ငါးနှစ်ကြာပြီးနောက်........................,
"Thanks (ကေ်းဇူးပါ)
လုပ်နိုင်ခဲ့လို့ "
"ကေ်းဇူးပါ "
တည်လည်းတည်ငြိမ်သည်။
အလုပ်ဝင်လုပ်နေလေသည်။
စကားတွေပြောကြလေသည်။
တစ်လပင်ရှိသွားလေပြီ။ သူမ ပါလာတိုင်းလည်း
စိတ်ပူနေရသည်။
"ကျစ်......ဒီမိုးကတော့..."
အံ့သြသွားလေသည်။
"ရက်စ်.....ဘော့စ် "
အရမ်းအံ့သြနေရသည်။
"ရက်စ်....ဘော့စ်"
အမြန်ထလိုက်လေသည်။
ပြောနေတာပါ "
ထည့်ထား...တာလဲ ...."
"ထွီ....ခင်ဗျားကြီး......"
ရောင် ခံလိုက်ရလေသည်။
တိမ်စိုင်တိုက် "
ရေးသားသူ- လေယူရာယိမ်း
*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(10)
ငါးနှစ်ကြာပြီးနောက်........................,
(နယူးဇီလန်နိုင်ငံတွင်..)
"ဂုဏ်ယူပါတယ် Mr. တိမ်စိုင်တိုက်
အခုလို ခင်ဗျားရဲ့ ကုမ္ပဏီက Top 3ထဲမှာ ပါသွားတဲ့အတွက်"
"Thanks (ကေ်းဇူးပါ)
"ခင်ဗျားက တကယ့်ပြိုင်စံရှားပဲကျောင်းတက်နေရင်းတန်းလန်းနဲ့
အခုလို ခင်ဗျားကုမ္ပဏီကို အားလုံးထဲမှာ အမြင့်ဆုံးထိဖြစ်အောင်
လုပ်နိုင်ခဲ့လို့ "
"ကေ်းဇူးပါ "
နယူးဇီလန်နိုင်ငံရှိ ကုမ္ပဏီပေါင်းစုံ ပြိုင်ပွဲမှာ လာတဲ့စီးပွားရေးရှင်
လုပ်ငန်းသမားများအားလုံးက သူ့ကို ဂုဏ်ယူမဆုံး ဖြစ်နေကြ
သည့်အတွက်တိုက်ပီတီဖြစ်နေမိသည်။
ပွဲပြီးတော့ သူ မြန်မာနိုင်ငံကို ပြန်လာဖို့ သူ့တပည့်အမွှာနှစ်ယောက်ကို တိုက်ပြင်ဆင်ခိုင်းလေသည်။
"ဂျော်နီနဲ့ဂျော်ကာ မင်းတို့ဒီတစ်သက်ငါပြန်ဖို့ ပြင်တာ ပြီးအုံးမှာလား "
"ပြီးပါပြီဘော့စ်ကလည်း "
ဂျော်ကာဆိုတဲ့ နာမည်အတိုင်း သူ့ဘော့စ်ကိုပြောင်စပ်စပ်နဲ့ဖြေလိုက်လေသည်။ အမွှာထဲမှာ အကြီးဆုံးဖြစ်ပြီး အူကြောင်ကြောင်နဲ့ပင်။ အငယ်ကောင်ဂျော်နီ ကမှ သူ့ထက်အငယ်လည်းဖြစ်
တည်လည်းတည်ငြိမ်သည်။
"ဘော့စ်ခိုင်းတာ မှန်သမျှပြီးပါပြီ "
ဂျော်နီ အဖြေကြားမှ တိုက်အမောပြေရသည်။
"ဒါနဲ့ ဒီဝက်ဝံအရုပ်အကြီးကြီးကရောဘော့စ်"
ပြောပြီး သူရဲ့ အရုပ်ကြီးကို မ ရန်ပြင်နေတဲ့ အကြီးကောင်
ဂျော်ကာ စကားကြောင့်တိုက်အမြန်ပြေးလာပြီးပြောလိုက်ရသည်။
