"အဟွတ်ဟွတ် ဟွတ် ''
အခုတလောချောင်းဆိုးတိုင်းသွေးပါနေတာ အကို့ကိုတော့မပြော ဖြစ်သေး။ လက်နဲ့အုပ်ပြီးဆိုးတာကြောင့် ဒိုယောင်းလက်ကပေနေတဲ့သွေးတွေကိုဒီအတိုင်းသာကြည့်နေမိသည်။
"ငါဘာဖြစ်လို့လဲ''
ထို့နောက်
ရုတ်တရက် ထရပ်လိုက်တာကြောင့် ရိပ်တက်သွားသော ခေါင်းနဲ့အတူ အမြင်အာရုံတွေမကွဲပြားဖြစ်လာ၏။
ဒိုယောင်းနားထင်ကိုလက်နဲ့ဖိရင်း ပြန်ထိုင်ဖို့ကြိုးစားပေမယ့် ကြမ်းပြင်ပေါ်သို့သာလဲကျသွား၏။ အမြင်အာရုံကိုမမှိတ်ဖို့ကြိုးစားပေမယ့်မရ အမှောင်အတိကျသွားလေသည်။
************************************
လှုပ်ရှားလာသွား လက်ထဲက လက်ချောင်းသေးသေးလေးတွေကြောင့် Jihoon ကိုယ်လေးမတ်ခနဲ
"Babe သတိရလာပြီလား ''
"....''
Jihoon အသံကြောင့်ဒိုယောင်းကမျက်လုံးအသာယာဖွင့်ပြီးစိုက်ကြည့်နေလိုက်၏။ ဘာမှတော့ပြန်ဖြေမလာပါ။ Jihoon စိုးရိမ်စိတ်ကထစ်ခနဲဝင်လာလေသည်။
"Doyoung... ?''
"အ..အကုိ ကျွန်တော်ဘယ်ရောက်နေတာလဲ''
"အာ အကိုတို့ဆေးရုံမှာ ''
ထိုအခါမှ Jihoon သက်ပြင်းခိုးချရင်း Doyoung ကလည်းအခန်းပတ်ပတ်လည် ဝေ့ကြည့်နေလေသည်။
"အော်ဟုတ်''
"Babe သက်သာလား ဒီတစ်ရက်တော့နေရဦးမယ် မနက်ဖြန်မှာဆေးရုံဆင်းမယ်နော် ''
Doyoung ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်အကို''
"အင်း...''
ထိုစဥ် အခန်းထဲကို Nurse တစ်ယောက်ဝင်လာလေသည်။
"လူနာရှင်ရှိလားမသိဘူး''
"ကျွန်တော်ပါ''
"အော်ဟုတ် ရုံးခန်းကိုခဏလိုက်ခဲ့နော် ''
Jihoon Doyoung ကိုတချက်ကြည့်ပြီး
"အကိုခဏသွားဦးမယ်နော် ''
"ကျွန်တော်အဆင်ပြေပါတယ် အကို ''
Doyoung ထွက်သွားတဲ့ Jihoon ကျောပြင်လေးကိုကြည့်ရင်းသာ။
* ဘာလို့အခုလိုလုပ်ရတာလဲ အကို *
______________________________
"ဗျာ?''
ဆရာဝန်ကြီးရဲ့စကားအဆုံးမှာတော့ Jihoon ကိုယ်လေးတောင့်ခဲသွားရသည်။
"အင်းလူနာရဲ့အထဲက အသည်းတချို့တော်တော်ပျက်စီးနေပြီ ပြီးတော့ဒီမှာကြည့်''
ဓာတ်မှန်ရိုက်ထားတဲ့အရာကိုထိုးပြရင်း
".အဲ့ဒါဘာတွေလည်းဆရာ''
"အဆုတ်မှာလည်း တစ်ခုခုဖြစ်နေတယ် ပြောရမယ်ဆို အထဲက ကလိစာတွေ ပျက်စီးချင်နေတာ ''
"ကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာ ဘယ်လောက်ကုန်ကုန်ကျွန်တော်ကုမယ်''
တုန်တုန်ရင်ရင်ဖြစ်သွားတဲ့ Jihoon ကိုကြည့်ပြီး Doctor သက်ပြင်းချလိုက်သည်။
"ဟင်း ကျွန်တော်တို့လည်းတတ်နိုင်မယ်မထင်ဘူး ဒီလောက်ပျက်စီးသွားတဲ့အထိ အတတ်နိုင်ဆုံးတော့ကြာကြာတောင့်ခံနိုင်အောင်ကုပေးပါ့မယ် ''
"တောင့်ခံနိုင်တယ်ဆိုတာဘာလဲ? ဆရာဝန်တစ်ယောက်လုပ်နေပြီးခဗျားဒါလေးတောင်ကုပေးမနိုင်ဘူးလား ''
"လူနာ စိတ်ထိန်း...''.
