အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင...
By NabeNabe549
102K 2.8K 23
မင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ More
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni)
Part - 7 ( Zg + Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 28 Final part ( Zg + Uni)
Part - 27 ( Zg + Uni)
2.7K 74 0
By NabeNabe549
ပူသွားကြသည်။
""ဘေဘီ"""
လေသည်။
မင်းသေမယ်မှတ် ""
"" ကိုကို စကားအတွက် ""
""ညီမလေး... ညီမလေး.. ""
""ရှင်.. အစ်မ ""
""ရပါတယ် ညီမလေးရယ် ""
""ဟင့်အင်း ..မဟုတ်တာ ""
လေသည်။
တစ်ချက် လှမ်းရှိုးနေတဲ့  စိမ်းနုဆိုတဲ့ ကလေးမ ကို
ကြည့်မရပါ။
နေကြသည်။
""ထိုင်လေ စိမ်းလေး ""
""ကျေးဇူးပါ မမရောင် ""
""ကျစ်""
သည်။
သွားလေသည်။
ပြောနေမိသည်။
""ဘေဘီ... ဟ ""
""ကောင်းလား ဘေဘီ ""
""အင်း ကိုကို ''"
""ရွှတ်""
ရောင် ရှက်သွားမိသည်။
""ရ.. ရပါတယ် မမရောင် ""
ငရဲလိုပင်။
""အင်း ""
""ထိုင်လေ  ဂျော်ကာ ""
"ဟုတ် ""
စားပစ်လိုက်သည်။
ကာ မှင်သက်နေမိသည်။
နီရဲသွားလေသည်။
""မမရောင် ""
ကျနေမိသည်။
""အား.. စပ်တယ်.. စပ်တယ် ""
အရမ်းစပ်တဲ့ ဟင်းကို နှိုက်ကာ ပါးစပ်ထဲ ထည့်လိုက်မိလေသည်။
ပေါ့... """
စိမ်း မကြိုက်ဘူး ""
စုပ်ထွေးယူနေမိသည်။
""ဘုန်း... ဘုန်း ""
အသာလေးချပေးလိုက်သည်။
"""ဘေဘီ က စပ်နေတာကိုး ""
ပြောလိုက်လေသည်။
ထရယ်လိုက်လေသည်။
"""အဟား... ဟား.. ဟား"""
ကလေး လည်း မဟုတ်ဘဲနဲ့ """
ဖြစ်သည်။
တိုက်  တင်းသွားမိသည်။
"" ကျား မှ ကျား ""
ဘေဘီ ကို သက်သေပြမယ် """
ကြောင်ကြည့်နေမိသည်။
အငမ်းမရ စုပ်ယူနမ်းရှိုက်နေပြီ ဖြစ်သည်။
ပွတ်သပ်နေမိသည်။
အရှိန်ပြင်းစွာနဲ့ နမ်းရှိုက် နေမိသည်။
ဖွေးဖွေးလေးကို သူ့ နှုတ်ခမ်းနဲ့ နမ်းရှိုက်ပွတ်တိုက် နေလေသည်။
လိုက်လေသည်။
ရောင် ညစ်သွားလေသည်။
""ဟင့်အင်း..ကိုကို
တည်ထားပစ်သည်။
မသိ ဖြစ်သွားလေသည်။
ရေးသားသူ - လေယူရာယိမ်း
*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(27)