"မ.... မ.....နဲ့ဟေ့ကောင်ဂျော်ကာ မင်းအဲ့ဒီအရုပ်ကြီးကို လုံးဝမထိနဲ့ ထိလို့ကတော့ အလုပ်ထွက်ဖို့သာပြင်ထား "
စိတ်တွေပူပြီး အရုပ်ကြီးမှာ ချိတ်ထားတဲ့ ပိုက်ဆံစက္ကူ
လေးတွေကိုအောက်များပြုတ်ကျပြီလားဆိုတဲ့ အတွေးနဲ့
တိုက်သေချာကြည့်လေသည်။
သူခေါက်ထားတဲ့ ကြယ်ပိုက်ဆံစက္ကူလေးက အခုဆိုရင်
နှစ်ထောင့်နှစ်ဆယ့်ရှစ်ရွက်ပင်ရှိသွားပြီလေ။
ဘာအတွက်ကြောင့်သူခေါက်နေမိသည်ကို သူကိုယ်တိုင်လည်း
အခုထိ သူ မသိခဲ့ပါ။ ထိုမေးခွန်းအတွက်သူ့မှာ အဖြေမရှိပင်။
"ရောင်ဝမ်းမနည်းပါနဲ့ရောင်မှ မသိခဲ့တာ အဲ့ဒီစာရွက်က အဖြေတွေရေးထားတဲ့ စာရွက်မှန်း"
တွေ့လိုက်တိုင်း ထိုအကြောင်းပဲပြောနေတဲ့ရောင်ကို ကြာလာတော့ သူတို့သူငယ်ချင်း သုံးယောက်လုံး စိတ်မကောင်းဖြစ်ပြီး
အားပေးရုံမှကလွဲလို့ ကျန်တာဘာမှမတတ်နိုင်ခဲ့အတွက်
အရမ်းစိတ်မကောင်းဖြစ်နေရသည်။
ထိုသုံးယောက်က သုသုချစ်၊နေသွေးနဲ့ သုတပင်။
"နေသွေးနဲ့ သုတ တိုက်က ဘယ်တော့ပြန်လာမှာလဲဟင်"
သူမ ထက်စာရင်နေသွေးနဲ့ သုတက တိုက်သူငယ်ချင်းတွေ ဖြစ်သည့်အတွက်ရောင်အရဲစွန့်ပြီးမေးလိုက်လေသည်။
"ဒီကောင်ငါတို့ကို အဆက်အသွယ်မလုပ်တာ သုံးလလောက်ရှိသွားပြီရောင်ရဲ့ "
စိတ်မကောင်း ဖြစ်တဲ့လေသံနဲ့နေသွေးဖြေလိုက်လေသည်။
သုတကတော့နေသွေးပြောတာကို မှန်တယ်ဆိုပြီးခေါင်းပဲငြိမ့်နေလေသည်။
သုသုလည်း သူမသူငယ်ချင်းရောင်ခြယ်လင်း ဖြစ်သွားတဲ့ မျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေလေသည်။
အခုဆိုရင်သူတို့အားလုံးက သူတို့မိဘတွေရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေကြသည်။ သုသုချစ်ကတော့ သူမိဘတွေရဲ့ ကုမ္ပဏီမှာ
အလုပ်မလုပ်ဘဲ သူမနှလုံးသားလေးရှိတဲ့နေသွေးတို့ ကုမ္ပဏီမှာ
အလုပ်ဝင်လုပ်နေလေသည်။
ဒီလို စနေ တနင်္ဂနွေနေ့တိုင်း သူတို့အဖွဲ့ အမြဲလိုလိုတွေ့ပြီး
စကားတွေပြောကြလေသည်။
တိုက်အကြောင်းသိချင်၍ အနှောင့်အယှက်မ ပန်ဆုဝေ တစ်ခါတလေ ပါလာတတ်သည်။ အခုတော့ ပန်ဆုဝေ ပါမလာသည်မှာ
တစ်လပင်ရှိသွားလေပြီ။ သူမ ပါလာတိုင်းလည်း
ရောင်ခြယ်လင်းကို အမြဲ ရန်စကားပြောတတ်သည်။