"ဗုန်း ''
Jihoon သူ့ရှေ့မှာရှိတဲ့ ခုံကိုကန်လိုက်တာဖြစ်သည်။
"ဒီမှာတင်မဟုတ်ဘူး တခြားဘယ်ဆေးရုံမဆို အဲ့ရောဂါကိုအကုန်လုံးကောင်းအောင်ကုနိုင်မှာ မဟုတ်ဘူး ''
''ခဗျားပါးစပ်ပိတ်ထားတာပိုကောင်းလိမ့်မယ်''
"ဗုန်း ''
Jihoon ဆက်နားမထောင်ဘဲ စားပွဲခုံကိုသာအားနဲ့ကန်ပြီးထွက်လာခဲ့လိုက်သည်။
******
"ထ ဒိုယောင်းအကိုတို့အိမ်ပြန်ကြမယ်''
လက်ကဆေးပိုက်ကိုဆွဲဖြုတ်ပြီး အတင်းဆွဲထူနေသော Jihoon က မျက်မှောင်ကြုတ်လျက်သား စိတ်တိုနေပုံပင်။
"ဘာဖြစ်လို့လဲအကို ''
"လာအကိုတို့သွားကြမယ်''.
ပြောပြီးတွဲခေါ်သွားလေသည်။ Doyoung အခြေနေတွေကိုနားမလည်ပေမယ့် Jihoon ခေါ်ရာသာလိုက်ခဲ့တော့၏။
Doyoung ဘေးတဖက်ခုံက ကားမောင်းနေသူရဲ့ တုန်နေတဲ့လက်တွေကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဟင်းး''
At home
Jihoonလမ်းပင်အနိုင်နိုင်လျှောက်နေရတဲ့ Doyoung ကိုတွဲခေါ်လျက် အခန်းထဲက သို့လိုက်ပို့လိုက်သည်။
"Doyoung သက်သာရဲ့လား မနက်ဖြန်အကိုတို့ နိုင်ငံခြားကဆေးရုံတစ်ခုသွားကြမယ် ''
"အဟွတ်ဟွတ် ဟွတ် ''
ချောင်းနဲ့အတူပါလာသောသွေးတွေကိုကြည့်ရင်း Jihoon ရင်ထဲအောင့်သက်သက်။ ဒီကိစ္စတွေအကုန်လုံးရဲ့တရားခံက ကျွန်တော်လို့ပြောရမလားလေ။ ဒါတွေက ဟိုတရါးမဝင်ဆေးတွေကြောင့်များလား Jihoonလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံကိုသာကြိတ်ထားလိုက်၏။
"အ..အကို ကျွန်တော်ဆေးရုံမသွားချင်တော့ဘူး''
"ဟမ် မသွားလို့မရဘူး babe''
"ဟင့်အင်ကျွန်တော်အဆင်ပြေတယ်''
"ကျစ်!! အခုမင်းအခြေနေကိုကြည့် အကိုSeoul ကထက်ကောင်းတဲ့ဆေးရုံတွေကိုပို့ပေးမယ် မင်းကိုဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူး Doyoung ''
အကိုဟာလေ အခုထိအတ္တဆန်နေပါလား
"ကျွန်တော် ဒီတစ်ခါတော့တောင်းဆိုပါရစေ ကျွန်တော်ဆေးရုံမသွားချင်ဘူး ''
"မရဘူး ဒိုယောင်း''
"အကို...''