တိုက် လည်း ဘေဘီက သူတို့အုပ်စုနဲ့ ကမ်းခြေကို လမ်း
လျှောက်လာရင်း  ပင်လယ်ကို မြင်ပြီး အတင်းပြေးသွားတာ
ကြောင့် တိုက်  လည်း ဒီတိုင်းပဲ ကြည့်နေမိသွားသည်။
ရှေ့ က အမြန်မောင်းလာတဲ့ စက်ဘီးကို တိုက်မြင်ပြီး ဘေဘီ ကို
တိုက်ဖို့ လက်တစ်ကမ်းအလိုမှ  တိုက် ထူပူသွားလေသည်။
သူ့သူငယ်ချင်းတွေ အကုန်လုံးကလည်း တိုက် လိုပဲ ထူ
ပူသွားကြသည်။
""ဘေဘီ"""
ရောင်နာမည်ကို အော်ခေါ်ပြီး  စက်ဘီးနဲ့ တိုက်မလို ဖြစ်နေတဲ့
ရောင်အနားကို တိုက် အသားကုန်ပြေးသွားကာ သူ့ရင်ခွင်ထဲ အမြန်ဆွဲသွင်းလိုက်ပြီး  ဟိုဘက်ကို အလျှင်အမြန် ရှောင်လိုက်
လေသည်။
""'မင်း ဘယ်လို စက်ဘီးကို စီးနေတာလဲ ""
"" ဒါမှမဟုတ် ငါ့လက်ချက်နဲ့ သေသွားချင်တာလား ""
""မင်းကြောင့် ငါ့ဘေဘီတစ်ခုခု ဖြစ်သွားလို့ကတော့
မင်းသေမယ်မှတ် ""
""ကိုကို ကလည်း  ရောင် ဘာမှမဖြစ်ပါဘူး ""
""ညီမလေး မမ တောင်းပန်ပါတယ်နော် ""
"" ကိုကို စကားအတွက် ""
စိမ်းနု တော့  သူရှေ့က အစ်မ စကားပြောတာကို
သူမ အခုထိ မကြားနိုင်သေးပါ။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီအမ ဘေးနားက  အစ်ကိုကြီးရဲ့ ချောမောမှုကြောင့်ပင်။
ဘယ်လိုတွေလားပဲ သူ့ကို သတ်မယ်လို့ ပြောနေတဲ့
ထိုကိုကြီးရဲ့ ပုံစံက သူ့အာရုံတွေကို ဖမ်းစားသွားခဲ့တာ
ဟိုအစ်မ ရဲ့ စကားတွေကို မကြားနိုင်တဲ့ အထိပင်။
""ညီမလေး... ညီမလေး.. ""
""ရှင်.. အစ်မ ""
သူ့ ရှေ့က အစ်မက သူမ ပခုံးကို ပုတ်ပြီး ပြောလိုက်မှ
စိမ်းနု အသိဝင်လာလေသည်။
""စိမ်း တောင်းပန်ပါတယ် မမ ""
""ရပါတယ် ညီမလေးရယ် ""
""မမ လည်းတောင်းပန်ပါတယ် ကိုကို စကားအတွက် ""
""ဟင့်အင်း ..မဟုတ်တာ ""
""စိမ်း ကသာ တောင်းပန်ရမှာပါ ""
"" စိမ်း တောင်းပန်ပါတယ် မမ ""
""စိမ်းနာမည်က စိမ်းနုပါ ဒါနဲ့ မမတို့ နာမည်ကရော ""
ဒီလိုနဲ့ ခဏအတွင်းမှာပဲ ရောင် နဲ့ စိမ်းနုတို့ ရင်းနှီးသွား
လေသည်။
တိုက် ကတော့ ဘေဘီရှေ့မှာတောင် သူ့ကို တစ်ချက်
တစ်ချက် လှမ်းရှိူးနေတဲ့  စိမ်းနုဆိုတဲ့ ကလေးမ ကို
ကြည့်မရပါ။