နှစ်ယောက်သား အခုထိ ဘယ်တော့မှ မတည့်ကြပါ။
တိုက်ဒယ်ဒီနဲ့ မာမီကလည်းရောင်ကို အပြစ်မယူတဲ့အပြင်
ပိုတိုးလို့ ချစ်နေတာကြောင့်ရောင်နောင်တရနေရသည်။
တိုက်ကသူ့ဒယ်ဒီနဲ့ မာမီကိုတောင်တစ်ခါပဲ ဆက်သွယ်ပြီးနောက်ထပ်မဆယ်သွယ်တဲ့ အတွက်ရောင်တိုက်ကို အရမ်းပဲ
စိတ်ပူနေရသည်။
"ဘာ......ဒယ်ဒီရောင်တို့ ကုမ္ပဏီ အရှူံးပေါ်တော့မယ်ဟုတ်လား "
"ဟုတ်တယ်ရောင်လေးအဲ့ဒါ ဒယ်ဒီအမှားတွေပါ သူတို့ဘက်က
စာချုပ်ချုပ်မယ်ထင်ပြီး ဒီအဆောက်အဦးပုံစံကို ဒယ်ဒီရှိသမျှ အကုန်ရင်းပြီး ပုံအောခဲ့တာ အခုတော့ သူတို့ဘက်က စာချုပ်မချုပ်တော့ဘူးတဲ့ ဒယ်ဒီ ဘယ်လိုလုပ်ရမှာလဲ အခုဘဏ်ကလည်း
ဒယ်ဒီချေးထားတဲ့ အကြွေးတွေကို လာတောင်းနေပြီ ဒီလကုန်လို့မှ ပြန်မဆပ်ရင်ဒယ်ဒီတို့ပိုင်ဆိုင်သမျှတွေကို ဘဏ်က အကုန်သိမ်းသွားတော့မယ်ရောင်လေးရယ်ရှယ်ယာရှင်တွေအကုန်လုံးကလည်း သူတို့ရှယ်ယာတွေကို အကုန်ပြန်တောင်းနေကြပြီ "
ပြောပြီး စိတ်မကောင်းဖြစ်နေတဲ့ သူမ ဒယ်ဒီကို ကြည့်ပြီး
ရောင်အရမ်းငိုချင်လာတဲ့စိတ်ကို မနည်းထိန်းထားနေရသည်။
"ဒယ်ဒီ ဘာမှမပူနဲ့ရောင်ဖြေရှင်းလိုက်မယ်ဒီကိစ္စကို
ဒယ်ဒီ ဘာမှမပူနဲ့ ဟုတ်ပြီလား "
စိတ်မပူ ဖို့သာ ဒယ်ဒီကို သူမပြောနေရပေမဲ့ သူမ စိတ်ထဲမှာတော့
ယောက်ယပ်တွေခပ်နေတာ သူမကိုယ်တိုင်ပဲ သိတယ်။
ငါးရက်စလုံးရောင်လက်မလျှော့ဘဲ လက်မှတ်ထိုးပေးဖို့ ဟိုဘက်ကုမ္ပဏီကို သွားခဲ့တော့လည်း အရာမထင်ခဲ့ပါ။ အချိန်လည်း ကုန်
လူလည်း ပင်ပန်းခဲ့ရသည်။ ကြာလာတော့ စိတ်တွေညစ်ပြီး
ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ပေ။
"ကျစ်......ဒီမိုးကတော့..."
မိရောင်ရေ ညည်းတော့ ကံဆိုးပြီပဲ ကားမပါလာတဲ့နေ့မှ မိုးကရွာရတယ်လို့ "
ဒယ်ဒီကို ဖုန်းဆက်ပြီး လာကြိုခိုင်းမဲ့ လုပ်တော့ ဖုန်းက ဘက်ထရီကုန်နေပြီလေ ။
"အား......စိတ်ညစ်ပါတယ်ဒီဖုန်းနဲ့ရောင်ရေ နင်တော့ ကံဆိုးပြီးရင်း ကံဆိုးတာပဲ "
"ဘော့စ်.....မမလေးကို ကျနော်သွားခေါ်လိုက်ရမလား
တစ်ယောက်တည်း မိုးခိုနေတာ သနားပါတယ်ကျနော်တို့ကားပေါ်.ခေါ်တင်... .."