Doyoung Jihoon လက်ကိုအပေါ်မှာအုပ်ကိုင်လျှက် ပြုံးပြလိုက်သည်။
"ကျွန်တော်ဒီမှာပဲစိတ်အနားယူချင်လို့ ကျေးဇူးပြုပြီး ''
"ဒါပေမယ့်.. ''
"ကျွန်တော်အဆင်ပြေပါတယ် ''
Jihoon စိတ်အလိုမကျပေမယ့်ဘာမှဆက်မပြောဖြစ် နေမကောင်းတဲ့သူကိုအမိန့်လည်းမပေးချင်တာကြောင့်တခြားနည်းနဲ့ပဲလုပ်ရတော့မည်ဖြစ်သည်။
**********************
At Night
ရေကူးကန်ဘေးက လေသာဆောင်ထဲမှာ Doyoung နဲ့ Jihoon ဘေးချင်းကပ်ထိုင်လျက်။
ရုတ်တရက် Doyoung ခေါင်းလေး Jihoon ပုခုံးပေါ်လှဲချလိုက်လေသည်။
"အကို''
"အင်း''
"ကျွန်တော့်ကိုချစ်လားဟင်''
အခုချိန်ထိ အကို့ဆီကချစ်တယ်ဆိုတဲ့စကားကိုမကြားဖူးပါ။ ရည်းစားဖြစ်နေတာတောင်မှလေ
အတော်ကြာတဲ့ထိ Jihoonကပြန်မဖြေလာ
ပြီးမှ
"အင်း..''
အင်းတစ်လုံးနဲ့တင်ဒိုယောင်းကျေနပ်စွာပြုံးလိုက်သည်။
"ကျွန်တော် အကို့ကိုချစ်တယ် တခြားသူတွေထက်ပိုချစ်တယ် ကျွန်တော်ကမကောင်းတဲ့သူပဲနော်''
Jihoon ပုခုံးပေါ်မှီထားတဲ့ကောင်လေးကိုနားမလည်ဟန် စောင်းကြည့်လိုက်၏။
"ဟက် ဒါကြောင့်ကျွန်တော့်ကိုဆေးမကုပေးပါနဲ့တော့ ဒါကနောက်ဆုံးအချိန်ဖြစ်သွားနိုင်တယ်ဆိုရင်တောင် ကျွန်တော်အကို့အနားမှာပဲနေချင်တယ် ''
"...''
"ဘယ်အရာမှပုံသေသတ်မှတ်လို့မရဘူးမလား မပြောင်းလဲဘူးထင်တဲ့အရာတွေ မဖြစ်သင့်ဘူးလို့ထင်တဲ့အရာတွေက တကယ်ဖြစ်လာခဲ့တယ် တစ်ခါတစ်လေကျ လောကကြီးက နားလည်ရခက််တယ် ''
"....''
"ကျွန်တော်နောက်ထပ်ပြောင်းလဲဦးမလားဆိုတာမသိနိုင်လို့ အကိုကိုတော့နောက်ဆုံးကျွန်တော်ချစ်ရတဲ့သူပဲ ဖြစ်စေချင်တယ် ''
ပြောရင်း Jihoonပုခုံးပေါ်စိုစွတ်စွတ်အရာများကျလာလေသည်။
"Doyoung မင်းဘာကိုဆိုလိုတာလဲ ''
Doyoung ကခေါင်းရမ်းရင်း မျက်ရည်တွေကိုသာဖိသုတ်လုပ်သည်။
Jihoon Doyoung ဘက်ကိုလှည့်ပြီး Doyoung ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"Doyoung အကိုကို့ကြည့်''
Doyoung ကမျက်ရည်အပြည့်ဝိုင်းနေတဲ့မျက်လူံးတွေနဲ့ Jihoon ကိုကြည့်လာတယ်
"မင်း...တစ်ခုခုသတိရတာရှိလား?''
".....''
Doyoung ကပြန်မဖြေသေးဘဲ Jihoon ကိုသာစိုက်ကြည့်နေ၏။
"အကို...''
"အင်း...''
ပြွတ်စ်
စိုးရိမ်စိတ်ကြောင့်တုန်ရီစပြုနေတဲ့ Jihoon နှုတ်ခမ်းတစ်စုံက တခြားနှုတ်ခမ်းတစ်စုံရဲ့ သိမ်းပိုက်ခြင်းခံလိုက်ရ၏။