Part - 24 ( Zg + Uni)

2.7K 79 1
                                    

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(24)

ဦးငွေခင်က ရောင့် ကို သေနတ်နဲ့ ပစ်လိုက်တာနဲ့
တိုက် အမြန်ပြေးသွားပြီး   ရောင့် ကိုယ်လေးကို ဟိုဘက်
ကို ချက်ချင်းတွန်းပစ်လိုက်သည်။
ထိုအခါ သေနတ်က သူ့ ရင်ဝကို မှန်သွားလေသည်။
""ဒိုင်း.. """

"""တိုက်""
""တိုက်""

အကုန်လုံးက စိတ်ပူပြီး တိုက် နာမည်ကို အော်ခေါ်နေချိန်မှာ တစ်ဆက်တည်းဆိုသလို ဦးငွေခင်က နောက်ထပ် ထပ်ပစ်
ရန် ပြင်လေသည်။

ဂျော်နီ နဲ့ ဂျော်လည်း  ချက်ချင်းဆိုသလို သူတို့ချထားတဲ့
သေနတ်ကို အမြန်ခြေထောက်နဲ့ လှမ်းပြီး
အပေါ်မတင်လိုက်ကာသေနတ်ကို အမြန်ဖမ်းလိုက်ကြသည်။
ဘော့စ်ကို နောက်ထပ် ထပ်ပစ်ဖို့ ကြိုးစားနေတဲ့ ဦးငွေခင်
လက်ကို  သူတို့နှစ်ယောက်  သေနတ်နဲ့ သုံးလေးချက်
လောက် ဆက်တိုက်ဆင့်ပစ်လိုက်ကြသည်။
""ဒိုင်း.... ဒိုင်း.. ဒိုင်း"""
""အား""

""တိုက် """
""ဘာမှ မဖြစ်ရဘူးနော် ""
""တိုက် ထပါအုံး """
""ထပါအုံးလို့ """

ဦးငွေခင် လက်ချက်ကြောင့် တိုက်  မြေပြင်ပေါ် လဲကျသွား
ပြီဆိုတာနဲ့ ရောင် အမြန်ပြေးလာပြီး တိုက် ကို သူမ ပေါင်
ပေါ် တင်ထားရင်းနဲ့ တိုက် နာမည်ကို အော်ခေါ်ကာ
ရောင် ငိုနေလေသည်။

တိုက် သူငယ်ချင်းတွေ အကုန်လုံးကလည်း တိုက်
ကို   စိုးရိမ်ပြီး  တိုက် နာမည်ကို အော်ခေါ်နေကြလေ
သည်။

မြေပြင်ပေါ်မှာ မထနိုင် ဖြစ်နေကြတဲ့ ဦးငွေခင်နဲ့
သူတပည့်တွေကို  ဂျော်နီနဲ့ ဂျော်ကာ ရဲလက်အပ်ပြီးတဲ့
နောက်မှာ သူတို့ဘော့စ်ရှိတဲ့ ဆေးရုံကို တန်းလိုက်လာ
ကြသည်။
တိုက် မိဘတွေနဲ့ ရောင် မိဘတွေလည်း  ရောင်က ဖုန်း
ဆက်လှမ်းပြောလိုက်တာကြောင့် တိုက် ရှိတဲ့ဆေးရုံကို
အမြန်လိုက်လာကြသည်။

""ဘာ..... ဒေါက်တာ ""
"" ကျတော့်သား က အခြေအနေ မကောင်းဘူး ဟုတ်လား""

ခွဲခန်းထဲက ထွက်လာတဲ့ ဆရာဝန် ရဲ့ စကားကြောင့်
တိုက် အဖေ မျက်နှာတွေ အရမ်းပျက်သွားကာ
စိုးရိမ်သွားလေသည်။
အကုန်လုံးက တိုက်အခြေအနေမကောင်းဘူးဆိုတဲ့
စကားကြောင့် အရမ်း စိုးရိမ်ပြီး    မျက်ရည်တွေ ဝဲလာကြသည်။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now