"တိတ်စမ်း.....ဂျော်ကာ သူ့က ငါ့ရန်သူ သူ့ကိုခေါ်စရာမလိုဘူး
နောက်ခါ မင်းပါးစပ်ကနေ မမလေးလို့ သူ့ကိုခေါ်ရင်မင်းအလုပ်ထုတ်ခံရမယ်မှတ်"
ဂျော်ကာပြီးဆုံးအောင်ပင်မပြောလိုက်ရ ။သူ့ဆရာတိမ်စိုင်တိုက်က အမြန်ဖြတ်ပြီး ပြောလိုက်တဲ့ စကားကြောင့်လန့်ရုံတင်မကဘဲ
အံ့သြသွားလေသည်။
အထာနပ်တဲ့ဂျော်နီကတော့ ပါးစပ်အငြိမ်မနေတဲ့ သူ့အစ်ကိုကြီး
ဂျော်ကာ ကိုကြည့်ပြီး မှတ်ပြီလားဆိုတဲ့ အထာနဲ့ မျက်ခုံးပင့်ပြလေသည်။
"ဗျာ.....ရန်သူဘော့စ်ရေ အဲ့ဒီကောင်မလေးကဘော့စ်ရဲ့ ရန်သူပေါ့ နိုင်ငံခြားမှာတုန်းက ဒီကောင်မလေးပုံတွေကို လိုက်ပြီး saveနေတာကရော ရန်သူမလို့လား မြန်မာပြည်ရောက်တော့ဘော့စ်ဖုန်းထဲမှာရှိတဲ့ ဒီကောင်မလေးပုံတွေကို
ဓာတ်ပုံပြန်ထုတ်ပြီး အခန်းတစ်ခုထဲမှာ အလှဆင်ထားတာကရော
ရန်သူမလို့လားနောက်ပြီး မြန်မာပြည်ရောက်ရောက်ချင်း ငါးရက်စလုံး ဒီကောင်မလေးနောက်ကို ကားတစ်စီးနဲ့ တနေ့ကုန်လိုက်နေတာကရော ရန်သူမလို့လား ဒီကောင်မလေးနောက်လိုက်တဲ့ ငါးရက်စလုံးမှာ ပထမတစ်ရက်ကဆို ဒီကောင်မလေး ဘာမှမစားဘဲ ဇွဲရှိရှိနဲ့ တခြားကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတော့
သူစားဖို့ အတွက်နဲ့ ဆိုပြီး အဲ့ဒီကုမ္ပဏီတစ်ခုလုံးကိုနေ့လယ်စာဝယ်ကျွေးခဲ့တာကရောရန်သူမလို့လား
ငါးရက်တိတိ ဒီကောင်မလေး အတွက်သူ မသိအောင်ဘော့စ်
လုပ်ပေးခဲ့တာကရော ရန်သူမလို့လား "
စိတ်ရှိတိုင်းသာမေးမယ်ဆိုရင်နောက်ထပ်အရာအားလုံးထွက်လာမှာ အသေအချာပင်။
အခုတော့ အလုပ်ထုတ်ခံရမှာ စိုးလို့ ဒီ စကားလုံးတွေကို စိတ်ထဲမှာပဲဗြောင်းဆန်နေအောင်ဂျော်ကာပြောနေရသည်။
"ဟေ့ကောင်ဂျော်ကာ မင်းပါးစပ်က ဘာဖြစ်တာလဲ ငါ့ကိုဘာပြောချင်လို့လဲနောက်ပြီး ဘာတွေစဉ်းစားနေတာလဲ "
