Part - 7 ( Zg + Uni)

2.8K 91 0
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(7)

ဖြစ်ချင်တော့ ရောင်ခြယ်လင်းနဲ့ တစ်ဖွဲ့တည်းကျသူမှာ တခြားသူမဟုတ်ဘဲ တိမ်စိုင်တိုက်ဖြစ်နေသည့်အတွက် ရောင်ခြယ်လင်း အရမ်းစိတ်ပျက်သွားလေသည်။
ဘာလို့လဲဆိုတော့ သူမတို့လောင်းထားတဲ့ ဂိမ်းမှာ တိမ်စိုင်တိုက် ညစ်ပတ်တော့မှာကို သူမ သိနေသောကြောင့်ပင်။

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ ဖက်တီးမ လဒမှိုင်ထားတဲ့ရုပ်နဲ့ ....ဟွန့်"
သူမကို မဲ့ပြုံးပြုံးပြီး ရိသလို ခနဲ့သလို ပြောလိုက်တဲ့ တိမ်စိုင်တိုက်ရဲ့ စကားကြောင့် ရောင်ခြယ်လင်း အူချဉ်ပေါက်သွားလေသည်။

"နင်နဲ့အတူ ကျလို့ ငါက ဒီရုပ်ဖြစ်နေတာ နိုမို့ဆို ငါက ဒီရုပ်ပေါက်မနေဘူး နောက်ပြီးတော့ သူများကိုပဲ ပြောမနေနဲ့ နင့်ရုပ်နင်လည်း ပြန်ကြည့်အုံး လင်ပူမိထားတဲ့ မသာမကြီးကျနေတာ.. "
နှုတ်ခမ်းတွေကို ကွေးညွတ်သွားတဲ့အထိ မဲ့ပြုံးပြုံးကာ တောက်ပတဲ့မျက်လုံးတွေနဲ့ ပြန်လည်ချေပလိုက်တဲ့ ရောင်ခြယ်လင်းရဲ့ စကားကြောင့် တိမ်စိုင်တိုက် အတော်ဒေါသထွက်သွားလေသည်။

"ဘာ...... ဒါဆို စမ်းကြည့်မလား လင်ပူမိထားတဲ့ မသာမကြီး
ဟုတ်မဟုတ် နောက်ပြီးတော့ အပိုဆုအနေနဲ့ ငါယောက်ျားစစ်စစ်ဖြစ်ကြောင်းကို သက်သေပါပြပေးမယ်လေ "

ပြောနေရင်းတန်းလန်းနဲ့ပင် သူမ အနားကို ကပ်လာတဲ့ တိမ်စိုင်တိုက်ရဲ့လုပ်ရက်ကြောင့် ရောင်ခြယ်လင်း ကြောင်သွားလေသည်။
နမ်းဖို့အနည်းငယ်လိုတဲ့ နှုတ်ခမ်းနှစ်စုံကလည်း အတော်ပူးကပ်နေလေသည်။
ယောက်ျားမတန်မဲ့ နီရဲနေတဲ့ တိမ်စိုင်တိုက်ရဲ့ နှုတ်ခမ်းတစ်စုံကို
အနီးကပ်မြင်လိုက်ရမှ ရောင်ခြယ်လင်း စိတ်ထဲတစ်မျိုးဖြစ်သွားလေသည်။
တိမ်စိုင်တိုက်ရဲ့ နက်မှောင်ပြီး ထူပိန်းနေသော မျက်ခုံးတွေနဲ့ ညို့ဓာတ်အပြည့်ပါတဲ့ မျက်ဝန်းတစ်စုံရဲ့အကြည့်တို့ကြောင့် ရောင်ခြယ်လင်း ခဏလောက်တော့ငေးမိသွားလေသည်။

"အဲ့ဒီလောက်ထိ ငေးနေစရာမလိုပါဘူး ဖက်တီးမရဲ့ နင်ကြည့်ချင်ရင် ငါရှေ့တိုးပေးမယ်လေ "

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Dove le storie prendono vita. Scoprilo ora