သုသု နဲ့ ပန်ဆုဝေ တို့ကတော့ မိန်းကလေးချင်းမို့
စိမ်းနု ဆိုတဲ့ ကောင်မလေးရဲ့ အကြည့်ကို ရိပ်မိကာ တင်း
နေကြသည်။
နေသွေးနဲ့ သုတ လည်း အံ့တွေကြိတ်နေပြီး ထိုကောင်မလေး ကို ဝါးစားမတတ်ကြည့်နေတဲ့ သုသု
နဲ့  ပန်ဆုဝေ ကို ဘေးကနေ အထာနပ်နပ်နဲ့  စိတ်လျှော့အောင်
လက်လေးတွေကိုယ်စီ ကိုင်ထားပေးကြသည်။
ဂျော်ကာ လည်း   စက်ဘီးပေါ်က ဆင်းလာတဲ့ ထိုကောင်
မလေးကို ကြည့်နေသည်မှာ စကားဝိုင်းပြီးသည်အထိပင်။
အစ်ကိုကြီးက အဲ့ဒီကလေးမကို စိုက်ကြည့်နေတာကြောင့်
ဂျော်နီ ရိပ်မိပါသည်။  အစ်ကိုကြီး အဲ့ဒီကလေးမ ကို
စိတ်ဝင်စားနေပြီဆိုတာ။
"" ဘေဘီ...ဟ ကိုယ် ခွံကျွေးမယ် ""
""မမရောင် စိမ်း မမရောင်တို့နဲ့ ထိုင်လို့ရမလား ""
""တစ်ယောက်တည်း စားရမှာ ပျင်းနေလို့ ""
""ထိုင်လေ စိမ်းလေး ""
""ကျေးဇူးပါ မမရောင် ""
တိုက် သူ့ ဘေဘီကို မနက်စာ ခွံကျွေးနေတုန်း
မနေ့က တွေ့ခဲ့တဲ့  စိမ်းနု ဆိုတဲ့ ကောင်မလေး
ရောက်လာတာကြောင့် မျက်နှာပျက်သွားလေသည်။
""ကျစ်""
အခု သူ့ဘေဘီက ထိုကောင်မလေးကို သူတို့နဲ့
အတူ ထိုင်ခိုင်းလိုက်တာကြောင့် တိုက် စုပ်သတ်မိသွား
သည်။
ဘေဘီနဲ့ သူ နှစ်ယောက်တည်း မနက်စာ အတူစား
ချင်လို့ သူ့သူယ်ချင်းတွေ မထသေးတဲ့ အချိန် သူ ထပြီး
ဘေဘီကို ခေါ်လာတောင်မှ ဆိုင်းမဆင့်ဗုံမဆင့်
ရောက်ချလာသော စိန်းနု ကြောင့် တိုက် အတော်တင်း
သွားလေသည်။
""ဘယ်လိုမိန်းကလေးပါလိမ့် သူများလင်မယားကြားမှာ
ကန့်လန့်ကန့်လန့် နဲ့ လိုက်ရှူပ်နေတာ ""
စိတ်ထဲတွင် ထိုကောင်မလေးကို အခဲမကြေစွာနဲ့ တိုက်
ပြောနေမိသည်။
သူမ ရောက်လာလို့ စိတ်ပျက်သွားတဲ့ ကိုကြီးရဲ့ မျက်နှာ
လေးက စိမ်းနု နှလုံးသားကို ပိုပြီး ရင်ခုန်စေတာကြောင့်
စိမ်းနု သဘောတွေ ကျနေမိသည်။
""ဘေဘီ... ဟ ""
""ဒီမှာ ဘေဘီ ကြိုက်တဲ့ ပုစွန် ""
ပုစွန်လေးတွေကို တိုက်က တယုတယခွာပေးပြီး ရောင့် ကို
ခွံကျွေးဖို့ ပါးစပ်ဟခိုင်းနေတာကြောင့် ရောင် အလိုက်သင့်
ပါးစပ်ဟ ပေးမိလိုက်သည်။
ချိုပါတယ် သိပ်ကို ချိုပြီး အရသာရှိတယ်  ကိုယ်ချစ်ရတဲ့သူက
ကိုယ့်ကို တယုတယနဲ့ ခွံကျွေးတာ. ..