"ဘာမှ မပြောချင်ပါဘူးဘော့စ်ရဲ့ဒီကောင်မလေးကဘော့စ်ရဲ့ ရန်သူဆိုတော့ ကျနော်ရဲ့ ရန်သူပေါ့ မဟုတ်ဘူးလား အဲ့ဒါကို ကျနော်စဉ်းစားနေတာ"
"မလိုချင်ဘူး သူ့အကြောင်း စဉ်းစားနေတာ ငါမလိုချင်ဘူး
ငါတစ်ယောက်တည်းပဲ စဉ်းစားမယ်သူ့အကြောင်းနောက်တစ်ခါ စဉ်းစားနေတာ ငါသိလို့ကတော့ မင်းအလုပ်ထုတ်ခံရဖို့သာ ပြင်ထားဂျော်ကာ "
"ဗျာ....ဟုတ်....ဟုတ်...ကျနော်မစဉ်းစားတော့ဘူး
ကျနော်မစဉ်းစားတော့ဘူးနော်"
(အမယ်လေး.....ဘော့စ်ရဲ့ ရန်သူလား ချစ်သူလား ကျနော်
စဉ်းစားပိုင်ခွင့်တောင်မရှိဘူးဆိုတော့ သူသူချင်းတော့တူပါတယ်
ရန်သူကနေ ချစ်သူပေါ့ ရန်သူမို့လို့သာတော်သေးတယ်ချစ်သူဆိုရင်မလွယ်ဘူး ငါတို့ဘော့စ်ကတော်ကြာ ဒီကောင်မလေး
နာမည်ပြောလို့ ငါ့ကို လာထသတ်နေအုံးမယ်တော်တော်အူတိုတဲ့ဘော့စ်ရေ.....ကောင်မလေးရေ မင်းအတွက်ဒီက
ဂျော်ကာကြီး ရင်လေးပါတယ်)
စိတ်ထဲကနေဂျော်ကာ တစ်ယောက်ဘော့စ်ကို အတင်းတုပ်နေလေသည်။
သူ့အမွှာအစ်ကိုဂျော်ကာ အလုပ်ထုတ်ခံရမှာ စိုးပြီးဘော့စ်ကို
ပျာပျာသလဲဖြေရှင်းနေပုံကို ကြည့်ကာ ကြားထဲကဂျော်နီ ရယ်နေလေသည်။
"အခု မင်းတို့နှစ်ယောက်စလုံး ကားတစ်စီး အမြန်ရအောင်ရှာပြီး
သူ့ကို လိုက်ပို့လိုက်တက္ကစီနဲ့ တူပါစေ ကားက "
"ရက်စ်.....ဘော့စ်"
ဂျော်နီကတော့ တိုက်ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တန်းဖြေလေသည်။ အရစ်တတ်ပြီးမေးတတ်သူက ထုံးစံအတိုင်း အကြီးကောင်ဂျော်ကာပင်။
"ဗျာ....ဘော့စ်ဘော့စ်ပြောတော့ ရန်သူဆို အခုက...."
"အရစ်မရှည်နဲ့ဂျော်ကာ ငါခိုင်းတဲ့အတိုင်းလုပ်
နောက်ပြီး ငါလုပ်ပေးတာကတော်ကြာသူဖျားနေရင်ငါနဲ့မပြိုင်နိုင်မှာစိုးလို့ "
ထိုအခါကျမှဂျော်ကာ ငြိမ်သွားလေသည်။
"အမယ်လေး ရန်သူမလို့တော်ပါသေးတယ်ဘော့စ်ရယ်ချစ်သူဆိုရင်တော့.... ..."
