင်ထင်ရှားရှား။သေမတတ်ထုရိုက်နေသော
ပြတ်ရှတုန်း။ ရုန်းလေနစ်လေနွံလို
ပြိုလဲကျသွားခဲ့ပြီ။
ဖြောင်းးး။
အေးအေးလူလူပါပဲ။ဒီထက်ပိုနာကျင်စရာ
မရှိ။
သူမော့ကြည့်လာသည်။ငိုမယ်ထင်တာ။
မငိုခဲ့ဘူးသူ။နှုတ်ခမ်းထောင့်သည်
လှည့်မကြည့်တော့ဘူး။အဲ့ဒီနေရာမှာ
ငြိမ်သက်စွာရပ်နေခဲ့သည်။
အနမ်းလှလှလေးမျိုး
ချစ်လို့နမ်းနမ်း
မုန်းလို့နမ်းနမ်း
အနမ်းက အနမ်းပဲမလား။
အဆင်ပြေတယ်။
"ရေချယ်......."
"ဘာမှမဖြစ်ဘူး...."
ခုအန်ထုတ်လိုက်တာ အဆင်ပြေသွားပြီ
ငါပြန်တော့မယ်...."
ဆိုတာကိုသိလိုက်ရသည်။
~~~~~~~~~