""ကောင်းလား ဘေဘီ ""
""အင်း ကိုကို ''"
""ရွှတ်""
ရောင် ဖြေလိုက်တာနဲ့ ရောင့်ပါးပေါ် တန်းခနဲ ကျရောက်
လာသော တိုက် ရဲ့ အနမ်းလေးတစ်ပွင့်ကြောင့်
ရောင် ရှက်သွားမိသည်။
""ကိုကို ကလည်း စိမ်းလေး ရှိနေတာကို ""
""ရှိရှိပေါ့... .ကိုယ့်မိန်းမကိုယ် ချစ်လို့ နမ်းတာ
ဘယ်သူ့ ဂရုစိုက်ရမှာလဲ """
""ရ.. ရပါတယ် မမရောင် ""
""စိမ်း ဘာမှ မဖြစ်ပါဘူး ကိုကြီး ပြောတာ မှန်နေတာပဲ ""
ကိုကြီး  စကားကို ထောက်ခံနေရသည်မှာ စိမ်းနု အတွက်
ငရဲလိုပင်။
ပုံမှန်ဆို စိမ်းနု က ဒီလို မိန်းကလေးမှ မဟုတ်တာ။
စိမ်းနု ဆိုတဲ့ မိန်းကလေး က  ပိုင်ရှင်ရှိလည်း ကိုယ်လိုချင်တာကို
မရရအောင် ယူတတ်တဲ့ မိန်းကလေး ပင်။
ဒါပေမဲ့ အခု အဲ့ဒီစိတ်တွေက ကိုကြီးနဲ့ တွေ့မှ ပျောက်ဆုံး
သွားသည်။  ကိုကြီး ပျော်ရွှင်နေတာကိုပဲ စိမ်းနု လိုချင်သည်။
ကိုကြီး ဆီက အချစ်ကိုပဲ စိမ်းနု လိုချင်သည်။
မဟုတ်ရင် စိမ်းနု အရမ်းခံစားရပေလိမ့်မည်။
""ဘော့စ်.. ကျနော် လည်း ထိုင်အုံးမယ် ""
ဂျော်ကာ အဝေး ကနေ ဘော့စ်တို့နဲ့ အတူထိုင်နေသော
စိမ်းနု ဆိုတဲ့ ကောင်မလေးကို တွေ့လိုက်ရတာကြောင့်
ဘော့စ်တို့နားကို ခပ်သွက်သွက်လျှောက်လာပြီး
အခုလို တောင်းဆိုနေခြင်းဖြစ်သည်။
""အင်း ""
""ထိုင်လေ  ဂျော်ကာ ""
"ဟုတ် ""
ဘော့စ်ဆီက အဖြေရတာနဲ့ ဂျော်ကာ တစ်ယောက်
စိမ်းနု ဘေးမှ အမြန်ဝင်ထိုက်လိုက်သည်။
ဘော့စ်နဲ့  အသေးလေးတို့က တစ်ယောက်နဲ့ တစ်ယောက်
ခွံကျွေးနေတာကြောင့် စိမ်းနု တစ်ယောက်တည်း
အားငယ်နေမှာ စိုးတာနဲ့ ဂျော်ကာ  စိမ်းနု ပန်းကန်ထဲကို
ဟင်းတွေ လှမ်းထည့်ပေးလေသည်။
ထည့်ပေးချင်တာ က တစ်ယောက် အခုထည့်ပေးလိုက်တာ
က တစ်ယောက်မို့ စိမ်းနု စိတ်မကောင်းဖြစ်ရသည်။
သူမ လိုချင်တာ ကိုကြီးဆီက ဂရုစိုက်မှုတွေပင်။
ကိုကြီးဂျော်ကာ ဆီက ဂရုစိုက်မှုတွေ မဟုတ်။
""ပေသွားပြီ ဘေဘီ က ကလေးလေးကျနေတာပဲ ""
တိုက် ပြောလည်း ပြောရင်းနဲ့ ဘေဘီ နှုတ်ခမ်းထောင့်နား
မှာ ကပ်နေသော ထမင်းစေ့ တစ်စေ့ကို တစ်ရှူး နဲ့
မသုတ်ဘဲ သူ့ လက်နဲ့ သုတ်ပစ်လိုက်လေသည်။
သုတ်ပြီး  ပါလာသော ရောင့် ဆီက ထမင်းစေ့ကို