ဒီနေ့လည်းရောင်လက်မလျှော့သေးပါ။ လက်မှတ်ထိုးပေးဖို့ အရေး ထိုင်ခုံမှာ အကြာကြီး ထိုင်စောင့်နေလေသည်။
အခုဆိုရင်လေးနာရီတောင်ထိုးသွားပြီလေ။ ဘယ်သူမှန်းမသိတဲ့ တစ်ယောက်ယောက်က ဒီကုမ္ပဏီကို လာပြီး စားစရာတွေနေ့တိုင်းဝေပေးနေသည်မှာ သူမ အကြိုက်တွေဖြစ်နေတာကြောင့်
အရမ်းအံ့သြနေရသည်။
"မမတွေ့လို့ရပါပြီ မမကိုဘော့စ်ကို သူ့ကိုယ်ပိုင်အခန်းထဲ လာခဲ့ပါတဲ့ "
သူမရှေ့လာပြီးပြောလိုက်တဲ့ ဝန်ထမ်းမလေးရဲ့ စကားကြောင့်
ရောင်အရမ်းပျော်သွားလေသည်။
ထိုအခန်းထဲကိုရောက်တာနဲ့ ဝန်ထမ်းမလေးက သူ့ကို ထားပြီး
ထွက်သွားလေသည်။ အပျော်လွန်နေပြီး အခန်းပြင်ဆင်ပုံကို
ရောင်သတိမထားမိဘဲ ဝန်ထမ်းမလေးလာချပေးတဲ့
ကော်ဖီကိုရောင်သောက်လိုက်လေသည်။
"ညနေလေးနာရီထိုးနေပြီဂျော်နီနဲ့ဂျော်ကာ မင်းတို့နှစ်ယောက်
ဒီကုမ္ပဏီထဲသွားပြီး တစ်ရုံးလုံးက လူတွေကို အဆာပြေမုန့်သွား
ဝေချေ ငါရဲ့ရန်သူကို သူတို့ထက်နှစ်ဆ ပိုဝေခဲ့ ကြားလား "
"ရက်စ်....ဘော့စ်"
ဂျော်နီနဲ့ဂျော်ကာ နှစ်ယောက်လုံး တစ်ညီတစ်ညာတည်းပြောပြီး တိုက်ရှေ့က ထွက်သွားကြသည်။
ကုမ္ပဏီ MDကို မြင်တာနဲ့ရောင်ထပြီး အမြန်နှူတ်ဆက်လိုက်
ရင်း လက်မှတ်ထိုးပေးဖို့ ကိစ္စပြောလေသည်။
"ဒီကိစ္စကို ဦးလုပ်ပေးလို့ရပါတယ်ရောင်ခြယ်လင်းလေးရဲ့ "
ပြောရင်းနဲ့ သူမပေါင်ကို လာပွတ်သပ်နေတဲ့ ဦးလူခင်ကြောင့်
ရောင်အမြန်ပင်ဟိုဘက်တိုးလေသည်။
"ကလေးက ကြည့်ရတာ ဦးကိုကြောက်နေတာပဲ မကြောက်ပါနဲ့
ဦးက ကလေးကို ငြင်သာမှာပါ ကလေးသာ ဦးလိုချင်တဲ့ အရာကိုပေးရင်လေ ကလေးလိုချင်တာမှန်သမျှ ဦးလုပ်ပေးမယ်"
ပြောရင်းနဲ့ သူမ အနားကပ်လာတဲ့ MDဦးလူခင်ကြောင့်ရောင်
အမြန်ထလိုက်လေသည်။
"ကျွန်မက ဒီလိုလူမဟုတ်ဘူး ဦးလူခင်ကျွန်မက မိကောင်းဖခင်သားသမီးပဲ ရှင်လက်မှတ်ထိုးမပေးရင်ကျွန်မ အခုပြန်မယ်"
"ကလေးရယ်ဖြေးဖြေးပေါ့ ကလေးက စိတ်တအားလောတာပဲ
ကလေးက ဦးအထိအတွေ့ကို မခံစားဖူးသေးလို့ အခုလို
ပြောနေတာပါ "
သူမ ကိုယ်လုံးလေးကို အမြန်ဆွဲယူလိုက်တဲ့ ဦးလူခင်လုပ်ရက်ကြောင့်ရောင်မျက်လုံးပြူးပြီး ဦးလူခင်ပါးကို ရိုက်ရန်အလုပ်
သူမ ကိုယ်လေး မလှူပ်နိုင်တော့သလိုအားအင်ချိနဲသလို ခံစားလိုက်ရပြီးရေတွေပါဆာလာသလို တစ်ခုခုကို လိုချင်သလိုရောင်ခံစားလိုက်ရလေ သည်။
"ဦးလူခင်ခင်ဗျားကြီးကော်ဖီထဲ.....ဘာတွေ....
ထည့်ထား...တာလဲ ...."
