Part - 2 ( Zg + Uni)

4.5K 120 0
                                    

မှတ်​ပြီလား တိမ်​စိုင်​တိုက်​ 😁😅😅အဲ့ဒါ ​ရောင်​​လေးကို သွားစချင်​အုံး😍😍😁😁😅😅

*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(2)

တိမ်​စိုင်​တိုက်​လည်း သူ့မျက်​နှာနား ထိ​တော့မလိုနည်းနည်းဘဲ လို​တော့တဲ့ ခဲချွန်​ဓားကို ကြည့်​ပြီး တကယ်​လုပ်​မလိုပြင်​​နေတဲ့
ရောင်​ခြယ်​လင်း​ကြောင့်​ ​ကြောက်​ဒူး​တွေတုန်​လာပြီး ​သေး​တွေပေါက်​ချလိုက်​​လေသည်​။

"ဟား.. .ဟား... ဟား "
သေးတွေ.... ကလေးမဟုတ် ကုလားမဟုတ်ပေါက်ချနေပါလား"
"သနားပါတယ် တိမ်စိုင်တိုက်လေး " "သေးတွေနဲ့......
ဟား.... ဟား... ဟား "

တိမ်စိုင်တိုက်လည်း သူ့ကို လှောင်ပြီးပြောနေတဲ့ ရောင်ခြယ်လင်း
ရဲ့ စကားကြောင့် အရမ်းရှက်သွားပြီး ဒေါသတွေ ထွက်ကာ
ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးသွားတဲ့အထိပင်။

ရောင် လည်းတိမ်စိုင်တိုက်ပြေးသွားတာကို ကြည့်ပြီး သဘောတွေ
ကျနေလေသည်။

"နေသွေး " "မင်း ငါ့ကို ဂွေးလျားသီးမှုန့် ရှာပေး "

"တိမ်စိုင်တိုက် မင်းက ဘာလုပ်မလို့လဲ "
"အဲ့ဒါကို "

"ဖက်တီးမ ထိုင်မယ့်ထိုင်ခုံမှာ အဲ့ဒါဖြူးမလို့ "

"ဟာ... မလုပ်ပါနဲ့ တိမ်စိုင်တိုက်ရာ " "တော်ကြာ ပြသာနာတွေ
တက်နေလိမ့်မယ် " "နောက်ပြီးတော့ ရောင်ခြယ်လင်းကို
မင်းလည်း နိုင်တာမဟုတ်ဘဲနဲ့ "

"နေသွေး မင်းနော် " "ဒါလေးတောင် ငါ့ကို ကူညီမပေးချင်ဘူး "

တားမရတဲ့ အဆုံး နေသွေးလည်း တိမ်စိုင်တိုက်လိုချင်တဲ့ ဂွေးလျားသီး အမှုန့်ကို ရှာပေးလိုက်ရသည်။

ကျောင်းတက်သော်.......

ရှစ်တန်းအခန်းက ကျောင်းသူကျောင်းသားများလည်း သူတို့အတန်းပိုင်ဆရာမကို မတ်တပ်ရပ်ပြီး ထနှုတ်ဆက်လိုက်ကြသည်။
ဆရာမလည်း ကလေးတွေကို ပြန်လည်နှုတ်ဆက်လိုက်ပြီး
မနေ့က သူမ ပေးခဲ့တဲ့ အိမ်စာတွေကို လုပ်ခဲ့လားဟုဆိုကာ
အကုန်လုံးကို မေးလိုက်လေသည်။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now