တိုက် သူ့ပါးစပ်ထဲ ထည့်လိုက်ကာ ဇိမ်ခံပြီး
စားပစ်လိုက်သည်။
ရောင် လည်း တိုက် ရဲ့ လုပ်ရက်ကြောင့်  ရင်တွေခုန်
ကာ မှင်သက်နေမိသည်။
တစ်ဆက်တည်း စိမ်းနု နဲ့ ကိုကြီးဂျော်ကာ က သူတို့နှစ်
ယောက်ကို ကြည့်နေတာကြောင့် ရောင် မျက်နှာကြီး
နီရဲသွားလေသည်။
တိုက် ကတော့ ရှက်ပြီး ပါးလေးတွေရဲနေသော ဘေဘီကြောင့်
ရင်တွေခုန်ကာ သဘောအကျကြီး ကျနေလေသည်။
""မမရောင် ""
""စိမ်း သွားလိုက်အုံးမယ်နော် ""
စိမ်းနု  ဆက်ကြည့်ဖို့ ခံနိုင်ရည်မရှိတာနဲ့ အကုန်လုံးကို
နှုတ်ဆက်ပြီး ထိုနေရာကနေ အမြန်ထွက်လာခဲ့သည်။
စိမ်းနု ထွက်သွားတာနဲ့ ဂျော်ကာ လည်း စိမ်းနု နောက်
အမြန်ပြေးလိုက်လာခဲ့သည်။
စိမ်းလေး ထွက်သွားတာနဲ့  စိမ်းလေးနောက် ပြေးလိုက်
သွားသော ကိုကြီးဂျော်ကာကြောင့် ရောင် သဘောတွေ
ကျနေမိသည်။
ဘာပဲပြောပြော ကိုကြီးဂျော်ကာ ကို စိမ်းလေးနဲ့ အောင်
သွယ်ပေးဖို့ ရောင် စိတ်ထဲ ဆုံးဖြတ်လိုက်မိသည်။
""အား.. စပ်တယ်.. စပ်တယ် ""
ရောင် ကိုကြီးဂျော်ကာ တို့ကို ငေးနေတာနဲ့ လက်က
အရမ်းစပ်တဲ့ ဟင်းကို နှိူက်ကာ ပါးစပ်ထဲ ထည့်လိုက်မိလေသည်။
"""စိမ်းလေး  နေမကောင်းဘူးလား """
ဂျော်ကာ စိမ်းနု နောက်ကို ပြေးလိုက်ရင်းနဲ့မှ  ကမ်းစပ်နား
ကို သွားကာ မှိုင်တိုင်နေသော စိမ်းနု နဖူးလေးကို
သူ့ လက်နဲ့ စမ်းရင်း မေးလိုက်လေသည်။
""ဟင့်အင်း... စိမ်း ဘာမှ မဖြစ်ပါဘူး """
""စိမ်းလေး ကို ကိုယ် တစ်ခုပြောချင်တယ်
ကိုယ့်ကို မချစ်နိုင်တဲ့ လူတစ် ယောက်ကို  သွားမချစ်
ပါနဲ့  အထူးသဖြင့် ပိုင်ရှင်ရှိနေတဲ့ လူတစ်ယောက်ကို
ပေါ့... """
""ကိုဂျော်ကာ စိမ်း ကို ဘာပြောချင်တာလဲ ""
""စိမ်းလေး သိပါတယ်  ကိုယ်ပြောတာကို
နောက်ပြီး အခုမှ  စိမ်းလေး က ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်
ဒါကြောင့် စိမ်းလေး ဒီအချစ်ကို မေ့ပစ်လိုက်ပါ ""
""ရှင်နဲ့ ဘာဆိုင်လို့လဲ ကိုဂျော်ကာ ""
""နောက်ပြီး စိမ်း က အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးပေမဲ့
စိမ်း အတွေ့အကြုံက ရှင်ထက် ပိုရင့်တယ် ""