ဒါလေးမေးတာကို အာလေးလျှာလေးရောင်ဖြစ်နေလေသည်။
"စိတ်ကြွဆေးတွေလေ ကလေးရဲ့ ဦးနဲ့ ကလေးဆက်ဆံတဲ့ အခါမှာ အဲ့ဒီဆေးတွေက ကလေးကို အထွတ်အထိပ်ရောက်အောင်လုပ်ပေးမှာဘယ်လောက်ထိလဲဆိုရင်ဦးရဲ့ဟာကို
ကလေး ဘက်က စတောင်းမှာလေ "
"ထွီ....ခင်ဗျားကြီး......"
ဒါလေးပြောဖို့ အရေးရောင်အားအင်ချိနဲသလို ခံစားလိုက်ရသည်။
ဒါဆိုစောစောက သူမသောက်တဲ့ကော်ဖီထဲမှာ စိတ်ကြွဆေးတွေပါနေမှန်းရောင်အခုသိလိုက်ရတဲ့ အချိန်မှာတော့နောက်ကျသွားပြီလေ။
ရုတ်တရက်ဆိုသလို သူမ ကိုယ်လေးကို ဆိုဖာပေါ် ပစ်ချတာ
ရောင်ခံလိုက်ရလေသည်။
သူမ အင်္ကျီ ကြယ်သီးတွေကို တစ်လုံးချင်းစီ လိုက်ဖြုတ်နေတဲ့
ဦးလူခင်ကို ရုန်းကန်ဖို့ ပြင်ပေမဲ့ လက်တွေက အားအင်တွေ
အလိုလိုပျောက်ဆုံးနေတာကြောင့်ရောင်အရမ်းဝမ်းနည်းမိနေသည်။ အသားကုန်အော်လိုက်ချင်ပေမဲ့လည်း ထွက်မလာတဲ့
သူမ အသံကြောင့်ရောင်အံ့တွေကြိတ်နေရသည်။
အခုဆိုရင်သူမ အပေါ်ပိုင်းမှာ အတွင်းခံ တစ်ထည်ပဲ ရှိတော့တယ်ဆိုတဲ့ အသိအတွက်မျက်ရည်တွေရောင်အလိုလို ကျလာလေသည်။
"ကလေး မင်းရဲ့ ခန္ဓာကိုယ်က တအားလှတာပဲ ဦးအကြိုက်ပဲ "
ဘရာဇီယာကို ချွတ်ဖို့ ပြင်နေတဲ့ ဦးလူခင်လက်တွေကို
တားဖို့အရေး သူမ လက်တွေက အားကို မရှိပေ။
"ကယ်ကြပါအုံးရောင်ကို ကယ်ကြပါအုံး တစ်ယောက်ယောက်
ရောင်ကို ကယ်ကြပါအုံး တိုက်ငါ့ကို ကယ်ပါအုံး နင်သာငါ့အနားမှာရှိရင်ငါ့ကို ပစ်မထားဘူးမလား ကယ်မှာမလား
တိမ်စိုင်တိုက်"
ဒီအချိန်မှာ သူမ တိုက်ကိုအရမ်းသတိရသွားလေသည်။
တိုက်မြန်မာနိုင်ငံမှာ မရှိမှန်း သိပေမဲ့လည်း တိုက်နာမည်ကို
သူမ စိတ်ထဲ အလိုလို ထွက်သွားမိလေသည်။
သူမရဲ့ အတွေးတွေ ကြာကြာ မတွေးလိုက်ရပါ ၊၊ သူမ ဘရာဇီယာကို ချွတ်ဖို့ပင်နေတဲ့ ဦးလူခင်လက်တစ်စုံကြောင့်
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး လာဖို့ မဖြစ်နိုင်တဲ့
တိုက်ရဲ့ နာမည်ကို စိတ်ကူးထဲအော်ခေါ်နေရင်းနဲ့ သူမ မျက်လုံးတွေကိုရောင်မှိတ်လိုက်လေသည်။
သူမ ခံစားလိုက်ရပါပြီ လက်တစ်စုံက သူမ ရင်သားတွေအပေါ်................
Part 11မျှော်......... (တိုက်ရေ လာပါတော့ 😢😢😢😢😢😢😢)
ရေးသားသူ- လေယူရာယိမ်း