"" စိမ်း ထားခဲ့တဲ့ ရည်းစားတွေဆိုရင် စိမ်း
အသက်ရဲ့ နှစ်ပြန်လောက်ရှိပြီ ""
""နောက်ခါ ရှင့်နဲ့ မဆိုင်ဘဲ စိမ်းကို လာမဆုံးမနဲ့
စိမ်း မကြိုက်ဘူး ""
ပြောပြီး သူ့ရှေ့ကနေ ထွက်သွားသော စိမ်းလေးကို
ကြည့်ပြီး ဂျော်ကာ ထိုနေရာလေးမှာပဲ ကျန်နေခဲ့မိသည်။
သူ အခုလို ပြောတာကလည်း သူ ချစ်ရတဲ့ စိမ်းလေး
နာကျင်မှာ စိုး သော ကြောင့်ပင်။ 
နောက်ပြီး ဘော့စ်မှာက အသေးလေး ရှိနေပြီ။
စိမ်းလေး က သူ့ဘော့စ်ကို ကြိုက်နေမှန်း သိတာကြောင့်
ဂျော်ကာ မလောင်ခင်က အခုလို တားနေရခြင်းဖြစ်သည်။
ဘေဘီ စပ်သွားတာနဲ့  တိုက် လည်း ရေခပ်ပေးကာ
အမြန်သောက်ခိုင်းလေသည်။
ရေသောက်တာတောင် အခုထိ ရှူးရှူးရှဲရှဲလုပ်နေသော
ဘေဘီ ကြောင့် တိုက် စိတ်မကောင်းဖြစ်ကာ
နောက်ဆုံး သူမ နှုတ်ခမ်းလေးကို  အလျှင်အမြန်
သူ့နှုတ်ခမ်းလေးနဲ့ တိုက် စုပ်ထွေးယူလိုက်လေသည်။
အပေါ်နှုတ်ခမ်းလေးတစ်လှည့် အောက်နှုတ်ခမ်းလေးကို
တစ်လှည့်နဲ့ တိုက် ရောင်ရဲ့  နှုတ်ခမ်းဖူးလေးကို
စုပ်ထွေးယူနေမိသည်။
ရောင် လည်း စောနက  စပ်နေတဲ့ အစပ်က ဘယ်ဆီ
ရောက်သွားမှန်းတောင် မသိလိုက်ဘဲ   တိုက် လုပ်ရပ်
ကြောင့် နှုတ်ခမ်းက မစပ်တော့ဘဲ ထူပူသွားလေသည်။
ငပလီရှိ မြရိပ်မြိုင်ဟိုတယ်က လူတွေ
အကုန်လုံး က  နမ်းနေတဲ့ သူတို့နှစ်ယောက်ကြောင့်
မျက်လုံးတွေ ပြူးပြီး အံ့အားသင့်သွားကြသည်။
တိုက် လည်း ရောင် အစပ်ပြေပြီ ထင်လောက်မှ ရောင်
နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်လေသည်။
ရောင် လည်းတိုက်လွှတ်ပေးလိုက်မှ အခုမှ ဘေးစားပွဲဝိုင်းက လူတွေ အားလုံးကို မြင်သွားလေသည်။
ရှက်ရှက်နဲ့ ထွက်ပြေးဖို့ ပြင်နေသော ဘေဘီ ကို အမြန်
တိုက် ပွေ့ယူလိုက်ပြီး အခန်းထဲ ခေါ်သွားလေသည်။
အကုန်လုံးကတော့ သူတို့နှစ်ယောက်ကို အားကျတဲ့ အကြည့်
ကြီးနဲ့ ကြည့်ပြီး ကျန်နေခဲ့ကြသည်။
""ဘုန်း... ဘုန်း ""
သူ့ နောက်ကျောကို တဘုန်းဘုန်းနဲ့ ထုနေသော
ဘေဘီ ကို တိုက် လျစ်လျူရှူလိုက်ပြီး
အခန်းတံခါးကို အမြန်ဖွင့်လိုက်ကာ ကုတင်ပေါ်
အသာလေးချပေးလိုက်သည်။
""ကိုကို ဘာလို့ ဘေဘီ ကို နမ်းရတာလဲ ""
"" လူတွေ အများကြီးရှိနေတာကို """
ကုတင်ပေါ်ချချချင်း စိတ်ဆိုးတဲ့ စကားဆိုလိုက်သော
ရောင် ကြောင့် တိုက် ပြုံးလိုက်လေသည်။
"""ဘေဘီ က စပ်နေတာကိုး ""
"" ဒါကြောင့် ကိုယ် က ဒီလို လုပ်ရတာပါ """
"" ကိုယ့်ကို စိတ်မဆိုးပါနဲ့ နော် ""
တိုက် ရောင်ရဲ့ မေးဖျားလေးကို  အသာလေးဆွဲ
ယူလိုက်ကာ ချစ်စရာကောင်းတဲ့ အကြည့်လေးနဲ့
ပြောလိုက်လေသည်။
ရောင့် ကို ကလေးဆန်ဆန် ပုံစံလေး ဖြစ်သော
မျက်လုံးလေးကို ချစ်စရာကောင်းတဲ့ ပုံစံဖြစ်အောင်
လုပ်ပြနေသော တိုက် ကြောင့် ရောင် သဘောကျကာ
ထရယ်လိုက်လေသည်။
"""အဟား... ဟား.. ဟား"""
""ခွေးပေါက်စလေး...... ကိုကို က ခွေးပေါက်စလေး
ကလေး လည်း မဟုတ်ဘဲနဲ့ """
သူ့ကို လက်ညိုးနဲ့ ထိုးပြီး ဗိုက်ကို လက်နဲ့နှိပ်ကာ
အသားကုန် ရ်ာနေသော ဘေဘီ ကြောင့် တိုက်
မျက်နှာပျက်သွားလေသည်။
အမှန်တိုင်း ပြောရရင် သူ ဒီလို ပုံစံကို ဘယ်သူ့ကို
လုပ်မပြခဲ့ပါ။   သူ လုပ်ပြဖူးတာ ရောင် တစ်ယောက်တည်း
ဖြစ်သည်။
အခု သူ့  ကို ခွေးပေါက်စ ပြောလို့ပြော ကလေး
မဟုတ်ဘဲ လုပ်နေတယ် ပြောသော ဘေဘီကြောင့်
တိုက်  တင်းသွားမိသည်။
""ဘေဘီ ကိုယ် က ခွေးပေါက်စ မဟုတ်ဘူး ""
"" ကျား မှ ကျား ""
"" အခု ကိုယ် က ခွေးပေါက်စမဟုတ်ကြောင်း
ဘေဘီ ကို သက်သေပြမယ် """
တိုက် ပြောရင်းနဲ့ ကုတင်ပေါ်တက်လာကာ ရောင်
ကိုယ်လေးကို သူ့ပေါင်ပေါ် တင်လိုက်လေသည်။
ရောင် လည်း တိုက် ဘာလုပ်မလား ဆိုတဲ့အတွေးနဲ့
ကြောင်ကြည့်နေမိသည်။
သူမ ကြောင်ကြည့်နေတဲ့ အတွင်းမှာပဲ တိုက် က
သူမ ရဲ့ ခေါင်းလေးကိုထိန်းကာ နှုတ်ခမ်းလေးကို
အငမ်းမရ စုပ်ယူနမ်းရှိူက်နေပြီ ဖြစ်သည်။
တိုက် လည်း ရောင်  နှုတ်ခမ်းဖူးလေးကို စုပ်ထွေးလိုက်
ငုံလိုက်နဲ့ သူ့ လက်တွေက ရောင် ကျောပြင်ကို
ပွတ်သပ်နေမိသည်။
တစ်ဆက်တည်း ဆိုသလို ရောင် ရဲ့ လည်တိုင်ကျော့ကျော့
လေးကို တိုက် ရဲ့ နှုတ်ခမ်းက ရောက်ရှိသွားပြီး
အရှိန်ပြင်းစွာနဲ့ နမ်းရှိူက် နေမိသည်။
လည်တိုင်လေး တစ်လျှောက်လုံးကို သူ့ စိတ်ကြိုက်
နမ်းလိုက် သွားလေးနဲ့ အသာလေးကိုက်လိုက်နဲ့
တိုက် အားမရဖြစ်နေမိသည်။
တိုက် ပေါင်ပေါ်မှာ ရောက်နေတဲ့ ရောင် ကတော့
တိုက် ပြုသမျှကို ငြိမ်ခံနေရင်းနဲ့ တိုက် လည်ပင်းကို
သူမ လက်သေးသေးလေးနှစ်ဖက်နဲ့  ချိတ်ထားလေသည်။
နမ်းနေရင်းနဲ့ တိုက် က ရောင် ရဲ့  ဂါဝန်ဇစ်လေးကို
အသာလေး ဖွင့်လိုက်ပြီး ပေါ်လာသော ကျောပြင်နုနု
ဖွေးဖွေးလေးကို သူ့ နှုတ်ခမ်းနဲ့ နမ်းရှိူက်ပွတ်တိုက် နေလေသည်။
တိုက် ရဲ့ အနမ်းတွေကြောင့် ရောင် ကြက်သီးတွေ ထလာပြီး
လက် က တိုက် ရဲ ဆံပင်တွေထဲ ရောက်သွားပြီး
တိုက် ဆံပင်တွေကို ဆုပ်ထားမိသည်။
ဒီတစ်ခါတော့ တိုက် က သူမ ကို မွေ့ရာ လေးထဲ
အသာလေး ချပစ်ကာ ရောင့်ကိုယ်ပေါ်ကို အုပ်မိုးဖို့
ပြင်နေသော တိုက် ကြောင့် ရောင် ချက်ချင်း ငြင်း
လိုက်လေသည်။
"""ဟင့်အင်း... ကိုကို မနက်ခင်းကြီးရှိသေးတယ်
နောက်ပြီး ဘေဘီ ရေချိုးရအုံးမှာ """
""ဒါဆို ကိုကို နဲ့ ရေတူတူချိုးမယ်လေ """
ငြင်းလိုက်မှ ပိုဆိုးသွားသော သူမ အဖြစ်ကြောင့်
ရောင် ညစ်သွားလေသည်။
""ဟင့်အင်း..ကိုကို
ဘေဘီ တစ်ယောက်တည်းပဲ ချိုးမယ်လေနော် """
""မရဘူးနော်.. ဘေဘီ ကိုယ်နဲ့ ရေတူတူ ချိုးရအောင်
မဟုတ်ရင် ခုနက အဆက် ဆက်သွားမယ် ဒါပဲ """
""ဘေဘီ ငြင်းရင် ကိုယ့်ကို မချစ်လို့ပဲ """
တိုက် လည်း သူမ လေး မငြင်းနိုင်အောင်
အမျိုးမျိုးပြောလိုက်ကာ မျက်နှာကြီးကို အသားကုန်
တည်ထားပစ်သည်။
ရောင် လည်း တိုက် စကားကြောင့် ဘာလုပ်ရမှန်း
မသိ ဖြစ်သွားလေသည်။
Part 28 မျှော်................. (တိုက်ကြီး နော်
မလည်ရှာဘူး အပီကို ချုပ်တာပဲ ရောင့်ကို
ရောင် ဘာရွေးမှာလဲ မသိဘူး ရင်တွေခုန်တာ🌚🌚🤩🤩😍😍😍😍😍🤣🤣😍🤣🤣😍)
ရေးသားသူ - လေယူရာယိမ်း
Continue Reading
You'll Also Like
5.3K 206 21
"ငါမင်းကိုဒီလောက်ချစ်တာကိုသိရဲ့သားနဲ့ ဘာလို့ကိုယ့်ကို ဥပေက္ခာပြုရက်နိုင်ရတာလဲ ငါအရမ်းနာကျင်နေပြီ ငါ့ဘက်ကိုတစ်ချက် လောက်ငှဲ့ပါဦး" ...
6.6K 293 31
"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သေ...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
331K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်